ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၇)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၃၆၉) : သူတော်စင်အဆင့် ဆေးဝါးပညာရှင်
ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်ပြီးသည့်နောက်တွင် အံ့ဖွယ်အသိစိတ်ဖြင့် ဆေးလုံးကို ဆက်နွယ်လိုက်သည်။ သင်္ကေတများကို ရေးထွင်းပြီးသည့်နောက် သူက စည်းမျဉ်းစွမ်းအားကို စတင်ခံစားကာ လမ်းညွှန်ပေးလိုက်သည်။
လေ့လာထားသည့် နှစ်များအရ ကျင့်ကြံသူများအနေဖြင့် အံ့ဖွယ်သင်္ကေတများသည် မိုးမြေစည်းမျဉ်း၏ ရုပ်ပိုင်းဆိုင်ရာ ပုံဖော်မှုဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။ ပုံမှန်အားဖြင့် စည်းမျဉ်းကို မမြင်ရသလို သတိပြုမိဖို့လည်း မဖြစ်နိုင်ပေ။
သို့သော်လည်း အံ့ဖွယ်သင်္ကေတများမှတဆင့် စည်းမျဉ်းများသည် ရုပ်ပိုင်းဆိုင်ရာ မြင်တွေ့လာရပြီး လေ့လာနိုင်သည့် သဘောတရား ဖြစ်လာသည်။
အကယ်၍ ဝမ်ဝေ့သာ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ဖြစ်နေပါက သူ့စည်းမျဉ်းကို မိုးမြေစည်းမျဉ်းဖြင့် လိုက်ဖက်ညီအောင် ထိန်းချုပ်ပြီး စည်းမျဉ်းအား ဆေးလုံးထဲရှိ အံ့ဖွယ်သင်္ကေတများဖြင့် ပေါင်းစပ်ဖို့ လမ်းညွှန်ပေးပြီး နောက်ဆုံး အသွင်ပြောင်းမှုကို ကူးပြောင်းရမည် ဖြစ်၏။
ယခု သူက အလိုလိုသိစိတ်၊ ပါရမီနှင့် အာရုံခံများအား အသုံးပြုနေရသည်။ သူက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ဖြစ်နေလျှင်ပင် ထိုဖြစ်စဉ်က ပို၍ လွယ်ကူသွားလောက်သည်။ သို့သော် ယခုတွင် သူက သူ့အာရုံအပေါ်သာ မှီခိုနေရလေသည်။ ကံကောင်းစွာဖြင့် သူက နှစ်နှစ်ရာကြာ လေ့ကျင့်ထားခဲ့သည်။
သူ့ အံ့ဖွယ်အသိစိတ်ဖြင့် သူတို့၏ တုံ့ပြန်မှု ပြင်းအားအရ စည်းမျဉ်းနှင့် သဟဇာတ ညီ၊ မညီကို ခံစားပြီး ပေါင်းစပ်ဖို့ လမ်းညွှန်ပေးရသည်။ ထိုဖြစ်စဉ်က ရက်အနည်းငယ် ကြာမြင့်ခဲ့သည်။ အဆုံးသတ်တွင် သူက ဖြူဖျော့ရုံသာမက ပိန်ပါပိန်သွားလေသည်။
ဤသည်က ဝိညာဉ်စွမ်းအားသာမက သူ့မူလအဆီအနှစ်ပါ သုံးစွဲမှုလွန်ကဲခြင်း၏ လက္ခဏာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူက ဆေးလုံးများအား ဆန်စေ့လို ဝါးစားပြီးသည့်နောက်တွင် အောင်မြင်ခဲ့လေသည်။ သူ ပြီးဆုံးသွားသည့်အခါ ဆေးလုံးမှ လျှို့ဝှက်ဆန်းကြယ် အလင်းတစ်ခု ထွက်ပေါ်လာပြီး ထူးခြားသည့် သဘာဝအား ပြသနေလေသည်။
အကဲဖြတ်ဒိုင်အားလုံးက အသက်အောင့်ကာ ကြည့်လိုက်ကြပြီးနောက် စစ်ဆေးမှု၏ နောက်ဆုံးအဆင့်ဖြစ်သည့် ဆေးလုံးစမ်းသပ်ချက်ကို စောင့်မျှော်နေကြသည်။ အားလုံးက သူတို့မျက်နှာအထက်တွင် အားတက်သရော အမူအရာမျိုး ရှိနေကြသည်။ ဖူချိုက်ယွင်ကမူ ခြွင်းချက် ဖြစ်၏။
သူ့မျက်နှာက မတည်ငြိမ်ကာ မထူးမခြားနား ဖြစ်နေသည်။ သူ့ စိတ်ခံစားချက် သိသာသည့် တစ်ခုတည်းသောအရာမှာ သူဝတ်ရုံအောက်မှ လက်ကို တင်းတင်းဆုပ်ထားခြင်းသာ ဖြစ်၏။
သူ့မျိုးဆက်အတွင်း သူက အံ့ဖွယ်ခန္ဓာကိုယ်အဆင့်ဖြင့် သူတော်စင်အဆင့် ဆေးဝါးပညာရှင် ဖြစ်လာခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်ပေသည်။ ထိုအချိန်တွင် သူက လက်ရှိ လော့ချန်လိုမျိုး အခြေအနေ ဆိုးရွားခဲ့လေသည်။ သို့သော် သူက လော့ချန်ထက် ပိုမိုအားကောင်းသည့် ဝိညာဉ်ရှိထားပြီး ဝိညာဉ်စွမ်းအားလည်း ပို၍ များပြားလေသည်။ ကံဆိုးစွာဖြင့် ထိုအချက်က သူ့အား မပျော်ရွှင်စေပေ။ ထိုသို့သော ပုံမှန်ဝိညာဉ်မျိုးဖြင့် လော့ချန်က သူနှင့် အတူတူ အောင်မြင်မှုမျိုးကို ရယူနိုင်ခဲ့သောကြောင့် သူ့ပါရမီက ပို၍ကောင်းကြောင်း ပြသနေလေသည်။
ဝိညာဉ် လိုအပ်ချက်နှင့် ပတ်သက်လာသည့်အခါ ဧကရာဇ်မျိုးနွယ်စုအနေနှင့် မူလဆေးလုံးတာအိုဂိုဏ်းက လော့ချန်အတွက် အမှီလိုက်နိုင်မည့် နည်းလမ်းများ ရှိလေသည်။ ထိုအရာကို တွေးကာ ဖူချိုက်ယွင်၏ စိတ်အတွင်း သတ်ဖြတ်လိုစိတ် တစ်ချက် ဖြတ်ပြေးသွားလေ၏။
ဒီလော့ချန်ကို လွှတ်ထားလို့ မဖြစ်တော့ဘူး
သူက သူ့ဘာသာသူ တွေးလိုက်မိသည်။ သို့သော်လည်း သူ့မျက်နှာအမူအရာက မပြောင်းမလဲ ကျန်ရှိနေပြီး သူ့ သတ်ဖြတ်ငွေ့ပင် ထုတ်ပြခြင်း မရှိပေ။
ကမ္ဘာရှိ ပါရမီကောင်းသည့် ဆေးဝါးပညာရှင်များက အကြောင်းအရင်း တစ်ချက်ကြောင့် အဆင့်အတန်း မြင့်မားလေသည်။ ထိုအရာက အင်မော်တယ်ဆေးလုံး ဖြစ်၏။
ဆေးဝါးပညာရှင်များ၏ ကန့်သတ်ချက်က အဆင့်(၆) ဆေးဝါးပညာရှင် ဖြစ်ပေသည်။ ဧကရာဇ်ဆေးလုံးက မဟာတာအိုအရင်းအမြစ်၏ စွမ်းအား ပါဝင်နေသည့်အတွက် မဟာဧကရာဇ်များနှင့် တာအိုအရှင်များသာ ထိုသို့သော စွမ်းအားမျိုး ရှိကြသည်။
မဟာဧကရာဇ်များက သူတို့၏ မဟာတာအိုအရင်းအမြစ်ကို တိုက်ရိုက်ထိန်းချုပ်နိုင်စဉ် တာအိုအရှင်များက ထိုစွမ်းအားကို ငှားယူနိုင်လေသည်။ သူတို့လုပ်နိုင်သည့် ဆေးလုံးက ဧကရာဇ်အဆင့် ဆေးလုံးနှင့် တာအိုဆေးလုံးဟူ၍ အဆင့်ပြန်ခွဲခြားထားသည်။
ထိုဆေးလုံးနှစ်လုံး၏ ပြဿနာကား မဟာဧကရာဇ် သို့မဟုတ် တာအိုအရှင်တိုင်းက ဖော်စပ်နိုင်ခြင်း မဟုတ်ပေ။ အကယ်၍ သူတို့ဆေးဝါးပညာရှင် မဟုတ်သလို ဆေးဝါးပါရမီ မရှိပါက သူတို့ဖော်စပ်သည့် ဆေးလုံးက အတုအယောင် ဧကရာဇ်ဆေးလုံးဟုသာ ယူဆနိုင်လေသည်။
နှစ်များစွာ ကြာမြင့်ပြီးသည့်အခါ ကျင့်ကြံသူများက ထိုသို့သော အခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းရှာဖွေခဲ့ကြသည်။ ဆေးဝါးပညာရှင် တစ်ယောက်က ပြီးပြည့်စုံသည့် ဧကရာဇ်တစ်ပိုင်း ဆေးလုံးကို ဖော်စပ်နိုင်သရွေ့ မဟာဧကရာဇ် သို့မဟုတ် တာအိုအရှင်များက ထိုဆေးလုံးအား မဟာတာအို အရင်းအမြစ်အဖြစ် ဆေးကြောပေးလိုက်သရွေ့ ဆေးလုံးသည် တာအို သို့မဟုတ် ဧကရာဇ်အဆင့် ဆေးလုံးအဖြစ် ဆင့်ကဲပြောင်းလဲလာနိုင်သည်။
ဤတွေ့ရှိချက်က ကိစ္စအကြီးကြီး ဖြစ်သော်လည်း ကမ္ဘာကြီးက ရက်စက်ကာ မမျှတကြောင်း ပြသနေလေသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ ဆေးဝါးပညာရှင်များက သူတို့တစ်ဘဝလုံး သူတို့၏ အောင်မြင်မှုများက သတ်မှတ်ပြီးသားဖြစ်ကြောင်း သဘောပေါက်ခဲ့ကြသည်။
မှီခိုစရာ ဧကရာဇ် မရှိဘဲ သူတို့က အဆင့် ၇ ဆေးလုံးကို ဘယ်တော့မှ ဖော်စပ်နိုင်မည် မဟုတ်ပေ။ ဤသည်က လူများစွာ၏ တာအိုနှလုံးသားကို ဖျက်ဆီးပစ်နိုင်သည့် စိတ်ပျက်ဖွယ် အမှန်တရားတစ်ခု ဖြစ်ပေသည်။ တစ်ချိန်တည်းဆိုသလို အဆောင်ပြုလုပ်သူနှင့် တခြားသော ကျွမ်းကျင်အတတ်ပညာရှင် အများစုကလည်း ဘဝ၏ ရည်မှန်းချက်၊ ဘဝ၏ လမ်းကြောင်း ပျောက်ဆုံးသွားကြသည်။ သို့သော်လည်း ကောလဟာလတစ်ခုက ထိုအတတ်ပညာရှင်များထံ မျှော်လင့်ချက် ယူဆောင်ပေးလာသည်။
တခြားကမ္ဘာအသိုင်းအဝိုင်းတစ်ခုမှ ပါရမီပါသူက ဧကရာဇ်တစ်ပိုင်း အဆင့်ဖြင့် အင်မော်တယ်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့လေသည်။ ထိုလူက ထိုဆေးလုံးအား အသုံးချကာ မဟာဧကရာဇ်၏ အကူအညီ မရှိဘဲ ထာဝရအရှင်တစ်ပါး ဖြစ်လာခဲ့၏။
ကျင့်ကြံရေးလောကက ထိုသတင်းကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်သွားကာ အလိမ်အညာဟု တွေးခဲ့ကြသည်။ သို့သော်လည်း တခြားကမ္ဘာအသိုင်းအဝိုင်း တစ်ခုကို သွားလာနိုင်သည့် ဧကရာဇ်မျိုးနွယ်စုများက ထိုသတင်းသည် အမှန်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ထို့ကြောင့် ထိုကျွမ်းကျင်အတတ်ပညာဆိုင်ရာ ပညာရှင်များက ရူးသွပ်ကုန်ကြသည်။ ဤသည်မှာ သူတို့၏ ကံကြမ္မာကို ထိန်းချုပ်ပြီး မဟာဧကရာဇ်များ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ဖို့အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လေသည်။ ထိုစဉ်အချိန်မှစ၍ ကျွမ်းကျင် အတတ်ပညာရှင်များသည် အင်မော်တယ်အဆင့် ထုတ်ကုန်ကို ဖန်တီးနိုင်ဖို့အတွက် ရည်မှန်းချက် ဖြစ်လာခဲ့ကြသည်။
ထိုလမ်းစဉ်က နှစ်များစွာ ကြာပြီးသည့်နောက်တွင် မအောင်မြင်ဘဲ တဖြည်းဖြည်း မှေးမှိန်သွားလေသည်။ လူများစွာက ဧကရာဇ်မျိုးနွယ်များသည် ကမ္ဘာရှိ ကျွမ်းကျင်အတတ်ပညာရှင်များကို လှုံ့ဆော်ပေးဖို့အတွက် လိမ်ညာခဲ့သည်ဟု ယူဆခဲ့ကြသည်။
ထို့နောက် အလယ်အလတ် ဧကရာဇ်ခေတ်ကာတွင် အသင်္ချေအင်ပါယာကမ္ဘာ၏ လေလွင့်ကျင့်ကြံသူ ဆေးဝါးပညာရှင် တစ်ယောက်က အောင်မြင်ခဲ့သည်။ အတိအကျဆိုရလျှင် သူမက တစ်စိတ်တစ်ပိုင်း အောင်မြင်ခဲ့လေသည်။ သူမက စကြဝဠာမှ မသေမျိုးချီကို ဆွဲဆောင်နိုင်မည့် ဆေးလုံးကို ဖန်တီးနိုင်ခဲ့သည်။
ကံဆိုးစွာဖြင့် ထိုဆေးလုံးက စမ်းသပ်ချက် ကျရှုံးကာ မပြီးမြောက်သေးသည့် ထုတ်ကုန် ဖြစ်သွားလေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာကို မျိုချပြီးနောက်တွင် သူမ၏ ခန္ဓာကိုယ်က မသေမျိုး အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ သူမ၏ သက်တမ်းက သိသိသာသာ တိုးတက်သွားလေသည်။
သိပ်မကြာခင် သူမက ကမ္ဘာမှ ပျောက်ကွယ်သွားလေ၏။ လူများစွာက သူမသည် မဟာဧကရာဇ်များ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားသည်ကို မကြိုက်ကြသည့် လူများ၏ လက်ချက်ဖြင့် သေဆုံးသွားသည်ဟု ထင်ကြသည်။ လူများစွာကမူ သူမသည် မဟာဧကရာဇ်များ ပျောက်ကွယ်သွားသည့်နေရာသို့ ထွက်သွားသည်ဟု ယုံကြည်ကြသည်။ သူမက အမွေအနှစ်ကို ချန်မထားခဲ့သည်မှာ နှမြောဖွယ်ကောင်းလှသည်။
သို့သော်လည်း သူမ၏ အောင်မြင်မှုက လူများသည် သူတို့ရှေ့ဆက်ရမည့် လမ်းကြောင်းရှိကြောင်း ပြသနေလေ၏။ ရလဒ်အနေဖြင့် ပါရမီပါသည့် ဖူချိုက်ယွင်ကဲ့သို့ ကျွမ်းကျင်အတတ်ပညာဆိုင်ရာ ပညာရှင်များက ကမ္ဘာတွင် အဆင့်အတန်း မြင့်မားကြပြီး သူတို့၏ ဟာကွက်က မည်သို့ပင်ဖြစ်စေကာမူ သည်းခံကြရသည်။
ဤသည်က ကျွမ်းကျင်အတတ်ပညာဆိုင်ရာ အသီးသီး၏ အဖွဲ့အစည်းများကို ဖန်တီးခဲ့သည့် အကြောင်းအရင်း တစ်ချက်လည်း ဖြစ်ပေသည်။ ထိုအရာက အဆင့်(၇) အင်မော်တယ် ကျွမ်းကျင်အတတ်ပညာကို ဖန်တီးပြီး အတွေးအခေါ်များ လဲလှယ်နိုင်ဖို့ရာ ဖြစ်သည်။
..................
ဝမ်ဝေ့၏ ဆေးလုံးက စည်းမျဉ်းဆေးကြောမှု ခံယူပြီးသည့်နောက်တွင် ကောင်းကင်သို့ ချက်ချင်းပျံတက်သွားသည်။ ထိုစဉ် အဖွဲ့အစည်း၏ ပင်မဌာနအထက် တိမ်တိုက်များ စတင်စုစည်းလာလေ၏။ ထိုဖြစ်စဉ်က တစ်နာရီကျော် ကြာမြင့်ခဲ့၏။
နောက်ဆုံးတွင် မိုးကြိုးချက်က ဆေးလုံးအပေါ် ကျရောက်လာလေ၏။
ဆေးလုံးစမ်းသပ်ချက်နှင့် ပတ်သက်လာသည့်အခါ ကျင့်ကြံသူများက သူတို့၏ ဆေးလုံးကို အောင်မြင်ဖို့ ကူညီတတ်ကြသည်။ သို့သော်လည်း စစ်ဆေးမှုစည်းမျဉ်းအရ ထိုအရာကို ခွင့်ပြုမထားပေ။
အကြောင်းမှာ စမ်းသပ်ချက်က မိုးမြေ၏ ဆေးလုံးအပေါ် စစ်ဆေးမှုဖြစ်၍ ဖြစ်သည်။ စမ်းသပ်ချက်က အမြဲလိုလို မိုးကြိုးပုံသဏ္ဌာန်အဖြစ် ရောက်ရှိလာလေ့ရှိပြီး ဆေးလုံး၏ စွမ်းဆောင်နိုင်ရည်နှင့် ထိုက်တန်မှုတို့ကို စမ်းသပ်လေသည်။
အကယ်၍ ဆေးလုံးက ထိုဖြစ်စဉ်ကို ကျော်ဖြတ်နိုင်လျှင် မိုးကြိုးက ကံကြမ္မာကောင်း စွမ်းအားဖြင့် ပြောင်းလဲသွားကာ ဆေးလုံးအား အားဖြည့်ပေးပြီး အရည်အသွေးနှင့် စွမ်းဆောင်ရည်ကိုပါ တိုးမြင့်သွားစေလိမ့်မည်။
အားလုံးက ဝေဟင်ရှိ ဆေးလုံးကို အားတက်သရော ကြည့်နေကြစဉ် ဝမ်ဝေ့က ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ကုသနေလေသည်။ မည်သို့ပင်ဆိုစေကာမူ သူ့အနေနှင့် တတ်နိုင်သည့်အရာ မရှိပေ။
အဖွဲ့အစည်း၏ စည်းမျဉ်းများအရ သူတော်စင်အဆင့် စစ်ဆေးမှုသည် သူတို့ဆေးလုံး ဖော်စပ်ဖို့အတွက် အကြိမ်ရေနှစ်ဆယ် ကြိုးစားခွင့် ရှိလေသည်။ သူတို့က တစ်ကြိမ် အောင်မြင်သည်နှင့် ဆေးလုံးအရည်အသွေးက သာမန်ဖြစ်စေကာမူ စစ်ဆေးမှု အောင်မြင်လိမ့်မည် ဖြစ်၏။
ထို့ကြောင့် ပါရမီရှင်အဆင့် ဆေးဝါးပညာရှင် ဖြစ်လာဖို့အတွက် ငါးရာခိုင်နှုန်း အောင်မြင်နိုင်ချေသာ လိုအပ်လေသည်။
နာရီအနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ကောင်းကင်ရှိ တိမ်တိုက်များက ပျောက်ကွယ်သွားကာ ကောင်းချီးပေးသည့် တိမ်တိုက်များ ပေါ်ထွက်လာပြီး ဆေးလုံးအနား ဝန်းရံနေလေသည်။
" အောင်တယ်" အကဲဖြတ်ဒိုင်တစ်ယောက်က ပြောလိုက်သည်။
ထို့နောက် အကဲဖြတ်ဒိုင် ၈ယောက်လုံးက ကောင်းကင်တွင် ပေါ်လာကာ ဆေးလုံးကို ကြည့်လိုက်ကြသည်။
" ဒါက ထိပ်တန်းသာမန် အရည်အသွေးပဲ။ ဒါကို အထွတ်အထိပ်တစ်ပိုင်း အရည်အသွေးလို့တောင် သတ်မှတ်နိုင်တယ်။"
ဤအချက်က တခြားဒိုင်များအား အံ့အားသင့်သွားစေသည်။ စည်းမျဉ်းအရ ဝမ်ဝေ့က နိမ့်ကျ အရည်အသွေးဆေးလုံးကို ဖော်စပ်နိုင်လျှင်ပင် သူက သူ့ကျင့်ကြံဆင့် နိမ့်ကျမှုကြောင့် အောင်မြင်ဦးမည်သာ ဖြစ်၏။
ပို၍အရေးကြီးသည်က ထိုဆေးဝါးပညာရှင်များသည် ဆေးလုံးသည် အရည်အသွေး မမြင့်မားသည်မှာ ဝမ်ဝေ့၏ သန့်စင်ရေး ဖြစ်စဉ်ကြောင့် မဟုတ်ဘဲ ဝိညာဉ်စွမ်းအား ပြန်လည်ဖြည့်ဆည်းဖို့အတွက် သင်္ကေတရေးထိုးရာတွင် ခဏတိုင်း ရပ်တန့်ရသည့် အကျိုးဆက်ကြောင့် ဖြစ်မှန်း သိကြသည်။
သူတော်စင်အဆင့်များအား သူတို့၏ ပိုင်နက်ကို ချဲ့ထွင်ပြီး တိုက်ခိုက်စွမ်းရည်ကို ယာယီမြှင့်တင်ပေးနိုင်သည့် ပိုင်နက်ချဲ့ထွင်ရေး ဆေးလုံးကို လေ့လာပြီးနောက် သူတို့က အလျင်အမြန် ထွက်ခွာသွားသည့် ဖူချိုက်ယွင်အား မကြည့်ဘဲ မနေနိုင်ကြပေ။
သူတို့သိထားသလောက် ဖူချိုက်ယွင်သည် သူ့မျိုးဆက်အတွင်း ထိပ်တန်း နိမ့်ကျ အရည်အသွေးဆေးလုံးကိုသာ ဖော်စပ်နိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့က ဘာမှမပြောကြပေ။ ထိုအစား သူတို့က ဂိုဏ်းချုပ်ယဲ့လောင်အား ဤသို့သော အလားအလာကောင်းပြီး ပါရမီရှိသည့် တပည့်အား ပြုစုပျိုးထောင်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုနေကြသည်။
ဝမ်ဝေ့အတွက်မူ သူက ပြန်လည်အားဖြည့်နေရာမှ မျက်လုံးအနည်းငယ် ဖွင့်ကာ စစ်ဆေးကြည့်လိုက်သည်။
ပထမခြေလှမ်းတော့ ပြီးသွားပြီ။ နောက်ခြေလှမ်းစလိုက်ကြရအောင် ...
**********
ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၂၇)
မူရင္းေရးသားသူ - lazySageDao
ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)
အခန္း (၃၆၉) : သူေတာ္စင္အဆင့္ ေဆးဝါးပညာရွင္
ဝမ္ေဝ့က မ်က္လုံးဖြင့္လိုက္ၿပီးသည့္ေနာက္တြင္ အံ့ဖြယ္အသိစိတ္ျဖင့္ ေဆးလုံးကို ဆက္ႏြယ္လိုက္သည္။ သေကၤတမ်ားကို ေရးထြင္းၿပီးသည့္ေနာက္ သူက စည္းမ်ဥ္းစြမ္းအားကို စတင္ခံစားကာ လမ္းၫႊန္ေပးလိုက္သည္။
ေလ့လာထားသည့္ ႏွစ္မ်ားအရ က်င့္ႀကံသူမ်ားအေနျဖင့္ အံ့ဖြယ္သေကၤတမ်ားသည္ မိုးေျမစည္းမ်ဥ္း၏ ႐ုပ္ပိုင္းဆိုင္ရာ ပုံေဖာ္မႈျဖစ္ေၾကာင္း ေကာက္ခ်က္ခ်ခဲ့ၾကသည္။ ပုံမွန္အားျဖင့္ စည္းမ်ဥ္းကို မျမင္ရသလို သတိျပဳမိဖို႔လည္း မျဖစ္ႏိုင္ေပ။
သို႔ေသာ္လည္း အံ့ဖြယ္သေကၤတမ်ားမွတဆင့္ စည္းမ်ဥ္းမ်ားသည္ ႐ုပ္ပိုင္းဆိုင္ရာ ျမင္ေတြ႕လာရၿပီး ေလ့လာႏိုင္သည့္ သေဘာတရား ျဖစ္လာသည္။
အကယ္၍ ဝမ္ေဝ့သာ ေလဟာနယ္ၿဖိဳခြင္းျခင္းအဆင့္ ျဖစ္ေနပါက သူ႔စည္းမ်ဥ္းကို မိုးေျမစည္းမ်ဥ္းျဖင့္ လိုက္ဖက္ညီေအာင္ ထိန္းခ်ဳပ္ၿပီး စည္းမ်ဥ္းအား ေဆးလုံးထဲရွိ အံ့ဖြယ္သေကၤတမ်ားျဖင့္ ေပါင္းစပ္ဖို႔ လမ္းၫႊန္ေပးၿပီး ေနာက္ဆုံး အသြင္ေျပာင္းမႈကို ကူးေျပာင္းရမည္ ျဖစ္၏။
ယခု သူက အလိုလိုသိစိတ္၊ ပါရမီႏွင့္ အာ႐ုံခံမ်ားအား အသုံးျပဳေနရသည္။ သူက ကမာၻဦးစိတ္ဝိညာဥ္အဆင့္ ျဖစ္ေနလွ်င္ပင္ ထိုျဖစ္စဥ္က ပို၍ လြယ္ကူသြားေလာက္သည္။ သို႔ေသာ္ ယခုတြင္ သူက သူ႔အာ႐ုံအေပၚသာ မွီခိုေနရေလသည္။ ကံေကာင္းစြာျဖင့္ သူက ႏွစ္ႏွစ္ရာၾကာ ေလ့က်င့္ထားခဲ့သည္။
သူ႔ အံ့ဖြယ္အသိစိတ္ျဖင့္ သူတို႔၏ တုံ႔ျပန္မႈ ျပင္းအားအရ စည္းမ်ဥ္းႏွင့္ သဟဇာတ ညီ၊ မညီကို ခံစားၿပီး ေပါင္းစပ္ဖို႔ လမ္းၫႊန္ေပးရသည္။ ထိုျဖစ္စဥ္က ရက္အနည္းငယ္ ၾကာျမင့္ခဲ့သည္။ အဆုံးသတ္တြင္ သူက ျဖဴေဖ်ာ့႐ုံသာမက ပိန္ပါပိန္သြားေလသည္။
ဤသည္က ဝိညာဥ္စြမ္းအားသာမက သူ႔မူလအဆီအႏွစ္ပါ သုံးစြဲမႈလြန္ကဲျခင္း၏ လကၡဏာ ျဖစ္သည္။
မည္သို႔ပင္ဆိုေစကာမူ သူက ေဆးလုံးမ်ားအား ဆန္ေစ့လို ဝါးစားၿပီးသည့္ေနာက္တြင္ ေအာင္ျမင္ခဲ့ေလသည္။ သူ ၿပီးဆုံးသြားသည့္အခါ ေဆးလုံးမွ လွ်ိဳ႕ဝွက္ဆန္းၾကယ္ အလင္းတစ္ခု ထြက္ေပၚလာၿပီး ထူးျခားသည့္ သဘာဝအား ျပသေနေလသည္။
အကဲျဖတ္ဒိုင္အားလုံးက အသက္ေအာင့္ကာ ၾကည့္လိုက္ၾကၿပီးေနာက္ စစ္ေဆးမႈ၏ ေနာက္ဆုံးအဆင့္ျဖစ္သည့္ ေဆးလုံးစမ္းသပ္ခ်က္ကို ေစာင့္ေမွ်ာ္ေနၾကသည္။ အားလုံးက သူတို႔မ်က္ႏွာအထက္တြင္ အားတက္သေရာ အမူအရာမ်ိဳး ရွိေနၾကသည္။ ဖူခ်ိဳက္ယြင္ကမူ ႁခြင္းခ်က္ ျဖစ္၏။
သူ႔မ်က္ႏွာက မတည္ၿငိမ္ကာ မထူးမျခားနား ျဖစ္ေနသည္။ သူ႔ စိတ္ခံစားခ်က္ သိသာသည့္ တစ္ခုတည္းေသာအရာမွာ သူဝတ္႐ုံေအာက္မွ လက္ကို တင္းတင္းဆုပ္ထားျခင္းသာ ျဖစ္၏။
သူ႔မ်ိဳးဆက္အတြင္း သူက အံ့ဖြယ္ခႏၶာကိုယ္အဆင့္ျဖင့္ သူေတာ္စင္အဆင့္ ေဆးဝါးပညာရွင္ ျဖစ္လာခဲ့သည့္ တစ္ဦးတည္းေသာသူ ျဖစ္ေပသည္။ ထိုအခ်ိန္တြင္ သူက လက္ရွိ ေလာ့ခ်န္လိုမ်ိဳး အေျခအေန ဆိုး႐ြားခဲ့ေလသည္။ သို႔ေသာ္ သူက ေလာ့ခ်န္ထက္ ပိုမိုအားေကာင္းသည့္ ဝိညာဥ္ရွိထားၿပီး ဝိညာဥ္စြမ္းအားလည္း ပို၍ မ်ားျပားေလသည္။ ကံဆိုးစြာျဖင့္ ထိုအခ်က္က သူ႔အား မေပ်ာ္႐ႊင္ေစေပ။ ထိုသို႔ေသာ ပုံမွန္ဝိညာဥ္မ်ိဳးျဖင့္ ေလာ့ခ်န္က သူႏွင့္ အတူတူ ေအာင္ျမင္မႈမ်ိဳးကို ရယူႏိုင္ခဲ့ေသာေၾကာင့္ သူ႔ပါရမီက ပို၍ေကာင္းေၾကာင္း ျပသေနေလသည္။
ဝိညာဥ္ လိုအပ္ခ်က္ႏွင့္ ပတ္သက္လာသည့္အခါ ဧကရာဇ္မ်ိဳးႏြယ္စုအေနႏွင့္ မူလေဆးလုံးတာအိုဂိုဏ္းက ေလာ့ခ်န္အတြက္ အမွီလိုက္ႏိုင္မည့္ နည္းလမ္းမ်ား ရွိေလသည္။ ထိုအရာကို ေတြးကာ ဖူခ်ိဳက္ယြင္၏ စိတ္အတြင္း သတ္ျဖတ္လိုစိတ္ တစ္ခ်က္ ျဖတ္ေျပးသြားေလ၏။
ဒီေလာ့ခ်န္ကို လႊတ္ထားလို႔ မျဖစ္ေတာ့ဘူး
သူက သူ႔ဘာသာသူ ေတြးလိုက္မိသည္။ သို႔ေသာ္လည္း သူ႔မ်က္ႏွာအမူအရာက မေျပာင္းမလဲ က်န္ရွိေနၿပီး သူ႔ သတ္ျဖတ္ေငြ႕ပင္ ထုတ္ျပျခင္း မရွိေပ။
ကမာၻရွိ ပါရမီေကာင္းသည့္ ေဆးဝါးပညာရွင္မ်ားက အေၾကာင္းအရင္း တစ္ခ်က္ေၾကာင့္ အဆင့္အတန္း ျမင့္မားေလသည္။ ထိုအရာက အင္ေမာ္တယ္ေဆးလုံး ျဖစ္၏။
ေဆးဝါးပညာရွင္မ်ား၏ ကန႔္သတ္ခ်က္က အဆင့္(၆) ေဆးဝါးပညာရွင္ ျဖစ္ေပသည္။ ဧကရာဇ္ေဆးလုံးက မဟာတာအိုအရင္းအျမစ္၏ စြမ္းအား ပါဝင္ေနသည့္အတြက္ မဟာဧကရာဇ္မ်ားႏွင့္ တာအိုအရွင္မ်ားသာ ထိုသို႔ေသာ စြမ္းအားမ်ိဳး ရွိၾကသည္။
မဟာဧကရာဇ္မ်ားက သူတို႔၏ မဟာတာအိုအရင္းအျမစ္ကို တိုက္႐ိုက္ထိန္းခ်ဳပ္ႏိုင္စဥ္ တာအိုအရွင္မ်ားက ထိုစြမ္းအားကို ငွားယူႏိုင္ေလသည္။ သူတို႔လုပ္ႏိုင္သည့္ ေဆးလုံးက ဧကရာဇ္အဆင့္ ေဆးလုံးႏွင့္ တာအိုေဆးလုံးဟူ၍ အဆင့္ျပန္ခြဲျခားထားသည္။
ထိုေဆးလုံးႏွစ္လုံး၏ ျပႆနာကား မဟာဧကရာဇ္ သို႔မဟုတ္ တာအိုအရွင္တိုင္းက ေဖာ္စပ္ႏိုင္ျခင္း မဟုတ္ေပ။ အကယ္၍ သူတို႔ေဆးဝါးပညာရွင္ မဟုတ္သလို ေဆးဝါးပါရမီ မရွိပါက သူတို႔ေဖာ္စပ္သည့္ ေဆးလုံးက အတုအေယာင္ ဧကရာဇ္ေဆးလုံးဟုသာ ယူဆႏိုင္ေလသည္။
ႏွစ္မ်ားစြာ ၾကာျမင့္ၿပီးသည့္အခါ က်င့္ႀကံသူမ်ားက ထိုသို႔ေသာ အေျခအေနကို ေျဖရွင္းဖို႔ နည္းလမ္းရွာေဖြခဲ့ၾကသည္။ ေဆးဝါးပညာရွင္ တစ္ေယာက္က ၿပီးျပည့္စုံသည့္ ဧကရာဇ္တစ္ပိုင္း ေဆးလုံးကို ေဖာ္စပ္ႏိုင္သေ႐ြ႕ မဟာဧကရာဇ္ သို႔မဟုတ္ တာအိုအရွင္မ်ားက ထိုေဆးလုံးအား မဟာတာအို အရင္းအျမစ္အျဖစ္ ေဆးေၾကာေပးလိုက္သေ႐ြ႕ ေဆးလုံးသည္ တာအို သို႔မဟုတ္ ဧကရာဇ္အဆင့္ ေဆးလုံးအျဖစ္ ဆင့္ကဲေျပာင္းလဲလာႏိုင္သည္။
ဤေတြ႕ရွိခ်က္က ကိစၥအႀကီးႀကီး ျဖစ္ေသာ္လည္း ကမာၻႀကီးက ရက္စက္ကာ မမွ်တေၾကာင္း ျပသေနေလသည္။ ကမာၻတစ္ဝန္းလုံးရွိ ေဆးဝါးပညာရွင္မ်ားက သူတို႔တစ္ဘဝလုံး သူတို႔၏ ေအာင္ျမင္မႈမ်ားက သတ္မွတ္ၿပီးသားျဖစ္ေၾကာင္း သေဘာေပါက္ခဲ့ၾကသည္။
မွီခိုစရာ ဧကရာဇ္ မရွိဘဲ သူတို႔က အဆင့္ ၇ ေဆးလုံးကို ဘယ္ေတာ့မွ ေဖာ္စပ္ႏိုင္မည္ မဟုတ္ေပ။ ဤသည္က လူမ်ားစြာ၏ တာအိုႏွလုံးသားကို ဖ်က္ဆီးပစ္ႏိုင္သည့္ စိတ္ပ်က္ဖြယ္ အမွန္တရားတစ္ခု ျဖစ္ေပသည္။ တစ္ခ်ိန္တည္းဆိုသလို အေဆာင္ျပဳလုပ္သူႏွင့္ တျခားေသာ ကြၽမ္းက်င္အတတ္ပညာရွင္ အမ်ားစုကလည္း ဘဝ၏ ရည္မွန္းခ်က္၊ ဘဝ၏ လမ္းေၾကာင္း ေပ်ာက္ဆုံးသြားၾကသည္။ သို႔ေသာ္လည္း ေကာလဟာလတစ္ခုက ထိုအတတ္ပညာရွင္မ်ားထံ ေမွ်ာ္လင့္ခ်က္ ယူေဆာင္ေပးလာသည္။
တျခားကမာၻအသိုင္းအဝိုင္းတစ္ခုမွ ပါရမီပါသူက ဧကရာဇ္တစ္ပိုင္း အဆင့္ျဖင့္ အင္ေမာ္တယ္ေဆးလုံးကို ေဖာ္စပ္ႏိုင္ခဲ့ေလသည္။ ထိုလူက ထိုေဆးလုံးအား အသုံးခ်ကာ မဟာဧကရာဇ္၏ အကူအညီ မရွိဘဲ ထာဝရအရွင္တစ္ပါး ျဖစ္လာခဲ့၏။
က်င့္ႀကံေရးေလာကက ထိုသတင္းေၾကာင့္ ႐ုန္းရင္းဆန္ခတ္ ျဖစ္သြားကာ အလိမ္အညာဟု ေတြးခဲ့ၾကသည္။ သို႔ေသာ္လည္း တျခားကမာၻအသိုင္းအဝိုင္း တစ္ခုကို သြားလာႏိုင္သည့္ ဧကရာဇ္မ်ိဳးႏြယ္စုမ်ားက ထိုသတင္းသည္ အမွန္ျဖစ္ေၾကာင္း အတည္ျပဳခဲ့သည္။
ထို႔ေၾကာင့္ ထိုကြၽမ္းက်င္အတတ္ပညာဆိုင္ရာ ပညာရွင္မ်ားက ႐ူးသြပ္ကုန္ၾကသည္။ ဤသည္မွာ သူတို႔၏ ကံၾကမၼာကို ထိန္းခ်ဳပ္ၿပီး မဟာဧကရာဇ္မ်ား၏ ထိန္းခ်ဳပ္မႈေအာက္မွ လြတ္ေျမာက္ဖို႔အတြက္ တစ္ခုတည္းေသာ အခြင့္အေရး ျဖစ္ေလသည္။ ထိုစဥ္အခ်ိန္မွစ၍ ကြၽမ္းက်င္ အတတ္ပညာရွင္မ်ားသည္ အင္ေမာ္တယ္အဆင့္ ထုတ္ကုန္ကို ဖန္တီးႏိုင္ဖို႔အတြက္ ရည္မွန္းခ်က္ ျဖစ္လာခဲ့ၾကသည္။
ထိုလမ္းစဥ္က ႏွစ္မ်ားစြာ ၾကာၿပီးသည့္ေနာက္တြင္ မေအာင္ျမင္ဘဲ တျဖည္းျဖည္း ေမွးမွိန္သြားေလသည္။ လူမ်ားစြာက ဧကရာဇ္မ်ိဳးႏြယ္မ်ားသည္ ကမာၻရွိ ကြၽမ္းက်င္အတတ္ပညာရွင္မ်ားကို လႈံ႕ေဆာ္ေပးဖို႔အတြက္ လိမ္ညာခဲ့သည္ဟု ယူဆခဲ့ၾကသည္။
ထို႔ေနာက္ အလယ္အလတ္ ဧကရာဇ္ေခတ္ကာတြင္ အသေခ်ၤအင္ပါယာကမာၻ၏ ေလလြင့္က်င့္ႀကံသူ ေဆးဝါးပညာရွင္ တစ္ေယာက္က ေအာင္ျမင္ခဲ့သည္။ အတိအက်ဆိုရလွ်င္ သူမက တစ္စိတ္တစ္ပိုင္း ေအာင္ျမင္ခဲ့ေလသည္။ သူမက စၾကဝဠာမွ မေသမ်ိဳးခ်ီကို ဆြဲေဆာင္ႏိုင္မည့္ ေဆးလုံးကို ဖန္တီးႏိုင္ခဲ့သည္။
ကံဆိုးစြာျဖင့္ ထိုေဆးလုံးက စမ္းသပ္ခ်က္ က်ရႈံးကာ မၿပီးေျမာက္ေသးသည့္ ထုတ္ကုန္ ျဖစ္သြားေလသည္။ မည္သို႔ပင္ဆိုေစကာမူ ထိုအရာကို မ်ိဳခ်ၿပီးေနာက္တြင္ သူမ၏ ခႏၶာကိုယ္က မေသမ်ိဳး အရွိန္အဝါတစ္ခု ထြက္ေပၚလာကာ သူမ၏ သက္တမ္းက သိသိသာသာ တိုးတက္သြားေလသည္။
သိပ္မၾကာခင္ သူမက ကမာၻမွ ေပ်ာက္ကြယ္သြားေလ၏။ လူမ်ားစြာက သူမသည္ မဟာဧကရာဇ္မ်ား၏ ထိန္းခ်ဳပ္မႈေအာက္မွ လြတ္ေျမာက္သြားသည္ကို မႀကိဳက္ၾကသည့္ လူမ်ား၏ လက္ခ်က္ျဖင့္ ေသဆုံးသြားသည္ဟု ထင္ၾကသည္။ လူမ်ားစြာကမူ သူမသည္ မဟာဧကရာဇ္မ်ား ေပ်ာက္ကြယ္သြားသည့္ေနရာသို႔ ထြက္သြားသည္ဟု ယုံၾကည္ၾကသည္။ သူမက အေမြအႏွစ္ကို ခ်န္မထားခဲ့သည္မွာ ႏွေျမာဖြယ္ေကာင္းလွသည္။
သို႔ေသာ္လည္း သူမ၏ ေအာင္ျမင္မႈက လူမ်ားသည္ သူတို႔ေရွ႕ဆက္ရမည့္ လမ္းေၾကာင္းရွိေၾကာင္း ျပသေနေလ၏။ ရလဒ္အေနျဖင့္ ပါရမီပါသည့္ ဖူခ်ိဳက္ယြင္ကဲ့သို႔ ကြၽမ္းက်င္အတတ္ပညာဆိုင္ရာ ပညာရွင္မ်ားက ကမာၻတြင္ အဆင့္အတန္း ျမင့္မားၾကၿပီး သူတို႔၏ ဟာကြက္က မည္သို႔ပင္ျဖစ္ေစကာမူ သည္းခံၾကရသည္။
ဤသည္က ကြၽမ္းက်င္အတတ္ပညာဆိုင္ရာ အသီးသီး၏ အဖြဲ႕အစည္းမ်ားကို ဖန္တီးခဲ့သည့္ အေၾကာင္းအရင္း တစ္ခ်က္လည္း ျဖစ္ေပသည္။ ထိုအရာက အဆင့္(၇) အင္ေမာ္တယ္ ကြၽမ္းက်င္အတတ္ပညာကို ဖန္တီးၿပီး အေတြးအေခၚမ်ား လဲလွယ္ႏိုင္ဖို႔ရာ ျဖစ္သည္။
..................
ဝမ္ေဝ့၏ ေဆးလုံးက စည္းမ်ဥ္းေဆးေၾကာမႈ ခံယူၿပီးသည့္ေနာက္တြင္ ေကာင္းကင္သို႔ ခ်က္ခ်င္းပ်ံတက္သြားသည္။ ထိုစဥ္ အဖြဲ႕အစည္း၏ ပင္မဌာနအထက္ တိမ္တိုက္မ်ား စတင္စုစည္းလာေလ၏။ ထိုျဖစ္စဥ္က တစ္နာရီေက်ာ္ ၾကာျမင့္ခဲ့၏။
ေနာက္ဆုံးတြင္ မိုးႀကိဳးခ်က္က ေဆးလုံးအေပၚ က်ေရာက္လာေလ၏။
ေဆးလုံးစမ္းသပ္ခ်က္ႏွင့္ ပတ္သက္လာသည့္အခါ က်င့္ႀကံသူမ်ားက သူတို႔၏ ေဆးလုံးကို ေအာင္ျမင္ဖို႔ ကူညီတတ္ၾကသည္။ သို႔ေသာ္လည္း စစ္ေဆးမႈစည္းမ်ဥ္းအရ ထိုအရာကို ခြင့္ျပဳမထားေပ။
အေၾကာင္းမွာ စမ္းသပ္ခ်က္က မိုးေျမ၏ ေဆးလုံးအေပၚ စစ္ေဆးမႈျဖစ္၍ ျဖစ္သည္။ စမ္းသပ္ခ်က္က အၿမဲလိုလို မိုးႀကိဳးပုံသဏၭာန္အျဖစ္ ေရာက္ရွိလာေလ့ရွိၿပီး ေဆးလုံး၏ စြမ္းေဆာင္ႏိုင္ရည္ႏွင့္ ထိုက္တန္မႈတို႔ကို စမ္းသပ္ေလသည္။
အကယ္၍ ေဆးလုံးက ထိုျဖစ္စဥ္ကို ေက်ာ္ျဖတ္ႏိုင္လွ်င္ မိုးႀကိဳးက ကံၾကမၼာေကာင္း စြမ္းအားျဖင့္ ေျပာင္းလဲသြားကာ ေဆးလုံးအား အားျဖည့္ေပးၿပီး အရည္အေသြးႏွင့္ စြမ္းေဆာင္ရည္ကိုပါ တိုးျမင့္သြားေစလိမ့္မည္။
အားလုံးက ေဝဟင္ရွိ ေဆးလုံးကို အားတက္သေရာ ၾကည့္ေနၾကစဥ္ ဝမ္ေဝ့က ထိုအေျခအေနကို အခြင့္ေကာင္းယူ၍ ကုသေနေလသည္။ မည္သို႔ပင္ဆိုေစကာမူ သူ႔အေနႏွင့္ တတ္ႏိုင္သည့္အရာ မရွိေပ။
အဖြဲ႕အစည္း၏ စည္းမ်ဥ္းမ်ားအရ သူေတာ္စင္အဆင့္ စစ္ေဆးမႈသည္ သူတို႔ေဆးလုံး ေဖာ္စပ္ဖို႔အတြက္ အႀကိမ္ေရႏွစ္ဆယ္ ႀကိဳးစားခြင့္ ရွိေလသည္။ သူတို႔က တစ္ႀကိမ္ ေအာင္ျမင္သည္ႏွင့္ ေဆးလုံးအရည္အေသြးက သာမန္ျဖစ္ေစကာမူ စစ္ေဆးမႈ ေအာင္ျမင္လိမ့္မည္ ျဖစ္၏။
ထို႔ေၾကာင့္ ပါရမီရွင္အဆင့္ ေဆးဝါးပညာရွင္ ျဖစ္လာဖို႔အတြက္ ငါးရာခိုင္ႏႈန္း ေအာင္ျမင္ႏိုင္ေခ်သာ လိုအပ္ေလသည္။
နာရီအနည္းငယ္ ၾကာျမင့္ၿပီးသည့္ေနာက္တြင္ ေကာင္းကင္ရွိ တိမ္တိုက္မ်ားက ေပ်ာက္ကြယ္သြားကာ ေကာင္းခ်ီးေပးသည့္ တိမ္တိုက္မ်ား ေပၚထြက္လာၿပီး ေဆးလုံးအနား ဝန္းရံေနေလသည္။
" ေအာင္တယ္" အကဲျဖတ္ဒိုင္တစ္ေယာက္က ေျပာလိုက္သည္။
ထို႔ေနာက္ အကဲျဖတ္ဒိုင္ ၈ေယာက္လုံးက ေကာင္းကင္တြင္ ေပၚလာကာ ေဆးလုံးကို ၾကည့္လိုက္ၾကသည္။
" ဒါက ထိပ္တန္းသာမန္ အရည္အေသြးပဲ။ ဒါကို အထြတ္အထိပ္တစ္ပိုင္း အရည္အေသြးလို႔ေတာင္ သတ္မွတ္ႏိုင္တယ္။"
ဤအခ်က္က တျခားဒိုင္မ်ားအား အံ့အားသင့္သြားေစသည္။ စည္းမ်ဥ္းအရ ဝမ္ေဝ့က နိမ့္က် အရည္အေသြးေဆးလုံးကို ေဖာ္စပ္ႏိုင္လွ်င္ပင္ သူက သူ႔က်င့္ႀကံဆင့္ နိမ့္က်မႈေၾကာင့္ ေအာင္ျမင္ဦးမည္သာ ျဖစ္၏။
ပို၍အေရးႀကီးသည္က ထိုေဆးဝါးပညာရွင္မ်ားသည္ ေဆးလုံးသည္ အရည္အေသြး မျမင့္မားသည္မွာ ဝမ္ေဝ့၏ သန႔္စင္ေရး ျဖစ္စဥ္ေၾကာင့္ မဟုတ္ဘဲ ဝိညာဥ္စြမ္းအား ျပန္လည္ျဖည့္ဆည္းဖို႔အတြက္ သေကၤတေရးထိုးရာတြင္ ခဏတိုင္း ရပ္တန႔္ရသည့္ အက်ိဳးဆက္ေၾကာင့္ ျဖစ္မွန္း သိၾကသည္။
သူေတာ္စင္အဆင့္မ်ားအား သူတို႔၏ ပိုင္နက္ကို ခ်ဲ႕ထြင္ၿပီး တိုက္ခိုက္စြမ္းရည္ကို ယာယီျမႇင့္တင္ေပးႏိုင္သည့္ ပိုင္နက္ခ်ဲ႕ထြင္ေရး ေဆးလုံးကို ေလ့လာၿပီးေနာက္ သူတို႔က အလ်င္အျမန္ ထြက္ခြာသြားသည့္ ဖူခ်ိဳက္ယြင္အား မၾကည့္ဘဲ မေနႏိုင္ၾကေပ။
သူတို႔သိထားသေလာက္ ဖူခ်ိဳက္ယြင္သည္ သူ႔မ်ိဳးဆက္အတြင္း ထိပ္တန္း နိမ့္က် အရည္အေသြးေဆးလုံးကိုသာ ေဖာ္စပ္ႏိုင္ခဲ့သည္။
မည္သို႔ပင္ဆိုေစကာမူ သူတို႔က ဘာမွမေျပာၾကေပ။ ထိုအစား သူတို႔က ဂိုဏ္းခ်ဳပ္ယဲ့ေလာင္အား ဤသို႔ေသာ အလားအလာေကာင္းၿပီး ပါရမီရွိသည့္ တပည့္အား ျပဳစုပ်ိဳးေထာင္ႏိုင္ခဲ့သည့္အတြက္ ဂုဏ္ျပဳေနၾကသည္။
ဝမ္ေဝ့အတြက္မူ သူက ျပန္လည္အားျဖည့္ေနရာမွ မ်က္လုံးအနည္းငယ္ ဖြင့္ကာ စစ္ေဆးၾကည့္လိုက္သည္။
ပထမေျခလွမ္းေတာ့ ၿပီးသြားၿပီ။ ေနာက္ေျခလွမ္းစလိုက္ၾကရေအာင္ ...