ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၅)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၃၄၃) : သေခြင်းတရားနတ်ဘုရား၏ ကံကြမ္မာ
လီကျွင်းက ကံကြမ္မာအရိပ်အား သူတို့၏ နောက်တာဝန်အကြောင်း ညွှန်ကြားပြီးသည့်နောက်တွင် တခြားလူများအား ကြည့်ကာ ပြောလိုက်သည် " ကောင်းပြီ။ ငါတို့တွေ သေခြင်းတရား နတ်ဘုရားရဲ့ ကောင်းကင်ဘုံဗိမာန်ကို ဖြေရှင်းကြမယ်"
သိပ်မကြာခင် သုံးယောက်သား ပျံသန်းသွားကြပြီး ဒုတိယကုန်းမြေသို့ ရောက်ရှိသွားကြသည်။ သူတို့နှင့်အတူတူရှိသည်က သေခြင်းတရား နတ်ဘုရား ဖြစ်၏။ သို့သော်လည်း သူ့အကြည့်များက ဗလာကျင်းနေကာ တုံ့ပြန်မှုမရှိပေ။
" သူ့ကို ရုပ်သေးရုပ်အဖြစ် ပြောင်းတာမှာ ပြဿနာရှိသေးလား" လီကျွင်းက မေးလိုက်သည်။
" အစတုန်းက သူ ခုခံသေးတယ်။ ဒါပေမဲ့ လီလင်းက ကောင်းကင်အဆင့် ဝိညာဉ်သန့်စင်ရေးဆေးလုံး ဖော်စပ်ပြီးတဲ့နောက်မှာ ဖြစ်စဉ်က ပိုပြီးတော့ ချောမွေ့သွားတယ်"
" ကောင်းပြီ စလိုက်ရအောင်"
ဝမ်ကျူက ခေါင်းညိတ်လိုက်ပြီးနောက် သေခြင်းတရား နတ်ဘုရားကို ထိန်းချုပ်လိုက်သည်။ မျက်နှာကို ဖုံးအုပ်ထားပြီး အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် သူ၏ ကိုယ်ပွားများစွာက ပေါ်ထွက်လာသည်။ ထို့နောက် ချပ်ဝတ်ကိုယ်ပွားများက ကုန်းမြေ၏ နေရာအသီးသီးသို့ ပျံ့နှံ့သွားလေသည်။
ဖခင်မြို့တော်က ဤကုန်းမြေပေါ်တွင် အကြီးမားဆုံး မြို့တစ်မြို့ ဖြစ်ပေသည်။ လူဦးရေက သန်းလေးဆယ်ကျော် ရှိ၏။ အားလုံးက သေခြင်းတရား နတ်ဘုရားကို အစွန်းရောက် ကိုးကွယ်ကြသည့် သေမျိုးများသာ ဖြစ်ကြသည်။
ဒီနေ့တွင် တခြားနေ့ရက်များလို ပုံမှန်နေ့ရက်များသာ ဖြစ်၏။ လူများက သူတို့၏ နေ့စဉ်ဘဝအတိုင်း လှုပ်ရှားသွားလာနေကြသည်။ သို့သော်လည်း မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပျက်လာခဲ့၏။ မြို့ရှိ အကြီးမားဆုံး ကျောင်းဆောင်က ရုတ်ချည်းဆိုသလို ကောင်းကင်အထိ ရွှေရောင်အလင်းများ တောက်ပသွားလေသည်။
သေမျိုးတိုင်းက ထိုရွှေရောင်အလင်းကို ခံစားမိလိုက်ကြကာ သူတို့လုပ်နေကျ အရာအားလုံးကို ရပ်တန့်လိုက်ပြီး လမ်းမပေါ်တွင် စုလာကြသည်။
ထို့နောက် မြို့သူမြို့သားအားလုံးက အနက်ရောင် ချပ်ဝတ်ဝတ်ဆင်ထားသည့် အမျိုးသားကို မြင်လိုက်ရသည်။ ခဏအကြာတွင် သူတို့အားလုံးက အံ့ဩသွားပြီး ချက်ချင်းဆိုသလို ဒူးထောက်ကာ ပြောလိုက်ကြသည် " တမန်တော်ကို ကြိုဆိုပါတယ်"
လူသန်းလေးဆယ်ကျော်၏ အသံက ကောင်းကင်အထက် ပျံ့နှံ့သွားကာ လှပသည့် သံစဉ်တစ်ခု ဖြစ်ပေါ်လာသည်။
" မြို့အရှင်က ဘယ်မှာလဲ" ချပ်ဝတ်ကိုယ်ပွားက မေးလိုက်သည်။
ရုတ်ချည်းဆိုသလို ရိုးရိုးရှင်းရှင်း အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူလတ်အရွယ်အမျိုးသားက လူအုပ်ကြားမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ သူက တစ်ဦးတည်း ရပ်နေသူဖြစ်၍ သတိပြုမိဖို့ လွယ်ကူလှသည်။
" တမန်တော် ကျွန်တော်က လက်ရှိ မြို့အရှင်ပါ"
ချပ်ဝတ်ကိုယ်ပွားက လက်ဝှေ့လိုက်သည့်အခါ လူလတ်အရွယ်အမျိုးသားက ကောင်းကင်အထက် ရုတ်ချည်းရောက်သွားသည်။ သူက ပြုတ်ကျမည်ကို ကြောက်ကာ အော်ဟစ်ချင်သော်လည်း သူ့ အကြောက်တရားက တမန်တော်နှင့် သေခြင်းတရားနတ်ဘုရားအပေါ် အံ့ဩမှုတို့ဖြင့် အစားထိုးသွားလေသည်။
" သေခြင်းတရား နတ်ဘုရားက သာလွန်မှုကို ရယူပြီးတော့ ကံကြမ္မာစွမ်းအားကို ထိန်းချုပ်တော့မယ်လို့ သတင်းဖြန့်လိုက်။ အဲဒီအခါ သူ့ရဲ့ပုံရိပ်က ပြောင်းလဲသွားလိမ့်မယ်။ သူ့အမိန့်နဲ့ သူ့ ရုပ်ထုတွေအားလုံးကို အခုကစပြီးတော့ အဆင့်တက်လှမ်းဖို့ မပြီးမြောက်ခင်အထိ ဗလာထားမယ်"
မြို့အရှင်က ခေတ္တမျှ တုန်လှုပ်သွားကာ သူ့မျက်နှာအထက် အံ့အားသင့်ကာ ပျော်ရွှင်သည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ သူတို့နတ်ဘုရားက အားကောင်းနေပြီဖြစ်သော်လည်း ယခုအခါ အဆင့်တက်လှမ်းမည် ဖြစ်သောကြောင့် ပို၍အားကောင်းလာပေတော့မည်။ သူက သူ့ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ပေ။
သူသာလျှင်မကဘဲ ထိုစကားကို ကြားလိုက်ရသော မြို့တွင်းရှိ သေမျိုးအားလုံးက မြို့အရှင်နှင့်အတူတူ ခံစားမိကြသည်။
မြို့အရှင်က မြေပြင်ပေါ် ပြန်ရောက်လာပြီးသည့်နောက်တွင် မြို့ထဲမှ အကောင်းဆုံး လက်မှုပညာသည်များကို ဆင့်ခေါ်ကာ တမန်တော်၏ စကားအတိုင်း သေခြင်းတရား နတ်ဘုရား၏ ရုပ်ထုနှင့် ကျောင်းဆောင်ကို ပြန်လည်ပြုပြင်ခဲ့သည်။
ထိုမြို့အရှင်တစ်ယောက်ထဲ လုပ်နေခြင်း မဟုတ်ပေ။ မြို့ကြီးများ၊ မြို့ငယ်များနှင့် ရွာငယ်များအားလုံးတွင် တမန်တော်များ ပေါ်ထွက်လာပြီး သေခြင်းတရား နတ်ဘုရား၏ မှာတမ်းကို ထုတ်ပြန်ခဲ့သည်။
သေခြင်းတရား နတ်ဘုရား၏ အဆင့်တက်လှမ်းမှုကို ကြိုဆိုဖို့ ပွဲအခမ်းအနားပင် လုပ်ခဲ့ကြသေးသည်။ ယနေ့မှစ၍ ကုန်းမြေရှိလူအားလုံးသည် အဆင့်တက်လှမ်းခြင်း နေ့ရက်ဟူ၍ အားလပ်ရက်အသစ်ကို ဖန်တီးခဲ့ကြသည်။
ဝေဟင်၌ လီကျွင်းနှင့် တခြားလူများက ထိုအရာများကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေသည်။ ထို့နောက် သူတို့က ဝမ်ကျူအား ကြည့်ကာ ပြောလိုက်သည် " နောက်အဆင့်ကို စလိုက်တော့"
ထိုသုံးဦး၏ ပတ်ဝန်းကျင်တွင် အဖြူရောင် ဒိုင်းကာတစ်ခု ပေါ်ထွက်လာလေသည်။ သူတို့က အချိန်စတင်မြန်ဆန်လာသည်ကို ကြည့်လိုက်ကြ၏။ သူတို့က တီဗွီဇာတ်လမ်းတွေမှာ ရှေ့ကျော်ရစ်သလို မြင်ကွင်းမျိုးကို မြင်တွေ့လိုက်ရသည်။
အားလုံးနှင့် အရာအားလုံးက မြန်မြန်ဆန်ဆန် လှုပ်ရှားနေကြသောကြောင့် ဝါးတားတား ဖြစ်သွားကြသည်။ ထို့နောက် အရာအားလုံး ရပ်တန့်သွားလေ၏။
" အခု ဘယ်လောက်ကြာသွားပြီလဲ"
" နှစ် ၃၀၀ပါ" ဝမ်ကျူက ပြန်ဖြေလိုက်သည်။
" အဲဒါက လူဦးရေ ဖန်တီးဖို့ရော သေခြင်းတရား နတ်ဘုရားရဲ့ တကယ့်မျက်နှာအစစ်အမှန်ကို မေ့သွားဖို့ရော အချိန်ကောင်းပဲ"
လီကျွင်းက သေခြင်းတရား နတ်ဘုရားကို ကြည့်လိုက်သည်။ ယခုတွင် သူက အခြေအနေ ဆိုးဆိုးရွားရွား ဖြစ်နေလေ၏။ သူ့ဆံပင်များက မီးခိုးရောင် ဖြစ်နေလေသည်။ အကြောင်းမှာ အချိန်ကို ထိန်းချုပ်ဖို့အတွက် သူ့အသက်ဓာတ် အဆီအနှစ်များကို အသုံးချလိုက်ရ၍ ဖြစ်သည်။ သူ့ခန္ဓာကိုယ်က မံမီကဲ့သို့ ခြောက်တွနေလေ၏။
သူ့အတွက် ကံဆိုးသည်က သူ့အလုပ်က မပြီးဆုံးသေးပေ။ ယခင် တမန်တော် ကိုယ်ပွားများက သေခြင်းတရားနတ်ဘုရား၏ အဆင့်တက်လှမ်းမှုအကြောင်း ကြေညာပြီးသွားသည့်အခါ သူက ယခု ကံကြမ္မာနှင့် သေခြင်းတရား၏ အရှင်သခင် ဖြစ်သွားလေပြီ။
ကျောင်းဆောင်အားလုံးကို ဝမ်ဝေ့၏ မျက်နှာနှင့် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲထားပြီး သေမျိုးများက သူ့အား စတင်ကိုးကွယ်ကြသည်။ ယခုမှစ၍ အဖွဲ့၏ အကြံအစည်က တစ်နည်းတစ်ဖုံ အောင်မြင်ခဲ့လေသည်။
လီကျွင်းက ဝမ်ကျူအား မေးလိုက်သည် " သူ့စွမ်းအားကို ထပ်သုံးလို့ရသေးလား။"
" ယုံကြည်မှု နည်းနည်းကျန်သေးတယ်။ ပြီးတော့ လိုအပ်လာမယ်ဆိုရင် သူ့ဝိညာဉ်ကိုပါ စတေးလို့ရသေးတယ်"
" ဒီလိုဆိုရင် နောက်ထပ် ကုန်းမြေတစ်ခု ဖန်တီးရအောင်။ ဒီနည်းနဲ့ဆိုရင် ယုံကြည်မှု စုဆောင်းဖို့ ပိုပြီးတော့ သက်ရောက်မှုကောင်းပြီးတော့ အစွန်းရောက် ကိုးကွယ်သူတွေကို လေ့ကျင့်ပေးဖို့ နည်းလမ်းကောင်းပဲ"
ထို့နောက် သူက အနက်ရောင် ကျောက်တုံးကို ထုတ်ကာ ပေးလိုက်သည်။ ထိုကျောက်တုံးကို မြင်ကာ ဝမ်ကျူက ချက်ချင်းဆိုသလို သူ့အကြံအစည်ကို သဘောပေါက်သွားလေ၏။ သူမက သေခြင်းတရားနတ်ဘုရားအား ထိန်းချုပ်ကာ ထိုကောင်းကင်ဘုံဗိမာန်၏ အမြုတေအတွင်း ကျောက်တုံးကို ထားလိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို အာကာပြင်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ဘုံဗိမာန်အရွယ်အစားလောက် စတင်ကြီးမားလာသည်။
မိနစ်ပိုင်းအတွင်း ထိုအရာက ငါးဆမက ကြီးမားသွားလေ၏။ ထို့နောက်တွင် ကုန်းမြေအသစ်သုံးခု ဖြစ်ပေါ်လာသည်။
နောက်ဆုံးတွင် ဒုတိယကုန်းမြေမှ တမန်တော်က သေမျိုးများအုပ်စုကို စုစည်းကာ သူတို့၏ ချစ်လှစွာသော နတ်ဘုရားအတွက် ယုံကြည်မှုကို ဖြန့်ဝေဖို့ ပင်လယ်တစ်ဝိုက် ခရီးပို့ဆောင်ပေးခဲ့သည်။
ထိုအဖြစ်အပျက်များကို ကျော်ဖြတ်ပြီးသည့်နောက်တွင် ပင်လယ်၏ မတည်ငြိမ်မှုများအကြား ဖြတ်သန်းကာ အားအကောင်းဆုံး ပင်လယ်သတ္တဝါများနှင့် ရင်ဆိုင်ကြုံတွေ့ရပြီး အသက်ရှင်ကျန်ပြီးနောက်တွင် ထိုလူများ၏ ယုံကြည်မှုက သိသိသာသာ တိုးမြင့်လာလေသည်။ သူတို့၏ နတ်ဘုရားက အမြဲတမ်းလိုလို သူတို့၏ အသက်များကို အမြဲလိုလို ကာကွယ်ပေးထားကြောင်း ယုံကြည်သွားကြလေသည်။
တခြားသော ကုန်းမြေသို့ ရောက်ရှိသည့်အခါ သူတို့က ထိုနေရာတွင် အခြေချကာ သူတို့၏ နတ်ဘုရားအတွက် ကျောင်းဆောင်များကို စတင်ဆောက်လုပ်ကြသည်။
" နောက်ထပ် အချိန်ထပ်မြန်နိုင်သေးလား" လီကျွင်းက မေးလိုက်သည်။
" ဒီနှုန်းထားနဲ့ဆိုရင် သူက နှစ်ငါးဆယ်တောင် ခံနိုင်မှာ မဟုတ်တော့ဘူး"
" အဲဒါဆိုရင် လူဦးရေတိုးမြင့်ဖို့အတွက် အချိန်မလုံလောက်သေးဘူးပဲ" လီကျွင်းက ပြောလိုက်သည်။
" ငါတို့တွေ သူ့ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို အားမွေးပေးမယ်ဆိုရင်ရော"
လီကျွင်းက ထိုအရာကို ကြားပြီး အကြည့်များ တောက်ပသွားလေသည်။ ထို့နောက် သူမက ခေါင်းညိတ်လိုက်၏။
ထို့နောက် ယန်းလီလင်းက ဆေးလုံးတချို့ ထုတ်တိုက်လာသည်။ ထိုအရာများက ကောင်းကင်အဆင့်အဆီအနှစ် ပြန်လည်အားဖြည့်ဆေးများ ဖြစ်ပေသည်။ ထိုအရာက သေခြင်းတရား နတ်ဘုရား၏ ယခင်သုံးစွဲထားသည့် စွမ်းအားကို ပြန်လည်အားဖြည့်ပေးနိုင်သည်။
တခြားသော ဆေးလုံးများအတွက်မူ ထိုအရာများက ထိပ်တန်းမြေကမ္ဘာအဆင့် ယင်အားဖြည့် ဆေးလုံး ဖြစ်ပေသည်။ ထိုအရာကို ကမ္ဘာဦးစိတ်ဝိညာဉ် ကျင့်ကြံသူများသည် သူတို့၏ ဝိညာဉ်ကို ကျင့်ကြံဖို့အတွက် အသုံးပြုကြလေသည်။ သူတို့က တုံ့ဆိုင်းခြင်းမရှိ ထိုအရာအားလုံးကို တိုက်ကျွေးလိုက်သည်။
ထို့နောက် သေခြင်းတရား နတ်ဘုရား၏ မံမီခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ်လာသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်အတွင်း စွမ်းအားများစွာ ပါဝင်နေသောကြောင့် သူက အနည်းငယ် ဖောင်းပွလာလေ၏။
ဝမ်ကျူက ချက်ချင်းဆိုသလို ထိန်းချုပ်ကာ သူ့ခန္ဓာကိုယ်အတွင်းရှိ လက်ကျန်ဆေး အာနိသင်များအား စည်းပိတ်ပေးလိုက်သည်။
ထို့နောက်တွင် သူ့ဝိညာဉ်စွမ်းအားက သိသိသာသာ တိုးမြင့်လာလေ၏။ ပုံမှန်အားဖြင့် ကိစ္စကောင်း ဖြစ်ပေသည်။ ကံဆိုးစွာဖြင့် သေခြင်းတရား နတ်ဘုရားက အများကြီး သောက်သုံးလိုက်သောကြောင့် သူ့ဝိညာဉ်၏ စွမ်းအားက သူ့ထိန်းချုပ်မှုအောက်ထက် ကျော်လွန်သွားလေသည်။
ကျင့်ကြံသူအများစုက ထိုသို့ မလုပ်ကြသည်မှာ ထိုအရာက သူတို့ဝိညာဉ်ကို မတည်မငြိမ်ဖြစ်စေပြီး ပျက်စီးသွားစေနိုင်၍ ဖြစ်သည်။ သို့သော်လည်း သူတို့သုံးယောက်က ထိုအရာကို ဂရုမစိုက်ပေ။ သူတို့က သေခြင်းတရား နတ်ဘုရား၏ စွမ်းအားကို အလျင်အမြန် မြှင့်တင်ပေးချင်ရုံမျှသာ ဖြစ်၏။
သူ့ဝိညာဉ်က သေချာသည့်အနေအထားသို့ ရောက်ရှိသွားသည့်အခါ ဝမ်ကျူက သူ့အား ထိန်းချုပ်လိုက်ပြီး တခြားသော ကုန်းမြေနှစ်ခု၏ အချိန်စီးဆင်းမှုကို မြှင့်တင်လိုက်သည်။
ဤတစ်ကြိမ် နှစ်ငါးရာ ကြာမြင့်သွားလေ၏။ ထို့နောက် ချက်ချင်းဆိုသလို သေခြင်းတရားနတ်ဘုရား၏ ခန္ဓာကိုယ်အား ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားကာ လေဖြင့် လွင့်ပါသွားတော့သည်။
သူ့ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် စည်းမျဉ်းများက ချက်ချင်းဆိုသလို ပျက်သုဉ်းသွားလေသည်။
ထိုနှစ်ငါးရာအတွင်း လူသားများ၏ မျိုးဆက်ပေါင်းများစွာက မွေးဖွားလာကာ သေဆုံးသွားကြသည်။ သူတို့က မျိုးဆက်များအလိုက် သူတို့၏ အမွေအနှစ်ကို လက်ဆင့်ကမ်းပေးခဲ့ကြသည်။ ဤကုန်းမြေ၏ လူဦးရေလေးမှာ အယောက်တစ်သိန်းမှ တစ်ဆယ်ဘီလီယံအထိ တိုးမြင့်လာခဲ့ပြီး ယုံကြည်မှုစွမ်းအား အမြောက်အများ ထောက်ပံ့ပေးနေသည်။
အချိန်စွမ်းအား သက်ရောက်မှုမရှိဘဲ သူတို့သုံးယောက်လုံးက ကောင်းကင်မှာ လွင့်မြောနေစဉ် အဖြစ်အပျက်အားလုံးကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလေသည်။
ယန်းလီလင်းက သက်ပြင်းချကာ ပြောလိုက်သည် " နှစ် ငါးရာ။ သေမျိုးတွေအားလုံး မွေးဖွားပြီး သေဆုံးဖို့ နှစ်ငါးရာဆိုတာက မျိုးဆက်ပေါင်းများစွာအတွက်တောင် လုံလောက်တယ်။ သူတို့ရဲ့ တိုးတောင်းလှတဲ့ သက်တမ်းတွေက တကယ်ကို အဖြစ်ဆိုးပဲ"
ယန်းလီလင်းက လက်ရှိ နှစ် ၈၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်ကာ သူမကိုယ်သူမ ငယ်ရွယ်သေးသည်ဟုသာ ယူဆထားသည်။ ထိုသေမျိုးများအတွက်မူ သူမက သူတို့၏ ဘိုးဘေးအဖြစ် မှတ်ယူနိုင်လေ၏။
" ကိုယ်တို့အတွက်လည်း အတူတူပဲ မဟုတ်ဘူးလား" လီကျွင်းက ပြောလိုက်သည် " သူတို့က ဆယ်စုနှစ်လောက်ပဲ နေနိုင်တယ်ဆိုပေမဲ့ ကိုယ်တို့က နှစ်သန်းချီနေနိုင်ရုံလေးပဲ။ အဆုံးသတ်မှာ မသေမျိုးဘဝကို မရဘူးဆိုရင် သူတို့လိုမျိုးပဲ တစ်ရက်တော့ မြေကြီးထဲ ပြန်ရောက်သွားရမှာပဲ။
တစ်ခုတည်းသော ကွာခြားချက်က ကိုယ်တို့တွေက အချိန်နည်းနည်း ပိုကြာရုံပဲ"
အားလုံးက ထိုအရာကို ကြားပြီး တိတ်ဆိတ်သွားလေသည်။ မျိုးဆက်တိုင်း၌ ဂိုဏ်းများ သို့မဟုတ် အင်အားစုများက မဟာဧကရာဇ်ကို မွေးထုတ်ပေးသည့်အခါ ထိုသူက ကမ္ဘာတွင် အားအကောင်းဆုံး ဖြစ်လာလိမ့်မည်။ သို့သော် ထိုအရာတင်မကဘဲ လူများစွာအတွက်လည်း အချိန်အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်သည့် အခွင့်အရေးလည်း ဖြစ်သည်။
ထို့ကြောင့် အကယ်၍ အနာဂတ်မှာ ဝမ်ဝေ့က မဟာဧကရာဇ်ဖြစ်လာဖို့ ကျရှုံးသွားမည်ဆိုလျှင် သူတို့ကံတရားကလည်း သေမျိုးများနှင့် အတူတူသာ ဖြစ်နေလိမ့်မည်။
***********
ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၂၅)
မူရင္းေရးသားသူ - lazySageDao
ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)
အခန္း (၃၄၃) : ေသျခင္းတရားနတ္ဘုရား၏ ကံၾကမၼာ
လီကြၽင္းက ကံၾကမၼာအရိပ္အား သူတို႔၏ ေနာက္တာဝန္အေၾကာင္း ၫႊန္ၾကားၿပီးသည့္ေနာက္တြင္ တျခားလူမ်ားအား ၾကည့္ကာ ေျပာလိုက္သည္ " ေကာင္းၿပီ။ ငါတို႔ေတြ ေသျခင္းတရား နတ္ဘုရားရဲ႕ ေကာင္းကင္ဘုံဗိမာန္ကို ေျဖရွင္းၾကမယ္"
သိပ္မၾကာခင္ သုံးေယာက္သား ပ်ံသန္းသြားၾကၿပီး ဒုတိယကုန္းေျမသို႔ ေရာက္ရွိသြားၾကသည္။ သူတို႔ႏွင့္အတူတူရွိသည္က ေသျခင္းတရား နတ္ဘုရား ျဖစ္၏။ သို႔ေသာ္လည္း သူ႔အၾကည့္မ်ားက ဗလာက်င္းေနကာ တုံ႔ျပန္မႈမရွိေပ။
" သူ႔ကို ႐ုပ္ေသး႐ုပ္အျဖစ္ ေျပာင္းတာမွာ ျပႆနာရွိေသးလား" လီကြၽင္းက ေမးလိုက္သည္။
" အစတုန္းက သူ ခုခံေသးတယ္။ ဒါေပမဲ့ လီလင္းက ေကာင္းကင္အဆင့္ ဝိညာဥ္သန႔္စင္ေရးေဆးလုံး ေဖာ္စပ္ၿပီးတဲ့ေနာက္မွာ ျဖစ္စဥ္က ပိုၿပီးေတာ့ ေခ်ာေမြ႕သြားတယ္"
" ေကာင္းၿပီ စလိုက္ရေအာင္"
ဝမ္က်ဴက ေခါင္းညိတ္လိုက္ၿပီးေနာက္ ေသျခင္းတရား နတ္ဘုရားကို ထိန္းခ်ဳပ္လိုက္သည္။ မ်က္ႏွာကို ဖုံးအုပ္ထားၿပီး အနက္ေရာင္ခ်ပ္ဝတ္ ဝတ္ဆင္ထားသည့္ သူ၏ ကိုယ္ပြားမ်ားစြာက ေပၚထြက္လာသည္။ ထို႔ေနာက္ ခ်ပ္ဝတ္ကိုယ္ပြားမ်ားက ကုန္းေျမ၏ ေနရာအသီးသီးသို႔ ပ်ံ႕ႏွံ႔သြားေလသည္။
ဖခင္ၿမိဳ႕ေတာ္က ဤကုန္းေျမေပၚတြင္ အႀကီးမားဆုံး ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ေပသည္။ လူဦးေရက သန္းေလးဆယ္ေက်ာ္ ရွိ၏။ အားလုံးက ေသျခင္းတရား နတ္ဘုရားကို အစြန္းေရာက္ ကိုးကြယ္ၾကသည့္ ေသမ်ိဳးမ်ားသာ ျဖစ္ၾကသည္။
ဒီေန႔တြင္ တျခားေန႔ရက္မ်ားလို ပုံမွန္ေန႔ရက္မ်ားသာ ျဖစ္၏။ လူမ်ားက သူတို႔၏ ေန႔စဥ္ဘဝအတိုင္း လႈပ္ရွားသြားလာေနၾကသည္။ သို႔ေသာ္လည္း မေမွ်ာ္လင့္ထားသည့္ အရာတစ္ခု ျဖစ္ပ်က္လာခဲ့၏။ ၿမိဳ႕ရွိ အႀကီးမားဆုံး ေက်ာင္းေဆာင္က ႐ုတ္ခ်ည္းဆိုသလို ေကာင္းကင္အထိ ေ႐ႊေရာင္အလင္းမ်ား ေတာက္ပသြားေလသည္။
ေသမ်ိဳးတိုင္းက ထိုေ႐ႊေရာင္အလင္းကို ခံစားမိလိုက္ၾကကာ သူတို႔လုပ္ေနက် အရာအားလုံးကို ရပ္တန႔္လိုက္ၿပီး လမ္းမေပၚတြင္ စုလာၾကသည္။
ထို႔ေနာက္ ၿမိဳ႕သူၿမိဳ႕သားအားလုံးက အနက္ေရာင္ ခ်ပ္ဝတ္ဝတ္ဆင္ထားသည့္ အမ်ိဳးသားကို ျမင္လိုက္ရသည္။ ခဏအၾကာတြင္ သူတို႔အားလုံးက အံ့ဩသြားၿပီး ခ်က္ခ်င္းဆိုသလို ဒူးေထာက္ကာ ေျပာလိုက္ၾကသည္ " တမန္ေတာ္ကို ႀကိဳဆိုပါတယ္"
လူသန္းေလးဆယ္ေက်ာ္၏ အသံက ေကာင္းကင္အထက္ ပ်ံ႕ႏွံ႔သြားကာ လွပသည့္ သံစဥ္တစ္ခု ျဖစ္ေပၚလာသည္။
" ၿမိဳ႕အရွင္က ဘယ္မွာလဲ" ခ်ပ္ဝတ္ကိုယ္ပြားက ေမးလိုက္သည္။
႐ုတ္ခ်ည္းဆိုသလို ႐ိုး႐ိုးရွင္းရွင္း အနက္ေရာင္ဝတ္စုံ ဝတ္ဆင္ထားသည့္ လူလတ္အ႐ြယ္အမ်ိဳးသားက လူအုပ္ၾကားမွ ျဖည္းျဖည္းခ်င္း ထြက္ေပၚလာသည္။ သူက တစ္ဦးတည္း ရပ္ေနသူျဖစ္၍ သတိျပဳမိဖို႔ လြယ္ကူလွသည္။
" တမန္ေတာ္ ကြၽန္ေတာ္က လက္ရွိ ၿမိဳ႕အရွင္ပါ"
ခ်ပ္ဝတ္ကိုယ္ပြားက လက္ေဝွ႔လိုက္သည့္အခါ လူလတ္အ႐ြယ္အမ်ိဳးသားက ေကာင္းကင္အထက္ ႐ုတ္ခ်ည္းေရာက္သြားသည္။ သူက ျပဳတ္က်မည္ကို ေၾကာက္ကာ ေအာ္ဟစ္ခ်င္ေသာ္လည္း သူ႔ အေၾကာက္တရားက တမန္ေတာ္ႏွင့္ ေသျခင္းတရားနတ္ဘုရားအေပၚ အံ့ဩမႈတို႔ျဖင့္ အစားထိုးသြားေလသည္။
" ေသျခင္းတရား နတ္ဘုရားက သာလြန္မႈကို ရယူၿပီးေတာ့ ကံၾကမၼာစြမ္းအားကို ထိန္းခ်ဳပ္ေတာ့မယ္လို႔ သတင္းျဖန႔္လိုက္။ အဲဒီအခါ သူ႔ရဲ႕ပုံရိပ္က ေျပာင္းလဲသြားလိမ့္မယ္။ သူ႔အမိန႔္နဲ႔ သူ႔ ႐ုပ္ထုေတြအားလုံးကို အခုကစၿပီးေတာ့ အဆင့္တက္လွမ္းဖို႔ မၿပီးေျမာက္ခင္အထိ ဗလာထားမယ္"
ၿမိဳ႕အရွင္က ေခတၱမွ် တုန္လႈပ္သြားကာ သူ႔မ်က္ႏွာအထက္ အံ့အားသင့္ကာ ေပ်ာ္႐ႊင္သည့္ အမူအရာမ်ိဳး ေပၚထြက္လာသည္။ သူတို႔နတ္ဘုရားက အားေကာင္းေနၿပီျဖစ္ေသာ္လည္း ယခုအခါ အဆင့္တက္လွမ္းမည္ ျဖစ္ေသာေၾကာင့္ ပို၍အားေကာင္းလာေပေတာ့မည္။ သူက သူ႔ေပ်ာ္႐ႊင္မႈကို မဖုံးကြယ္ႏိုင္ေပ။
သူသာလွ်င္မကဘဲ ထိုစကားကို ၾကားလိုက္ရေသာ ၿမိဳ႕တြင္းရွိ ေသမ်ိဳးအားလုံးက ၿမိဳ႕အရွင္ႏွင့္အတူတူ ခံစားမိၾကသည္။
ၿမိဳ႕အရွင္က ေျမျပင္ေပၚ ျပန္ေရာက္လာၿပီးသည့္ေနာက္တြင္ ၿမိဳ႕ထဲမွ အေကာင္းဆုံး လက္မႈပညာသည္မ်ားကို ဆင့္ေခၚကာ တမန္ေတာ္၏ စကားအတိုင္း ေသျခင္းတရား နတ္ဘုရား၏ ႐ုပ္ထုႏွင့္ ေက်ာင္းေဆာင္ကို ျပန္လည္ျပဳျပင္ခဲ့သည္။
ထိုၿမိဳ႕အရွင္တစ္ေယာက္ထဲ လုပ္ေနျခင္း မဟုတ္ေပ။ ၿမိဳ႕ႀကီးမ်ား၊ ၿမိဳ႕ငယ္မ်ားႏွင့္ ႐ြာငယ္မ်ားအားလုံးတြင္ တမန္ေတာ္မ်ား ေပၚထြက္လာၿပီး ေသျခင္းတရား နတ္ဘုရား၏ မွာတမ္းကို ထုတ္ျပန္ခဲ့သည္။
ေသျခင္းတရား နတ္ဘုရား၏ အဆင့္တက္လွမ္းမႈကို ႀကိဳဆိုဖို႔ ပြဲအခမ္းအနားပင္ လုပ္ခဲ့ၾကေသးသည္။ ယေန႔မွစ၍ ကုန္းေျမရွိလူအားလုံးသည္ အဆင့္တက္လွမ္းျခင္း ေန႔ရက္ဟူ၍ အားလပ္ရက္အသစ္ကို ဖန္တီးခဲ့ၾကသည္။
ေဝဟင္၌ လီကြၽင္းႏွင့္ တျခားလူမ်ားက ထိုအရာမ်ားကို တည္တည္ၿငိမ္ၿငိမ္ ၾကည့္ေနေလသည္။ ထို႔ေနာက္ သူတို႔က ဝမ္က်ဴအား ၾကည့္ကာ ေျပာလိုက္သည္ " ေနာက္အဆင့္ကို စလိုက္ေတာ့"
ထိုသုံးဦး၏ ပတ္ဝန္းက်င္တြင္ အျဖဴေရာင္ ဒိုင္းကာတစ္ခု ေပၚထြက္လာေလသည္။ သူတို႔က အခ်ိန္စတင္ျမန္ဆန္လာသည္ကို ၾကည့္လိုက္ၾက၏။ သူတို႔က တီဗြီဇာတ္လမ္းေတြမွာ ေရွ႕ေက်ာ္ရစ္သလို ျမင္ကြင္းမ်ိဳးကို ျမင္ေတြ႕လိုက္ရသည္။
အားလုံးႏွင့္ အရာအားလုံးက ျမန္ျမန္ဆန္ဆန္ လႈပ္ရွားေနၾကေသာေၾကာင့္ ဝါးတားတား ျဖစ္သြားၾကသည္။ ထို႔ေနာက္ အရာအားလုံး ရပ္တန႔္သြားေလ၏။
" အခု ဘယ္ေလာက္ၾကာသြားၿပီလဲ"
" ႏွစ္ ၃၀၀ပါ" ဝမ္က်ဴက ျပန္ေျဖလိုက္သည္။
" အဲဒါက လူဦးေရ ဖန္တီးဖို႔ေရာ ေသျခင္းတရား နတ္ဘုရားရဲ႕ တကယ့္မ်က္ႏွာအစစ္အမွန္ကို ေမ့သြားဖို႔ေရာ အခ်ိန္ေကာင္းပဲ"
လီကြၽင္းက ေသျခင္းတရား နတ္ဘုရားကို ၾကည့္လိုက္သည္။ ယခုတြင္ သူက အေျခအေန ဆိုးဆိုး႐ြား႐ြား ျဖစ္ေနေလ၏။ သူ႔ဆံပင္မ်ားက မီးခိုးေရာင္ ျဖစ္ေနေလသည္။ အေၾကာင္းမွာ အခ်ိန္ကို ထိန္းခ်ဳပ္ဖို႔အတြက္ သူ႔အသက္ဓာတ္ အဆီအႏွစ္မ်ားကို အသုံးခ်လိုက္ရ၍ ျဖစ္သည္။ သူ႔ခႏၶာကိုယ္က မံမီကဲ့သို႔ ေျခာက္တြေနေလ၏။
သူ႔အတြက္ ကံဆိုးသည္က သူ႔အလုပ္က မၿပီးဆုံးေသးေပ။ ယခင္ တမန္ေတာ္ ကိုယ္ပြားမ်ားက ေသျခင္းတရားနတ္ဘုရား၏ အဆင့္တက္လွမ္းမႈအေၾကာင္း ေၾကညာၿပီးသြားသည့္အခါ သူက ယခု ကံၾကမၼာႏွင့္ ေသျခင္းတရား၏ အရွင္သခင္ ျဖစ္သြားေလၿပီ။
ေက်ာင္းေဆာင္အားလုံးကို ဝမ္ေဝ့၏ မ်က္ႏွာႏွင့္ ခႏၶာကိုယ္အျဖစ္ ေျပာင္းလဲထားၿပီး ေသမ်ိဳးမ်ားက သူ႔အား စတင္ကိုးကြယ္ၾကသည္။ ယခုမွစ၍ အဖြဲ႕၏ အႀကံအစည္က တစ္နည္းတစ္ဖုံ ေအာင္ျမင္ခဲ့ေလသည္။
လီကြၽင္းက ဝမ္က်ဴအား ေမးလိုက္သည္ " သူ႔စြမ္းအားကို ထပ္သုံးလို႔ရေသးလား။"
" ယုံၾကည္မႈ နည္းနည္းက်န္ေသးတယ္။ ၿပီးေတာ့ လိုအပ္လာမယ္ဆိုရင္ သူ႔ဝိညာဥ္ကိုပါ စေတးလို႔ရေသးတယ္"
" ဒီလိုဆိုရင္ ေနာက္ထပ္ ကုန္းေျမတစ္ခု ဖန္တီးရေအာင္။ ဒီနည္းနဲ႔ဆိုရင္ ယုံၾကည္မႈ စုေဆာင္းဖို႔ ပိုၿပီးေတာ့ သက္ေရာက္မႈေကာင္းၿပီးေတာ့ အစြန္းေရာက္ ကိုးကြယ္သူေတြကို ေလ့က်င့္ေပးဖို႔ နည္းလမ္းေကာင္းပဲ"
ထို႔ေနာက္ သူက အနက္ေရာင္ ေက်ာက္တုံးကို ထုတ္ကာ ေပးလိုက္သည္။ ထိုေက်ာက္တုံးကို ျမင္ကာ ဝမ္က်ဴက ခ်က္ခ်င္းဆိုသလို သူ႔အႀကံအစည္ကို သေဘာေပါက္သြားေလ၏။ သူမက ေသျခင္းတရားနတ္ဘုရားအား ထိန္းခ်ဳပ္ကာ ထိုေကာင္းကင္ဘုံဗိမာန္၏ အျမဳေတအတြင္း ေက်ာက္တုံးကို ထားလိုက္သည္။
ထို႔ေနာက္ ခ်က္ခ်င္းဆိုသလို အာကာျပင္စြမ္းအားတစ္ခု ထြက္ေပၚလာၿပီး ေကာင္းကင္ဘုံဗိမာန္အ႐ြယ္အစားေလာက္ စတင္ႀကီးမားလာသည္။
မိနစ္ပိုင္းအတြင္း ထိုအရာက ငါးဆမက ႀကီးမားသြားေလ၏။ ထို႔ေနာက္တြင္ ကုန္းေျမအသစ္သုံးခု ျဖစ္ေပၚလာသည္။
ေနာက္ဆုံးတြင္ ဒုတိယကုန္းေျမမွ တမန္ေတာ္က ေသမ်ိဳးမ်ားအုပ္စုကို စုစည္းကာ သူတို႔၏ ခ်စ္လွစြာေသာ နတ္ဘုရားအတြက္ ယုံၾကည္မႈကို ျဖန႔္ေဝဖို႔ ပင္လယ္တစ္ဝိုက္ ခရီးပို႔ေဆာင္ေပးခဲ့သည္။
ထိုအျဖစ္အပ်က္မ်ားကို ေက်ာ္ျဖတ္ၿပီးသည့္ေနာက္တြင္ ပင္လယ္၏ မတည္ၿငိမ္မႈမ်ားအၾကား ျဖတ္သန္းကာ အားအေကာင္းဆုံး ပင္လယ္သတၱဝါမ်ားႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ရၿပီး အသက္ရွင္က်န္ၿပီးေနာက္တြင္ ထိုလူမ်ား၏ ယုံၾကည္မႈက သိသိသာသာ တိုးျမင့္လာေလသည္။ သူတို႔၏ နတ္ဘုရားက အၿမဲတမ္းလိုလို သူတို႔၏ အသက္မ်ားကို အၿမဲလိုလို ကာကြယ္ေပးထားေၾကာင္း ယုံၾကည္သြားၾကေလသည္။
တျခားေသာ ကုန္းေျမသို႔ ေရာက္ရွိသည့္အခါ သူတို႔က ထိုေနရာတြင္ အေျခခ်ကာ သူတို႔၏ နတ္ဘုရားအတြက္ ေက်ာင္းေဆာင္မ်ားကို စတင္ေဆာက္လုပ္ၾကသည္။
" ေနာက္ထပ္ အခ်ိန္ထပ္ျမန္ႏိုင္ေသးလား" လီကြၽင္းက ေမးလိုက္သည္။
" ဒီႏႈန္းထားနဲ႔ဆိုရင္ သူက ႏွစ္ငါးဆယ္ေတာင္ ခံႏိုင္မွာ မဟုတ္ေတာ့ဘူး"
" အဲဒါဆိုရင္ လူဦးေရတိုးျမင့္ဖို႔အတြက္ အခ်ိန္မလုံေလာက္ေသးဘူးပဲ" လီကြၽင္းက ေျပာလိုက္သည္။
" ငါတို႔ေတြ သူ႔ဝိညာဥ္နဲ႔ ခႏၶာကိုယ္ကို အားေမြးေပးမယ္ဆိုရင္ေရာ"
လီကြၽင္းက ထိုအရာကို ၾကားၿပီး အၾကည့္မ်ား ေတာက္ပသြားေလသည္။ ထို႔ေနာက္ သူမက ေခါင္းညိတ္လိုက္၏။
ထို႔ေနာက္ ယန္းလီလင္းက ေဆးလုံးတခ်ိဳ႕ ထုတ္တိုက္လာသည္။ ထိုအရာမ်ားက ေကာင္းကင္အဆင့္အဆီအႏွစ္ ျပန္လည္အားျဖည့္ေဆးမ်ား ျဖစ္ေပသည္။ ထိုအရာက ေသျခင္းတရား နတ္ဘုရား၏ ယခင္သုံးစြဲထားသည့္ စြမ္းအားကို ျပန္လည္အားျဖည့္ေပးႏိုင္သည္။
တျခားေသာ ေဆးလုံးမ်ားအတြက္မူ ထိုအရာမ်ားက ထိပ္တန္းေျမကမာၻအဆင့္ ယင္အားျဖည့္ ေဆးလုံး ျဖစ္ေပသည္။ ထိုအရာကို ကမာၻဦးစိတ္ဝိညာဥ္ က်င့္ႀကံသူမ်ားသည္ သူတို႔၏ ဝိညာဥ္ကို က်င့္ႀကံဖို႔အတြက္ အသုံးျပဳၾကေလသည္။ သူတို႔က တုံ႔ဆိုင္းျခင္းမရွိ ထိုအရာအားလုံးကို တိုက္ေကြၽးလိုက္သည္။
ထို႔ေနာက္ ေသျခင္းတရား နတ္ဘုရား၏ မံမီခႏၶာကိုယ္က ျဖည္းျဖည္းခ်င္း ပုံမွန္ျပန္ျဖစ္လာသည္။ သို႔ေသာ္လည္း သူ႔ခႏၶာကိုယ္အတြင္း စြမ္းအားမ်ားစြာ ပါဝင္ေနေသာေၾကာင့္ သူက အနည္းငယ္ ေဖာင္းပြလာေလ၏။
ဝမ္က်ဴက ခ်က္ခ်င္းဆိုသလို ထိန္းခ်ဳပ္ကာ သူ႔ခႏၶာကိုယ္အတြင္းရွိ လက္က်န္ေဆး အာနိသင္မ်ားအား စည္းပိတ္ေပးလိုက္သည္။
ထို႔ေနာက္တြင္ သူ႔ဝိညာဥ္စြမ္းအားက သိသိသာသာ တိုးျမင့္လာေလ၏။ ပုံမွန္အားျဖင့္ ကိစၥေကာင္း ျဖစ္ေပသည္။ ကံဆိုးစြာျဖင့္ ေသျခင္းတရား နတ္ဘုရားက အမ်ားႀကီး ေသာက္သုံးလိုက္ေသာေၾကာင့္ သူ႔ဝိညာဥ္၏ စြမ္းအားက သူ႔ထိန္းခ်ဳပ္မႈေအာက္ထက္ ေက်ာ္လြန္သြားေလသည္။
က်င့္ႀကံသူအမ်ားစုက ထိုသို႔ မလုပ္ၾကသည္မွာ ထိုအရာက သူတို႔ဝိညာဥ္ကို မတည္မၿငိမ္ျဖစ္ေစၿပီး ပ်က္စီးသြားေစႏိုင္၍ ျဖစ္သည္။ သို႔ေသာ္လည္း သူတို႔သုံးေယာက္က ထိုအရာကို ဂ႐ုမစိုက္ေပ။ သူတို႔က ေသျခင္းတရား နတ္ဘုရား၏ စြမ္းအားကို အလ်င္အျမန္ ျမႇင့္တင္ေပးခ်င္႐ုံမွ်သာ ျဖစ္၏။
သူ႔ဝိညာဥ္က ေသခ်ာသည့္အေနအထားသို႔ ေရာက္ရွိသြားသည့္အခါ ဝမ္က်ဴက သူ႔အား ထိန္းခ်ဳပ္လိုက္ၿပီး တျခားေသာ ကုန္းေျမႏွစ္ခု၏ အခ်ိန္စီးဆင္းမႈကို ျမႇင့္တင္လိုက္သည္။
ဤတစ္ႀကိမ္ ႏွစ္ငါးရာ ၾကာျမင့္သြားေလ၏။ ထို႔ေနာက္ ခ်က္ခ်င္းဆိုသလို ေသျခင္းတရားနတ္ဘုရား၏ ခႏၶာကိုယ္အား ခ်က္ခ်င္းဆိုသလို အမႈန႔္ျဖစ္သြားကာ ေလျဖင့္ လြင့္ပါသြားေတာ့သည္။
သူ႔ခႏၶာကိုယ္၊ ဝိညာဥ္ႏွင့္ စည္းမ်ဥ္းမ်ားက ခ်က္ခ်င္းဆိုသလို ပ်က္သုဥ္းသြားေလသည္။
ထိုႏွစ္ငါးရာအတြင္း လူသားမ်ား၏ မ်ိဳးဆက္ေပါင္းမ်ားစြာက ေမြးဖြားလာကာ ေသဆုံးသြားၾကသည္။ သူတို႔က မ်ိဳးဆက္မ်ားအလိုက္ သူတို႔၏ အေမြအႏွစ္ကို လက္ဆင့္ကမ္းေပးခဲ့ၾကသည္။ ဤကုန္းေျမ၏ လူဦးေရေလးမွာ အေယာက္တစ္သိန္းမွ တစ္ဆယ္ဘီလီယံအထိ တိုးျမင့္လာခဲ့ၿပီး ယုံၾကည္မႈစြမ္းအား အေျမာက္အမ်ား ေထာက္ပံ့ေပးေနသည္။
အခ်ိန္စြမ္းအား သက္ေရာက္မႈမရွိဘဲ သူတို႔သုံးေယာက္လုံးက ေကာင္းကင္မွာ လြင့္ေျမာေနစဥ္ အျဖစ္အပ်က္အားလုံးကို တည္တည္ၿငိမ္ၿငိမ္သာ ၾကည့္ေနေလသည္။
ယန္းလီလင္းက သက္ျပင္းခ်ကာ ေျပာလိုက္သည္ " ႏွစ္ ငါးရာ။ ေသမ်ိဳးေတြအားလုံး ေမြးဖြားၿပီး ေသဆုံးဖို႔ ႏွစ္ငါးရာဆိုတာက မ်ိဳးဆက္ေပါင္းမ်ားစြာအတြက္ေတာင္ လုံေလာက္တယ္။ သူတို႔ရဲ႕ တိုးေတာင္းလွတဲ့ သက္တမ္းေတြက တကယ္ကို အျဖစ္ဆိုးပဲ"
ယန္းလီလင္းက လက္ရွိ ႏွစ္ ၈၀၀ ေက်ာ္ သက္တမ္းရွိၿပီ ျဖစ္ကာ သူမကိုယ္သူမ ငယ္႐ြယ္ေသးသည္ဟုသာ ယူဆထားသည္။ ထိုေသမ်ိဳးမ်ားအတြက္မူ သူမက သူတို႔၏ ဘိုးေဘးအျဖစ္ မွတ္ယူႏိုင္ေလ၏။
" ကိုယ္တို႔အတြက္လည္း အတူတူပဲ မဟုတ္ဘူးလား" လီကြၽင္းက ေျပာလိုက္သည္ " သူတို႔က ဆယ္စုႏွစ္ေလာက္ပဲ ေနႏိုင္တယ္ဆိုေပမဲ့ ကိုယ္တို႔က ႏွစ္သန္းခ်ီေနႏိုင္႐ုံေလးပဲ။ အဆုံးသတ္မွာ မေသမ်ိဳးဘဝကို မရဘူးဆိုရင္ သူတို႔လိုမ်ိဳးပဲ တစ္ရက္ေတာ့ ေျမႀကီးထဲ ျပန္ေရာက္သြားရမွာပဲ။
တစ္ခုတည္းေသာ ကြာျခားခ်က္က ကိုယ္တို႔ေတြက အခ်ိန္နည္းနည္း ပိုၾကာ႐ုံပဲ"
အားလုံးက ထိုအရာကို ၾကားၿပီး တိတ္ဆိတ္သြားေလသည္။ မ်ိဳးဆက္တိုင္း၌ ဂိုဏ္းမ်ား သို႔မဟုတ္ အင္အားစုမ်ားက မဟာဧကရာဇ္ကို ေမြးထုတ္ေပးသည့္အခါ ထိုသူက ကမာၻတြင္ အားအေကာင္းဆုံး ျဖစ္လာလိမ့္မည္။ သို႔ေသာ္ ထိုအရာတင္မကဘဲ လူမ်ားစြာအတြက္လည္း အခ်ိန္အေႏွာင္အဖြဲ႕မွ လြတ္ေျမာက္ႏိုင္သည့္ အခြင့္အေရးလည္း ျဖစ္သည္။
ထို႔ေၾကာင့္ အကယ္၍ အနာဂတ္မွာ ဝမ္ေဝ့က မဟာဧကရာဇ္ျဖစ္လာဖို႔ က်ရႈံးသြားမည္ဆိုလွ်င္ သူတို႔ကံတရားကလည္း ေသမ်ိဳးမ်ားႏွင့္ အတူတူသာ ျဖစ္ေနလိမ့္မည္။