ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏...

By kilulayuu121

28K 3.1K 487

sequel of book 1 More

အခန်း(201)
အခန်း(202)
အခန်း(203)
အခန်း(204)
အခန်း(205)
အခန်း(206)
အခန်း(207)
အခန်း(208)
အခန်း(209.1)
အခန်း(209.2)
အခန်း(209)
အခန်း(210)
အခန်း(211)
အခန်း(212)
အခန်း(213)
အခန်း(214)
အခန်း(215)
အခန်း(216)
အခန်း(217)
အခန်း(218)
အခန်း(219)
အခန်း(219)
အခန်း(220)
အခန်း(221)
အခန်း(222)
အခန်း(223)
အခန်း(224)
အခန်း(225)
အခန်း(226)
အခန်း(၂၂၇)
အခန်း(228)
အခန်း(229)
အခန်း(230)
အခန်း(231)
အခန်း(232)
အခန်း(233)
အခန်း(234)
အခန်း(235)
အခန်း(236)
အခန်း(237)
အခန်း(238)
အခန်း(239)
အခန်း(240)
အခန်း(241)
အခန်း(၂၄၂)
အခန်း(243)
အခန်း(244)
အခန်း(245)
အခန်း(246)
အခန်း(247)
အခန်း(248)
အခန်း(249)
အခန်း(250)
အခန်း(251)
အခန်း(252)
အခန်း(၂၅၃)
အခန်း(၂၅၄)
အခန်းူ(255)
အခန်း(256)
အခန်း(257)
အခန်း(258)
အခန်း(259)
အခန်း(260)
အခန်း(261)
အခန်း(262)
အခန်း(၂၆၃)
အခန်း(၂၆၄)
အခန်း(၂၆၅)
အခန်း(၂၆၆)
အခန်း(၂၆၇)
အခန်း(၂၆၈)
အခန်း(၂၆၉)
အခန်း(၂၇၀)
အခန်း(၂၇၁)
အခန်း(၂၇၂)
အခန်း(၂၇၃)
အခန်း(၂၇၄)
အခန်း(၂၇၅)
အခန်း(၂၇၆)
အခန်း(၂၇၇)
အခန်း(၂၇၈)
အခန်း(၂၇၉)
အခန်း(၂၈၀)
အခန်း(၂၈၁)
အခန်း(၂၈၂)
အခန်း(၂၈၃)
အခန်း(၂၈၄)
အခန်း(၂၈၅)
အခန်း(၂၈၆)
အခန်း(၂၈၇)
အခန်း(၂၈၈)
အခန်း(၂၈၉)
အခန်း(၂၉၀)
အခန်း(၂၉၁)
အခန်း(၂၉၂)
အခန်း(၂၉၃)
အခန်း(၂၉၄)
အခန်း(၂၉၅)
အခန်း(၂၉၆)
အခန်း(၂၉၇)
အခန်း(၂၉၈)
အခန်း(၂၉၉)
အခန်း(၃၀၀)
အခန်း(၃၀၁)
အခန်း(၃၀၂)
အခန်း(၃၀၃)
အခန်း(၃၀၄)
အခန်း(၃၀၅)
အခန်း(၃၀၆)
အခန်း(၃၀၇)
အခန်း(၃၀၈)
အခန်း(၃၀၉)
အခန်း(၃၁၀)
အခန်း(၃၁၁)
အခန်း(၃၁၂)
အခန်း(၃၁၃)
အခန်း(၃၁၄)
အခန်း(၃၁၅)
အခန်း(၃၁၆)
အခန်း(၃၁၇)
အခန်း(၃၁၈)
အခန်း(၃၁၉)
အခန်း(၃၂၀)
အခန်း(၃၂၁)
အခန်း(၃၂၂) Book 23 End
အခန်း(၃၂၃)
အခန်း(၃၂၄)
အခန်း(၃၂၅)
အခန်း(၃၂၆)
အခန်း(၃၂၇)
အခန်း(၃၂၈)
အခန်း(၃၂၉)
အခန်း(၃၃၀)
အခန်း(၃၃၁)
အခန်း(၃၃၂)
အခန်း(၃၃၃)
အခန်း(၃၃၄)
အခန်း(၃၃၅)
အခန်း(၃၃၆) End of book 24
အခန်း(၃၃၇)
အခန်း(၃၃၈)
အခန်း(၃၃၉)
အခန်း(၃၄၀)
အခန်း(၃၄၁)
အခန်း(၃၄၂)
အခန်း(၃၄၃)
အခန်း(၃၄၄)
အခန်း(၃၄၅)
အခန်း(၃၄၆)
အခန်း(၃၄၇)
အခန်း(၃၄၈)
အခန်း(၃၅၀)
အခန်း(၃၅၁)
အခန်း(၃၅၂)
အခန်း(၃၅၃)
အခန်း(၃၅၄)
အခန်း(၃၅၅)
အခန်း(၃၅၆)
အခန်း(၃၅၇)
အခန်း(၃၅၈)
အခန်း(၃၅၉)
အခန်း(၃၆၀)
အခန်း(၃၆၁)
အခန်း(၃၆၂)
အခန်း(၃၆၃)
အခန်း(၃၆၄)
အခန်း(၃၆၅)
အခန်း(၃၆၆)
အခန်း(၃၆၇)
အခန်း(၃၆၈)
အခန်း(၃၆၉)
အခန်း(၃၇၀)
အခန်း(၃၇၁)
အခန်း(၃၇၂)
အခန်း(၃၇၃)
အခန်း(၃၇၄)
အခန်း(၃၇၅)
အခန်း(၃၇၆)
အခန်း(၃၇၇)
အခန်း(၃၇၈) book 27 end
အခန်း(၃၇၉)
အခန်း(၃၈၀)
အခန်း(၃၈၁)
အခန်း(၃၈၂)
အခန်း(၃၈၃)
အခန်း(၃၈၄)
အခန်း(၃၈၅)
အခန်း(၃၈၆)
အခန်း(၃၈၇)
အခန်း(၃၈၈)
အခန်း(၃၈၉)
အခန်း(၃၉၀)
အခန်း(၃၉၁)
အခန်း(၃၉၂)
အခန်း(၃၉၃)
အခန်း(၃၉၄)
အခန်း(၃၉၅)
အခန်း(၃၉၆)
အခန်း(၃၉၇)

အခန်း(၃၄၉)

77 12 0
By kilulayuu121


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၅)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ

အခန်း (၃၄၉) : လွှမ်းမိုးထားသော ဖိနှိပ်မှု

လီကျွင်းက အချိန်မဖြုန်းဘဲ လက်ဟန်ပြလိုက်သည်။ သူက အားအပြည့်ဖြင့် လှံကို ပစ်လွှတ်လိုက်သည့်အခါ လေထဲတွင် အသံလှိုင်းများ ထွက်ပေါ်လာသည်။

လှံက အနီရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ အာကာပြင်တွင် ခြစ်ရာများ ချန်ထားခဲ့ပြီး မရပ်တန့်နိုင်လောက်သည့် အလျင်ဖြင့် ထွက်သွားသည်။ အထွတ်အထိပ် နတ်ဘုရားများက ထိုအရာကို မြင်ကာ ကြောက်လန့်သွားကြသည်။

သူတို့က အပြင်လူများသည် ဤကဲ့သို့ ပြောင်းပြန်လှန်ပစ်လိမ့်မည်ဟု ထင်မထားပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က ရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်၏။

အလင်းနတ်ဘုရားက ပထမဆုံး လှုပ်ရှားလိုက်သည်။ သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် စည်းမျဉ်းစွမ်းအားများ ထွက်ပေါ်လာလေသည်။ အလင်းစည်းမျဉ်းကို ထိန်းချုပ်သူ တစ်ယောက်အနေနှင့် သူ့အတွက် ရူပဗေဒ ကန့်သတ်ချက်များကို ချိုးဖောက်ဖို့အတွက် အလွန်လွယ်ကူလှသည်။

ထို့ကြောင့် သူ့အရှိန်က အလင်းနှုန်းထက်ပင် ပို၍ မြန်ဆန်နေသည်။ ဤနည်းဖြင့် သူက ရွှေရောင်အလင်းတန်းဖြင့် ပြောင်းလဲသွားကာ လှံတံနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ အလင်းစည်းမျဉ်းကို ထိန်းချုပ်သူတစ်ယောက်အနေနှင့် ကောင်းကင်က နှစ်ရောင်ကွဲထွက်သွားပြီး သွေးနီရောင်နှင့် ရွှေရောင်တို့ ဖြစ်ကြသည်။

စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အလင်းနတ်ဘုရားက မီတာအနည်းငယ် နောက်ဆုတ်လိုက်ရသော်လည်း လှံ၏ အရှိန်ကို ဟန့်တားနိုင်ခဲ့သည်။ ထို့နောက် ဘယ်နေရာကမှန်းမသိ လီကျွင်းက သူ့ရှေ့ ရုတ်ချည်းပေါ်ထွက်လာလေသည်။ ဤတစ်ကြိမ်တွင် သူက ပုဆိန်လှံရှည်ကို ကိုင်ဆောင်ထား၏။

သူက ခုတ်ချလိုက်သည်။

အလင်းနတ်ဘုရားက တောင်တစ်လုံး သူ့အပေါ် ပိကျလာသလိုမျိုး ဖိအားကို လိုက်ရသည်။ ထိုတိုက်ကွက်က သူ့အား မထိခင် သူက ဖိအားကြောင့် မလှုပ်မယှက် ဖြစ်သွားလေသည်။ ထို့ကြောင့် သူက အရှိန်ကို အသုံးပြုကာ ထွက်ပြေးချင်သော်လည်း မလုပ်နိုင်တော့ပေ။

သူ့အတွက် ကံကောင်းသည်က သူ့ဘက်တွင် သူတစ်ယောက်တည်း မဟုတ်ပေ။ သူ့ကို ကာကွယ်ဖို့အတွက် ရေလှိုင်းက ရုတ်ချည်းပေါ်ထွက်လာလေသည်။

ဝုန်း

တိုက်ကွက်ကို ခုခံနိုင်လိုက်သော်လည်း တုန်ခါလှိုင်းများက သူ့အား မီတာဒါဇင်ချီ လွင့်စင်သွားစေကာ သွေးအန်လိုက်ရသည်။

လီကျွင်းက လှုပ်ရှားလိုက်သူအား ကြည့်လိုက်သည်။ သူက ကောင်းကင်တွင် ဧရာမဆူနာမီ ဖန်တီးထားသည့် ရေနတ်ဘုရားကို မြင်လိုက်ရသည်။ သူ့အပေါ် ဧရာမလှိုင်းလုံးများ ကျရောက်လာလေ၏။

လီကျွင်းက လက်မြှောက်လိုက်သည့်အချိန် သူ့ရှေ့တွင် မီးဘောလုံး ပေါ်ထွက်လာသည်။ ထိုမီးက မီးအမြောက်စာကဲ့သို့ ပြောင်းလဲသွားလေသည်။ မီးက ချက်ချင်းဆိုသလို ရောက်ရှိလာသည့်ရေအား အငွေ့ပျံသွားစေသည်။

မီးလုံးက ထိုနေရာတွင် ရပ်တန့်မသွားဘဲ ရေနတ်ဘုရားဆီ တဟုန်ထိုး ပြေးဝင်သွားလေသည်။ ရေနတ်ဘုရားက ကြောက်လန့်သွားကာ ဒီတစ်ခါတော့ ပြီးဆုံးပြီ ဖြစ်ကြောင်း တွေးလိုက်မိသည်။

ထို့နောက် အနက်ရောင်ချပ်ဝတ်နှင့်အတူ ဒိုင်းကာနှင့်လှံကို ကိုင်ဆောင်ထားသည့် စစ်နတ်ဘုရားမက ရုတ်ချည်းပေါ်လာကာ တိုက်ကွက်ကို တားဆီးလိုက်သည်။ သူမ၏ ဆံပင်များက လေထဲတွင် လွင့်မြောနေကာ လီကျွင်းအား တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။

သူမက သက်ပြင်းချလိုက်လေသည်။ ထိုအသံက မီတာရာချီ ပျံ့နှံ့သွားလေ၏။ ထို့နောက် တိုက်ပွဲကွင်းပြင်မှ ထူးဆန်းသည့် စွမ်းအားတချို့ ရုတ်ချည်းထွက်ပေါ်လာကာ သူမခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည်။ သူမ၏ အရှိန်အဝါက ရုတ်ချည်းဆိုသလို တိုးမြင့်သွား၏။

စစ်နတ်ဘုရားမ တစ်ပါးအနေနှင့် သူမ၏ အင်အားက စစ်ပွဲအတွင်း ပိုမိုမြင့်တက်လာသည်။ ယခုအခါ သူမက အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်၏။ သူမက တုံ့ဆိုင်းမနေဘဲ လီကျွင်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

လီကျွင်းက သူ့ ပုဆိန်လှံရှည်ကို မယှဉ်နိုင်လောက်သည့် အမြန်နှုန်းဖြင့် ဝှေ့ယမ်းနေသည့်အတွက် အရိပ်များစွာ ချန်ထားခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ စစ်နတ်ဘုရားမက သူ့တိုက်ကွက်တိုင်းကို ကာဆီးနိုင်ဟန်ပေါ်၏။ ထို့အပြင် သူမက တိုက်ကွက်၏ အင်အားကို တခြားနေရာကို ပြောင်းပို့နိုင်စွမ်းလည်း ရှိဟန်ပေါ်သည်။

လီကျွင်းက အကြည့်များ တောက်ပသွားပြီး သူ့အင်အားကို တိုးမြှင့်လိုက်သည်။ အင်အားတစ်ခုတည်း သုံးနေမည့်အစား သူက အရာအားလုံးကို စုစည်းပြီး ခွန်အားကို တိုးမြှင့်လိုက်သည်။

ပထမပိုင်းတွင် သူမက တိုက်ကွက်ကို တားဆီးနိုင်ခဲ့သော်လည်း သေချာသည့် အရေအတွက်တစ်ခုသို့ ရောက်ရှိသွားသည့်အခါ စစ်နတ်ဘုရားမ၏ အတွင်းအင်္ဂါများက စတင်တုန်ခါလာသည်။ သူမက သွေးအန်လိုက်ရပြီး လွင့်စင်သွားလေသည်။

ထိုစဉ် ရှင်သန်ခြင်း နတ်ဘုရားမက လှုပ်ရှားလာသည်။ သူမက လီကျွင်းရှေ့တွင် ပေါ်ထွက်လာလေ၏။ သူမ၏ လက်ထဲရှိ ဝဲကတော့ငယ် တစ်ခု ပေါ်ထွက်လာပြီး သူ၏ အသက်ဓာတ်ကို စတင်စုပ်ယူလိုက်သည်။

သူမ၏ အဓိက ရည်ရွယ်ချက်က သူ့အသက်ဓာတ်ကို စုပ်ယူပြီး သတ်ပစ်ဖို့ ဖြစ်သည်။ သူမအတွက် ကံဆိုးသည်က အနက်ရောင်အရာကိုသာ စုပ်ယူမိလေသည်။ ထိုအရာက သူမ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည့်အခါ ရှင်သန်ခြင်း နတ်ဘုရားမက အမူအရာ ပျက်ယွင်းစွာဖြင့် ပြောလိုက်သည်။

" မရဏချီလား"

လီကျွင်းက သူ့ မူလအဆီအနှစ်ကို မရဏချီအဖြစ် ပြောင်းလဲပြီး သူမအား စုပ်ယူခွင့်ပြုလိုက်ခြင်း ဖြစ်၏။ ထိုအရာက သူမ၏ ခန္ဓာကိုယ်ထဲ ဝင်သွားသည်နှင့် သူမ၏ ညာဘက်လက်က စတင်ခြောက်သွေ့လာကာ ဖြည်းဖြည်းချင်း မံမီလက်ကဲ့သို့ ဖြစ်သွားလေသည်။

ရှင်သန်ခြင်း နတ်ဘုရားမက စည်းမျဉ်းစွမ်းအားကို ထိန်းချုပ်ကာ သူမခန္ဓာကိုယ်အတွင်းမှ မရဏချီနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် အသက်ဓာတ်ချီကို ဖန်တီးလိုက်သည်။ သူမက ထိုသို့သော စွမ်းအားမျိုးကို လေ့လာဖို့အတွက် သဘောကျလေသည်။ သို့သော် ကံဆိုးစွာဖြင့် ယခုက အချိန်ကောင်း မဟုတ်ပေ။

ရှင်သန်ခြင်း နတ်ဘုရားမက သူမ၏ အသက်ကို ကယ်တင်ဖို့ကြိုးစားနေစဉ် လီကျွင်းက သတ်ဖို့ ပြင်လိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ် ကြမ္မာနတ်ဘုရားမ ဝင်ရှုပ်လာသည်။ သူမက ငွေရောင်ဓားဖြင့် ပုဆိန်လှံရှည်အား တားဆီးလိုက်၏။

လီကျွင်းက သူမကို မြင်ပြီးနောက် ချက်ချင်းဆိုသလို လေးနက်သွား၏။ သူ့တိုက်ကွက်၏ အရှိန်က ပို၍ ပြင်းထန်လာသည်။ ချက်ချင်းဆိုသလို သူက ပုဆိန်လှံရှည်ဖြင့် အကြိမ်တစ်သိန်းကျော် ထိုးစိုက်လိုက်ပြီး သူ့ဝန်းကျင်ရှိ အာကာပြင်တွင် မငြိမ်သက်မှုများ ဖြစ်လာစေလိုက်သည်။

ထူးဆန်းသည်က ကြမ္မာနတ်ဘုရားမက ထိုတိုက်ကွက်အားလုံးကို စိတ်အေးလက်အေးဖြင့် ရှောင်ရှားလိုက်ခြင်း ဖြစ်၏။ သူမက သူ့တိုက်ကွက်အားလုံးကို ခန့်မှန်းထားနိုင်ဟန်ပေါ်သည်။

အနာဂတ်အမြင်လား။ သူမက သူမရဲ့ ကြမ္မာစွမ်းအင်နဲ့ ငါ့ရဲ့တိုက်ကွက်တွေကို ချောင်းကြည့်ပြီး သူမရဲ့ ကြမ္မာကိုလည်း ကြည့်နေတာလား

လီကျွင်းက ချက်ချင်းဆိုသလို တိုက်ကွက်ကို ရပ်တန့်လိုက်သည့်အတွက် အခြားလူများက အံ့အားသင့်သွားကြသည်။ သူက အထွတ်အထိပ် နတ်ဘုရားများအား ကြည့်ကာ ပြောလိုက်သည်။

" ခင်ဗျားတို့ နတ်ဘုရားတွေက ဒီကမ္ဘာအတွက် သေတဲ့အထိ တိုက်ခိုက်မယ်လို့ ထင်မထားမိဘူး။ ဒီအတွက် လေးလည်း လေးစားမိပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့အားလုံးလည်း ဒီတိုက်ပွဲက အသုံးမဝင်ဘူးဆိုတာ သဘောပေါက်သင့်တယ်။ ကျုပ် အရင်ကမ်းလှမ်းမှုက အသက်ဝင်သေးတယ်။

တကယ်လို့ ကျုပ်တို့ဘက်ကို ဝင်မယ်ဆိုရင် ကျုပ်တို့ရည်မှန်းချက် ပြီးမြောက်သွားတာနဲ့ ခင်ဗျားတို့က ဒီကမ္ဘာရဲ့ခေါင်းဆောင် ဖြစ်နေဦးမှာပဲ။"

လီကျွင်းက အဖြေကို စောင့်နေသည့်အလား တိတ်ဆိတ်သွားလေသည်။ တချို့သော အထွတ်အထိပ် နတ်ဘုရားများ၏ အမူအရာများအရ တချို့လူများသည် ဆွဲဆောင်ခံလိုက်ရကြောင်း သိလိုက်သည်။

စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အထွတ်အထိပ် နတ်ဘုရားနှစ်ဆယ်မှာ ရှစ်ယောက်က လီကျွင်းဘက် ပျံသန်းလာကြသည်။ သို့သော်လည်း စစ်နတ်ဘုရားမက ရုတ်ချည်းပေါ်ထွက်လာကာ တားလိုက်၏။

" မင်းတို့တွေ ဘာလုပ်နေတာလဲ။ မင်းတို့က တကယ် သစ္စာဖောက်ဖြစ်ချင်လို့လား"

" ခင်ဗျားတို့တွေလည်း ဒီဟာက မျှော်လင့်ချက် မရှိတဲ့ တိုက်ပွဲဆိုတာကို နားလည်မှာပါ" တိရစ္ဆာန်နတ်ဘုရားက ပြောလိုက်သည်။

" သူတို့ခေါင်းဆောင်ကို ကြည့်လိုက်။ သူက ကျုပ်တို့အယောက်နှစ်ဆယ်ကို တစ်ခါတည်းရင်ဆိုင်ပေမဲ့ သူ့အသက်ရှူနှုန်းက ပုံမှန်ဖြစ်နေပြီး ချွေးတစ်စက်တောင် မထွက်သေးဘူး။ သူ့အရှိန်အဝါကလည်း အခုထိ တည်ငြိမ်နေသေးတယ်။ သူက အခုထိ အကောင်းဆုံး မလုပ်ရသေးဘူးဆိုတာ သိသာနေတာပဲ။ သူက အရမ်းကို အားကောင်းလွန်းတယ်"

" တိရစ္ဆာန်နတ်ဘုရား ပြောတာမှန်တယ်" အရိပ်နတ်ဘုရားက ထပ်ပြောလိုက်သည် " ဒါက အသုံးမလိုတဲ့ တိုက်ပွဲပဲ။ နိုင်တဲ့ဘက်ကို ပူးပေါင်းလိုက်ပြီးတော့ ကျုပ်တို့နတ်ဘုရားအဖွဲ့အစည်းအတွက် တိုးတက်လာအောင် လုပ်ဖို့ အခွင့်ကောင်းပဲ"

" မင်းတို့က .." စစ်နတ်ဘုရားမက ပြောလိုက်သည်။ တခြားသော အထွတ်အထိပ် နတ်ဘုရားများအတွက်မူ သူတို့က သက်ပြင်းသာချပြီး ဘာမှမပြောကြပေ။ အမှန်အတိုင်းပြောရလျှင် အများစုက အတူတူသာ ခံစားကြရသည်။ သို့သော်လည်း သူတို့၏ မာန်မာနက တခြားသူများထံ ဦးညွှတ်ဖို့အတွက် ခွင့်မပြုပေ။

သူတို့က သေမျိုးမြောက်များစွာနှင့် နတ်ဘုရားများကို အုပ်ချုပ်ကာ လွှမ်းမိုးထားသည့် အားကောင်းသော အထွတ်အထိပ် နတ်ဘုရားများ ဖြစ်ကြလေသည်။ မည်သူပင်ဖြစ်စေကာမူ သူတို့က တခြားလူထံ ဦးညွှတ်ဖို့ ငြင်းဆန်ကြသည်။

ထိုလူက သူတို့ထက် အားကောင်းနေတယ်ဆိုလျှင်ပင်...

" ကောင်းပြီ" စစ်နတ်ဘုရားမက ပြောလိုက်သည် " မင်းတို့ဘာသာ ဒီဟာကို ဖြစ်စေတာပဲ"

သစ္စာဖောက်နတ်ဘုရား ၈ယောက်က ထိုအရာကိုကြားပြီး ချက်ချင်းဆိုသလို သတိကပ်သွားကြသည်။ ကံဆိုးစွာဖြင့် နောက်ကျလွန်းသွားလေပြီ။ ထိုလူများနောက်မှ ဧရာမပါးစပ်ကြီး ပေါ်ထွက်လာကာ ချက်ချင်းဆိုသလို ဝါးမျိုသွားလေ၏။

အားလုံးက အံ့အားသင့်သွားပြီး တုံ့ပြန်ဖို့ အချိန်ပင် မရလိုက်ပေ။ အထွတ်အထိပ် နတ်ဘုရားအများစုက ထိုပါးစပ်ပေါက်ကြီးသည် ဘယ်အရာလဲဟု စဉ်းစားနေကြစဉ် လီကျွင်းကတော့ ထိုအရာသည် နတ်ဘုရားဝါးမျိုခြင်း နည်းစနစ်၏ သရုပ်ပြမှု ဖြစ်ကြောင်း သိလိုက်သည်။ သူက သေမျိုးလွတ်လပ်ခွင့် မဟာမိတ်အဖွဲ့အစည်းနှင့် အခြားလူများထံ ဖြန့်ဝေထားခဲ့သည် မဟုတ်ပါလော။

ဌာနချုပ်က စစ်ပွဲနယ်မြေတွင် ရှိသည့်အတွက် စစ်နတ်ဘုရားမသည် သူ့လူများအား ထိုနေရာသို့ ကျူးကျော်ကာ ဤကျင့်စဉ်အား ရယူခိုင်းသည်မှာ အံ့ဩစရာ မရှိပေ။

လူ၈ယောက်ကို ဝါးမျိုပြီးသည့်နောက်တွင် စစ်နတ်ဘုရားမ၏ အရှိန်အဝါ သိသိသာသာ တိုးမြင့်လာသည်။ သေချာသည့် အနေအထားတစ်ခုသို့ ရောက်သွားသည့်အခါ ငြိမ်ကျသွားလေ၏။ သူမက နောက်တစ်ဆင့် တက်လှမ်းတော့မည့်ပုံ ပေါက်နေသည်။

ကံဆိုးစွာဖြင့် သူမက ကျရှုံးသွားလေသည်။ စစ်နတ်ဘုရားမ၏ အင်အားက တိုးတက်လာသော်လည်း တစ်သားတည်း ဖြစ်မနေပေ။

လီကျွင်း၏ အကဲဖြတ်မှုဖြင့် သူမသည် သူတော်စင်အဆင့်နှင့် နီးကပ်နေပြီဖြစ်ကြောင်း ပြောနိုင်လေသည်။

ကံဆိုးစွာဖြင့် ဤကမ္ဘာတွင် သက်ရှိအားလုံးအပေါ် ကန့်သတ်ချက် ရှိနေလေသည်။ အလယ်အလတ်ကမ္ဘာအနေနှင့် စည်းမျဉ်းသက်ရှိများကို မွေးဖွားနိုင်သည်ကပင် အံ့ဖွယ်ဖြစ်နေလေရာ သူတော်စင်အဆင့် မွေးဖွားပေးဖို့တော့ မဖြစ်နိုင်ပေ။

လီကျွင်းက စစ်နတ်ဘုရားမ၏ မျက်နှာအထက်မှ စိတ်ပျက်နေသည့် အမူအရာကို ကြည့်ကာ ဂရုမစိုက်ပေ။ သူက ကိစ္စများကို အလေးအနက် ကိုင်တွယ်ပြီး တိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူက အမြင်အာရုံကို အသုံးပြုလိုက်သည်။

လီကျွင်း၏ ပုံရိပ်ယောင်က ကောင်းကင်အထက် ပေါ်ထွက်လာသည်။ သူက လှံတံကို လက်မှာကိုင်ထားပြီး အရပ်ရှည်ကာ စွမ်းအားကြီးမားဟန်ပေါ်နေသည်။ သူက သူ့ခြေထောက်အောက်တွင် မြောက်များစွာသော အလောင်းများနှင့်အတူ တိုက်ပွဲတစ်ခုရှိနေသည်။ ထိုအရာက ကောင်းကင်အသင်္ချေကမ္ဘာအတွင်း တည်ရှိသည့် အသင်္ချေသက်ရှိများ ဖြစ်သည်။

နောက်ခံတွင် ဖျက်ဆီးခံထားရသည့် ကမ္ဘာများစွာကိုလည်း မြင်တွေ့နေရသည်။ လီကျွင်းက ထိုသတ်ဖြတ်မှုကို အသားကျနေသည့်အလား တည်ငြိမ်နေသည်။

သူ့စိတ်အာရုံ ရုပ်လွှာ သရုပ်ပေါ်လာသည်နှင့် သူ့ ခန္ဓာကိုယ်၏ အရှိန်အဝါက သိသိသာသာ တိုးမြင့်သွားကာ သူ့ခွန်အားကလည်း ကိုးဆ တိုးမြင့်သွားလေသည်။ သူ့ခန္ဓာကိုယ်မှ ထွက်လာသည့် အငွေ့အသက်က တစ်ကမ္ဘာလုံးကိုပင် တုန်ခါသွားစေ၏။

***********


ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၂၅)

မူရင္းေရးသားသူ - lazySageDao

ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ

အခန္း (၃၄၉) : လႊမ္းမိုးထားေသာ ဖိႏွိပ္မႈ

လီကြၽင္းက အခ်ိန္မျဖဳန္းဘဲ လက္ဟန္ျပလိုက္သည္။ သူက အားအျပည့္ျဖင့္ လွံကို ပစ္လႊတ္လိုက္သည့္အခါ ေလထဲတြင္ အသံလႈိင္းမ်ား ထြက္ေပၚလာသည္။

လွံက အနီေရာင္ အလင္းတန္းအျဖစ္ ေျပာင္းလဲသြားကာ အာကာျပင္တြင္ ျခစ္ရာမ်ား ခ်န္ထားခဲ့ၿပီး မရပ္တန႔္ႏိုင္ေလာက္သည့္ အလ်င္ျဖင့္ ထြက္သြားသည္။ အထြတ္အထိပ္ နတ္ဘုရားမ်ားက ထိုအရာကို ျမင္ကာ ေၾကာက္လန႔္သြားၾကသည္။

သူတို႔က အျပင္လူမ်ားသည္ ဤကဲ့သို႔ ေျပာင္းျပန္လွန္ပစ္လိမ့္မည္ဟု ထင္မထားေပ။ မည္သို႔ပင္ဆိုေစကာမူ သူတို႔က ရလဒ္ကို ေမွ်ာ္လင့္ထားၿပီးသား ျဖစ္၏။

အလင္းနတ္ဘုရားက ပထမဆုံး လႈပ္ရွားလိုက္သည္။ သူ႔ခႏၶာကိုယ္ဝန္းက်င္တြင္ စည္းမ်ဥ္းစြမ္းအားမ်ား ထြက္ေပၚလာေလသည္။ အလင္းစည္းမ်ဥ္းကို ထိန္းခ်ဳပ္သူ တစ္ေယာက္အေနႏွင့္ သူ႔အတြက္ ႐ူပေဗဒ ကန႔္သတ္ခ်က္မ်ားကို ခ်ိဳးေဖာက္ဖို႔အတြက္ အလြန္လြယ္ကူလွသည္။

ထို႔ေၾကာင့္ သူ႔အရွိန္က အလင္းႏႈန္းထက္ပင္ ပို၍ ျမန္ဆန္ေနသည္။ ဤနည္းျဖင့္ သူက ေ႐ႊေရာင္အလင္းတန္းျဖင့္ ေျပာင္းလဲသြားကာ လွံတံႏွင့္ ထိပ္တိုက္ ရင္ဆိုင္လိုက္သည္။ အလင္းစည္းမ်ဥ္းကို ထိန္းခ်ဳပ္သူတစ္ေယာက္အေနႏွင့္ ေကာင္းကင္က ႏွစ္ေရာင္ကြဲထြက္သြားၿပီး ေသြးနီေရာင္ႏွင့္ ေ႐ႊေရာင္တို႔ ျဖစ္ၾကသည္။

စကၠန႔္ပိုင္းၾကာျမင့္ၿပီးသည့္ေနာက္တြင္ အလင္းနတ္ဘုရားက မီတာအနည္းငယ္ ေနာက္ဆုတ္လိုက္ရေသာ္လည္း လွံ၏ အရွိန္ကို ဟန႔္တားႏိုင္ခဲ့သည္။ ထို႔ေနာက္ ဘယ္ေနရာကမွန္းမသိ လီကြၽင္းက သူ႔ေရွ႕  ႐ုတ္ခ်ည္းေပၚထြက္လာေလသည္။ ဤတစ္ႀကိမ္တြင္ သူက ပုဆိန္လွံရွည္ကို ကိုင္ေဆာင္ထား၏။

သူက ခုတ္ခ်လိုက္သည္။

အလင္းနတ္ဘုရားက ေတာင္တစ္လုံး သူ႔အေပၚ ပိက်လာသလိုမ်ိဳး ဖိအားကို လိုက္ရသည္။ ထိုတိုက္ကြက္က သူ႔အား မထိခင္ သူက ဖိအားေၾကာင့္ မလႈပ္မယွက္ ျဖစ္သြားေလသည္။ ထို႔ေၾကာင့္ သူက အရွိန္ကို အသုံးျပဳကာ ထြက္ေျပးခ်င္ေသာ္လည္း မလုပ္ႏိုင္ေတာ့ေပ။

သူ႔အတြက္ ကံေကာင္းသည္က သူ႔ဘက္တြင္ သူတစ္ေယာက္တည္း မဟုတ္ေပ။ သူ႔ကို ကာကြယ္ဖို႔အတြက္ ေရလႈိင္းက ႐ုတ္ခ်ည္းေပၚထြက္လာေလသည္။

ဝုန္း

တိုက္ကြက္ကို ခုခံႏိုင္လိုက္ေသာ္လည္း တုန္ခါလႈိင္းမ်ားက သူ႔အား မီတာဒါဇင္ခ်ီ လြင့္စင္သြားေစကာ ေသြးအန္လိုက္ရသည္။

လီကြၽင္းက လႈပ္ရွားလိုက္သူအား ၾကည့္လိုက္သည္။ သူက ေကာင္းကင္တြင္ ဧရာမဆူနာမီ ဖန္တီးထားသည့္ ေရနတ္ဘုရားကို ျမင္လိုက္ရသည္။ သူ႔အေပၚ ဧရာမလႈိင္းလုံးမ်ား က်ေရာက္လာေလ၏။

လီကြၽင္းက လက္ေျမႇာက္လိုက္သည့္အခ်ိန္ သူ႔ေရွ႕တြင္ မီးေဘာလုံး ေပၚထြက္လာသည္။ ထိုမီးက မီးအေျမာက္စာကဲ့သို႔ ေျပာင္းလဲသြားေလသည္။ မီးက ခ်က္ခ်င္းဆိုသလို ေရာက္ရွိလာသည့္ေရအား အေငြ႕ပ်ံသြားေစသည္။

မီးလုံးက ထိုေနရာတြင္ ရပ္တန႔္မသြားဘဲ ေရနတ္ဘုရားဆီ တဟုန္ထိုး ေျပးဝင္သြားေလသည္။ ေရနတ္ဘုရားက ေၾကာက္လန႔္သြားကာ ဒီတစ္ခါေတာ့ ၿပီးဆုံးၿပီ ျဖစ္ေၾကာင္း ေတြးလိုက္မိသည္။

ထို႔ေနာက္ အနက္ေရာင္ခ်ပ္ဝတ္ႏွင့္အတူ ဒိုင္းကာႏွင့္လွံကို ကိုင္ေဆာင္ထားသည့္ စစ္နတ္ဘုရားမက ႐ုတ္ခ်ည္းေပၚလာကာ တိုက္ကြက္ကို တားဆီးလိုက္သည္။ သူမ၏ ဆံပင္မ်ားက ေလထဲတြင္ လြင့္ေျမာေနကာ လီကြၽင္းအား တိုက္ခိုက္လိုစိတ္အျပည့္ျဖင့္ ၾကည့္လိုက္သည္။

သူမက သက္ျပင္းခ်လိုက္ေလသည္။ ထိုအသံက မီတာရာခ်ီ ပ်ံ႕ႏွံ႔သြားေလ၏။ ထို႔ေနာက္ တိုက္ပြဲကြင္းျပင္မွ ထူးဆန္းသည့္ စြမ္းအားတခ်ိဳ႕ ႐ုတ္ခ်ည္းထြက္ေပၚလာကာ သူမခႏၶာကိုယ္အတြင္း ဝင္ေရာက္သြားသည္။ သူမ၏ အရွိန္အဝါက ႐ုတ္ခ်ည္းဆိုသလို တိုးျမင့္သြား၏။

စစ္နတ္ဘုရားမ တစ္ပါးအေနႏွင့္ သူမ၏ အင္အားက စစ္ပြဲအတြင္း ပိုမိုျမင့္တက္လာသည္။ ယခုအခါ သူမက အထြတ္အထိပ္သို႔ ေရာက္ရွိေနၿပီျဖစ္၏။ သူမက တုံ႔ဆိုင္းမေနဘဲ လီကြၽင္းႏွင့္ ထိပ္တိုက္ရင္ဆိုင္လိုက္သည္။

လီကြၽင္းက သူ႔ ပုဆိန္လွံရွည္ကို မယွဥ္ႏိုင္ေလာက္သည့္ အျမန္ႏႈန္းျဖင့္ ေဝွ႔ယမ္းေနသည့္အတြက္ အရိပ္မ်ားစြာ ခ်န္ထားခဲ့ေလသည္။ မည္သို႔ပင္ဆိုေစကာမူ စစ္နတ္ဘုရားမက သူ႔တိုက္ကြက္တိုင္းကို ကာဆီးႏိုင္ဟန္ေပၚ၏။ ထို႔အျပင္ သူမက တိုက္ကြက္၏ အင္အားကို တျခားေနရာကို ေျပာင္းပို႔ႏိုင္စြမ္းလည္း ရွိဟန္ေပၚသည္။

လီကြၽင္းက အၾကည့္မ်ား ေတာက္ပသြားၿပီး သူ႔အင္အားကို တိုးျမႇင့္လိုက္သည္။ အင္အားတစ္ခုတည္း သုံးေနမည့္အစား သူက အရာအားလုံးကို စုစည္းၿပီး ခြန္အားကို တိုးျမႇင့္လိုက္သည္။

ပထမပိုင္းတြင္ သူမက တိုက္ကြက္ကို တားဆီးႏိုင္ခဲ့ေသာ္လည္း ေသခ်ာသည့္ အေရအတြက္တစ္ခုသို႔ ေရာက္ရွိသြားသည့္အခါ စစ္နတ္ဘုရားမ၏ အတြင္းအဂၤါမ်ားက စတင္တုန္ခါလာသည္။ သူမက ေသြးအန္လိုက္ရၿပီး လြင့္စင္သြားေလသည္။

ထိုစဥ္ ရွင္သန္ျခင္း နတ္ဘုရားမက လႈပ္ရွားလာသည္။ သူမက လီကြၽင္းေရွ႕တြင္ ေပၚထြက္လာေလ၏။ သူမ၏ လက္ထဲရွိ ဝဲကေတာ့ငယ္ တစ္ခု ေပၚထြက္လာၿပီး သူ၏ အသက္ဓာတ္ကို စတင္စုပ္ယူလိုက္သည္။

သူမ၏ အဓိက ရည္႐ြယ္ခ်က္က သူ႔အသက္ဓာတ္ကို စုပ္ယူၿပီး သတ္ပစ္ဖို႔ ျဖစ္သည္။ သူမအတြက္ ကံဆိုးသည္က အနက္ေရာင္အရာကိုသာ စုပ္ယူမိေလသည္။ ထိုအရာက သူမ၏ ခႏၶာကိုယ္ထဲ ဝင္ေရာက္သြားသည့္အခါ ရွင္သန္ျခင္း နတ္ဘုရားမက အမူအရာ ပ်က္ယြင္းစြာျဖင့္ ေျပာလိုက္သည္။

 " မရဏခ်ီလား"

လီကြၽင္းက သူ႔ မူလအဆီအႏွစ္ကို မရဏခ်ီအျဖစ္ ေျပာင္းလဲၿပီး သူမအား စုပ္ယူခြင့္ျပဳလိုက္ျခင္း ျဖစ္၏။ ထိုအရာက သူမ၏ ခႏၶာကိုယ္ထဲ ဝင္သြားသည္ႏွင့္ သူမ၏ ညာဘက္လက္က စတင္ေျခာက္ေသြ႕လာကာ ျဖည္းျဖည္းခ်င္း မံမီလက္ကဲ့သို႔ ျဖစ္သြားေလသည္။

ရွင္သန္ျခင္း နတ္ဘုရားမက စည္းမ်ဥ္းစြမ္းအားကို ထိန္းခ်ဳပ္ကာ သူမခႏၶာကိုယ္အတြင္းမွ မရဏခ်ီႏွင့္ ထိပ္တိုက္ရင္ဆိုင္ဖို႔အတြက္ အသက္ဓာတ္ခ်ီကို ဖန္တီးလိုက္သည္။ သူမက ထိုသို႔ေသာ စြမ္းအားမ်ိဳးကို ေလ့လာဖို႔အတြက္ သေဘာက်ေလသည္။ သို႔ေသာ္ ကံဆိုးစြာျဖင့္ ယခုက အခ်ိန္ေကာင္း မဟုတ္ေပ။

ရွင္သန္ျခင္း နတ္ဘုရားမက သူမ၏ အသက္ကို ကယ္တင္ဖို႔ႀကိဳးစားေနစဥ္ လီကြၽင္းက သတ္ဖို႔ ျပင္လိုက္သည္။ သို႔ေသာ္လည္း ဤတစ္ႀကိမ္ ၾကမၼာနတ္ဘုရားမ ဝင္ရႈပ္လာသည္။ သူမက ေငြေရာင္ဓားျဖင့္ ပုဆိန္လွံရွည္အား တားဆီးလိုက္၏။

လီကြၽင္းက သူမကို ျမင္ၿပီးေနာက္ ခ်က္ခ်င္းဆိုသလို ေလးနက္သြား၏။ သူ႔တိုက္ကြက္၏ အရွိန္က ပို၍ ျပင္းထန္လာသည္။ ခ်က္ခ်င္းဆိုသလို သူက ပုဆိန္လွံရွည္ျဖင့္ အႀကိမ္တစ္သိန္းေက်ာ္ ထိုးစိုက္လိုက္ၿပီး  သူ႔ဝန္းက်င္ရွိ အာကာျပင္တြင္ မၿငိမ္သက္မႈမ်ား ျဖစ္လာေစလိုက္သည္။

ထူးဆန္းသည္က ၾကမၼာနတ္ဘုရားမက ထိုတိုက္ကြက္အားလုံးကို စိတ္ေအးလက္ေအးျဖင့္ ေရွာင္ရွားလိုက္ျခင္း ျဖစ္၏။ သူမက သူ႔တိုက္ကြက္အားလုံးကို ခန႔္မွန္းထားႏိုင္ဟန္ေပၚသည္။

အနာဂတ္အျမင္လား။ သူမက သူမရဲ႕ ၾကမၼာစြမ္းအင္နဲ႔ ငါ့ရဲ႕တိုက္ကြက္ေတြကို ေခ်ာင္းၾကည့္ၿပီး သူမရဲ႕ ၾကမၼာကိုလည္း ၾကည့္ေနတာလား

လီကြၽင္းက ခ်က္ခ်င္းဆိုသလို တိုက္ကြက္ကို ရပ္တန႔္လိုက္သည့္အတြက္ အျခားလူမ်ားက အံ့အားသင့္သြားၾကသည္။ သူက အထြတ္အထိပ္ နတ္ဘုရားမ်ားအား ၾကည့္ကာ ေျပာလိုက္သည္။

 " ခင္ဗ်ားတို႔ နတ္ဘုရားေတြက ဒီကမာၻအတြက္ ေသတဲ့အထိ တိုက္ခိုက္မယ္လို႔ ထင္မထားမိဘူး။ ဒီအတြက္ ေလးလည္း ေလးစားမိပါတယ္။ ဒါေပမဲ့ ခင္ဗ်ားတို႔အားလုံးလည္း ဒီတိုက္ပြဲက အသုံးမဝင္ဘူးဆိုတာ သေဘာေပါက္သင့္တယ္။ က်ဳပ္ အရင္ကမ္းလွမ္းမႈက အသက္ဝင္ေသးတယ္။

တကယ္လို႔ က်ဳပ္တို႔ဘက္ကို ဝင္မယ္ဆိုရင္ က်ဳပ္တို႔ရည္မွန္းခ်က္ ၿပီးေျမာက္သြားတာနဲ႔ ခင္ဗ်ားတို႔က ဒီကမာၻရဲ႕ေခါင္းေဆာင္ ျဖစ္ေနဦးမွာပဲ။"

လီကြၽင္းက အေျဖကို ေစာင့္ေနသည့္အလား တိတ္ဆိတ္သြားေလသည္။ တခ်ိဳ႕ေသာ အထြတ္အထိပ္ နတ္ဘုရားမ်ား၏ အမူအရာမ်ားအရ တခ်ိဳ႕လူမ်ားသည္ ဆြဲေဆာင္ခံလိုက္ရေၾကာင္း သိလိုက္သည္။

စကၠန႔္ပိုင္းၾကာျမင့္ၿပီးသည့္ေနာက္တြင္ အထြတ္အထိပ္ နတ္ဘုရားႏွစ္ဆယ္မွာ ရွစ္ေယာက္က လီကြၽင္းဘက္ ပ်ံသန္းလာၾကသည္။ သို႔ေသာ္လည္း စစ္နတ္ဘုရားမက ႐ုတ္ခ်ည္းေပၚထြက္လာကာ တားလိုက္၏။

" မင္းတို႔ေတြ ဘာလုပ္ေနတာလဲ။ မင္းတို႔က တကယ္ သစၥာေဖာက္ျဖစ္ခ်င္လို႔လား"

" ခင္ဗ်ားတို႔ေတြလည္း ဒီဟာက ေမွ်ာ္လင့္ခ်က္ မရွိတဲ့ တိုက္ပြဲဆိုတာကို နားလည္မွာပါ" တိရစာၦန္နတ္ဘုရားက ေျပာလိုက္သည္။

" သူတို႔ေခါင္းေဆာင္ကို ၾကည့္လိုက္။ သူက က်ဳပ္တို႔အေယာက္ႏွစ္ဆယ္ကို တစ္ခါတည္းရင္ဆိုင္ေပမဲ့ သူ႔အသက္ရႉႏႈန္းက ပုံမွန္ျဖစ္ေနၿပီး ေခြၽးတစ္စက္ေတာင္ မထြက္ေသးဘူး။ သူ႔အရွိန္အဝါကလည္း အခုထိ တည္ၿငိမ္ေနေသးတယ္။ သူက အခုထိ အေကာင္းဆုံး မလုပ္ရေသးဘူးဆိုတာ သိသာေနတာပဲ။ သူက အရမ္းကို အားေကာင္းလြန္းတယ္"

" တိရစာၦန္နတ္ဘုရား ေျပာတာမွန္တယ္" အရိပ္နတ္ဘုရားက ထပ္ေျပာလိုက္သည္ " ဒါက အသုံးမလိုတဲ့ တိုက္ပြဲပဲ။ ႏိုင္တဲ့ဘက္ကို ပူးေပါင္းလိုက္ၿပီးေတာ့ က်ဳပ္တို႔နတ္ဘုရားအဖြဲ႕အစည္းအတြက္ တိုးတက္လာေအာင္ လုပ္ဖို႔ အခြင့္ေကာင္းပဲ"

" မင္းတို႔က .." စစ္နတ္ဘုရားမက ေျပာလိုက္သည္။ တျခားေသာ အထြတ္အထိပ္ နတ္ဘုရားမ်ားအတြက္မူ သူတို႔က သက္ျပင္းသာခ်ၿပီး ဘာမွမေျပာၾကေပ။ အမွန္အတိုင္းေျပာရလွ်င္ အမ်ားစုက အတူတူသာ ခံစားၾကရသည္။ သို႔ေသာ္လည္း သူတို႔၏ မာန္မာနက တျခားသူမ်ားထံ ဦးၫႊတ္ဖို႔အတြက္ ခြင့္မျပဳေပ။

သူတို႔က ေသမ်ိဳးေျမာက္မ်ားစြာႏွင့္ နတ္ဘုရားမ်ားကို အုပ္ခ်ဳပ္ကာ လႊမ္းမိုးထားသည့္ အားေကာင္းေသာ အထြတ္အထိပ္ နတ္ဘုရားမ်ား ျဖစ္ၾကေလသည္။ မည္သူပင္ျဖစ္ေစကာမူ သူတို႔က တျခားလူထံ ဦးၫႊတ္ဖို႔ ျငင္းဆန္ၾကသည္။

ထိုလူက သူတို႔ထက္ အားေကာင္းေနတယ္ဆိုလွ်င္ပင္...

" ေကာင္းၿပီ" စစ္နတ္ဘုရားမက ေျပာလိုက္သည္ " မင္းတို႔ဘာသာ ဒီဟာကို ျဖစ္ေစတာပဲ"

သစၥာေဖာက္နတ္ဘုရား ၈ေယာက္က ထိုအရာကိုၾကားၿပီး ခ်က္ခ်င္းဆိုသလို သတိကပ္သြားၾကသည္။ ကံဆိုးစြာျဖင့္ ေနာက္က်လြန္းသြားေလၿပီ။ ထိုလူမ်ားေနာက္မွ ဧရာမပါးစပ္ႀကီး ေပၚထြက္လာကာ ခ်က္ခ်င္းဆိုသလို ဝါးမ်ိဳသြားေလ၏။

အားလုံးက အံ့အားသင့္သြားၿပီး တုံ႔ျပန္ဖို႔ အခ်ိန္ပင္ မရလိုက္ေပ။ အထြတ္အထိပ္ နတ္ဘုရားအမ်ားစုက ထိုပါးစပ္ေပါက္ႀကီးသည္ ဘယ္အရာလဲဟု စဥ္းစားေနၾကစဥ္ လီကြၽင္းကေတာ့ ထိုအရာသည္ နတ္ဘုရားဝါးမ်ိဳျခင္း နည္းစနစ္၏ သ႐ုပ္ျပမႈ ျဖစ္ေၾကာင္း သိလိုက္သည္။ သူက ေသမ်ိဳးလြတ္လပ္ခြင့္ မဟာမိတ္အဖြဲ႕အစည္းႏွင့္ အျခားလူမ်ားထံ ျဖန႔္ေဝထားခဲ့သည္ မဟုတ္ပါေလာ။

ဌာနခ်ဳပ္က စစ္ပြဲနယ္ေျမတြင္ ရွိသည့္အတြက္ စစ္နတ္ဘုရားမသည္ သူ႔လူမ်ားအား ထိုေနရာသို႔ က်ဴးေက်ာ္ကာ ဤက်င့္စဥ္အား ရယူခိုင္းသည္မွာ အံ့ဩစရာ မရွိေပ။

လူ၈ေယာက္ကို ဝါးမ်ိဳၿပီးသည့္ေနာက္တြင္ စစ္နတ္ဘုရားမ၏ အရွိန္အဝါ သိသိသာသာ တိုးျမင့္လာသည္။ ေသခ်ာသည့္ အေနအထားတစ္ခုသို႔ ေရာက္သြားသည့္အခါ ၿငိမ္က်သြားေလ၏။ သူမက ေနာက္တစ္ဆင့္ တက္လွမ္းေတာ့မည့္ပုံ ေပါက္ေနသည္။

ကံဆိုးစြာျဖင့္ သူမက က်ရႈံးသြားေလသည္။ စစ္နတ္ဘုရားမ၏ အင္အားက တိုးတက္လာေသာ္လည္း တစ္သားတည္း ျဖစ္မေနေပ။

လီကြၽင္း၏ အကဲျဖတ္မႈျဖင့္ သူမသည္ သူေတာ္စင္အဆင့္ႏွင့္ နီးကပ္ေနၿပီျဖစ္ေၾကာင္း ေျပာႏိုင္ေလသည္။

ကံဆိုးစြာျဖင့္ ဤကမာၻတြင္ သက္ရွိအားလုံးအေပၚ ကန႔္သတ္ခ်က္ ရွိေနေလသည္။ အလယ္အလတ္ကမာၻအေနႏွင့္ စည္းမ်ဥ္းသက္ရွိမ်ားကို ေမြးဖြားႏိုင္သည္ကပင္ အံ့ဖြယ္ျဖစ္ေနေလရာ သူေတာ္စင္အဆင့္ ေမြးဖြားေပးဖို႔ေတာ့ မျဖစ္ႏိုင္ေပ။

လီကြၽင္းက စစ္နတ္ဘုရားမ၏ မ်က္ႏွာအထက္မွ စိတ္ပ်က္ေနသည့္ အမူအရာကို ၾကည့္ကာ ဂ႐ုမစိုက္ေပ။ သူက ကိစၥမ်ားကို အေလးအနက္ ကိုင္တြယ္ၿပီး တိုက္ပြဲကို ျမန္ျမန္ဆန္ဆန္ အဆုံးသတ္ဖို႔ ဆုံးျဖတ္လိုက္သည္။

ထို႔ေၾကာင့္ သူက အျမင္အာ႐ုံကို အသုံးျပဳလိုက္သည္။

လီကြၽင္း၏ ပုံရိပ္ေယာင္က ေကာင္းကင္အထက္ ေပၚထြက္လာသည္။ သူက လွံတံကို လက္မွာကိုင္ထားၿပီး အရပ္ရွည္ကာ စြမ္းအားႀကီးမားဟန္ေပၚေနသည္။ သူက သူ႔ေျခေထာက္ေအာက္တြင္ ေျမာက္မ်ားစြာေသာ အေလာင္းမ်ားႏွင့္အတူ တိုက္ပြဲတစ္ခုရွိေနသည္။ ထိုအရာက ေကာင္းကင္အသေခ်ၤကမာၻအတြင္း တည္ရွိသည့္ အသေခ်ၤသက္ရွိမ်ား ျဖစ္သည္။

ေနာက္ခံတြင္ ဖ်က္ဆီးခံထားရသည့္ ကမာၻမ်ားစြာကိုလည္း ျမင္ေတြ႕ေနရသည္။ လီကြၽင္းက ထိုသတ္ျဖတ္မႈကို အသားက်ေနသည့္အလား တည္ၿငိမ္ေနသည္။

သူ႔စိတ္အာ႐ုံ ႐ုပ္လႊာ သ႐ုပ္ေပၚလာသည္ႏွင့္ သူ႔ ခႏၶာကိုယ္၏ အရွိန္အဝါက သိသိသာသာ တိုးျမင့္သြားကာ သူ႔ခြန္အားကလည္း ကိုးဆ တိုးျမင့္သြားေလသည္။ သူ႔ခႏၶာကိုယ္မွ ထြက္လာသည့္ အေငြ႕အသက္က တစ္ကမာၻလုံးကိုပင္ တုန္ခါသြားေစ၏။

Continue Reading

You'll Also Like

14.4K 307 20
It's my first time writing an Story so please bear with me. Anyways...... Story: Future Caelus, lost everyone. His friends, family and Comrades...
578K 14.2K 43
Psycho brothers and a little angel sister sounds not so good together right? so what happens when an sweet angel comes live with her lovesick pyscho...
71.8K 2K 194
"In a world of pirates and adventure, meet Ryo, a half mink-half human with a tragic past. After losing his parents, Ryo was taken in and trained by...
10.8K 375 13
Waking up in the body of a Romani Archiman is acceptable. Getting 3rd and 1st True Magics is nice. Getting Beasts as pets - delightful. The world of...