အခန်း (၃၉၁) : မယှဉ်နိုင်ခြင်း
လီကျွင်းက အာကာပြင် လမ်းကြောင်းမှ လွင့်ထွက်လာသည့်နောက် လက်ကို ဆန့်ထုတ်လိုက်သော်လည်း လေကိုသာ ဖမ်းဆုပ်မိလေသည်။ သူက စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် သူ့ကိုယ်သူ သလင်းကျောက်အလွှာ အပြင်ဘက် ရောက်ရှိနေသည်ကို မြင်လိုက်ရ၏။
သူက တစ်စုံတစ်ခုကို တွေးမိကာ အထဲသို့ ပြေးဝင်သွားသော်လည်း သလင်းကျောက်အလွှာမှ ပြန်ကန်ထွက်လာပြီး အထဲသို့ မဝင်ရောက်နိုင်ပေ။
ဝမ်ဝေ့၏ အဘိုး ဝမ်ချန်က သူ့အနားတွင် ပေါ်ထွက်လာလေ၏။
" ဘာဖြစ်တာလဲ"
" ကျွန်တော် မသိဘူး။ အစ်ကိုကြီးက ကျွန်တော်တို့ကို ရုတ်ချည်း အပြင်ထုတ်လိုက်တာ။ အခု ပြန်ဝင်လို့ မရတဲ့ပုံပဲ"
ဝမ်ချန်က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူက ကမ္ဘာဦးစိတ်ဝိညာဉ် နယ်ပယ်အဆင့်မှ လူတချို့ကို ဆက်သွယ်ကာ အထဲသို့ဝင်ဖို့ ကြိုးစားကြည့်ခိုင်းခဲ့သော်လည်း ကျရှုံးခဲ့၏။
အဆုံးသတ်တွင်မူ သူက သူ့သားအား ဆက်သွယ်ကာ ဝမ်ဝေ့၏ ဝိညာဉ်မီးအိမ်အား စစ်ဆေးကြည့်ခိုင်းလိုက်သည်။ သူ အန္တရာယ်ရှိနေလား မရှိနေလား သိရှိဖို့ရန် ဖြစ်၏။
ထိုစဉ် ကောင်းကင်ဘုံဗိမာန် ကမ္ဘာအတွင်း
ဝမ်ဝေ့က သူ့ရှေ့အထက် မျောလွင့်နေသည့်လူကို စိုက်ကြည့်လိုက်သည်။ သူက လေးနက်သော အမူအရာမျိုး ရှိနေ၏။
" ငါ့နည်းလမ်းက မင်းရဲ့ အလိုလိုသိစိတ်ကို အပြည့်အဝ မဖယ်ထုတ်နိုင်ဘူးဆိုတာ မယုံခဲ့မိဘူး" တိထျန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
" ငါ ဒီမှာရောက်နေတာ ဘယ်လိုလုပ် သိတာလဲ" ဝမ်ဝေ့က ဝေဟင်အား ကြည့်ရင်း မေးလိုက်သည်။ သူက တစ်ကမ္ဘာလုံးသည် အားကောင်းသည့် အစီအရင် တစ်ခုဖြင့် ဖုံးလွှမ်းထားသည်ကို ခံစားမိလိုက်၏။ ထို့အပြင် သူက ထိုအစီအရင်၏ ဇစ်မြစ်ကို မမှန်းဆနိုင်ပေ။
" မင်းရဲ့ အပြုအမူ သေးသေးလေးက ငါ့အိပ်စက်သူတွေဆီကနေ လွတ်မြောက်မယ်များ ထင်နေလား။ သူတို့က ထာဝရဧကရာဇ်တွေရဲ့ လက်အောက်မှာတောင် ရှင်သန်လာကြတာ။ မင်းလိုလူမျိုးဆို ထည့်ပြောစရာတောင် မလိုဘူး"
" အဲလိုဆိုတော့လည်း အဲလိုပေါ့" ဝမ်ဝေ့က ထိုစကားများကို လုံးဝမယုံသည့်အလား ပြောလိုက်သည်။ ပြောရလျှင် တစ်ဖက်လူက သူ့လူများကို သံသယဖြစ်စေဖို့ ပြောနေခြင်းသာ ဖြစ်၏။
ဤသည်က ကောင်းကင်ရွေးချယ်ခံများသည် တစ်ယောက်နှင့် တစ်ယောက် ထိပ်တိုက်ရင်ဆိုင်ရာတွင် အသုံးပြုကြသည့် စိတ်နည်းဗျူဟာ တစ်ခု ဖြစ်ပေသည်။
တိထျန်းက သူ့အား စိုက်ကြည့်လိုက်သည်။ ဝမ်ဝေ့က ဘာမှမလုပ်နိုင်ခင် အက်သံတစ်ခု ထွက်ပေါ်လာလေ၏။ အားကြီးလွန်းသည့် စွမ်းအားတစ်ခုက သူ့ရင်ဘတ်ပေါ် ကျရောက်သွားလေသည်။
ဘန်း
သူက လွင့်ထွက်သွားလေ၏။ နာနိုစက္ကန့်ပိုင်းအတွင်း သူ့ ခန္ဓာကိုယ်က အသံအတားအဆီးကို ချိုးဖောက်ကာ လွင့်ထွက်သွားသည်။ ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ ခဏအကြာတွင် သူ့မြင်ကွင်းက ပြောင်းလဲသွား၏။
သူ့ဘေးရှိ အရာအားလုံးက အင်မတန် နှေးကွေးသွားဟန်ပေါ်သည်။ သူ့အသက်ရှူနှုန်း၊ သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးစီးဆင်းမှု၊ သူ့အဝတ်စုတ်ပြဲမှုနှင့် သူ့အတွေးများပင် အပါအဝင် ဖြစ်၏။
ဝမ်ဝေ့က ဤသည်မှာ သူ လွင့်ထွက်သွားခြင်းက အလင်းနှုန်းထက် မြန်ဆန်နေ၍ ဖြစ်ကြောင်း သိလိုက်သည်။ သူက အရာအားလုံးကို လျှော့ချဖို့ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ပေ။ သူက အပြည့်အဝ လွှမ်းမိုးခံထားရ၏။
ထို့ကြောင့် နယ်မြေသုံးခုကို ဖြတ်သန်းသွားပြီးသည့်နောက်တွင် ဝမ်ဝေ့က မြေကမ္ဘာနယ်မြေရှိ မြို့ကြီးတစ်ခုထံ ကျရောက်သွားသည်။
ဝုန်း...
သူ ဆင်းသက်ရာမှ အားကောင်းသည့် လှိုင်းများ ပေါ်ထွက်လာလေ၏။ ထို့နောက် လမ်းကြောင်းရှိ အရာအားလုံးက ချက်ချင်းဆိုသလို ပျက်သုဉ်းသွားပြီး အိမ်များက ပြိုလဲသွားကာ သစ်ပင်များက အမြစ်မှ ကျွတ်ထွက်လာပြီး သက်ရှိအရာအားလုံးက အပိုင်းအစအဖြစ် ပေါက်ကွဲထွက်သွားသည်။
ကလေးများ၊ အမျိုးသမီးများ၊ တိရစ္ဆာန်များနှင့် အကြီးအကဲများ အပါအဝင် အရာအားလုံးက ချက်ချင်း အသတ်ခံလိုက်ရသည်။ ထိုမြို့တွင် နေထိုင်ကြသည့် နတ်ဘုရားများသည်လည်း မခုခံနိုင်ဘဲ အသတ်ခံလိုက်ရသည်။
ထိုလှိုင်းက လူသန်းချီကို ဖျက်ဆီးပြီးသည့်နောက်တွင်ပင် မရပ်တန့်သွားသေးပေ။ ဆက်လက် ပျံ့နှံ့နေဆဲသာဖြစ်၏။ ကံကောင်းသည်က ဝမ်ဝေ့က သူ့ ဝိညာဉ်စွမ်းအားဖြင့် ဆက်လက် ပျံ့နှံ့ခြင်းကို တားဆီးလိုက်သည်။
ထိုစဉ် မြေချိုင့်အတွင်း ဝမ်ဝေ့က ခွေးကိုက်ထားသလို ဖြစ်နေသည့် သူ့လက်နှစ်ဖက်အား တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူ့အရိုးများက ကျိုးနေပြီး ကြွက်သားများ၊ အရေပြားများ၊ သွေးများနှင့်အတူ ထွက်ပေါ်နေသည်။
သူ့မျက်နှာမှ ဒွါရာများ၊ နံရိုးများနှင့် အတွင်းအင်္ဂါများမှ သွေးများ စီးထွက်နေကာ ထိုလက်သီးချက်ကြောင့် ပျက်စီးသွားလေသည်။ အကယ်၍ သူသာ အလိုလိုသိစိတ်ဖြင့် ထိုလက်သီးချက်၏ ခွန်အားကို တားဆီးဖို့ မလုပ်ဆောင်နိုင်ခဲ့လျှင် အခြေအနေက ပို၍ ဆိုးရွားသွားနိုင်သည်။
သူက ဒဏ်ရာပြင်းထန်မှုကို သတိပြုမိကာ မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ပေါ်ထွက်လာသည်။ သူက သူ့ကုသစွမ်းရည်ကို နှောင့်နှေးစေသည့် ရင်းနှီးသော စွမ်းအားတစ်ခုကို ခံစားမိလိုက်၏။ အခြေအနေက အန္တရာယ်များကြောင်း သိကာ သူက ချက်ချင်းဆိုသလို သေခြင်းရှင်ခြင်းစက်ဝန်း စွမ်းရည်ကို အသက်သွင်းလိုက်ပြီး သူ့ ပြန်ကောင်းမွန်နှုန်းအား မြှင့်တင်လိုက်သည်။
ထိုစဉ် သူက အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ကုသနိုင်လိုက်ပြီး သူ့လက်များက သူ့နံရိုးများ၊ အတွင်းအင်္ဂါများနှင့်အတူ ပြန်လည်ပေါက်ရောက်လာသည်။ မည်သို့ပင်ဆိုစေကာမူ သူက မပျော်ရွှင်ပေ။ တစ်ဖက်လူက ရုတ်တရက် တိုက်စစ်ဆင်လာသော်လည်း သူ့အနေနှင့် တုံ့ပြန်ဖို့ အချိန်မရခဲ့ပေ။ ထို့အပြင် ထိုလက်သီးချက်က ခန္ဓာကိုယ်သက်သက်၏ ခွန်အားချည်းသာဖြစ်ပြီး မန္တန်များ သို့မဟုတ် နည်းစနစ်များ မပါဝင်သေးပေ။
သူက သူ့ဝိညာဉ်ရှိ စိတ်ဝိညာဉ်အမှုန်များအပေါ် အာရုံစိုက်ထားလိုက်သည်။ သူက ထိုအရာအား လုပ်ဆောင်ပြီးသည်နှင့် တိထျန်းက သူ့ဆီ အနှိုင်းမဲ့အလျင်ဖြင့် ပြေးဝင်လာသည်ကို မြင်လိုက်ရ၏။
သေစမ်း ...
ဝမ်ဝေ့က တစ်ဖက်လူအား အရှိန်ဖြင့် မယှဉ်နိုင်သေးကြောင်း သဘောပေါက်သွားသည့်အခါ ကျိန်ဆဲမိလိုက်သည်။ သူက သူ့လှုပ်ရှားမှုကို မြင်သည့်အခါ တုံ့ပြန်နိုင်ရုံမျှသာ ဖြစ်၏။ ထို့ကြောင့် သူက ပင်ကိုဒိုင်းကို ကာကွယ်ကာ အသက်သွင်းလိုက်သည်။ ကံဆိုးစွာဖြင့် သူ ဂုဏ်ယူရပြီး မဟာကမ္ဘာ၏ ပေါက်ကွဲမှုကိုပင် ခုခံနိုင်သည့် ဒိုင်းကာက တိထျန်းရှေ့တွင် စာရွက်လို ပါးလျနေသည်။
လက်သီးချက်က ထိုကာကွယ်ရေးဒိုင်းအား အလွယ်တကူ ဖျက်ဆီးပစ်ပြီး သူ့ခေါင်းပေါ်သို့ ကျရောက်လာသည်။ မည်သို့ပင်ဆိုစေကာမူ ထိုဒိုင်းက တိုက်ကွက်အား နာနိုစက္ကန့်မျှ နှောင့်နှေးအောင် လုပ်နိုင်ခဲ့၏။ ထိုအချိန်ကို အသုံးချကာ ဝမ်ဝေ့က ချက်ချင်းဆိုသလို သူ့ဦးနှောက်အား ဝိညာဉ်နှင့်အတူ ခေါင်းမှ ခန္ဓာကိုယ်အတွင်း ရွှေ့ပြောင်းထားလိုက်သည်။
ထို့နောက် သူ့ခေါင်းက ဘောလုံးတစ်ခုလို ပေါက်ကွဲထွက်သွားပြီး သွေးများက နေရာအနှံ့ ပြန့်ကျဲသွားသည်။ သွေးပြန့်ကျဲသွားသည့်နေရာတွင် ချက်ချင်းဆိုသလို ပန်းများ၊ သစ်ပင်များ ပေါက်ရောက်လာ၏။ ပြောရလျှင် သွေးထဲတွင် ပါရှိနေသည့် အသက်ဓာတ် အမြောက်အများကြောင့် ဖြစ်သည်။
ထိုစဉ် တစ်ဖက်လူက အသက်ရှင်နေသေးသည်ကို သတိပြုမိနေသည့် တိထျန်းက ဝမ်ဝေ့၏ ခေါင်းမဲ့နေသည့် ခန္ဓာကိုယ်အား ကန်ထုတ်လိုက်ပြီး လွင့်ထွက်သွားစေသည်။ ခေါင်းမဲ့နေသည့် ခန္ဓာကိုယ်က အနီးနားရှိ မြို့များဆီ ပျံသန်းသွားလေ၏။
လီကျွင်း၏ ကြိုးစားမှုဖြင့် ကောင်းကင်ဘုံဗိမာန်ကမ္ဘာ၏ လူဦးရေသည် လူသန်းပေါင်းများစွာ နေနိုင်သည့် မြို့ကြီးများအဖြစ် နယ်မြေများအနှံ့တွင် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ဝမ်ဝေ့က လွင့်စင်သွားစဉ် သူ့ခန္ဓာကိုယ်နှင့် ထိတွေ့မိထားသည့် အရာအားလုံးက ဖျက်ဆီးခံလိုက်ရသည်။
သူက သူ ဝင်တိုက်မိပြီးသည့်နောက်တွင် အသင်္ချေလူများက ချက်ချင်းဆိုသလို သွေးမြူအဖြစ် ပေါက်ထွက်သွားသည်ကို ခံစားမိလေ၏။ တောင်များ၊ မြစ်များ၊ တောအုပ်များနှင့် အရာအားလုံးကလည်း သူ့လမ်းကြောင်းတွင် အငွေ့ပျံသွားလေသည်။
သေစမ်း
ဝမ်ဝေ့က ထပ်မံ ကျိန်ဆဲလိုက်သည်။ သူက တစ်ဖက်လူကို အားကောင်းသည့် သူ့ခန္ဓာကိုယ်အား အသုံးချကာ အနိုင်ကျင့်ခဲ့ဖူးသည်။ ယခုအခါ သူ့အလှည့် ကျရောက်လာပြီ ဖြစ်၏။ ထိုအချက်က သူ့အား ဒေါသထွက်စေသည်။
သို့သော်လည်း သူ့ခေါင်း ပြန်လည်ပေါက်နေသည့် အချိန်အတွင်း စိတ်ကို တည်တည်ငြိမ်ငြိမ် ထားနေရသည်။ သူက ဒေါသထွက်ခြင်းသည် သူ့လက်ရှိအခြေအနေအား ပို၍ ဆိုးရွားသွားစေနိုင်ကြောင်း သိထားသည်။
လက်ရှိပြဿနာက သူ ရင်ဆိုင်နေရသည့်သူက တုံ့ပြန်ဖို့အတွက် အလွန်မြန်ဆန်နေခြင်း ဖြစ်၏။ သူက သူ မယှဉ်နိုင်သည့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုပါ ထည့်ပေါင်းလိုက်သည့်အခါ အခြေအနေက ပို၍ ဆိုးရွားသွားသည်။
ဝမ်ဝေ့က သူ့လက်ရှိအနေအထားနှင့် ပတ်သက်ပြီး ဖြေရှင်းနည်းကို ရှာဖွေနေစဉ် တိထျန်းက သူ့ခန္ဓာကိုယ်အား မြေဖြိုစက်တစ်ခုအဖြစ် အသုံးပြုနေသည်။ သူ့ခန္ဓာကိုယ်ကို ဝေ့ယမ်းရင်း အိမ်များ၊ အဆောက်အဦးများကို ဖျက်ဆီးပစ်နေသည်။
သူက အသားဆော့စ်လိုမျိုး ဖြစ်အောင်အထိ ထိုးနှက်လိုက်ပြီး သခွားသီးလိုမျိုး ပိုင်းဖြတ်လိုက်သည်။
ထိုဖြစ်စဉ်အတွင်း ဝမ်ဝေ့၏ ပါးစပ်မှ အသံတစ်သံပင် ထွက်မလာပေ။ သူ ပြန်လည်ကောင်းမွန်သည့်အချိန်တိုင်း သူက အသက်ရှင်သန်လိုသည့် စိတ်ဆန္ဒဖြင့် တောက်ပနေလျက် ရှိသည်။
စိတ်ဓာတ်ကျပြီး မျှော်လင့်ချက်ကင်းမဲ့သည့် အရိပ်အယောင်မျိုးကို မမြင်ရပေ။
တိထျန်းက ထိုအရာကို မြင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
ငါ သူ့စိတ်ကို ချိုးဖောက်ဖို့ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု၊ အရှက်ခွဲမှုတွေ အသုံးပြုတာ ကျရှုံးသွားပုံပဲ။ သူက ဧကရာဇ်ငယ် တစ်ပါးဆိုတော့လည်း ဒီလောက်တော့ ထင်ထားပြီးသားပါ။ သူ့ တာအိုနှလုံးသားနဲ့ စိတ်ဝိညာဉ်က ဘယ်လိုလုပ် အလွယ်တကူ ပြိုကွဲသွားနိုင်ပါ့မလဲ...
တိထျန်းက သူ အောင်မြင်မည်လား၊ ကျရှုံးမည်လား ဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက ဘာမှမဆုံးရှုံးပေ။ သူက တစ်ဖက်လူကို အမေပင် မမှတ်မိအောင်အထိ ရိုက်နှက်နိုင်သည့်အတွက် ကျေနပ်နေမိသည်။
ထိုစဉ် ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ မျက်စိနှင့် မမြင်နိုင်သည့် ခဲဖြူရောင် ကြိုးများစွာ ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းဖြင့် ဆက်နွယ်နေသည်။ ထို့နောက် ဝေဟင်အထက် ပုံရိပ်ယောင် မြစ်တစ်စင်းအဖြစ် ပေါ်ထွက်လာလေ၏။
" ကံကြမ္မာ မြစ်ကြောင်း" တိထျန်းကို ထိုမရေတွက်နိုင်သည့် ကြိုးမျှင်များဖြင့် ပြုလုပ်ထားဟန်ပေါ်သည့် မြစ်တစ်စင်းကို ကြည့်လိုက်သည် " သူက ဒီကမ္ဘာရဲ့ တစ်ဦးတည်းသော အထွတ်အထိပ် နတ်ဘုရားတစ်ပါးအနေနဲ့ ကံကြမ္မာမြစ်ကြောင်းကို ဆင့်ခေါ်ဖို့ လုပ်နေတာပဲ"
တိထျန်းက ဘာမှမပြောဘဲ ဝမ်ဝေ့ဆီ ပြေးသွားကာ တိုက်ခိုက်လိုက်သည်။ သို့သော်လည်း ကိစ္စများက ဤတစ်ကြိမ် ကွဲပြားသွားလေပြီ။
ဝမ်ဝေ့က မတားဆီးဘဲ တိထျန်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
ဘန်း
သူ့ညာဖက်လက်က အမှုန်သန်းပေါင်းများစွာ အဖြစ် ပေါက်ကွဲထွက်သွားပြီး ကီလိုမီတာရာချီ လွင့်ထွက်သွားလေသည်။ ထို့နောက် သူက ပြန်လည်ရပ်တန့်ကာ သူ့ဘာသာသူ ထိန်းချုပ်လိုက်၏။
စိတ်ဝင်စားစရာပဲ...
တိထျန်းက တစ်ဖက်လူသည် အချိန်တိုအတွင်း သူ့တုံ့ပြန်နှုန်းအား မည်သို့ အမီလိုက်နိုင်သည်ကို စဉ်းစားရင်း ရပ်တန့်သွားသည်။
************
အခန္း (၃၉၁) : မယွဥ္ႏိုင္ျခင္း
လီကြၽင္းက အာကာျပင္ လမ္းေၾကာင္းမွ လြင့္ထြက္လာသည့္ေနာက္ လက္ကို ဆန႔္ထုတ္လိုက္ေသာ္လည္း ေလကိုသာ ဖမ္းဆုပ္မိေလသည္။ သူက စိတ္ရႈပ္ေထြးသည့္ အမူအရာျဖင့္ သူ႔ကိုယ္သူ သလင္းေက်ာက္အလႊာ အျပင္ဘက္ ေရာက္ရွိေနသည္ကို ျမင္လိုက္ရ၏။
သူက တစ္စုံတစ္ခုကို ေတြးမိကာ အထဲသို႔ ေျပးဝင္သြားေသာ္လည္း သလင္းေက်ာက္အလႊာမွ ျပန္ကန္ထြက္လာၿပီး အထဲသို႔ မဝင္ေရာက္ႏိုင္ေပ။
ဝမ္ေဝ့၏ အဘိုး ဝမ္ခ်န္က သူ႔အနားတြင္ ေပၚထြက္လာေလ၏။
" ဘာျဖစ္တာလဲ"
" ကြၽန္ေတာ္ မသိဘူး။ အစ္ကိုႀကီးက ကြၽန္ေတာ္တို႔ကို ႐ုတ္ခ်ည္း အျပင္ထုတ္လိုက္တာ။ အခု ျပန္ဝင္လို႔ မရတဲ့ပုံပဲ"
ဝမ္ခ်န္က ထိုအရာကို ၾကားၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူက ကမာၻဦးစိတ္ဝိညာဥ္ နယ္ပယ္အဆင့္မွ လူတခ်ိဳ႕ကို ဆက္သြယ္ကာ အထဲသို႔ဝင္ဖို႔ ႀကိဳးစားၾကည့္ခိုင္းခဲ့ေသာ္လည္း က်ရႈံးခဲ့၏။
အဆုံးသတ္တြင္မူ သူက သူ႔သားအား ဆက္သြယ္ကာ ဝမ္ေဝ့၏ ဝိညာဥ္မီးအိမ္အား စစ္ေဆးၾကည့္ခိုင္းလိုက္သည္။ သူ အႏၲရာယ္ရွိေနလား မရွိေနလား သိရွိဖို႔ရန္ ျဖစ္၏။
ထိုစဥ္ ေကာင္းကင္ဘုံဗိမာန္ ကမာၻအတြင္း
ဝမ္ေဝ့က သူ႔ေရွ႕အထက္ ေမ်ာလြင့္ေနသည့္လူကို စိုက္ၾကည့္လိုက္သည္။ သူက ေလးနက္ေသာ အမူအရာမ်ိဳး ရွိေန၏။
" ငါ့နည္းလမ္းက မင္းရဲ႕ အလိုလိုသိစိတ္ကို အျပည့္အဝ မဖယ္ထုတ္ႏိုင္ဘူးဆိုတာ မယုံခဲ့မိဘူး" တိထ်န္းက တည္တည္ၿငိမ္ၿငိမ္ျဖင့္ ေျပာလိုက္သည္။
" ငါ ဒီမွာေရာက္ေနတာ ဘယ္လိုလုပ္ သိတာလဲ" ဝမ္ေဝ့က ေဝဟင္အား ၾကည့္ရင္း ေမးလိုက္သည္။ သူက တစ္ကမာၻလုံးသည္ အားေကာင္းသည့္ အစီအရင္ တစ္ခုျဖင့္ ဖုံးလႊမ္းထားသည္ကို ခံစားမိလိုက္၏။ ထို႔အျပင္ သူက ထိုအစီအရင္၏ ဇစ္ျမစ္ကို မမွန္းဆႏိုင္ေပ။
" မင္းရဲ႕ အျပဳအမူ ေသးေသးေလးက ငါ့အိပ္စက္သူေတြဆီကေန လြတ္ေျမာက္မယ္မ်ား ထင္ေနလား။ သူတို႔က ထာဝရဧကရာဇ္ေတြရဲ႕ လက္ေအာက္မွာေတာင္ ရွင္သန္လာၾကတာ။ မင္းလိုလူမ်ိဳးဆို ထည့္ေျပာစရာေတာင္ မလိုဘူး"
" အဲလိုဆိုေတာ့လည္း အဲလိုေပါ့" ဝမ္ေဝ့က ထိုစကားမ်ားကို လုံးဝမယုံသည့္အလား ေျပာလိုက္သည္။ ေျပာရလွ်င္ တစ္ဖက္လူက သူ႔လူမ်ားကို သံသယျဖစ္ေစဖို႔ ေျပာေနျခင္းသာ ျဖစ္၏။
ဤသည္က ေကာင္းကင္ေ႐ြးခ်ယ္ခံမ်ားသည္ တစ္ေယာက္ႏွင့္ တစ္ေယာက္ ထိပ္တိုက္ရင္ဆိုင္ရာတြင္ အသုံးျပဳၾကသည့္ စိတ္နည္းဗ်ဴဟာ တစ္ခု ျဖစ္ေပသည္။
တိထ်န္းက သူ႔အား စိုက္ၾကည့္လိုက္သည္။ ဝမ္ေဝ့က ဘာမွမလုပ္ႏိုင္ခင္ အက္သံတစ္ခု ထြက္ေပၚလာေလ၏။ အားႀကီးလြန္းသည့္ စြမ္းအားတစ္ခုက သူ႔ရင္ဘတ္ေပၚ က်ေရာက္သြားေလသည္။
ဘန္း
သူက လြင့္ထြက္သြားေလ၏။ နာႏိုစကၠန႔္ပိုင္းအတြင္း သူ႔ ခႏၶာကိုယ္က အသံအတားအဆီးကို ခ်ိဳးေဖာက္ကာ လြင့္ထြက္သြားသည္။ ဤသည္က အဆုံးသတ္ မဟုတ္ေသးေပ။ ခဏအၾကာတြင္ သူ႔ျမင္ကြင္းက ေျပာင္းလဲသြား၏။
သူ႔ေဘးရွိ အရာအားလုံးက အင္မတန္ ေႏွးေကြးသြားဟန္ေပၚသည္။ သူ႔အသက္ရႉႏႈန္း၊ သူ႔ခႏၶာကိုယ္အတြင္းရွိ ေသြးစီးဆင္းမႈ၊ သူ႔အဝတ္စုတ္ၿပဲမႈႏွင့္ သူ႔အေတြးမ်ားပင္ အပါအဝင္ ျဖစ္၏။
ဝမ္ေဝ့က ဤသည္မွာ သူ လြင့္ထြက္သြားျခင္းက အလင္းႏႈန္းထက္ ျမန္ဆန္ေန၍ ျဖစ္ေၾကာင္း သိလိုက္သည္။ သူက အရာအားလုံးကို ေလွ်ာ့ခ်ဖို႔ ႀကိဳးစားခဲ့ေသာ္လည္း အသုံးမဝင္ေပ။ သူက အျပည့္အဝ လႊမ္းမိုးခံထားရ၏။
ထို႔ေၾကာင့္ နယ္ေျမသုံးခုကို ျဖတ္သန္းသြားၿပီးသည့္ေနာက္တြင္ ဝမ္ေဝ့က ေျမကမာၻနယ္ေျမရွိ ၿမိဳ႕ႀကီးတစ္ခုထံ က်ေရာက္သြားသည္။
ဝုန္း...
သူ ဆင္းသက္ရာမွ အားေကာင္းသည့္ လႈိင္းမ်ား ေပၚထြက္လာေလ၏။ ထို႔ေနာက္ လမ္းေၾကာင္းရွိ အရာအားလုံးက ခ်က္ခ်င္းဆိုသလို ပ်က္သုဥ္းသြားၿပီး အိမ္မ်ားက ၿပိဳလဲသြားကာ သစ္ပင္မ်ားက အျမစ္မွ ကြၽတ္ထြက္လာၿပီး သက္ရွိအရာအားလုံးက အပိုင္းအစအျဖစ္ ေပါက္ကြဲထြက္သြားသည္။
ကေလးမ်ား၊ အမ်ိဳးသမီးမ်ား၊ တိရစာၦန္မ်ားႏွင့္ အႀကီးအကဲမ်ား အပါအဝင္ အရာအားလုံးက ခ်က္ခ်င္း အသတ္ခံလိုက္ရသည္။ ထိုၿမိဳ႕တြင္ ေနထိုင္ၾကသည့္ နတ္ဘုရားမ်ားသည္လည္း မခုခံႏိုင္ဘဲ အသတ္ခံလိုက္ရသည္။
ထိုလႈိင္းက လူသန္းခ်ီကို ဖ်က္ဆီးၿပီးသည့္ေနာက္တြင္ပင္ မရပ္တန႔္သြားေသးေပ။ ဆက္လက္ ပ်ံ႕ႏွံ႔ေနဆဲသာျဖစ္၏။ ကံေကာင္းသည္က ဝမ္ေဝ့က သူ႔ ဝိညာဥ္စြမ္းအားျဖင့္ ဆက္လက္ ပ်ံ႕ႏွံ႔ျခင္းကို တားဆီးလိုက္သည္။
ထိုစဥ္ ေျမခ်ိဳင့္အတြင္း ဝမ္ေဝ့က ေခြးကိုက္ထားသလို ျဖစ္ေနသည့္ သူ႔လက္ႏွစ္ဖက္အား တည္ၿငိမ္စြာ ၾကည့္လိုက္သည္။ သူ႔အ႐ိုးမ်ားက က်ိဳးေနၿပီး ႂကြက္သားမ်ား၊ အေရျပားမ်ား၊ ေသြးမ်ားႏွင့္အတူ ထြက္ေပၚေနသည္။
သူ႔မ်က္ႏွာမွ ဒြါရာမ်ား၊ နံ႐ိုးမ်ားႏွင့္ အတြင္းအဂၤါမ်ားမွ ေသြးမ်ား စီးထြက္ေနကာ ထိုလက္သီးခ်က္ေၾကာင့္ ပ်က္စီးသြားေလသည္။ အကယ္၍ သူသာ အလိုလိုသိစိတ္ျဖင့္ ထိုလက္သီးခ်က္၏ ခြန္အားကို တားဆီးဖို႔ မလုပ္ေဆာင္ႏိုင္ခဲ့လွ်င္ အေျခအေနက ပို၍ ဆိုး႐ြားသြားႏိုင္သည္။
သူက ဒဏ္ရာျပင္းထန္မႈကို သတိျပဳမိကာ မ်က္ႏွာအထက္ မ်က္ေမွာင္ၾကဳတ္မႈတစ္ခု ေပၚထြက္လာသည္။ သူက သူ႔ကုသစြမ္းရည္ကို ေႏွာင့္ေႏွးေစသည့္ ရင္းႏွီးေသာ စြမ္းအားတစ္ခုကို ခံစားမိလိုက္၏။ အေျခအေနက အႏၲရာယ္မ်ားေၾကာင္း သိကာ သူက ခ်က္ခ်င္းဆိုသလို ေသျခင္းရွင္ျခင္းစက္ဝန္း စြမ္းရည္ကို အသက္သြင္းလိုက္ၿပီး သူ႔ ျပန္ေကာင္းမြန္ႏႈန္းအား ျမႇင့္တင္လိုက္သည္။
ထိုစဥ္ သူက အထြတ္အထိပ္ အေျခအေနသို႔ ျပန္လည္ေရာက္ရွိေအာင္ ကုသႏိုင္လိုက္ၿပီး သူ႔လက္မ်ားက သူ႔နံ႐ိုးမ်ား၊ အတြင္းအဂၤါမ်ားႏွင့္အတူ ျပန္လည္ေပါက္ေရာက္လာသည္။ မည္သို႔ပင္ဆိုေစကာမူ သူက မေပ်ာ္႐ႊင္ေပ။ တစ္ဖက္လူက ႐ုတ္တရက္ တိုက္စစ္ဆင္လာေသာ္လည္း သူ႔အေနႏွင့္ တုံ႔ျပန္ဖို႔ အခ်ိန္မရခဲ့ေပ။ ထို႔အျပင္ ထိုလက္သီးခ်က္က ခႏၶာကိုယ္သက္သက္၏ ခြန္အားခ်ည္းသာျဖစ္ၿပီး မႏၲန္မ်ား သို႔မဟုတ္ နည္းစနစ္မ်ား မပါဝင္ေသးေပ။
သူက သူ႔ဝိညာဥ္ရွိ စိတ္ဝိညာဥ္အမႈန္မ်ားအေပၚ အာ႐ုံစိုက္ထားလိုက္သည္။ သူက ထိုအရာအား လုပ္ေဆာင္ၿပီးသည္ႏွင့္ တိထ်န္းက သူ႔ဆီ အႏႈိင္းမဲ့အလ်င္ျဖင့္ ေျပးဝင္လာသည္ကို ျမင္လိုက္ရ၏။
ေသစမ္း ...
ဝမ္ေဝ့က တစ္ဖက္လူအား အရွိန္ျဖင့္ မယွဥ္ႏိုင္ေသးေၾကာင္း သေဘာေပါက္သြားသည့္အခါ က်ိန္ဆဲမိလိုက္သည္။ သူက သူ႔လႈပ္ရွားမႈကို ျမင္သည့္အခါ တုံ႔ျပန္ႏိုင္႐ုံမွ်သာ ျဖစ္၏။ ထို႔ေၾကာင့္ သူက ပင္ကိုဒိုင္းကို ကာကြယ္ကာ အသက္သြင္းလိုက္သည္။ ကံဆိုးစြာျဖင့္ သူ ဂုဏ္ယူရၿပီး မဟာကမာၻ၏ ေပါက္ကြဲမႈကိုပင္ ခုခံႏိုင္သည့္ ဒိုင္းကာက တိထ်န္းေရွ႕တြင္ စာ႐ြက္လို ပါးလ်ေနသည္။
လက္သီးခ်က္က ထိုကာကြယ္ေရးဒိုင္းအား အလြယ္တကူ ဖ်က္ဆီးပစ္ၿပီး သူ႔ေခါင္းေပၚသို႔ က်ေရာက္လာသည္။ မည္သို႔ပင္ဆိုေစကာမူ ထိုဒိုင္းက တိုက္ကြက္အား နာႏိုစကၠန႔္မွ် ေႏွာင့္ေႏွးေအာင္ လုပ္ႏိုင္ခဲ့၏။ ထိုအခ်ိန္ကို အသုံးခ်ကာ ဝမ္ေဝ့က ခ်က္ခ်င္းဆိုသလို သူ႔ဦးေႏွာက္အား ဝိညာဥ္ႏွင့္အတူ ေခါင္းမွ ခႏၶာကိုယ္အတြင္း ေ႐ႊ႕ေျပာင္းထားလိုက္သည္။
ထို႔ေနာက္ သူ႔ေခါင္းက ေဘာလုံးတစ္ခုလို ေပါက္ကြဲထြက္သြားၿပီး ေသြးမ်ားက ေနရာအႏွံ႔ ျပန႔္က်ဲသြားသည္။ ေသြးျပန႔္က်ဲသြားသည့္ေနရာတြင္ ခ်က္ခ်င္းဆိုသလို ပန္းမ်ား၊ သစ္ပင္မ်ား ေပါက္ေရာက္လာ၏။ ေျပာရလွ်င္ ေသြးထဲတြင္ ပါရွိေနသည့္ အသက္ဓာတ္ အေျမာက္အမ်ားေၾကာင့္ ျဖစ္သည္။
ထိုစဥ္ တစ္ဖက္လူက အသက္ရွင္ေနေသးသည္ကို သတိျပဳမိေနသည့္ တိထ်န္းက ဝမ္ေဝ့၏ ေခါင္းမဲ့ေနသည့္ ခႏၶာကိုယ္အား ကန္ထုတ္လိုက္ၿပီး လြင့္ထြက္သြားေစသည္။ ေခါင္းမဲ့ေနသည့္ ခႏၶာကိုယ္က အနီးနားရွိ ၿမိဳ႕မ်ားဆီ ပ်ံသန္းသြားေလ၏။
လီကြၽင္း၏ ႀကိဳးစားမႈျဖင့္ ေကာင္းကင္ဘုံဗိမာန္ကမာၻ၏ လူဦးေရသည္ လူသန္းေပါင္းမ်ားစြာ ေနႏိုင္သည့္ ၿမိဳ႕ႀကီးမ်ားအျဖစ္ နယ္ေျမမ်ားအႏွံ႔တြင္ ဖြံ႕ၿဖိဳးတိုးတက္လာခဲ့သည္။ ဝမ္ေဝ့က လြင့္စင္သြားစဥ္ သူ႔ခႏၶာကိုယ္ႏွင့္ ထိေတြ႕မိထားသည့္ အရာအားလုံးက ဖ်က္ဆီးခံလိုက္ရသည္။
သူက သူ ဝင္တိုက္မိၿပီးသည့္ေနာက္တြင္ အသေခ်ၤလူမ်ားက ခ်က္ခ်င္းဆိုသလို ေသြးျမဴအျဖစ္ ေပါက္ထြက္သြားသည္ကို ခံစားမိေလ၏။ ေတာင္မ်ား၊ ျမစ္မ်ား၊ ေတာအုပ္မ်ားႏွင့္ အရာအားလုံးကလည္း သူ႔လမ္းေၾကာင္းတြင္ အေငြ႕ပ်ံသြားေလသည္။
ေသစမ္း
ဝမ္ေဝ့က ထပ္မံ က်ိန္ဆဲလိုက္သည္။ သူက တစ္ဖက္လူကို အားေကာင္းသည့္ သူ႔ခႏၶာကိုယ္အား အသုံးခ်ကာ အႏိုင္က်င့္ခဲ့ဖူးသည္။ ယခုအခါ သူ႔အလွည့္ က်ေရာက္လာၿပီ ျဖစ္၏။ ထိုအခ်က္က သူ႔အား ေဒါသထြက္ေစသည္။
သို႔ေသာ္လည္း သူ႔ေခါင္း ျပန္လည္ေပါက္ေနသည့္ အခ်ိန္အတြင္း စိတ္ကို တည္တည္ၿငိမ္ၿငိမ္ ထားေနရသည္။ သူက ေဒါသထြက္ျခင္းသည္ သူ႔လက္ရွိအေျခအေနအား ပို၍ ဆိုး႐ြားသြားေစႏိုင္ေၾကာင္း သိထားသည္။
လက္ရွိျပႆနာက သူ ရင္ဆိုင္ေနရသည့္သူက တုံ႔ျပန္ဖို႔အတြက္ အလြန္ျမန္ဆန္ေနျခင္း ျဖစ္၏။ သူက သူ မယွဥ္ႏိုင္သည့္ ႐ုပ္ပိုင္းဆိုင္ရာ ခြန္အားကိုပါ ထည့္ေပါင္းလိုက္သည့္အခါ အေျခအေနက ပို၍ ဆိုး႐ြားသြားသည္။
ဝမ္ေဝ့က သူ႔လက္ရွိအေနအထားႏွင့္ ပတ္သက္ၿပီး ေျဖရွင္းနည္းကို ရွာေဖြေနစဥ္ တိထ်န္းက သူ႔ခႏၶာကိုယ္အား ေျမၿဖိဳစက္တစ္ခုအျဖစ္ အသုံးျပဳေနသည္။ သူ႔ခႏၶာကိုယ္ကို ေဝ့ယမ္းရင္း အိမ္မ်ား၊ အေဆာက္အဦးမ်ားကို ဖ်က္ဆီးပစ္ေနသည္။
သူက အသားေဆာ့စ္လိုမ်ိဳး ျဖစ္ေအာင္အထိ ထိုးႏွက္လိုက္ၿပီး သခြားသီးလိုမ်ိဳး ပိုင္းျဖတ္လိုက္သည္။
ထိုျဖစ္စဥ္အတြင္း ဝမ္ေဝ့၏ ပါးစပ္မွ အသံတစ္သံပင္ ထြက္မလာေပ။ သူ ျပန္လည္ေကာင္းမြန္သည့္အခ်ိန္တိုင္း သူက အသက္ရွင္သန္လိုသည့္ စိတ္ဆႏၵျဖင့္ ေတာက္ပေနလ်က္ ရွိသည္။
စိတ္ဓာတ္က်ၿပီး ေမွ်ာ္လင့္ခ်က္ကင္းမဲ့သည့္ အရိပ္အေယာင္မ်ိဳးကို မျမင္ရေပ။
တိထ်န္းက ထိုအရာကို ျမင္ၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
ငါ သူ႔စိတ္ကို ခ်ိဳးေဖာက္ဖို႔ ႐ုပ္ပိုင္းဆိုင္ရာ နာက်င္မႈ၊ အရွက္ခြဲမႈေတြ အသုံးျပဳတာ က်ရႈံးသြားပုံပဲ။ သူက ဧကရာဇ္ငယ္ တစ္ပါးဆိုေတာ့လည္း ဒီေလာက္ေတာ့ ထင္ထားၿပီးသားပါ။ သူ႔ တာအိုႏွလုံးသားနဲ႔ စိတ္ဝိညာဥ္က ဘယ္လိုလုပ္ အလြယ္တကူ ၿပိဳကြဲသြားႏိုင္ပါ့မလဲ...
တိထ်န္းက သူ ေအာင္ျမင္မည္လား၊ က်ရႈံးမည္လား ဂ႐ုမစိုက္ေပ။ မည္သို႔ပင္ဆိုေစကာမူ သူက ဘာမွမဆုံးရႈံးေပ။ သူက တစ္ဖက္လူကို အေမပင္ မမွတ္မိေအာင္အထိ ႐ိုက္ႏွက္ႏိုင္သည့္အတြက္ ေက်နပ္ေနမိသည္။
ထိုစဥ္ ဝမ္ေဝ့၏ ခႏၶာကိုယ္မွ မ်က္စိႏွင့္ မျမင္ႏိုင္သည့္ ခဲျဖဴေရာင္ ႀကိဳးမ်ားစြာ ေပၚထြက္လာၿပီး သူ႔ခႏၶာကိုယ္ရွိ ဆဲလ္တိုင္းျဖင့္ ဆက္ႏြယ္ေနသည္။ ထို႔ေနာက္ ေဝဟင္အထက္ ပုံရိပ္ေယာင္ ျမစ္တစ္စင္းအျဖစ္ ေပၚထြက္လာေလ၏။
" ကံၾကမၼာ ျမစ္ေၾကာင္း" တိထ်န္းကို ထိုမေရတြက္ႏိုင္သည့္ ႀကိဳးမွ်င္မ်ားျဖင့္ ျပဳလုပ္ထားဟန္ေပၚသည့္ ျမစ္တစ္စင္းကို ၾကည့္လိုက္သည္ " သူက ဒီကမာၻရဲ႕ တစ္ဦးတည္းေသာ အထြတ္အထိပ္ နတ္ဘုရားတစ္ပါးအေနနဲ႔ ကံၾကမၼာျမစ္ေၾကာင္းကို ဆင့္ေခၚဖို႔ လုပ္ေနတာပဲ"
တိထ်န္းက ဘာမွမေျပာဘဲ ဝမ္ေဝ့ဆီ ေျပးသြားကာ တိုက္ခိုက္လိုက္သည္။ သို႔ေသာ္လည္း ကိစၥမ်ားက ဤတစ္ႀကိမ္ ကြဲျပားသြားေလၿပီ။
ဝမ္ေဝ့က မတားဆီးဘဲ တိထ်န္းႏွင့္ ထိပ္တိုက္ရင္ဆိုင္လိုက္၏။
ဘန္း
သူ႔ညာဖက္လက္က အမႈန္သန္းေပါင္းမ်ားစြာ အျဖစ္ ေပါက္ကြဲထြက္သြားၿပီး ကီလိုမီတာရာခ်ီ လြင့္ထြက္သြားေလသည္။ ထို႔ေနာက္ သူက ျပန္လည္ရပ္တန႔္ကာ သူ႔ဘာသာသူ ထိန္းခ်ဳပ္လိုက္၏။
စိတ္ဝင္စားစရာပဲ...
တိထ်န္းက တစ္ဖက္လူသည္ အခ်ိန္တိုအတြင္း သူ႔တုံ႔ျပန္ႏႈန္းအား မည္သို႔ အမီလိုက္ႏိုင္သည္ကို စဥ္းစားရင္း ရပ္တန႔္သြားသည္။