ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၈)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၃၈၆) : သူတို့က ဘယ်မှာလဲ။ ဘာလုပ်နေကြတာလဲ
အရှေ့နဂါးပြာကုန်းမြေ၊ ယင်စန္ဒာနန်းဆောင်
အဖြူရောင်နှင့် အနက်ရောင် ရောယှက်နေသည့် ဆံပင်များဖြင့် စုယာက မျက်လုံးများမှိတ်လျက် ကျင့်ကြံနေလေသည်။ သူမက ပုံရိပ်ယောင်တစ်ခုကို ပုံဖော်နေလေ၏။ သူမက ထိုပုံရိပ်ယောင်အား အလွှာနှစ်ခု ခွဲခြားထားသည်။ ပထမတစ်ခုက ကျင့်ကြံဆင့်ရှိသည့် သူမ ဖြစ်ပြီး နောက်တစ်လွှာက သေမျိုး သူမ ဖြစ်လေသည်။ သို့သော်လည်း အလွှာနှစ်ခုလုံးတွင် စုယာ၏ ပုံစံနှစ်မျိုးလုံးက ကပ်ဘေးများကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ရသည်။ သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်က အသက်ရှင်ဖို့ရာသာ ဖြစ်၏။
သူမက သူမ၏ ပုံစံနှစ်မျိုးအား သေဆုံးအောင် နည်းလမ်းများကို ရှာဖွေနေသည်။ အချိန်တိုင်းဆိုသလို သူတို့က ထိုလက်ရှိကပ်ဘေးမှ ရှင်သန်နိုင်မည့် နည်းလမ်းတွေ့သွားသည့်အခါတိုင်း နောက်ထပ် တစ်ခုက ပေါ်ထွက်လာလေသည်။ ထိုဖြစ်စဉ်က ဆက်တိုက်သာ ဖြစ်ပွားနေလိမ့်မည်။
သူမ၏ ကျင့်စဉ်အတွင်း ပုံရိပ်အယောင်အတွင်း သေဆုံးခြင်းက အမှန်ကတယ် လက်တွေ့ဘဝတွင်လည်း သေဆုံးခြင်းသာ ဖြစ်၏။ သို့သော်လည်း ကောင်းကင်တာအို ကာကွယ်ရေးစွမ်းအားက အသက်ဝင်လာပြီး သူမအား အသက်ပြန်ရှင်စေသည်။
ဤနည်းဖြင့် စုယာက စိတ်လိုအင်ဆန္ဒထဲမှ တစ်ခုဖြစ်သည့် အသက်ရှင်သန်လိုသည့် အချက်ကို ကျင့်ကြံနေခြင်း ဖြစ်သည်။
အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် သူမ၏ မျက်လုံးပွင့်လာပြီး ပင်ပန်းနွမ်းလျနေလေသည်။ သူမ၏ အကြည့်များက တောက်ပမှုအပြည့် ဖြစ်နေလေသည်။ သူမက အကျိုးအမြတ် အတော်အတန် ရရှိလိုက်ဟန်ပေါ်သည်။
" ဝင်ခဲ့ "
စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အစေခံတစ်ဦးက အခန်းအတွင်း ဝင်လာပြီး စုယာအား ဦးညွှတ်လိုက်သည်။
" ငါ တောင်းထားတာ ရခဲ့ပြီလား"
" ဟုတ် သခင်မလေး" အစေခံက စာအုပ်တစ်အုပ် ပေးရင်း ပြောလာသည်။
စုယာက ထိုစာအုပ်ကို ကြည့်ကာ သွေးကျိန်စာဟု ခေါင်းစဉ်ကို တွေ့လိုက်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်မိသည်။ ခဏအကြာတွင် သူမက အရေးပါသည့် ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုက သူမအား စောင့်ကြိုနေသည်ကို ခံစားမိလေသည်။
သို့သော်လည်း သူမက တစ်စုံတစ်ခု လုပ်လက်စ ဖြစ်နေသည့်အတွက် အပြင်သို့ မသွားနိုင်သေးပေ။ ထို့ကြောင့် သူမက ယင်စန္ဒာနန်းဆောင်မှ အကြီးအကဲများကို သွားယူခိုင်းလိုက်ခြင်း ဖြစ်၏။ သို့သော်လည်း ခေါင်းစဉ်အပေါ် မူတည်၍ သူမ၏ အလိုလိုအသိစိတ်က ထိုမျှလောက် အရေးကြီးပုံမပေါ်ပေ။
သူမက စာအုပ်ကို ဖွင့်ကာ အကြမ်းဖျင်းဖတ်ကြည့်လိုက်သည်။
" တကယ်ကို ရက်စက်ကြမ်းကြုတ်တာပဲ"
စုယာက မှတ်ချက်ပေးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူမက ထိုမန္တန်သည် အသုံးပြုရာ၌ အတော်လေးကို အသေးစိတ်ဖော်ပြထားသည့်အတွက် အနည်းငယ် စိတ်ပျက်မိသွားသည်။ သို့သော်လည်း သူမအား စိတ်ပျက်ခြင်းကို စိတ်ခံစားချက်အဖြစ် အသုံးပြုနိုင်မည့် ဉာဏ်အလင်းပွင့်မှု တစ်ခုတော့ ပေးလာသည်။
" ကျန့်ဝူရှန်းက ဘယ်မှာလဲ" စုယာက စာအုပ်ကို သိမ်းပြီးနောက် မေးလိုက်သည်။
" ကျွန်မတို့ သူ့ကို နောက်ဆုံးမြင်တာက လွန်ခဲ့တဲ့ ရက်ပိုင်း တောင်ပိုင်းနယ်မြေမှာ အရင်မျိုးဆက် ဓားကျင့်ကြံသူတွေနဲ့ ဓားရေးတိုက်ပွဲ ဆင်နွှဲနေတာပါ"
" သူ့ တည်နေရာကို ရှာတွေ့တာနဲ့ ငါ့ကိုပြော"
" သခင်မလေး သူနဲ့ ထပ်တိုက်တော့မှာလား"
စုယာက ခေါင်းညိတ်လိုက်ပြီးနောက် သူမက တခြားသော ကောင်းကင်ရွေးချယ်ခံများ၏ လုပ်ဆောင်မှုများနှင့် တည်နေရာများအကြောင်း စုစည်းထားသည့် သတင်းအချက်အလက်များအား ဖတ်ရှုလိုက်ပြီး စကားနည်းနည်းပြောလိုက်သည်။
...............
အရှေ့ပိုင်းကုန်းမြေ၏ တောင်ပိုင်းနယ်မြေ
နှင်းဖုံးလွှမ်းနေသော ဂူတစ်ခုအတွင်း ကျန့်ဝူရွှမ်းက မျက်လုံးမှိတ်လျက်ရှိသည်။ သူ့ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ဓားဆန္ဒတစ်ခု ထွက်ပေါ်နေသော်လည်း ကောင်းကောင်းထိန်းချုပ်ထားသောကြောင့် ဂူအပေါ် သက်ရောက်မှုမျိုး မရှိပေ။
သူက သူ ယခင် ဆင်နွှဲခဲ့သည့် တိုက်ပွဲအားလုံးကို ပြန်လည်သုံးသပ်နေပြီး သူ့ ဓားနယ်ပယ်အား လေ့ကျင့်ပေးနေသည်။ သူက အတွေ့အကြုံအားလုံးကို အသုံးချကာ အဆုံးမဲ့ဓားချက်ဟုခေါ်သည့် ဓားကျင့်စဉ်ကို ဖန်တီးခဲ့သည်။
အကန့်အသတ်မဲ့ ကြီးထွားနိုင်သည့် တိုက်ခိုက်မှုတစ်ခု...
အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် ကျန့်ဝူရွှမ်းက ဓားတစ်ချောင်း ဖန်တီးလိုက်ပြီး သိမ်မွေ့နူးညံ့သွားသလို ခံစားလိုက်ရသည်။ ဤသည်က သူက အတားအဆီးတစ်ခုကို ဖြတ်သွားလိုက်သလိုမျိုး ဖြစ်၏။
သူက မျက်လုံးပွင့်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့လက်အတွင်း ဓားချီ ပေါ်ထွက်လာပြီး ကျန့်ဝူရွှမ်း၏ မျက်ဝန်းအထက် အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူက အကန့်အသတ်မဲ့ ကြီးထွားစေနိုင်သည့် တိုက်ကွက်ကို ဖန်တီးရာ၌ အောင်မြင်သွားသော်လည်း ထိုအဆုံးမဲ့ဓားချီကလည်း ကြီးထွားနိုင်စွမ်း ရှိလေသည်။
တိုက်ပွဲတွင်ဖြစ်စေ၊ အချိန်အရဖြစ်စေ၊ ဖြည်းဖြည်းချင်း သူ့အလိုလို ကြီးထွားလာလိမ့်မည်သာ ဖြစ်၏။ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲအချိန် ကျရောက်လာသည့်အခါ ကျန့်ဝူရွှမ်းက မည်မျှအားကောင်းနေမည်ကို မတွေးကြည့်နိုင်တော့ပေ။
သူ့မျက်နှာအထက် ယုံကြည်ချက်ရှိသည့် အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။ သူက ဓားချီကို ဖန်တီးထားသည့် အခိုက်အတန့် သူ့ခန္ဓာကိုယ်မှ ထူးထူးဆန်းဆန်း မငြိမ်သက်မှု ဖြစ်သွားပြီး မိုးမြေနှင့် ပေါင်းစပ်သွားသည်ကို သတိမထားမိလိုက်ပေ။
ထိုမငြိမ်သက်မှုက ကမ္ဘာရှိလူများအား အသိပေးခြင်း မရှိဘဲ လူနှစ်ဦးကသာ သိလေသည်။
နယ်မြေအနည်းငယ်အကွာတွင် ယင်ယန်သင်္ကေတပါသည့် အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် တာအိုကျင့်ကြံသူတစ်ဦးက လမ်းလျှောက်နေလေသည်။ သူ့ခြေလှမ်း တစ်လှမ်းတိုင်းတွင် မိုင်ထောင်ချီ ရောက်ရှိသွား၏။ ရုတ်ချည်းဆိုသလို ထိုသူက ရပ်တန့်ပြီး တောင်ဘက်ကို လှည့်ကြည့်လာလေသည်။ သူ့အကြည့်က အပြာနှင့်အနီအဖြစ် ပြောင်းလဲသွားလေသည်။ အကြောင်းမှာ ယင်ယန်သင်္ကေတက သူ့မျက်အိမ်အတွင်း အစားထိုးသွား၍ ဖြစ်သည်။
" မိုးမြေကြားက ပြောင်းလဲမှုနောက်ထပ် တားမြစ်ခံတစ်ယောက် မွေးဖွားလာပြီလား။ ဘယ်သူများပါလိမ့်"
ထိုတာအိုကျင့်ကြံသူက ဖုန်းဟွမ် သို့မဟုတ် ဖုန်းဟွမ်အဖြစ် ပြောင်းလဲထားသည့် ရှစ်ဖူယွီသာ ဖြစ်၏။ သူ့အကြည့်များက ကမ္ဘာ၏ အမှန်တရားတစ်ခုလုံး ပါဝင်နေသည့်အလား ထိုမေးခွန်း၏ အဖြေကို ကြည့်လိုက်သည်။
" ကျန့်ဝူရွှမ်လား" ထို့နောက် သူက ခေါင်းအသာခါပြီး ရေရွတ်လိုက်သည် " အနည်းဆုံးတော့ သူက ထိပ်သီးတားမြစ်ခံတော့ မဟုတ်ဘူးပဲ။ သူက အောင်မြင်နိုင်ပြီး အသက်ရှင်နိုင်ချေ ရှိတယ်"
ဖုန်းဟွမ်က ဤမျိုးဆက်သည် တစ်ခုခုများ မှားယွင်းနေသည်လားဟု စတင် စဉ်းစားမိလာသည်။ တားမြစ်ခံများက အလွန့်အလွန် ရှားပါးသည့်သူများ ဖြစ်သော်လည်း ဤမျိုးဆက်အတွင်းမူ နှစ်ယောက်မှ သုံးယောက် ... မဟုတ်သေးဘူး ... တိထျန်းပါ ပေါင်းလိုက်လျှင် လေးယောက်အထိ ဖြစ်နေလေပြီ။
သို့သော်လည်း သူက ထိုအရာများကို ဂရုမစိုက်ဘဲ သူ့ကိုယ်ပိုင်ကိစ္စကိုသာ အာရုံအပြည့်အဝ စိုက်ထားလိုက်သည်။ အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ်ကို ကျင့်ကြံပြီးသည့်နောက်တွင် သူက သူ့တာအိုဗုဒ္ဓလမ်းစဉ်၏ အခြေခံကို ပြီးမြောက်သွားပြီ ဖြစ်၏။
သူ မဟာဧကရာဇ် ဖြစ်လာသည်နှင့် ဖြတ်တောက်ခံထားရသည့် ဗုဒ္ဓဘာသာ စတင်မှုကို နောက်ယောင်ခံကာ သူ့တာအိုဗုဒ္ဓဘာသာ သက်ရောက်မှုမရှိစေရန် အာမခံဖို့အတွက် အနည်းငယ် ပြောင်းလဲမှု လုပ်ပြီး ကမ္ဘာကြီးထံ ပြန်လည်ဖြန့်ဝေရမည်။
ဖုန်းဟွမ်က ထိုမှော်စွမ်းအားကို အပြည့်အဝ ဖယ်ရှားလိုသော်လည်း သူ့အနေနှင့် ထာဝရဧကရာဇ် ဖြစ်လာလျှင်ပင် သို့မဟုတ် လက်ရှိအစီအစဉ်အား ကျေနပ်အားရဖွယ် ဖြစ်နေလျှင်ပင် မဖြစ်နိုင်ကြောင်း သိထားလေသည်။
သို့သော်လည်း သူ့ အစီအစဉ် အလုပ်ဖြစ်ဖို့အတွက် ကိစ္စတချို့ လိုအပ်နေသေးသည်။ သူက တာအိုဗုဒ္ဓဘာသာ၏ ချီကံကောင်းမှုကို ဖွဲ့စည်းဖို့ ရတနာတစ်ခု လိုအပ်နေသည်။ ထို့နောက် ထိုကံကောင်းမှုကို တာအိုဘာသာ၏ ကံကောင်းမှုနှင့် ပေါင်းစပ်ရမည်။ ဤသို့ဖြင့် သူတို့က တစ်သားတည်း ဖြစ်သွားလိမ့်မည်။
တစ်ခုက ကြီးပွားသည်နှင့် နောက်တစ်ခုကပါ လိုက်လံကြီးပွားလိမ့်မည်။ တစ်ခုက ဆုတ်ယုတ်သည်နှင့် နောက်တစ်ခုကပါ လိုက်လံ ဆုတ်ယုတ်မည်ဖြစ်၏။
ဖုန်းဟွမ်က တစ်ကမ္ဘာလုံးအနှံ့ သူ့လုပ်ငန်းအား ပြီးမြောက်စေဖို့အတွက် ထူးခြားသည့် ရတနာကို လိုက်လံရှာဖွေနေသည်။ သို့သော်လည်း အောင်မြင်မည်လားဟု မသေချာပေ။ သို့သော် သူက သူ့တာဝန် အောင်မြင်ဖို့ နီးကပ်လာပြီ ဖြစ်၍ အလွယ်တကူ အရှုံးမပေးနိုင်ပေ။
...........................
အလယ်ပိုင်းကုန်းမြေ၊ မဟာဝူတိုင်းပြည်
စွင်းကျောင်းလုံက နဂါးနက်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပလ္လင်ပေါ်တွင် ထိုင်နေလေသည်။ သူ့ခန္ဓာကိုယ်မှ အုပ်ချုပ်သူတစ်ယောက်၏ ကြီးမြတ်သည့် အငွေ့အသက်များ ထုတ်လွှတ်နေပြီး ခေါင်းငုံ့နေသည့် သူ့လက်အောက်ခံများအား ကြည့်နေသည်။
" ရှာတွေ့ခဲ့လား"
" အရှင် ကျွန်တော်ရဲ့ ညံ့ဖျင်းမှုကို ခွင့်လွှတ်ပေးပါ။ အဲဒါက မြောက်ပိုင်းကုန်းမြေက ကျယ်ပြောတော့ အချိန်တချို့ကြာမြင့်လိမ့်မယ်"
" ငါ မင်းကို ပေးလိုက်တဲ့ အဆောင်ကရော"
" အဲဒါက မသေချာတဲ့ တုံ့ပြန်မှုတချို့ပဲ ပြပါတယ်"
" အဲဒါဆို ဆက်ရှာနေ။ လိုအပ်သလောက် အရင်းအမြစ်တွေ ထုတ်သုံးလိုက်။ ဒါပေမဲ့ သိသာပါစေ" စွင်းကျောင်းလုံက ပြောလိုက်သည်။ သူက ထိုလူ၏ ကျရှုံးမှုကို အပြစ်မတင်ပေ။ ထိုအရာက မလွယ်ကူမှန်း သူ သိထားလေသည်။
စွင်းကျောင်းလုံက သူ ရောက်ရှိနေသည့် လက်ရှိအခြေအနေကို သိထားလေသည်။ လူသားကံကြမ္မာဓားသည် အသင်္ချေအင်ပါယာကမ္ဘာမှ ကျင့်ကြံသူများအတွက် အလွန်အရေးပါလှပြီး တစ်ယောက်ယောက်၏ လက်ထဲ ကျရောက်ခွင့်ပေးမည် မဟုတ်ပေ။
အထူးသဖြင့် ဤသို့သော ထာဝရဧကရာဇ် ပေါ်ထွက်လာနိုင်သည့် မျိုးဆက်တွင် ဖြစ်၏။ ဤဓား၏ အရေးပါပုံက အလွန်အရေးကြီးလှသည်။ ထိုဓားက သူ့လက်ထဲ ရောက်ရှိနေသေးသည့် အကြောင်းအရင်းတစ်ချက်မှာ ဧကရာဇ်မျိုးနွယ်များ၏ ယာယီညှိနှိုင်းမှုကြောင့်သာ ဖြစ်သည်။
လူငယ်မျိုးဆက်ထံ ဓား၏ ကံကြမ္မာကို ဆုံးဖြတ်ခိုင်းလိမ့်မည်။ တခြားနည်းဖြင့် ဆိုရလျှင် ဤမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒကို နောက်ဆုံးအနိုင်ရရှိသူကသာ ဓား၏ နောက်ဆုံးပိုင်ရှင် ဖြစ်လာလိမ့်မည်။
စွင်းကျောင်းလုံက ထိုအရာကို သိကာ ကြိုတင်ပြင်ဆင်ထားလေသည်။
...............
အဆုံးမဲ့လေဟာနယ်အတွင်း ဝူဟုန်က သူမ၏ လေဟာနယ်သင်္ဘောအတွင်း တင်ပျဉ်ခွေလျက် ထိုင်နေသည်။ သူမက ကမ္ဘာ၏ အဆုံးတွင် တည်ရှိသည့် အစွန်အဖျားပင်လယ်ဟု ခေါ်သည့် နေရာတစ်ခုသို့ ဦးတည်နေသည်။
ကျင့်ကြံသူအများစုက အဆုံးမဲ့လေဟာနယ်သည် အကန့်အသတ်မဲ့ ဖြစ်သည်ဟု သိထားကြသည်။ ထိုအရာက အခြေအနေတစ်ခုအထိ မှန်ကန်ပေသည်။ သို့သော်လည်း ထိုစည်းမျဉ်းက အားနည်းသူများအတွက်သာ သက်ရောက်မှု ရှိ၏။ လုံလုံလောက်လောက် အားကောင်းပါက အဆုံးမဲ့လေဟာနယ်၏ အဆုံးသတ်ကို ရောက်ရှိနိုင်လေသည်။
သူမက ရုတ်ချည်း မျက်လုံးပွင့်ကာ နေရာတစ်ခုအား လှမ်းကြည့်လိုက်သည်။
" ဝမ်ဝေ့ရဲ့ စမ်းသပ်ချက်က စတင်နေပြီလား"
တာအိုအုပ်စိုးသူ ချင်းဝူ၏ အမွေအနှစ်ကို ရရှိပြီးသည့်နောက်တွင် သူမက အသင်္ချေအင်ပါယာကမ္ဘာသို့ ပြန်လာချင်မိသည်။ သို့သော်လည်း သူမက ရုတ်ချည်းဆိုသလို စိတ်ကူးပေါ်လာကာ အစွန်အဖျားပင်လယ်သို့ သွားရောက်စစ်ဆေးကြည့်လိုမိ၏။
သူမက အားကောင်းသောကြောင့် တစ်စုံတစ်ခုသည် သူမအား ထိုနေရာသို့ ခေါ်ဆောင်ဖို့ အကျိုးအကြောင်းစွမ်းအားကို အသုံးပြုထားကြောင်း သိလေသည်။ ဤသည်က သူတို့သည် သူမအား ဝမ်ဝေ့၏ စမ်းသပ်ချက်အတွင်း ဝင်ရောက် မစွက်ဖက်လိုစေသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်ပေသည်။
ထိုအရာကို သိလျက်နှင့်ပင် သူမက ငါးစာကို ဟပ်ခဲ့သည်။
ကျင့်ကြံရေးလမ်းစဉ်က လွယ်ကူသည့် အရာ မဟုတ်ပေ။ ကျင့်ကြံဆင့်က ကောင်းကင်ကို သွေဖယ်နေခြင်း ဖြစ်ပြီး ကျင့်ကြံသူများက သူတို့ဘဝတွင် စမ်းသပ်ချက်အမျိုးမျိုးကို ကျော်ဖြတ်ကြရသည်။ ထို့ကြောင့် ဝမ်ဝေ့၏ လမ်းစဉ်က ချောမွေ့လွန်းသည့်အတွက် ယခုအခါ ပထမဆုံး တကယ့် စမ်းသပ်ချက် ခံစားရတော့မည် ဖြစ်၏။ ဝူဟုန်က ထိုအရာသည် ကျင့်ကြံသူတိုင်း ကြုံတွေ့ရမည့်အရာ ဖြစ်သောကြောင့် ဝင်ရောက်မစွက်ဖက်ပေ။
သူမ၏ ဧကရာဇ်လမ်းစဉ်အတွင်း သူမတစ်ဘဝလုံးက စမ်းသပ်ချက်များနှင့် ပြည့်နှက်နေခဲ့သည်။ ဤသည်က သူမ အလွန်အားကောင်းနေရသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ အကယ်၍ ဝမ်ဝေ့သာ ကျရှုံးသွားလျှင် သူမက သူ့ဝိညာဉ် အစိတ်အပိုင်းတစ်ခုအား ပြန်လည်ဝင်စားပြီး ပြန်စတင်နိုင်ဖို့ လုပ်ဆောင်ပေးမည်။
ဝူဟုန်က ဦးတည်ရာသို့ ရောက်ရှိသွားသည့်အတွက် ထရပ်လိုက်သည်။ သူမက အစွန်အဖျားပင်လယ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဤနေရာတစ်ခုလုံးက ယခုအခါ မီးခိုးရောင် မြူခိုးများဖြင့် ဖုံးလွှမ်းနေလေပြီ။
သူမ၏ မှတ်ဉာဏ်များအရ ဒီလို မဖြစ်နေသင့်ပေ။ သူမက ဤအချိန်စက်ဝန်းတွင် အပြောင်းအလဲကြီးကြီးမားမား မျှော်လင့်ထားသော်လည်း ဒီလောက်ကြီးမားလိမ့်မည်ဟု မထင်ထားမိပေ။
သူမက မြူခိုးကို ကြည့်နေရင်း အကြောင်းအရင်း နှစ်ချက်ကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ပထမတစ်ချက်က သူမက ထိုမြူခိုးအတွင်းမှ သတင်းအချက်အလက် သို့မဟုတ် ဇစ်မြစ်ကို မရှာဖွေနိုင်ပေ။ သူမ၏ မှတ်ဉာဏ်များမှသာမက သူမ၏ စွမ်းအားဖြင့်ပင် ဘာမှမလုပ်ဆောင်နိုင်ပေ။
နောက်ထပ်တစ်ခု ထူးခြားသည့်အရာမှာ ထိုမြူခိုးက သူမအတွက် အလွန်ရင်းနှီးနေဟန်ပေါ်ပြီး အတွင်းကျကျသိနေသည့် ခံစားချက်မျိုးကို ပေးစွမ်းလေသည်။
************
ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၂၈)
မူရင္းေရးသားသူ - lazySageDao
ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)
အခန္း (၃၈၆) : သူတို႔က ဘယ္မွာလဲ။ ဘာလုပ္ေနၾကတာလဲ
အေရွ႕နဂါးျပာကုန္းေျမ၊ ယင္စႏၵာနန္းေဆာင္
အျဖဴေရာင္ႏွင့္ အနက္ေရာင္ ေရာယွက္ေနသည့္ ဆံပင္မ်ားျဖင့္ စုယာက မ်က္လုံးမ်ားမွိတ္လ်က္ က်င့္ႀကံေနေလသည္။ သူမက ပုံရိပ္ေယာင္တစ္ခုကို ပုံေဖာ္ေနေလ၏။ သူမက ထိုပုံရိပ္ေယာင္အား အလႊာႏွစ္ခု ခြဲျခားထားသည္။ ပထမတစ္ခုက က်င့္ႀကံဆင့္ရွိသည့္ သူမ ျဖစ္ၿပီး ေနာက္တစ္လႊာက ေသမ်ိဳး သူမ ျဖစ္ေလသည္။ သို႔ေသာ္လည္း အလႊာႏွစ္ခုလုံးတြင္ စုယာ၏ ပုံစံႏွစ္မ်ိဳးလုံးက ကပ္ေဘးမ်ားကို တစ္ခုၿပီးတစ္ခု ေက်ာ္ျဖတ္ရသည္။ သူတို႔၏ တစ္ခုတည္းေသာ ရည္႐ြယ္ခ်က္က အသက္ရွင္ဖို႔ရာသာ ျဖစ္၏။
သူမက သူမ၏ ပုံစံႏွစ္မ်ိဳးအား ေသဆုံးေအာင္ နည္းလမ္းမ်ားကို ရွာေဖြေနသည္။ အခ်ိန္တိုင္းဆိုသလို သူတို႔က ထိုလက္ရွိကပ္ေဘးမွ ရွင္သန္ႏိုင္မည့္ နည္းလမ္းေတြ႕သြားသည့္အခါတိုင္း ေနာက္ထပ္ တစ္ခုက ေပၚထြက္လာေလသည္။ ထိုျဖစ္စဥ္က ဆက္တိုက္သာ ျဖစ္ပြားေနလိမ့္မည္။
သူမ၏ က်င့္စဥ္အတြင္း ပုံရိပ္အေယာင္အတြင္း ေသဆုံးျခင္းက အမွန္ကတယ္ လက္ေတြ႕ဘဝတြင္လည္း ေသဆုံးျခင္းသာ ျဖစ္၏။ သို႔ေသာ္လည္း ေကာင္းကင္တာအို ကာကြယ္ေရးစြမ္းအားက အသက္ဝင္လာၿပီး သူမအား အသက္ျပန္ရွင္ေစသည္။
ဤနည္းျဖင့္ စုယာက စိတ္လိုအင္ဆႏၵထဲမွ တစ္ခုျဖစ္သည့္ အသက္ရွင္သန္လိုသည့္ အခ်က္ကို က်င့္ႀကံေနျခင္း ျဖစ္သည္။
အမည္မသိအခ်ိန္တစ္ခု ၾကာျမင့္ၿပီးသည့္ေနာက္တြင္ သူမ၏ မ်က္လုံးပြင့္လာၿပီး ပင္ပန္းႏြမ္းလ်ေနေလသည္။ သူမ၏ အၾကည့္မ်ားက ေတာက္ပမႈအျပည့္ ျဖစ္ေနေလသည္။ သူမက အက်ိဳးအျမတ္ အေတာ္အတန္ ရရွိလိုက္ဟန္ေပၚသည္။
" ဝင္ခဲ့ "
စကၠန႔္ပိုင္းၾကာျမင့္ၿပီးသည့္ေနာက္တြင္ အေစခံတစ္ဦးက အခန္းအတြင္း ဝင္လာၿပီး စုယာအား ဦးၫႊတ္လိုက္သည္။
" ငါ ေတာင္းထားတာ ရခဲ့ၿပီလား"
" ဟုတ္ သခင္မေလး" အေစခံက စာအုပ္တစ္အုပ္ ေပးရင္း ေျပာလာသည္။
စုယာက ထိုစာအုပ္ကို ၾကည့္ကာ ေသြးက်ိန္စာဟု ေခါင္းစဥ္ကို ေတြ႕လိုက္ၿပီးသည့္ေနာက္တြင္ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ ခဏအၾကာတြင္ သူမက အေရးပါသည့္ ကံအေျပာင္းအလဲ အခြင့္အေရးတစ္ခုက သူမအား ေစာင့္ႀကိဳေနသည္ကို ခံစားမိေလသည္။
သို႔ေသာ္လည္း သူမက တစ္စုံတစ္ခု လုပ္လက္စ ျဖစ္ေနသည့္အတြက္ အျပင္သို႔ မသြားႏိုင္ေသးေပ။ ထို႔ေၾကာင့္ သူမက ယင္စႏၵာနန္းေဆာင္မွ အႀကီးအကဲမ်ားကို သြားယူခိုင္းလိုက္ျခင္း ျဖစ္၏။ သို႔ေသာ္လည္း ေခါင္းစဥ္အေပၚ မူတည္၍ သူမ၏ အလိုလိုအသိစိတ္က ထိုမွ်ေလာက္ အေရးႀကီးပုံမေပၚေပ။
သူမက စာအုပ္ကို ဖြင့္ကာ အၾကမ္းဖ်င္းဖတ္ၾကည့္လိုက္သည္။
" တကယ္ကို ရက္စက္ၾကမ္းၾကဳတ္တာပဲ"
စုယာက မွတ္ခ်က္ေပးလိုက္သည္။ မည္သို႔ပင္ဆိုေစကာမူ သူမက ထိုမႏၲန္သည္ အသုံးျပဳရာ၌ အေတာ္ေလးကို အေသးစိတ္ေဖာ္ျပထားသည့္အတြက္ အနည္းငယ္ စိတ္ပ်က္မိသြားသည္။ သို႔ေသာ္လည္း သူမအား စိတ္ပ်က္ျခင္းကို စိတ္ခံစားခ်က္အျဖစ္ အသုံးျပဳႏိုင္မည့္ ဉာဏ္အလင္းပြင့္မႈ တစ္ခုေတာ့ ေပးလာသည္။
" က်န႔္ဝူရွန္းက ဘယ္မွာလဲ" စုယာက စာအုပ္ကို သိမ္းၿပီးေနာက္ ေမးလိုက္သည္။
" ကြၽန္မတို႔ သူ႔ကို ေနာက္ဆုံးျမင္တာက လြန္ခဲ့တဲ့ ရက္ပိုင္း ေတာင္ပိုင္းနယ္ေျမမွာ အရင္မ်ိဳးဆက္ ဓားက်င့္ႀကံသူေတြနဲ႔ ဓားေရးတိုက္ပြဲ ဆင္ႏႊဲေနတာပါ"
" သူ႔ တည္ေနရာကို ရွာေတြ႕တာနဲ႔ ငါ့ကိုေျပာ"
" သခင္မေလး သူနဲ႔ ထပ္တိုက္ေတာ့မွာလား"
စုယာက ေခါင္းညိတ္လိုက္ၿပီးေနာက္ သူမက တျခားေသာ ေကာင္းကင္ေ႐ြးခ်ယ္ခံမ်ား၏ လုပ္ေဆာင္မႈမ်ားႏွင့္ တည္ေနရာမ်ားအေၾကာင္း စုစည္းထားသည့္ သတင္းအခ်က္အလက္မ်ားအား ဖတ္ရႈလိုက္ၿပီး စကားနည္းနည္းေျပာလိုက္သည္။
...............
အေရွ႕ပိုင္းကုန္းေျမ၏ ေတာင္ပိုင္းနယ္ေျမ
ႏွင္းဖုံးလႊမ္းေနေသာ ဂူတစ္ခုအတြင္း က်န႔္ဝူ႐ႊမ္းက မ်က္လုံးမွိတ္လ်က္ရွိသည္။ သူ႔ ခႏၶာကိုယ္မွ ေၾကာက္မက္ဖြယ္ ဓားဆႏၵတစ္ခု ထြက္ေပၚေနေသာ္လည္း ေကာင္းေကာင္းထိန္းခ်ဳပ္ထားေသာေၾကာင့္ ဂူအေပၚ သက္ေရာက္မႈမ်ိဳး မရွိေပ။
သူက သူ ယခင္ ဆင္ႏႊဲခဲ့သည့္ တိုက္ပြဲအားလုံးကို ျပန္လည္သုံးသပ္ေနၿပီး သူ႔ ဓားနယ္ပယ္အား ေလ့က်င့္ေပးေနသည္။ သူက အေတြ႕အႀကဳံအားလုံးကို အသုံးခ်ကာ အဆုံးမဲ့ဓားခ်က္ဟုေခၚသည့္ ဓားက်င့္စဥ္ကို ဖန္တီးခဲ့သည္။
အကန႔္အသတ္မဲ့ ႀကီးထြားႏိုင္သည့္ တိုက္ခိုက္မႈတစ္ခု...
အမည္မသိအခ်ိန္တစ္ခု ၾကာျမင့္ၿပီးသည့္ေနာက္တြင္ က်န႔္ဝူ႐ႊမ္းက ဓားတစ္ေခ်ာင္း ဖန္တီးလိုက္ၿပီး သိမ္ေမြ႕ႏူးညံ့သြားသလို ခံစားလိုက္ရသည္။ ဤသည္က သူက အတားအဆီးတစ္ခုကို ျဖတ္သြားလိုက္သလိုမ်ိဳး ျဖစ္၏။
သူက မ်က္လုံးပြင့္ကာ လက္ကို ေဝွ႔ယမ္းလိုက္သည္။ သူ႔လက္အတြင္း ဓားခ်ီ ေပၚထြက္လာၿပီး က်န႔္ဝူ႐ႊမ္း၏ မ်က္ဝန္းအထက္ အၿပဳံးတစ္ခု ေပၚထြက္လာသည္။ သူက အကန႔္အသတ္မဲ့ ႀကီးထြားေစႏိုင္သည့္ တိုက္ကြက္ကို ဖန္တီးရာ၌ ေအာင္ျမင္သြားေသာ္လည္း ထိုအဆုံးမဲ့ဓားခ်ီကလည္း ႀကီးထြားႏိုင္စြမ္း ရွိေလသည္။
တိုက္ပြဲတြင္ျဖစ္ေစ၊ အခ်ိန္အရျဖစ္ေစ၊ ျဖည္းျဖည္းခ်င္း သူ႔အလိုလို ႀကီးထြားလာလိမ့္မည္သာ ျဖစ္၏။ ေကာင္းကင္အလိုဆႏၵ တိုက္ပြဲအခ်ိန္ က်ေရာက္လာသည့္အခါ က်န႔္ဝူ႐ႊမ္းက မည္မွ်အားေကာင္းေနမည္ကို မေတြးၾကည့္ႏိုင္ေတာ့ေပ။
သူ႔မ်က္ႏွာအထက္ ယုံၾကည္ခ်က္ရွိသည့္ အၿပဳံးတစ္ခု ေပၚထြက္လာေလသည္။ သူက ဓားခ်ီကို ဖန္တီးထားသည့္ အခိုက္အတန႔္ သူ႔ခႏၶာကိုယ္မွ ထူးထူးဆန္းဆန္း မၿငိမ္သက္မႈ ျဖစ္သြားၿပီး မိုးေျမႏွင့္ ေပါင္းစပ္သြားသည္ကို သတိမထားမိလိုက္ေပ။
ထိုမၿငိမ္သက္မႈက ကမာၻရွိလူမ်ားအား အသိေပးျခင္း မရွိဘဲ လူႏွစ္ဦးကသာ သိေလသည္။
နယ္ေျမအနည္းငယ္အကြာတြင္ ယင္ယန္သေကၤတပါသည့္ အျပာေရာင္ဝတ္႐ုံကို ဝတ္ဆင္ထားသည့္ တာအိုက်င့္ႀကံသူတစ္ဦးက လမ္းေလွ်ာက္ေနေလသည္။ သူ႔ေျခလွမ္း တစ္လွမ္းတိုင္းတြင္ မိုင္ေထာင္ခ်ီ ေရာက္ရွိသြား၏။ ႐ုတ္ခ်ည္းဆိုသလို ထိုသူက ရပ္တန႔္ၿပီး ေတာင္ဘက္ကို လွည့္ၾကည့္လာေလသည္။ သူ႔အၾကည့္က အျပာႏွင့္အနီအျဖစ္ ေျပာင္းလဲသြားေလသည္။ အေၾကာင္းမွာ ယင္ယန္သေကၤတက သူ႔မ်က္အိမ္အတြင္း အစားထိုးသြား၍ ျဖစ္သည္။
" မိုးေျမၾကားက ေျပာင္းလဲမႈေနာက္ထပ္ တားျမစ္ခံတစ္ေယာက္ ေမြးဖြားလာၿပီလား။ ဘယ္သူမ်ားပါလိမ့္"
ထိုတာအိုက်င့္ႀကံသူက ဖုန္းဟြမ္ သို႔မဟုတ္ ဖုန္းဟြမ္အျဖစ္ ေျပာင္းလဲထားသည့္ ရွစ္ဖူယြီသာ ျဖစ္၏။ သူ႔အၾကည့္မ်ားက ကမာၻ၏ အမွန္တရားတစ္ခုလုံး ပါဝင္ေနသည့္အလား ထိုေမးခြန္း၏ အေျဖကို ၾကည့္လိုက္သည္။
" က်န႔္ဝူ႐ႊမ္လား" ထို႔ေနာက္ သူက ေခါင္းအသာခါၿပီး ေရ႐ြတ္လိုက္သည္ " အနည္းဆုံးေတာ့ သူက ထိပ္သီးတားျမစ္ခံေတာ့ မဟုတ္ဘူးပဲ။ သူက ေအာင္ျမင္ႏိုင္ၿပီး အသက္ရွင္ႏိုင္ေခ် ရွိတယ္"
ဖုန္းဟြမ္က ဤမ်ိဳးဆက္သည္ တစ္ခုခုမ်ား မွားယြင္းေနသည္လားဟု စတင္ စဥ္းစားမိလာသည္။ တားျမစ္ခံမ်ားက အလြန႔္အလြန္ ရွားပါးသည့္သူမ်ား ျဖစ္ေသာ္လည္း ဤမ်ိဳးဆက္အတြင္းမူ ႏွစ္ေယာက္မွ သုံးေယာက္ ... မဟုတ္ေသးဘူး ... တိထ်န္းပါ ေပါင္းလိုက္လွ်င္ ေလးေယာက္အထိ ျဖစ္ေနေလၿပီ။
သို႔ေသာ္လည္း သူက ထိုအရာမ်ားကို ဂ႐ုမစိုက္ဘဲ သူ႔ကိုယ္ပိုင္ကိစၥကိုသာ အာ႐ုံအျပည့္အဝ စိုက္ထားလိုက္သည္။ အႂကြင္းမဲ့စတင္ျခင္း တာအိုနည္းစနစ္ကို က်င့္ႀကံၿပီးသည့္ေနာက္တြင္ သူက သူ႔တာအိုဗုဒၶလမ္းစဥ္၏ အေျခခံကို ၿပီးေျမာက္သြားၿပီ ျဖစ္၏။
သူ မဟာဧကရာဇ္ ျဖစ္လာသည္ႏွင့္ ျဖတ္ေတာက္ခံထားရသည့္ ဗုဒၶဘာသာ စတင္မႈကို ေနာက္ေယာင္ခံကာ သူ႔တာအိုဗုဒၶဘာသာ သက္ေရာက္မႈမရွိေစရန္ အာမခံဖို႔အတြက္ အနည္းငယ္ ေျပာင္းလဲမႈ လုပ္ၿပီး ကမာၻႀကီးထံ ျပန္လည္ျဖန႔္ေဝရမည္။
ဖုန္းဟြမ္က ထိုေမွာ္စြမ္းအားကို အျပည့္အဝ ဖယ္ရွားလိုေသာ္လည္း သူ႔အေနႏွင့္ ထာဝရဧကရာဇ္ ျဖစ္လာလွ်င္ပင္ သို႔မဟုတ္ လက္ရွိအစီအစဥ္အား ေက်နပ္အားရဖြယ္ ျဖစ္ေနလွ်င္ပင္ မျဖစ္ႏိုင္ေၾကာင္း သိထားေလသည္။
သို႔ေသာ္လည္း သူ႔ အစီအစဥ္ အလုပ္ျဖစ္ဖို႔အတြက္ ကိစၥတခ်ိဳ႕ လိုအပ္ေနေသးသည္။ သူက တာအိုဗုဒၶဘာသာ၏ ခ်ီကံေကာင္းမႈကို ဖြဲ႕စည္းဖို႔ ရတနာတစ္ခု လိုအပ္ေနသည္။ ထို႔ေနာက္ ထိုကံေကာင္းမႈကို တာအိုဘာသာ၏ ကံေကာင္းမႈႏွင့္ ေပါင္းစပ္ရမည္။ ဤသို႔ျဖင့္ သူတို႔က တစ္သားတည္း ျဖစ္သြားလိမ့္မည္။
တစ္ခုက ႀကီးပြားသည္ႏွင့္ ေနာက္တစ္ခုကပါ လိုက္လံႀကီးပြားလိမ့္မည္။ တစ္ခုက ဆုတ္ယုတ္သည္ႏွင့္ ေနာက္တစ္ခုကပါ လိုက္လံ ဆုတ္ယုတ္မည္ျဖစ္၏။
ဖုန္းဟြမ္က တစ္ကမာၻလုံးအႏွံ႔ သူ႔လုပ္ငန္းအား ၿပီးေျမာက္ေစဖို႔အတြက္ ထူးျခားသည့္ ရတနာကို လိုက္လံရွာေဖြေနသည္။ သို႔ေသာ္လည္း ေအာင္ျမင္မည္လားဟု မေသခ်ာေပ။ သို႔ေသာ္ သူက သူ႔တာဝန္ ေအာင္ျမင္ဖို႔ နီးကပ္လာၿပီ ျဖစ္၍ အလြယ္တကူ အရႈံးမေပးႏိုင္ေပ။
...........................
အလယ္ပိုင္းကုန္းေျမ၊ မဟာဝူတိုင္းျပည္
စြင္းေက်ာင္းလုံက နဂါးနက္ဝတ္စုံကို ဝတ္ဆင္ထားၿပီး ပလႅင္ေပၚတြင္ ထိုင္ေနေလသည္။ သူ႔ခႏၶာကိုယ္မွ အုပ္ခ်ဳပ္သူတစ္ေယာက္၏ ႀကီးျမတ္သည့္ အေငြ႕အသက္မ်ား ထုတ္လႊတ္ေနၿပီး ေခါင္းငုံ႔ေနသည့္ သူ႔လက္ေအာက္ခံမ်ားအား ၾကည့္ေနသည္။
" ရွာေတြ႕ခဲ့လား"
" အရွင္ ကြၽန္ေတာ္ရဲ႕ ညံ့ဖ်င္းမႈကို ခြင့္လႊတ္ေပးပါ။ အဲဒါက ေျမာက္ပိုင္းကုန္းေျမက က်ယ္ေျပာေတာ့ အခ်ိန္တခ်ိဳ႕ၾကာျမင့္လိမ့္မယ္"
" ငါ မင္းကို ေပးလိုက္တဲ့ အေဆာင္ကေရာ"
" အဲဒါက မေသခ်ာတဲ့ တုံ႔ျပန္မႈတခ်ိဳ႕ပဲ ျပပါတယ္"
" အဲဒါဆို ဆက္ရွာေန။ လိုအပ္သေလာက္ အရင္းအျမစ္ေတြ ထုတ္သုံးလိုက္။ ဒါေပမဲ့ သိသာပါေစ" စြင္းေက်ာင္းလုံက ေျပာလိုက္သည္။ သူက ထိုလူ၏ က်ရႈံးမႈကို အျပစ္မတင္ေပ။ ထိုအရာက မလြယ္ကူမွန္း သူ သိထားေလသည္။
စြင္းေက်ာင္းလုံက သူ ေရာက္ရွိေနသည့္ လက္ရွိအေျခအေနကို သိထားေလသည္။ လူသားကံၾကမၼာဓားသည္ အသေခ်ၤအင္ပါယာကမာၻမွ က်င့္ႀကံသူမ်ားအတြက္ အလြန္အေရးပါလွၿပီး တစ္ေယာက္ေယာက္၏ လက္ထဲ က်ေရာက္ခြင့္ေပးမည္ မဟုတ္ေပ။
အထူးသျဖင့္ ဤသို႔ေသာ ထာဝရဧကရာဇ္ ေပၚထြက္လာႏိုင္သည့္ မ်ိဳးဆက္တြင္ ျဖစ္၏။ ဤဓား၏ အေရးပါပုံက အလြန္အေရးႀကီးလွသည္။ ထိုဓားက သူ႔လက္ထဲ ေရာက္ရွိေနေသးသည့္ အေၾကာင္းအရင္းတစ္ခ်က္မွာ ဧကရာဇ္မ်ိဳးႏြယ္မ်ား၏ ယာယီညႇိႏႈိင္းမႈေၾကာင့္သာ ျဖစ္သည္။
လူငယ္မ်ိဳးဆက္ထံ ဓား၏ ကံၾကမၼာကို ဆုံးျဖတ္ခိုင္းလိမ့္မည္။ တျခားနည္းျဖင့္ ဆိုရလွ်င္ ဤမ်ိဳးဆက္၏ ေကာင္းကင္အလိုဆႏၵကို ေနာက္ဆုံးအႏိုင္ရရွိသူကသာ ဓား၏ ေနာက္ဆုံးပိုင္ရွင္ ျဖစ္လာလိမ့္မည္။
စြင္းေက်ာင္းလုံက ထိုအရာကို သိကာ ႀကိဳတင္ျပင္ဆင္ထားေလသည္။
...............
အဆုံးမဲ့ေလဟာနယ္အတြင္း ဝူဟုန္က သူမ၏ ေလဟာနယ္သေဘၤာအတြင္း တင္ပ်ဥ္ေခြလ်က္ ထိုင္ေနသည္။ သူမက ကမာၻ၏ အဆုံးတြင္ တည္ရွိသည့္ အစြန္အဖ်ားပင္လယ္ဟု ေခၚသည့္ ေနရာတစ္ခုသို႔ ဦးတည္ေနသည္။
က်င့္ႀကံသူအမ်ားစုက အဆုံးမဲ့ေလဟာနယ္သည္ အကန႔္အသတ္မဲ့ ျဖစ္သည္ဟု သိထားၾကသည္။ ထိုအရာက အေျခအေနတစ္ခုအထိ မွန္ကန္ေပသည္။ သို႔ေသာ္လည္း ထိုစည္းမ်ဥ္းက အားနည္းသူမ်ားအတြက္သာ သက္ေရာက္မႈ ရွိ၏။ လုံလုံေလာက္ေလာက္ အားေကာင္းပါက အဆုံးမဲ့ေလဟာနယ္၏ အဆုံးသတ္ကို ေရာက္ရွိႏိုင္ေလသည္။
သူမက ႐ုတ္ခ်ည္း မ်က္လုံးပြင့္ကာ ေနရာတစ္ခုအား လွမ္းၾကည့္လိုက္သည္။
" ဝမ္ေဝ့ရဲ႕ စမ္းသပ္ခ်က္က စတင္ေနၿပီလား"
တာအိုအုပ္စိုးသူ ခ်င္းဝူ၏ အေမြအႏွစ္ကို ရရွိၿပီးသည့္ေနာက္တြင္ သူမက အသေခ်ၤအင္ပါယာကမာၻသို႔ ျပန္လာခ်င္မိသည္။ သို႔ေသာ္လည္း သူမက ႐ုတ္ခ်ည္းဆိုသလို စိတ္ကူးေပၚလာကာ အစြန္အဖ်ားပင္လယ္သို႔ သြားေရာက္စစ္ေဆးၾကည့္လိုမိ၏။
သူမက အားေကာင္းေသာေၾကာင့္ တစ္စုံတစ္ခုသည္ သူမအား ထိုေနရာသို႔ ေခၚေဆာင္ဖို႔ အက်ိဳးအေၾကာင္းစြမ္းအားကို အသုံးျပဳထားေၾကာင္း သိေလသည္။ ဤသည္က သူတို႔သည္ သူမအား ဝမ္ေဝ့၏ စမ္းသပ္ခ်က္အတြင္း ဝင္ေရာက္ မစြက္ဖက္လိုေစသည့္ အေၾကာင္းအရင္းတစ္ခ်က္လည္း ျဖစ္ေပသည္။
ထိုအရာကို သိလ်က္ႏွင့္ပင္ သူမက ငါးစာကို ဟပ္ခဲ့သည္။
က်င့္ႀကံေရးလမ္းစဥ္က လြယ္ကူသည့္ အရာ မဟုတ္ေပ။ က်င့္ႀကံဆင့္က ေကာင္းကင္ကို ေသြဖယ္ေနျခင္း ျဖစ္ၿပီး က်င့္ႀကံသူမ်ားက သူတို႔ဘဝတြင္ စမ္းသပ္ခ်က္အမ်ိဳးမ်ိဳးကို ေက်ာ္ျဖတ္ၾကရသည္။ ထို႔ေၾကာင့္ ဝမ္ေဝ့၏ လမ္းစဥ္က ေခ်ာေမြ႕လြန္းသည့္အတြက္ ယခုအခါ ပထမဆုံး တကယ့္ စမ္းသပ္ခ်က္ ခံစားရေတာ့မည္ ျဖစ္၏။ ဝူဟုန္က ထိုအရာသည္ က်င့္ႀကံသူတိုင္း ႀကဳံေတြ႕ရမည့္အရာ ျဖစ္ေသာေၾကာင့္ ဝင္ေရာက္မစြက္ဖက္ေပ။
သူမ၏ ဧကရာဇ္လမ္းစဥ္အတြင္း သူမတစ္ဘဝလုံးက စမ္းသပ္ခ်က္မ်ားႏွင့္ ျပည့္ႏွက္ေနခဲ့သည္။ ဤသည္က သူမ အလြန္အားေကာင္းေနရသည့္ အေၾကာင္းအရင္းလည္း ျဖစ္ေပသည္။ အကယ္၍ ဝမ္ေဝ့သာ က်ရႈံးသြားလွ်င္ သူမက သူ႔ဝိညာဥ္ အစိတ္အပိုင္းတစ္ခုအား ျပန္လည္ဝင္စားၿပီး ျပန္စတင္ႏိုင္ဖို႔ လုပ္ေဆာင္ေပးမည္။
ဝူဟုန္က ဦးတည္ရာသို႔ ေရာက္ရွိသြားသည့္အတြက္ ထရပ္လိုက္သည္။ သူမက အစြန္အဖ်ားပင္လယ္ကို ၾကည့္ရင္း မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ ဤေနရာတစ္ခုလုံးက ယခုအခါ မီးခိုးေရာင္ ျမဴခိုးမ်ားျဖင့္ ဖုံးလႊမ္းေနေလၿပီ။
သူမ၏ မွတ္ဉာဏ္မ်ားအရ ဒီလို မျဖစ္ေနသင့္ေပ။ သူမက ဤအခ်ိန္စက္ဝန္းတြင္ အေျပာင္းအလဲႀကီးႀကီးမားမား ေမွ်ာ္လင့္ထားေသာ္လည္း ဒီေလာက္ႀကီးမားလိမ့္မည္ဟု မထင္ထားမိေပ။
သူမက ျမဴခိုးကို ၾကည့္ေနရင္း အေၾကာင္းအရင္း ႏွစ္ခ်က္ေၾကာင့္ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ ပထမတစ္ခ်က္က သူမက ထိုျမဴခိုးအတြင္းမွ သတင္းအခ်က္အလက္ သို႔မဟုတ္ ဇစ္ျမစ္ကို မရွာေဖြႏိုင္ေပ။ သူမ၏ မွတ္ဉာဏ္မ်ားမွသာမက သူမ၏ စြမ္းအားျဖင့္ပင္ ဘာမွမလုပ္ေဆာင္ႏိုင္ေပ။
ေနာက္ထပ္တစ္ခု ထူးျခားသည့္အရာမွာ ထိုျမဴခိုးက သူမအတြက္ အလြန္ရင္းႏွီးေနဟန္ေပၚၿပီး အတြင္းက်က်သိေနသည့္ ခံစားခ်က္မ်ိဳးကို ေပးစြမ္းေလသည္။