၅၆။ ရှင့်ကိုလွမ်းလို့။

4.5K 685 5
                                    

Unicode

ထိုအချိန်တွင် စုချွေကယ် ကမျက်လုံးတွေကို မှိတ်လိုက်ပြီး လမ်းကြားထဲသို့ အလင်းရောင်လေးက ဝင်လာခဲ့သည်။

တိတ်ဆိတ်နေသည့် လမ်းကြားထဲသို့ ဆိုင်ကယ်အင်ဂျင်အသံက ထူးဆန်းစွာ ထွက်ပေါ်လာခဲ့သည်။

အဖြူရောင် အလင်းတန်းက သူမအပေါ်ကို ကျရောက်လာပြီး မျက်လုံးကို ဖွင့်လိုက်သည်။

လင်းသွားချိန်တွင် သူမရဲ့ဝေဝါးနေသည့် အမြင်တွေကနေ နေ့အလင်းရောင်လို ဖြစ်သွားကာ အမှောင်ထုကို ပျောက်ကွယ်သွားစေသည်။

သူမသူငယ်အိမ်က အနည်းငယ် လှုပ်သွားခဲ့သည်။

သူမစိတ်ထဲမှ ကောင်လေးက သူမဆီ ပြေးလာခဲ့သည်။

မဲမှောင်နေသည့် လမ်းကြားတွင် ချန်းဟုန်ယု ကသူ့အနောက်မှ ခြေသံတွေကို ကြားလိုက်ရသည်။ သူမတုန့်ပြန်နိုင်ခင် မခန့်နိုင်လောက်အောင် များပြားသည့် အင်အားတွေဖြင့် သူ့ကော်လာက အဆွဲခံလိုက်ရသည်။ မကြာခင်မှာပဲ မြေပြင်ကနေ အဆွဲခံလိုက်ရသည်။ သူမော့ကြည့်လိုက်ပြီး တစ်ဖက်လူက သူ့အား နံရံသို့ ပစ်လိုက်သည်။

ရှဲ့ရှင်းလင် က စုချွေကယ် အားထ,နိုင်ဖို့ ကူညီပေးလိုက်ပြီး သူမကို လမ်းကြားရဲ့ ထောင့်လေးတွင် ထိုင်ခိုင်းလိုက်သည်။

ခဏအကြာတွင် သူ့ခေါင်းကို တဖြည်းဖြည်း လှည့်လိုက်ပြီး သူ့မျက်လုံးက ဓားတစ်ချောင်းလို ထက်ရှနေပြီး အေးစက်နေသည်။

ချန်းဟုန်ယု ကအရင်က စုချွေကယ် ရဲ့သေလောက်အောင် အရိုက်ခံထားရပြီး အခုတော့ လူတစ်ကိုယ်လုံးကို နံရံဆီ ပစ်ပေါက်ခံလိုက်ရတာကြောင့် ထပ်မလှုပ်နိုင်တော့ပေ။ နံရံနားတွင်ပဲ ပြင်းထန်စွာ ချောင်းဆိုးလိုက်သည်။ သူ့မျက်လုံးကို မော့ကြည့်လိုက်ချိန်တွင်ပဲ သူ့မျက်နှာက ပြန်ကျသွားခဲ့သည်။

လက်သီးထိုးချက်ကြောင့် သူ့ခေါင်းက စောင်းသွားပြီး မြေပြင်ပေါ် လဲကျသွားကာ နာကျင်စွာ အော်လိုက်သည်။

သူ့လက်မောင်းတွေက တုန်ခါနေပြီး ထ,ရပ်ချင်ပေမဲ့ ထိုလူက သူ့ဗိုက်ကို ရက်စက်စွာ တက်နင်းထားသည်။ နာကျင်မှုတွေကို ဖိနှိပ်ပြီး ခေါင်းမော့လိုက်ချိန်တွင် ဘာခံစားချက်မှမရှိသည့် မျက်ဝန်းတစ်စုံနဲ့ တွေ့သွားခဲ့သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now