ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏...

By kilulayuu121

28K 3.1K 487

sequel of book 1 More

အခန်း(201)
အခန်း(202)
အခန်း(203)
အခန်း(204)
အခန်း(205)
အခန်း(206)
အခန်း(207)
အခန်း(208)
အခန်း(209.1)
အခန်း(209.2)
အခန်း(209)
အခန်း(210)
အခန်း(211)
အခန်း(212)
အခန်း(213)
အခန်း(214)
အခန်း(215)
အခန်း(216)
အခန်း(217)
အခန်း(218)
အခန်း(219)
အခန်း(219)
အခန်း(220)
အခန်း(221)
အခန်း(222)
အခန်း(223)
အခန်း(224)
အခန်း(225)
အခန်း(226)
အခန်း(၂၂၇)
အခန်း(228)
အခန်း(229)
အခန်း(230)
အခန်း(231)
အခန်း(232)
အခန်း(233)
အခန်း(234)
အခန်း(235)
အခန်း(236)
အခန်း(237)
အခန်း(238)
အခန်း(239)
အခန်း(240)
အခန်း(241)
အခန်း(၂၄၂)
အခန်း(243)
အခန်း(244)
အခန်း(245)
အခန်း(246)
အခန်း(247)
အခန်း(248)
အခန်း(249)
အခန်း(250)
အခန်း(251)
အခန်း(252)
အခန်း(၂၅၃)
အခန်း(၂၅၄)
အခန်းူ(255)
အခန်း(256)
အခန်း(257)
အခန်း(258)
အခန်း(259)
အခန်း(260)
အခန်း(261)
အခန်း(262)
အခန်း(၂၆၃)
အခန်း(၂၆၄)
အခန်း(၂၆၅)
အခန်း(၂၆၆)
အခန်း(၂၆၇)
အခန်း(၂၆၈)
အခန်း(၂၆၉)
အခန်း(၂၇၀)
အခန်း(၂၇၁)
အခန်း(၂၇၂)
အခန်း(၂၇၃)
အခန်း(၂၇၄)
အခန်း(၂၇၅)
အခန်း(၂၇၆)
အခန်း(၂၇၇)
အခန်း(၂၇၈)
အခန်း(၂၇၉)
အခန်း(၂၈၀)
အခန်း(၂၈၁)
အခန်း(၂၈၂)
အခန်း(၂၈၃)
အခန်း(၂၈၄)
အခန်း(၂၈၅)
အခန်း(၂၈၆)
အခန်း(၂၈၇)
အခန်း(၂၈၈)
အခန်း(၂၈၉)
အခန်း(၂၉၀)
အခန်း(၂၉၁)
အခန်း(၂၉၂)
အခန်း(၂၉၃)
အခန်း(၂၉၄)
အခန်း(၂၉၅)
အခန်း(၂၉၆)
အခန်း(၂၉၇)
အခန်း(၂၉၈)
အခန်း(၂၉၉)
အခန်း(၃၀၀)
အခန်း(၃၀၁)
အခန်း(၃၀၂)
အခန်း(၃၀၃)
အခန်း(၃၀၄)
အခန်း(၃၀၅)
အခန်း(၃၀၆)
အခန်း(၃၀၇)
အခန်း(၃၀၈)
အခန်း(၃၀၉)
အခန်း(၃၁၀)
အခန်း(၃၁၁)
အခန်း(၃၁၂)
အခန်း(၃၁၃)
အခန်း(၃၁၄)
အခန်း(၃၁၅)
အခန်း(၃၁၆)
အခန်း(၃၁၇)
အခန်း(၃၁၈)
အခန်း(၃၁၉)
အခန်း(၃၂၀)
အခန်း(၃၂၁)
အခန်း(၃၂၂) Book 23 End
အခန်း(၃၂၃)
အခန်း(၃၂၄)
အခန်း(၃၂၅)
အခန်း(၃၂၆)
အခန်း(၃၂၇)
အခန်း(၃၂၈)
အခန်း(၃၂၉)
အခန်း(၃၃၀)
အခန်း(၃၃၁)
အခန်း(၃၃၂)
အခန်း(၃၃၃)
အခန်း(၃၃၅)
အခန်း(၃၃၆) End of book 24
အခန်း(၃၃၇)
အခန်း(၃၃၈)
အခန်း(၃၃၉)
အခန်း(၃၄၀)
အခန်း(၃၄၁)
အခန်း(၃၄၂)
အခန်း(၃၄၃)
အခန်း(၃၄၄)
အခန်း(၃၄၅)
အခန်း(၃၄၆)
အခန်း(၃၄၇)
အခန်း(၃၄၈)
အခန်း(၃၄၉)
အခန်း(၃၅၀)
အခန်း(၃၅၁)
အခန်း(၃၅၂)
အခန်း(၃၅၃)
အခန်း(၃၅၄)
အခန်း(၃၅၅)
အခန်း(၃၅၆)
အခန်း(၃၅၇)
အခန်း(၃၅၈)
အခန်း(၃၅၉)
အခန်း(၃၆၀)
အခန်း(၃၆၁)
အခန်း(၃၆၂)
အခန်း(၃၆၃)
အခန်း(၃၆၄)
အခန်း(၃၆၅)
အခန်း(၃၆၆)
အခန်း(၃၆၇)
အခန်း(၃၆၈)
အခန်း(၃၆၉)
အခန်း(၃၇၀)
အခန်း(၃၇၁)
အခန်း(၃၇၂)
အခန်း(၃၇၃)
အခန်း(၃၇၄)
အခန်း(၃၇၅)
အခန်း(၃၇၆)
အခန်း(၃၇၇)
အခန်း(၃၇၈) book 27 end
အခန်း(၃၇၉)
အခန်း(၃၈၀)
အခန်း(၃၈၁)
အခန်း(၃၈၂)
အခန်း(၃၈၃)
အခန်း(၃၈၄)
အခန်း(၃၈၅)
အခန်း(၃၈၆)
အခန်း(၃၈၇)
အခန်း(၃၈၈)
အခန်း(၃၈၉)
အခန်း(၃၉၀)
အခန်း(၃၉၁)
အခန်း(၃၉၂)
အခန်း(၃၉၃)
အခန်း(၃၉၄)
အခန်း(၃၉၅)
အခန်း(၃၉၆)
အခန်း(၃၉၇)

အခန်း(၃၃၄)

78 8 0
By kilulayuu121


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၄)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)...

အခန်း (၃၃၄) : ဟွမ်ယွမ်

ဝမ်ဝေ့က လှည့်ကြည့်လိုက်သည့်အခါ လန်လင်းနှင့် ဝမ်လော့တို့က သူ့နောက်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူတို့ကလည်း တာအိုအခွင့်အလမ်းဂိုဏ်းဘက်သို့ ကြည့်နေလေ၏။

" အစ်ကိုကြီးက နောက်နေတာပဲ။ ကျွန်တော်က ဝမ်ဝေ့လိုမျိုး အားကောင်းတဲ့ ကောင်းကင်ရွေးချယ်ခံကို ဘယ်လိုလုပ် သိမှာလဲ"

ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့ကိုယ်သူ ချီးကျူးလိုက်ပြီးသည့်နောက်တွင်ပင် ရှက်မိသည့် အရိပ်အယောင် စိုးစဉ်းမျှပင် မရှိပေ။

" အမှန်ပဲ။ ဒီလိုမျိုး မဟာဧကရာဇ် ဖြစ်လာနိုင်ချေရှိတဲ့ လူမျိုးက ငါတို့နဲ့ မတူညီတဲ့ ကမ္ဘာမျိုးမှာ နေထိုင်ကြတာ" ဝမ်လော့က ပြောလိုက်စဉ် သူ့လေသံထဲတွင် အနည်းငယ် စိတ်အားငယ်မှုတို့ ပါဝင်နေလေသည်။

" အစ်ကိုကြီး ကိုယ့်ဘာသာကို စိတ်ဓာတ်ကျဖို့ မလိုပါဘူး။ အစ်ကိုကြီးလည်း ကိုယ့်အားသာချက်နဲ့ကိုယ် ရှိတာပဲလေ။ အဲဒါကို ဂုဏ်ယူသင့်တာပေါ့" လန်လင်းက နူးနူးညံ့ညံ့ဖြင့် ဝင်ပြောလိုက်သည်။

" ညီမလေး ပြောတာမှန်တယ်။ တကယ်လို့ ဝမ်ဝေ့က အားကောင်းတယ်ဆိုရင်တောင် ဆေးဝါးပညာနဲ့ ပတ်သက်လာတဲ့အခါမှာ ငါ ဝမ်လော့က ဘယ်သူ့ကိုမှ မကြောက်ဘူး"

" အမွေခံသားတော် ဝမ်ဝေ့က အလွန်အားကောင်းပြီးတော့ ထူးခြားတဲ့ ဝိညာဉ်ရှိတယ်ဆိုတာကို လူတိုင်းသိထားကြတယ်လေ။ တကယ်လို့ သူသာ ဆေးဝါးပညာကို သင်ယူဖို့ ဆုံးဖြတ်လိုက်ရင် သူ့အောင်မြင်မှုက စိတ်ကူးကြည့်နိုင်မှာ မဟုတ်ဘူး" ဝမ်ဝေ့က ရုတ်တရက် ဝင်ပြောလိုက်သည်။

ဝမ်လော့က ထိုအရာကို ကြားပြီး ရှုံ့မဲ့သွားလေသည်။

သူက သူ့ယုံကြည်ချက်တို့ ပြန်ရှိလာသော်လည်း ယခုတွင်မူ....

" ပြီးတော့ သူက အရမ်းလည်း ရုပ်ချောတယ်။ အစ်ကိုကြီးထက်တောင် ရုပ်ချောလောက်တယ်။ အစ်မလည်း သဘောတူတယ်မလား" ဝမ်ဝေ့က ဝမ်လော့၏ ဒဏ်ရာအား ဆားထပ်ဖြူးလိုက်သည်။

လန်လင်းက စိတ်အတွင်းမှသာ သက်ပြင်းချလိုက်သည်။ သူမက လော့ချန်၏ ပြောစကားအား သဘောတူသော်လည်း အစ်ကိုကြီးရှေ့တွင်မူ ဝန်မခံနိုင်ပေ။

" မင်း" ဝမ်လော့က လော့ချန်အား လက်ညှိုးထိုးကာ ပြောလိုက်သည် " မင်းကရော ဘယ်လိုလဲ။ မင်းကရော သူနဲ့ ရုပ်ရည်ရော စွမ်းရည်ရော ယှဉ်နိုင်လို့လား"

" အစ်ကိုကြီး ပြောတာမှန်တယ်။ ကျွန်တော်က မယှဉ်နိုင်ဘူး။ အဲဒီအချက်ကို ကျွန်တော်က လက်ခံတယ်"

ဝမ်လော့က ထိုအဖြေကို ကြားပြီး ချက်ချင်းဆိုသလို ရင်ဘတ်ထဲ ဆို့တစ်လာသလို ခံစားလိုက်ရသည်။ အဆုံးသတ်တွင်မူ သူက အေးစက်စက် သက်ပြင်းချကာ လော့ချန်အား လျစ်လျူရှုထားလိုက်တော့သည်။

လော့ချန် ပြောသည်က မှန်ပေသည်။ ဝမ်လော့အနေဖြင့် သူက ဆေးလုံးဝိဇ္ဇာငယ်ရာထူးကို ရယူခဲ့ပြီး ဤမျိုးဆက်၏ မူလဆေးလုံးတာအိုဂိုဏ်း၏ ကောင်းကင်ရွေးချယ်ခံ ဖြစ်လာခဲ့မည်ဆိုလျှင်ပင် ဝမ်ဝေ့လိုမျိုး လူနှင့် မယှဉ်နိုင်ကြောင်း သိထားလေသည်။

သူက ဒေါသထွက်ကာ အရှက်ရမိသော်လည်း မျိုသိပ်လိုက်ရုံမျှသာ တတ်နိုင်လေသည်။ ဝမ်ဝေ့ကို သူ ဘာမှလုပ်နိုင်မည် မဟုတ်ပေ။ အဆင့်အတန်းအရ၊ အင်အားချင်းအရနှင့် အလားအလာအရ သူက လုံးဝကို ရှုံးနိမ့်လေသည်။ ထို့ကြောင့် သူ တတ်နိုင်သည့်အရာက ထိုအရာကို ဂရုမစိုက်သလို နေထိုင်ခြင်း သို့မဟုတ် ထိုအရာက သူနှင့် ဘာမှမသက်ဆိုင်သလို နေထိုင်ခြင်းသာ ဖြစ်၏။ သူ ယခင်က ပြောဖူးသလိုမျိုး သူတို့တွေက မတူညီသော ကမ္ဘာတွင် နေထိုင်ကြသည် မဟုတ်ပါလော။

လန်လင်းက သူမ၏ ဆရာတူ မောင်လေးအား ကြည့်လိုက်သည်။

ဆရာတူ မောင်လေးက အခုလတ်တလော တော်တော်လေး ပြောင်းလဲသွားတာပဲ

ထိုစဉ် တာအိုအခွင့်အလမ်းဂိုဏ်း၏ သင်္ဘောပေါ်ရှိ ဝမ်ဝေ့၏ ကိုယ်ပွားကလည်း လူများကို လိုက်ပြီး လေ့လာဆန်းစစ်နေသည်။ ဧကရာဇ်မျိုးနွယ်အများစု ရောက်မလာသောကြောင့် ယခုလက်ရှိလူအများအတွင်း အာရုံစိုက်စရာ လူတချို့သာ ထိုက်တန်လေသည်။

သူက ဓားရေးစံအိမ်ဘက်သို့ ကြည့်လိုက်သည့်အချိန် ဓားမျက်ခုံးနှင့် ရုပ်ချောချော လူငယ်လေးကို မြင်လိုက်ရသည်။ ထိုလူက အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ခါးတွင် ဓားကို ချိတ်ထားလေသည်။ ထိုလူက ကျန့်ဝူရွှမ်း ဖြစ်၏။

သူ၏ တည်ငြိမ်ကာ ငြိမ်သက်လှသည့် အပြုအမူ ရှိသော်လည်း ဝမ်ဝေ့က သူ့တည်ရှိမှုအတွင်း ပုန်းအောင်းနေသည့် မောက်မာမှုတချို့ကို ခံစားမိလေသည်။

ဝမ်ဝေ့က ကျန့်ဝူရွှမ်းသည် တာအိုကျောက်ပြား လျှို့ဝှက်နယ်မြေအတွင်း သူ့အဆုံးမဲ့ဓားဆန္ဒဖြင့် သူ့အဖေ၏ အကြွင်းမဲ့ပိုင်းဖြတ်ခြင်း ဓားဆန္ဒကို အနိုင်ယူပြီးနောက်တွင် သူ့ပင်ကိုသဘာဝ ပြောင်းလဲသွားကြောင်း သတိပြုမိခဲ့သည်။

ဝမ်ဝေ့ မြင်ရသလောက် ဓားရေးစံအိမ်မှ အထက်ပိုင်းများကလည်း ထိုအရာကို သတိပြုမိကြသောကြောင့် သူ့အား ကမ္ဘာအနှံ့သွားကာ လေ့ကျင့်စေခဲ့သည်။

အကယ်၍ လူတစ်ယောက်၏ စိတ်အခြေအနေ သို့မဟုတ် တာအိုနှလုံးသားက ခိုင်ခိုင်မာမာ မရှိပါက ရုတ်ချည်း စိတ်သဘောထား ပြောင်းလဲသွားခြင်းက ပုံမှန်ကိစ္စသာ ဖြစ်လေသည်။ သဘောတရားအရ ပြောရလျှင် ကျန့်ဝူရွှမ်းသည် လွန်ခဲ့သည့် နှစ်ငါးရာခန့်က လင်းဖန်၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် နိုးထလာခဲ့သင့်သည်။ သို့သော်လည်း ထိုသို့ မဖြစ်ခဲ့ပေ။

ဝမ်ဝေ့က စုယာသည် နည်းလမ်းတချို့ဖြင့် ကျန့်ဝူရွှမ်းကို လွှမ်းမိုးထားကြောင်း ခန့်မှန်းမိလိုက်သည်။ သူ သိထားသလောက် သူမသည်လည်း ထိုသူ့အား ရင်ဆိုင်ဖို့ အချိန်ယူ ပြင်ဆင်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။

အကယ်၍ သူမ အကြံအစည်သာ အလုပ်ဖြစ်ခဲ့လျှင် ဝမ်ဝေ့က ကျန့်ဝူရွှမ်းသည် သေဆုံးသွားလိမ့်မည် သို့မဟုတ် ဆိုးဆိုးရွားရွား သက်ရောက်မှု ခံရလိမ့်မည်မှန်း သိထားသည်။ မည်သို့ပင်ဖြစ်စေကာမူ ဝမ်ဝေ့က ဂရုမစိုက်ပေ။ ပြောရလျှင် ကျန့်ဝူရွှမ်းက သူ့ ပြိုင်ဘက်သာ မဟုတ်ပါလော။ ထိုသူ၏ သေခြင်းတရားက သူ့အတွက် အကျိုးရှိလေသည်။

ထို့အပြင် သူ့သေဆုံးခြင်းက အရေးမပါပေ။ သူ့အဖေနှင့် အဘိုးမှ သိထားသလောက် ကမ္ဘာ့စင်မြင့်အထက်တွင် အသက်ဝင်နေသည့် ကောင်းကင်ရွေးချယ်ခံအားလုံးက ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို တိုက်နိုင်ကြခြင်း မဟုတ်ပေ။

တချို့က လမ်းတစ်ဝက်နှင့် သေဆုံးသွားကြပြီး တချို့ကမူ ဧကရာဇ်လမ်းစဉ်နောက် လျှောက်လှမ်းချင်စိတ် မရှိတော့ဘဲ တာအိုနှလုံးသား ကြေမွသွားကြသည်။ အခြားလူများကမူ ရုတ်ချည်း ကြီးထွားလာကြပြီး လက်ရှိလူများကို အစားထိုးသွားကြသည်။

ပို၍ အရေးကြီးသည်က မိသားစုများ သို့မဟုတ် အင်အားစုများက သင့်တော်သည့်အချိန် မဟုတ်သေးသည့်အတွက် ဝှက်ထားသည့် ဝှက်ဖဲများ ရှိနေသေးလေသည်။

အချုပ်အားဖြင့် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲသည် မရိုးရှင်းလှပေ။ ပြောရလျှင် ပါဝင်ယှဉ်ပြိုင်သူ ဆယ်ပုံတစ်ပုံပင် ထွက်ပေါ်မလာသေးပေ။

ထိုအရာကို တွေးပြီးသည့်နောက်တွင် ဝမ်ဝေ့၏ ကိုယ်ပွားအကြည့်က တခြားလေသင်္ဘောဆီ ရောက်ရှိသွားလေသည်။ ထိုအရာက လေလွင့်ကျင့်ကြံသူ အဖွဲ့အစည်း ပိုင်ဆိုင်သည့် အရာဖြစ်ပြီး သူတို့၏ လက်ရှိကောင်းကင်ရွေးချယ်ခံ ဟွမ်ယွမ် ဖြစ်၏။

လတ်တလော သူ့အကြောင်း သိရှိထားသည့် သတင်းအချက်အလက်များအရ သူသည် အလွှာနိမ့်မှ ဖြစ်ကာ လေလွင့်ကျင့်ကြံသူ အဖွဲ့အစည်း၏ အဖွဲ့သားတစ်ယောက်မှ ရှာတွေ့ထားခြင်း ဖြစ်၏။ သူတို့၏ အရင်းအမြစ်အားလုံးကို ထုတ်သုံးကာ သူ့အတွက် ဤမျိုးဆက်၏ တိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် အမှတ်အသားပြားကို ထုတ်ပေးခဲ့သည်။

ထိုလူကို တွေ့ပြီးသည့်နောက်တွင် ဝမ်ဝေ့က တစ်ခုခုမှားယွင်းနေသည်ကို ချက်ချင်းခံစားမိလိုက်၏။ သူက ဟွမ်ယွမ်ထံမှ ထူးခြားသည့် အငွေ့အသက်တစ်ခုကို ခံစားမိလေသည်။ ထိုအငွေ့အသက်က ကောင်းကင်တာအို အငွေ့အသက် ဖြစ်၏။ သူ သိထားသလောက် ကောင်းကင်တာအိုကာကွယ်ရေး စာအုပ်ပေါ်တွင် ရေးထိုးထားသည့် လူများတွင်သာ ထိုသို့ တူညီသည့် အငွေ့အသက်မျိုး ရှိတတ်ကြသည်။

သို့သော်လည်း ဟွမ်ယွမ်ထံ မှိန်ဖျဖျ အငွေ့အသက်မျိုး ရှိနေလေသည်။ မှိန်ဖျလွန်းသည့်အတွက် သတိမထားလုနီးပါး ဖြစ်၏။ တကယ်တော့ ကိုယ်ပွားက ထိုအငွေ့အသက်ကို အာရုံမခံနိုင်ခဲ့ပေ။ သို့သော် လော့ချန် အယောင်ဆောင်နေသည့် တကယ့်ခန္ဓာကိုယ်အစစ်က အာရုံခံနိုင်ခဲ့၏။

ဝမ်ဝေ့က ချက်ချင်းဆိုသလို တွက်ချက်လိုက်သည်။ ဤနေရာတွင် လျှို့ဝှက်ချက် တချို့ရှိနေကြောင်း သိလိုက်၏။ သူ့ ပထမဆုံးအလိုလိုသိစိတ်က သူ့ ကံကြမ္မာဖတ်ရှုရေး နည်းစနစ်ကို သုံးကာ အမှန်တရားကို ရှာဖွေဖို့ ပြောနေလေသည်။ ကံဆိုးစွာဖြင့် ဟွမ်ယွမ်အား ကာဆီးထားသည့် အနက်ရောင် အရှိန်အဝါတစ်ခု ရှိနေဟန်ပေါ်သည်။ ထို့ကြောင့် သူက ဦးနှောက်ကိုသာ သုံးလိုက်ရသည်။

သူက ကျောင်းတော်၏ စစ်ဆေးမှုအတွင်း ထိပ်တန်းကောင်းကင် ရွေးချယ်ခံ အယောက် ၃၀ထဲမှ တစ်ယောက်ကို မှတ်မိလိုက်သည်။ ထိုသူက အဆင့် ၂၃ ဖြစ်ပြီး နာမည်က ဟွမ်ယွမ် ဖြစ်ပေသည်။ သူ မှတ်မိသလောက် ထိုလူက ပျံဝဲမီးအိမ်တောင်ကြားဟုခေါ်သည့် အထွတ်အထိပ်နယ်မြေမှ ဖြစ်၏။

အခုမေးခွန်းထုတ်စရာက ဒီဟွမ်ယွမ်နှစ်ယောက်ကြားက ဆက်ဆံရေးက ဘာလဲ

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ဤနှစ်ဦးသည် တူညီသည့် နာမည် ရှိနေပြီး တူညီသည့် အငွေ့အသက်ရှိနေခြင်းက တိုက်ဆိုင်မှုသက်သက်ဟု မထင်မိပေ။

ချက်ချင်းဆိုသလို သူက ဝမ်ကျူ မရှိသည့်အတွင်း လက်ရှိကံကြမ္မာအရိပ်အဖွဲ့ကို အုပ်ချုပ်ပေးနေသည့် ယာယီအဖွဲ့ခေါင်းဆောင်ကို ဆက်သွယ်လိုက်သည်။ သူက ပျံဝဲမီးအိမ်တောင်ကြားမှ ဟွမ်ယွမ်၏ နေရာအကြောင်း စုံစမ်းခိုင်းခဲ့သည်။

ဝမ်ဝေ့က ဟွမ်ယွမ်အား အဝေးမှ စိုက်ကြည့်နေစဉ် ထိုလူကလည်း သူ့အကြည့်ကို သတိထားမိကာ ပြန်ကြည့်လာလေသည်။ ချက်ချင်းဆိုသလို ဝမ်ဝေ့က ထိုလူတွင် လျှို့ဝှက်ချက်ရှိကြောင်း ကောက်ချက်ချသည်က မှန်ကန်သွားသည်ကို သိလိုက်သည်။

အကြောင်းမှာ သူ့ မျက်ဝန်းကြောင့် ဖြစ်၏။ ထိုအရာထဲတွင် အချိန်များစွာ ဖြတ်သန်းလာရသည့်သူများသာ ပိုင်ဆိုင်ထားသည့် ဉာဏ်ပညာ မျက်ဝန်းမျိုး ပိုင်ဆိုင်ထားလေသည်။ သူက ထိုအရာကို သူ့အဘိုးနှင့် အဘွားဆီကသာ မြင်ဖူးလေသည်။

လူငယ်လေးတစ်ယောက်တွင် ထိုသို့အကြည့်မျိုး ရှိနေဖို့ မဖြစ်နိုင်ပေ။ အမှန်အတိုင်းဆိုရလျှင် သူ သိထားသည့် လူငယ်လေးထဲ ထိုသို့အကြည့်မျိုး ရှိသည့်သူက တိထျန်းသာ ဖြစ်၏။ သို့သော်လည်း ထိုလူက နှစ်ဘယ်လောက်ကြာကြာ နေထိုင်ခဲ့မှန်း မသိသည့် မကောင်းဆိုးဝါးအိုကြီးသာ ဖြစ်လေသည်။

ထို့ကြောင့် ဟွမ်ယွမ်၏ အကြည့်ကို မြင်ပြီးသည့်နောက်တွင် သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာသည်။

ပြန်လည်ဝင်စားခြင်းလား ဒါမှမဟုတ် ခန္ဓာကိုယ် ဝင်စီးထားတာလား

ထိုလူက သံသရာကို ကြုံတွေ့ပြီး အသင်္ချေဘဝများစွာကို တွေ့ကြုံခံစားရဖို့ သံသရာကို ထပ်ခါတလဲလဲ ဖြတ်သန်းနိုင်စေသည့် ကံကြမ္မာအပြောင်းအလဲ အခွင့်အရေးနှင့် တွေ့ဆုံနိုင်ချေ ရှိနိုင်လေသည်။ ထို့ကြောင့် ထိုသို့ မျက်ဝန်းမျိုး ရှိနေခြင်းလည်း ဖြစ်နိုင်၏။

သို့သော် အမှန်တရားက မည်သို့ပင် ဖြစ်စေကာမူ ဟွမ်ယွမ်သည် ဤမျိုးဆက်တိုက်ပွဲအတွက် အမည်မသိ အချက်တစ်ခု ဖြစ်လာသည်မှာ မလွဲဆန်နိုင်ပေ။

ထို့ကြောင့် သူက သူ့လျှို့ဝှက်ချက်ကို သိအောင် စုံစမ်းရလိမ့်မည်။ ဤနည်းဖြင့် ဝမ်ဝေ့အနေဖြင့် သူ့အား ရင်ဆိုင်ဖို့ ပို၍ လွယ်ကူလာလိမ့်မည်။

ဝမ်ဝေ့က ကောက်ချက်ချပြီးသည့်နောက်တွင် ဟွမ်ယွမ်ဆီမှ အကြည့်ဖယ်လိုက်သည်။

ထိုစဉ် ဟွမ်ယွမ်က သူ့ဘာသာသူ စဉ်းစားမိလိုက်၏။

သူက တစ်ခုခုများ တွေ့သွားတာလား။ အဲလိုလည်း မဖြစ်လောက်ပါဘူး။ ဒါပေမဲ့ သူ့အပြုအမူအရဆိုရင် ငါ့ကို သံသယဝင်နေတာပဲ။ ဟူး ... ဒီ အားကောင်းတဲ့ ကောင်းကင်ရွေးချယ်ခံတွေက အလွှာနိမ့်နဲ့ ဘာမှကို ယှဉ်စရာမရှိပါလား။

အကယ်၍ သူ့ခန္ဓာကိုယ် ပူးကပ်ခြင်းသာ တွေ့ရှိသွားလျှင် သူ့အတွက် အကျိုးဆက် ခံစားရသည့်အခါ မသက်မသာမှု တချို့ဖြစ်လာစေလိမ့်မည်။ သို့သော်လည်း သူက ထိုဗဟုသုတကို အသုံးပြုဖို့ စွမ်းရည်ကို ဆုံးရှုံးသွားလိမ့်မည်။

ထို့ကြောင့် သူ့လမ်းကြောင်းကို ဖုံးကွယ်ဖို့အတွက် လှုပ်ရှားဖို့ လိုအပ်နေလေသည်။

ငါ့အတွက် ကံကောင်းသွားတာက ဒီလူရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို မဖျက်ဆီးပစ်လိုက်တာပဲ။ ဒါပေမဲ့ ငါ သူ့မှတ်ဉာဏ်တွေကို ဖျက်ပစ်ဖို့ နည်းလမ်းရှာရမယ်။

ဟွမ်ယွမ်က သူ့လမ်းကြောင်းကို ဖျောက်ဖျက်ပြီး လျှို့ဝှက်ချက် ပေါက်ကြားသွားမည်ကို ကာကွယ်ဖို့ နည်းလမ်းကို စဉ်းစားနေလေသည်။

ထိုစဉ် ဝမ်ဝေ့၏ အကြည့်များက တခြားဖက်သို့ ကျရောက်သွားလေသည်။

" သူမက ဘယ်သူလဲ" သူက ဘေးနားမှ အဖော်ပြုပေးနေသည့် အထွတ်အထိပ် အကြီးအကဲတစ်ဦးအား မေးလိုက်သည်။

**********


ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၂၄)

မူရင္းေရးသားသူ - lazySageDao

ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)...

အခန္း (၃၃၄) : ဟြမ္ယြမ္

ဝမ္ေဝ့က လွည့္ၾကည့္လိုက္သည့္အခါ လန္လင္းႏွင့္ ဝမ္ေလာ့တို႔က သူ႔ေနာက္တြင္ ရပ္ေနသည္ကို ျမင္လိုက္ရသည္။ သူတို႔ကလည္း တာအိုအခြင့္အလမ္းဂိုဏ္းဘက္သို႔ ၾကည့္ေနေလ၏။

" အစ္ကိုႀကီးက ေနာက္ေနတာပဲ။ ကြၽန္ေတာ္က ဝမ္ေဝ့လိုမ်ိဳး အားေကာင္းတဲ့ ေကာင္းကင္ေ႐ြးခ်ယ္ခံကို ဘယ္လိုလုပ္ သိမွာလဲ"

ဝမ္ေဝ့က တည္ၿငိမ္စြာ ေျပာလိုက္သည္။ သူ႔ကိုယ္သူ ခ်ီးက်ဴးလိုက္ၿပီးသည့္ေနာက္တြင္ပင္ ရွက္မိသည့္ အရိပ္အေယာင္ စိုးစဥ္းမွ်ပင္ မရွိေပ။

" အမွန္ပဲ။ ဒီလိုမ်ိဳး မဟာဧကရာဇ္ ျဖစ္လာႏိုင္ေခ်ရွိတဲ့ လူမ်ိဳးက ငါတို႔နဲ႔ မတူညီတဲ့ ကမာၻမ်ိဳးမွာ ေနထိုင္ၾကတာ"  ဝမ္ေလာ့က ေျပာလိုက္စဥ္ သူ႔ေလသံထဲတြင္ အနည္းငယ္ စိတ္အားငယ္မႈတို႔ ပါဝင္ေနေလသည္။

" အစ္ကိုႀကီး ကိုယ့္ဘာသာကို စိတ္ဓာတ္က်ဖို႔ မလိုပါဘူး။ အစ္ကိုႀကီးလည္း ကိုယ့္အားသာခ်က္နဲ႔ကိုယ္ ရွိတာပဲေလ။ အဲဒါကို ဂုဏ္ယူသင့္တာေပါ့"  လန္လင္းက ႏူးႏူးညံ့ညံ့ျဖင့္ ဝင္ေျပာလိုက္သည္။

" ညီမေလး ေျပာတာမွန္တယ္။ တကယ္လို႔ ဝမ္ေဝ့က အားေကာင္းတယ္ဆိုရင္ေတာင္ ေဆးဝါးပညာနဲ႔ ပတ္သက္လာတဲ့အခါမွာ ငါ ဝမ္ေလာ့က ဘယ္သူ႔ကိုမွ မေၾကာက္ဘူး"

" အေမြခံသားေတာ္ ဝမ္ေဝ့က အလြန္အားေကာင္းၿပီးေတာ့ ထူးျခားတဲ့ ဝိညာဥ္ရွိတယ္ဆိုတာကို လူတိုင္းသိထားၾကတယ္ေလ။ တကယ္လို႔ သူသာ ေဆးဝါးပညာကို သင္ယူဖို႔ ဆုံးျဖတ္လိုက္ရင္ သူ႔ေအာင္ျမင္မႈက စိတ္ကူးၾကည့္ႏိုင္မွာ မဟုတ္ဘူး" ဝမ္ေဝ့က ႐ုတ္တရက္ ဝင္ေျပာလိုက္သည္။

ဝမ္ေလာ့က ထိုအရာကို ၾကားၿပီး ရႈံ႕မဲ့သြားေလသည္။

သူက သူ႔ယုံၾကည္ခ်က္တို႔ ျပန္ရွိလာေသာ္လည္း ယခုတြင္မူ....

" ၿပီးေတာ့ သူက အရမ္းလည္း ႐ုပ္ေခ်ာတယ္။ အစ္ကိုႀကီးထက္ေတာင္ ႐ုပ္ေခ်ာေလာက္တယ္။ အစ္မလည္း သေဘာတူတယ္မလား" ဝမ္ေဝ့က ဝမ္ေလာ့၏ ဒဏ္ရာအား ဆားထပ္ျဖဴးလိုက္သည္။

လန္လင္းက စိတ္အတြင္းမွသာ သက္ျပင္းခ်လိုက္သည္။ သူမက ေလာ့ခ်န္၏ ေျပာစကားအား သေဘာတူေသာ္လည္း အစ္ကိုႀကီးေရွ႕တြင္မူ ဝန္မခံႏိုင္ေပ။

" မင္း" ဝမ္ေလာ့က ေလာ့ခ်န္အား လက္ညႇိဳးထိုးကာ ေျပာလိုက္သည္ " မင္းကေရာ ဘယ္လိုလဲ။ မင္းကေရာ သူနဲ႔ ႐ုပ္ရည္ေရာ စြမ္းရည္ေရာ ယွဥ္ႏိုင္လို႔လား"

" အစ္ကိုႀကီး ေျပာတာမွန္တယ္။ ကြၽန္ေတာ္က မယွဥ္ႏိုင္ဘူး။ အဲဒီအခ်က္ကို ကြၽန္ေတာ္က လက္ခံတယ္"

ဝမ္ေလာ့က ထိုအေျဖကို ၾကားၿပီး ခ်က္ခ်င္းဆိုသလို ရင္ဘတ္ထဲ ဆို႔တစ္လာသလို ခံစားလိုက္ရသည္။ အဆုံးသတ္တြင္မူ သူက ေအးစက္စက္ သက္ျပင္းခ်ကာ ေလာ့ခ်န္အား လ်စ္လ်ဴရႈထားလိုက္ေတာ့သည္။

ေလာ့ခ်န္ ေျပာသည္က မွန္ေပသည္။ ဝမ္ေလာ့အေနျဖင့္ သူက ေဆးလုံးဝိဇၨာငယ္ရာထူးကို ရယူခဲ့ၿပီး ဤမ်ိဳးဆက္၏ မူလေဆးလုံးတာအိုဂိုဏ္း၏ ေကာင္းကင္ေ႐ြးခ်ယ္ခံ ျဖစ္လာခဲ့မည္ဆိုလွ်င္ပင္ ဝမ္ေဝ့လိုမ်ိဳး လူႏွင့္ မယွဥ္ႏိုင္ေၾကာင္း သိထားေလသည္။

သူက ေဒါသထြက္ကာ အရွက္ရမိေသာ္လည္း မ်ိဳသိပ္လိုက္႐ုံမွ်သာ တတ္ႏိုင္ေလသည္။ ဝမ္ေဝ့ကို သူ ဘာမွလုပ္ႏိုင္မည္ မဟုတ္ေပ။ အဆင့္အတန္းအရ၊ အင္အားခ်င္းအရႏွင့္ အလားအလာအရ သူက လုံးဝကို ရႈံးနိမ့္ေလသည္။ ထို႔ေၾကာင့္ သူ တတ္ႏိုင္သည့္အရာက ထိုအရာကို ဂ႐ုမစိုက္သလို ေနထိုင္ျခင္း သို႔မဟုတ္ ထိုအရာက သူႏွင့္ ဘာမွမသက္ဆိုင္သလို ေနထိုင္ျခင္းသာ ျဖစ္၏။ သူ ယခင္က ေျပာဖူးသလိုမ်ိဳး သူတို႔ေတြက မတူညီေသာ ကမာၻတြင္ ေနထိုင္ၾကသည္ မဟုတ္ပါေလာ။

လန္လင္းက သူမ၏ ဆရာတူ ေမာင္ေလးအား ၾကည့္လိုက္သည္။

ဆရာတူ ေမာင္ေလးက အခုလတ္တေလာ ေတာ္ေတာ္ေလး ေျပာင္းလဲသြားတာပဲ

ထိုစဥ္ တာအိုအခြင့္အလမ္းဂိုဏ္း၏ သေဘၤာေပၚရွိ ဝမ္ေဝ့၏ ကိုယ္ပြားကလည္း လူမ်ားကို လိုက္ၿပီး ေလ့လာဆန္းစစ္ေနသည္။ ဧကရာဇ္မ်ိဳးႏြယ္အမ်ားစု ေရာက္မလာေသာေၾကာင့္ ယခုလက္ရွိလူအမ်ားအတြင္း အာ႐ုံစိုက္စရာ လူတခ်ိဳ႕သာ ထိုက္တန္ေလသည္။

သူက ဓားေရးစံအိမ္ဘက္သို႔ ၾကည့္လိုက္သည့္အခ်ိန္ ဓားမ်က္ခုံးႏွင့္ ႐ုပ္ေခ်ာေခ်ာ လူငယ္ေလးကို ျမင္လိုက္ရသည္။ ထိုလူက အျဖဴေရာင္ဝတ္စုံ ဝတ္ဆင္ထားၿပီး ခါးတြင္ ဓားကို ခ်ိတ္ထားေလသည္။ ထိုလူက က်န႔္ဝူ႐ႊမ္း ျဖစ္၏။

သူ၏ တည္ၿငိမ္ကာ ၿငိမ္သက္လွသည့္ အျပဳအမူ ရွိေသာ္လည္း ဝမ္ေဝ့က သူ႔တည္ရွိမႈအတြင္း ပုန္းေအာင္းေနသည့္ ေမာက္မာမႈတခ်ိဳ႕ကို ခံစားမိေလသည္။

ဝမ္ေဝ့က က်န႔္ဝူ႐ႊမ္းသည္ တာအိုေက်ာက္ျပား လွ်ိဳ႕ဝွက္နယ္ေျမအတြင္း သူ႔အဆုံးမဲ့ဓားဆႏၵျဖင့္ သူ႔အေဖ၏ အႂကြင္းမဲ့ပိုင္းျဖတ္ျခင္း ဓားဆႏၵကို အႏိုင္ယူၿပီးေနာက္တြင္ သူ႔ပင္ကိုသဘာဝ ေျပာင္းလဲသြားေၾကာင္း သတိျပဳမိခဲ့သည္။

ဝမ္ေဝ့ ျမင္ရသေလာက္ ဓားေရးစံအိမ္မွ အထက္ပိုင္းမ်ားကလည္း ထိုအရာကို သတိျပဳမိၾကေသာေၾကာင့္ သူ႔အား ကမာၻအႏွံ႔သြားကာ ေလ့က်င့္ေစခဲ့သည္။

အကယ္၍ လူတစ္ေယာက္၏ စိတ္အေျခအေန သို႔မဟုတ္ တာအိုႏွလုံးသားက ခိုင္ခိုင္မာမာ မရွိပါက ႐ုတ္ခ်ည္း စိတ္သေဘာထား ေျပာင္းလဲသြားျခင္းက ပုံမွန္ကိစၥသာ ျဖစ္ေလသည္။ သေဘာတရားအရ ေျပာရလွ်င္ က်န႔္ဝူ႐ႊမ္းသည္ လြန္ခဲ့သည့္ ႏွစ္ငါးရာခန႔္က လင္းဖန္၏ လက္ထဲတြင္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ႏိုးထလာခဲ့သင့္သည္။ သို႔ေသာ္လည္း ထိုသို႔ မျဖစ္ခဲ့ေပ။

ဝမ္ေဝ့က စုယာသည္ နည္းလမ္းတခ်ိဳ႕ျဖင့္ က်န႔္ဝူ႐ႊမ္းကို လႊမ္းမိုးထားေၾကာင္း ခန႔္မွန္းမိလိုက္သည္။ သူ သိထားသေလာက္ သူမသည္လည္း ထိုသူ႔အား ရင္ဆိုင္ဖို႔ အခ်ိန္ယူ ျပင္ဆင္ေနသည္မွာ ၾကာျမင့္လွၿပီ ျဖစ္၏။

အကယ္၍ သူမ အႀကံအစည္သာ အလုပ္ျဖစ္ခဲ့လွ်င္ ဝမ္ေဝ့က က်န႔္ဝူ႐ႊမ္းသည္ ေသဆုံးသြားလိမ့္မည္ သို႔မဟုတ္ ဆိုးဆိုး႐ြား႐ြား သက္ေရာက္မႈ ခံရလိမ့္မည္မွန္း သိထားသည္။ မည္သို႔ပင္ျဖစ္ေစကာမူ ဝမ္ေဝ့က ဂ႐ုမစိုက္ေပ။ ေျပာရလွ်င္ က်န႔္ဝူ႐ႊမ္းက သူ႔ ၿပိဳင္ဘက္သာ မဟုတ္ပါေလာ။ ထိုသူ၏ ေသျခင္းတရားက သူ႔အတြက္ အက်ိဳးရွိေလသည္။

ထို႔အျပင္ သူ႔ေသဆုံးျခင္းက အေရးမပါေပ။ သူ႔အေဖႏွင့္ အဘိုးမွ သိထားသေလာက္ ကမာၻ႔စင္ျမင့္အထက္တြင္ အသက္ဝင္ေနသည့္ ေကာင္းကင္ေ႐ြးခ်ယ္ခံအားလုံးက ေကာင္းကင္အလိုဆႏၵတိုက္ပြဲကို တိုက္ႏိုင္ၾကျခင္း မဟုတ္ေပ။

 တခ်ိဳ႕က လမ္းတစ္ဝက္ႏွင့္ ေသဆုံးသြားၾကၿပီး တခ်ိဳ႕ကမူ ဧကရာဇ္လမ္းစဥ္ေနာက္ ေလွ်ာက္လွမ္းခ်င္စိတ္ မရွိေတာ့ဘဲ တာအိုႏွလုံးသား ေၾကမြသြားၾကသည္။ အျခားလူမ်ားကမူ ႐ုတ္ခ်ည္း ႀကီးထြားလာၾကၿပီး လက္ရွိလူမ်ားကို အစားထိုးသြားၾကသည္။

 ပို၍ အေရးႀကီးသည္က မိသားစုမ်ား သို႔မဟုတ္ အင္အားစုမ်ားက သင့္ေတာ္သည့္အခ်ိန္ မဟုတ္ေသးသည့္အတြက္ ဝွက္ထားသည့္ ဝွက္ဖဲမ်ား ရွိေနေသးေလသည္။

အခ်ဳပ္အားျဖင့္ ေကာင္းကင္အလိုဆႏၵ တိုက္ပြဲသည္ မ႐ိုးရွင္းလွေပ။ ေျပာရလွ်င္ ပါဝင္ယွဥ္ၿပိဳင္သူ ဆယ္ပုံတစ္ပုံပင္ ထြက္ေပၚမလာေသးေပ။

ထိုအရာကို ေတြးၿပီးသည့္ေနာက္တြင္ ဝမ္ေဝ့၏ ကိုယ္ပြားအၾကည့္က တျခားေလသေဘၤာဆီ ေရာက္ရွိသြားေလသည္။ ထိုအရာက ေလလြင့္က်င့္ႀကံသူ အဖြဲ႕အစည္း ပိုင္ဆိုင္သည့္ အရာျဖစ္ၿပီး သူတို႔၏ လက္ရွိေကာင္းကင္ေ႐ြးခ်ယ္ခံ ဟြမ္ယြမ္ ျဖစ္၏။

လတ္တေလာ သူ႔အေၾကာင္း သိရွိထားသည့္ သတင္းအခ်က္အလက္မ်ားအရ သူသည္ အလႊာနိမ့္မွ ျဖစ္ကာ ေလလြင့္က်င့္ႀကံသူ အဖြဲ႕အစည္း၏ အဖြဲ႕သားတစ္ေယာက္မွ ရွာေတြ႕ထားျခင္း ျဖစ္၏။ သူတို႔၏ အရင္းအျမစ္အားလုံးကို ထုတ္သုံးကာ သူ႔အတြက္ ဤမ်ိဳးဆက္၏ တိုက္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ႏိုင္ဖို႔အတြက္ အမွတ္အသားျပားကို ထုတ္ေပးခဲ့သည္။

ထိုလူကို ေတြ႕ၿပီးသည့္ေနာက္တြင္ ဝမ္ေဝ့က တစ္ခုခုမွားယြင္းေနသည္ကို ခ်က္ခ်င္းခံစားမိလိုက္၏။ သူက ဟြမ္ယြမ္ထံမွ ထူးျခားသည့္ အေငြ႕အသက္တစ္ခုကို ခံစားမိေလသည္။ ထိုအေငြ႕အသက္က ေကာင္းကင္တာအို အေငြ႕အသက္ ျဖစ္၏။ သူ သိထားသေလာက္ ေကာင္းကင္တာအိုကာကြယ္ေရး စာအုပ္ေပၚတြင္ ေရးထိုးထားသည့္ လူမ်ားတြင္သာ ထိုသို႔ တူညီသည့္ အေငြ႕အသက္မ်ိဳး ရွိတတ္ၾကသည္။

သို႔ေသာ္လည္း ဟြမ္ယြမ္ထံ မွိန္ဖ်ဖ် အေငြ႕အသက္မ်ိဳး ရွိေနေလသည္။ မွိန္ဖ်လြန္းသည့္အတြက္ သတိမထားလုနီးပါး ျဖစ္၏။ တကယ္ေတာ့ ကိုယ္ပြားက ထိုအေငြ႕အသက္ကို အာ႐ုံမခံႏိုင္ခဲ့ေပ။ သို႔ေသာ္ ေလာ့ခ်န္ အေယာင္ေဆာင္ေနသည့္ တကယ့္ခႏၶာကိုယ္အစစ္က အာ႐ုံခံႏိုင္ခဲ့၏။

ဝမ္ေဝ့က ခ်က္ခ်င္းဆိုသလို တြက္ခ်က္လိုက္သည္။ ဤေနရာတြင္ လွ်ိဳ႕ဝွက္ခ်က္ တခ်ိဳ႕ရွိေနေၾကာင္း သိလိုက္၏။ သူ႔ ပထမဆုံးအလိုလိုသိစိတ္က သူ႔ ကံၾကမၼာဖတ္ရႈေရး နည္းစနစ္ကို သုံးကာ အမွန္တရားကို ရွာေဖြဖို႔ ေျပာေနေလသည္။ ကံဆိုးစြာျဖင့္ ဟြမ္ယြမ္အား ကာဆီးထားသည့္ အနက္ေရာင္ အရွိန္အဝါတစ္ခု ရွိေနဟန္ေပၚသည္။ ထို႔ေၾကာင့္ သူက ဦးေႏွာက္ကိုသာ သုံးလိုက္ရသည္။

သူက ေက်ာင္းေတာ္၏ စစ္ေဆးမႈအတြင္း ထိပ္တန္းေကာင္းကင္ ေ႐ြးခ်ယ္ခံ အေယာက္ ၃၀ထဲမွ တစ္ေယာက္ကို မွတ္မိလိုက္သည္။ ထိုသူက အဆင့္ ၂၃ ျဖစ္ၿပီး နာမည္က ဟြမ္ယြမ္ ျဖစ္ေပသည္။ သူ မွတ္မိသေလာက္ ထိုလူက  ပ်ံဝဲမီးအိမ္ေတာင္ၾကားဟုေခၚသည့္ အထြတ္အထိပ္နယ္ေျမမွ ျဖစ္၏။

အခုေမးခြန္းထုတ္စရာက ဒီဟြမ္ယြမ္ႏွစ္ေယာက္ၾကားက ဆက္ဆံေရးက ဘာလဲ

ဝမ္ေဝ့က ေတြးလိုက္မိသည္။ သူက ဤႏွစ္ဦးသည္ တူညီသည့္ နာမည္ ရွိေနၿပီး တူညီသည့္ အေငြ႕အသက္ရွိေနျခင္းက တိုက္ဆိုင္မႈသက္သက္ဟု မထင္မိေပ။

ခ်က္ခ်င္းဆိုသလို သူက ဝမ္က်ဴ မရွိသည့္အတြင္း လက္ရွိကံၾကမၼာအရိပ္အဖြဲ႕ကို အုပ္ခ်ဳပ္ေပးေနသည့္ ယာယီအဖြဲ႕ေခါင္းေဆာင္ကို ဆက္သြယ္လိုက္သည္။ သူက ပ်ံဝဲမီးအိမ္ေတာင္ၾကားမွ ဟြမ္ယြမ္၏ ေနရာအေၾကာင္း စုံစမ္းခိုင္းခဲ့သည္။

ဝမ္ေဝ့က ဟြမ္ယြမ္အား အေဝးမွ စိုက္ၾကည့္ေနစဥ္ ထိုလူကလည္း သူ႔အၾကည့္ကို သတိထားမိကာ ျပန္ၾကည့္လာေလသည္။ ခ်က္ခ်င္းဆိုသလို ဝမ္ေဝ့က ထိုလူတြင္ လွ်ိဳ႕ဝွက္ခ်က္ရွိေၾကာင္း ေကာက္ခ်က္ခ်သည္က မွန္ကန္သြားသည္ကို သိလိုက္သည္။

အေၾကာင္းမွာ သူ႔ မ်က္ဝန္းေၾကာင့္ ျဖစ္၏။ ထိုအရာထဲတြင္ အခ်ိန္မ်ားစြာ ျဖတ္သန္းလာရသည့္သူမ်ားသာ ပိုင္ဆိုင္ထားသည့္ ဉာဏ္ပညာ မ်က္ဝန္းမ်ိဳး ပိုင္ဆိုင္ထားေလသည္။ သူက ထိုအရာကို သူ႔အဘိုးႏွင့္ အဘြားဆီကသာ ျမင္ဖူးေလသည္။

 လူငယ္ေလးတစ္ေယာက္တြင္ ထိုသို႔အၾကည့္မ်ိဳး ရွိေနဖို႔ မျဖစ္ႏိုင္ေပ။ အမွန္အတိုင္းဆိုရလွ်င္ သူ သိထားသည့္ လူငယ္ေလးထဲ ထိုသို႔အၾကည့္မ်ိဳး ရွိသည့္သူက တိထ်န္းသာ ျဖစ္၏။ သို႔ေသာ္လည္း ထိုလူက ႏွစ္ဘယ္ေလာက္ၾကာၾကာ ေနထိုင္ခဲ့မွန္း မသိသည့္ မေကာင္းဆိုးဝါးအိုႀကီးသာ ျဖစ္ေလသည္။

ထို႔ေၾကာင့္ ဟြမ္ယြမ္၏ အၾကည့္ကို ျမင္ၿပီးသည့္ေနာက္တြင္ သူ႔စိတ္ထဲ အေတြးတစ္ခု ေပၚထြက္လာသည္။

ျပန္လည္ဝင္စားျခင္းလား ဒါမွမဟုတ္ ခႏၶာကိုယ္ ဝင္စီးထားတာလား

ထိုလူက သံသရာကို ႀကဳံေတြ႕ၿပီး အသေခ်ၤဘဝမ်ားစြာကို ေတြ႕ႀကဳံခံစားရဖို႔ သံသရာကို ထပ္ခါတလဲလဲ ျဖတ္သန္းႏိုင္ေစသည့္ ကံၾကမၼာအေျပာင္းအလဲ အခြင့္အေရးႏွင့္ ေတြ႕ဆုံႏိုင္ေခ် ရွိႏိုင္ေလသည္။ ထို႔ေၾကာင့္ ထိုသို႔ မ်က္ဝန္းမ်ိဳး ရွိေနျခင္းလည္း ျဖစ္ႏိုင္၏။

သို႔ေသာ္ အမွန္တရားက မည္သို႔ပင္ ျဖစ္ေစကာမူ ဟြမ္ယြမ္သည္ ဤမ်ိဳးဆက္တိုက္ပြဲအတြက္ အမည္မသိ အခ်က္တစ္ခု ျဖစ္လာသည္မွာ မလြဲဆန္ႏိုင္ေပ။

ထို႔ေၾကာင့္ သူက သူ႔လွ်ိဳ႕ဝွက္ခ်က္ကို သိေအာင္ စုံစမ္းရလိမ့္မည္။ ဤနည္းျဖင့္ ဝမ္ေဝ့အေနျဖင့္ သူ႔အား ရင္ဆိုင္ဖို႔ ပို၍ လြယ္ကူလာလိမ့္မည္။

ဝမ္ေဝ့က ေကာက္ခ်က္ခ်ၿပီးသည့္ေနာက္တြင္ ဟြမ္ယြမ္ဆီမွ အၾကည့္ဖယ္လိုက္သည္။

ထိုစဥ္ ဟြမ္ယြမ္က သူ႔ဘာသာသူ စဥ္းစားမိလိုက္၏။

သူက တစ္ခုခုမ်ား ေတြ႕သြားတာလား။ အဲလိုလည္း မျဖစ္ေလာက္ပါဘူး။ ဒါေပမဲ့ သူ႔အျပဳအမူအရဆိုရင္ ငါ့ကို သံသယဝင္ေနတာပဲ။ ဟူး ... ဒီ အားေကာင္းတဲ့ ေကာင္းကင္ေ႐ြးခ်ယ္ခံေတြက အလႊာနိမ့္နဲ႔ ဘာမွကို ယွဥ္စရာမရွိပါလား။

အကယ္၍ သူ႔ခႏၶာကိုယ္ ပူးကပ္ျခင္းသာ ေတြ႕ရွိသြားလွ်င္ သူ႔အတြက္ အက်ိဳးဆက္ ခံစားရသည့္အခါ မသက္မသာမႈ တခ်ိဳ႕ျဖစ္လာေစလိမ့္မည္။ သို႔ေသာ္လည္း သူက ထိုဗဟုသုတကို အသုံးျပဳဖို႔ စြမ္းရည္ကို ဆုံးရႈံးသြားလိမ့္မည္။

ထို႔ေၾကာင့္ သူ႔လမ္းေၾကာင္းကို ဖုံးကြယ္ဖို႔အတြက္ လႈပ္ရွားဖို႔ လိုအပ္ေနေလသည္။

ငါ့အတြက္ ကံေကာင္းသြားတာက ဒီလူရဲ႕ ခႏၶာကိုယ္နဲ႔ ဝိညာဥ္ကို မဖ်က္ဆီးပစ္လိုက္တာပဲ။ ဒါေပမဲ့ ငါ သူ႔မွတ္ဉာဏ္ေတြကို ဖ်က္ပစ္ဖို႔ နည္းလမ္းရွာရမယ္။

ဟြမ္ယြမ္က သူ႔လမ္းေၾကာင္းကို ေဖ်ာက္ဖ်က္ၿပီး လွ်ိဳ႕ဝွက္ခ်က္ ေပါက္ၾကားသြားမည္ကို ကာကြယ္ဖို႔ နည္းလမ္းကို စဥ္းစားေနေလသည္။

ထိုစဥ္ ဝမ္ေဝ့၏ အၾကည့္မ်ားက တျခားဖက္သို႔ က်ေရာက္သြားေလသည္။

" သူမက ဘယ္သူလဲ" သူက ေဘးနားမွ အေဖာ္ျပဳေပးေနသည့္ အထြတ္အထိပ္ အႀကီးအကဲတစ္ဦးအား ေမးလိုက္သည္။

Continue Reading

You'll Also Like

71.9K 2K 194
"In a world of pirates and adventure, meet Ryo, a half mink-half human with a tragic past. After losing his parents, Ryo was taken in and trained by...
165K 5.2K 35
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...
17.3K 1.4K 39
Rinata come cattiva dell'Otome game, l'unico modo per schivare permanentemente il bad end è sposare letteralmente chiunque al di fuori del gioco. Per...
38.3K 907 137
النوع: شونين اي ، مأنها ، كوميديا ، دراما ، الحياه المدرسيه العمل: مستمر -القصه- "يوما يحكى قصه مرحه عن الحياة...