ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၅)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၃၄၁) : ပုန်ကန်မှု
အထွတ်အထိပ် နတ်ဘုရားများက သူတို့၏နောက်လိုက်များနှင့် ပတ်သက်ပြီး မှားယွင်းသည့်အချက် ရှာမတွေ့သည့် အကြောင်းအရင်းမှာ အရိပ်က အသင်္ချေအင်ပါယာကမ္ဘာ၌ပင် ထူးဆန်းသည့် နည်းလမ်းကို အသုံးပြုထား၍ ဖြစ်သည်။ မည်သူကမှ ထိုနည်းလမ်းကို အသုံးမပြုကြဖူးပေ။ အကြောင်းမှာ ဝမ်ဝေ့ကိုယ်တိုင် ဖန်တီးထား၍ ဖြစ်၏။
နတ်ဘုရားများ သောက်သုံးသည့် သေရည်ထဲတွင် သူလျှိုဆေးလုံးဟုခေါ်သည့် အပိုပစ္စည်းတစ်ခု ပါဝင်နေသည်။ ထိုနာမည်အတိုင်း အသုံးပြုမှုက သိသာလှသည်။
ဝမ်ဝေ့က ကီလိုမီတာ ထောင်ချီမှ လူများအား စောင့်ကြည့်ဖို့အတွက် အသုံးပြုသည့် ကောင်းကင်စောင့်ကြည့်ရေး အဆောင်ကို ဆေးလုံးနှင့် ပေါင်းစပ်ဖို့ ဂိုဏ်းဆီ တောင်းဆိုထားခြင်း ဖြစ်သည်။ ဤနည်းဖြင့် အဆောင်ကို ချေမွပြီး သူတို့၏ ပစ်မှတ်ထံ ကျွေးလိုက်ခြင်း ဖြစ်ပေသည်။
ထို့နောက် သူတို့က ပစ်မှတ်၏ မြင်ကွင်းထဲမှာ ရှိသမျှ အရာအားလုံးကို တွေ့နိုင်လေသည်။ သူတို့က ထိုလူ၏ ပတ်ဝန်းကျင်ကို စောင့်ကြည့်နိုင်လေ၏။
ဤဆေးလုံးက အဆောင်၏ သင်္ကေတများနှင့် ဆေးလုံးသင်္ကေတများကို ပေါင်းစပ်ထားသောကြောင့် အတော်လေး လက်ရာမြောက်ကာ သူတို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်မနေဘဲ အချင်းချင်း လိုက်လျောညီထွေဖြစ်ဖို့ သေချာအောင် လုပ်ရသည်။
နှစ်များစွာ လေ့လာပြီးသည့်နောက်တွင် ဤနည်းလမ်းကို အောင်အောင်မြင်မြင် ဖန်တီးနိုင်သွားပြီ ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့၏ ကံကြမ္မာအရိပ်နှင့် သူ့အဖေ၏ အရိပ်တပ်ဖွဲ့တို့က ထိုအရာများအား လက်တွေ့အသုံးပြုလာခြင်း ဖြစ်သည်။
ထိုဆေးလုံးကို မျိုချလိုက်သည်နှင့် အံ့ဖွယ်အသိစိတ်လိုမျိုး နည်းလမ်းမျိုးနှင့် ရှာတွေ့ဖို့ အလွန်ကို ခက်ခဲလွန်းလှသည်။ အထူးသဖြင့် ထိုနတ်ဘုရားများက ဆေးလုံးဖော်စပ်ခြင်းနှင့် အဆောင်ပြုလုပ်ခြင်းများအကြောင်း မသိထားကြပေ။
မီးနယ်မြေအတွင်း အရိပ်က သူလျှိုဆေးလုံး အလုပ်လုပ်သည်မှာ အဆင်ပြေကြောင်း အတည်ပြုပြီးသည့်နောက်တွင် ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် အဝေးမှ စည်းမျဉ်းစွမ်းအားကို ခံစားလိုက်သည်။
" အခု ငါ့အလုပ်က ပြီးပြီဆိုတော့ ထွက်သွားရမဲ့အချိန်ပဲ"
ထို့နောက် ချက်ချင်းဆိုသလို နတ်ဘုရားလျူ၏ အကြည့်က တည်ငြိမ်နေရာမှ စိတ်ရှုပ်ထွေးဟန် ပြောင်းလဲသွားလေသည်။ ထို့နောက် ပြန်လည် တည်ငြိမ်သွားလေ၏။ အရိပ်က ထိုခန္ဓာကိုယ်အတွင်း ချန်ထားခဲ့သည့် အသိစိတ်က မူလပိုင်ရှင်ထံ ပြန်ရောက်သွားလေသည်။
တကယ့် နတ်ဘုရားလျူအတွက်မူ ယခင်နှစ်သည် သူ့အတွက် အိပ်မက်လို ခံစားနေရသည်။ သူ လုပ်သမျှ အရာအားလုံးကို မှတ်မိသော်လည်း အသေးစိတ် အချက်အလက်တချို့က သူ့မှတ်ဉာဏ်မှ ဖျောက်ဖျက်ခံလိုက်ရသည်။ သို့သော် သူက သူကိုယ်တိုင် လုပ်နေသည်ဟု မခံစားမိပေ။
သူက သူကိုယ်တိုင် သုံးဖက်မြင်အကြည့်မှ မြင်နေရသလိုမျိုး ခံစားနေရ၏။ သူကိုယ်တိုင် အမှန်ဟုတ်ရဲ့လားဟု စဉ်းစားမိလာသည်။ သို့သော်လည်း မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ထိုအတွေးများကို ဖယ်ရှားကာ သူသည် စိတ်အခြေအနေ မမှန်ကြောင်း လက်ခံလိုက်သည်။
ထိုစဉ် မီးနယ်မြေ အပြင်ဘက် လေဟာနယ်အတွင်း ကြမ္မာနတ်ဘုရားမက ဓားဖြင့် ဝှေ့ယမ်းလိုက်သည့်အချိန် မီးနတ်ဘုရားက လွင့်စင်သွားလေသည်။
သူ့ခန္ဓာကိုယ်က ဓားချက်များ ပေါ်ထွက်လာကာ ကုသဖို့ ခက်ခဲနေလေသည်။ သူ့စိတ်ထဲတွင် သေခြင်းတရား အရိပ်အယောင်လွှ မ်းခြုံလာသည့်အတွက် ထိန်းချုပ်နိုင်စွမ်း ဖြည်းဖြည်းချင်း ပျောက်ဆုံးလာလေ၏။ ဤသည်က သူ့အတွက် ကံကြမ္မာဖန်လာသည့် သေခြင်းတရား ဖြစ်ပေသည်။ ထိုအရာက သူ့ဝိညာဉ်အပေါ် ဆက်တိုက်ဆိုသလို သက်ရောက်မှု ရှိနေသည်။
အကယ်၍ ဤတိုက်ပွဲသာ ဆက်ဖြစ်နေလျှင် မီးနတ်ဘုရားအနေဖြင့် သူ ရှုံးနိမ့်ရုံသာမက အတော်လေး ဆိုးရွားသွားမည်ဖြစ်ကြောင်း သိလေသည်။ အဆုံးသတ်၌ သူက ကြမ္မာနတ်ဘုရားမအား တင်းတင်းမာမာ ကြည့်လိုက်ပြီးနောက် သူ့ ကောင်းကင်ဘုံဗိမာန်သို့ ပြန်သွားလေသည်။
သူက တတ်နိုင်သမျှ မြန်မြန် ကုသလိုလေ၏။ ဤကမ္ဘာ၏ လက်ရှိအခြေအနေတွင် အားနည်းသည့် အနေအထားက အရမ်းကို အန္တရာယ်များလွန်းလှသည်။
ကြမ္မာနတ်ဘုရားမက သူ့နောက်သို့ လိုက်မသွားဘဲ မီးနယ်မြေအတွင်း ဝင်ကာ နတ်ဘုရားလျူ၏ ဗိမာန်သို့ ချိုးဖောက်ဝင်ရောက်ခဲ့သည်။ သူမက သူ့ရှေ့တွင် ရပ်ကာ ဘာမှမပြောဘဲ ဝိညာဉ်ကို တန်း၍ရှာဖွေလိုက်ပြီး ယခင်နှစ်ပိုင်းအတွင်းမှ အပြောင်းအလဲတချို့ကို အာရုံစိုက်ထားလိုက်သည်။
နတ်ဘုရားလျူက ခုခံဖို့အတွက် အင်အားမဲ့နေလေသည်။ သူက မုန်းတီးသော်လည်း ခေါင်းငုံ့ကာ ကြိတ်မှိတ်သည်းခံနေရသည်။
သို့သော်လည်း စတင်ပြီးနောက် သိပ်မကြာခင် သူမ မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ထွက်ပေါ်လာသည်။ သူမက မည်သည့်အရာမှ မတွေ့ရပေ။ သူ့ မှတ်ဉာဏ်ထဲမှာ သူသည် အပြင်လူနှင့် တိုက်ပွဲရှုံးနိမ့်ပြီးသည့်နောက် စိတ်ဓာတ်ကျကာ ဝမ်းနည်းမှု ပြေပျောက်ဖို့အတွက် သေရည်စတင်သောက်ခဲ့သည်။ ကံဆိုးစွာဖြင့် သူက သေရည်နတ်ဘုရား၏ သေရည်ကို မကျေနပ်ဘဲ သူ့ကိုယ်သူ အသစ်ဖန်တီးဖို့ ကြိုးစားခဲ့သည်။ ကံကောင်းစွာဖြင့် သူက ဝမ်းနည်းမှုမေ့ပျောက် သေရည်အား ဖန်တီးနိုင်ခဲ့သည်။
နောက်ဆုံးတွင် သူက တခြားသော နတ်ဘုရားများနှင့် မိတ်ဆွေအပေါင်းအသင်းလုပ်ကာ ဤအခြေအနေမှ ရုန်းထွက်ဖို့ ကြိုးစားခဲ့သည်။ အမှန်အတိုင်းဆိုရလျှင် နတ်ဘုရားလျူ၏ အပြုအမူများက တခြားသော နတ်ဘုရားများနှင့် အတူတူသာ ဖြစ်လေသည်။ သူ သံသယအဝင်ခံရသည့် အဓိကအကြောင်းအရင်းမှာ သူ့ပြောင်းလဲမှု အချိန်ကိုက် ဖြစ်နေခြင်း ဖြစ်၏။
ထိုသို့သော အချိန်မျိုးအတွင်း ထူးထူးဆန်းဆန်း အပြုအမူတိုင်းက အထွတ်အထိပ် နတ်ဘုရားများ၏ သံသယဝင်မှုကို ခံရနိုင်ချေ ရှိသည်။
ကြမ္မာနတ်ဘုရားမက သူမ လိုချင်သည့် အရာကို ရှာမတွေ့သည့်နောက် လက်ဝှေ့လိုက်သည်။ ထိုစဉ် စာအုပ်တစ်အုပ် ပေါ်ထွက်လာလေ၏။ ထိုစာအုပ်၏ ခေါင်းစဉ်က ကြမ္မာစာအုပ် ဖြစ်သည်။
သူမက နတ်ဘုရားလျူ၏ နာမည်ကို ရှာတွေ့သည်အထိ စာရွက်ကို လှန်လိုက်သည်။ စာအုပ်အတွင်း နတ်ဘုရား ဖြစ်မလာခင် လုပ်ခဲ့သမျှ အရာအားလုံးကို မှတ်တမ်းတင်ထားသည်။ သို့သော်လည်း နတ်ဘုရား ဖြစ်လာပြီးနောက် ကိစ္စတချို့ကိုသာ မှတ်သားထားလေသည်။
ငွေရောင်စာအုပ်က ဖျတ်ခနဲ အလင်းရောင်ထွက်သွားကာ နတ်ဘုရားလျူအား လွှမ်းခြုံသွားသည်။ ထို့နောက် တစ်ဘဝလုံးဇာတ်ကြောင်းက စာအုပ်ပေါ်တွင် ပေါ်ထွက်လာလေ၏။ သူ့ မွေးရက်မှအစ လက်ရှိနေ့အထိ လုပ်သမျှ အရာအားလုံးကို စာအုပ်တွင် မှတ်တမ်းတင်ထားသည်။
ကြမ္မာနတ်ဘုရားမက ယခင်နှစ်မှ အဖြစ်အပျက်ကို ပိုမိုအာရုံစိုက်ထားလိုက်သည်။ သူမအား စိတ်ပျက်သွားစေသည်က စာအုပ်သည်လည်း သူ့မှတ်ဉာဏ်များ ဖတ်ထားသည်နှင့် အတူတူသာ ဖြစ်နေလေသည်။
" ဒီလူတွေက ကြမ္မာထိန်းချုပ်နိုင်စွမ်းပါ ရှိနေတာလား"
သူမက သက်ပြင်းချလိုက်ပြီးနောက် မီးနယ်မြေမှ ထွက်လာလိုက်သည်။ သူမက ပွဲတက်ရောက်ထားသော တခြားနတ်ဘုရားများအား စစ်ဆေးကြည့်ချင်သော်လည်း သူမ၏ အပြုအမူက လူများစွာကို ရန်ပြုမိမည် ဖြစ်ကြောင်း သိထားလေသည်။ အကယ်၍ သူမသာ ဒီလိုထပ်လုပ်ခဲ့လျှင် တခြားသော အထွတ်အထိပ် နတ်ဘုရားများက ထိုအကြောင်းပြချက်ကို အသုံးပြုကာ သူမအား သတ်ပစ်ကြလိမ့်မည်။ ဤနှစ်များ တစ်လျှောက် သူမက တတ်နိုင်သမျှ သိုသိုသိပ်သိပ် နေခဲ့သော်လည်း သူမတွင် ရန်သူများစွာ ရှိနေသေးလေသည်။
ကြမ္မာနတ်ဘုရားမအနေဖြင့် ထိုလူများကို လက်ရှိအခြေအနေများတွင် ပါဝင်လှုပ်ရှားဖို့ အားကိုးမထားပေ။ သူတို့က အတူတကွပင် အလုပ် မလုပ်ဆောင်နိုင်ကြပေ။
.................................
အရိပ်က နတ်ဘုရားလျူ၏ အသိစိတ်ကို ပြန်လည်ပေးပြီးသည့်နောက်တွင် သူ့အဓိကခန္ဓာကိုယ်က စစ်နတ်ဘုရားမ၏ ပိုင်နက်အတွင်း ပျံသန်းသွားလေသည်။ သူက မြောက်ဖက်စူးစူး နှင်းကျသည့် တောင်တန်းတစ်ခုဆီ ပျံသန်းသွားလိုက်သည်။ သူ့ ဦးတည်ချက်သို့ ရောက်ရှိပြီးသည့်နောက်တွင် သူ့ အံ့ဖွယ်အသိစိတ်ဖြင့် တောင်၏ မြေအောက်ကို စစ်ဆေးလိုက်သည်။
ကီလိုမီတာ တစ်သောင်းခွဲအနက်တွင် သူ့ အံ့ဖွယ်အသိစိတ်က အဖြူရောင် အလင်းတန်း၏ ပိတ်ဆို့မှုကို ခံလိုက်ရသည်။
" တွေ့ပြီ"
သူက ရေရွတ်လိုက်ပြီးနောက် ကူးသန်းရေးအဆောင်ကို ထုတ်လိုက်သည်။ ထိုအရာကို အသက်သွင်းလိုက်ပြီးနောက် သူ့လက်ထဲရှိ စာရွက်က လောင်မြိုက်သွားကာ အလင်းတန်းက သူ့အား လွှမ်းခြုံသွားလေသည်။
အရိပ်က ပျောက်ကွယ်သွားပြီး ပြန်လည်ပေါ်ထွက်လာသည့်အခါ သူ့ကိုယ်သူ အိမ်များနှင့် အဆောက်အဦးရာချီရှိနေသည့် နေရာကျယ်တစ်ခုအတွင်း ရောက်ရှိနေသည်ကို မြင်လိုက်ရ၏။ အဝေးတစ်နေရာတွင် သူက လယ်ကွင်းကိုပင် မြင်တွေ့လိုက်ရသည်။
" ကောင်းကင်ဘုံဗိမာန်လား" သူက ရေရွတ်လိုက်သည်။
အရိပ်က ပတ်ဝန်းကျင်ကို ဆက်လက်လေ့လာနေစဉ် သူ ရောက်ရှိလာမှုက လူများစွာအား ထိတ်လန့်သွားစေသည်။ နတ်ဘုရားမြောက်များစွာက သူ့နေရာဆီ ရောက်လာကြပြီး ဝိုင်းထားလိုက်ကြသည်။
အရိပ်က ထိုအဖွဲ့အား ဦးဆောင်လာသည့် လူနှစ်ဦးအား ကြည့်လိုက်သည်။ တစ်ဦးက အမျိုးသားဖြစ်ကာ နောက်တစ်ဦးက အမျိုးသမီး ဖြစ်လေသည်။
" အားအကောင်းဆုံး တိုက်ခိုက်ရေးခွန်အားအဖြစ် မင်းတို့ နတ်ဘုရားငယ် နှစ်ယောက်တည်း ကျန်လောက်အောင် နိမ့်ကျသွားတယ်ဆိုတာ မယုံနိုင်ဘူး" အရိပ်က လှောင်ရယ်လိုက်သည်။
" မင်းက ဘယ်သူလဲ" သူ့ကိုယ်သူ ဓားနတ်ဘုရားဟု ခေါ်သည့်သူက မေးလိုက်သည်။ သူက အရိပ်အား ခြေဆုံးခေါင်းဆုံးကြည့်နေစဉ် သူက အမူအရာ ပျက်ယွင်းလာလေ၏။
" မင်းက အပြင်လူထဲက တစ်ယောက်ပဲ"
" အဲဒါကို သိလို့ ဆုလာဘ်ရော လိုချင်သေးလား" အရိပ်က ပြန်ဖြေလိုက်သည်။
" သူ့ကို ပြန်ပြောနေစရာ မလိုဘူး။ သူ့ကို ဖမ်းလိုက်ကြရအောင်" လှံနတ်ဘုရားမက ပြောလိုက်သည်။ သို့သော်လည်း သူမက ထိုစကားများ ပြောပြီးသည့်နောက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက လူအားလုံးကို လွှမ်းခြုံသွားလေသည်။
ချက်ချင်းဆိုသလို ဓားနတ်ဘုရားနှင့် လှံနတ်ဘုရားမတို့က သူတို့သည် ကျင့်ကြံဆင့် မြင့်မားသော်လည်း ထိုလူ၏ ပြိုင်ဘက် မဟုတ်ကြောင်း သိလိုက်ကြသည်။ အကယ်၍ သူတို့က သူ့ကို နှိမ်နင်းနိုင်မည် ဆိုလျှင်ပင် တန်ကြေး ကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်။
လက်ရှိ သူတို့က ဆုံးရှုံးမှုကို မတတ်နိုင်သေးပေ။
" မင်းက ဘာလိုချင်လို့လဲ" ဓားနတ်ဘုရားက အံကြိတ်ကာ မေးလိုက်သည်။
" မင်းတို့တွေက သာမန်လူတွေကို ကျင့်ကြံရေး နည်းစနစ်ကို ဖြန့်ဝေပြီးတော့ နတ်ဘုရားတွေ လက်အောက်ကနေ လွတ်မြောက်စေဖို့ ကြိုးစားနေတယ်ဆိုတာ သိထားတယ်" အရိပ်က တည်ငြိမ်စွာ ပြောလိုက်သည်။
" ကံဆိုးတာက မင်းတို့အားလုံးက အားနည်းနေတယ်။ အဲဒါကြောင့် ငါက ကူဖို့ ရောက်လာတာ"
" ငါတို့က မင်းလိုမျိုး အပြင်လူရဲ့ အကူအညီကို မလိုဘူး" လှံနတ်ဘုရားမက ပြောလိုက်သည်။
" သေချာရဲ့လား။ ငါ သိထားသလောက် မင်းတို့တွေက ပျက်သုဉ်းခါနီးနေပြီ။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် မင်းတို့အားလုံးက ပျက်သုဉ်းသွားနိုင်တယ်"
" ငါတို့ဌာနချုပ် ရှိနေပြီးတော့ ငါတို့ရဲ့ အတွေးအခေါ်တွေကို ယုံကြည်တဲ့သူ တစ်ယောက် ရှိနေသရွေ့ ဘယ်တော့မှ မပျက်သုဉ်းဘူး"
" စကားလှလှလေး ပြောနေတာပဲ" အရိပ်က ထိုအမျိုးသမီးအား ကြည့်ကာ ပြောလိုက်သည် " ကံဆိုးတာက မင်းတို့အားလုံးက ပူဖောင်းထဲမှာ နေထိုင်နေကြတာပဲ။ မင်းတို့ခေါ်တဲ့ ဌာနချုပ်က စစ်နတ်ဘုရားမက မင်းတို့တွေကို စစ်ပွဲဖြစ်စေဖို့ လိုအပ်တဲ့အခါမျိုးမှသာ တည်ရှိမှာ။
အဲဒါကြောင့် မင်းတို့အားလုံးကို သူမ ပိုင်နက်ထဲမှာ ဝှက်ထားခွင့်ပြုတာပဲ။ မင်းတို့ရဲ့ အတွေးအခေါ်တွေအတွက်က အချိန်က အကြီးမားဆုံးရန်သူပဲ။ အချိန်ကြာလာရင် မင်းတို့ရဲ့အတွေးအခေါ်တွေကို ဖြည်းဖြည်းချင်း မေ့သွားကြပြီး အထွတ်အထိပ် နတ်ဘုရားတွေရဲ့ လက်အောက်ကျရောက်သွားမှာပဲ။ အဲဒီအခါ မင်းတို့ခေါ်နေတဲ့ တော်လှန်ရေးကလည်း ဟာသတစ်ခုအပြင် ဘာမှပိုလာမှာ မဟုတ်ဘူး။ မင်းတို့အတွက် ကံဆိုးတာက နတ်ဘုရားတွေမှာ မပြတ်လပ်တာဆိုလို့ အချိန်ပဲ ရှိတယ်"
ဓားနတ်ဘုရားမနှင့် လှံနတ်ဘုရားမတို့က ထိုအရာကို ကြားကာ အမူအရာ ပျက်ယွင်းသွားကြသည်။ သူတို့သာလျှင် မဟုတ်ဘဲ သူတို့နောက်မှ လိုက်လာသည့် နတ်ဘုရားအားလုံး ဖြစ်၏။
" မင်း ပြောတာ အမှန်ဆိုတော့လည်း ဘာဖြစ်လဲ" ဓားနတ်ဘုရားက ပြန်လည်ချေပလိုက်သည်။
" နောက်ဆုံးမှာ မင်းတို့အပြင်လူတွေက အထွတ်အထိပ် နတ်ဘုရားတွေနဲ့ အတူတူပဲ။"
" မင်းတို့ ပြောတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ငါတို့က ယုံကြည်မှုကို ဖြန့်ဝေပြီးတော့ ကျင့်ကြံရေး နည်းစနစ်ကို ထိန်းချုပ်ချင်တာ။ ဒါပေမဲ့ နတ်ဘုရားတွေလိုမျိုး တင်းကြပ်နေမှာတော့ မဟုတ်ဘူး။ ပိုပြီးအရေးကြီးတာက ငါတို့ရည်မှန်းချက်ကို ရပြီးတာနဲ့ ဒီနေရာက ထွက်သွားမှာ။ အဲဒီအခါ မင်းတို့တွေ မင်းတို့ဘာသာ မင်းတို့ အတွေးအခေါ်တွေ သဘောတရားတွေကို ဖြန့်ဝေပြီးတော့ ကြိုက်တာ လုပ်လို့ရပြီ"
အားလုံးက ထိုအရာကို ကြားပြီး ခေတ္တမျှ ငြိမ်သက်သွားကြသည်။ ကြည့်ရသည်မှာ ခေါင်းဆောင်နှစ်ယောက်က ဝိညာဉ်များမှတစ်ဆင့် ဆွေးနွေးနေဟန်ပေါ်သည်။ ထို့နောက် ဓားနတ်ဘုရားက မေးလိုက်သည်။
" မင်းက ငါတို့ကို ဘယ်လိုကူညီပေးမှာလဲ။ မဟာမိတ်ဖွဲ့ပြီးတော့လား"
အရိပ်က မတုံ့ပြန်ဘဲ စာအုပ်တစ်အုပ်ကို ပစ်ပေးလိုက်သည်။ ထိုစာအုပ်ပေါ်တွင် ရေးသားထားသည်က ...
နတ်ဘုရားဝါးမျိုရေး ကျင့်စဉ် ...
***********
ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၂၅)
မူရင္းေရးသားသူ - lazySageDao
ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)
အခန္း (၃၄၁) : ပုန္ကန္မႈ
အထြတ္အထိပ္ နတ္ဘုရားမ်ားက သူတို႔၏ေနာက္လိုက္မ်ားႏွင့္ ပတ္သက္ၿပီး မွားယြင္းသည့္အခ်က္ ရွာမေတြ႕သည့္ အေၾကာင္းအရင္းမွာ အရိပ္က အသေခ်ၤအင္ပါယာကမာၻ၌ပင္ ထူးဆန္းသည့္ နည္းလမ္းကို အသုံးျပဳထား၍ ျဖစ္သည္။ မည္သူကမွ ထိုနည္းလမ္းကို အသုံးမျပဳၾကဖူးေပ။ အေၾကာင္းမွာ ဝမ္ေဝ့ကိုယ္တိုင္ ဖန္တီးထား၍ ျဖစ္၏။
နတ္ဘုရားမ်ား ေသာက္သုံးသည့္ ေသရည္ထဲတြင္ သူလွ်ိဳေဆးလုံးဟုေခၚသည့္ အပိုပစၥည္းတစ္ခု ပါဝင္ေနသည္။ ထိုနာမည္အတိုင္း အသုံးျပဳမႈက သိသာလွသည္။
ဝမ္ေဝ့က ကီလိုမီတာ ေထာင္ခ်ီမွ လူမ်ားအား ေစာင့္ၾကည့္ဖို႔အတြက္ အသုံးျပဳသည့္ ေကာင္းကင္ေစာင့္ၾကည့္ေရး အေဆာင္ကို ေဆးလုံးႏွင့္ ေပါင္းစပ္ဖို႔ ဂိုဏ္းဆီ ေတာင္းဆိုထားျခင္း ျဖစ္သည္။ ဤနည္းျဖင့္ အေဆာင္ကို ေခ်မြၿပီး သူတို႔၏ ပစ္မွတ္ထံ ေကြၽးလိုက္ျခင္း ျဖစ္ေပသည္။
ထို႔ေနာက္ သူတို႔က ပစ္မွတ္၏ ျမင္ကြင္းထဲမွာ ရွိသမွ် အရာအားလုံးကို ေတြ႕ႏိုင္ေလသည္။ သူတို႔က ထိုလူ၏ ပတ္ဝန္းက်င္ကို ေစာင့္ၾကည့္ႏိုင္ေလ၏။
ဤေဆးလုံးက အေဆာင္၏ သေကၤတမ်ားႏွင့္ ေဆးလုံးသေကၤတမ်ားကို ေပါင္းစပ္ထားေသာေၾကာင့္ အေတာ္ေလး လက္ရာေျမာက္ကာ သူတို႔သည္ တစ္ခုႏွင့္တစ္ခု ဆန႔္က်င္မေနဘဲ အခ်င္းခ်င္း လိုက္ေလ်ာညီေထြျဖစ္ဖို႔ ေသခ်ာေအာင္ လုပ္ရသည္။
ႏွစ္မ်ားစြာ ေလ့လာၿပီးသည့္ေနာက္တြင္ ဤနည္းလမ္းကို ေအာင္ေအာင္ျမင္ျမင္ ဖန္တီးႏိုင္သြားၿပီ ျဖစ္၏။ ထို႔ေၾကာင့္ ဝမ္ေဝ့၏ ကံၾကမၼာအရိပ္ႏွင့္ သူ႔အေဖ၏ အရိပ္တပ္ဖြဲ႕တို႔က ထိုအရာမ်ားအား လက္ေတြ႕အသုံးျပဳလာျခင္း ျဖစ္သည္။
ထိုေဆးလုံးကို မ်ိဳခ်လိုက္သည္ႏွင့္ အံ့ဖြယ္အသိစိတ္လိုမ်ိဳး နည္းလမ္းမ်ိဳးႏွင့္ ရွာေတြ႕ဖို႔ အလြန္ကို ခက္ခဲလြန္းလွသည္။ အထူးသျဖင့္ ထိုနတ္ဘုရားမ်ားက ေဆးလုံးေဖာ္စပ္ျခင္းႏွင့္ အေဆာင္ျပဳလုပ္ျခင္းမ်ားအေၾကာင္း မသိထားၾကေပ။
မီးနယ္ေျမအတြင္း အရိပ္က သူလွ်ိဳေဆးလုံး အလုပ္လုပ္သည္မွာ အဆင္ေျပေၾကာင္း အတည္ျပဳၿပီးသည့္ေနာက္တြင္ ေက်ေက်နပ္နပ္ ေခါင္းညိတ္လိုက္သည္။ သူက ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ၿပီးေနာက္ အေဝးမွ စည္းမ်ဥ္းစြမ္းအားကို ခံစားလိုက္သည္။
" အခု ငါ့အလုပ္က ၿပီးၿပီဆိုေတာ့ ထြက္သြားရမဲ့အခ်ိန္ပဲ"
ထို႔ေနာက္ ခ်က္ခ်င္းဆိုသလို နတ္ဘုရားလ်ဴ၏ အၾကည့္က တည္ၿငိမ္ေနရာမွ စိတ္ရႈပ္ေထြးဟန္ ေျပာင္းလဲသြားေလသည္။ ထို႔ေနာက္ ျပန္လည္ တည္ၿငိမ္သြားေလ၏။ အရိပ္က ထိုခႏၶာကိုယ္အတြင္း ခ်န္ထားခဲ့သည့္ အသိစိတ္က မူလပိုင္ရွင္ထံ ျပန္ေရာက္သြားေလသည္။
တကယ့္ နတ္ဘုရားလ်ဴအတြက္မူ ယခင္ႏွစ္သည္ သူ႔အတြက္ အိပ္မက္လို ခံစားေနရသည္။ သူ လုပ္သမွ် အရာအားလုံးကို မွတ္မိေသာ္လည္း အေသးစိတ္ အခ်က္အလက္တခ်ိဳ႕က သူ႔မွတ္ဉာဏ္မွ ေဖ်ာက္ဖ်က္ခံလိုက္ရသည္။ သို႔ေသာ္ သူက သူကိုယ္တိုင္ လုပ္ေနသည္ဟု မခံစားမိေပ။
သူက သူကိုယ္တိုင္ သုံးဖက္ျမင္အၾကည့္မွ ျမင္ေနရသလိုမ်ိဳး ခံစားေနရ၏။ သူကိုယ္တိုင္ အမွန္ဟုတ္ရဲ႕လားဟု စဥ္းစားမိလာသည္။ သို႔ေသာ္လည္း မိနစ္ပိုင္းၾကာျမင့္ၿပီးသည့္ေနာက္တြင္ ထိုအေတြးမ်ားကို ဖယ္ရွားကာ သူသည္ စိတ္အေျခအေန မမွန္ေၾကာင္း လက္ခံလိုက္သည္။
ထိုစဥ္ မီးနယ္ေျမ အျပင္ဘက္ ေလဟာနယ္အတြင္း ၾကမၼာနတ္ဘုရားမက ဓားျဖင့္ ေဝွ႔ယမ္းလိုက္သည့္အခ်ိန္ မီးနတ္ဘုရားက လြင့္စင္သြားေလသည္။
သူ႔ခႏၶာကိုယ္က ဓားခ်က္မ်ား ေပၚထြက္လာကာ ကုသဖို႔ ခက္ခဲေနေလသည္။ သူ႔စိတ္ထဲတြင္ ေသျခင္းတရား အရိပ္အေယာင္လႊ မ္းၿခဳံလာသည့္အတြက္ ထိန္းခ်ဳပ္ႏိုင္စြမ္း ျဖည္းျဖည္းခ်င္း ေပ်ာက္ဆုံးလာေလ၏။ ဤသည္က သူ႔အတြက္ ကံၾကမၼာဖန္လာသည့္ ေသျခင္းတရား ျဖစ္ေပသည္။ ထိုအရာက သူ႔ဝိညာဥ္အေပၚ ဆက္တိုက္ဆိုသလို သက္ေရာက္မႈ ရွိေနသည္။
အကယ္၍ ဤတိုက္ပြဲသာ ဆက္ျဖစ္ေနလွ်င္ မီးနတ္ဘုရားအေနျဖင့္ သူ ရႈံးနိမ့္႐ုံသာမက အေတာ္ေလး ဆိုး႐ြားသြားမည္ျဖစ္ေၾကာင္း သိေလသည္။ အဆုံးသတ္၌ သူက ၾကမၼာနတ္ဘုရားမအား တင္းတင္းမာမာ ၾကည့္လိုက္ၿပီးေနာက္ သူ႔ ေကာင္းကင္ဘုံဗိမာန္သို႔ ျပန္သြားေလသည္။
သူက တတ္ႏိုင္သမွ် ျမန္ျမန္ ကုသလိုေလ၏။ ဤကမာၻ၏ လက္ရွိအေျခအေနတြင္ အားနည္းသည့္ အေနအထားက အရမ္းကို အႏၲရာယ္မ်ားလြန္းလွသည္။
ၾကမၼာနတ္ဘုရားမက သူ႔ေနာက္သို႔ လိုက္မသြားဘဲ မီးနယ္ေျမအတြင္း ဝင္ကာ နတ္ဘုရားလ်ဴ၏ ဗိမာန္သို႔ ခ်ိဳးေဖာက္ဝင္ေရာက္ခဲ့သည္။ သူမက သူ႔ေရွ႕တြင္ ရပ္ကာ ဘာမွမေျပာဘဲ ဝိညာဥ္ကို တန္း၍ရွာေဖြလိုက္ၿပီး ယခင္ႏွစ္ပိုင္းအတြင္းမွ အေျပာင္းအလဲတခ်ိဳ႕ကို အာ႐ုံစိုက္ထားလိုက္သည္။
နတ္ဘုရားလ်ဴက ခုခံဖို႔အတြက္ အင္အားမဲ့ေနေလသည္။ သူက မုန္းတီးေသာ္လည္း ေခါင္းငုံ႔ကာ ႀကိတ္မွိတ္သည္းခံေနရသည္။
သို႔ေသာ္လည္း စတင္ၿပီးေနာက္ သိပ္မၾကာခင္ သူမ မ်က္ႏွာအထက္ မ်က္ေမွာင္ၾကဳတ္မႈတစ္ခု ထြက္ေပၚလာသည္။ သူမက မည္သည့္အရာမွ မေတြ႕ရေပ။ သူ႔ မွတ္ဉာဏ္ထဲမွာ သူသည္ အျပင္လူႏွင့္ တိုက္ပြဲရႈံးနိမ့္ၿပီးသည့္ေနာက္ စိတ္ဓာတ္က်ကာ ဝမ္းနည္းမႈ ေျပေပ်ာက္ဖို႔အတြက္ ေသရည္စတင္ေသာက္ခဲ့သည္။ ကံဆိုးစြာျဖင့္ သူက ေသရည္နတ္ဘုရား၏ ေသရည္ကို မေက်နပ္ဘဲ သူ႔ကိုယ္သူ အသစ္ဖန္တီးဖို႔ ႀကိဳးစားခဲ့သည္။ ကံေကာင္းစြာျဖင့္ သူက ဝမ္းနည္းမႈေမ့ေပ်ာက္ ေသရည္အား ဖန္တီးႏိုင္ခဲ့သည္။
ေနာက္ဆုံးတြင္ သူက တျခားေသာ နတ္ဘုရားမ်ားႏွင့္ မိတ္ေဆြအေပါင္းအသင္းလုပ္ကာ ဤအေျခအေနမွ ႐ုန္းထြက္ဖို႔ ႀကိဳးစားခဲ့သည္။ အမွန္အတိုင္းဆိုရလွ်င္ နတ္ဘုရားလ်ဴ၏ အျပဳအမူမ်ားက တျခားေသာ နတ္ဘုရားမ်ားႏွင့္ အတူတူသာ ျဖစ္ေလသည္။ သူ သံသယအဝင္ခံရသည့္ အဓိကအေၾကာင္းအရင္းမွာ သူ႔ေျပာင္းလဲမႈ အခ်ိန္ကိုက္ ျဖစ္ေနျခင္း ျဖစ္၏။
ထိုသို႔ေသာ အခ်ိန္မ်ိဳးအတြင္း ထူးထူးဆန္းဆန္း အျပဳအမူတိုင္းက အထြတ္အထိပ္ နတ္ဘုရားမ်ား၏ သံသယဝင္မႈကို ခံရႏိုင္ေခ် ရွိသည္။
ၾကမၼာနတ္ဘုရားမက သူမ လိုခ်င္သည့္ အရာကို ရွာမေတြ႕သည့္ေနာက္ လက္ေဝွ႔လိုက္သည္။ ထိုစဥ္ စာအုပ္တစ္အုပ္ ေပၚထြက္လာေလ၏။ ထိုစာအုပ္၏ ေခါင္းစဥ္က ၾကမၼာစာအုပ္ ျဖစ္သည္။
သူမက နတ္ဘုရားလ်ဴ၏ နာမည္ကို ရွာေတြ႕သည္အထိ စာ႐ြက္ကို လွန္လိုက္သည္။ စာအုပ္အတြင္း နတ္ဘုရား ျဖစ္မလာခင္ လုပ္ခဲ့သမွ် အရာအားလုံးကို မွတ္တမ္းတင္ထားသည္။ သို႔ေသာ္လည္း နတ္ဘုရား ျဖစ္လာၿပီးေနာက္ ကိစၥတခ်ိဳ႕ကိုသာ မွတ္သားထားေလသည္။
ေငြေရာင္စာအုပ္က ဖ်တ္ခနဲ အလင္းေရာင္ထြက္သြားကာ နတ္ဘုရားလ်ဴအား လႊမ္းၿခဳံသြားသည္။ ထို႔ေနာက္ တစ္ဘဝလုံးဇာတ္ေၾကာင္းက စာအုပ္ေပၚတြင္ ေပၚထြက္လာေလ၏။ သူ႔ ေမြးရက္မွအစ လက္ရွိေန႔အထိ လုပ္သမွ် အရာအားလုံးကို စာအုပ္တြင္ မွတ္တမ္းတင္ထားသည္။
ၾကမၼာနတ္ဘုရားမက ယခင္ႏွစ္မွ အျဖစ္အပ်က္ကို ပိုမိုအာ႐ုံစိုက္ထားလိုက္သည္။ သူမအား စိတ္ပ်က္သြားေစသည္က စာအုပ္သည္လည္း သူ႔မွတ္ဉာဏ္မ်ား ဖတ္ထားသည္ႏွင့္ အတူတူသာ ျဖစ္ေနေလသည္။
" ဒီလူေတြက ၾကမၼာထိန္းခ်ဳပ္ႏိုင္စြမ္းပါ ရွိေနတာလား"
သူမက သက္ျပင္းခ်လိုက္ၿပီးေနာက္ မီးနယ္ေျမမွ ထြက္လာလိုက္သည္။ သူမက ပြဲတက္ေရာက္ထားေသာ တျခားနတ္ဘုရားမ်ားအား စစ္ေဆးၾကည့္ခ်င္ေသာ္လည္း သူမ၏ အျပဳအမူက လူမ်ားစြာကို ရန္ျပဳမိမည္ ျဖစ္ေၾကာင္း သိထားေလသည္။ အကယ္၍ သူမသာ ဒီလိုထပ္လုပ္ခဲ့လွ်င္ တျခားေသာ အထြတ္အထိပ္ နတ္ဘုရားမ်ားက ထိုအေၾကာင္းျပခ်က္ကို အသုံးျပဳကာ သူမအား သတ္ပစ္ၾကလိမ့္မည္။ ဤႏွစ္မ်ား တစ္ေလွ်ာက္ သူမက တတ္ႏိုင္သမွ် သိုသိုသိပ္သိပ္ ေနခဲ့ေသာ္လည္း သူမတြင္ ရန္သူမ်ားစြာ ရွိေနေသးေလသည္။
ၾကမၼာနတ္ဘုရားမအေနျဖင့္ ထိုလူမ်ားကို လက္ရွိအေျခအေနမ်ားတြင္ ပါဝင္လႈပ္ရွားဖို႔ အားကိုးမထားေပ။ သူတို႔က အတူတကြပင္ အလုပ္ မလုပ္ေဆာင္ႏိုင္ၾကေပ။
.................................
အရိပ္က နတ္ဘုရားလ်ဴ၏ အသိစိတ္ကို ျပန္လည္ေပးၿပီးသည့္ေနာက္တြင္ သူ႔အဓိကခႏၶာကိုယ္က စစ္နတ္ဘုရားမ၏ ပိုင္နက္အတြင္း ပ်ံသန္းသြားေလသည္။ သူက ေျမာက္ဖက္စူးစူး ႏွင္းက်သည့္ ေတာင္တန္းတစ္ခုဆီ ပ်ံသန္းသြားလိုက္သည္။ သူ႔ ဦးတည္ခ်က္သို႔ ေရာက္ရွိၿပီးသည့္ေနာက္တြင္ သူ႔ အံ့ဖြယ္အသိစိတ္ျဖင့္ ေတာင္၏ ေျမေအာက္ကို စစ္ေဆးလိုက္သည္။
ကီလိုမီတာ တစ္ေသာင္းခြဲအနက္တြင္ သူ႔ အံ့ဖြယ္အသိစိတ္က အျဖဴေရာင္ အလင္းတန္း၏ ပိတ္ဆို႔မႈကို ခံလိုက္ရသည္။
" ေတြ႕ၿပီ"
သူက ေရ႐ြတ္လိုက္ၿပီးေနာက္ ကူးသန္းေရးအေဆာင္ကို ထုတ္လိုက္သည္။ ထိုအရာကို အသက္သြင္းလိုက္ၿပီးေနာက္ သူ႔လက္ထဲရွိ စာ႐ြက္က ေလာင္ၿမိဳက္သြားကာ အလင္းတန္းက သူ႔အား လႊမ္းၿခဳံသြားေလသည္။
အရိပ္က ေပ်ာက္ကြယ္သြားၿပီး ျပန္လည္ေပၚထြက္လာသည့္အခါ သူ႔ကိုယ္သူ အိမ္မ်ားႏွင့္ အေဆာက္အဦးရာခ်ီရွိေနသည့္ ေနရာက်ယ္တစ္ခုအတြင္း ေရာက္ရွိေနသည္ကို ျမင္လိုက္ရ၏။ အေဝးတစ္ေနရာတြင္ သူက လယ္ကြင္းကိုပင္ ျမင္ေတြ႕လိုက္ရသည္။
" ေကာင္းကင္ဘုံဗိမာန္လား" သူက ေရ႐ြတ္လိုက္သည္။
အရိပ္က ပတ္ဝန္းက်င္ကို ဆက္လက္ေလ့လာေနစဥ္ သူ ေရာက္ရွိလာမႈက လူမ်ားစြာအား ထိတ္လန႔္သြားေစသည္။ နတ္ဘုရားေျမာက္မ်ားစြာက သူ႔ေနရာဆီ ေရာက္လာၾကၿပီး ဝိုင္းထားလိုက္ၾကသည္။
အရိပ္က ထိုအဖြဲ႕အား ဦးေဆာင္လာသည့္ လူႏွစ္ဦးအား ၾကည့္လိုက္သည္။ တစ္ဦးက အမ်ိဳးသားျဖစ္ကာ ေနာက္တစ္ဦးက အမ်ိဳးသမီး ျဖစ္ေလသည္။
" အားအေကာင္းဆုံး တိုက္ခိုက္ေရးခြန္အားအျဖစ္ မင္းတို႔ နတ္ဘုရားငယ္ ႏွစ္ေယာက္တည္း က်န္ေလာက္ေအာင္ နိမ့္က်သြားတယ္ဆိုတာ မယုံႏိုင္ဘူး" အရိပ္က ေလွာင္ရယ္လိုက္သည္။
" မင္းက ဘယ္သူလဲ" သူ႔ကိုယ္သူ ဓားနတ္ဘုရားဟု ေခၚသည့္သူက ေမးလိုက္သည္။ သူက အရိပ္အား ေျခဆုံးေခါင္းဆုံးၾကည့္ေနစဥ္ သူက အမူအရာ ပ်က္ယြင္းလာေလ၏။
" မင္းက အျပင္လူထဲက တစ္ေယာက္ပဲ"
" အဲဒါကို သိလို႔ ဆုလာဘ္ေရာ လိုခ်င္ေသးလား" အရိပ္က ျပန္ေျဖလိုက္သည္။
" သူ႔ကို ျပန္ေျပာေနစရာ မလိုဘူး။ သူ႔ကို ဖမ္းလိုက္ၾကရေအာင္" လွံနတ္ဘုရားမက ေျပာလိုက္သည္။ သို႔ေသာ္လည္း သူမက ထိုစကားမ်ား ေျပာၿပီးသည့္ေနာက္တြင္ ေၾကာက္မက္ဖြယ္ အရွိန္အဝါတစ္ခုက လူအားလုံးကို လႊမ္းၿခဳံသြားေလသည္။
ခ်က္ခ်င္းဆိုသလို ဓားနတ္ဘုရားႏွင့္ လွံနတ္ဘုရားမတို႔က သူတို႔သည္ က်င့္ႀကံဆင့္ ျမင့္မားေသာ္လည္း ထိုလူ၏ ၿပိဳင္ဘက္ မဟုတ္ေၾကာင္း သိလိုက္ၾကသည္။ အကယ္၍ သူတို႔က သူ႔ကို ႏွိမ္နင္းႏိုင္မည္ ဆိုလွ်င္ပင္ တန္ေၾကး ႀကီးႀကီးမားမား ေပးဆပ္ရလိမ့္မည္။
လက္ရွိ သူတို႔က ဆုံးရႈံးမႈကို မတတ္ႏိုင္ေသးေပ။
" မင္းက ဘာလိုခ်င္လို႔လဲ" ဓားနတ္ဘုရားက အံႀကိတ္ကာ ေမးလိုက္သည္။
" မင္းတို႔ေတြက သာမန္လူေတြကို က်င့္ႀကံေရး နည္းစနစ္ကို ျဖန႔္ေဝၿပီးေတာ့ နတ္ဘုရားေတြ လက္ေအာက္ကေန လြတ္ေျမာက္ေစဖို႔ ႀကိဳးစားေနတယ္ဆိုတာ သိထားတယ္" အရိပ္က တည္ၿငိမ္စြာ ေျပာလိုက္သည္။
" ကံဆိုးတာက မင္းတို႔အားလုံးက အားနည္းေနတယ္။ အဲဒါေၾကာင့္ ငါက ကူဖို႔ ေရာက္လာတာ"
" ငါတို႔က မင္းလိုမ်ိဳး အျပင္လူရဲ႕ အကူအညီကို မလိုဘူး" လွံနတ္ဘုရားမက ေျပာလိုက္သည္။
" ေသခ်ာရဲ႕လား။ ငါ သိထားသေလာက္ မင္းတို႔ေတြက ပ်က္သုဥ္းခါနီးေနၿပီ။ ဘယ္လိုအေျခအေနပဲျဖစ္ျဖစ္ မင္းတို႔အားလုံးက ပ်က္သုဥ္းသြားႏိုင္တယ္"
" ငါတို႔ဌာနခ်ဳပ္ ရွိေနၿပီးေတာ့ ငါတို႔ရဲ႕ အေတြးအေခၚေတြကို ယုံၾကည္တဲ့သူ တစ္ေယာက္ ရွိေနသေ႐ြ႕ ဘယ္ေတာ့မွ မပ်က္သုဥ္းဘူး"
" စကားလွလွေလး ေျပာေနတာပဲ" အရိပ္က ထိုအမ်ိဳးသမီးအား ၾကည့္ကာ ေျပာလိုက္သည္ " ကံဆိုးတာက မင္းတို႔အားလုံးက ပူေဖာင္းထဲမွာ ေနထိုင္ေနၾကတာပဲ။ မင္းတို႔ေခၚတဲ့ ဌာနခ်ဳပ္က စစ္နတ္ဘုရားမက မင္းတို႔ေတြကို စစ္ပြဲျဖစ္ေစဖို႔ လိုအပ္တဲ့အခါမ်ိဳးမွသာ တည္ရွိမွာ။
အဲဒါေၾကာင့္ မင္းတို႔အားလုံးကို သူမ ပိုင္နက္ထဲမွာ ဝွက္ထားခြင့္ျပဳတာပဲ။ မင္းတို႔ရဲ႕ အေတြးအေခၚေတြအတြက္က အခ်ိန္က အႀကီးမားဆုံးရန္သူပဲ။ အခ်ိန္ၾကာလာရင္ မင္းတို႔ရဲ႕အေတြးအေခၚေတြကို ျဖည္းျဖည္းခ်င္း ေမ့သြားၾကၿပီး အထြတ္အထိပ္ နတ္ဘုရားေတြရဲ႕ လက္ေအာက္က်ေရာက္သြားမွာပဲ။ အဲဒီအခါ မင္းတို႔ေခၚေနတဲ့ ေတာ္လွန္ေရးကလည္း ဟာသတစ္ခုအျပင္ ဘာမွပိုလာမွာ မဟုတ္ဘူး။ မင္းတို႔အတြက္ ကံဆိုးတာက နတ္ဘုရားေတြမွာ မျပတ္လပ္တာဆိုလို႔ အခ်ိန္ပဲ ရွိတယ္"
ဓားနတ္ဘုရားမႏွင့္ လွံနတ္ဘုရားမတို႔က ထိုအရာကို ၾကားကာ အမူအရာ ပ်က္ယြင္းသြားၾကသည္။ သူတို႔သာလွ်င္ မဟုတ္ဘဲ သူတို႔ေနာက္မွ လိုက္လာသည့္ နတ္ဘုရားအားလုံး ျဖစ္၏။
" မင္း ေျပာတာ အမွန္ဆိုေတာ့လည္း ဘာျဖစ္လဲ" ဓားနတ္ဘုရားက ျပန္လည္ေခ်ပလိုက္သည္။
" ေနာက္ဆုံးမွာ မင္းတို႔အျပင္လူေတြက အထြတ္အထိပ္ နတ္ဘုရားေတြနဲ႔ အတူတူပဲ။"
" မင္းတို႔ ေျပာတာလည္း မွန္ပါတယ္။ ဒါေပမဲ့ ငါတို႔က ယုံၾကည္မႈကို ျဖန႔္ေဝၿပီးေတာ့ က်င့္ႀကံေရး နည္းစနစ္ကို ထိန္းခ်ဳပ္ခ်င္တာ။ ဒါေပမဲ့ နတ္ဘုရားေတြလိုမ်ိဳး တင္းၾကပ္ေနမွာေတာ့ မဟုတ္ဘူး။ ပိုၿပီးအေရးႀကီးတာက ငါတို႔ရည္မွန္းခ်က္ကို ရၿပီးတာနဲ႔ ဒီေနရာက ထြက္သြားမွာ။ အဲဒီအခါ မင္းတို႔ေတြ မင္းတို႔ဘာသာ မင္းတို႔ အေတြးအေခၚေတြ သေဘာတရားေတြကို ျဖန႔္ေဝၿပီးေတာ့ ႀကိဳက္တာ လုပ္လို႔ရၿပီ"
အားလုံးက ထိုအရာကို ၾကားၿပီး ေခတၱမွ် ၿငိမ္သက္သြားၾကသည္။ ၾကည့္ရသည္မွာ ေခါင္းေဆာင္ႏွစ္ေယာက္က ဝိညာဥ္မ်ားမွတစ္ဆင့္ ေဆြးေႏြးေနဟန္ေပၚသည္။ ထို႔ေနာက္ ဓားနတ္ဘုရားက ေမးလိုက္သည္။
" မင္းက ငါတို႔ကို ဘယ္လိုကူညီေပးမွာလဲ။ မဟာမိတ္ဖြဲ႕ၿပီးေတာ့လား"
အရိပ္က မတုံ႔ျပန္ဘဲ စာအုပ္တစ္အုပ္ကို ပစ္ေပးလိုက္သည္။ ထိုစာအုပ္ေပၚတြင္ ေရးသားထားသည္က ...
နတ္ဘုရားဝါးမ်ိဳေရး က်င့္စဥ္ ...