"ဟုတ်တယ်ခေါင်းဆောင်၊ ----တက္ကသိုလ်မှာ ကောင်မလေးတစ်ယောက် ၄ထပ်အမြင့်ကခုန်ချလို့"
တစ်ဖက်ကအောင်ခန့်စကားကြောင့် မင်းဆက်အံ့ဩသွားသည်။
"အင်း ငါခုလာခဲ့မယ်"
"အဆင်ပြေလို့လား ခေါင်းဆောင်။ မနက်မှလာလေ"
"ရတယ် ခုလာလိုက်မယ်"
"ဟုတ် ဒါပဲ"
"အင်း"
မင်းဆက်ဖုန်းချလိုက်ပြီး သွားဖို့အတွက်စဉ်းစားလိုက်သည်။နာရီကိုကြည့်လိုက်တော့ ည၉နာရီ။
အာဏာ အိပ်နေရင်း ဘေးနားကဖက်ထားတဲ့အရာမရှိတော့ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ကုတင်ပေါ်မှာငုတ်တုပ်ထိုင်နေပြီး သူ့ကိုကျောခိုင်းကာ ဖုန်းပြောနေတဲ့ မင်းဆက်ကြောင့် ဖုန်းပြောပြီးအောင်စောင့်နေလိုက်သည်။
ဖုန်းပြောပြီးတော့ မင်းဆက်ကဖုန်းကိုစားပွဲပေါ်တင်လိုက်သည်။ အာဏာ လှဲအိပ်နေရာမှထပြီး မင်းဆက်ရဲ့နောက်ကျောကနေ ခါးကိုဖက်ပြီး ပခုံးပေါ်ခေါင်းတင်လိုက်သည်။
မင်းဆက် သူ့ကိုနောက်ကနေလာဖက်နေတဲ့ အာဏာကြောင့်ပြုံးလိုက်ပြီး သူ့ခါးကိုဖက်ထားတဲ့ အာဏာရဲ့လက်ကိုကိုင်၏။
"အိပ်လေ ၊၊ ဘာလို့ထလာတာလဲ"
မင်းဆက်မေးလိုက်တော့ အာဏာက မင်းဆက်ပခုံးပေါ်ခေါင်းတင်ထားရာမှ .....
"ကိုကိုကနိုးနေတာကို၊၊ ကျွန်တော်ကဘယ်လိုလုပ်အိပ်မလဲ။ ဒါနဲ့ ခုဘာဖြစ်လို့လဲ"
အာဏာ မေးတော့ မင်းဆက်ကကျောခိုင်းလျက်သားနဲ့ဖြေလိုက်သည်။
"----တက္ကသိုလ်မှာ ကျောင်းသူတစ်ယောက် ခုန်ချတယ်၊၊ အဲ့တာသွားကြည့်ရမယ်"
မင်းဆက်ပြောလိုက်တော့ အာဏာကမျက်မှောင်ကြုတ်သည်။
"ကိုကိုနေမကောင်းဘူးလေ၊၊ ပြီးတော့မိုးရွာနေတယ် "
"ခဏသွားမှာပါ၊၊ မင်းကျန်ခဲ့"
မင်ဆက်ရဲ့စကားကြောင့်အာဏာ စိတ်ခုသွားပြီး မျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်သည်။
Part_29
Start from the beginning