ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏...

De kilulayuu121

27.9K 3.1K 487

sequel of book 1 Mai multe

အခန်း(201)
အခန်း(202)
အခန်း(203)
အခန်း(204)
အခန်း(205)
အခန်း(206)
အခန်း(207)
အခန်း(208)
အခန်း(209.1)
အခန်း(209.2)
အခန်း(209)
အခန်း(210)
အခန်း(211)
အခန်း(212)
အခန်း(213)
အခန်း(214)
အခန်း(215)
အခန်း(216)
အခန်း(217)
အခန်း(218)
အခန်း(219)
အခန်း(219)
အခန်း(220)
အခန်း(221)
အခန်း(222)
အခန်း(223)
အခန်း(224)
အခန်း(225)
အခန်း(226)
အခန်း(၂၂၇)
အခန်း(228)
အခန်း(229)
အခန်း(230)
အခန်း(231)
အခန်း(232)
အခန်း(233)
အခန်း(234)
အခန်း(235)
အခန်း(236)
အခန်း(237)
အခန်း(238)
အခန်း(239)
အခန်း(240)
အခန်း(241)
အခန်း(၂၄၂)
အခန်း(243)
အခန်း(244)
အခန်း(245)
အခန်း(246)
အခန်း(247)
အခန်း(248)
အခန်း(249)
အခန်း(250)
အခန်း(251)
အခန်း(252)
အခန်း(၂၅၃)
အခန်း(၂၅၄)
အခန်းူ(255)
အခန်း(256)
အခန်း(257)
အခန်း(258)
အခန်း(259)
အခန်း(260)
အခန်း(261)
အခန်း(262)
အခန်း(၂၆၃)
အခန်း(၂၆၄)
အခန်း(၂၆၅)
အခန်း(၂၆၆)
အခန်း(၂၆၇)
အခန်း(၂၆၈)
အခန်း(၂၆၉)
အခန်း(၂၇၀)
အခန်း(၂၇၁)
အခန်း(၂၇၂)
အခန်း(၂၇၃)
အခန်း(၂၇၄)
အခန်း(၂၇၅)
အခန်း(၂၇၆)
အခန်း(၂၇၇)
အခန်း(၂၇၈)
အခန်း(၂၇၉)
အခန်း(၂၈၀)
အခန်း(၂၈၁)
အခန်း(၂၈၂)
အခန်း(၂၈၃)
အခန်း(၂၈၄)
အခန်း(၂၈၅)
အခန်း(၂၈၆)
အခန်း(၂၈၇)
အခန်း(၂၈၈)
အခန်း(၂၈၉)
အခန်း(၂၉၀)
အခန်း(၂၉၁)
အခန်း(၂၉၂)
အခန်း(၂၉၃)
အခန်း(၂၉၄)
အခန်း(၂၉၅)
အခန်း(၂၉၆)
အခန်း(၂၉၇)
အခန်း(၂၉၈)
အခန်း(၂၉၉)
အခန်း(၃၀၀)
အခန်း(၃၀၁)
အခန်း(၃၀၂)
အခန်း(၃၀၃)
အခန်း(၃၀၄)
အခန်း(၃၀၅)
အခန်း(၃၀၆)
အခန်း(၃၀၇)
အခန်း(၃၀၈)
အခန်း(၃၀၉)
အခန်း(၃၁၀)
အခန်း(၃၁၁)
အခန်း(၃၁၂)
အခန်း(၃၁၃)
အခန်း(၃၁၄)
အခန်း(၃၁၅)
အခန်း(၃၁၆)
အခန်း(၃၁၇)
အခန်း(၃၁၈)
အခန်း(၃၁၉)
အခန်း(၃၂၀)
အခန်း(၃၂၁)
အခန်း(၃၂၂) Book 23 End
အခန်း(၃၂၃)
အခန်း(၃၂၄)
အခန်း(၃၂၅)
အခန်း(၃၂၆)
အခန်း(၃၂၇)
အခန်း(၃၂၈)
အခန်း(၃၂၉)
အခန်း(၃၃၀)
အခန်း(၃၃၁)
အခန်း(၃၃၂)
အခန်း(၃၃၃)
အခန်း(၃၃၄)
အခန်း(၃၃၅)
အခန်း(၃၃၆) End of book 24
အခန်း(၃၃၇)
အခန်း(၃၃၈)
အခန်း(၃၃၉)
အခန်း(၃၄၀)
အခန်း(၃၄၁)
အခန်း(၃၄၂)
အခန်း(၃၄၃)
အခန်း(၃၄၄)
အခန်း(၃၄၅)
အခန်း(၃၄၆)
အခန်း(၃၄၇)
အခန်း(၃၄၈)
အခန်း(၃၄၉)
အခန်း(၃၅၀)
အခန်း(၃၅၂)
အခန်း(၃၅၃)
အခန်း(၃၅၄)
အခန်း(၃၅၅)
အခန်း(၃၅၆)
အခန်း(၃၅၇)
အခန်း(၃၅၈)
အခန်း(၃၅၉)
အခန်း(၃၆၀)
အခန်း(၃၆၁)
အခန်း(၃၆၂)
အခန်း(၃၆၃)
အခန်း(၃၆၄)
အခန်း(၃၆၅)
အခန်း(၃၆၆)
အခန်း(၃၆၇)
အခန်း(၃၆၈)
အခန်း(၃၆၉)
အခန်း(၃၇၀)
အခန်း(၃၇၁)
အခန်း(၃၇၂)
အခန်း(၃၇၃)
အခန်း(၃၇၄)
အခန်း(၃၇၅)
အခန်း(၃၇၆)
အခန်း(၃၇၇)
အခန်း(၃၇၈) book 27 end
အခန်း(၃၇၉)
အခန်း(၃၈၀)
အခန်း(၃၈၁)
အခန်း(၃၈၂)
အခန်း(၃၈၃)
အခန်း(၃၈၄)
အခန်း(၃၈၅)
အခန်း(၃၈၆)
အခန်း(၃၈၇)
အခန်း(၃၈၈)
အခန်း(၃၈၉)
အခန်း(၃၉၀)
အခန်း(၃၉၁)
အခန်း(၃၉၂)
အခန်း(၃၉၃)
အခန်း(၃၉၄)
အခန်း(၃၉၅)
အခန်း(၃၉၆)
အခန်း(၃၉၇)

အခန်း(၃၅၁)

87 8 0
De kilulayuu121


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၆)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၅၁) : အစောင့်အရှောက်

တခြားသော အထွတ်အထိပ် နတ်ဘုရားများက ကြမ္မာနတ်ဘုရားမ၏ စကားကို ကြားကာ တိတ်ဆိတ်သွားလေသည်။ သူတို့က သူမစကားမှာ အမှန်ဖြစ်ကြောင်း သိသော်လည်း ပြဿနာ ရှိနေသေး၏။

" မင်ယွင် ... ပြောဖို့တော့လွယ်တယ်။ ဒါပေမဲ့ ငါတို့လုပ်ဖို့အတွက် စတေးခံလိုတယ်ဆိုတာ သိကြတာပဲလေ။ ဘယ်သူက စတေးခံ ဖြစ်ပေးမှာတုန်း"

" လွယ်လွယ်လေးပါ။ ဒီမှာ တစ်ယောက်ယောက် ရှိနေတယ် မဟုတ်ဘူးလား"

" မင်း ပြောချင်တာ စစ်နတ်ဘုရားမကို ပြောချင်တာလား"

အလင်းနတ်ဘုရားက ထိုအရာကိုကြားပြီး နှာခေါင်းရှုံ့လိုက်သည် " ခင်ဗျားက ကျုပ်တို့ကမ္ဘာအတွက် အမြဲတမ်း အကောင်းတွေကိုပဲ လုပ်ပေးတတ်တဲ့ မြင့်မြတ်တဲ့ နတ်ဘုရားတစ်ပါးလို မြင်ခဲ့မိတာ ကျုပ် မှားနေခဲ့တာပဲ။ ခင်ဗျား လုပ်သမျှ အရာအားလုံးက ခင်ဗျားအသက်ကို ကယ်ဖို့ လုပ်နေတာပဲ"

ကြမ္မာနတ်ဘုရားမက ပြန်မဖြေပေ။ သူမက လျစ်လျူရှုထားလေ၏။ သူမ၏ အကြံပြုချက်အတွက်မူ တခြားလူများက စဉ်းစားပြီးနောက် ဤသည်ကသာ အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း သိကြသည်။

သို့သော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်မချခင် အမိန့်မှာတမ်း နတ်ဘုရားက ဝင်ပြောလာသည် " အဲဒါက အဲလိုဖြစ်မှာ မဟုတ်ဘူး။ ဒီအစောင့်အရှောက်ကို အသက်သွင်းဖို့အတွက် အချိန်လိုသေးတယ်။ အပြင်လူတွေက ငါတို့ကို အချိန်ပေးပါ့မလား"

" အမိန့်မှာတမ်း နတ်ဘုရား ... ရှင် ပြောချင်တာက..." ရှင်သန်ခြင်း နတ်ဘုရားမက မေးလိုက်သည်။

" ငါက စတေးခံဖြစ်ပေမယ်။ အဲဒီအချိန်အတွင်းမှာ စစ်နတ်ဘုရားမကို ငါတို့အတွက် အချိန်ဆွဲထားပေးဖို့ ပြောရမယ်"

ကျန်လေးယောက်က တိတ်ဆိတ်သွားကြသည်။ မည်သူကမှ သူ့အား မဖျောင်းဖျကြပေ။ အားလုံးက ဤကပ်ဘေးကို ဖြတ်ကျော်ကာ ဤကမ္ဘာ၏ သူတို့ဂုဏ်ကျက်သရေကြီးမားဖွယ် အချိန်ကို ပြန်သွားလိုကြလေသည်။

အမိန့်မှာတမ်း နတ်ဘုရားက ထိုအပြုအမူကို အာရုံစိုက်နေသည်။ အမှန်အတိုင်းဆိုရလျှင် သူ့တွင် လျှို့ဝှက်ချက်ကြီး တစ်ခု ရှိ၏။ အထွတ်အထိပ် နတ်ဘုရားများအနက် သူက သက်တမ်းအကြာဆုံးနေထိုင်ခဲ့သူ ဖြစ်ပေသည်။ ပြောရလျှင် သူ့သက်တမ်းက အထွတ်အထိပ် နတ်ဘုရား၏ နှစ်သန်းတစ်ရာ ကန့်သတ်ချက်ကိုပင် ကျော်လွန်နေပြီ ဖြစ်၏။

ထိုအကြောင်းအရင်းမှာ သူ့အနေနှင့် နတ်ဘုရားဘုရင် ဤကမ္ဘာကို လာခဲ့စဉ်က မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရ၍ ဖြစ်သည်။ သူက နတ်ဘုရားဘုရင် ပို့ချသည်များကို ပထမဆုံး နားထောင်ခဲ့ရသည့် လူသားများထဲမှ တစ်ဦး ဖြစ်ခဲ့ပြီး ဤကမ္ဘာတွင် ပေါ်ထွက်လာသည့် ပထမဆုံး နတ်ဘုရားထဲမှ တစ်ဦးလည်း ဖြစ်ခဲ့သည်။

သူက ဘီလူးစစ်ပွဲနှင့် ပျက်သုဉ်းခြင်း စစ်ပွဲတို့တွင်လည်း ရှင်သန်ခဲ့သည်။ ဤတစ်လျှောက် အထွတ်အထိပ် နတ်ဘုရားများစွာ မွေးဖွားလာကာ သေဆုံးသွားကြပြီး အခြားလူများဖြင့် အစားထိုးဝင်ရောက်သွားကြသည်။ သို့သော် သူက အသက်ရှင်နေဆဲ ဖြစ်၏။

သူ့အသက်ရှင်ခြင်း၏ လျှို့ဝှက်ချက်ကိုလား...

အဖြေက ရိုးရှင်းလှသည်။ နတ်ဘုရားဘုရင်အပေါ် အစွန်းရောက် ယုံကြည်ကိုးကွယ်မှု ဖြစ်၏။ အမိန့်မှာတမ်း နတ်ဘုရားက သူ့ယုံကြည်မှုသည် ပို၍ပြင်းထန်လေလေ သူ့သက်တမ်းက ပို၍ကြာရှည်လေလေဖြစ်ကြောင်း သတိထားမိလေသည်။ ထို့ကြောင့် ဤနှစ်များတစ်လျှောက်လုံး သူက သူ့ယုံကြည်မှုကို နတ်ဘုရားဘုရင်ထံ အပ်နှံထားခဲ့သည်။

လွန်ခဲ့သည့်နှစ်သန်းရာချီတစ်လျှောက်လုံး နေ့စဉ်နေ့တိုင်း သူက သူ့နတ်ဘုရားအား တစ်ရက်မှ မပျက်ကွက်ဘဲ ဆုတောင်းခဲ့သည်။

.....................

အမိန့်မှာတမ်း နတ်ဘုရား၏ မျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။ ထိုအရာက ဝမ်းနည်းမှု၊ ကြောက်ရွံ့မှု သို့မဟုတ် တွန့်ဆုတ်ခြင်းများ မဟုတ်ဘဲ စိတ်လှုပ်ရှားမှုသာ ဖြစ်၏။

သူက သေခြင်းတရားကို မကြောက်ပေ။ သူ့အတွက် သေခြင်းတရားက နတ်ဘုရားဘုရင်၏ ကောင်းကင်တိုင်းပြည်ဆီ ပြန်ရောက်သွားရမည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။ အကယ်၍ ဤကမ္ဘာအား စောင့်ကြည့်ဖို့ အစောင့်အရှောက်အနေနဲ့သာ တာဝန်မရှိနေခဲ့လျှင် သူက သူ့နတ်ဘုရားနှင့် ဆုံတွေ့ပြီးသည်မှာ ကြာမြင့်လှပြီဖြစ်၏။

ကြမ္မာနတ်ဘုရားမက ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် စစ်နတ်ဘုရားမအား ချက်ချင်းဆက်သွယ်လိုက်သည်။

" ငါတို့တွေ ဒီကမ္ဘာကို ကယ်နိုင်မဲ့ နည်းလမ်းရှိတယ်။ ဒါပေမဲ့ အချိန်ဆွဲထားဖို့ လိုအပ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပြင်လူတွေကို ငါတို့ဆီ နှောက်ယှက်ခွင့်မပေးနဲ့ "

စစ်နတ်ဘုရားမက ခဏတာ အံ့ဩသွားလေသည်။ ထို့နောက် သူမက ထိုအထွတ်အထိပ် နတ်ဘုရားများကြားတွင် အစောင့်အရှောက်ဟု ခေါ်သည့် သီးသန့်အဖွဲ့ရှိပြီး ဤကမ္ဘာကို ကယ်တင်ဖို့ လျှို့ဝှက်ချက်ကို ကိုင်ဆောင်ထားကြောင်း သိလေသည်။

ဒါ ကောလဟာလတွေက အမှန်လား။ ဒီငါးယောက်က အစောင့်အရှောက်လို့ ခေါ်တဲ့သူတွေလား

စစ်နတ်ဘုရားမက သိချင်နေသော်လည်း ယခုက မေးခွန်းမေးရန် အချိန်မဟုတ်ပေ။ ထို့ကြောင့် သူမက ခေါင်းအသာ ညိတ်ပြလိုက်သည်။ ထိုစဉ် အထွတ်အထိပ် နတ်ဘုရားများဆီမှ အမှတ်အသားပြားငါးခု ထွက်ပေါ်လာပြီး ပဥ္စဂံဖွဲ့စည်းသွားကာ အထွတ်အထိပ် နတ်ဘုရားတစ်ဦးချင်းစီက ထောင့်တစ်ခုစီတွင် နေရာယူလိုက်ကြသည်။ ထို့နောက် အမိန့်မှာတမ်း နတ်ဘုရား၏ ခန္ဓာကိုယ်အထက်တွင် ရွှေရောင်အလင်းတန်း ပေါ်ထွက်လာကာ တော်ဝင်ဆန်လာစေသည်။

သူ့သွေး၊ စွမ်းအင်၊ ဝိညာဉ်နှင့် စည်းမျဉ်းတို့က စတင်လောင်ကျွမ်းသွားပြီး ထိုအမှတ်အသားပြားကို စွမ်းအားပြည့်ဖို့ စတေးခံအဖြစ် အသုံးပြုလိုက်ကြသည်။

ထိုသို့သော လှုပ်ရှားမှုမျိုးက လီကျွင်း၏ အာရုံအား ချက်ချင်းဖမ်းစားသွားလေသည်။ သူက ထိုအထွတ်အထိပ် နတ်ဘုရားများအား သူ့ဆေးပြင်းမီးဖိုဖြင့် ဖိနှိပ်ထားပြီး နောက်ပစ်မှတ်ကို ရှာနေစဉ် ထိုလှုပ်ရှားမှုကို မြင်လိုက်ရခြင်း ဖြစ်၏။ သူက ထိုလူများ ဘာလုပ်နေသည်ကို မသိသော်လည်း ဆက်လုပ်ခွင့် ပေး၍ မဖြစ်ကြောင်း သိလေသည်။ ထို့ကြောင့် သူတို့ဘက်ကို ပျံသန်းသွားလိုက်သည်။

သို့သော်လည်း တစ်ယောက်ယောက်က လာတားလေ၏။

ထိုသူက အပေါ်ပိုင်းတွင် ကြွက်သားများသာ ရှိပြီး အောက်ပိုင်းကိုသာ အဝတ် ဝတ်ဆင်ထားလေသည်။ ထိုလူက ကြွက်သားများ ထင်းထွက်နေပြီး သွေးကြောများက ခန္ဓာကိုယ်အနှံ့မြင်တွေ့နေရသည်။ သူတို့က အချိန်မရွေး ပေါက်ထွက်လာတော့မည့်ဟန် ပေါ်နေသည်။

သူက နှစ်မီတာမျှသာ မြင့်သော်လည်း သူ့သွင်ပြင်က တခြားပုံမှန်လူသားများနှင့် ယှဉ်နိုင်လျှင် အတော်လေး ကြီးမားနေသည်။ သူက လူသားတစ်ဦးထက် ကြွက်သားရှိသည့် ဝက်ဝံတစ်ကောင်နှင့် ပိုတူသည်။

ခွန်အားနတ်ဘုရား

လီကျွင်းက ထိုနတ်ဘုရားအကြောင်း သတင်းအချက်အလက် ရထားဖူးလေသည်။ ထိုသူက အင်အားတာအို၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ခွန်အားစည်းမျဉ်းကို အသုံးပြုလေသည်။

မိုးမြေကြားရှိ အားအကောင်းဆုံး တာအိုတစ်ခုအနေနှင့် ထိုနတ်ဘုရားက တစ်ခုကို နားလည်ထားလျှင်ပင် သူ့အား ပြိုင်ဘက်ကင်းသည့် ရုပ်ပိုင်းဆိုင်ရာခွန်အား ထောက်ပံ့နိုင်လိမ့်မည်။

သာမန်အခြေအနေအောက်တွင် လီကျွင်းက ထိုသူနှင့် တိုက်ခိုက်ကာ သူ့ခန္ဓာကိုယ်၏ အကန့်အသတ်ကို စမ်းသပ်ဖို့ ပျော်မိလိမ့်မည်။ သို့သော်လည်း ယခုကား အရေးကြီးသည့်ကိစ္စများ ရှိနေလေသည်။ လီကျွင်းက သူ့လှံဖြင့် ထိုးချလိုက်သည့်အချိန် တစ်ဖက်လူက လက်သီးတစ်ချက်ဖြင့် တုံ့ပြန်လာသည်။ ခွန်အားနတ်ဘုရား၏ လက်သီးချက်က ရောက်ရှိလာသည့်အခါ လေထုပင် မတည်မငြိမ် ဖြစ်သွားလေ၏။

သူ့မျက်ဝန်းထဲ စိတ်လှုပ်ရှားမှုနှင့်အတူ သွေးဆာမှုများ ပါဝင်နေသည်။ သူက အားကောင်းသည့်လူများနှင့် ထိပ်တိုက် ရင်ဆိုင်ရသည်ကို သဘောကျလေသည်။ ကံဆိုးစွာဖြင့် အထွတ်အထိပ် နတ်ဘုရားအများစုက ထူးဆန်းသည့် နည်းလမ်းများကိုသာ အသုံးပြုကြသောကြောင့် သူ့အနေနှင့် အစစ်အမှန် တိုက်ပွဲကို မခံစားဖူးပေ။ တစ်ခုတည်းသော ခြွင်းချက်က အားကောင်းသည့် ခန္ဓာကိုယ်ကို ကျင့်ကြံထားသည့် မိုးကြိုးနတ်ဘုရားနှင့် တိုက်ခိုက်စဉ်က ဖြစ်သည်။

သူ့လက်ရည်စမ်းတွဲဖက်မှာ အသတ်ခံလိုက်ရပြီ ဖြစ်၏။ ကံကောင်းစွာဖြင့် သူက အပြင်လူထဲမှ လေ့ကျင့်ဖော်အသစ် တွေ့ထားလေသည်။

လီကျွင်း၏ လှံနှင့် ခွန်အားနတ်ဘုရားတို့၏ လက်သီးတို့က ထိပ်တိုက် ရင်ဆိုင်မိလိုက်ကြသည်။ သို့သော်လည်း နှစ်ခု မထိတွေ့ခင် လီကျွင်း၏ လှံမှ အစိမ်းရောင် မြူခိုး ရုတ်ချည်း ထွက်ပေါ်လာကာ တစ်ဖက်လူ၏ ခန္ဓာကိုယ်အတွင်း အလျင်အမြန် ဝင်ရောက်သွားသည်။ သူ့အား တုံ့ပြန်ဖို့ အချိန်ပင် မပေးပေ။

ခွန်အားနတ်ဘုရား၏ ခန္ဓာကိုယ်က ခြေဖျားမှ ရင်ဘတ်ပိုင်းအထိ မီးခိုးရောင် ပြောင်းလဲသွားလေသည်။

" မင်းက ငါ့ကို အဆိပ်ခတ်တယ်။ ဒီလိုမျိုး လှည့်ကွက်မျိုး သုံးရဲတယ်လား"

" အဆိပ်ကလည်း မိုးမြေကြားက တာအိုထဲက တစ်ခုပဲ။ အဲဒါကြောင့် သတ်ဖြတ်တဲ့အနေနဲ့ အသုံးပြုကြတယ်။ ကျုပ်က သတ်ဖြတ်ရေးတာအိုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ လေ့ကျင့်ထားပြီးသား"

ထိုစကားများကို ပြောပြီးသည့်နောက်တွင် လီကျွင်းက ခွန်အားနတ်ဘုရားသည် ဖြည်းဖြည်းချင်း မီးခိုးရောင် ကျောက်ရုပ်ဖြစ်သွားပြီး ကောင်းကင်မှ ပြုတ်ကျသွားသည်ကို ကြည့်နေလိုက်သည်။ ထိုလူက ခွန်အားနှင့် ပတ်သက်သည့် တာအိုကို ကျင့်ကြံထားသော်လည်း တစ်စိတ်တစ်ပိုင်းသာ ကျင့်ကြံထားသည်မှာ နှမြောစရာကောင်းလှသည်။

ထို့ကြောင့် အားကောင်းသည့် ခန္ဓာကိုယ်က တခြားသော ခန္ဓာသန့်စင်ထားသည့် ကျင့်ကြံသူများကဲ့သို့ အဆိပ်များစွာကို ခံနိုင်ရည်မရှိပေ။

ထို့အပြင် ဤကမ္ဘာတွင် ဘယ်အရာမှ အကြွင်းမဲ့ မဟုတ်ပေ။ ပြောရလျှင် တချို့အဆိပ်များက ဝမ်ဝေ့လိုမျိုး အားကောင်းသည့်ခန္ဓာကိုယ်လေ့ကျင့်သူကိုပင် သတ်နိုင်လောက်အောင် အားပြင်းလေသည်။

ခွန်အားနတ်ဘုရား သေဆုံးပြီးနောက် လီကျွင်းရှေ့ နောက်ထပ်တစ်ယောက် ထပ်ပေါ်လာသည်။ ထိုလူက တခြားအဖွဲ့မှ သတင်းအချက်အလက် ရရှိထားဟန်ပေါ်ကာ လီကျွင်းအား ရပ်တန့်ဖို့ ဆုံးဖြတ်ထားဟန် ပေါ်သည်။

လီကျွင်းက သူ့ရှေ့မှလူကို ကြည့်ကာ ချွန်ထက်သည့် သွားများနှင့် ဦးချိုများကို သတိပြုမိလိုက်ပြီး မျက်မှောင်ကြုတ်မိလိုက်သည်။ ပို၍အရေးကြီးသည်က သူက သုံးမီတာ မြင့်မားပြီး သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ဝိညာဉ်မြောက်များစွာကိုလည်း မြင်တွေ့နေရသည်။

အပြစ်ကြွေးနတ်ဘုရား

လီကျွင်းက စဉ်းစားလိုက်သည်။

သူ့သွင်ပြင်အရ သူက မိစ္ဆာသွေးမျိုးဆက် ဖြစ်နိုင်ချေများတယ်

လီကျွင်းအနေနှင့် ဤနတ်ဘုရား ပေါ်ထွက်လာမှုကြောင့် အံ့ဩမိသော်လည်း ဂရုမစိုက်ပေ။ သူက လက်ဝှေ့လိုက်သည့်အခါ သူ့ဝန်းကျင်တွင် အဖြူရောင် မီးတောက် ပေါ်ထွက်လာလေ၏။ ထိုမီးတောက်က အပြစ်ကြွေး နတ်ဘုရားအား ချက်ချင်း လွှမ်းခြုံသွားလေသည်။

အပြစ်ကြွေးနတ်ဘုရားက ထိုမီးတောက်မှ အန္တရာယ်ကို ခံစားမိကာ သူ့ဆီ ဆက်မတိုးလာအောင် တားဆီးချင်မိသည်။ သူ့အား ကြောက်လန့်သွားစေသည်က ထိုမီးတောက်သည် သူ့သဘာဝရန်သူ ဖြစ်နေဟန်ပေါ်သည်။

ထိုအရာက သူ့အား ထိတွေ့လိုက်သည်နှင့် သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို လောင်မြိုက်သွားကာ စတင်သန့်စင်တော့သည်။ အပြစ်ကြွေးနတ်ဘုရားက စူးစူးဝါးဝါး အော်ဟစ်လိုက်ရသည်။ စက္ကန့်ပိုင်း ကြာမြင့်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ရှိ အပြစ်ကြွေးအားလုံးက သန့်စင်သွားလေသည်။ ထို့နောက် သူက ကောင်းကင်မှ ပြုတ်ကျသွား၏။

သန့်စင်ရေး မီးတောက်က မိစ္ဆာကျင့်ကြံသူများ သို့မဟုတ် အပြစ်ကြွေးများသူအတွက် သဘာဝရန်သူ ဖြစ်ပေသည်။

ထို့နောက် လီကျွင်းက မနီးမဝေးမှ ဟွင်သွမ်း နတ်ဘုရားအား ပစ်မှတ်ထားလိုက်သည်။ ဟွင်သွမ်းက အရာအားလုံး စတင်ခြင်းနှင့် အဆုံးသတ်ခြင်းတို့ ပါဝင်သည့် အထွတ်အထိပ် တာအိုကို ဆိုလိုခြင်း မဟုတ်ဘဲ ဆန့်ကျင်မှု သဘောတရားကို ဖော်ဆောင်လေသည်။ သူက ကြောက်ခမန်းလိလိ အင်အားဖြင့် လှံကို ပစ်ခတ်လိုက်သည်။ ဟွင်သွမ်း နတ်ဘုရားက ချက်ချင်းဆိုသလို ရှောင်ရှားလိုက်သော်လည်း ထိမှန်လုနီးပါး ဖြစ်သွားလေသည်။ ထို့နောက် ချက်ချင်းဆိုသလို နောက်ဆုတ်ကာ ထွက်ပြေးဖို့အတွေးက သူ့စိတ်ထဲ ပေါ်ထွက်လာလေ၏။

ကံဆိုးစွာဖြင့် သူ့အကြံအစည်အား အကောင်အထည် မဖော်နိုင်ခင် လီကျွင်းက သူ့ရှေ့ ရုတ်ချည်းပေါ်ထွက်လာလေသည်။ ဟွင်သွမ်းနတ်ဘုရားက အလင်းတစ်ချက် မြင်လိုက်ရပြီးနောက် အရာအားလုံး ရပ်တန့်သွားတော့သည်။

သူ့မျက်နှာအထက် အံ့ဩတုန်လှုပ်သည့် မျက်နှာထားဖြင့် လီကျွင်း၏ လက်ထဲမှ ဓားနှစ်ချောင်းကို မြင်လိုက်ရပြီးနောက် သဘောပေါက်သွားတော့သည်။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ဖြစ်သွားကာ ကောင်းကင်မှ ပြုတ်ကျသွားသည်။

အရာအားလုံးက ငါးမိနစ်အတွင်း ဖြစ်သွားခြင်း ဖြစ်သော်လည်း လီကျွင်းက အချိန်ဖြုန်းမိသလို ခံစားနေရသည်။ သူက ထူးထူးဆန်းဆန်း အခမ်းအနား လုပ်နေသည့် အဖွဲ့ဆီ အလျင်အမြန် ပြေးသွားလိုက်သည်။ သို့သော် သူက နောက်တစ်ဖန် တားဆီးခံလိုက်ရပြန်သည်။

ဤတစ်ကြိမ်ကား စစ်နတ်ဘုရားမ ဖြစ်၏။ သူမက လျှို့ဝှက်နည်းလမ်းတချို့ဖြင့် သူမ၏ သွေးနှင့် မြင့်မြတ်စွမ်းအားကို လောင်ကျွမ်းကာ အင်အားတိုးမြင့်ထားဟန်ပေါ်သည်။ ထိုအရာဖြင့် သူမက ဆေးပြင်းမီးဖို၏ ဖိနှိပ်မှုကို ဖယ်ရှားနိုင်လေသည်။

သူမ၏ အရှိန်အဝါအရ သူတော်စင်အဆင့် ရောက်နေပြီဖြစ်ကြောင်း ပြောနိုင်လေသည်။ ထိုစွမ်းအားက မငြိမ်သက်သေးသော်လည်း သူ့အား အချိန်ဆွဲထားဖို့ လုံလောက်လေသည်။

နှစ်ဦးက ထိပ်တိုက်ရင်ဆိုင်ကြလေသည်။ ထင်ထားသည့်အတိုင်း လီကျွင်းက အနည်းငယ် အရေးသာလေ၏။ ထိပ်တိုက်ရင်ဆိုင်မှု တစ်ခုပြီးတိုင်း သူမအား နောက်မီတာ ဒါဇင်ခန့် နောက်ဆုတ်သွားအောင် လုပ်နိုင်သည်။

ထိုစဉ် မိုးမြေကြား စည်းမျဉ်းစွမ်းအား ပျံ့နှံ့သွားသည်။ ရလဒ်အနေဖြင့် တစ်ကမ္ဘာလုံး စတင်တုန်ခါလာလေ၏။

နှစ်ဦးသားက ကမ္ဘာ၏ ကန့်သတ်ချက်ကို ကျော်လွန်သွားပုံပေါ်ကာ ဖျက်ဆီးခြင်းကို ရှောင်လွှဲလို့ မရတော့ပေ။

ထျဲ့ကန်၊ ယန်းလီလင်းနှင့် ဝမ်ကျူတို့ကလည်း ချက်ချင်းဆိုသလို အမူအရာ လေးနက်လာကြသည်။ သူတို့က လုပ်လက်စကို ရပ်ကာ သူတို့၏ စွမ်းအားဖြင့် ကြမ္မာနယ်မြေအား ထိန်းထားဖို့ လုပ်လိုက်ကြသည်။

သေမျိုးများနှင့် အားနည်းသည့် နတ်ဘုရားများအတွက်မူ သူတို့က ထိုလူများက သူတို့၏ သိုလှောင်လက်စွပ်အတွင်းသို့ ထည့်ကာ ကယ်တင်လိုက်ကြသည်။

ထိပ်တိုက်ရင်ဆိုင်မှု များလာလေလေ စစ်နတ်ဘုရားမ၏ ခန္ဓာကိုယ်အထက် ဒဏ်ရာများစွာ မြင်တွေ့လိုက်ရလေလေ ဖြစ်၏။ သို့သော်လည်း သူမ၏ တိုက်ခိုက်စွမ်းအားက လျော့ကျမသွားသေးပေ။ စစ်ပွဲစွမ်းအားကို ကျင့်ကြံထားသူတစ်ယောက်အနေနှင့် သူမက တိုက်ခိုက်လေလေ ပို၍အားကောင်းလာလေလေ ဖြစ်၏။

ထို့အပြင် သူမက အသက်ဓာတ်ကိုပင် လောင်ကျွမ်းထားကာ လက်ရှိအင်အားကို ထိန်းသိမ်းထားသည်။ ထိုစဉ် သူမက ဤကမ္ဘာ၏ ကံတရားကိုလည်း ဂရုမစိုက်တော့သလို တခြားအရာမှ ဂရုမစိုက်တော့ပေ။

သူမ သိသည်ကား ဤတိုက်ပွဲသာ ဖြစ်၏။ ဤတိုက်ပွဲက သူမ တစ်ဘဝလုံး တိုက်ခိုက်ဖူးသည့်အထဲ အပြင်းထန်ဆုံး တိုက်ပွဲ ဖြစ်လိမ့်မည်။ သူမ၏ မျက်နှာအထက် ခပ်ယဲ့ယဲ့ အပြုံးတစ်ခုကိုပင် မြင်တွေ့နေရ၏။

လီကျွင်းက သူ့ပင်ကိုစွမ်းရည်ဖြင့် တပ်သားအဖွဲ့ ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူက သူတို့၏ အသက်များအား စတေးကာ သူ့တိုက်ပွဲအင်အားကို တိုးမြှင့်လိုက်သည်။ သို့သော် သူ့အား အံ့အားသင့်သွားစေသည်က စစ်နတ်ဘုရားမလည်း သူကဲ့သို့ အတူတူ လိုက်လုပ်လေ၏။

စွမ်းအားတိုးမြင့်လာသည့်အခါ တိုက်ပွဲက ပို၍ ပြင်းထန်လာသည်။ နယ်မြေကို ထိန်းထားရသည့်သူများအတွက်လည်း ပို၍ခက်ခဲလာကြ၏။ ထို့ကြောင့် သူတို့က ရိုးရှင်းသည့် အစီအရင်များဖြင့် ကြမ္မာနယ်မြေအား တည်ငြိမ်အောင် ထိန်းနေရသည်။

အကယ်၍ ဤကမ္ဘာသာ တစ်ခုခုဖြစ်သွားခဲ့လျှင် သူတို့ ဒီကို ရောက်လာရသည့် အကြောင်းအရင်းက ပျက်သုဉ်းသွားလိမ့်မည်။ သူတို့က နောက်ထပ် ကမ္ဘာတစ်ခုကို ရှာကာ အစကနေ ပြန်စနေရမည် ဖြစ်၏။

သို့သော်လည်း သိပ်မကြာခင် နှစ်ဦးသား ရုတ်ချည်းဆိုသလို ရပ်တန့်လိုက်ကြသည်။ လီကျွင်းက ခေါင်းမော့ကာ တခြားတစ်ခုအား ကြည့်လိုက်ကာ ရုတ်ချည်းဆိုသလို အမူအရာ ပျက်ယွင်းသွားလေသည်။

ကောင်းကင်မှ ဧရာမလက်ကြီးတစ်ခုက ရုတ်ချည်းဆိုသလို ဆင်းသက်လာလေသည်။ ထိုလက်ကြီးက ရွှေရောင်ဖြစ်ကာ မြင့်မြတ်တော်ဝင်ဆန်မှုများ ပါဝင်နေသည်။ ထိုအရာဖြင့် အသတ်ခံရလျှင် လူအများအတွက် ဂုဏ်ယူစရာဟု ပြောနေသည့်အလား ဖြစ်၏။

ဝုန်း

လီကျွင်း၏ ခန္ဓာကိုယ်က သွေးစက်များအဖြစ် ပေါက်ကွဲထွက်သွားကာ သူ့ဝိညာဉ်ပင် သုတ်သင်ခံလိုက်ရသည်။ သူက ခုခံဖို့ အခွင့်အရေးတစ်ခုပင် မရခဲ့ပေ။

***********


ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၂၆) 

မူရင္းေရးသားသူ - lazySageDao

ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)

အခန္း (၃၅၁) : အေစာင့္အေရွာက္

တျခားေသာ အထြတ္အထိပ္ နတ္ဘုရားမ်ားက ၾကမၼာနတ္ဘုရားမ၏ စကားကို ၾကားကာ တိတ္ဆိတ္သြားေလသည္။ သူတို႔က သူမစကားမွာ အမွန္ျဖစ္ေၾကာင္း သိေသာ္လည္း ျပႆနာ ရွိေနေသး၏။

" မင္ယြင္ ... ေျပာဖို႔ေတာ့လြယ္တယ္။ ဒါေပမဲ့ ငါတို႔လုပ္ဖို႔အတြက္ စေတးခံလိုတယ္ဆိုတာ သိၾကတာပဲေလ။ ဘယ္သူက စေတးခံ ျဖစ္ေပးမွာတုန္း"

" လြယ္လြယ္ေလးပါ။ ဒီမွာ တစ္ေယာက္ေယာက္ ရွိေနတယ္ မဟုတ္ဘူးလား"

" မင္း ေျပာခ်င္တာ စစ္နတ္ဘုရားမကို ေျပာခ်င္တာလား"

အလင္းနတ္ဘုရားက ထိုအရာကိုၾကားၿပီး ႏွာေခါင္းရႈံ႕လိုက္သည္ " ခင္ဗ်ားက က်ဳပ္တို႔ကမာၻအတြက္ အၿမဲတမ္း အေကာင္းေတြကိုပဲ လုပ္ေပးတတ္တဲ့ ျမင့္ျမတ္တဲ့ နတ္ဘုရားတစ္ပါးလို ျမင္ခဲ့မိတာ က်ဳပ္ မွားေနခဲ့တာပဲ။ ခင္ဗ်ား လုပ္သမွ် အရာအားလုံးက ခင္ဗ်ားအသက္ကို ကယ္ဖို႔ လုပ္ေနတာပဲ"

ၾကမၼာနတ္ဘုရားမက ျပန္မေျဖေပ။ သူမက လ်စ္လ်ဴရႈထားေလ၏။ သူမ၏ အႀကံျပဳခ်က္အတြက္မူ တျခားလူမ်ားက စဥ္းစားၿပီးေနာက္ ဤသည္ကသာ အေကာင္းဆုံး ေ႐ြးခ်ယ္မႈျဖစ္ေၾကာင္း သိၾကသည္။

သို႔ေသာ္လည္း ေနာက္ဆုံး ဆုံးျဖတ္ခ်က္မခ်ခင္ အမိန႔္မွာတမ္း နတ္ဘုရားက ဝင္ေျပာလာသည္ " အဲဒါက အဲလိုျဖစ္မွာ မဟုတ္ဘူး။ ဒီအေစာင့္အေရွာက္ကို အသက္သြင္းဖို႔အတြက္ အခ်ိန္လိုေသးတယ္။ အျပင္လူေတြက ငါတို႔ကို အခ်ိန္ေပးပါ့မလား"

" အမိန႔္မွာတမ္း နတ္ဘုရား ... ရွင္ ေျပာခ်င္တာက..." ရွင္သန္ျခင္း နတ္ဘုရားမက ေမးလိုက္သည္။

" ငါက စေတးခံျဖစ္ေပမယ္။ အဲဒီအခ်ိန္အတြင္းမွာ စစ္နတ္ဘုရားမကို ငါတို႔အတြက္ အခ်ိန္ဆြဲထားေပးဖို႔ ေျပာရမယ္"

က်န္ေလးေယာက္က တိတ္ဆိတ္သြားၾကသည္။ မည္သူကမွ သူ႔အား မေဖ်ာင္းဖ်ၾကေပ။ အားလုံးက ဤကပ္ေဘးကို ျဖတ္ေက်ာ္ကာ ဤကမာၻ၏ သူတို႔ဂုဏ္က်က္သေရႀကီးမားဖြယ္ အခ်ိန္ကို ျပန္သြားလိုၾကေလသည္။

အမိန႔္မွာတမ္း နတ္ဘုရားက ထိုအျပဳအမူကို အာ႐ုံစိုက္ေနသည္။ အမွန္အတိုင္းဆိုရလွ်င္ သူ႔တြင္ လွ်ိဳ႕ဝွက္ခ်က္ႀကီး တစ္ခု ရွိ၏။ အထြတ္အထိပ္ နတ္ဘုရားမ်ားအနက္ သူက သက္တမ္းအၾကာဆုံးေနထိုင္ခဲ့သူ ျဖစ္ေပသည္။ ေျပာရလွ်င္ သူ႔သက္တမ္းက အထြတ္အထိပ္ နတ္ဘုရား၏ ႏွစ္သန္းတစ္ရာ ကန႔္သတ္ခ်က္ကိုပင္ ေက်ာ္လြန္ေနၿပီ ျဖစ္၏။

ထိုအေၾကာင္းအရင္းမွာ သူ႔အေနႏွင့္ နတ္ဘုရားဘုရင္ ဤကမာၻကို လာခဲ့စဥ္က မ်က္ျမင္ကိုယ္ေတြ႕ ႀကဳံေတြ႕ခဲ့ရ၍ ျဖစ္သည္။ သူက နတ္ဘုရားဘုရင္ ပို႔ခ်သည္မ်ားကို ပထမဆုံး နားေထာင္ခဲ့ရသည့္ လူသားမ်ားထဲမွ တစ္ဦး ျဖစ္ခဲ့ၿပီး ဤကမာၻတြင္ ေပၚထြက္လာသည့္ ပထမဆုံး နတ္ဘုရားထဲမွ တစ္ဦးလည္း ျဖစ္ခဲ့သည္။

သူက ဘီလူးစစ္ပြဲႏွင့္ ပ်က္သုဥ္းျခင္း စစ္ပြဲတို႔တြင္လည္း ရွင္သန္ခဲ့သည္။ ဤတစ္ေလွ်ာက္ အထြတ္အထိပ္ နတ္ဘုရားမ်ားစြာ ေမြးဖြားလာကာ ေသဆုံးသြားၾကၿပီး အျခားလူမ်ားျဖင့္ အစားထိုးဝင္ေရာက္သြားၾကသည္။ သို႔ေသာ္ သူက အသက္ရွင္ေနဆဲ ျဖစ္၏။

သူ႔အသက္ရွင္ျခင္း၏ လွ်ိဳ႕ဝွက္ခ်က္ကိုလား...

အေျဖက ႐ိုးရွင္းလွသည္။ နတ္ဘုရားဘုရင္အေပၚ အစြန္းေရာက္ ယုံၾကည္ကိုးကြယ္မႈ ျဖစ္၏။ အမိန႔္မွာတမ္း နတ္ဘုရားက သူ႔ယုံၾကည္မႈသည္ ပို၍ျပင္းထန္ေလေလ သူ႔သက္တမ္းက ပို၍ၾကာရွည္ေလေလျဖစ္ေၾကာင္း သတိထားမိေလသည္။ ထို႔ေၾကာင့္ ဤႏွစ္မ်ားတစ္ေလွ်ာက္လုံး သူက သူ႔ယုံၾကည္မႈကို နတ္ဘုရားဘုရင္ထံ အပ္ႏွံထားခဲ့သည္။

လြန္ခဲ့သည့္ႏွစ္သန္းရာခ်ီတစ္ေလွ်ာက္လုံး ေန႔စဥ္ေန႔တိုင္း သူက သူ႔နတ္ဘုရားအား တစ္ရက္မွ မပ်က္ကြက္ဘဲ ဆုေတာင္းခဲ့သည္။

.....................

အမိန႔္မွာတမ္း နတ္ဘုရား၏ မ်က္ဝန္းထဲ အလင္းတစ္ခ်က္ ျဖတ္ေျပးသြားေလသည္။ ထိုအရာက ဝမ္းနည္းမႈ၊ ေၾကာက္႐ြံ႕မႈ သို႔မဟုတ္ တြန႔္ဆုတ္ျခင္းမ်ား မဟုတ္ဘဲ စိတ္လႈပ္ရွားမႈသာ ျဖစ္၏။

သူက ေသျခင္းတရားကို မေၾကာက္ေပ။ သူ႔အတြက္ ေသျခင္းတရားက နတ္ဘုရားဘုရင္၏ ေကာင္းကင္တိုင္းျပည္ဆီ ျပန္ေရာက္သြားရမည္ဟု ဆိုလိုျခင္း ျဖစ္ေပသည္။ အကယ္၍ ဤကမာၻအား ေစာင့္ၾကည့္ဖို႔ အေစာင့္အေရွာက္အေနနဲ႔သာ တာဝန္မရွိေနခဲ့လွ်င္ သူက သူ႔နတ္ဘုရားႏွင့္ ဆုံေတြ႕ၿပီးသည္မွာ ၾကာျမင့္လွၿပီျဖစ္၏။

ၾကမၼာနတ္ဘုရားမက ဆုံးျဖတ္ခ်က္ ခ်ၿပီးသည့္ေနာက္တြင္ စစ္နတ္ဘုရားမအား ခ်က္ခ်င္းဆက္သြယ္လိုက္သည္။

" ငါတို႔ေတြ ဒီကမာၻကို ကယ္ႏိုင္မဲ့ နည္းလမ္းရွိတယ္။ ဒါေပမဲ့ အခ်ိန္ဆြဲထားဖို႔ လိုအပ္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အျပင္လူေတြကို ငါတို႔ဆီ ေႏွာက္ယွက္ခြင့္မေပးနဲ႔ "

စစ္နတ္ဘုရားမက ခဏတာ အံ့ဩသြားေလသည္။ ထို႔ေနာက္ သူမက ထိုအထြတ္အထိပ္ နတ္ဘုရားမ်ားၾကားတြင္ အေစာင့္အေရွာက္ဟု ေခၚသည့္ သီးသန႔္အဖြဲ႕ရွိၿပီး ဤကမာၻကို ကယ္တင္ဖို႔ လွ်ိဳ႕ဝွက္ခ်က္ကို ကိုင္ေဆာင္ထားေၾကာင္း သိေလသည္။

ဒါ ေကာလဟာလေတြက အမွန္လား။ ဒီငါးေယာက္က အေစာင့္အေရွာက္လို႔ ေခၚတဲ့သူေတြလား

စစ္နတ္ဘုရားမက သိခ်င္ေနေသာ္လည္း ယခုက ေမးခြန္းေမးရန္ အခ်ိန္မဟုတ္ေပ။ ထို႔ေၾကာင့္ သူမက ေခါင္းအသာ ညိတ္ျပလိုက္သည္။ ထိုစဥ္ အထြတ္အထိပ္ နတ္ဘုရားမ်ားဆီမွ အမွတ္အသားျပားငါးခု ထြက္ေပၚလာၿပီး ပၪၥဂံဖြဲ႕စည္းသြားကာ အထြတ္အထိပ္ နတ္ဘုရားတစ္ဦးခ်င္းစီက ေထာင့္တစ္ခုစီတြင္ ေနရာယူလိုက္ၾကသည္။ ထို႔ေနာက္ အမိန႔္မွာတမ္း နတ္ဘုရား၏ ခႏၶာကိုယ္အထက္တြင္ ေ႐ႊေရာင္အလင္းတန္း ေပၚထြက္လာကာ ေတာ္ဝင္ဆန္လာေစသည္။

သူ႔ေသြး၊ စြမ္းအင္၊ ဝိညာဥ္ႏွင့္ စည္းမ်ဥ္းတို႔က စတင္ေလာင္ကြၽမ္းသြားၿပီး ထိုအမွတ္အသားျပားကို စြမ္းအားျပည့္ဖို႔ စေတးခံအျဖစ္ အသုံးျပဳလိုက္ၾကသည္။

ထိုသို႔ေသာ လႈပ္ရွားမႈမ်ိဳးက လီကြၽင္း၏ အာ႐ုံအား ခ်က္ခ်င္းဖမ္းစားသြားေလသည္။ သူက ထိုအထြတ္အထိပ္ နတ္ဘုရားမ်ားအား သူ႔ေဆးျပင္းမီးဖိုျဖင့္ ဖိႏွိပ္ထားၿပီး ေနာက္ပစ္မွတ္ကို ရွာေနစဥ္ ထိုလႈပ္ရွားမႈကို ျမင္လိုက္ရျခင္း ျဖစ္၏။ သူက ထိုလူမ်ား ဘာလုပ္ေနသည္ကို မသိေသာ္လည္း ဆက္လုပ္ခြင့္ ေပး၍ မျဖစ္ေၾကာင္း သိေလသည္။ ထို႔ေၾကာင့္ သူတို႔ဘက္ကို ပ်ံသန္းသြားလိုက္သည္။

 သို႔ေသာ္လည္း တစ္ေယာက္ေယာက္က လာတားေလ၏။

ထိုသူက အေပၚပိုင္းတြင္ ႂကြက္သားမ်ားသာ ရွိၿပီး ေအာက္ပိုင္းကိုသာ အဝတ္ ဝတ္ဆင္ထားေလသည္။ ထိုလူက ႂကြက္သားမ်ား ထင္းထြက္ေနၿပီး ေသြးေၾကာမ်ားက ခႏၶာကိုယ္အႏွံ႔ျမင္ေတြ႕ေနရသည္။ သူတို႔က အခ်ိန္မေ႐ြး ေပါက္ထြက္လာေတာ့မည့္ဟန္ ေပၚေနသည္။

သူက ႏွစ္မီတာမွ်သာ ျမင့္ေသာ္လည္း သူ႔သြင္ျပင္က တျခားပုံမွန္လူသားမ်ားႏွင့္ ယွဥ္ႏိုင္လွ်င္ အေတာ္ေလး ႀကီးမားေနသည္။ သူက လူသားတစ္ဦးထက္ ႂကြက္သားရွိသည့္ ဝက္ဝံတစ္ေကာင္ႏွင့္ ပိုတူသည္။

ခြန္အားနတ္ဘုရား

လီကြၽင္းက ထိုနတ္ဘုရားအေၾကာင္း သတင္းအခ်က္အလက္ ရထားဖူးေလသည္။ ထိုသူက အင္အားတာအို၏ အစိတ္အပိုင္း တစ္ခုျဖစ္သည့္ ခြန္အားစည္းမ်ဥ္းကို အသုံးျပဳေလသည္။

မိုးေျမၾကားရွိ အားအေကာင္းဆုံး တာအိုတစ္ခုအေနႏွင့္ ထိုနတ္ဘုရားက တစ္ခုကို နားလည္ထားလွ်င္ပင္ သူ႔အား ၿပိဳင္ဘက္ကင္းသည့္ ႐ုပ္ပိုင္းဆိုင္ရာခြန္အား ေထာက္ပံ့ႏိုင္လိမ့္မည္။

သာမန္အေျခအေနေအာက္တြင္ လီကြၽင္းက ထိုသူႏွင့္ တိုက္ခိုက္ကာ သူ႔ခႏၶာကိုယ္၏ အကန႔္အသတ္ကို စမ္းသပ္ဖို႔ ေပ်ာ္မိလိမ့္မည္။ သို႔ေသာ္လည္း ယခုကား အေရးႀကီးသည့္ကိစၥမ်ား ရွိေနေလသည္။ လီကြၽင္းက သူ႔လွံျဖင့္ ထိုးခ်လိုက္သည့္အခ်ိန္ တစ္ဖက္လူက လက္သီးတစ္ခ်က္ျဖင့္ တုံ႔ျပန္လာသည္။ ခြန္အားနတ္ဘုရား၏ လက္သီးခ်က္က ေရာက္ရွိလာသည့္အခါ ေလထုပင္ မတည္မၿငိမ္ ျဖစ္သြားေလ၏။

သူ႔မ်က္ဝန္းထဲ စိတ္လႈပ္ရွားမႈႏွင့္အတူ ေသြးဆာမႈမ်ား ပါဝင္ေနသည္။ သူက အားေကာင္းသည့္လူမ်ားႏွင့္ ထိပ္တိုက္ ရင္ဆိုင္ရသည္ကို သေဘာက်ေလသည္။ ကံဆိုးစြာျဖင့္ အထြတ္အထိပ္ နတ္ဘုရားအမ်ားစုက ထူးဆန္းသည့္ နည္းလမ္းမ်ားကိုသာ အသုံးျပဳၾကေသာေၾကာင့္ သူ႔အေနႏွင့္ အစစ္အမွန္ တိုက္ပြဲကို မခံစားဖူးေပ။ တစ္ခုတည္းေသာ ႁခြင္းခ်က္က အားေကာင္းသည့္ ခႏၶာကိုယ္ကို က်င့္ႀကံထားသည့္ မိုးႀကိဳးနတ္ဘုရားႏွင့္ တိုက္ခိုက္စဥ္က ျဖစ္သည္။

သူ႔လက္ရည္စမ္းတြဲဖက္မွာ အသတ္ခံလိုက္ရၿပီ ျဖစ္၏။ ကံေကာင္းစြာျဖင့္ သူက အျပင္လူထဲမွ ေလ့က်င့္ေဖာ္အသစ္ ေတြ႕ထားေလသည္။

လီကြၽင္း၏ လွံႏွင့္ ခြန္အားနတ္ဘုရားတို႔၏ လက္သီးတို႔က ထိပ္တိုက္ ရင္ဆိုင္မိလိုက္ၾကသည္။ သို႔ေသာ္လည္း ႏွစ္ခု မထိေတြ႕ခင္ လီကြၽင္း၏ လွံမွ အစိမ္းေရာင္ ျမဴခိုး ႐ုတ္ခ်ည္း ထြက္ေပၚလာကာ တစ္ဖက္လူ၏ ခႏၶာကိုယ္အတြင္း အလ်င္အျမန္ ဝင္ေရာက္သြားသည္။ သူ႔အား တုံ႔ျပန္ဖို႔ အခ်ိန္ပင္ မေပးေပ။

ခြန္အားနတ္ဘုရား၏ ခႏၶာကိုယ္က ေျခဖ်ားမွ ရင္ဘတ္ပိုင္းအထိ မီးခိုးေရာင္ ေျပာင္းလဲသြားေလသည္။

" မင္းက ငါ့ကို အဆိပ္ခတ္တယ္။ ဒီလိုမ်ိဳး လွည့္ကြက္မ်ိဳး သုံးရဲတယ္လား"

" အဆိပ္ကလည္း မိုးေျမၾကားက တာအိုထဲက တစ္ခုပဲ။ အဲဒါေၾကာင့္ သတ္ျဖတ္တဲ့အေနနဲ႔ အသုံးျပဳၾကတယ္။ က်ဳပ္က သတ္ျဖတ္ေရးတာအိုရဲ႕ အစိတ္အပိုင္းတစ္ခုအေနနဲ႔ ေလ့က်င့္ထားၿပီးသား"

ထိုစကားမ်ားကို ေျပာၿပီးသည့္ေနာက္တြင္ လီကြၽင္းက ခြန္အားနတ္ဘုရားသည္ ျဖည္းျဖည္းခ်င္း မီးခိုးေရာင္ ေက်ာက္႐ုပ္ျဖစ္သြားၿပီး ေကာင္းကင္မွ ျပဳတ္က်သြားသည္ကို ၾကည့္ေနလိုက္သည္။ ထိုလူက ခြန္အားႏွင့္ ပတ္သက္သည့္ တာအိုကို က်င့္ႀကံထားေသာ္လည္း တစ္စိတ္တစ္ပိုင္းသာ က်င့္ႀကံထားသည္မွာ ႏွေျမာစရာေကာင္းလွသည္။

ထို႔ေၾကာင့္ အားေကာင္းသည့္ ခႏၶာကိုယ္က တျခားေသာ ခႏၶာသန႔္စင္ထားသည့္ က်င့္ႀကံသူမ်ားကဲ့သို႔ အဆိပ္မ်ားစြာကို ခံႏိုင္ရည္မရွိေပ။

ထို႔အျပင္ ဤကမာၻတြင္ ဘယ္အရာမွ အႂကြင္းမဲ့ မဟုတ္ေပ။ ေျပာရလွ်င္ တခ်ိဳ႕အဆိပ္မ်ားက ဝမ္ေဝ့လိုမ်ိဳး အားေကာင္းသည့္ခႏၶာကိုယ္ေလ့က်င့္သူကိုပင္ သတ္ႏိုင္ေလာက္ေအာင္ အားျပင္းေလသည္။

ခြန္အားနတ္ဘုရား ေသဆုံးၿပီးေနာက္ လီကြၽင္းေရွ႕ ေနာက္ထပ္တစ္ေယာက္ ထပ္ေပၚလာသည္။ ထိုလူက တျခားအဖြဲ႕မွ သတင္းအခ်က္အလက္ ရရွိထားဟန္ေပၚကာ လီကြၽင္းအား ရပ္တန႔္ဖို႔ ဆုံးျဖတ္ထားဟန္ ေပၚသည္။

လီကြၽင္းက သူ႔ေရွ႕မွလူကို ၾကည့္ကာ ခြၽန္ထက္သည့္ သြားမ်ားႏွင့္ ဦးခ်ိဳမ်ားကို သတိျပဳမိလိုက္ၿပီး မ်က္ေမွာင္ၾကဳတ္မိလိုက္သည္။ ပို၍အေရးႀကီးသည္က သူက သုံးမီတာ ျမင့္မားၿပီး သူ႔ခႏၶာကိုယ္မွ ထြက္ေပၚေနသည့္ ဝိညာဥ္ေျမာက္မ်ားစြာကိုလည္း ျမင္ေတြ႕ေနရသည္။

အျပစ္ေႂကြးနတ္ဘုရား

 လီကြၽင္းက စဥ္းစားလိုက္သည္။

 သူ႔သြင္ျပင္အရ သူက မိစာၦေသြးမ်ိဳးဆက္ ျဖစ္ႏိုင္ေခ်မ်ားတယ္

လီကြၽင္းအေနႏွင့္ ဤနတ္ဘုရား ေပၚထြက္လာမႈေၾကာင့္ အံ့ဩမိေသာ္လည္း ဂ႐ုမစိုက္ေပ။ သူက လက္ေဝွ႔လိုက္သည့္အခါ သူ႔ဝန္းက်င္တြင္ အျဖဴေရာင္ မီးေတာက္ ေပၚထြက္လာေလ၏။ ထိုမီးေတာက္က အျပစ္ေႂကြး နတ္ဘုရားအား ခ်က္ခ်င္း လႊမ္းၿခဳံသြားေလသည္။

အျပစ္ေႂကြးနတ္ဘုရားက ထိုမီးေတာက္မွ အႏၲရာယ္ကို ခံစားမိကာ သူ႔ဆီ ဆက္မတိုးလာေအာင္ တားဆီးခ်င္မိသည္။ သူ႔အား ေၾကာက္လန႔္သြားေစသည္က ထိုမီးေတာက္သည္ သူ႔သဘာဝရန္သူ ျဖစ္ေနဟန္ေပၚသည္။

ထိုအရာက သူ႔အား ထိေတြ႕လိုက္သည္ႏွင့္ သူ႔ဝိညာဥ္ႏွင့္ ခႏၶာကိုယ္ကို ေလာင္ၿမိဳက္သြားကာ စတင္သန႔္စင္ေတာ့သည္။ အျပစ္ေႂကြးနတ္ဘုရားက စူးစူးဝါးဝါး ေအာ္ဟစ္လိုက္ရသည္။ စကၠန႔္ပိုင္း ၾကာျမင့္ၿပီးသည့္ေနာက္တြင္ သူ႔ခႏၶာကိုယ္ရွိ အျပစ္ေႂကြးအားလုံးက သန႔္စင္သြားေလသည္။ ထို႔ေနာက္ သူက ေကာင္းကင္မွ ျပဳတ္က်သြား၏။

သန႔္စင္ေရး မီးေတာက္က မိစာၦက်င့္ႀကံသူမ်ား သို႔မဟုတ္ အျပစ္ေႂကြးမ်ားသူအတြက္ သဘာဝရန္သူ ျဖစ္ေပသည္။

ထို႔ေနာက္ လီကြၽင္းက မနီးမေဝးမွ ဟြင္သြမ္း နတ္ဘုရားအား ပစ္မွတ္ထားလိုက္သည္။ ဟြင္သြမ္းက အရာအားလုံး စတင္ျခင္းႏွင့္ အဆုံးသတ္ျခင္းတို႔ ပါဝင္သည့္ အထြတ္အထိပ္ တာအိုကို ဆိုလိုျခင္း မဟုတ္ဘဲ ဆန႔္က်င္မႈ သေဘာတရားကို ေဖာ္ေဆာင္ေလသည္။ သူက ေၾကာက္ခမန္းလိလိ အင္အားျဖင့္ လွံကို ပစ္ခတ္လိုက္သည္။ ဟြင္သြမ္း နတ္ဘုရားက ခ်က္ခ်င္းဆိုသလို ေရွာင္ရွားလိုက္ေသာ္လည္း ထိမွန္လုနီးပါး ျဖစ္သြားေလသည္။ ထို႔ေနာက္ ခ်က္ခ်င္းဆိုသလို ေနာက္ဆုတ္ကာ ထြက္ေျပးဖို႔အေတြးက သူ႔စိတ္ထဲ ေပၚထြက္လာေလ၏။

ကံဆိုးစြာျဖင့္ သူ႔အႀကံအစည္အား အေကာင္အထည္ မေဖာ္ႏိုင္ခင္ လီကြၽင္းက သူ႔ေရွ႕ ႐ုတ္ခ်ည္းေပၚထြက္လာေလသည္။ ဟြင္သြမ္းနတ္ဘုရားက အလင္းတစ္ခ်က္ ျမင္လိုက္ရၿပီးေနာက္ အရာအားလုံး ရပ္တန႔္သြားေတာ့သည္။

သူ႔မ်က္ႏွာအထက္ အံ့ဩတုန္လႈပ္သည့္ မ်က္ႏွာထားျဖင့္ လီကြၽင္း၏ လက္ထဲမွ ဓားႏွစ္ေခ်ာင္းကို ျမင္လိုက္ရၿပီးေနာက္ သေဘာေပါက္သြားေတာ့သည္။ ေနာက္ဆုံးတြင္ သူ႔ခႏၶာကိုယ္က အပိုင္းပိုင္းအစစ ျဖစ္သြားကာ ေကာင္းကင္မွ ျပဳတ္က်သြားသည္။

အရာအားလုံးက ငါးမိနစ္အတြင္း ျဖစ္သြားျခင္း ျဖစ္ေသာ္လည္း လီကြၽင္းက အခ်ိန္ျဖဳန္းမိသလို ခံစားေနရသည္။ သူက ထူးထူးဆန္းဆန္း အခမ္းအနား လုပ္ေနသည့္ အဖြဲ႕ဆီ အလ်င္အျမန္ ေျပးသြားလိုက္သည္။ သို႔ေသာ္ သူက ေနာက္တစ္ဖန္ တားဆီးခံလိုက္ရျပန္သည္။

ဤတစ္ႀကိမ္ကား စစ္နတ္ဘုရားမ ျဖစ္၏။ သူမက လွ်ိဳ႕ဝွက္နည္းလမ္းတခ်ိဳ႕ျဖင့္ သူမ၏ ေသြးႏွင့္ ျမင့္ျမတ္စြမ္းအားကို ေလာင္ကြၽမ္းကာ အင္အားတိုးျမင့္ထားဟန္ေပၚသည္။ ထိုအရာျဖင့္ သူမက ေဆးျပင္းမီးဖို၏ ဖိႏွိပ္မႈကို ဖယ္ရွားႏိုင္ေလသည္။

သူမ၏ အရွိန္အဝါအရ သူေတာ္စင္အဆင့္ ေရာက္ေနၿပီျဖစ္ေၾကာင္း ေျပာႏိုင္ေလသည္။ ထိုစြမ္းအားက မၿငိမ္သက္ေသးေသာ္လည္း သူ႔အား အခ်ိန္ဆြဲထားဖို႔ လုံေလာက္ေလသည္။

ႏွစ္ဦးက ထိပ္တိုက္ရင္ဆိုင္ၾကေလသည္။ ထင္ထားသည့္အတိုင္း လီကြၽင္းက အနည္းငယ္ အေရးသာေလ၏။ ထိပ္တိုက္ရင္ဆိုင္မႈ တစ္ခုၿပီးတိုင္း သူမအား ေနာက္မီတာ ဒါဇင္ခန႔္ ေနာက္ဆုတ္သြားေအာင္ လုပ္ႏိုင္သည္။

ထိုစဥ္ မိုးေျမၾကား စည္းမ်ဥ္းစြမ္းအား ပ်ံ႕ႏွံ႔သြားသည္။ ရလဒ္အေနျဖင့္ တစ္ကမာၻလုံး စတင္တုန္ခါလာေလ၏။

ႏွစ္ဦးသားက ကမာၻ၏ ကန႔္သတ္ခ်က္ကို ေက်ာ္လြန္သြားပုံေပၚကာ ဖ်က္ဆီးျခင္းကို ေရွာင္လႊဲလို႔ မရေတာ့ေပ။

ထ်ဲ႕ကန္၊ ယန္းလီလင္းႏွင့္ ဝမ္က်ဴတို႔ကလည္း ခ်က္ခ်င္းဆိုသလို အမူအရာ ေလးနက္လာၾကသည္။ သူတို႔က လုပ္လက္စကို ရပ္ကာ သူတို႔၏ စြမ္းအားျဖင့္ ၾကမၼာနယ္ေျမအား ထိန္းထားဖို႔ လုပ္လိုက္ၾကသည္။

ေသမ်ိဳးမ်ားႏွင့္ အားနည္းသည့္ နတ္ဘုရားမ်ားအတြက္မူ သူတို႔က ထိုလူမ်ားက သူတို႔၏ သိုေလွာင္လက္စြပ္အတြင္းသို႔ ထည့္ကာ ကယ္တင္လိုက္ၾကသည္။

ထိပ္တိုက္ရင္ဆိုင္မႈ မ်ားလာေလေလ စစ္နတ္ဘုရားမ၏ ခႏၶာကိုယ္အထက္ ဒဏ္ရာမ်ားစြာ ျမင္ေတြ႕လိုက္ရေလေလ ျဖစ္၏။ သို႔ေသာ္လည္း သူမ၏ တိုက္ခိုက္စြမ္းအားက ေလ်ာ့က်မသြားေသးေပ။ စစ္ပြဲစြမ္းအားကို က်င့္ႀကံထားသူတစ္ေယာက္အေနႏွင့္ သူမက တိုက္ခိုက္ေလေလ ပို၍အားေကာင္းလာေလေလ ျဖစ္၏။

ထို႔အျပင္ သူမက အသက္ဓာတ္ကိုပင္ ေလာင္ကြၽမ္းထားကာ လက္ရွိအင္အားကို ထိန္းသိမ္းထားသည္။ ထိုစဥ္ သူမက ဤကမာၻ၏ ကံတရားကိုလည္း ဂ႐ုမစိုက္ေတာ့သလို တျခားအရာမွ ဂ႐ုမစိုက္ေတာ့ေပ။

သူမ သိသည္ကား ဤတိုက္ပြဲသာ ျဖစ္၏။ ဤတိုက္ပြဲက သူမ တစ္ဘဝလုံး တိုက္ခိုက္ဖူးသည့္အထဲ အျပင္းထန္ဆုံး တိုက္ပြဲ ျဖစ္လိမ့္မည္။ သူမ၏ မ်က္ႏွာအထက္ ခပ္ယဲ့ယဲ့ အၿပဳံးတစ္ခုကိုပင္ ျမင္ေတြ႕ေနရ၏။

လီကြၽင္းက သူ႔ပင္ကိုစြမ္းရည္ျဖင့္ တပ္သားအဖြဲ႕ ဆင့္ေခၚလိုက္သည္။ ထို႔ေနာက္ သူက သူတို႔၏ အသက္မ်ားအား စေတးကာ သူ႔တိုက္ပြဲအင္အားကို တိုးျမႇင့္လိုက္သည္။ သို႔ေသာ္ သူ႔အား အံ့အားသင့္သြားေစသည္က စစ္နတ္ဘုရားမလည္း သူကဲ့သို႔ အတူတူ လိုက္လုပ္ေလ၏။

စြမ္းအားတိုးျမင့္လာသည့္အခါ တိုက္ပြဲက ပို၍ ျပင္းထန္လာသည္။ နယ္ေျမကို ထိန္းထားရသည့္သူမ်ားအတြက္လည္း ပို၍ခက္ခဲလာၾက၏။ ထို႔ေၾကာင့္ သူတို႔က ႐ိုးရွင္းသည့္ အစီအရင္မ်ားျဖင့္ ၾကမၼာနယ္ေျမအား တည္ၿငိမ္ေအာင္ ထိန္းေနရသည္။

အကယ္၍ ဤကမာၻသာ တစ္ခုခုျဖစ္သြားခဲ့လွ်င္ သူတို႔ ဒီကို ေရာက္လာရသည့္ အေၾကာင္းအရင္းက ပ်က္သုဥ္းသြားလိမ့္မည္။ သူတို႔က ေနာက္ထပ္ ကမာၻတစ္ခုကို ရွာကာ အစကေန ျပန္စေနရမည္ ျဖစ္၏။

သို႔ေသာ္လည္း သိပ္မၾကာခင္ ႏွစ္ဦးသား ႐ုတ္ခ်ည္းဆိုသလို ရပ္တန႔္လိုက္ၾကသည္။ လီကြၽင္းက ေခါင္းေမာ့ကာ တျခားတစ္ခုအား ၾကည့္လိုက္ကာ ႐ုတ္ခ်ည္းဆိုသလို အမူအရာ ပ်က္ယြင္းသြားေလသည္။

ေကာင္းကင္မွ ဧရာမလက္ႀကီးတစ္ခုက ႐ုတ္ခ်ည္းဆိုသလို ဆင္းသက္လာေလသည္။ ထိုလက္ႀကီးက ေ႐ႊေရာင္ျဖစ္ကာ ျမင့္ျမတ္ေတာ္ဝင္ဆန္မႈမ်ား ပါဝင္ေနသည္။ ထိုအရာျဖင့္ အသတ္ခံရလွ်င္ လူအမ်ားအတြက္ ဂုဏ္ယူစရာဟု ေျပာေနသည့္အလား ျဖစ္၏။

ဝုန္း

လီကြၽင္း၏ ခႏၶာကိုယ္က ေသြးစက္မ်ားအျဖစ္ ေပါက္ကြဲထြက္သြားကာ သူ႔ဝိညာဥ္ပင္ သုတ္သင္ခံလိုက္ရသည္။ သူက ခုခံဖို႔ အခြင့္အေရးတစ္ခုပင္ မရခဲ့ေပ။

Continuă lectura

O să-ți placă și

70.9K 2.2K 24
this is going to be based off the books currently under editing!! any suggestions please do tell me please enjoy ☆
9.1K 316 12
Waking up in the body of a Romani Archiman is acceptable. Getting 3rd and 1st True Magics is nice. Getting Beasts as pets - delightful. The world of...
576K 14.1K 43
Psycho brothers and a little angel sister sounds not so good together right? so what happens when an sweet angel comes live with her lovesick pyscho...
367K 9.1K 46
innocent boy and dangerous girl as twins twins kidnapped at age of 2 one is dark and dangerous and cold one is innocent and wishes for someone othe...