တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ...

By Akira_h_

64.1K 10.5K 1.1K

Official English Title (Global Examination) mostly known as Global University Entrance Examination_GUEE တစ်ကမ... More

Introduction (ဇာတ်လမ်းမိတ်ဆက်)
Arc 1: နောက်ဆုံးညစာ အခန်း ၁ - အသေသတ်သော မေးခွန်း
အခန်း ၂: စာမေးပွဲခန်းစောင့်
အခန်း ၃: တိုက်ပိတ်ပြစ်ဒဏ်
အခန်း ၄: နှစ်ခါပြန် ဝင်ခြင်း
အခန်း ၅: လက်ဆောင်
အခန်း ၆: မုဆိုး A
အခန်း ၇: တတိယအကြိမ် စည်းကမ်းချိုးဖောက်ခြင်း
အခန်း ၈ - တန်ပြန်လက်ဆောင်
အခန်း ၉: ခေါင်းဖြတ် ဂုဏ်ပြုခြင်း
အခန်း ၁၀: ဝိုင်ခွက်
အခန်း ၁၁: နောက်ဆုံးညစာ
အခန်း ၁၂: တောင်ခြေသို့
Arc 2: ငါဘယ်သူလို့ထင်လဲ အခန်း ၁၃: နားနေဆောင်
အခန်း ၁၄: လမ်းလေးခွဆုံ
အခန်း ၁၅: နိုင်ငံခြားဘာသာစကား
အခန်း ၁၆: ကဝေမုဆိုးမ
အခန်း ၁၇: အခန်းခွဲဝေနေရာချခြင်း
အခန်း ၁၈: အကြားစွမ်းရည် စာမေးပွဲ
အခန်း ၁၉: ဟောင်းနွမ်းစုတ်ပြတ်နေသော လူရုပ်
အခန်း ၂၀: ဘာသာပြန်စနစ်
အခန်း ၂၁: ရွာသား
အခန်း ၂၂: အုတ်ဂူကျောက်တိုင်
အခန်း ၂၃: အဖတ်စွမ်းရည် မေးခွန်း
အခန်း ၂၄: အရုပ်ချုပ်မလား၊ မချုပ်ဘူးလား
အခန်း ၂၅: ကနဦးတန်ဖိုး
အခန်း ၂၆: အဆင့် A
အခန်း ၂၇: အလောင်းကောင်
အခန်း ၂၈: ဆရာကြီးကတော့ ရူးသွားရှာပြီ
အခန်း ၂၉: ရွာသားများ၏ လျှို့ဝှက်ချက်
အခန်း ၃၀: ဒိုင်ယာရီ
အခန်း ၃၁ : စာမေးပွဲကို မီးလောင်တိုက်သွင်းခြင်း
အခန်း ၃၃ : အမျိုးအမည်မသိရသော ပြစ်ဒဏ်
Arc 3 - မင်းကအရသာရှိမယ့်ပုံပဲ အခန်း ၃၄: ယွီယောက်
အခန်း ၃၅: ဖြေဆိုသူအသစ်
အခန်း ၃၆: သုညမှတ်
အခန်း ၃၇: သင်္ဘောပေါ်တက်ခြင်း
အခန်း ၃၈: အပွင့်မေးခွန်း
အခန်း ၃၉: ဆေးသေတ္တာငယ်
အခန်း ၄၀: စိတ်သောကရောက်နေသော စာမေးပွဲခန်းစောင့်များ
အခန်း ၄၁: ချင်ကျိုး၏ အကျဉ်းခန်း
အခန်း ၄၂: ဒိုင်ယာရီထဲက အတိတ်
အခန်း ၄၃: မှတ်ဉာဏ်အပိုင်းအစများ
အခန်း ၄၄: အပြန်လမ်း
အခန်း ၄၅ : ပြောင်းပြန် လုပ်ဆောင်ချက်
အခန်း ၄၆: သေဆုံးသူများအတွက် တာဝန်ခံခြင်း
အခန်း ၄၇: မီးတစ်ဝက်ကျွမ်းနေသော စီးကရက်
အခန်း ၄၈: မင်း ဆေးလိပ်သောက်လား
အခန်း ၄၉: ယုန်ကင်
အခန်း ၅၀: စနစ်၏ မူလဇာစ်မြစ်
အခန်း ၅၁: တွေ့နေရသော်လည်း မမှတ်မိခြင်း
အခန်း ၅၂: ရုတ်ရုတ်သဲသဲပွဲအသေးစား
အခန်း ၅၃: ဗီဒီယို
အခန်း ၅၄: ပင်လယ်ထဲသို့ ကျခြင်း
အခန်း ၅၅: အကောင်းဆုံးပဲ
အခန်း ၅၆: ထင်ယောင်ထင်မှား ကြားယောင်ခြင်း
အခန်း ၅၇: ငါးစာချခြင်း
အခန်း ၅၈: ဒီညအတွက် မီနူးအပြောင်းအလဲ
အခန်း ၅၉: ဖြူဖျော့ဖျော့မျက်နှာတပ်
အခန်း ၆၀: ရုတ်တရက်ဆန်စွာ ချိုးကွေ့ခြင်း
အခန်း ၆၁: လှိုင်းကို ထိုးခွဲခြင်း
Arc 4: ငါ့ကို မျက်နှာမလွှဲလိုက်နဲ့ အခန်း ၆၂: စာမေးပွဲခန်းစောင့်စီရင်စု
အခန်း ၆၃: အမြွှာမျှော်စင်
အခန်း ၆၄: အတိတ်
အခန်း ၆၅: အတိတ် (၂)
အခန်း ၆၆: အိပ်မက်တွေ အမှန်ဖြစ်လာခြင်း
အခန်း ၆၇: အကူးအပြောင်း
အခန်း ၆၈: အရှေ့နဲ့ အနောက်ထိုင်ခုံ
အခန်း ၆၉: မေ့မရသော ညနေခင်း
အခန်း ၇၀: 2v2
အခန်း ၇၁: နားကပ်
အခန်း ၇၂: မီးလျှံတွင်းသို့ တိုးဝင်သွားသော ဆရာကြီးများ
အခန်း ၇၃: စည်းကမ်းချိုးဖောက်မှု မှတ်တမ်း
အခန်း ၇၄: စကားစမြည်
အခန်း ၇၅: Black Death (မဟူရာမရဏ)
အခန်း ၇၆: အခန်း ခွဲဝေသတ်မှတ်ခြင်း
အခန်း ၇၇: အိပ်ရာထက်မှလူ
အခန်း ၇၈: မြို့စားကြီး
အခန်း ၇၉: မြို့စားကြီးရဲ့ ဆန္ဒများ
အခန်း ၈၀:သူငယ်ချင်းဟောင်းများ
အခန်း ၈၁: သေမင်းကို ဖိတ်ခေါ်နေသော လူနာ
အခန်း ၈၂: ဗီလိန်များအဖြစ် ပုံဖျက်ထားသော ဧည့်သည်များ
အခန်း ၈၃: ကျီစယ်ခြင်း
အခန်း ၈၄: စိန်ခေါ်ပွဲ
အခန်း ၈၅: လျှပ်တစ်ပြက် ဆုံးဖြတ်ချက်
အခန်း ၈၆: မသမာသောနည်းဖြင့် အမှတ်ယူခြင်း
အခန်း ၈၇: လှောင်အိုက်နေလို့
အခန်း ၈၈: ကျိန်စာ စတင်ခြင်း
အခန်း ၈၉: ကျိန်စာ ပိုဆိုးလာခြင်း
အခန်း ၉၀: ဖြောင့်ချက်ကို ညှင်းပန်းရယူခြင်း
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃ အရိုးထိစွဲထင် မှတ်ကျောက်တင်
Arc 5: သွေးစွန်း ကာနီဗယ်ပွဲ အခန်း ၉၄: ကံကောင်းသောယိုဟော့
အခန်း ၉၅: သရဲပုံပြင်
အခန်း ၉၆: အထူးနယ်မြေ
အခန်း ၉၇: ကာစီနို
အခန်း ၉၈: ကံကောင်းသော လောင်းကစားနတ်ဘုရား
အခန်း ၉၉: နောက်ကျမှ ဆိုက်ရောက်ခြင်း
အခန်း ၁၀၀: ရွေးချယ်ထားသော စာမေးပွဲ
အခန်း ၁၀၁: သရဲခြောက်သောအိမ်မှ မောင်နှမနှစ်ယောက်
အခန်း ၁၀၂: အချိန်အဆနှင့်မေးခြင်း
အခန်း ၁၀၃: လူဆိုးဂိုဏ်းဝင် ရှစ်ယောက်
အခန်း ၁၀၄: သေဆုံးကြောင်းကြေညာခြင်း
အခန်း ၁၀၅: သေခြင်းတရားတို့ဖြင့် ပြည့်နှက်နေသောမျက်နှာစာ
အခန်း ၁၀၆: မျက်နှာနှစ်ဖက်နှင့်ကမ္ဘာ
အခန်း ၁၀၇: အဖြေ
အခန်း ၁၀၈: ကြက်ကန်းဆန်အိုးတိုးသွားခြင်း
အခန်း ၁၀၉: စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှု
အခန်း ၁၁၀: မျက်လုံးများ
အခန်း ၁၁၁: အနက်ရောင် ပတ်တီး
အခန်း ၁၁၂: မျက်လုံးတွေကို မမှိတ်လိုက်နဲ့
အခန်း ၁၁၃: မေးခွန်းအသစ်
အခန်း ၁၁၄: ဘောလုံးပုတ်ခြင်း
အခန်း ၁၁၅: တစ်ယောက်သောချင်နဲ့ တစ်ယောက်သောယို
အခန်း ၁၁၆: စာမေးပွဲမှတ်တမ်း
အခန်း ၁၁၇: လက်ဆောင်
အခန်း ၁၁၈: ကိုယ်မင်းကို တကယ်ချစ်တာပါ (အပိုင်း ၁)
အခန်း ၁၁၈: ကိုယ်မင်းကို တကယ်ချစ်တာပါ (အပိုင်း ၂)
အခန်း ၁၁၉: လောင်ယွီရဲ့ အကျဉ်းခန်း
အခန်း ၁၂၀: ဆေးရုံခုတင်ပေါ်မှ အမျိုးသမီး
အခန်း ၁၂၁: ဓာတ်ပုံကို မျှဝေခြင်း
အခန်း ၁၂၂: အလောင်းအစား
အခန်း ၁၂၃: မြေပေါ်ဆင်းသက်ပြီး မကြာခင် သေဆုံးခြင်း
အခန်း ၁၂၄: လုယက်ခံရခြင်း
အခန်း ၁၂၅: အသိုက်ကို အငိုက်ဖမ်းဝင်စီးနင်းခြင်း
အခန်း ၁၂၆: သင်္ဘောကူး(ပြောင်း)တဲ့ တီးလီ
အခန်း ၁၂၇: မိုက်မဲစွာ ကိုယ့်ပြဿနာကိုယ်ရှာမိခြင်း
အခန်း ၁၂၈: ဘောလုံး ဆာဗင်ပေးတဲ့ စက်
အခန်း ၁၂၉: အံ့ဩဖွယ်ရာဖြစ်ရပ်ကို မျက်မြင်ကြုံရခြင်း
အခန်း ၁၃၀: ထုတ်ပယ်ခြင်း
အခန်း ၁၃၁: သူ့လူကိုယ့်ဖက်သား စပိုင်
အခန်း ၁၃၂: ရင်းနှီးနေသော သူစိမ်းတစ်ယောက်
အခန်း ၁၃၃: ချင်ကျိုး
အခန်း ၁၃၄: လောင်ယွီ
အခန်း ၁၃၅: အမျိုးအမည်မသိသော အကြောင်းရင်း
အခန်း ၁၃၆: နောက်ထောင်ချောက်တစ်ခု
အခန်း ၁၃၇: အခြေအနေ
အခန်း ၁၃၈: စောင့်ဆိုင်းပြီး အလစ်ဝင်တိုက်ခြင်း
အခန်း ၁၃၉: လိုအပ်ချက်များကို အစပျိုးခြင်း
အခန်း ၁၄၀: ရဲဘော်ရဲဘက်
အခန်း ၁၄၁: Plan B
အခန်း ၁၄၂: "နားကပ်"
Arc 6: ပျားပန်းခပ် လှုပ်ရှားနေသော ကမ္ဘာ-အခန်း ၁၄၃: မူလအစ
အခန်း ၁၄၄: အလှည့်အပြောင်း
အခန်း ၁၄၅: အတူတကွ ခရီးသွားခြင်း
အခန်း ၁၄၆: ပြန်လည်တွေ့ဆုံခြင်း
အခန်း ၁၄၇: လမ်းဟောင်း
အခန်း ၁၄၈: အပျက်အစီးများ
အခန်း ၁၄၉ : နားနေဆောင် နံပါတ် (၂)

အခန်း ၃၂: ပြစ်ဒဏ်

460 82 10
By Akira_h_

အခန်း ၃၂: ပြစ်ဒဏ်

ထိုအခိုက်အတန့်တွင် ချင်ကျိုးသည် စာမေးပွဲခန်းစောင့်တစ်ယောက်နှင့်မတူဘဲ ထိန်းမနိုင်သိမ်းမရသော ဖြေဆိုသူတစ်ယောက်နှင့် ပိုတူနေလေသည်။ ထိုသို့သော အထက်စီးဆန်မှုတွင် အထိန်းအကွပ်မဲ့မှုအရိပ်အယောင်များကိုလည်း တွေ့နေရသည်။ ထိုအရာသည် လူတော်တော်များများအတွက်မူ အလွန်ဆွဲဆောင်မှုရှိသောအရာဖြစ်သည်ကို လက်သင့်ခံရမည်ဖြစ်သည်။

ထိုသူကို ရက်အနည်းငယ်ခန့်သာ သိကျွမ်းဖူးသည်မှာ အသိသာကြီးဖြစ်သော်လည်း ယိုဟော့၏စိတ်တွင် အလိုအလျောက်ပင် အားကောင်းသော အတွေးတစ်ခုဝင်နေလေသည်။

ထိုအခိုက်အတန့်သည် ချင်ကျိုး၏ စိတ်နေသဘောထားအစစ်အမှန်နှင့် အနီးစပ်ဆုံးဖြစ်သည်ဟု... သူက ခံစားလိုက်ရသည်။ ယင်းမှာ အလွန့်အလွန်ပင် မျက်စိပသာဒလည်း ဖြစ်နေတော့သည်။

ချင်ကျိုးသည် သူ့ရှေ့တွင် ရပ်တန့်လိုက်ပြီး သူ့အိတ်ကပ်ထဲမှ မီးခြစ်တစ်ခုကို ဆွဲထုတ်လိုက်သည်။ "ဒါကို မြစ်နံဘေးမှာ ရှာတွေ့ခဲ့တာ။ ဘယ်လိုမျိုး သိပ်မနာခံတတ်တဲ့ ဖြေဆိုသူကများ ပစ္စည်းတွေကို ဟိုပစ်ဒီပစ် ပစ်ထားတာလဲလို့ တွေးနေမိတာ"

ယိုဟော့၏ အမူအရာမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။ စိတ်ထဲတွင်တော့ သူရူးသွားတာဖြစ်ရမည်ဟု သူကတွေးလိုက်သည်။ -င်ကြီးကိုပဲ မျက်စိပသာဒ ဖြစ်နေလိုက်။ (T/N သူဆဲပြီလေ)

ချင်ကျိုးသည် မီးညွန့်လေး ပေါ်လာအောင် မီးခြစ်အဖုံးကို ဆတ်ခနဲတောက်လိုက်သည်။ ထို့နောက် လေမှုတ်လိုက်ပြီး ပြန်ပိတ်လိုက်သည်။

"လိုချင်တဲ့သူ မရှိဘူးလား"

ယိုဟော့သည် ပြန်ဆွဲယူလိုက်ပြီး အေးတိအေးစက်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ "မင်း ရန်မစဘဲနဲ့ စကားမပြောတတ်ဘူးလား"

ချင်ကျိုးက ရယ်လိုက်သည်။ သူက တည်ကြည်စွာဖြင့်ဆိုသည်။ "မင်းလည်း ထိုနည်းလည်းကောင်းပါပဲ"

ယိုဟော့၏ မျက်နှာထားမှာ တင်းမာသွားတော့သည်။

သူက ချင်ကျိုးကို ဆက်ပြီး အရေးမစိုက်ချင်တော့သော်လည်း စက္ကန့်အနည်းငယ်အကြာတွင် မေးလိုက်သည်။ "ဒီလောက်ကြီးတဲ့မီးတွေ မင်းစမွှေးလိုက်တာလား"

ချင်ကျိုး: "ပြောလို့မရပါဘူး၊ စာမေးပွဲစင်တာကြီးက သူ့အလိုအလျောက် မီးတွေထလောင်တာလည်း ဖြစ်နိုင်တာပဲလေ"

ယိုဟော့: "........."

ဆရာကြီး၏ ကြီးမားလှသော မျက်ဖြူလန်သွားသည်ကို ကြည့်လျက် ချင်ကျိုးက ထပ်မံ၍ ရယ်မောလာသည်။ "တခြား ဘယ်သူကများ ဒီလောက်ကြီးတဲ့မီးကို မွှေးဖို့အချိန်ရှိမှာလဲ။ ဒီလောက်သိသာတဲ့အဖြေနဲ့ မေးခွန်းကို မင်းက မေးလာတော့လည်း ငါက စိတ်ဝင်စားစရာကောင်းတဲ့ အဖြေပေးပြီးတော့ ပူးပေါင်းပါဝင်ပေးရတာပေါ့"

ယိုဟော့က လှောင်ရယ်လိုက်သည်။ "တော်တော်လေး ဒုက္ခများသွားမှာပဲ"

ချင်ကျိုး: "ကိစ္စမရှိပါဘူး"

ယိုဟော့: ".......ဒီတော့ ဘယ်တုန်းကအချိန်ရသွားတာလဲ။ ငါမြစ်နံဘေးမှာ အရုပ်တွေလက်ဆောင်ပေးနေတုန်းကတောင် အနားပတ်ဝန်းကျင်မှာ ရှိနေတုန်းပဲ"

"အိုး အဲဒီခြေလက်ပြတ်စစ်တပ်ကြီးကို ကျေးဇူးတင်ရမှာပဲ။ ဒီတစ်ခေါက်တော့ သူတို့က စာမေးပွဲခန်းစောင့်နောက် လိုက်လာလောက်အောင် မရူးသွပ်ကြဘူးလေ" ချင်ကျိုးက ဘေးပတ်လည်ကို ကြည့်၍ ဆိုလိုက်သည်။ "မင်းတို့က ယုန်လေးတွေထက်တောင် မြန်မြန်ရွှေ့သွားပြီး မျက်တောင်တစ်ခတ်အချိန်လေးမှာ တောအုပ်ထဲပျောက်သွားတာလေ။ ငါလည်း ပျင်းနေတာရယ်၊ အိမ်တံခါးတွေကလည်း ပွင့်နေတာဆိုတော့ သွားပြီးလှည့်ပတ်ကြည့်လိုက်တယ်။ အပြန်လမ်းမှာ ဆီပုံးတချို့ကို ငှားလာခဲ့တာပဲ။"

ယိုဟော့: "ပြီးတော့ တောအုပ်အနှံ့ လိုက်ဖြန်းလိုက်တယ်ပေါ့"

ချင်ကျိုး : "ပေါကြောင်ကြောင်နိုင်တဲ့ လှည့်ကွက်ပဲ"

ယိုဟော့: "........"

သူက သာမန်ကာလျှံကာသာ ပြောလိုက်ခြင်းဖြစ်ပြီး ယင်းက သူတကယ်ပဲ ထိုသို့လုပ်ခဲ့သည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ ချင်ကျိုး၏ စကားလုံးများနောက်ကွယ်တွင် ထူးဆန်းသော အဓိပ္ပါယ်တစ်ခု ရှိနေပုံရသည်။ အထူးသဖြင့် သူက ထို "ပေါကြောင်ကြောင်" ဆိုသောစကားလုံးကို ပြောသောအချိန်၌ တစ်ချိန်တည်းမှာပဲ ယိုဟော့ထံသို့ ဖျတ်ခနဲဝင့်ကြည့်လိုက်ခြင်းဖြစ်သည်။

သူက တကယ်ပဲ သေလမ်းရှာနေတာပဲ။

ချင်ကျိုးသည် သူ၏ မှေးကျဉ်းထားသောမျက်ဝန်းများကို သဘောကျနေပြီး စနောက်နေသည်ကို ရပ်တန့်လိုစိတ် ရှိပုံမရပေ။ "ပေါကြောင်ကြောင်နည်းလမ်းတွေက အသုံးဝင်ရင်ဝင်လိမ့်မယ် ဒါပေမဲ့ ပျင်းစရာကောင်းတယ်၊ ငါမကြိုက်ဘူး"

ယိုဟော့သည်လည်း ပျင်းစရာကောင်းသည်ဟု ခံစားလိုက်ရသော်လည်း သူက ဘာမှမပြောပေ။

"ငါက တောအုပ်ထဲ လျှောက်ပတ်နေရမှာ အရမ်းပျင်းတာနဲ့ ဖြတ်သွားတဲ့ ခြေပြတ်လက်ပြတ်တွေကိုပဲ ရေနံဆီတွေနဲ့ ရွှဲနေအောင် ပက်လိုက်တာ"

ထို့နောက် အနှီခြေပြတ်လက်ပြတ်များသည် ဒုဓလီပန်းစေ့များလိုပင် နေရာအနှံ့ပြန့်ကျဲသွားကြသည်။ ရေနံဆီများကိုပါ တပါတည်းခေါ်ဆောင်သွားပြီး အရပ်မျက်နှာအစုံကို ပျံ့နှံ့စေတော့သည်။

ချင်ကျိုးသည် ဆီပုံးတစ်ပုံးရှာတွေ့တိုင်း ဖြတ်သွားသော အုပ်စုတစ်စုအပေါ် လောင်းချခဲ့သည်။ စုစုပေါင်းလျှင် ဆီပုံးပေါင်း ၁၂ ပုံး ရှာတွေ့ပြီး ၁၁ ပုံးနှင့် တစ်ဝက်ကို လောင်းချလိုက်ပြီးဖြစ်သည်။

ထိုခြေပြတ်လက်ပြတ်များသည် နောက်ဆုံးတွင်တော့ ထိုသူတွင် စိတ်ကောင်းစေတနာကောင်းမရှိမှန်း နားလည်သွားပြီးနောက် သူ့ကို စတင်ရှောင်ကြတော့သည်။

ထို့ကြောင့် စာမေးပွဲခန်းစောင့်သည်လည်း "ဖွင့်ပြီးမှတော့ အလဟဿအဖြစ်မခံသင့်ဘူး" ဟူသောအတွေးဖြင့် နောက်ဆုံးဆီပုံးတစ်ဝက်ကို တောထဲယူသွားလိုက်သည်။

ယိုဟော့သည် နောက်ဆုံးတွင်တော့ စိတ်မထိန်းနိုင်တော့ပေ။ သူက သိချင်နေသည်။ "မင်းက ဆီတွေကို ကြိုတင်ပြီးလောင်းချနေတော့ စည်းမျဉ်းချိုးဖောက်ရာမကျဘူးလား"

"စာမေးပွဲခန်းစောင့်တွေအားလုံးက ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိပြီး ကြိုတင်ပြင်ဆင်ထားသင့်တယ်" ချင်ကျိုးက ဆို၏။

နှစ်ပေါင်းများစွာ စာမေးပွဲခန်းစောင့်တစ်ယောက်ဖြစ်လာခဲ့ပြီး သူ၏ ဖြေဆိုသူတစ်ယောက် မည်သည့်အချိန်တွင် အကူအညီတောင်းမည်ကို ကြိုတင်ခန့်မှန်းနိုင်စွမ်းသည် အလွန်တိကျလာခဲ့သည်။

လိုအပ်သော ပြင်ဆင်မှုများကို ကြိုတင်ပြင်ဆင်ထားခြင်းသည် အချိန်ကျလာမှ ခြေတစ်လှမ်းနောက်ကျမည့်အဖြစ်မျိုးကို ရှောင်ကြဉ်ရန် စာမေးပွဲခန်းစောင့်တော်တော်များများ လုပ်ဆောင်ကြသည့်အရာတစ်ခုဖြစ်သည်။

·

ချင်ကျိုးသည် သူ့ကုတ်အင်္ကျီအိတ်ကပ်ထဲမှ အကူအညီကတ်ကို ဆွဲထုတ်လိုက်သည်။ ကတ်ကို သူ့လက်နှစ်ချောင်းကြားတွင် ညှပ်ထားလျက် ယိုဟော့အရှေ့ကို ဝှေ့ယမ်းပြလိုက်သည်။ "ဒီကတ်ကို အကြောင်းပြလို့ရနေမှတော့ စည်းကမ်းချိုးဖောက်တာလို့ ယူဆလို့ရပါဦးမလား"

"အကူအညီကတ်ကို အသုံးပြုပြီးသွားပြီလို့ ဆိုလိုတာလား" ယိုဟော့က သံသယမကင်းစွာဖြင့် မေးလိုက်သည်။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါမှ 001 လို့မရေးခဲ့တာ"

"မရေးခဲ့ဘူးလား" ချင်ကျိုးသည် သူက ဝန်ခံလိုက်ဖို့ အလွန်ရှက်နေခြင်းသာ ဟု ထင်နေသည်။ သူက ရယ်လိုက်၏။ "မင်းက 001 လို့မရေးခဲ့ဘူးဆိုရင် ငါက ဒီမှာ ဘယ်လိုလုပ်ရပ်နေမှာလဲ"

ယိုဟော့: "ဘယ်သိမှာလဲ"

ချင်ကျိုးသည် မျက်လုံးများကို မှေးကျဉ်းကြည့်လိုက်၏ "မင်းက 001 လို့မရေးခဲ့ဘူးဆိုရင်... ဘာရေးလိုက်တာလဲ။ ငါ့နာမည်များဖြစ်နေမလား"

ယိုဟော့သည် စိတ်ထဲမှ တွေးလိုက်သည် : ဘယ်သူက မင်းနာမည်သိလို့လဲ။ ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးမနေစမ်းပါနဲ့။

သူက ခပ်ပြတ်ပြတ်ပြောလိုက်သည်။ "ထားလိုက်တော့။ ငါက အလျင်စလိုနဲ့ရေးလိုက်တာ။ ဘယ်လိုပဲဖြစ်ဖြစ်၊ မင်းတော့မဟုတ်ဘူး။ မင်းသာဆိုရင် ဘာဖြစ်လို့ အကူအညီကတ်က ပြောင်းမသွားသေးတာလဲ"

သူပြောနေစဉ်မှာပဲ ချင်ကျိုး၏လက်ထဲမှကတ်သည် ရုတ်တရက် မီးလျှံများအဖြစ် တဟုန်းဟုန်းထတောက်တော့သည်။ သူ့အလိုအလျောက် မီးလောင်ကျွမ်းသွား၏။

ကတ်က ပြာအဖြစ်သို့ပြောင်းသွားလျှင် ပြောင်းသွားချင်းပင် အနားမှ ကျီးကန်းက အတောင်ကို တဖျတ်ဖျတ်ခတ်လျက် သစ်ကိုင်းခြောက်တစ်ခုအပေါ်တွင် နားလိုက်၏။

၎င်းက နှုတ်သီးကို ဖွင့်ဟလိုက်ပြီးနောက် ကြမ်းရှရှအသံဖြင့်ဆို၏။

(ဖြေဆိုသူ ယိုဟော့တွင် အကူအညီကတ် စုစုပေါင်း ၁ ကတ် ရှိထားပြီး ၁ ကတ် အသုံးပြုပြီးသွားပါပြီ။ ကတ်အရေအတွက် သုညသာ ကျန်ပါတော့တယ်)

ယိုဟော့: ".............."

အမှိုက်သရိုက်စနစ်။

ချင်ကျိုးက သူ့လက်များကို ဖြန့်လိုက်ပြီး လက်ချောင်းများကြားမှ ကတ်၏ပြာများကို ချွေချလိုက်သည်။

"တွေ့တယ်မလား၊ စနစ်က ခွင့်ပြုလိုက်ပြီ"

မင်းအဘွားကိုပဲ တွေ့လိုက်။

ယိုဟော့သည် ချောမောခန့်ညားသော မျက်နှာသေအမူအရာကို ဆက်လက်ထိန်းသိမ်းထားပြီး မီးခြစ်ကို လက်ထဲတွင် ကိုင်ထားလျက် လှမ်းလျှောက်သွားလေသည်။

သူက အခြားဖြေဆိုသူများကို သွားရှာရန် ထွက်သွားသည်။

............

ချင်ကျိုး၏ အနောက်တွင် ယိုဟော့ စောစောက သူ့ကိုယ်သူ မှီရပ်နေသော သစ်ပင်ရှိလေသည်။ သစ်ပင်၏အလယ်တွင် ခပ်မှိန်မှိန် မီးခိုးရောင်အမှတ်အသားတစ်ခုရှိနေလေသည်။ ယင်းမှာ လက်ချောင်းတစ်ချောင်းဖြင့် ကုတ်ခြစ်ရာနှင့် တူနေလေသည်။

သေသေချာချာကြည့်လိုက်မည်ဆိုလျှင် မီးခိုးရောင်အမှတ်အသားများသည် အင်္ဂလိပ်အက္ခရာနှစ်လုံး "GI" ကို ဖော်ညွှန်းနေသည်ကို မြင်နိုင်ပေသည်။

ချင်ကျိုးသည် ဝေ့ဝဲ၍ ကြည့်လိုက်သည်။ သူက အနီးကပ်ကြည့်ရန် အနားတိုးလာတော့မည့်ဆဲဆဲမှာပဲ မီးတောက်များထဲမှ လူတစ်ယောက်က ရုတ်တရက် ပြေးထွက်လာလေသည်။

..........

ထိုသူက ရပ်တန့်လိုက်ပြီးနောက် စာမေးပွဲခန်းစောင့် 001 ကို စိုက်ကြည့်လာသည်။ သူ့မျက်လုံးများက တောင်ကြည့်မြောက်ကြည့်ဖြင့် ပတ်ချာလည်နေသည်။

သူ့မျက်နှာတွင် မျက်တွင်းများချောင်ကျနေသည့် အရိပ်အယောင်များတွေ့နေရပြီး အဝတ်အစားများမှာ အစုတ်အပြဲများစွာဖြင့် သူ့ပုံမှာ အလွန်တရာ သနားစရာကောင်းနေသည့်တိုင် မျက်လုံးများမှာမူ ဆောင်းရာသီညခင်းတစ်ခုတွင် တွေ့ရသည့် ကြယ်များနှယ် တောက်ပနေသေးသည်။ ထိုသူမှာကား အခြားသူမဟုတ်။ အစောပိုင်းက ရူးရူးနှမ်းနှမ်းဖြင့် ထွက်ပြေးသွားသော ကျောက်ဝမ်ထူပင်ဖြစ်သည်။

အချိန် အလွန့်အလွန်ကြာမြင့်သွားပြီးနောက်မှသာ ကျောက်ဝမ်ထူက ဆိုလာသည်။ "ချင်...ကျိုးလား။ ချင်ကျိုး"

ချင်ကျိုးသည် တန့်သွားလေသည်။ သူက မျက်မှောင်ကြုတ်လိုက်ကာ "ငါ့ကိုသိလို့လား" ဟုမေးသည်။

ကျောက်ဝမ်ထူသည် အခုမှ တရေးနိုးလာသူနှင့်တူနေသော်လည်း လွန်ခဲ့သောနှစ်ပေါင်းများစွာက အိပ်မက်တစ်ခုအတွင်းတွင် ပိတ်မိနေသေးသည့်ပုံနှင့်လည်း တူနေသေးပြန်သည်။

သူက ပြုံးလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့အုတ်ဂူမှ ဓာတ်ပုံထဲကကဲ့သို့ တစ်ချိန်က သူပိုင်ဆိုင်ခဲ့ဖူးသော ငယ်ရွယ်နုပျိုမှုနှင့် အသက်ဝင်တက်ကြွမှုမျိုးကို ပိုင်ဆိုင်နေဆဲဟုထင်ရလေသည်။ "ငါက ဘယ်လိုလုပ် မင်းကိုမသိရမှာလဲ။ ငါတို့နှစ်ယောက် စာမေးပွဲ ၃ ခုတောင် အတူတူဖြေလာခဲ့တာ။ မင်းက ငါ့ကို မမှတ်မိရင်သာနေရမယ်။ ငါကတော့ မှတ်မိတယ်။"

"မင်းဘာဖြစ်လို့ဒီမှာရောက်နေတာလဲ" သူက တိုးညှင်းစွာ သက်ပြင်းချလိုက်ပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။ "မင်းနဲ့ အမြဲတမ်း ရန်ဖြစ်နေတဲ့ စာမေးပွဲခန်းစောင့်ရော။ ဒီမှာမဟုတ်ဘူးလား"

"ဘယ်စာမေးပွဲခန်းစောင့်လဲ" ချင်ကျိုးက အသံတိုးတိုးဖြင့်မေးလိုက်သည်။

ကျောက်ဝမ်ထူက သူ့လေသံကိုနှိမ့်လိုက်ပြီးနောက် အနားသို့တိုးကပ်လာသည်။ "စာမေးပွဲခန်းစောင့် A လေ"

ထိုအမည်ကို အခြားသူတစ်ယောက်၏ နှုတ်ဖျားမှ ကြားလိုက်ရသောအခါ ချင်ကျိုးသည် မသိမသာ မျက်မှောင်ကြုတ်သွားသည်။ သူက သူ့စိတ်အခြေအနေ ကောင်းသွားလား၊ ဆိုးသွားလားကိုပင် မပြောတတ်တော့ပါချေ။

ကျောက်ဝမ်ထူက ဆိုလိုက်သေးသည်။ "မင်း အမြဲတမ်း သူနဲ့ပဲ စာမေးပွဲတစ်ခုတည်းမှာကျနေတာ မင်းကံက တော်တော်လေးကိုဆိုးတာ မဟုတ်ဘူးလား။ သူက ဒီမှာမရှိဘူးလား"

ချင်ကျိုးသည် တစ်ဖက်လူ၏ အိပ်မက်အနေအထားကို ချက်ချင်းကြီး မဖျက်ဆီးခဲ့ဘဲ အသိအမှတ်ပြုသည့်အသံကိုသာ ပြုလိုက်လေသည်။

"မတွေ့တာကြာပြီ။ စာမေးပွဲဘယ်နှစ်ခု ဖြေပြီးသွားပြီလဲ။ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်ရဲ့လား။" ကျောက်ဝမ်ထူက ထိုသို့ပြောပြီးသွားသည့်နောက် တီးတိုးဆိုလိုက်သည်။ "ငါက အဓိပ္ပါယ်မရှိတဲ့ မေးခွန်းတစ်ခုမေးလိုက်တာပဲ။ မင်းက သေချာပေါက် အခက်အခဲမရှိအောင်မြင်မှာပဲ။ ငါကသာ... "

သူသည် တစ်ဖက်သို့လှည့်လိုက်ပြီး မီးပင်လယ်ကြီးသို့ ကြည့်နေသည်။ သူက တိုးတိုးဆို၏ "ငါမလုပ်နိုင်ဘူး... ငါထွက်မသွားနိုင်ဘူး။ တကယ်လို့ ငါထွက်သွားနိုင်ရင်တောင်မှ အဓိပ္ပာယ်မရှိတော့ပါဘူး။ ငါ့ကို လူတစ်ယောက်လို့တောင် ဆက်သတ်မှတ်လို့မရတော့ဘူးနဲ့တူတယ်"

ချင်ကျိုးသည် တစ်ဖက်လူကို ကြည့်လိုက်သည်။

ကျောက်ဝမ်ထူသည် ထိုနေရာတွင် ရပ်နေလျက် မီးလျှံများကို အချိန်အတန်ကြာအောင် ကြည့်နေခဲ့သည်။ သူ့ကိုကြည့်ရသည်မှာ မှတ်ဉာဏ်များထဲသို့ ဤမြင်ကွင်းကို ရိုက်နှိပ်ထွင်းထည့်ရန် ကြိုးစားနေသည့်နှယ်။

အချိန်အတော်ကြာပြီးနောက် သူ့အဝတ်အစားများအတွင်းမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည် : "ငါသွားရတော့မယ်။ ဒါကို ငါ့အစားသိမ်းထားပေးနိုင်မလား"

ချင်ကျိုးသည် သူကမ်းပေးလာသည့် ရေစိုခံအိတ်ကို ကြည့်လိုက်သည်။ ဒိုင်ယာရီမှာ အတွင်းတွင် လုံလုံခြုံခြုံရှိနေသေးသည်။ ထို့အပြင် သေချာပေါက် အချိန်အတော်ကြာအောင် အသုံးပြုထားပုံမရသော ဖုန်တက်နေသော ဖုန်းတစ်လုံးလည်း ရှိနေသေးသည်။

"ငါဒါကို အချိန်အကြာကြီး ဖွက်ထားခဲ့တာ အခုမှသတိရတယ်" ကျောက်ဝမ်ထူသည် ဖုန်းကို ညွှန်ပြပြီးနောက် ဆို၏ "ငါက လုံးဝကြီး ပျောက်ကွယ်မသွားချင်ဘူး။ အနည်းဆုံးတော့ ဒီပစ္စည်းတွေက တစ်ချိန်က ငါအသက်ရှင်ခဲ့တယ်ဆိုတာကို သက်သေပြနိုင်လိမ့်မယ်"

ချင်ကျိုး: ".......အိုကေ"

ကျောက်ဝမ်ထူက စိတ်သက်သာရာရသွားသလို လေမှုတ်ထုတ်လိုက်သည်။

"ငါက ကျောက်ဝမ်ထူ"

"ငါ့နာမည် ကျောက်ဝမ်ထူ..."

သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် နောက်လှည့်ကာ မီးပင်လယ်ထဲသို့ ပြန်ပြေးဝင်သွားတော့သည်။

ချင်ကျိုးသည် ရေစိုခံအိတ်ကို ကိုင်လျက် ထိုနေရာတွင် တဒင်္ဂခန့် ရပ်နေခဲ့သည်။ ဝေးကွာသွားသော သူငယ်ချင်းတစ်ဦးကို နှုတ်ဆက်ခွဲခွာနေသည့်နှယ်ပင်။

မီးလျှံများ အနားသို့ ပိုမိုတိုးကပ်လာသည့်အချိန်မှသာ ထိုပစ္စည်းများကို ကောင်းမွန်စွာသိမ်းဆည်းလိုက်သည်။

........

အဝေးတစ်နေရာတွင် လူအများစကားပြောနေသံများ ကြားနေရသည်။

ယိုဟော့သည် တစ်ယောက်ပြီးတစ်ယောက် ရှာတွေ့နိုင်ခဲ့သည်။ ချင်ကျိုးသည် ကံကောင်းထောက်မစွာ တောအုပ်ကို မီးညှိလိုက်နိုင်သောကြောင့် တစ်စုံတစ်ယောက်သော်မျှ အသက်မဆုံးရှုံးခဲ့ပေ။

မီးသည် နေရာအနှံ့လောင်ကျွမ်းနေပါသော်ငြား သူတို့ရပ်နေခဲ့သော နေရာပတ်ဝန်းကျင်မှာတော့ အဆင်ပြေနေခဲ့သည်။

စနစ်သည် သူတို့ စာမေးပွဲ၏ နောက်ဆုံးရလဒ်ကို နားထောင်နိုင်ပါစေရန်အလို့ငှာ သူတို့အတွက် ခြေချစရာနေရာငယ်လေးတစ်ခု ချန်ရစ်ပေးခဲ့ခြင်းဖြစ်နိုင်သည်။

ကျီးကန်းများသည် အိမ်အချို့ဆီမှ ပျံဝဲလာပြီးနောက် သူတို့ဦးခေါင်းထက်ရှိ အသက်မဲ့နေသော သစ်ကိုင်းခြောက်များထက်တွင် အတန်းလိုက်နားခိုနေကြသည်။

ကျောက်ဝမ်တူ၏ ပုံသဏ္ဌာန် လုံးလုံးပျောက်ကွယ်သွားပြီးသည့်အခိုက်မှ ၎င်းတို့သည် "အား" ဟု အော်မြည်လာကာ ဆိုလိုက်သည်။

(စာမေးပွဲစင်တာ ပြိုလဲသွားပြီး ပြန်လည်ပြင်ဆင်၍ မရတော့ပါ။ စာမေးပွဲအဆုံးသတ်သွားပါပြီ။)

အားလုံး: "..........."

ဤစာမေးပွဲကို အပိုင်းနှစ်ပိုင်းပိုင်းထားပါသည်။

အကြားစွမ်းရည်မေးခွန်း ၃ ခုအတွက် စုစုပေါင်း အမှတ်မှာ ၁၅ မှတ်ဖြစ်ပါသည်။

၁)ကဝေမုဆိုးမနာမည် (၅ မှတ်)

၂)ကဝေမုဆိုးမရဲ့ မိသားစုဘယ်မှာလဲ။ ၎င်းတို့ကို ရှာပါ။ (၅ မှတ်)

၃)ကဝေမုဆိုးမရဲ့အိမ်မှာ လူဘယ်နှစ်ယောက်ရှိသလဲ။ (၅ မှတ်)

အဖတ်စွမ်းရည်မေးခွန်း (၂) ခု:

၁)ကဝေမုဆိုးမကို လက်ဆောင် ကူညီဝေပေးခြင်း (၉ မှတ်)

၂)အိမ်အပြန်လမ်းရှာခြင်း (၃ မှတ်)

ကဝေမုဆိုးမနာမည်အတွက် ၅ မှတ်၊ လက်ဆောင်ဝေပေးခြင်းအတွက် ၉ မှတ်နှင့် အိမ်အပြန်လမ်းရှာခြင်းအတွက် ၃ မှတ်ရပါသည်။

ချန်ပင်းသည် ပထမဆုံးအကြိမ် ထိုကဲ့သို့သော ရလဒ်မျိုးကြားဖူးခြင်းဖြစ်သည်။ သူက ပကတိထိတ်လန့်သွားလေသည်။ အချိန်အတန်ကြာပြီး နောက်ဆုံးတွင် သူမနေနိုင်တော့ဘဲ မေးလာသည်။ "ဘယ်တုန်းက ငါတို့အိမ်အပြန်လမ်း ရှာလိုက်တာလဲ။ ငါ အစကတည်းက အိမ်ပြန်လမ်းဆိုတာမျိုး ရှိရဲ့လားလို့တောင် သံသယဖြစ်မိခဲ့သေးတယ်"

ယွီဝမ်က သူ့လက်များကို အကြောဆန့်လိုက်ကာ ဖြေလိုက်သည်။ "မီးငြိမ်းသွားပြီး ခဏနေရင် သစ်ပင်ဆိုတာ ရှိပါဦးမလား။ သစ်ပင်မရှိတော့ရင် နေရာတိုင်းက အိမ်အပြန်လမ်းပဲပေါ့"

ချန်ပင်း: "???????"

စနစ်သည် ဆက်လက်၍ နောက်ဆုံး စာမေးပွဲရလဒ်များကို ကြေညာနေလေသည်။

ဖြေဆိုသူများရရှိသော ပျမ်းမျှရမှတ် ၁၂ မှတ်ကို ကျော်လွန်ပြီး စုစုပေါင်းရမှတ်မှာ ၁၇ မှတ် ရရှိထားပါသည်။

စုစုပေါင်းကြာမြင့်ခဲ့သောအချိန်မှာ ၂ ရက်နှင့်နေ့တစ်ဝက်ဖြစ်ပါသည်။ ပျမ်းမျှကြာမြင့်ချိန်နှင့် နှိုင်းယှဉ်ပါက ၇ ရက်နှင့် ၅ နာရီကို ချွေတာလိုက်နိုင်ပါသည်။

ရမှတ်အမြင့် နောက်တစ်ခု ရပြန်ပြီ!

နောက်တစ်ကြိမ် အဖြေလွှာကိုလည်း စောပြီး ထပ်လိုက်နိုင်တယ်!

နောက်ပြီး သူတို့က စာမေးပွဲစင်တာကိုတောင် ဖျက်ဆီးလိုက်သေးတယ်!

အားလုံးက အောင်ပွဲခံတော့မည့်အချိန်မှာပဲ စာမေးပွဲစနစ်က ထည့်ဖြည့်ပြောလိုက်သည်:

(စာမေးပွဲစင်တာမှာ ပြင်မရသောပျက်စီးဆုံးရှုံးမှုမျိုး ဖြစ်သွားပါတယ်။ ဖြေဆိုသူများရဲ့ အမှတ်စုစုပေါင်းမှ ၅ မှတ်အနှုတ်ခံရမှာဖြစ်ပါတယ်။ အမှတ်စုစုပေါင်း ၁၂ မှတ်ရရှိပါတယ်)

ယိုဟော့သည် ကျွတ်ခနဲ စုပ်သပ်လိုက်သည်။

(စာမေးပွဲခန်းစောင့်က တစ်ကြိမ် အပြစ်ပေးခံရမှာဖြစ်ပါတယ်)

ချင်ကျိုး: "ဟာ့"

....................xxxx...................

Translated by Akira ❣️

Akira has something to say:
အပြစ်ပေးခံရတဲ့ ချင်ကျိုးအတွက် တစ်မိနစ်လောက် ငြိမ်သက်ပေးလိုက်ကြပါ။ ဒီတစ်ခါတော့ သူ့အလှည့်ဖြစ်သွားရှာပြီ 🤣 GI က ဘာအဓိပ္ပာယ်ဖြစ်နိုင်လဲ။ ချင်ကျိုးရဲ့ Nickname များလား။ စဉ်းစားစရာပဲ။ မိမိုက်နေတဲ့ ချင်ကျိုးပုံလေး အောက်မှာ ပြထားပါတယ် 😍

Continue Reading

You'll Also Like

29.7K 1.2K 30
"Come on, come on, don't leave me like this I thought I had you figured out Something's gone terribly wrong You're all I wanted Come on, come on, don...
367K 67.8K 153
chapter 141 က စပါမယ်နော်..
82.9K 1.8K 25
Alissa was sent away after being framed by her mother and twin sister. But when she gets arrested for the 4th time that week her family is called. Sh...
52K 902 27
Violet Magne is the older sister of Charlie Magne and is the eldest daughter of Lucifer and Lilith Morningstar. While her sister opens up a hotel, Vi...