၁၇။ မင်းကတောင်းပန်ရတာကို ကြိုက်တာလား?

6.5K 895 5
                                    

Unicode

စုချွေကယ် သည်စုံတွဲကို ကို့ယို့ကားယားဖြင့် ပြုံးပြလိုက်ကာ ရှဲ့ရှင်းလင် နဲ့စာသင်ခန်းထဲ ဝင်လိုက်သည်။

စာသင်ခန်းထဲဝင်ပြီး မီးထွန်းလိုက်ပြီးနောက် ရှဲ့ရှင်းလင် ရဲ့အရင်က လှပပြီးဖြူဖွေးသည့် မေးစေ့က အနည်းငယ် နီနေတာကို စုချွေကယ် မြင်လိုက်သည်။

သူမသည် ရှက်မနေပဲ ပြောလိုက်သည်။ "စုံတွဲလေးက ငါ့ကိုထိတ်လန့်စေခဲ့တယ်။ တစ်ချက်ကြည့်ပြီး သရဲလို့ ငါထင်လိုက်တာ။ ဒါ့ကြောင့် ငါအရမ်းကြောက်သွားတာ။ တောင်းပန်ပါတယ်"

ရှဲ့ရှင်းလင် ကသူမကို ခဏအကြာ စိုက်ကြည့်‌ေနပြီး ပြောလိုက်သည်။ "မင်းက တောင်းပန်ရတာကို ကြိုက်တာလား?"

စုချွေကယ် : "ဟမ်?"

ဒီအကြောင်းကို သူမဂရုတစိုက် စဉ်းစားလိုက်ပြီး ရှဲ့ရှင်းလင် ကိုသူမ စကားပြောတဲ့ အချိန်တိုင်း အများဆုံးက 'တောင်းပန်ပါတယ်'ဆိုတဲ့ စကားဖြစ်သည်။

သူမနှင့် ထိတွေ့သည့် ဘယ်သူမဆို ကံမကောင်းမှုက ဖြစ်သွားပုံပင်။ ဒါက ဆိုးရွားတဲ့ အမျိုးသမီး ဇာတ်ကောင်လေးနဲ့ ဇာတ်လိုက်တို့ရဲ့ ဒေါသကြောင့်ပဲ။

ရှဲ့ရှင်းလင် ကတစ်ရှူးကို ယူလိုက်ပြီး ခုံရှိဖုန်တွေကို သုတ်လိုက်ကာ ပြောလိုက်သည်။ "နားထောင်ရတာကို ငါမကြိုက်ဘူး"

ဒါကို စဉ်းစားပြီးနောက် သူ့အကြည့်တွေက သူမအပေါ်တွင်သာ ရှိနေပြီး စနောက်လိုက်သည်။ "တောင်းပန်စကားထက် လျော်ကြေးပေးတာက ပိုမကောင်းဘူးလား?"

ဒီစကားက ဘာကိုဆိုလိုလဲဆိုတာကို စုချွေကယ် သိချင်နေပြီး ရှဲ့ရှင်းလင် ကသူ့မှတ်စုကို ဖွင့်လိုက်က  သူမကို မေးခွန်းမေးဖို့ အချက်ပြလိုက်သည်။

အချိန်သည် တန်ဖိုးရှိသည်၊ စုချွေကယ် သည်အချိန်မဖြုန်း‌ေတာ့ပဲ စာလုပ်လိုက်သည်။

မကြာခင် မှတ်စုစာအုပ်က တဖြည်းဖြည်း နည်းပါးသွားသည်။

စုချွေကယ် သည်သမ်းလိုက်ပြီး ခေါင်းကိုလှည့်လိုက်ချိန်တွင် ရှဲ့ရှင်းလင် ကအပြုံးလေးနဲ့ သူမကို ကြည့်နေတာကို မြင်လိုက်ရသည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Kde žijí příběhy. Začni objevovat