၄၀။ နောင်နှစ်ဆိုမင်းအရပ်က ငါ့ခါးလောက်ပဲရှိတော့မယ်

4.9K 763 14
                                    

Unicode

ပုံမှန်အတိုင်းပင် ဒါက ရှဲ့ရှင်းလင် အတွက် စုချွေကယ် အားပြောဖို့က မဖြစ်နိုင်ပေ။

ထိုနေ့ကျောင်းဆင်းပြီးနောက် သူ့အိတ်ကို သယ်ပြီး တံခါးနားတွင် သူမကို စောင့်နေခဲ့သည်။ သူမလှုပ်ရှားမှုက သူ့ထက်နှေးသည်။

အလုပ်ရှုပ်နေကြသည့် မိန်းကလေးတွေက အနောက်တံခါးမှ ဆယ်ကျော်သက် ကောင်လေးရပ်နေတာကိုပဲ ကြည့်နေကြသည်။ သူက စာရေးနေသည့် ကောင်မလေးကို တိတ်ဆိတ်စွာဖြင့် စောင့်ကြည့်နေပြီး သူမခေါင်းငုံ့လိုက်ချိန်တွင် နဖူးပေါ်သို့ ဆံပင်အနည်းငယ်က ကျသွားသည်။

သူမပစ္စည်းတွေကို ထုတ်ပိုးပြီးနောက် အရှေ့၊အနောက်မှ သူငယ်ချင်းတွေကို ပြုံးပြနှုတ်ဆက်ပြီး သူ့ကိုလှမ်းကြည့်ကာ ချက်ချင်းပဲ ကျောင်းလွယ်အိတ်ကို လွယ်လိုက်ပြီး သူ့ဘေးသို့ ချက်ချင်း ပြေးလာခဲ့သည်။

ဒီရှုထောင့်မှ ကြည့်ရင် ဒါက အသစ်မွေးထားသည့် ပါပီလေးနဲ့ တူနေပြီး သူ့ဆီကို ကသောကပါး ပြေးလာသည့်ပုံ ပေါ်နေသည်။ လေးလံသည့် လွယ်အိတ်က သူမပုခုံးပေါ်တွင် ရှိနေပြီး သူမပုခုံးကို အနည်းငယ် စောင်းသွားတာကြောင့် လေးလံနေတာ သိသာသည်။

ညနေပိုင်း နေရောင်ခြည်က စာသင်ခန်းရဲ့ မှန်ပြတင်းမှ အလင်းပြန်နေပြီး စားပွဲပေါ်တွင် သစ်ပင်ရိပ်က ထင်ဟပ်နေကာ လေထုကလည်း တိုက်ခတ်လာသည်။

ကောင်မလေးရဲ့ မြှင့်စည်းထားသည့် ဆံပင်က နေရောင်ကြောင့် နူးညံ့နေပုံပေါ်ကာ သူမရင်ဘတ်အထိ ကျနေပြီး သူမတစ်ကိုယ်လုံးအား တောက်ပသွားစေသည်။ ထိုအချိန်တွင် သူ့မျက်လုံးထဲတွင် သူမ တစ်ယောက်တည်းသာ ရှိနေသည်။

တချို့အကြောင်းကြောင့် ဒီပုံစံက ရှဲ့ရှင်းလင် အားထူးဆန်းသည့် စိတ်ကျေနပ်မှုကို ဖြစ်ပေါ်စေပြီး သူမကို ဒီလိုမျိုး ကြည့်နေပြီး သူ့ဘေးကို လာတွဲတာကို မြင်ယောင်မိသွားသည်။

ထိုအချိန်တွင် သူ့သွေးတွေက အရင်ကထက် ဆူပွက်လာပြီး နှလုံးခုန်သံက မြန်ဆန်လာတာကို ခံစားမိလိုက်သည်။ သတိလက်လွတ် သူ့လက်တွေကို လိမ်လိုက်ကာ လျှာထိပ်အား သွားနဲ့ကိုက်လိုက်ပြီး ထူးဆန်းသည့် စိတ်လှုပ်ရှားမှုနဲ့ သူ့အာရုံကြောမှ စိတ်ကျေနပ်မှုကို ခွာချလိုက်သည်။

ဇာတ်လိုက်နဲ့ Happy Ending【✔】Where stories live. Discover now