၁၄။ ဘယ်တော့မှ ခွင့်မလွှတ်ဘူး

6.7K 910 14
                                    

Unicode

ဂေါင်ဂျန်း ကအိတ်တစ်လံုးကို ကိုင်ထားပြီး စုချွေကယ် ဆီကမ်းပေးလိုက်သည်။ ခနကြာပြီးနောက် "မင်းအတွက်"ဆိုတဲ့ စကားစုနဲ့ အဆုံးသတ်သွားသည်။

စုချွေကယ် ရဲ့အမူအရာကို စုယွမ်ဇောင် ကတိတ်ဆိတ်စွာ စစ်ဆေးနေပေမဲ့ ခန့်မှန်းလို့ မရပေ။ ထို့ကြောင့် စုယွမ်ဇောင် ကကြားဖြတ်ကာ ပြောလိုက်သည်။ "ငါက မလာချင်ပါဘူး၊ သူက ဆွဲခေါ်လာတာ"

"..."

စုချွေကယ် မျက်လုံးထဲတွင် သံသယတချို့နဲ့ ကြည့်လိုက်သည်။ ဂေါင်ဂျန်း ကပြောလိုက်သည်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ ငါဆွဲခေါ်လာတာ"

ထိုအချိန်တွင် အတန်းမှထွက်ရန် အချိန်ကောင်းဖြစ်တာ‌ေကြာင့် စင်္ကြံတွင် လူများစွာရှိ‌ေနသည်။ ဖြတ်သွားသည့် လူတွေရဲ့ အကြည့်တွေကို စုယွမ်ဇောင် ကသတိထားမိချိန်တွင် ဂေါင်ဂျန်း ကိုဆွဲခေါ်လိုက်သည်။ "သွားရအောင်"

ထိုအိတ်ကို ငြင်းချင်တဲ့ စုချွေကယ် ကအသက်ဘေးမှ ထွက်ပြေးသလို ပြေးသွားကြတဲ့ လူနှစ်ယောက်ကိုသာ မြင်လိုက်ရသည်။

သူမ ဘာမှမပြောနိုင်ခင် မုန့်အိတ်နဲ့သာ ထိုနေရာတွင် တစ်ယောက်တည်း ကျန်နေခဲ့သည်။

ဆိုတော့……

ဒီနှစ်ယောက်က ဘယ်သူတွေလဲ?

ရှုပ်ထွေးသွားသည်။

ဒါပေမဲ့ သူမ မေးဖို့မလွယ်ကူပေ၊ တကယ်လို့ ဒီလူနှစ်ယောက်ကို သူမ သိခဲ့ရင် ဘာတွေဖြစ်လာမှာလဲ?

အိတ်တစ်လုံးနဲ့ စာသင်ခန်းထဲကို ပြန်ဝင်လာခဲ့သည်။

လူအများစုက အစကတည်းက သတိထားမိကြပြီး သူမအိတ်ကို စူးစမ်းစွာ ကြည့်နေကြပြီး တစ်ခါတစ်လေ မနာလိုမှုကိုတောင် မြင်နေရသည်။

စုချွေကယ် သည်ထိုအကြောင်းကို ပိုစဉ်းစားလေ ပိုရှုပ်ထွေးလေဖြစ်သည်။ ဒီအကြောင်းကို လုံးဝမသိပေ။

ဒီလူနှစ်ယောက်က ဘာဖြစ်သွားတာလဲ?

မင်းရဲ့ဖန်လား?

မင်းက ဒီလောက် ရေပန်းစားတယ်လို့ မကြားဖူးခဲ့ပါဘူး?

ဒီအဖြစ်အပျက်ကို ဖန်ဂျန့်ဒါ ကမြင်တွေ့ခဲ့ပြီး စု‌ေချွကယ် ဝင်လာတာကို မြင်လိုက်ချိန်တွင် သူမဆီကို သွားလိုက်သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now