၄၆။ မင်းသဘောကျတဲ့ သူရဲ့နာမည်ကို ခေါ်ရဲလား?

4.3K 729 22
                                    

Unicode

ဒီစကားကို ကြားလိုက်ပြီးနောက် ပြုံးရယ်နေသည့် ဟန်မင် ကအနည်းငယ် တုန်လှုပ်သွားပြီး ရှဲ့ရှင်းလင် ကဒီလိုမျိုး တိုက်ရိုက်ကြီး ပြောလာလိမ့်မယ်လို့ ထင်မထားခဲ့ပေ။

သူ့အနားတွင် ထိုင်နေခဲ့သည့် လင်းလော့ယု ကအသက်ရှူ နည်းနည်းခက်သွားပြီး သူ့ကိုမော့ကြည့်လိုက်ပြီး သူမစိတ်ထဲတွင် မျှော်လင့်ချက်တွေတောင် ရှိနေသည်။

ထိတ်လန့်နေသည့် အခြေအနေအား တစ်စုံတစ်ယောက်က ဖျက်ဆီးလိုက်တာကြောင့် လေထုက ပြန်တည်ငြိမ်သွားပြီး ကဒ်ပေါ်က မေးခွန်းအား ရှဲ့ရှင်းလင် ကိုဆက်မေးလိုက်သည်။

“အဲ့... အဲ့တစ်ယောက်က ငါတို့ထဲကလား?”

ရှဲ့ရှင်းလင် ကသူ့မျက်လုံးကို လှည့်ပတ်ကြည့်လိုက်ပြီး စုချွေကယ် ဆီတွင် ခဏလောက် ရပ်သွားပြီးနောက် အဝေးကို ကြည့်လိုက်သည်။

ခဏကြာပြီးနောက် သူက အလျင်မလိုစွာ ပြန်ဖြေလိုက်သည်။

“အင်း”

အခုတော့ အခန်းထဲက လေထုက အမြင့်ဆုံး အခြေအနေကို ရောက်သွားပြီး ခဏလောက် အသက်မရှိကြတော့သလို ဖြစ်သွားကြသည်။

ဒီလူတွေက နီးလားဝေးလားတောင် ဂရုမစိုက်ကြတော့သလို အေးစက်သည့် အရှိန်အဝါတွေကိုတောင် ဂရုမစိုက်ကြပေ။ လူတိုင်းက အတူတူ ပြောလိုက်ကြသည်။

“ဘယ်သူလဲ?”

“ငါကြားခဲ့တာတွေက အမှန်တွေပေါ့၊ ရှဲ့ရှင်းလင် ကချစ်မိနေပြီလား? ရှင်းလင် ကဘာစိတ်ဆန္ဒ၊ ဘာခံစားချက်မှ မရှိဘူးလို့ ငါထင်ခဲ့တာ”

“အဲ့တစ်ယောက်က မူကြိုက တစ်ယောက်လို့ ငါထင်ခဲ့တာ၊ အခုသူပြောတဲ့ တစ်ယောက်က ငါလား? ဘုရားရေ”

“ငါ့ဆီမှာ ပုံမဖော်နိုင်တဲ့ စိတ်ကူးတွေ ရောက်လာပြီ... အဲ့ဒါက ငါမဟုတ်နိုင်ဘူး၊ ဟဟဟဟ”

“မဟုတ်တာတွေ တွေးနေတာပဲ!”

ဘေးဘက်က သိချင်နေကြသည့် လူတွေနဲ့အတူ ထိုစကားကို ကြားလိုက်တာကြောင့် စုချွေကယ် တောင်အံ့ဩသွားပြီး မော့ကြည့်လိုက်သည်။ သူမစိတ်ထဲတွင် အရမ်းဖိအား များနေပြီး ရှဲ့ရှင်းလင် ကိုကြည့်လိုက်သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now