ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၈)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၃၈၄) : နယ်ရုပ်
ရှောင်စုန့်ရှီက ပြန်လည်ရှင်သန်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့အား လက်သီးတစ်ချက်ဖြင့် သတ်လိုက်ပြန်သည်။ သူက အကြိမ်ရာချီ ဆက်တိုက် အသတ်ခံနေရ၏။
ဝမ်ဝေ့က ထိုလူအား မျက်မှောင်ကြုတ်လျက်ကြည့်ရင်း ထိုကာကွယ်ရေး စွမ်းအားအကြောင်း အနည်းငယ် တွေ့ရှိသွားလေသည်။ သူက ရှောင်စုန့်ရှီ၏ ခန္ဓာကိုယ် သို့မဟုတ် ဝိညာဉ်ကို ဖျက်ဆီးပစ်စေကာမူ သူက စိတ်အခြေအနေ အပါအဝင် အရာအားလုံး အကောင်းအတိုင်း ပြန်လည်ရှင်သန်လာလိမ့်မည်သာ ဖြစ်၏။
ခုခံမှုမရှိဘဲ အကြိမ်ရာချီ ဆက်တိုက် သေဆုံးထားသူအနေနှင့် အကြောက်တရား၊ စိတ်ပျက်မှု၊ ဒေါသ သို့မဟုတ် အဆိုးမြင် ခံစားချက်တချို့တော့ ရှိသင့်ပေသည်။ သို့သော်လည်း ရှောင်စုန့်ရှီက အကောင်းအတိုင်း ရှိနေ၏။
ဝမ်ဝေ့က ထိုလူ၏ အားကောင်းလွန်းလှသည့် စိတ်စွမ်းအားက အဆင်ပြေအောင် ပြုလုပ်ထားသည်ဟု မထင်မိပေ။ သူ အသက်ပြန်ရှင်လာသည့်အခါ ကောင်းကင်တာအို၏ ကာကွယ်ရေးက သူ့စိတ်အခြေအနေနှင့် ခံစားချက်ထံ အန္တရာယ်များကို ရှင်းထုတ်ပေးလိုက်လေသည်။ ဤနည်းဖြင့် သူက အကောင်းအတိုင်း ရှိနေခြင်း ဖြစ်၏။
ထိုကာကွယ်ရေးစွမ်းအားမှ သူ သင်ယူထားသလောက် ထိုအရာသည် ကမ္ဘာ၏ ကောင်းကင်ရွေးချယ်ခံများအား တစ်ယောက်နှင့် တစ်ယောက် အတားအဆီး မရှိဘဲ တိုက်ခိုက်နိုင်ဖို့အတွက် ခွန်အားပေးဖို့ ဖန်တီးထားခြင်း ဖြစ်ပေသည်။ ထိုအခါမှ အားကောင်းသည့် မဟာဧကရာဇ်များကို ဖန်တီးနိုင်လိမ့်မည်။
သို့သော်လည်း နှစ်များစွာ ကြာမြင့်လာပြီးသည့်နောက်တွင် လူများက ထိုနည်းလမ်းအား အသုံးပြုခြင်း ရပ်တန့်လိုက်ကြပြီး ထိုအကြောင်းကို သိပ်ဂရုမစိုက်ကြတော့ပေ။
အမှန်အတိုင်းပြောရလျှင် ဝမ်ဝေ့က ထိုမသေမျိုးစွမ်းရည်ကို အနည်းငယ် အားကျမိ၏။ အကယ်၍ သူ့တွင် ရှိထားလျှင် ကံကြမ္မာမြစ်ကြောင်းထဲ လက်ပစ်ကူးကာ လျှို့ဝှက်ဆန်းကြယ်မှုများကို ရှာဖွေနိုင်လေသည်။ သူ့ နားလည်နိုင်စွမ်းနှင့် မသေနိုင်စွမ်းတို့ဖြင့် သူ ဘာတွေသင်ယူနိုင်မလဲဆိုတာ ကောင်းကင်ဘုံကသာ သိလိမ့်မည်။
ကောင်းကင်တာအိုက ငါ့နာမည်ကို အဲဒီမှာ မထားစေချင်တဲ့ အကြောင်းအရင်းများ ဖြစ်နေမလား...
ဝမ်ဝေ့က တွေးလိုက်မိသည်။ သို့သော်လည်း သူက ထိုနောင်တများကို စိတ်ထဲမှ ဖယ်ရှားလိုက်၏။ ပြောရလျှင် အတိတ်ထဲ ပိတ်မိနေလို့ အကျိုးမရှိပေ။
သူ့အလိုလိုသိစိတ်က သူ့နာမည်ကို ထိုစာအုပ်ပေါ်တွင် ရေးထားလိုက်သည်နှင့် ထိခိုက်နိုင်ကြောင်း ပြောနေလေသည်။ သူက ယနေ့အထိ အကြောင်းအရင်းကို မသိသော်လည်း ဆုံးဖြတ်ချက် မှန်ကန်သည်ဟုသာ ယုံကြည်နေမိသည်။
ထိုအတွေးများက ဝမ်ဝေ့၏ စိတ်အတွင်း စက္ကန့်ပိုင်းအတွင်း ဖြတ်ပြေးသွားလေသည်။ သူက ကာကွယ်ရေးစွမ်းအားကို စမ်းသပ်နေခြင်း မပြီးဆုံးသေးသလို များများစားစားလည်း မသင်ယူရသေးပေ။ ထို့ကြောင့် သူ့စမ်းသပ်မှုကို ထပ်မံလုပ်လိုက်သည်။
သူက ရှောင်စုန့်ရှီဆီ တစ်ခေါက်ပျံသန်းသွားလိုက်သည်။
ဤတစ်ကြိမ် ထိုလူက အနည်းငယ်မျှ တုံ့ပြန်လိုက်ပြီး ခန္ဓာကိုယ်အား ကာကွယ်ဖို့အတွက် အနက်ရောင်အလွှာတစ်ခု ထွက်ပေါ်လာသည်။ ကံဆိုးစွာဖြင့် ဝမ်ဝေ့၏ လက်က ထိုအကာအကွယ်အား အလွယ်တကူ ချိုးဖောက်ကာ သူ့ခေါင်းမှ ဆွဲကိုင်လိုက်သည်။
လက်က သူ့မျက်နှာအပေါ် ကျရောက်လာသည်နှင့် ရှောင်စုန့်ရှီက သူ့အား ခေတ္တမျှ အင်အားမဲ့သွားစေသည့် ဖိအားမျိုးကို ခံစားမိလိုက်ပြီး သူ့ မူလအဆီအနှစ်၊ ကျင့်ကြံဆင့်နှင့် ဝိညာဉ်ပင် ဖိနှိပ်ခံလိုက်ရသည်။
ထို့နောက် သူ့နောက်တွင် အာကာပြင် အက်ကြောင်းတစ်ခု ပေါ်ထွက်လာပြီး ဆွဲသွင်းခံလိုက်ရသည်။
ဝမ်ဝေ့က အသင်္ချေအင်ပါယာကမ္ဘာ၏ အပြင်ဘက် လေဟာနယ်အတွင်း မျောလွင့်နေလေသည်။ သူက မျက်မှောင်ကြုတ်လျက် လက်ဗလာအား ကြည့်လိုက်သည်။ ယခုလေးတင် သူက ရှောင်စုန့်ရှီအား ကမ္ဘာအပြင်သို့ ဆွဲခေါ်ကာ ထိုကာကွယ်ရေးစွမ်းအားက အသက်မဲ့ပြီး သူ့အား သတ်နိုင်လားဟု ကြည့်ချင်မိသည်။
သို့သော်လည်း လမ်းတစ်ဝက်တွင် ရှောင်စုန့်ရှီ၏ ခန္ဓာကိုယ်မှ ထူးဆန်းသည့် အာကာပြင် မငြိမ်သက်မှု ဖြစ်ပေါ်လာပြီး သူ့အား အထဲသို့ ပြန်လည်ဆွဲခေါ်သွားလေသည်။ ဝမ်ဝေ့က အထဲသို့ ပြန်လာပြီး သူ့အပေါ် ချန်ထားခဲ့သည့် အမှတ်အသားအတိုင်း ခြေရာခံလိုက်သည်။
ထို့နောက် သူက အပြင်ဘက်သို့ ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မည်မျှကြိုးစားစေကာမူ သူက ကျရှုံးနေဆဲသာ ဖြစ်၏။
ခေတ္တမျှစဉ်းစားလိုက်ပြီးသည့်နောက်တွင် သူ့ အစီအစဉ်က မူလ မဟုတ်ကြောင်း သဘောပေါက်သွားသည်။ မသေနိုင်စွမ်းက ကျင့်ကြံသူအားလုံး အလိုရှိသည့်အရာ ဖြစ်ပေသည်။ သူက လူများစွာသည် ထိုစာအုပ်ပေါ်ရှိ ကောင်းကင်ရွေးချယ်ခံများကို နှစ်များစွာ လေ့လာခဲ့ပြီးသားဖြစ်မည်မှန်း သေချာသည်။
သူတို့၏ မသေမျိုးစွမ်းအားသာမက သူတို့ကို သတ်ဖို့ နည်းလမ်းလည်း ရှာဖွေခဲ့ကြလိမ့်မည်။ သူတို့ကို ကောင်းကင်တာအို၏ လွှမ်းမိုးမှု အပြင်ဘက်သို့ ရောက်ဖို့ ကြိုးစားခြင်းက ထိုလူများကို သတ်ဖို့ အဖြစ်နိုင်ဆုံး နည်းလမ်း ဖြစ်ပေသည်။ သို့သော် ထိုအရာကို အောင်မြင်သည်ဟု သတင်းအချက်အလက် မရှိခဲ့ဖူးပေ။
မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က လက်မလျှော့ခင် နောက်ဆုံးတစ်ခု ကြိုးစားကြည့်ချင်မိသည်။
သူက ဂိုဏ်းမှ ထိုလူများအပေါ် ပြုလုပ်ထားသည့် စမ်းသပ်မှုများအကြောင်း ဖတ်ရှုသည်က ပို၍သက်ရောက်မှုရှိမှန်း သိထားလေသည်။ လျှို့ဝှက်မှတ်တမ်းခန်းတွင် မှတ်တမ်းများ ရှိသင့်ပေသည်။
သူက လက်ဝှေ့လိုက်သည့်အခါ ဧဝရတ်တောင်ထက် ဆယ်ဆမက ကြီးမားသည့် တောင်ကြီးတစ်လုံး ပေါ်ထွက်လာပြီး ရှောင်စုန့်ရှီအပေါ် ကျရောက်သွားသည်။ ထို့နောက် တောင်ပတ်လည်တွင် သင်္ကေတများစွာ ပေါ်လာပြီး စည်းတံဆိပ် ဖြစ်သွားလေသည်။
သူက ရှောင်စုန့်ရှီအား စည်းပိတ်ချင်လို၏။ အကယ်၍ သူက ထိုသူအား မသတ်နိုင်လျှင်ပင် စည်းပိတ်နိုင်လားဟု သိချင်မိသည်။ အဖြေက အဆိုးဘက်မှ ဖြစ်လေသည်။ မိနစ်ပိုင်း ကြာမြင့်ပြီးသည့်နောက်တွင် ရှောင်စုန့်ရှီဆီမှ အာကာပြင် မငြိမ်သက်မှုတစ်ခု ထွက်ပေါ်လာပြီး တောင်ရှေ့တွင် ပြန်လည်ပေါ်ထွက်လာလေသည်။
ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အခါ သူ့ရှေ့တွင် ပုတီးစေ့ငယ်တစ်လုံး ပေါ်ထွက်လာသည်။ ထိုအရာက ကမ္ဘာငယ်တစ်ခုပါဝင်သည့် ကမ္ဘာငယ်တစ်ခု ဖြစ်ပြီး အထွတ်အထိပ်အဆင့် ဖြစ်ပေသည်။
ထိုသူက ရှောင်စုန့်ရှီအား အထဲသို့ စုပ်ယူဖို့ ကြိုးစားလိုက်ပြီး ကောင်းကင်တာအိုနှင့် ထပ်မံ ခွဲခြားလိုက်သည်။ အထဲရှိ ကမ္ဘာက နောက်ထပ် မိုးမြေဟု ယူဆနိုင်လေသည်။
ထို့အပြင် အထဲရှိကမ္ဘာက စည်းပိတ်ခြင်း ရည်ရွယ်ချက်အတွက် အသုံးပြုခြင်း ဖြစ်ပေသည်။ ကံဆိုးစွာဖြင့် ထိုအစီအစဉ်ကလည်း ကျရှုံးသွားကာ ရှောင်စုန့်ရှီက မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူ့ရှေ့မှောက် အကောင်းအတိုင်း ပေါ်ထွက်လာသည်။
ဤတစ်ကြိမ် ဝမ်ဝေ့က မတိုက်ခိုက်တော့ဘဲ ထိုလူအား တစ်ချက်ကြည့်ပြီးနောက် ထာဝရအိပ်မက်ဂိုဏ်းသို့ ပြန်သွားလေသည်။
ထိုစဉ် ရှောင်စုန့်ရှီက ကောင်းကင်အား စိတ်ပျက်လက်ပျက်ကြည့်လိုက်မိသည်။ အကြောင်းမှာ သူ ဆက်တိုက် သေဆုံးရသလို စည်းပိတ်ခံရခြင်းကြောင့် မဟုတ်ဘဲ အင်အားကွာခြားချက်ကြောင့် ဖြစ်၏။
သူ့ပြိုင်ဘက်က သူ့အား ဆော့ကစားနေသော်လည်း သူ့အနေနှင့် တတ်နိုင်သည့်အရာ မရှိတော့ပေ။ အကယ်၍ ကောင်းကင်တာအို၏ ကာကွယ်ရေးကြောင့်သာ မဟုတ်လျှင် ဘာမှပင် မတုံ့ပြန်နိုင်ပဲ ချက်ချင်း သေဆုံးသွားလိမ့်မည်။
ဤသို့သော အင်အားမဲ့မှုနှင့် ကူကယ်ရာမဲ့မှုတို့က ရှောင်စုန့်ရှီအား စိတ်ပျက်စေပြီး အနာဂတ်အတွက် မျှော်လင့်ချက် မရှိအောင် လုပ်နေလေသည်။
" ငါက မဟာဧကရာဇ်ဖြစ်လာပြီး အဲဒီလူ ငါ့အမေအပေါ် လုပ်ခဲ့တဲ့အရာကို လက်စားချေဖို့ အခွင့်အရေး မရှိတော့ဘူးလား"
သူက ကောင်းကင်ကို ငေးမောတွေဝေစွာ ကြည့်နေရင်း အရာအားလုံးက အဓိပ္ပာယ်မဲ့ကြောင်း ကြိုးစားနေသည့် အရာအားလုံးက အသုံးမဝင်ကြောင်း ခံစားလာမိသည်။ ထိုစဉ် သူ့ခေါင်းထဲ အသံများစွာ ပေါ်ထွက်လာပြီး လက်လျှော့ဖို့ မဟာယဲ့တိုင်းပြည်၏ နောက်အုပ်ချုပ်သူ ဖြစ်ဖို့ရာသာ အာရုံစိုက်ထားဖို့ ပြောဆိုနေသည်။
" မဟုတ်သေးဘူး။ ငါ့အတွက် အခွင့်အရေး ရှိရမယ်" ရှောင်စုန့်ရှီက ရေရွတ်လိုက်သည်။
" ငါ့ကိုငါ ရန်သူရဲ့ စွမ်းအားနဲ့ တိုးမြင့်အောင် လုပ်ပြီး သူတို့ကို ဖျက်ဆီးပစ်ရမယ်"
သူ့ခေါင်းထဲတွင် ရူးမိုက်သည့် အစီအစဉ်တစ်ခု ပေါ်ထွက်လာသည်။
ငါ ပိုင်ကျယ်မျိုးနွယ်ကို ပြန်ပြီးတော့ သူတို့ရဲ့ အရင်းအမြစ်တွေနဲ့ ငါ့ရဲ့ သွေးမျိုးဆက်ကို အားကောင်းအောင် လုပ်မယ်။ ငါ မဟာဧကရာဇ်ဖြစ်လာတာနဲ့ သူတို့မျိုးနွယ်ကို ဖျက်ဆီးပစ်ပြီးတော့ အဲဒီလူကို ငါ့အမေရဲ့ အုတ်ဂူရှေ့မှာ တစ်သက်လုံး ဒူးထောက်ခိုင်းမယ်။
သူ့မျက်ဝန်းအထက် ရက်စက်သည့် အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားလေသည်။ သူက အစာကျွေးသည့် လက်ကို ပြန်ကိုက်သည့်အကြောင်း၊ ကျေးဇူးတရားအကြောင်းကို ဂရုမစိုက်ပေ။ သူသာ သူ့အမေအတွက် လက်စားချေပေးနိုင်သရွေ့ အရာအားလုံး အဆင်ပြေလေသည်။
ထိုအစီအစဉ်အား ချမှတ်ပြီးသည့်နောက်တွင် ရှောင်စုန့်ရှီက ထွက်ခွာသွားသည်။
...........
နောက်တစ်ရက်တွင် ဝမ်ဝေ့က ထိုအချက်ကို သတိထားမိကာ သူ့မျက်နှာအထက် ခပ်ယဲ့ယဲ့အပြုံးမျိုး ပေါ်ထွက်လာလေသည်။
ကြည့်ရတာ ငါ့အစီအစဉ်က အလုပ်ဖြစ်ပုံပဲ ... မနေ့ညက လှုံ့ဆော်မှုအပြီးမှာ ရှောင်စုန့်ရှီက ပိုပြီးအားကောင်းလာချင်စိတ် ပေါ်ထွက်လာတယ်။ အကောင်းဆုံးနည်းလမ်းက သူ့ခန္ဓာကိုယ်ထဲက ပင်လယ်မျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို အသက်သွင်းဖို့ပဲ။ အဲဒါကြောင့် သူ့ရဲ့ ဇစ်မြစ်ဆီ ပြန်သွားရလိမ့်မယ်။
ဤသည်က သူ့တာအိုနှလုံးသားကို ကျိုးပဲ့သွားစေပြီး ဧကရာဇ်လမ်းစဉ် အဆုံးသတ်သွားနိုင်ချေလည်း ရှိပေသည်။ သို့သော်လည်း ထိုသို့သော ကြမ်းတမ်းသည့် ပတ်ဝန်းကျင်မျိုးတွင် ကြီးထွားလာပြီးသည့်နောက် ထိုလူက အသက်ရှင်သန်ခဲ့သည်။ သူ့တာအိုနှလုံးသားက သာမန်လူများနှင့် မယှဉ်နိုင်ပေ။
ဤသည်က ဝမ်ဝေ့ အစကတည်းက အလိုရှိသည့်အရာ ဖြစ်၏။
ရှောင်စုန့်ရှီနှင့် ပင်လယ်မျိုးနွယ်၏ ဆက်နွယ်မှု...
တည်နေရာကြောင့် ပင်လယ်မျိုးနွယ်အကြောင်း သိထားသည့် အရာမှာ သူတို့က လူသူများနှင့် ဆက်ဆံရသည်ကို မကြိုက်သည့်သူများဟုသာ သိထားကြလေသည်။
နှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် ဂိုဏ်းများက နည်းလမ်းအမျိုးမျိုးသုံးကာ ကျူးကျော်ဖို့ ကြိုးစားခဲ့ကြသည်။ သူလျှိုဖြစ်စေ၊ အရင်းအမြစ်များ ဖလှယ်ခြင်းဖြစ်စေ အကုန်ပါဝင်လေသည်။ သို့သော် မည်သူကမှ ပင်လယ်မျိုးနွယ်ကြား အားအကောင်းဆုံး မျိုးနွယ်ထံ မကျူးကျော်နိုင်ခဲ့ကြပေ။
ဝမ်ဝေ့အတွက်မူ သူက သူတို့အကြောင်း စုံစမ်းရသည်ကိုလည်း စိတ်ဝင်စားလေသည်။ အထူးသဖြင့် သူတို့မျိုးနွယ်၏ ကောင်းကင်ရွေးချယ်ခံများနှင့် ပတ်သက်လာသည့်အခါတွင် ဖြစ်၏။ သူက ပင်လယ်အောက်ရှိ အရင်းအမြစ်များကိုလည်း စိတ်ဝင်စားမိသည်။
သူ့အဖေ၏ ပြောစကားအရ ပင်လယ်သည် အလယ်ပိုင်းကုန်းမြေထက်ပင် အရင်းအမြစ် ပို၍ ကြွယ်ဝလေသည်။ မဟာဧကရာဇ်များက ပင်လယ်ထဲ သူတို့၏ တာအိုအရင်းအမြစ်ကို သန့်စင်ပြီး ဧကရာဇ်သတ္တု .သို့မဟုတ် ဆေးပင်ကို ပြုစုပျိုးထောင်နိုင်ဖို့ ပစ္စည်းများ သွားရောက်ရှာဖွေစူးစမ်းကြသည်။
ကံဆိုးစွာဖြင့် ရေမြေအနေအထား၊ ပင်လယ်မျိုးနွယ်နှင့် ပင်လယ်၏ ကျယ်ပြန့်မှုကြောင့် ထိုနေရာရှိ အရင်းအမြစ်များကို ရှာဖွေဖို့ ခက်ခဲလာသည်။ ထို့အပြင် လူများစွာက သူတို့ကို အတားအဆီး မရှိဘဲ လွှတ်ပေးထားလျှင် တစ်ရက်ကျ ပင်လယ်မျိုးနွယ်သည် လူသားမျိုးနွယ်အတွက် အန္တရာယ် ဖြစ်လာလိမ့်မည်ဟု ကြိုတင်မြင်ထားကြသည်။
ဒီရှောင်စုန့်ရှီက အသုံးဝင်တဲ့ နယ်ရုပ်ဖြစ်လာဖို့ မျှော်လင့်ပါတယ်
ဝမ်ဝေ့နှင့် ယန်းချန်တို့က ဂိုဏ်းချုပ် ထန်ကျစ်ချန်းအား နှုတ်ဆက်ပြီးနောက် အိမ်ပြန်သွားကြလေသည်။ သူက ကောင်းကင်ဘုံဗိမာန်ကမ္ဘာသို့ တန်းမသွားဘဲ မိသားစုနှင့်အတူ တစ်နှစ်တာ အချိန်ကုန်ဆုံးလိုက်သည်။
သူက သူတို့နှင့် မတွေ့ရသည်မှာ နှစ် နှစ်ရာစုလောက်ရှိသည် မဟုတ်ပါလော။ ထို့ကြောင့် သူက စိတ်ကို လျှော့ထားကာ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သို့ မတက်လှမ်းခင် အကောင်းဆုံးအခြေအနေဖြစ်အောင် ပြုလုပ်လိုက်သည်။ ထိုအချိန်အတွင်း သူက သူ့အမေဘက်မှ အဘိုး၊ အဘွားများနှင့် စကားပြောဆိုခဲ့ပြီး သူ အဆင့်တက်လှမ်းပြီးသည့်နောက်တွင် ယုမျိုးနွယ်သို့ လာရောက် တွေ့ဆုံမည်ဟု သတိပေးထားခဲ့သည်။
ထို့နောက် ဝမ်ဝေ့က သူ့ဝိညာဉ်သည် ဘာမှစိုးရိမ်ခြင်း မရှိဘဲ ငြိမ်းအေးနေသည်ကို ခံစားမိသည်နှင့် ကောင်းကင်ဘုံဗိမာန်ကမ္ဘာသို့ ထွက်ခွာသွားတော့သည်။
*************
ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၂၈)
မူရင္းေရးသားသူ - lazySageDao
ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)
အခန္း (၃၈၄) : နယ္႐ုပ္
ေရွာင္စုန႔္ရွီက ျပန္လည္ရွင္သန္လာၿပီးသည့္ေနာက္တြင္ ဝမ္ေဝ့က သူ႔အား လက္သီးတစ္ခ်က္ျဖင့္ သတ္လိုက္ျပန္သည္။ သူက အႀကိမ္ရာခ်ီ ဆက္တိုက္ အသတ္ခံေနရ၏။
ဝမ္ေဝ့က ထိုလူအား မ်က္ေမွာင္ၾကဳတ္လ်က္ၾကည့္ရင္း ထိုကာကြယ္ေရး စြမ္းအားအေၾကာင္း အနည္းငယ္ ေတြ႕ရွိသြားေလသည္။ သူက ေရွာင္စုန႔္ရွီ၏ ခႏၶာကိုယ္ သို႔မဟုတ္ ဝိညာဥ္ကို ဖ်က္ဆီးပစ္ေစကာမူ သူက စိတ္အေျခအေန အပါအဝင္ အရာအားလုံး အေကာင္းအတိုင္း ျပန္လည္ရွင္သန္လာလိမ့္မည္သာ ျဖစ္၏။
ခုခံမႈမရွိဘဲ အႀကိမ္ရာခ်ီ ဆက္တိုက္ ေသဆုံးထားသူအေနႏွင့္ အေၾကာက္တရား၊ စိတ္ပ်က္မႈ၊ ေဒါသ သို႔မဟုတ္ အဆိုးျမင္ ခံစားခ်က္တခ်ိဳ႕ေတာ့ ရွိသင့္ေပသည္။ သို႔ေသာ္လည္း ေရွာင္စုန႔္ရွီက အေကာင္းအတိုင္း ရွိေန၏။
ဝမ္ေဝ့က ထိုလူ၏ အားေကာင္းလြန္းလွသည့္ စိတ္စြမ္းအားက အဆင္ေျပေအာင္ ျပဳလုပ္ထားသည္ဟု မထင္မိေပ။ သူ အသက္ျပန္ရွင္လာသည့္အခါ ေကာင္းကင္တာအို၏ ကာကြယ္ေရးက သူ႔စိတ္အေျခအေနႏွင့္ ခံစားခ်က္ထံ အႏၲရာယ္မ်ားကို ရွင္းထုတ္ေပးလိုက္ေလသည္။ ဤနည္းျဖင့္ သူက အေကာင္းအတိုင္း ရွိေနျခင္း ျဖစ္၏။
ထိုကာကြယ္ေရးစြမ္းအားမွ သူ သင္ယူထားသေလာက္ ထိုအရာသည္ ကမာၻ၏ ေကာင္းကင္ေ႐ြးခ်ယ္ခံမ်ားအား တစ္ေယာက္ႏွင့္ တစ္ေယာက္ အတားအဆီး မရွိဘဲ တိုက္ခိုက္ႏိုင္ဖို႔အတြက္ ခြန္အားေပးဖို႔ ဖန္တီးထားျခင္း ျဖစ္ေပသည္။ ထိုအခါမွ အားေကာင္းသည့္ မဟာဧကရာဇ္မ်ားကို ဖန္တီးႏိုင္လိမ့္မည္။
သို႔ေသာ္လည္း ႏွစ္မ်ားစြာ ၾကာျမင့္လာၿပီးသည့္ေနာက္တြင္ လူမ်ားက ထိုနည္းလမ္းအား အသုံးျပဳျခင္း ရပ္တန႔္လိုက္ၾကၿပီး ထိုအေၾကာင္းကို သိပ္ဂ႐ုမစိုက္ၾကေတာ့ေပ။
အမွန္အတိုင္းေျပာရလွ်င္ ဝမ္ေဝ့က ထိုမေသမ်ိဳးစြမ္းရည္ကို အနည္းငယ္ အားက်မိ၏။ အကယ္၍ သူ႔တြင္ ရွိထားလွ်င္ ကံၾကမၼာျမစ္ေၾကာင္းထဲ လက္ပစ္ကူးကာ လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈမ်ားကို ရွာေဖြႏိုင္ေလသည္။ သူ႔ နားလည္ႏိုင္စြမ္းႏွင့္ မေသႏိုင္စြမ္းတို႔ျဖင့္ သူ ဘာေတြသင္ယူႏိုင္မလဲဆိုတာ ေကာင္းကင္ဘုံကသာ သိလိမ့္မည္။
ေကာင္းကင္တာအိုက ငါ့နာမည္ကို အဲဒီမွာ မထားေစခ်င္တဲ့ အေၾကာင္းအရင္းမ်ား ျဖစ္ေနမလား...
ဝမ္ေဝ့က ေတြးလိုက္မိသည္။ သို႔ေသာ္လည္း သူက ထိုေနာင္တမ်ားကို စိတ္ထဲမွ ဖယ္ရွားလိုက္၏။ ေျပာရလွ်င္ အတိတ္ထဲ ပိတ္မိေနလို႔ အက်ိဳးမရွိေပ။
သူ႔အလိုလိုသိစိတ္က သူ႔နာမည္ကို ထိုစာအုပ္ေပၚတြင္ ေရးထားလိုက္သည္ႏွင့္ ထိခိုက္ႏိုင္ေၾကာင္း ေျပာေနေလသည္။ သူက ယေန႔အထိ အေၾကာင္းအရင္းကို မသိေသာ္လည္း ဆုံးျဖတ္ခ်က္ မွန္ကန္သည္ဟုသာ ယုံၾကည္ေနမိသည္။
ထိုအေတြးမ်ားက ဝမ္ေဝ့၏ စိတ္အတြင္း စကၠန႔္ပိုင္းအတြင္း ျဖတ္ေျပးသြားေလသည္။ သူက ကာကြယ္ေရးစြမ္းအားကို စမ္းသပ္ေနျခင္း မၿပီးဆုံးေသးသလို မ်ားမ်ားစားစားလည္း မသင္ယူရေသးေပ။ ထို႔ေၾကာင့္ သူ႔စမ္းသပ္မႈကို ထပ္မံလုပ္လိုက္သည္။
သူက ေရွာင္စုန႔္ရွီဆီ တစ္ေခါက္ပ်ံသန္းသြားလိုက္သည္။
ဤတစ္ႀကိမ္ ထိုလူက အနည္းငယ္မွ် တုံ႔ျပန္လိုက္ၿပီး ခႏၶာကိုယ္အား ကာကြယ္ဖို႔အတြက္ အနက္ေရာင္အလႊာတစ္ခု ထြက္ေပၚလာသည္။ ကံဆိုးစြာျဖင့္ ဝမ္ေဝ့၏ လက္က ထိုအကာအကြယ္အား အလြယ္တကူ ခ်ိဳးေဖာက္ကာ သူ႔ေခါင္းမွ ဆြဲကိုင္လိုက္သည္။
လက္က သူ႔မ်က္ႏွာအေပၚ က်ေရာက္လာသည္ႏွင့္ ေရွာင္စုန႔္ရွီက သူ႔အား ေခတၱမွ် အင္အားမဲ့သြားေစသည့္ ဖိအားမ်ိဳးကို ခံစားမိလိုက္ၿပီး သူ႔ မူလအဆီအႏွစ္၊ က်င့္ႀကံဆင့္ႏွင့္ ဝိညာဥ္ပင္ ဖိႏွိပ္ခံလိုက္ရသည္။
ထို႔ေနာက္ သူ႔ေနာက္တြင္ အာကာျပင္ အက္ေၾကာင္းတစ္ခု ေပၚထြက္လာၿပီး ဆြဲသြင္းခံလိုက္ရသည္။
ဝမ္ေဝ့က အသေခ်ၤအင္ပါယာကမာၻ၏ အျပင္ဘက္ ေလဟာနယ္အတြင္း ေမ်ာလြင့္ေနေလသည္။ သူက မ်က္ေမွာင္ၾကဳတ္လ်က္ လက္ဗလာအား ၾကည့္လိုက္သည္။ ယခုေလးတင္ သူက ေရွာင္စုန႔္ရွီအား ကမာၻအျပင္သို႔ ဆြဲေခၚကာ ထိုကာကြယ္ေရးစြမ္းအားက အသက္မဲ့ၿပီး သူ႔အား သတ္ႏိုင္လားဟု ၾကည့္ခ်င္မိသည္။
သို႔ေသာ္လည္း လမ္းတစ္ဝက္တြင္ ေရွာင္စုန႔္ရွီ၏ ခႏၶာကိုယ္မွ ထူးဆန္းသည့္ အာကာျပင္ မၿငိမ္သက္မႈ ျဖစ္ေပၚလာၿပီး သူ႔အား အထဲသို႔ ျပန္လည္ဆြဲေခၚသြားေလသည္။ ဝမ္ေဝ့က အထဲသို႔ ျပန္လာၿပီး သူ႔အေပၚ ခ်န္ထားခဲ့သည့္ အမွတ္အသားအတိုင္း ေျခရာခံလိုက္သည္။
ထို႔ေနာက္ သူက အျပင္ဘက္သို႔ ဆြဲထုတ္ရန္ ႀကိဳးစားလိုက္သည္။ သို႔ေသာ္လည္း မည္မွ်ႀကိဳးစားေစကာမူ သူက က်ရႈံးေနဆဲသာ ျဖစ္၏။
ေခတၱမွ်စဥ္းစားလိုက္ၿပီးသည့္ေနာက္တြင္ သူ႔ အစီအစဥ္က မူလ မဟုတ္ေၾကာင္း သေဘာေပါက္သြားသည္။ မေသႏိုင္စြမ္းက က်င့္ႀကံသူအားလုံး အလိုရွိသည့္အရာ ျဖစ္ေပသည္။ သူက လူမ်ားစြာသည္ ထိုစာအုပ္ေပၚရွိ ေကာင္းကင္ေ႐ြးခ်ယ္ခံမ်ားကို ႏွစ္မ်ားစြာ ေလ့လာခဲ့ၿပီးသားျဖစ္မည္မွန္း ေသခ်ာသည္။
သူတို႔၏ မေသမ်ိဳးစြမ္းအားသာမက သူတို႔ကို သတ္ဖို႔ နည္းလမ္းလည္း ရွာေဖြခဲ့ၾကလိမ့္မည္။ သူတို႔ကို ေကာင္းကင္တာအို၏ လႊမ္းမိုးမႈ အျပင္ဘက္သို႔ ေရာက္ဖို႔ ႀကိဳးစားျခင္းက ထိုလူမ်ားကို သတ္ဖို႔ အျဖစ္ႏိုင္ဆုံး နည္းလမ္း ျဖစ္ေပသည္။ သို႔ေသာ္ ထိုအရာကို ေအာင္ျမင္သည္ဟု သတင္းအခ်က္အလက္ မရွိခဲ့ဖူးေပ။
မည္သို႔ပင္ဆိုေစကာမူ ဝမ္ေဝ့က လက္မေလွ်ာ့ခင္ ေနာက္ဆုံးတစ္ခု ႀကိဳးစားၾကည့္ခ်င္မိသည္။
သူက ဂိုဏ္းမွ ထိုလူမ်ားအေပၚ ျပဳလုပ္ထားသည့္ စမ္းသပ္မႈမ်ားအေၾကာင္း ဖတ္ရႈသည္က ပို၍သက္ေရာက္မႈရွိမွန္း သိထားေလသည္။ လွ်ိဳ႕ဝွက္မွတ္တမ္းခန္းတြင္ မွတ္တမ္းမ်ား ရွိသင့္ေပသည္။
သူက လက္ေဝွ႔လိုက္သည့္အခါ ဧဝရတ္ေတာင္ထက္ ဆယ္ဆမက ႀကီးမားသည့္ ေတာင္ႀကီးတစ္လုံး ေပၚထြက္လာၿပီး ေရွာင္စုန႔္ရွီအေပၚ က်ေရာက္သြားသည္။ ထို႔ေနာက္ ေတာင္ပတ္လည္တြင္ သေကၤတမ်ားစြာ ေပၚလာၿပီး စည္းတံဆိပ္ ျဖစ္သြားေလသည္။
သူက ေရွာင္စုန႔္ရွီအား စည္းပိတ္ခ်င္လို၏။ အကယ္၍ သူက ထိုသူအား မသတ္ႏိုင္လွ်င္ပင္ စည္းပိတ္ႏိုင္လားဟု သိခ်င္မိသည္။ အေျဖက အဆိုးဘက္မွ ျဖစ္ေလသည္။ မိနစ္ပိုင္း ၾကာျမင့္ၿပီးသည့္ေနာက္တြင္ ေရွာင္စုန႔္ရွီဆီမွ အာကာျပင္ မၿငိမ္သက္မႈတစ္ခု ထြက္ေပၚလာၿပီး ေတာင္ေရွ႕တြင္ ျပန္လည္ေပၚထြက္လာေလသည္။
ဝမ္ေဝ့က လက္ေဝွ႔လိုက္သည့္အခါ သူ႔ေရွ႕တြင္ ပုတီးေစ့ငယ္တစ္လုံး ေပၚထြက္လာသည္။ ထိုအရာက ကမာၻငယ္တစ္ခုပါဝင္သည့္ ကမာၻငယ္တစ္ခု ျဖစ္ၿပီး အထြတ္အထိပ္အဆင့္ ျဖစ္ေပသည္။
ထိုသူက ေရွာင္စုန႔္ရွီအား အထဲသို႔ စုပ္ယူဖို႔ ႀကိဳးစားလိုက္ၿပီး ေကာင္းကင္တာအိုႏွင့္ ထပ္မံ ခြဲျခားလိုက္သည္။ အထဲရွိ ကမာၻက ေနာက္ထပ္ မိုးေျမဟု ယူဆႏိုင္ေလသည္။
ထို႔အျပင္ အထဲရွိကမာၻက စည္းပိတ္ျခင္း ရည္႐ြယ္ခ်က္အတြက္ အသုံးျပဳျခင္း ျဖစ္ေပသည္။ ကံဆိုးစြာျဖင့္ ထိုအစီအစဥ္ကလည္း က်ရႈံးသြားကာ ေရွာင္စုန႔္ရွီက မိနစ္ပိုင္းၾကာျမင့္ၿပီးသည့္ေနာက္တြင္ သူ႔ေရွ႕ေမွာက္ အေကာင္းအတိုင္း ေပၚထြက္လာသည္။
ဤတစ္ႀကိမ္ ဝမ္ေဝ့က မတိုက္ခိုက္ေတာ့ဘဲ ထိုလူအား တစ္ခ်က္ၾကည့္ၿပီးေနာက္ ထာဝရအိပ္မက္ဂိုဏ္းသို႔ ျပန္သြားေလသည္။
ထိုစဥ္ ေရွာင္စုန႔္ရွီက ေကာင္းကင္အား စိတ္ပ်က္လက္ပ်က္ၾကည့္လိုက္မိသည္။ အေၾကာင္းမွာ သူ ဆက္တိုက္ ေသဆုံးရသလို စည္းပိတ္ခံရျခင္းေၾကာင့္ မဟုတ္ဘဲ အင္အားကြာျခားခ်က္ေၾကာင့္ ျဖစ္၏။
သူ႔ၿပိဳင္ဘက္က သူ႔အား ေဆာ့ကစားေနေသာ္လည္း သူ႔အေနႏွင့္ တတ္ႏိုင္သည့္အရာ မရွိေတာ့ေပ။ အကယ္၍ ေကာင္းကင္တာအို၏ ကာကြယ္ေရးေၾကာင့္သာ မဟုတ္လွ်င္ ဘာမွပင္ မတုံ႔ျပန္ႏိုင္ပဲ ခ်က္ခ်င္း ေသဆုံးသြားလိမ့္မည္။
ဤသို႔ေသာ အင္အားမဲ့မႈႏွင့္ ကူကယ္ရာမဲ့မႈတို႔က ေရွာင္စုန႔္ရွီအား စိတ္ပ်က္ေစၿပီး အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္ မရွိေအာင္ လုပ္ေနေလသည္။
" ငါက မဟာဧကရာဇ္ျဖစ္လာၿပီး အဲဒီလူ ငါ့အေမအေပၚ လုပ္ခဲ့တဲ့အရာကို လက္စားေခ်ဖို႔ အခြင့္အေရး မရွိေတာ့ဘူးလား"
သူက ေကာင္းကင္ကို ေငးေမာေတြေဝစြာ ၾကည့္ေနရင္း အရာအားလုံးက အဓိပၸာယ္မဲ့ေၾကာင္း ႀကိဳးစားေနသည့္ အရာအားလုံးက အသုံးမဝင္ေၾကာင္း ခံစားလာမိသည္။ ထိုစဥ္ သူ႔ေခါင္းထဲ အသံမ်ားစြာ ေပၚထြက္လာၿပီး လက္ေလွ်ာ့ဖို႔ မဟာယဲ့တိုင္းျပည္၏ ေနာက္အုပ္ခ်ဳပ္သူ ျဖစ္ဖို႔ရာသာ အာ႐ုံစိုက္ထားဖို႔ ေျပာဆိုေနသည္။
" မဟုတ္ေသးဘူး။ ငါ့အတြက္ အခြင့္အေရး ရွိရမယ္" ေရွာင္စုန႔္ရွီက ေရ႐ြတ္လိုက္သည္။
" ငါ့ကိုငါ ရန္သူရဲ႕ စြမ္းအားနဲ႔ တိုးျမင့္ေအာင္ လုပ္ၿပီး သူတို႔ကို ဖ်က္ဆီးပစ္ရမယ္"
သူ႔ေခါင္းထဲတြင္ ႐ူးမိုက္သည့္ အစီအစဥ္တစ္ခု ေပၚထြက္လာသည္။
ငါ ပိုင္က်ယ္မ်ိဳးႏြယ္ကို ျပန္ၿပီးေတာ့ သူတို႔ရဲ႕ အရင္းအျမစ္ေတြနဲ႔ ငါ့ရဲ႕ ေသြးမ်ိဳးဆက္ကို အားေကာင္းေအာင္ လုပ္မယ္။ ငါ မဟာဧကရာဇ္ျဖစ္လာတာနဲ႔ သူတို႔မ်ိဳးႏြယ္ကို ဖ်က္ဆီးပစ္ၿပီးေတာ့ အဲဒီလူကို ငါ့အေမရဲ႕ အုတ္ဂူေရွ႕မွာ တစ္သက္လုံး ဒူးေထာက္ခိုင္းမယ္။
သူ႔မ်က္ဝန္းအထက္ ရက္စက္သည့္ အလင္းတန္းတစ္ခ်က္ ျဖတ္ေျပးသြားေလသည္။ သူက အစာေကြၽးသည့္ လက္ကို ျပန္ကိုက္သည့္အေၾကာင္း၊ ေက်းဇူးတရားအေၾကာင္းကို ဂ႐ုမစိုက္ေပ။ သူသာ သူ႔အေမအတြက္ လက္စားေခ်ေပးႏိုင္သေ႐ြ႕ အရာအားလုံး အဆင္ေျပေလသည္။
ထိုအစီအစဥ္အား ခ်မွတ္ၿပီးသည့္ေနာက္တြင္ ေရွာင္စုန႔္ရွီက ထြက္ခြာသြားသည္။
...........
ေနာက္တစ္ရက္တြင္ ဝမ္ေဝ့က ထိုအခ်က္ကို သတိထားမိကာ သူ႔မ်က္ႏွာအထက္ ခပ္ယဲ့ယဲ့အၿပဳံးမ်ိဳး ေပၚထြက္လာေလသည္။
ၾကည့္ရတာ ငါ့အစီအစဥ္က အလုပ္ျဖစ္ပုံပဲ ... မေန႔ညက လႈံ႕ေဆာ္မႈအၿပီးမွာ ေရွာင္စုန႔္ရွီက ပိုၿပီးအားေကာင္းလာခ်င္စိတ္ ေပၚထြက္လာတယ္။ အေကာင္းဆုံးနည္းလမ္းက သူ႔ခႏၶာကိုယ္ထဲက ပင္လယ္မ်ိဳးႏြယ္ရဲ႕ ေသြးမ်ိဳးဆက္ကို အသက္သြင္းဖို႔ပဲ။ အဲဒါေၾကာင့္ သူ႔ရဲ႕ ဇစ္ျမစ္ဆီ ျပန္သြားရလိမ့္မယ္။
ဤသည္က သူ႔တာအိုႏွလုံးသားကို က်ိဳးပဲ့သြားေစၿပီး ဧကရာဇ္လမ္းစဥ္ အဆုံးသတ္သြားႏိုင္ေခ်လည္း ရွိေပသည္။ သို႔ေသာ္လည္း ထိုသို႔ေသာ ၾကမ္းတမ္းသည့္ ပတ္ဝန္းက်င္မ်ိဳးတြင္ ႀကီးထြားလာၿပီးသည့္ေနာက္ ထိုလူက အသက္ရွင္သန္ခဲ့သည္။ သူ႔တာအိုႏွလုံးသားက သာမန္လူမ်ားႏွင့္ မယွဥ္ႏိုင္ေပ။
ဤသည္က ဝမ္ေဝ့ အစကတည္းက အလိုရွိသည့္အရာ ျဖစ္၏။
ေရွာင္စုန႔္ရွီႏွင့္ ပင္လယ္မ်ိဳးႏြယ္၏ ဆက္ႏြယ္မႈ...
တည္ေနရာေၾကာင့္ ပင္လယ္မ်ိဳးႏြယ္အေၾကာင္း သိထားသည့္ အရာမွာ သူတို႔က လူသူမ်ားႏွင့္ ဆက္ဆံရသည္ကို မႀကိဳက္သည့္သူမ်ားဟုသာ သိထားၾကေလသည္။
ႏွစ္မ်ားစြာ ၾကာျမင့္ၿပီးသည့္ေနာက္တြင္ ဂိုဏ္းမ်ားက နည္းလမ္းအမ်ိဳးမ်ိဳးသုံးကာ က်ဴးေက်ာ္ဖို႔ ႀကိဳးစားခဲ့ၾကသည္။ သူလွ်ိဳျဖစ္ေစ၊ အရင္းအျမစ္မ်ား ဖလွယ္ျခင္းျဖစ္ေစ အကုန္ပါဝင္ေလသည္။ သို႔ေသာ္ မည္သူကမွ ပင္လယ္မ်ိဳးႏြယ္ၾကား အားအေကာင္းဆုံး မ်ိဳးႏြယ္ထံ မက်ဴးေက်ာ္ႏိုင္ခဲ့ၾကေပ။
ဝမ္ေဝ့အတြက္မူ သူက သူတို႔အေၾကာင္း စုံစမ္းရသည္ကိုလည္း စိတ္ဝင္စားေလသည္။ အထူးသျဖင့္ သူတို႔မ်ိဳးႏြယ္၏ ေကာင္းကင္ေ႐ြးခ်ယ္ခံမ်ားႏွင့္ ပတ္သက္လာသည့္အခါတြင္ ျဖစ္၏။ သူက ပင္လယ္ေအာက္ရွိ အရင္းအျမစ္မ်ားကိုလည္း စိတ္ဝင္စားမိသည္။
သူ႔အေဖ၏ ေျပာစကားအရ ပင္လယ္သည္ အလယ္ပိုင္းကုန္းေျမထက္ပင္ အရင္းအျမစ္ ပို၍ ႂကြယ္ဝေလသည္။ မဟာဧကရာဇ္မ်ားက ပင္လယ္ထဲ သူတို႔၏ တာအိုအရင္းအျမစ္ကို သန႔္စင္ၿပီး ဧကရာဇ္သတၱဳ .သို႔မဟုတ္ ေဆးပင္ကို ျပဳစုပ်ိဳးေထာင္ႏိုင္ဖို႔ ပစၥည္းမ်ား သြားေရာက္ရွာေဖြစူးစမ္းၾကသည္။
ကံဆိုးစြာျဖင့္ ေရေျမအေနအထား၊ ပင္လယ္မ်ိဳးႏြယ္ႏွင့္ ပင္လယ္၏ က်ယ္ျပန႔္မႈေၾကာင့္ ထိုေနရာရွိ အရင္းအျမစ္မ်ားကို ရွာေဖြဖို႔ ခက္ခဲလာသည္။ ထို႔အျပင္ လူမ်ားစြာက သူတို႔ကို အတားအဆီး မရွိဘဲ လႊတ္ေပးထားလွ်င္ တစ္ရက္က် ပင္လယ္မ်ိဳးႏြယ္သည္ လူသားမ်ိဳးႏြယ္အတြက္ အႏၲရာယ္ ျဖစ္လာလိမ့္မည္ဟု ႀကိဳတင္ျမင္ထားၾကသည္။
ဒီေရွာင္စုန႔္ရွီက အသုံးဝင္တဲ့ နယ္႐ုပ္ျဖစ္လာဖို႔ ေမွ်ာ္လင့္ပါတယ္
ဝမ္ေဝ့ႏွင့္ ယန္းခ်န္တို႔က ဂိုဏ္းခ်ဳပ္ ထန္က်စ္ခ်န္းအား ႏႈတ္ဆက္ၿပီးေနာက္ အိမ္ျပန္သြားၾကေလသည္။ သူက ေကာင္းကင္ဘုံဗိမာန္ကမာၻသို႔ တန္းမသြားဘဲ မိသားစုႏွင့္အတူ တစ္ႏွစ္တာ အခ်ိန္ကုန္ဆုံးလိုက္သည္။
သူက သူတို႔ႏွင့္ မေတြ႕ရသည္မွာ ႏွစ္ ႏွစ္ရာစုေလာက္ရွိသည္ မဟုတ္ပါေလာ။ ထို႔ေၾကာင့္ သူက စိတ္ကို ေလွ်ာ့ထားကာ ကမာၻဦးစိတ္ဝိညာဥ္အဆင့္သို႔ မတက္လွမ္းခင္ အေကာင္းဆုံးအေျခအေနျဖစ္ေအာင္ ျပဳလုပ္လိုက္သည္။ ထိုအခ်ိန္အတြင္း သူက သူ႔အေမဘက္မွ အဘိုး၊ အဘြားမ်ားႏွင့္ စကားေျပာဆိုခဲ့ၿပီး သူ အဆင့္တက္လွမ္းၿပီးသည့္ေနာက္တြင္ ယုမ်ိဳးႏြယ္သို႔ လာေရာက္ ေတြ႕ဆုံမည္ဟု သတိေပးထားခဲ့သည္။
ထို႔ေနာက္ ဝမ္ေဝ့က သူ႔ဝိညာဥ္သည္ ဘာမွစိုးရိမ္ျခင္း မရွိဘဲ ၿငိမ္းေအးေနသည္ကို ခံစားမိသည္ႏွင့္ ေကာင္းကင္ဘုံဗိမာန္ကမာၻသို႔ ထြက္ခြာသြားေတာ့သည္။