၃၉။ အစေခံအဝတ်လေးကို စတော်ကင်နဲ့

4.8K 671 10
                                    

Unicode

ထိုအကြောင်းကို စဉ်းစားလိုက်ပြီး စုချွေကယ် က ရှဲ့ရှင်းလင် အားစိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ငါနောက်နေတာ”

“ငါက ဒီလိုအရာလေးအတွက် တခြားသူဆီကနေ တောင်းဆိုတတ်တဲ့ လူစားမျိုးလို့ ထင်နေတာလား?”

သူမက သူမရင်ဘတ်ကို ပုတ်လိုက်ပြီး “တခြားသူကို ပျော်ရွှင်မှုတွေပေးဖို့က ငါလုပ်သင့်တာပဲ။ နောက်ပြီး ငါက တခြားသူတွေကို ကူညီပေးဖို့ ဆန္ဒရှိနေတဲ့ ကြင်နာတတ်တဲ့ နတ်သမီးလေးလေ”

“အတန်းဖော်၊ ဒါဆို ရှင့်ကို ညစာဝယ်ကျွေးမယ်”

ရှဲရှင်းလင် : ?

သူတို့စကားပြောနေချိန်တွင် လှေကားထိပ်မှာ ဒါရိုက်တာရှု ရဲ့မျက်နှာကို မြင်လိုက်တာကြောင့် စုချွေကယ် ကြက်သီးထသွားသည်။

တစ်ဖက်လူကလည်း သူတို့တွေ စကားပြောနေတာကို မြင်လိုက်ပြီး မဲမှောင်နေသည့် မျက်နှာဖြင့် အလျင်အမြန် လျှောက်လာခဲ့သည်။

စုချွေကယ် ကချက်ချင်းပဲ နိုးထသွားပြီး ရှဲ့ရှင်းလင် ရဲ့လက်ထဲကို ဘာသာစကား စာရွက်ကို ထည့်လိုက်ပြီး ပြောလိုက်သည်။

“အတန်းဖော်၊ ငါ သန့်စင်ခန်း သွားလိုက်ဦးမယ်။ ဒါရိုက်တာရှု ကရှင့်ကို မေးရင်... ရှင်၊ ငါနဲ့ရှိနေတာလို့ ပြောလိုက်။ သူ့ကို မစောင့်ပဲနဲ့ ပြောလိုက်။ ငါပြန်ရောက်လာရင် ဆက်ပြောလိုက်မယ်”

သူမ ထွက်သွားသည်နှင့် ဒါရိုက်တာရှု ကဒေါသဖြင့် ရှဲ့ရှင်းလင် အား စုချွေကယ် ဘယ်သွားပြီး သူ့ကို ဘာပြောခဲ့လဲဆိုတာ မေးလိုက်သည်။ ထိုအချိန်တွင် အပြင်ဘက်မှ ကြည့်နေသည့် အုပ်စုက အတော်လေး စိတ်လှုပ်ရှားနေကြပြီး သူတို့နားတွေကို စွင့်ထားခဲ့ကြသည်။

ထိုအချိန်တွင် ပထမအတန်းမှ ခေါင်းဆောင်က ကောင်းကောင်း သင်ကြားခံခဲ့ရပြီး ဒါကို မြင်တွေ့ရဖို့က ရှားတယ်!!

ရှဲ့ရှင်းလင် ကမော့ကြည့်လိုက်ပြီး ပြောလိုက်သည်။

“သူမက ဒီမှာရှိနေခဲ့တယ်”

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now