၄၄။ မင်းကိုလိုချင်တယ်ဆိုရင်ကော?

5.4K 700 26
                                    

Unicode

ရှဲ့ရှင်းလင် ကသူမရဲ့ ချစ်ဖို့ကောင်းပြီး ထူးဆန်းသည့် အပြုအမူလေးအား စုဆောင်းထားပြီ သူ့မျက်နှာတွင် မပေါ်လာပေမဲ့ ခံစားချက်ကတော့ နည်းနည်း ပျော်ရွှင်နေသည်။

သူမက လုံးဝလျစ်လျူရှုထားတာတော့ မဟုတ်သေးဘူးပဲ၊ အနည်းဆုံးတော့ သူမ ရှက်နေသေးတယ်။

မော့ကြည့်လိုက်ပြီး နည်းနည်း ပျင်းရိနေပုံပေါ်သည်။

သူမကို ခဏလောက် စိုက်ကြည့်ပြီးနောက် သူ့ခန္ဓာကိုယ်အား အနည်းငယ် ရှေ့တိုးလိုက်ပြီး သူ့အကြည့်တွေက သူမအပေါ် လုံးလုံးကျရောက်နေသည်။

သူ့အမူအရာက နည်းနည်း ပုံမှန်လိုဖြစ်နေပြီး ညအမှောင်ထဲ နှစ်မြုပ်စေသလို ခံစားရစေသည်။ ထို့နောက် သူ့နှုတ်ခမ်းက ကွေးသွားပြီး တွန့်ဆုတ်ချင်း မရှိပဲ စိုက်ကြည့်လိုက်သည်။

"ကျန်သေးလား? ငါထပ်မြည်းကြည့်ချင်တယ်"

ဒီဖိအားကို ဖိနှိပ်ထားဖို့ အချိန်အကြာပြီး မတတ်နိုင်တာကို စုချွေကယ် နားလည်လိုက်ပြီး သူမကို စနောက်နေတဲ့ အပြုအမူတွေကို အတော်လေး စိတ်ရှုပ်ထွေးနေခဲ့သည်။

ရှဲ့ရှင်းလင် ကတခြားသူအား ဒီလိုပြောနိုင်တာကို သူမ သေချာသိသည်။

နောက်ပြီး ဒီလူက တခြားသူတွေ မပြောနိုင်တာ၊ မလုပ်နိုင်တာတွေတောင် လုပ်နိုင်သည်။

ထိုအကြောင်းကို စဉ်းစားလိုက်ပြီး ထပ်ပြီး အနောက်မဆုတ်တော့ပေမဲ့ ရှေ့နည်းနည်း တိုးလိုက်ကာ ဖိအားပေးပြီး တည်ငြိမ်သည့် မျက်နှာထားဖြင့် မေးလိုက်သည်။

"ငါ အနှောက်အယှက် မဖြစ်ပါဘူး၊ အတန်းဖော်၊ ရှင်ဘာပြောလိုက်တာလဲ?"

မကြာခင်က ဒီခွေး ရှဲ့ရှင်းလင် ကသူမကို ဒီလိုဟာသတွေနဲ့ မကြာခဏ စနောက်တတ်ပြီး သူမကိုတောင် သာမန် သူငယ်ချင်းတွေလို မဟုတ်ပဲ ဆွဲဆောင်သည့် စကားလုံးမျိုးတွေနဲ့တောင် ပြောတတ်သည်။

ထိုအကြောင်းကို စဉ်းစားလိုက်ပြီး စုချွေကယ် ရဲ့မျက်တောင်က အနည်းငယ် လှုပ်ရှားသွားကာ သူမ ထပ်တောင် မတွေးရဲတော့ပေ။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now