ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏...

By kilulayuu121

32.6K 3.2K 487

sequel of book 1 More

အခန်း(201)
အခန်း(202)
အခန်း(203)
အခန်း(204)
အခန်း(205)
အခန်း(206)
အခန်း(207)
အခန်း(208)
အခန်း(209.1)
အခန်း(209.2)
အခန်း(209)
အခန်း(210)
အခန်း(211)
အခန်း(212)
အခန်း(213)
အခန်း(214)
အခန်း(215)
အခန်း(216)
အခန်း(217)
အခန်း(218)
အခန်း(219)
အခန်း(219)
အခန်း(220)
အခန်း(221)
အခန်း(222)
အခန်း(223)
အခန်း(224)
အခန်း(225)
အခန်း(226)
အခန်း(၂၂၇)
အခန်း(228)
အခန်း(229)
အခန်း(230)
အခန်း(231)
အခန်း(232)
အခန်း(233)
အခန်း(234)
အခန်း(235)
အခန်း(236)
အခန်း(237)
အခန်း(238)
အခန်း(239)
အခန်း(240)
အခန်း(241)
အခန်း(၂၄၂)
အခန်း(243)
အခန်း(244)
အခန်း(245)
အခန်း(246)
အခန်း(247)
အခန်း(248)
အခန်း(249)
အခန်း(250)
အခန်း(251)
အခန်း(252)
အခန်း(၂၅၃)
အခန်း(၂၅၄)
အခန်းူ(255)
အခန်း(256)
အခန်း(257)
အခန်း(258)
အခန်း(259)
အခန်း(260)
အခန်း(261)
အခန်း(262)
အခန်း(၂၆၃)
အခန်း(၂၆၄)
အခန်း(၂၆၅)
အခန်း(၂၆၆)
အခန်း(၂၆၇)
အခန်း(၂၆၈)
အခန်း(၂၆၉)
အခန်း(၂၇၀)
အခန်း(၂၇၁)
အခန်း(၂၇၂)
အခန်း(၂၇၃)
အခန်း(၂၇၄)
အခန်း(၂၇၅)
အခန်း(၂၇၆)
အခန်း(၂၇၇)
အခန်း(၂၇၈)
အခန်း(၂၇၉)
အခန်း(၂၈၀)
အခန်း(၂၈၁)
အခန်း(၂၈၂)
အခန်း(၂၈၃)
အခန်း(၂၈၄)
အခန်း(၂၈၅)
အခန်း(၂၈၆)
အခန်း(၂၈၇)
အခန်း(၂၈၈)
အခန်း(၂၈၉)
အခန်း(၂၉၀)
အခန်း(၂၉၁)
အခန်း(၂၉၂)
အခန်း(၂၉၃)
အခန်း(၂၉၄)
အခန်း(၂၉၅)
အခန်း(၂၉၆)
အခန်း(၂၉၇)
အခန်း(၂၉၈)
အခန်း(၂၉၉)
အခန်း(၃၀၀)
အခန်း(၃၀၁)
အခန်း(၃၀၂)
အခန်း(၃၀၃)
အခန်း(၃၀၄)
အခန်း(၃၀၅)
အခန်း(၃၀၆)
အခန်း(၃၀၇)
အခန်း(၃၀၈)
အခန်း(၃၀၉)
အခန်း(၃၁၀)
အခန်း(၃၁၁)
အခန်း(၃၁၂)
အခန်း(၃၁၃)
အခန်း(၃၁၄)
အခန်း(၃၁၅)
အခန်း(၃၁၆)
အခန်း(၃၁၇)
အခန်း(၃၁၈)
အခန်း(၃၁၉)
အခန်း(၃၂၀)
အခန်း(၃၂၁)
အခန်း(၃၂၂) Book 23 End
အခန်း(၃၂၃)
အခန်း(၃၂၄)
အခန်း(၃၂၅)
အခန်း(၃၂၆)
အခန်း(၃၂၇)
အခန်း(၃၂၈)
အခန်း(၃၂၉)
အခန်း(၃၃၀)
အခန်း(၃၃၁)
အခန်း(၃၃၂)
အခန်း(၃၃၃)
အခန်း(၃၃၄)
အခန်း(၃၃၅)
အခန်း(၃၃၆) End of book 24
အခန်း(၃၃၇)
အခန်း(၃၃၈)
အခန်း(၃၃၉)
အခန်း(၃၄၀)
အခန်း(၃၄၁)
အခန်း(၃၄၂)
အခန်း(၃၄၃)
အခန်း(၃၄၄)
အခန်း(၃၄၅)
အခန်း(၃၄၆)
အခန်း(၃၄၇)
အခန်း(၃၄၈)
အခန်း(၃၄၉)
အခန်း(၃၅၀)
အခန်း(၃၅၁)
အခန်း(၃၅၂)
အခန်း(၃၅၃)
အခန်း(၃၅၄)
အခန်း(၃၅၅)
အခန်း(၃၅၆)
အခန်း(၃၅၇)
အခန်း(၃၅၈)
အခန်း(၃၅၉)
အခန်း(၃၆၀)
အခန်း(၃၆၂)
အခန်း(၃၆၃)
အခန်း(၃၆၄)
အခန်း(၃၆၅)
အခန်း(၃၆၆)
အခန်း(၃၆၇)
အခန်း(၃၆၈)
အခန်း(၃၆၉)
အခန်း(၃၇၀)
အခန်း(၃၇၁)
အခန်း(၃၇၂)
အခန်း(၃၇၃)
အခန်း(၃၇၄)
အခန်း(၃၇၅)
အခန်း(၃၇၆)
အခန်း(၃၇၇)
အခန်း(၃၇၈) book 27 end
အခန်း(၃၇၉)
အခန်း(၃၈၀)
အခန်း(၃၈၁)
အခန်း(၃၈၂)
အခန်း(၃၈၃)
အခန်း(၃၈၄)
အခန်း(၃၈၅)
အခန်း(၃၈၆)
အခန်း(၃၈၇)
အခန်း(၃၈၈)
အခန်း(၃၈၉)
အခန်း(၃၉၀)
အခန်း(၃၉၁)
အခန်း(၃၉၂)
အခန်း(၃၉၃)
အခန်း(၃၉၄)
အခန်း(၃၉၅)
အခန်း(၃၉၆)
အခန်း(၃၉၇)

အခန်း(၃၆၁)

101 10 0
By kilulayuu121


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၆)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၆၁) : လှပသောလက်စားချေမှု

ဝမ်ဝေ့၏ တကယ့် ခန္ဓာကိုယ်အစစ်က ကိုယ်ပွားဆီမှ ဆက်သွယ်ရေးအဆောင် ရရှိသည်အထိ စောင့်ဆိုင်းနေလေသည်။ ထိုအရာကို ဖတ်ရှုပြီးသည့်နောက်တွင် လျှို့ဝှက်နယ်မြေရှိ အဖြစ်အပျက်များကို နားလည်သွား၏။

" ဒီလျှို့ဝှက်နယ်မြေရဲ့ အမှန်တရားက ထွက်ပေါ်လာဖို့ အချိန်သိပ်မကြာတော့ဘူး။" ဝမ်ဝေ့က စဉ်းစားလိုက်သည်။ သူ့ အဓိကရည်ရွယ်ချက်မှာ လန်လင်းနှင့် လျူမိန်ရှု ဖြစ်သောကြောင့် ကျန်သည့်အရာများကို ဂရုမစိုက်သော်လည်း သူ့အတွက် အကျိုးရှိသည့် အရာတစ်ခုခု ဖြစ်ဖို့ရာ မျှော်လင့်နေသေးသည်။

ကိုယ်ပွားပြောစကားအရတော့ လျူမိန်ရှု ဒါမှမဟုတ် နတ်ဆိုးမျိုးနွယ်တို့ ဗဟိုချက်ကို ရောက်ဖို့အတွက် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်ပဲ လိုတော့တယ်။ အဲဒါဆို ဖူချိုက်ယွင်ရဲ့ လူတွေနဲ့ ရင်ဆိုင်ဖို့ အချိန်လုံလောက်တယ်။

ဖူချိုက်ယွင်က မူလဆေးလုံးတာအိုဂိုဏ်းတွင် အာဏာများစွာ ဆုပ်ကိုင်ထားသူဖြစ်ပြီး ပါရမီရှိသူအား ဖိနှိပ်လွှမ်းမိုးတတ်သည့် သဘာဝရှိသည့်အတွက် ဝမ်ဝေ့က ထိုလူသည် မူလဆေးလုံးမီးတောက်ကျမ်းကို ရယူမည့် သူ့အကြံအစည်အား နှောင့်ယှက်မည့် အတားအဆီး ဖြစ်နေကြောင်း သိလေသည်။

ထို့ကြောင့် သူက ဤလျှို့ဝှက်နယ်မြေအတွင်း ရောက်ရှိလာသည့် သူနှင့်ပတ်သက်သည့်လူများကို သတ်ဖို့ရာ ဆုံးဖြတ်ထားသည်မှာ ကြာမြင့်လှလေပြီ။ ထိုသူများကို သတ်လိုက်ခြင်းက ဖူချိုက်ယွင်အပေါ်. ဘာမှသက်ရောက်မှုမရှိသော်လည်း ဘာမှမဖြစ်သည်ထက်တော့ ကောင်းလေသည်။

ထိုအပြုအမူက သူ့ဆရာအား အသက်ရှူအနည်းငယ် ချောင်သွားစေလိမ့်မည်။

ဝမ်ဝေ့က ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် တစ်ယောက်ယောက် အသွင်ပြောင်းကာ စတင်အမဲလိုက်လိုက်သည်။ သူက ကိုယ်ပိုင်စွမ်းအားကို အသုံးမပြုဖို့ ဆုံးဖြတ်ထားလေ၏။ လော့ချန်က သူ့မျက်လုံးထဲ ကြက်တစ်ကောင်လောက် အားနည်းနေသော်လည်း အခြေအနေကို ရင်ဆိုင်ဖို့ ဖြေရှင်းနည်းများစွာ ရှိနေသေး၏။ အဓိကက အဆိပ်အသုံးပြုမှု ဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်ရာအတွင်း သူ့ ဆေးဝါးပညာရပ်က သိသိသာသာ တိုးတက်လာပြီး အဆိပ်များစွာကို ဖန်တီးပြီး သင်ယူခဲ့သည်။

........................

အချိန်က တစ်ဖက်တည်းကိုသာ စီးဆင်းနေသည့် မရပ်တန့်နိုင်သော မြစ်တစ်စင်းလို ဖြစ်၏။

လျူမိန်ရှုအတွက် ယခင်သုံးနှစ်ခန့်က ထာဝရနီးပါး ကြာရှည်ခဲ့သည်။ သူမက ဖိအားများစွာအောက် ကျရောက်နေသည့်အတွက် သူမသက်တမ်းပင် တော်တော်လေး လျော့ကျသွားသည်ဟု ခံစားမိနေသည်။

သူမက မနီးမဝေးရှိ နောက်မှ လူများအား လှည့်ကြည့်လိုက်သည်။

ဒီနတ်ဆိုးမျိုးနွယ်ကဘာလဲ။ သူတို့က ဗဟိုချက်ကို ရောက်ဖို့ ဘာလို့ ဆုံးဖြတ်ချက် ပြတ်သားနေရတာလဲ။

လျူမိန်ရှုက ထိုနတ်ဆိုးအစစ်အမှန် အုပ်ချုပ်သူများ၏ ဆံပင်အဖြူရောင်များကို ကြည့်လိုက်ပြီး ထိုလူများ ရောက်ရှိလာစအခါက အားလုံးသည် ဆံပင်အမဲရောင် ဖြစ်ကာ အများစုက လူလတ်အရွယ် ဖြစ်ကြသည်။ သို့သော်လည်း နှစ် ၂၀၃ နှစ်အတွင်း ထိုနတ်ဆိုးမျိုးနွယ်က သက်တမ်း လျော့ကျသွားသည်ဟု ထင်ရလောက်အောင်အထိ အလျင်အမြန် အသက်ကြီးလာကြသည်။ ထိုနတ်ဆိုးမျိုးနွယ်က သာမန်လူများထက် သက်တမ်း ပိုရှည်သည်မှာ အားလုံးသိကြသည့် အသိတစ်ခု ဖြစ်သည်။

ထို့ကြောင့် ထိုလူများသည် အစီအရင်များကို ချိုးဖောက်စဉ် မည်မျှပေးဆပ်ခဲ့ရသည်ကို သူတို့သာ သိလိမ့်မည်။

သူတို့က ဒီလျှို့ဝှက်နယ်မြေနဲ့ ပတ်သက်ပြီး တစ်ခုခုသိထားတာပဲ ဖြစ်ရမယ်။ ဒါက သူတို့ပိုင်နက်အတွင်းပဲလေ။

လျူမိန်ရှုက တွေးလိုက်မိသည်။

တော်သေးတာပေါ့။ ငါ ကြိုတင်ပြင်ဆင်ထားခဲ့မိလို့

ထိုလူများ လျှို့ဝှက်နယ်မြေအတွင်း မဝင်ခင် သားရဲမွေးမြူရေးတောင်ကြားမှ သူမ၏ အင်အားစုများက အရင်းအမြစ်များစွာ ထုတ်ပေးခဲ့သည်။ ထို့ကြောင့် ဆေးလုံးမြောက်များစွာကို အသုံးပြု၍ သူမဘက်မှ အစစ်အမှန်အုပ်ချုပ်သူများက နတ်ဆိုးမျိုးနွယ်ထက် အရေးသာနေခြင်း ဖြစ်သည်။

" သခင်မလေး။ ကျုပ်တို့ နောက်ဆုံးအစီအရင်ကို ချိုးဖောက်ပြီးသွားပြီ။" အစစ်အမှန် အုပ်ချုပ်သူက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

" အဲဒါဆို မြန်မြန်လုပ်လိုက်" လျူမိန်ရှုက ငေးမောနေရာမှ နိုးထလာသည်။ သူမက အဖွဲ့ကို ဦးဆောင်၍ တောင်ထိပ်ဆီ ချက်ချင်း သွားလိုက်သည်။ သူမက နောက်ဆုံး ခြေလှမ်းကို လှမ်းလိုက်သည်နှင့် တခြားနေရာတစ်ခုသို့ ရောက်ရှိသွားသည်ကို မြင်လိုက်ရ၏။

သူမက တခြားအာကာပြင်တစ်ခုမှ အာကာပြင်တစ်ခု၊ ကမ္ဘာတစ်ခုမှ ကမ္ဘာတစ်ခုသို့ ပြောင်းလဲသွားဟန်ပေါ်သည်။ ထို့အပြင် ကူးပြောင်းမှုက ချောမွေ့လွန်းသည့်အတွက် ထိုအရာကို ဖန်တီးသူသည် အာကာပြင် ကျွမ်းကျင်သူဖြစ်ကြောင်း ပြသနေလေသည်။

လျူမိန်ရှု သတိထားမိသည့်အရာက တန်းစီပြီး မတ်တပ်ရပ်နေသည့် ရုပ်သေးရုပ်များဖြစ်ပြီး သူတို့က တစ်စုံတစ်ခုကို စောင့်ကြပ်နေဟန်ပေါ်၏။ သို့သော်လည်း ထိုရုပ်သေးရုပ်များနှင့် ပတ်သက်ပြီး ထူးခြားနေသည့်အရာ ရှိနေသည်။

သူတို့အားလုံးက လူသားအသွင်နှင့် တူသော်လည်း အားလုံးတွင် တူညီသည့် အရာတစ်ခု ရှိနေသည်။ သူတို့အားလုံး၏ နဖူးအထက်တွင် သမင်လိုမျိုး ဦးချို ရှိနေလေ၏။ လျူမိန်ရှုက ထိုအရာကို မြင်ပြီး ချက်ချင်းဆိုသလို စိတ်လှုပ်ရှားမိသွားသည်။

" ကျွန်မတို့ ပြောတာမှန်တယ်။ ဒီဟာက ရှေးခေတ်တုန်းက အစစ်အမှန် နဂါးတစ်ကောင်ရဲ့ ဂူဗိမာန်ပဲ ဖြစ်ရမယ်" သူမက ရေရွတ်လိုက်သည်။

သူမ၏ အသံက နဂိုထက်ပင် အနည်းငယ် ပိုကျယ်နေသည်။ သူမ တစ်ယောက်ထဲ ထိုသို့ခံစားနေရခြင်း မဟုတ်ဘဲ သူမအင်အားစုမှ လူများအားလုံးလည်း အတူတူသာ ဖြစ်၏။

အသင်္ချေသားရဲ ရုပ်ခန္ဓာရှိထားဖူးသည့် အားအကောင်းဆုံး မဟာဧကရာဇ်များအနက် တစ်ဦးက အစစ်အမှန် ဇာမဏီဧကရာဇ် ဖြစ်ပေသည်။ သူမ၏ အင်အားကောင်းနေရခြင်း အကြောင်းအရင်းက ပင်ကိုနတ်ဆိုးဖြစ်သည့် အစစ်အမှန် ဇာမဏီတစ်ကောင်၏ သွေးအဆီအနှစ်ကို ရရှိလိုက်၍ ဖြစ်သည်။

ဤဂူဗိမာန်အတွင်း အစစ်အမှန် နဂါးတစ်ကောင်၏ သွေးအဆီအနှစ် ရှိနေနိုင်သည်။ လျူမိန်ရှုကသာ ထိုအရာကို ရယူနိုင်သရွေ့ အစစ်အမှန် ဇာမဏီမဟာဧကရာဇ်လိုမျိုး စွမ်းအားကြီးမှုကို ထုတ်ပြနိုင်လိမ့်မည်။

ဆိုလိုသည်မှာ ဤမျိုးဆက်အတွင်း သူတို့၏ အင်အားစုက မဟာဧကရာဇ်ကို ပြုစုပျိုးထောင်နိုင်ချေ အခွင့်အရေး များပြားလာလိမ့်မည်။ နောက်ဆုံးတွင် သူတို့က ကျီမိသားစုကို ထိန်းချုပ်နိုင်သည့်အပြင် ဖယ်ရှားနိုင်လိမ့်မည်။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမဘာသာ တည်ငြိမ်သွားလေသည် " နတ်ဆိုးမျိုးနွယ်က လူတွေ ဝင်မလာအောင် တားဆီးဖို့ အစီအရင်သွားပြီး ခင်းလိုက်။ အနည်းဆုံးတော့ သူတို့တွေကို အချိန်ဆွဲထားဖို့ လုံလောက်တာပေါ့။"

အစစ်အမှန် အုပ်ချုပ်သူများက ခေါင်းညိတ်လိုက်ပြီးနောက် သူမ အမိန့်အတိုင်း ဆောင်ရွက်လိုက်ကြသည်။ ထိုစဉ် လျူမိန်ရှုက ဂူဗိမာန်အတွင်းသို့ ဝင်သွားလိုက်၏။ ထူးဆန်းစွာဖြင့် မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမ၏ အမူအရာက ပျက်ယွင်းသွားလေသည်။

သူမ၏ တာအိုကာကွယ်သူများက သူတို့၏ အကူအညီကို လိုအပ်သည့် အားကောင်းသော ရန်သူများနှင့် တွေ့ဆုံနိုင်ကြောင်း သတိပေးထားသည်။ သို့သော်လည်း သူတို့က သူမ ဘယ်ဖက်လက်မှ ထူးဆန်းသည့် သင်္ကေတကို မြင်လိုက်သည့်အခါ ထူးဆန်းသည့်အရာ ဖြစ်ပွားတော့မည်ဖြစ်ကြောင်း သိလိုက်ကြသည်။

အစီအရင် တောင်ထိပ်တွင် လျူမိန်ရှုတို့အဖွဲ့ ထိပ်ဆုံးသို့ ရောက်ရှိသွားသည်နှင့် ဝမ်ဝေ့၏ ကိုယ်ပွားက အပြုံးတစ်ပွင့်နှင့်အတူ မျက်လုံးပွင့်လာသည်။

" စလိုက်ကြစို့" သူက အခြားလူများကို ပြောလိုက်သည်။ ထို့နောက် မြူခိုးများက သူတို့အား လွှမ်းခြုံသွားကာ သီးခြားပိုင်းခြားလိုက်ဟန်ပေါ်သည်။ တာအိုအခွင့်အလမ်းဂိုဏ်း၏ ထူးထူးဆန်းဆန်း အပြုအမူများကို အာရုံစိုက်နေကြသည့် လူများစွာက ထိုအရာကို ချက်ချင်း သတိပြုမိလိုက်ကြသည်။ သို့သော်လည်း သူတို့က ထိုမြူခိုးသည် သူတို့၏ အံ့ဖွယ်အသိစိတ်နှင့် တခြားသော စုံစမ်းစစ်ဆေးမှုများကို တားဆီးထားသည့်အတွက် ဘာလုပ်နေမှန်း မသိရပေ။ ထို့အပြင် လူများစွာက အားအကောင်းဆုံးဂိုဏ်းအပေါ် ပေါ်ပေါ်ထင်ထင် မစုံစမ်းဝံ့ကြပေ။

ထိုစဉ် မြူအတွင်း ဝမ်ဝေ့က သူ့သိုလှောင်လက်စွပ်အတွင်းမှ ထူးဆန်းသည့် အရာတစ်ခုကို ထုတ်ယူလိုက်သည်။ အတိအကျဆိုရလျှင် လက်မောင်းတစ်ခု ဖြစ်၏။ ထိုအရာက ချီကံကောင်းမှုစစ်ဆေးပွဲအတွင်း သူဖြုတ်ယူထားခဲ့သည့် လျူမိန်ရှု၏ လက်မောင်း ဖြစ်ပေသည်။

ထိုလက်မှ မမြင်နိုင်သည့် မီးခိုးရောင်ကြိုးမျှင်များ ပေါ်ထွက်လာပြီး တစ်ခုနှင့်တစ်ခု အဝေးမှ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ဦးနှင့် ဆက်နွယ်သွားလေသည်။ ကိုယ်ပွားက သူ့နောက်မှ လူများအား ကြည့်ကာ ပြောလိုက်သည် " မခုခံနဲ့။ ကျွန်တော်တို့ ရောက်တဲ့အခါမှာ သတိကြီးကြီးထားပေး"

ထို့နောက် ထိုလူများက အလင်းပြောက်အဖြစ် ပြောင်းလဲသွားကာ လက်နှင့်ဆက်နွယ်ထားသည့် ခဲဖြူရောင် ကြိုးမျှင်ထဲ ဝင်ရောက်သွားကြသည်။ သိပ်မကြာခင် သူတို့က အင်မတန် မြန်ဆန်သော အရှိန်ဖြင့် သွားနေသည်ကို တွေ့လိုက်ရသည်။ အချိန်က သူတို့အတွက် နှေးကွေးသွားဟန် ပေါ်သည်။ သို့သော် တစ်ချိန်တည်းဆိုသလို အလျင်အမြန် ဖြတ်သန်းနေဟန်လည်း ပေါ်၏။ ဤသည်က ခေတ္တမျှကြာမြင့်လိုက်သလို ခံစားရသော်လည်း ထာဝရကြာရှည်နေသလိုလည်း ခံစားရပြန်သည်။ အဖွဲ့က နံရံအတွင်း ကျောက်မျက်များဖြင့် စီခြယ်ထားသည့် မှိန်ဖျဖျလင်းနေသည့် အာကာပြင်တစ်ခုသို့ ရောက်ရှိသွားသည်နှင့် ရပ်တန့်လိုက်သည်။

သူတို့နောက်တွင် ဦးချိုများ ပါရှိသည့် ရုပ်သေးရုပ်တပ်ဖွဲ့ ပါရှိလေသည်။ သူတို့ရှေ့တွင်မူ သားရဲမွေးမြူရေးတောင်ကြားမှ လူများ ရှိနေလေသည်။

" ဒါတွေအားလုံးက ရှင့်အကြံအစည်ကိုး" လျူမိန်ရှုက အံကြိတ်ကာ ပြောလိုက်သည်။ သူမရှေ့တွင်ရှိသော ဝမ်ဝေ့အား ကြည့်နေလေသည်။ ထိုသင်္ကေတများ သူမလက်မောင်းအထက်တွင် ပေါ်ထွက်လာသည်နှင့် ဝမ်ဝေ့၏ အစီအစဉ်ဖြစ်ကြောင်း ခန့်မှန်းပြီးသား ဖြစ်၏။

ဝမ်ဝေ့က သူမအား မထူးမခြားနား အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည် " ဒူးထောက်"

ရုတ်ချည်းဆိုသလို သူ့အသံမှ အားကောင်းကာ ဆန်းကြယ်သည့် အင်အားတစ်ခု ထွက်ပေါ်လာကာ လျူမိန်ရှုအား ထိတ်လန့်သွားစေသည်။ သူမက မြေပြင်ပေါ် ဒူးထောက်လိုက်ရ၏။ သူမ၏ စွမ်းအားဖြင့် မခုခံနိုင်ပေ။

" ဝပ်တွားစမ်း" ဝမ်ဝေ့က ထပ်ပြောလိုက်သည်။ ထိုအခါ လျူမိန်ရှု၏ ဦးခေါင်းက မြေပြင်ပေါ်သို့ ဝပ်တွားသွားလေသည်။ သူမနှင့် ပါရှိသည့် အစစ်အမှန် အုပ်ချုပ်သူများက ဒေါသထွက်နေကြသော်လည်း ဝမ်ဝေ့နှင့်အတူပါလာသည့် သူများက သူတို့အား ပိတ်ဆို့ထားလေသည်။

" ဒါက ဘယ်လိုစွမ်းရည်လဲ" လျူမိန်ရှုက မေးလိုက်သည်။

" မင်း သိစရာမလိုဘူး" ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ ဤသည်က သူ့ချက္ကရဖွင့်ပြီးနောက် လျှာဒွါရနှင့် လည်ပင်းချက္ကရကို ဖွင့်ပြီးသည့်နောက် ရရှိလာသည့် စွမ်းရည်တစ်ခု ဖြစ်ပေသည်။

ထိုစွမ်းရည်ကို "ဧကရာဇ်ရဲ့ စကားက စည်းမျဉ်းဥပဒေ" ဟု ခေါ်ဆိုလေသည်။

လျူမိန်ရှုက အံကြိတ်လိုက်သည် " ဘာလို့ဒီလိုလုပ်ရတာလဲ။ စစ်ဆေးပွဲမှာ ဖြစ်ခဲ့တဲ့ အကြောင်းအရင်းကြောင့်လား"

" အဲလိုပြောလို့ရတယ်"

" ကြောင်သူတော်ဆန် မနေစမ်းပါနဲ့" သူမက မကျေမနပ်ရေရွတ်လိုက်သည် " ကျင့်ကြံသူတွေက သေမျိုးတွေရဲ့ဘဝကို ဘယ်တုန်းကမှ ထည့်မတွက်ဖူးဘူး။ သူတို့တွေ ချုပ်ထိန်းထားတဲ့ အကြောင်းအရင်းက ကံကြမ္မာဝဋ်ကြွေးကြောင့်ပဲ။ ဒီဟာက ကြီးနိုင်ငယ်ညှင်းကမ္ဘာပဲ"

သူမက ထရပ်ဖို့ ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ သူမက ဆက်ပြောနေသေးသည် " ရှင်တို့ တာအိုအခွင့်အလမ်း ဂိုဏ်းကလူတွေကလည်း ကုသိုလ်ကို စုဆောင်းပြီး ကံကောင်းမှုစစ်ဆေးပွဲအဖြစ် အသုံးပြုဖို့ ကမ္ဘာငယ်တွေဆီမှာ ကပ်ဘေးတွေ ယူဆောင်ခဲ့ဖူးတာပဲ။ ကျွန်မ လုပ်တာနဲ့ ဘာများကွာခြားလို့လဲ"

ဝမ်ဝေ့က သူမအား တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက် ပြောလိုက်သည် " မင်းပြောတာ မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမဲ့ မင်း မှားနေတယ်။ ငါက သေမျိုးတွေနဲ့ ယူဆပြီးတော့ ပြောနေတာ မဟုတ်ဘူး။ ငါ မင်းကို မုန်းတာက မင်းက စည်းမျဉ်းကို ချိုးဖောက်ခဲ့လို့ပဲ။

အားလုံးက တိုင်းပြည်တိုက်ပွဲအပေါ် သဘောတူညီထားရက်နဲ့ မင်းက ကစားပွဲကို အနိုင်ရဖို့အတွက် ကမ္ဘာတစ်ခုလုံးကို ဂျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလေ။ မင်းရဲ့ အပြုအမူက အကျိုးဆက် မရှိဘူးလို့ ထင်နေတာလား။ ဒါပေမဲ့ ဒီဟာက မင်းကို မကြိုက်တဲ့ အဓိကအချက်တော့ မဟုတ်သေးဘူး။ ငါက မဟာရှားကလူတွေကို ကာကွယ်ပေးမယ်လို့ ကတိပေးထားခဲ့တယ်။ သူတို့ရဲ့ အုပ်ချုပ်သူအနေနဲ့ ဒါက ငါ့ရဲ့ တာဝန်ယူမှုပဲ။ ဒါပေမဲ့ မင်းက အဲဒါကို ဖျက်ဆီးပစ်ခဲ့တယ်။"

သူ့အကြည့်များက လျူမိန်ရှုဆီ ကျရောက်လာသည်။

" မင်းရဲ့ သားရဲဒီရေလှိုင်းမှာ အပြစ်မဲ့စွာ သေဆုံးသွားခဲ့တဲ့ ပြည်သူပေါင်း ၁၂ ၃၄၅ ၆၅၇ လူအရေအတွက်ရှိတယ်။ စစ်သားတွေ မဟုတ်ဘူး။ ပြည်သူတွေချည်းပဲ။ ကလေးအရေအတွက်၊ အမျိုးသမီးအရေအတွက်နဲ့ အဘိုးအဘွားအရေအတွက်ကို အတိအကျ ပြောပြရဦးမလား"

အခန်းက ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။ သူ့ အံ့ဖွယ်အသိစိတ်ဖြင့် လျူမိန်ရှုက သူ့စကားများကို ဂရုမစိုက်ကြောင်း ပြောနိုင်လေသည်။

" ကောင်းပြီ" သူက နှာခေါင်းရှုံကာ သရော်ပြီး ပြောလိုက်သည် " မင်းက အားအကောင်းဆုံးသူကသာ အသက်ရှင်နိုင်ချေ ရှိတယ်ဆိုတဲ့ သဘောတရားကို ယုံကြည်ထားမှတော့ မင်းကိုလည်း အဲဒီစည်းမျဉ်းနဲ့ပဲ ရင်ဆိုင်မယ်။ ငါက မင်းထက် အားကောင်းတယ်။ အဲဒါကြောင့် မင်းရဲ့သေခြင်းရှင်ခြင်းကို ငါ ဆုံးဖြတ်ပေးမယ်"

ဝမ်ဝေ့က သူမနှင့် အချိန်မဖြုန်းတော့ဘဲ သူ့ အားကောင်းသည့် ဝိညာဉ်အား အသက်သွင်းလိုက်သည်။ သူက ကိုယ်ပွားမျှ ဖြစ်သော်လည်း အင်အားတချို့ကို အမွေဆက်ခံထားသည်။ သူက သူမ၏ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်ကာ ဝိညာဉ်အား ရှာဖွေလိုက်သည်။

သူမ၏ ဝိညာဉ်ကာကွယ်ရေး ရတနာအား လျစ်လျူရှုကာ ဝိညာဉ်ဆီ တိုက်ရိုက်သွားလိုက်သည်။ လျူမိန်ရှုက အသင်္ချေသားရဲ ရုပ်ခန္ဓာအား အသက်သွင်းကာ ခုခံခဲ့သည်။ ထိုစဉ် သူမ၏ အသိစိတ်ပင်လယ်အတွင်း သားရဲပုံရိပ်ယောင် အမြောက်အများ ပေါ်ထွက်လာပြီး ဝမ်ဝေ့၏ တိုက်ကွက်ကို တားဆီးကြသည်။ သို့သော်လည်း သူက ထိုအရိပ်များကို တွန်းထိုးသွားပြီး သူမ၏ ဝိညာဉ်ဆီသာ တိုက်ရိုက်သွားလိုက်သည်။

သူက ငွေရောင်အနည်းငယ်နှင့် ကြေးနီရောင်တိမ်တိုက်ကို မြင်လိုက်သည့်အခါ ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။ ထိုအရာက လျင်မြန်လွန်းသည့်အတွက် လျူမိန်ရှုက တုံ့ပြန်ဖို့ အချိန်မရသလို သူမ၏ ပင်ကိုစွမ်းရည် ထုတ်သုံးပြီး ကာကွယ်လိုက်ဖို့ အချိန်ပင်မရှိပေ။

***********


ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၂၆)

မူရင္းေရးသားသူ - lazySageDao

ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)

အခန္း (၃၆၁) : လွပေသာလက္စားေခ်မႈ

ဝမ္ေဝ့၏ တကယ့္ ခႏၶာကိုယ္အစစ္က ကိုယ္ပြားဆီမွ ဆက္သြယ္ေရးအေဆာင္ ရရွိသည္အထိ ေစာင့္ဆိုင္းေနေလသည္။ ထိုအရာကို ဖတ္ရႈၿပီးသည့္ေနာက္တြင္ လွ်ိဳ႕ဝွက္နယ္ေျမရွိ အျဖစ္အပ်က္မ်ားကို နားလည္သြား၏။

" ဒီလွ်ိဳ႕ဝွက္နယ္ေျမရဲ႕ အမွန္တရားက ထြက္ေပၚလာဖို႔ အခ်ိန္သိပ္မၾကာေတာ့ဘူး။" ဝမ္ေဝ့က စဥ္းစားလိုက္သည္။ သူ႔ အဓိကရည္႐ြယ္ခ်က္မွာ လန္လင္းႏွင့္ လ်ဴမိန္ရႈ ျဖစ္ေသာေၾကာင့္ က်န္သည့္အရာမ်ားကို ဂ႐ုမစိုက္ေသာ္လည္း သူ႔အတြက္ အက်ိဳးရွိသည့္ အရာတစ္ခုခု ျဖစ္ဖို႔ရာ ေမွ်ာ္လင့္ေနေသးသည္။

ကိုယ္ပြားေျပာစကားအရေတာ့ လ်ဴမိန္ရႈ ဒါမွမဟုတ္ နတ္ဆိုးမ်ိဳးႏြယ္တို႔ ဗဟိုခ်က္ကို ေရာက္ဖို႔အတြက္ တစ္ႏွစ္ ဒါမွမဟုတ္ ႏွစ္ႏွစ္ေလာက္ပဲ လိုေတာ့တယ္။ အဲဒါဆို ဖူခ်ိဳက္ယြင္ရဲ႕ လူေတြနဲ႔ ရင္ဆိုင္ဖို႔ အခ်ိန္လုံေလာက္တယ္။

ဖူခ်ိဳက္ယြင္က မူလေဆးလုံးတာအိုဂိုဏ္းတြင္ အာဏာမ်ားစြာ ဆုပ္ကိုင္ထားသူျဖစ္ၿပီး ပါရမီရွိသူအား ဖိႏွိပ္လႊမ္းမိုးတတ္သည့္ သဘာဝရွိသည့္အတြက္ ဝမ္ေဝ့က ထိုလူသည္ မူလေဆးလုံးမီးေတာက္က်မ္းကို ရယူမည့္ သူ႔အႀကံအစည္အား ေႏွာင့္ယွက္မည့္ အတားအဆီး ျဖစ္ေနေၾကာင္း သိေလသည္။

ထို႔ေၾကာင့္ သူက ဤလွ်ိဳ႕ဝွက္နယ္ေျမအတြင္း ေရာက္ရွိလာသည့္ သူႏွင့္ပတ္သက္သည့္လူမ်ားကို သတ္ဖို႔ရာ ဆုံးျဖတ္ထားသည္မွာ ၾကာျမင့္လွေလၿပီ။ ထိုသူမ်ားကို သတ္လိုက္ျခင္းက ဖူခ်ိဳက္ယြင္အေပၚ. ဘာမွသက္ေရာက္မႈမရွိေသာ္လည္း ဘာမွမျဖစ္သည္ထက္ေတာ့ ေကာင္းေလသည္။

ထိုအျပဳအမူက သူ႔ဆရာအား အသက္ရႉအနည္းငယ္ ေခ်ာင္သြားေစလိမ့္မည္။

ဝမ္ေဝ့က ဆုံးျဖတ္ခ်က္ ခ်ၿပီးသည့္ေနာက္တြင္ တစ္ေယာက္ေယာက္ အသြင္ေျပာင္းကာ စတင္အမဲလိုက္လိုက္သည္။ သူက ကိုယ္ပိုင္စြမ္းအားကို အသုံးမျပဳဖို႔ ဆုံးျဖတ္ထားေလ၏။ ေလာ့ခ်န္က သူ႔မ်က္လုံးထဲ ၾကက္တစ္ေကာင္ေလာက္ အားနည္းေနေသာ္လည္း အေျခအေနကို ရင္ဆိုင္ဖို႔ ေျဖရွင္းနည္းမ်ားစြာ ရွိေနေသး၏။ အဓိကက အဆိပ္အသုံးျပဳမႈ ျဖစ္သည္။ လြန္ခဲ့သည့္ ႏွစ္ႏွစ္ရာအတြင္း သူ႔ ေဆးဝါးပညာရပ္က သိသိသာသာ တိုးတက္လာၿပီး အဆိပ္မ်ားစြာကို ဖန္တီးၿပီး သင္ယူခဲ့သည္။

........................

အခ်ိန္က တစ္ဖက္တည္းကိုသာ စီးဆင္းေနသည့္ မရပ္တန႔္ႏိုင္ေသာ ျမစ္တစ္စင္းလို ျဖစ္၏။

လ်ဴမိန္ရႈအတြက္ ယခင္သုံးႏွစ္ခန႔္က ထာဝရနီးပါး ၾကာရွည္ခဲ့သည္။ သူမက ဖိအားမ်ားစြာေအာက္ က်ေရာက္ေနသည့္အတြက္ သူမသက္တမ္းပင္ ေတာ္ေတာ္ေလး ေလ်ာ့က်သြားသည္ဟု ခံစားမိေနသည္။

သူမက မနီးမေဝးရွိ ေနာက္မွ လူမ်ားအား လွည့္ၾကည့္လိုက္သည္။

ဒီနတ္ဆိုးမ်ိဳးႏြယ္ကဘာလဲ။ သူတို႔က ဗဟိုခ်က္ကို ေရာက္ဖို႔ ဘာလို႔ ဆုံးျဖတ္ခ်က္ ျပတ္သားေနရတာလဲ။

လ်ဴမိန္ရႈက ထိုနတ္ဆိုးအစစ္အမွန္ အုပ္ခ်ဳပ္သူမ်ား၏ ဆံပင္အျဖဴေရာင္မ်ားကို ၾကည့္လိုက္ၿပီး ထိုလူမ်ား ေရာက္ရွိလာစအခါက အားလုံးသည္ ဆံပင္အမဲေရာင္ ျဖစ္ကာ အမ်ားစုက လူလတ္အ႐ြယ္ ျဖစ္ၾကသည္။ သို႔ေသာ္လည္း ႏွစ္ ၂၀၃ ႏွစ္အတြင္း ထိုနတ္ဆိုးမ်ိဳးႏြယ္က သက္တမ္း ေလ်ာ့က်သြားသည္ဟု ထင္ရေလာက္ေအာင္အထိ အလ်င္အျမန္ အသက္ႀကီးလာၾကသည္။ ထိုနတ္ဆိုးမ်ိဳးႏြယ္က သာမန္လူမ်ားထက္ သက္တမ္း ပိုရွည္သည္မွာ အားလုံးသိၾကသည့္ အသိတစ္ခု ျဖစ္သည္။

ထို႔ေၾကာင့္ ထိုလူမ်ားသည္ အစီအရင္မ်ားကို ခ်ိဳးေဖာက္စဥ္ မည္မွ်ေပးဆပ္ခဲ့ရသည္ကို သူတို႔သာ သိလိမ့္မည္။

သူတို႔က ဒီလွ်ိဳ႕ဝွက္နယ္ေျမနဲ႔ ပတ္သက္ၿပီး တစ္ခုခုသိထားတာပဲ ျဖစ္ရမယ္။ ဒါက သူတို႔ပိုင္နက္အတြင္းပဲေလ။

လ်ဴမိန္ရႈက ေတြးလိုက္မိသည္။

ေတာ္ေသးတာေပါ့။ ငါ ႀကိဳတင္ျပင္ဆင္ထားခဲ့မိလို႔

ထိုလူမ်ား လွ်ိဳ႕ဝွက္နယ္ေျမအတြင္း မဝင္ခင္ သားရဲေမြးျမဴေရးေတာင္ၾကားမွ သူမ၏ အင္အားစုမ်ားက အရင္းအျမစ္မ်ားစြာ ထုတ္ေပးခဲ့သည္။ ထို႔ေၾကာင့္ ေဆးလုံးေျမာက္မ်ားစြာကို အသုံးျပဳ၍ သူမဘက္မွ အစစ္အမွန္အုပ္ခ်ဳပ္သူမ်ားက နတ္ဆိုးမ်ိဳးႏြယ္ထက္ အေရးသာေနျခင္း ျဖစ္သည္။

" သခင္မေလး။ က်ဳပ္တို႔ ေနာက္ဆုံးအစီအရင္ကို ခ်ိဳးေဖာက္ၿပီးသြားၿပီ။" အစစ္အမွန္ အုပ္ခ်ဳပ္သူက တုန္တုန္ယင္ယင္ျဖင့္ ေျပာလိုက္သည္။

" အဲဒါဆို ျမန္ျမန္လုပ္လိုက္" လ်ဴမိန္ရႈက ေငးေမာေနရာမွ ႏိုးထလာသည္။ သူမက အဖြဲ႕ကို ဦးေဆာင္၍ ေတာင္ထိပ္ဆီ ခ်က္ခ်င္း သြားလိုက္သည္။ သူမက ေနာက္ဆုံး ေျခလွမ္းကို လွမ္းလိုက္သည္ႏွင့္ တျခားေနရာတစ္ခုသို႔ ေရာက္ရွိသြားသည္ကို ျမင္လိုက္ရ၏။

သူမက တျခားအာကာျပင္တစ္ခုမွ အာကာျပင္တစ္ခု၊ ကမာၻတစ္ခုမွ ကမာၻတစ္ခုသို႔ ေျပာင္းလဲသြားဟန္ေပၚသည္။ ထို႔အျပင္ ကူးေျပာင္းမႈက ေခ်ာေမြ႕လြန္းသည့္အတြက္ ထိုအရာကို ဖန္တီးသူသည္ အာကာျပင္ ကြၽမ္းက်င္သူျဖစ္ေၾကာင္း ျပသေနေလသည္။

လ်ဴမိန္ရႈ သတိထားမိသည့္အရာက တန္းစီၿပီး မတ္တပ္ရပ္ေနသည့္ ႐ုပ္ေသး႐ုပ္မ်ားျဖစ္ၿပီး သူတို႔က တစ္စုံတစ္ခုကို ေစာင့္ၾကပ္ေနဟန္ေပၚ၏။ သို႔ေသာ္လည္း ထို႐ုပ္ေသး႐ုပ္မ်ားႏွင့္ ပတ္သက္ၿပီး ထူးျခားေနသည့္အရာ ရွိေနသည္။

သူတို႔အားလုံးက လူသားအသြင္ႏွင့္ တူေသာ္လည္း အားလုံးတြင္ တူညီသည့္ အရာတစ္ခု ရွိေနသည္။ သူတို႔အားလုံး၏ နဖူးအထက္တြင္ သမင္လိုမ်ိဳး ဦးခ်ိဳ ရွိေနေလ၏။ လ်ဴမိန္ရႈက ထိုအရာကို ျမင္ၿပီး ခ်က္ခ်င္းဆိုသလို စိတ္လႈပ္ရွားမိသြားသည္။

" ကြၽန္မတို႔ ေျပာတာမွန္တယ္။ ဒီဟာက ေရွးေခတ္တုန္းက အစစ္အမွန္ နဂါးတစ္ေကာင္ရဲ႕ ဂူဗိမာန္ပဲ ျဖစ္ရမယ္" သူမက ေရ႐ြတ္လိုက္သည္။

 သူမ၏ အသံက နဂိုထက္ပင္ အနည္းငယ္ ပိုက်ယ္ေနသည္။ သူမ တစ္ေယာက္ထဲ ထိုသို႔ခံစားေနရျခင္း မဟုတ္ဘဲ သူမအင္အားစုမွ လူမ်ားအားလုံးလည္း အတူတူသာ ျဖစ္၏။

အသေခ်ၤသားရဲ ႐ုပ္ခႏၶာရွိထားဖူးသည့္ အားအေကာင္းဆုံး မဟာဧကရာဇ္မ်ားအနက္ တစ္ဦးက အစစ္အမွန္ ဇာမဏီဧကရာဇ္ ျဖစ္ေပသည္။ သူမ၏ အင္အားေကာင္းေနရျခင္း အေၾကာင္းအရင္းက ပင္ကိုနတ္ဆိုးျဖစ္သည့္ အစစ္အမွန္ ဇာမဏီတစ္ေကာင္၏ ေသြးအဆီအႏွစ္ကို ရရွိလိုက္၍ ျဖစ္သည္။

ဤဂူဗိမာန္အတြင္း အစစ္အမွန္ နဂါးတစ္ေကာင္၏ ေသြးအဆီအႏွစ္ ရွိေနႏိုင္သည္။ လ်ဴမိန္ရႈကသာ ထိုအရာကို ရယူႏိုင္သေ႐ြ႕ အစစ္အမွန္ ဇာမဏီမဟာဧကရာဇ္လိုမ်ိဳး စြမ္းအားႀကီးမႈကို ထုတ္ျပႏိုင္လိမ့္မည္။

ဆိုလိုသည္မွာ ဤမ်ိဳးဆက္အတြင္း သူတို႔၏ အင္အားစုက မဟာဧကရာဇ္ကို ျပဳစုပ်ိဳးေထာင္ႏိုင္ေခ် အခြင့္အေရး မ်ားျပားလာလိမ့္မည္။ ေနာက္ဆုံးတြင္ သူတို႔က က်ီမိသားစုကို ထိန္းခ်ဳပ္ႏိုင္သည့္အျပင္ ဖယ္ရွားႏိုင္လိမ့္မည္။

မိနစ္ပိုင္းၾကာျမင့္ၿပီးသည့္ေနာက္တြင္ သူမဘာသာ တည္ၿငိမ္သြားေလသည္ " နတ္ဆိုးမ်ိဳးႏြယ္က လူေတြ ဝင္မလာေအာင္ တားဆီးဖို႔ အစီအရင္သြားၿပီး ခင္းလိုက္။ အနည္းဆုံးေတာ့ သူတို႔ေတြကို အခ်ိန္ဆြဲထားဖို႔ လုံေလာက္တာေပါ့။"

အစစ္အမွန္ အုပ္ခ်ဳပ္သူမ်ားက ေခါင္းညိတ္လိုက္ၿပီးေနာက္ သူမ အမိန႔္အတိုင္း ေဆာင္႐ြက္လိုက္ၾကသည္။ ထိုစဥ္ လ်ဴမိန္ရႈက ဂူဗိမာန္အတြင္းသို႔ ဝင္သြားလိုက္၏။ ထူးဆန္းစြာျဖင့္ မိနစ္ပိုင္းၾကာျမင့္ၿပီးသည့္ေနာက္တြင္ သူမ၏ အမူအရာက ပ်က္ယြင္းသြားေလသည္။

သူမ၏ တာအိုကာကြယ္သူမ်ားက သူတို႔၏ အကူအညီကို လိုအပ္သည့္ အားေကာင္းေသာ ရန္သူမ်ားႏွင့္ ေတြ႕ဆုံႏိုင္ေၾကာင္း သတိေပးထားသည္။ သို႔ေသာ္လည္း သူတို႔က သူမ ဘယ္ဖက္လက္မွ ထူးဆန္းသည့္ သေကၤတကို ျမင္လိုက္သည့္အခါ ထူးဆန္းသည့္အရာ ျဖစ္ပြားေတာ့မည္ျဖစ္ေၾကာင္း သိလိုက္ၾကသည္။

အစီအရင္ ေတာင္ထိပ္တြင္ လ်ဴမိန္ရႈတို႔အဖြဲ႕ ထိပ္ဆုံးသို႔ ေရာက္ရွိသြားသည္ႏွင့္ ဝမ္ေဝ့၏ ကိုယ္ပြားက အၿပဳံးတစ္ပြင့္ႏွင့္အတူ မ်က္လုံးပြင့္လာသည္။

" စလိုက္ၾကစို႔" သူက အျခားလူမ်ားကို ေျပာလိုက္သည္။ ထို႔ေနာက္ ျမဴခိုးမ်ားက သူတို႔အား လႊမ္းၿခဳံသြားကာ သီးျခားပိုင္းျခားလိုက္ဟန္ေပၚသည္။ တာအိုအခြင့္အလမ္းဂိုဏ္း၏ ထူးထူးဆန္းဆန္း အျပဳအမူမ်ားကို အာ႐ုံစိုက္ေနၾကသည့္ လူမ်ားစြာက ထိုအရာကို ခ်က္ခ်င္း သတိျပဳမိလိုက္ၾကသည္။ သို႔ေသာ္လည္း သူတို႔က ထိုျမဴခိုးသည္ သူတို႔၏ အံ့ဖြယ္အသိစိတ္ႏွင့္ တျခားေသာ စုံစမ္းစစ္ေဆးမႈမ်ားကို တားဆီးထားသည့္အတြက္ ဘာလုပ္ေနမွန္း မသိရေပ။ ထို႔အျပင္ လူမ်ားစြာက အားအေကာင္းဆုံးဂိုဏ္းအေပၚ ေပၚေပၚထင္ထင္ မစုံစမ္းဝံ့ၾကေပ။

ထိုစဥ္ ျမဴအတြင္း ဝမ္ေဝ့က သူ႔သိုေလွာင္လက္စြပ္အတြင္းမွ ထူးဆန္းသည့္ အရာတစ္ခုကို ထုတ္ယူလိုက္သည္။ အတိအက်ဆိုရလွ်င္ လက္ေမာင္းတစ္ခု ျဖစ္၏။ ထိုအရာက ခ်ီကံေကာင္းမႈစစ္ေဆးပြဲအတြင္း သူျဖဳတ္ယူထားခဲ့သည့္ လ်ဴမိန္ရႈ၏ လက္ေမာင္း ျဖစ္ေပသည္။

ထိုလက္မွ မျမင္ႏိုင္သည့္ မီးခိုးေရာင္ႀကိဳးမွ်င္မ်ား ေပၚထြက္လာၿပီး တစ္ခုႏွင့္တစ္ခု အေဝးမွ တစ္စုံတစ္ခု သို႔မဟုတ္ တစ္စုံတစ္ဦးႏွင့္ ဆက္ႏြယ္သြားေလသည္။ ကိုယ္ပြားက သူ႔ေနာက္မွ လူမ်ားအား ၾကည့္ကာ ေျပာလိုက္သည္ " မခုခံနဲ႔။ ကြၽန္ေတာ္တို႔ ေရာက္တဲ့အခါမွာ သတိႀကီးႀကီးထားေပး"

ထို႔ေနာက္ ထိုလူမ်ားက အလင္းေျပာက္အျဖစ္ ေျပာင္းလဲသြားကာ လက္ႏွင့္ဆက္ႏြယ္ထားသည့္ ခဲျဖဴေရာင္ ႀကိဳးမွ်င္ထဲ ဝင္ေရာက္သြားၾကသည္။ သိပ္မၾကာခင္ သူတို႔က အင္မတန္ ျမန္ဆန္ေသာ အရွိန္ျဖင့္ သြားေနသည္ကို ေတြ႕လိုက္ရသည္။ အခ်ိန္က သူတို႔အတြက္ ေႏွးေကြးသြားဟန္ ေပၚသည္။ သို႔ေသာ္ တစ္ခ်ိန္တည္းဆိုသလို အလ်င္အျမန္ ျဖတ္သန္းေနဟန္လည္း ေပၚ၏။ ဤသည္က ေခတၱမွ်ၾကာျမင့္လိုက္သလို ခံစားရေသာ္လည္း ထာဝရၾကာရွည္ေနသလိုလည္း ခံစားရျပန္သည္။ အဖြဲ႕က နံရံအတြင္း ေက်ာက္မ်က္မ်ားျဖင့္ စီျခယ္ထားသည့္ မွိန္ဖ်ဖ်လင္းေနသည့္ အာကာျပင္တစ္ခုသို႔ ေရာက္ရွိသြားသည္ႏွင့္ ရပ္တန႔္လိုက္သည္။

သူတို႔ေနာက္တြင္ ဦးခ်ိဳမ်ား ပါရွိသည့္ ႐ုပ္ေသး႐ုပ္တပ္ဖြဲ႕ ပါရွိေလသည္။ သူတို႔ေရွ႕တြင္မူ သားရဲေမြးျမဴေရးေတာင္ၾကားမွ လူမ်ား ရွိေနေလသည္။

" ဒါေတြအားလုံးက ရွင့္အႀကံအစည္ကိုး" လ်ဴမိန္ရႈက အံႀကိတ္ကာ ေျပာလိုက္သည္။ သူမေရွ႕တြင္ရွိေသာ ဝမ္ေဝ့အား ၾကည့္ေနေလသည္။ ထိုသေကၤတမ်ား သူမလက္ေမာင္းအထက္တြင္ ေပၚထြက္လာသည္ႏွင့္ ဝမ္ေဝ့၏ အစီအစဥ္ျဖစ္ေၾကာင္း ခန႔္မွန္းၿပီးသား ျဖစ္၏။

ဝမ္ေဝ့က သူမအား မထူးမျခားနား အၾကည့္ျဖင့္ ၾကည့္ကာ ေျပာလိုက္သည္ " ဒူးေထာက္"

႐ုတ္ခ်ည္းဆိုသလို သူ႔အသံမွ အားေကာင္းကာ ဆန္းၾကယ္သည့္ အင္အားတစ္ခု ထြက္ေပၚလာကာ လ်ဴမိန္ရႈအား ထိတ္လန႔္သြားေစသည္။ သူမက ေျမျပင္ေပၚ ဒူးေထာက္လိုက္ရ၏။ သူမ၏ စြမ္းအားျဖင့္ မခုခံႏိုင္ေပ။

" ဝပ္တြားစမ္း" ဝမ္ေဝ့က ထပ္ေျပာလိုက္သည္။ ထိုအခါ လ်ဴမိန္ရႈ၏ ဦးေခါင္းက ေျမျပင္ေပၚသို႔ ဝပ္တြားသြားေလသည္။ သူမႏွင့္ ပါရွိသည့္ အစစ္အမွန္ အုပ္ခ်ဳပ္သူမ်ားက ေဒါသထြက္ေနၾကေသာ္လည္း ဝမ္ေဝ့ႏွင့္အတူပါလာသည့္ သူမ်ားက သူတို႔အား ပိတ္ဆို႔ထားေလသည္။

" ဒါက ဘယ္လိုစြမ္းရည္လဲ" လ်ဴမိန္ရႈက ေမးလိုက္သည္။

" မင္း သိစရာမလိုဘူး" ဝမ္ေဝ့က ျပန္ေျဖလိုက္သည္။ ဤသည္က သူ႔ခ်ကၠရဖြင့္ၿပီးေနာက္ လွ်ာဒြါရႏွင့္ လည္ပင္းခ်ကၠရကို ဖြင့္ၿပီးသည့္ေနာက္ ရရွိလာသည့္ စြမ္းရည္တစ္ခု ျဖစ္ေပသည္။

ထိုစြမ္းရည္ကို "ဧကရာဇ္ရဲ႕ စကားက စည္းမ်ဥ္းဥပေဒ" ဟု ေခၚဆိုေလသည္။

 လ်ဴမိန္ရႈက အံႀကိတ္လိုက္သည္ " ဘာလို႔ဒီလိုလုပ္ရတာလဲ။ စစ္ေဆးပြဲမွာ ျဖစ္ခဲ့တဲ့ အေၾကာင္းအရင္းေၾကာင့္လား"

" အဲလိုေျပာလို႔ရတယ္"

" ေၾကာင္သူေတာ္ဆန္ မေနစမ္းပါနဲ႔" သူမက မေက်မနပ္ေရ႐ြတ္လိုက္သည္ " က်င့္ႀကံသူေတြက ေသမ်ိဳးေတြရဲ႕ဘဝကို ဘယ္တုန္းကမွ ထည့္မတြက္ဖူးဘူး။ သူတို႔ေတြ ခ်ဳပ္ထိန္းထားတဲ့ အေၾကာင္းအရင္းက ကံၾကမၼာဝဋ္ေႂကြးေၾကာင့္ပဲ။ ဒီဟာက ႀကီးႏိုင္ငယ္ညႇင္းကမာၻပဲ"

သူမက ထရပ္ဖို႔ ႀကိဳးစားခဲ့ေသာ္လည္း က်ရႈံးခဲ့ေလသည္။ မည္သို႔ပင္ဆိုေစကာမူ သူမက ဆက္ေျပာေနေသးသည္ " ရွင္တို႔ တာအိုအခြင့္အလမ္း ဂိုဏ္းကလူေတြကလည္း ကုသိုလ္ကို စုေဆာင္းၿပီး ကံေကာင္းမႈစစ္ေဆးပြဲအျဖစ္ အသုံးျပဳဖို႔ ကမာၻငယ္ေတြဆီမွာ ကပ္ေဘးေတြ ယူေဆာင္ခဲ့ဖူးတာပဲ။ ကြၽန္မ လုပ္တာနဲ႔ ဘာမ်ားကြာျခားလို႔လဲ"

ဝမ္ေဝ့က သူမအား တည္ၿငိမ္စြာ ၾကည့္လိုက္ၿပီးေနာက္ ေျပာလိုက္သည္ " မင္းေျပာတာ မွန္ေကာင္းမွန္ႏိုင္ပါတယ္။ ဒါေပမဲ့ မင္း မွားေနတယ္။ ငါက ေသမ်ိဳးေတြနဲ႔ ယူဆၿပီးေတာ့ ေျပာေနတာ မဟုတ္ဘူး။ ငါ မင္းကို မုန္းတာက မင္းက စည္းမ်ဥ္းကို ခ်ိဳးေဖာက္ခဲ့လို႔ပဲ။

 အားလုံးက တိုင္းျပည္တိုက္ပြဲအေပၚ သေဘာတူညီထားရက္နဲ႔ မင္းက ကစားပြဲကို အႏိုင္ရဖို႔အတြက္ ကမာၻတစ္ခုလုံးကို ဂြၽမ္းထိုးေမွာက္ခုံျဖစ္ေအာင္ လုပ္ဖို႔ ဆုံးျဖတ္ခဲ့တာေလ။ မင္းရဲ႕ အျပဳအမူက အက်ိဳးဆက္ မရွိဘူးလို႔ ထင္ေနတာလား။ ဒါေပမဲ့ ဒီဟာက မင္းကို မႀကိဳက္တဲ့ အဓိကအခ်က္ေတာ့ မဟုတ္ေသးဘူး။ ငါက မဟာရွားကလူေတြကို ကာကြယ္ေပးမယ္လို႔ ကတိေပးထားခဲ့တယ္။ သူတို႔ရဲ႕ အုပ္ခ်ဳပ္သူအေနနဲ႔ ဒါက ငါ့ရဲ႕ တာဝန္ယူမႈပဲ။ ဒါေပမဲ့ မင္းက အဲဒါကို ဖ်က္ဆီးပစ္ခဲ့တယ္။"

သူ႔အၾကည့္မ်ားက လ်ဴမိန္ရႈဆီ က်ေရာက္လာသည္။

" မင္းရဲ႕ သားရဲဒီေရလႈိင္းမွာ အျပစ္မဲ့စြာ ေသဆုံးသြားခဲ့တဲ့ ျပည္သူေပါင္း ၁၂ ၃၄၅ ၆၅၇ လူအေရအတြက္ရွိတယ္။ စစ္သားေတြ မဟုတ္ဘူး။ ျပည္သူေတြခ်ည္းပဲ။ ကေလးအေရအတြက္၊ အမ်ိဳးသမီးအေရအတြက္နဲ႔ အဘိုးအဘြားအေရအတြက္ကို အတိအက် ေျပာျပရဦးမလား"

အခန္းက ေခတၱမွ် တိတ္ဆိတ္သြားေလသည္။ သူ႔ အံ့ဖြယ္အသိစိတ္ျဖင့္ လ်ဴမိန္ရႈက သူ႔စကားမ်ားကို ဂ႐ုမစိုက္ေၾကာင္း ေျပာႏိုင္ေလသည္။

" ေကာင္းၿပီ" သူက ႏွာေခါင္းရႈံကာ သေရာ္ၿပီး ေျပာလိုက္သည္ " မင္းက အားအေကာင္းဆုံးသူကသာ အသက္ရွင္ႏိုင္ေခ် ရွိတယ္ဆိုတဲ့ သေဘာတရားကို ယုံၾကည္ထားမွေတာ့ မင္းကိုလည္း အဲဒီစည္းမ်ဥ္းနဲ႔ပဲ ရင္ဆိုင္မယ္။ ငါက မင္းထက္ အားေကာင္းတယ္။ အဲဒါေၾကာင့္ မင္းရဲ႕ေသျခင္းရွင္ျခင္းကို ငါ ဆုံးျဖတ္ေပးမယ္"

ဝမ္ေဝ့က သူမႏွင့္ အခ်ိန္မျဖဳန္းေတာ့ဘဲ သူ႔ အားေကာင္းသည့္ ဝိညာဥ္အား အသက္သြင္းလိုက္သည္။ သူက ကိုယ္ပြားမွ် ျဖစ္ေသာ္လည္း အင္အားတခ်ိဳ႕ကို အေမြဆက္ခံထားသည္။ သူက သူမ၏ အသိစိတ္ပင္လယ္အတြင္း ဝင္ေရာက္ကာ ဝိညာဥ္အား ရွာေဖြလိုက္သည္။

သူမ၏ ဝိညာဥ္ကာကြယ္ေရး ရတနာအား လ်စ္လ်ဴရႈကာ ဝိညာဥ္ဆီ တိုက္႐ိုက္သြားလိုက္သည္။ လ်ဴမိန္ရႈက အသေခ်ၤသားရဲ ႐ုပ္ခႏၶာအား အသက္သြင္းကာ ခုခံခဲ့သည္။ ထိုစဥ္ သူမ၏ အသိစိတ္ပင္လယ္အတြင္း သားရဲပုံရိပ္ေယာင္ အေျမာက္အမ်ား ေပၚထြက္လာၿပီး ဝမ္ေဝ့၏ တိုက္ကြက္ကို တားဆီးၾကသည္။ သို႔ေသာ္လည္း သူက ထိုအရိပ္မ်ားကို တြန္းထိုးသြားၿပီး သူမ၏ ဝိညာဥ္ဆီသာ တိုက္႐ိုက္သြားလိုက္သည္။

သူက ေငြေရာင္အနည္းငယ္ႏွင့္ ေၾကးနီေရာင္တိမ္တိုက္ကို ျမင္လိုက္သည့္အခါ ခ်က္ခ်င္း ဖ်က္ဆီးပစ္လိုက္သည္။ ထိုအရာက လ်င္ျမန္လြန္းသည့္အတြက္ လ်ဴမိန္ရႈက တုံ႔ျပန္ဖို႔ အခ်ိန္မရသလို သူမ၏ ပင္ကိုစြမ္းရည္ ထုတ္သုံးၿပီး ကာကြယ္လိုက္ဖို႔ အခ်ိန္ပင္မရွိေပ။

Continue Reading

You'll Also Like

13.1K 200 23
Hiya! I'm Y/n and I'm a robot. I don't know what to say next so how about you find out for yourself.
231K 6.7K 136
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...
754K 24.7K 97
ᶜʰⁱˡᵈ ᵒᶠ ᵗʰᵉ ᵉˡᵈᵉˢᵗ ᵍᵒᵈᵈᵉˢˢ ᶠʳᵒᵐ ᵗʰᵉ ᵉᵃˢᵗ, ʰᵉⁱʳᵉˢˢ ᵒᶠ ᵉᵃʳᵗʰ, ˢᵗᵃʳˢ, ᵃⁿᵈ ᵐᵃᵍⁱᶜ, ˢʰᵉ ᵇᵃˡᵃⁿᶜᵉˢ ⁿᵃᵗᵘʳᵉ'ˢ ᵖᵉᵃᶜᵉ, ᶠᵃᵗᵉᵈ ᵗᵒ ʳᵉᵘⁿⁱᵗᵉ ʷⁱᵗʰ ᵃ ʰᵉʳᵒ ᵒᶠ ᵗʰᵉ ˢᵉ...
17K 749 34
Y/n L/n, a dedicated researcher with an unquenchable curiosity, is driven to explore the forgotten legends and fairy tales that whisper through ancie...