၇၂။ Extra 1: ကြိုးစားရင် ရှာတွေ့လိမ့်မယ်

4.4K 465 11
                                    

Unicode

ဧည့်ခန်းနံရံတွင် ချိတ်ထားသည့် နာရီမှ မွန်းလွဲ ၃ နာရီကို ပြနေခဲ့သည်။

ညတုန်းက နှင်းတွေကျနေခဲ့ပြီး သူနိုးလာချိန်တွင် ပြတင်းပေါက်တွင် အဖြူရောင်နှင်းတွေကို မြင်နေရသည်။

စုယွမ်ဇောင် ကနောက်ကျမှ နိုးတက်တာ ရှားသည်။
မစ္စတာရန် နဲ့အတူနေတည်းက နေ့တိုင်း မနက် ၆ နာရီထ,ရသည်။

လူအိုကြီးက သူ့အားသင်ကြားပေးသည့် အကြောင်းအရာ အများအပြားရှိသည်။ စီးပွားရေးနယ်ပယ်အတွင်းမှ မိတ်ဆွေဟောင်းတွေနဲ့လည်း တွေ့ဆုံခဲ့ရသည်။

လူအိုကြီးက မကြာမကြာ ပြောတက်သည်။ “ငါ့လို့ လိမ္မာပါးနပ်ဖို့ ဒီလိုမိုက်မဲတဲ့ မြေးလေးကို ဘယ်လိုသင်ကြားပေးရမလဲ?”

အချိန်တိုင်း စုယွမ်ဇောင် ကစိတ်ပျက်ခဲ့ပြီး ပိုပိုစိတ်ပျက်လာကာ အမှားတွေ ပိုလုပ်မိခဲ့သည်။ တကယ့်ကျွမ်းကျင်မှုကို မရောက်ခင်အထိ ပြဿနာများစွာကို သူလုပ်ခဲ့သည်။

သူထ,လိုက်ချိန်တွင် ခါးဆန့်လိုက်ပြီးနောက် အကျင့်အတိုင်း ဖုန်းကိုဖွင့်လိုက်သည်။

နောက်တော့ စုချွေကယ် ကလည်း ပြန်ရောက်လာပြီး သူနဲ့သူမက အချိန်အတော်ကြာ မတွေ့ခဲ့တာကြောင့် သူမအား အပြင်ထွက် လည်ပတ်ဖို့ ခေါ်ချင်သည်။
သေချာပေါက်ကို ရှဲ့ရှင်းလင် တော့မပါပေ။

သူ့ကိုတော့ ထားလိုက်။

ထိုအကြောင်းကို စဉ်းစားလိုက်ပြီး စုယွမ်ဇောင် က WeChat ထဲကို ပျော်ရွှင်စွာ ဝင်လိုက်သည်။ ထို့နောက် WeChat တွင်မဖတ်ရသေးသည့် စာပေါင်း 99 စောင်လောက် မြင်လိုက်ပြီး သူ့မျက်လုံးက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားခဲ့သည်။

နောက်ဆုံးတစ်ခုကတော့ ဂေါင်ဂျန်း ဆီမှဖြစ်သည်။

သေလိုက်။

အစ်ကိုယွမ်၊ မင်းညီမနဲ့ ရှဲ့ရှင်းလင် တို့က မှတ်ပုံတင်ပြီးသွားပြီ။

မှတ်ပုံတင်???

ဘယ်သူက ဘယ်သူ့အတွက် မှတ်ပုံတင်ရတာလဲ??

စုယွမ်ဇောင် ကညစ်ညူးစွာဖြင့် တွေးနေခဲ့သည်။

ဒါက သူအိမ်မက် မက်နေတုန်းလား?

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now