ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏...

By kilulayuu121

28K 3.1K 487

sequel of book 1 More

အခန်း(201)
အခန်း(202)
အခန်း(203)
အခန်း(204)
အခန်း(205)
အခန်း(206)
အခန်း(207)
အခန်း(208)
အခန်း(209.1)
အခန်း(209.2)
အခန်း(209)
အခန်း(210)
အခန်း(211)
အခန်း(212)
အခန်း(213)
အခန်း(214)
အခန်း(215)
အခန်း(216)
အခန်း(217)
အခန်း(218)
အခန်း(219)
အခန်း(219)
အခန်း(220)
အခန်း(221)
အခန်း(222)
အခန်း(223)
အခန်း(224)
အခန်း(225)
အခန်း(226)
အခန်း(၂၂၇)
အခန်း(228)
အခန်း(229)
အခန်း(230)
အခန်း(231)
အခန်း(232)
အခန်း(233)
အခန်း(234)
အခန်း(235)
အခန်း(236)
အခန်း(237)
အခန်း(238)
အခန်း(239)
အခန်း(240)
အခန်း(241)
အခန်း(၂၄၂)
အခန်း(243)
အခန်း(244)
အခန်း(245)
အခန်း(246)
အခန်း(247)
အခန်း(248)
အခန်း(249)
အခန်း(250)
အခန်း(251)
အခန်း(252)
အခန်း(၂၅၃)
အခန်း(၂၅၄)
အခန်းူ(255)
အခန်း(256)
အခန်း(257)
အခန်း(258)
အခန်း(259)
အခန်း(260)
အခန်း(261)
အခန်း(262)
အခန်း(၂၆၃)
အခန်း(၂၆၄)
အခန်း(၂၆၅)
အခန်း(၂၆၆)
အခန်း(၂၆၇)
အခန်း(၂၆၈)
အခန်း(၂၆၉)
အခန်း(၂၇၀)
အခန်း(၂၇၁)
အခန်း(၂၇၂)
အခန်း(၂၇၃)
အခန်း(၂၇၄)
အခန်း(၂၇၅)
အခန်း(၂၇၆)
အခန်း(၂၇၇)
အခန်း(၂၇၈)
အခန်း(၂၇၉)
အခန်း(၂၈၀)
အခန်း(၂၈၁)
အခန်း(၂၈၂)
အခန်း(၂၈၃)
အခန်း(၂၈၄)
အခန်း(၂၈၅)
အခန်း(၂၈၆)
အခန်း(၂၈၇)
အခန်း(၂၈၈)
အခန်း(၂၈၉)
အခန်း(၂၉၀)
အခန်း(၂၉၁)
အခန်း(၂၉၂)
အခန်း(၂၉၃)
အခန်း(၂၉၄)
အခန်း(၂၉၅)
အခန်း(၂၉၆)
အခန်း(၂၉၇)
အခန်း(၂၉၈)
အခန်း(၂၉၉)
အခန်း(၃၀၀)
အခန်း(၃၀၁)
အခန်း(၃၀၂)
အခန်း(၃၀၃)
အခန်း(၃၀၄)
အခန်း(၃၀၅)
အခန်း(၃၀၆)
အခန်း(၃၀၇)
အခန်း(၃၀၈)
အခန်း(၃၀၉)
အခန်း(၃၁၀)
အခန်း(၃၁၁)
အခန်း(၃၁၂)
အခန်း(၃၁၃)
အခန်း(၃၁၄)
အခန်း(၃၁၅)
အခန်း(၃၁၆)
အခန်း(၃၁၇)
အခန်း(၃၁၈)
အခန်း(၃၁၉)
အခန်း(၃၂၀)
အခန်း(၃၂၁)
အခန်း(၃၂၂) Book 23 End
အခန်း(၃၂၃)
အခန်း(၃၂၄)
အခန်း(၃၂၅)
အခန်း(၃၂၆)
အခန်း(၃၂၇)
အခန်း(၃၂၈)
အခန်း(၃၂၉)
အခန်း(၃၃၀)
အခန်း(၃၃၁)
အခန်း(၃၃၃)
အခန်း(၃၃၄)
အခန်း(၃၃၅)
အခန်း(၃၃၆) End of book 24
အခန်း(၃၃၇)
အခန်း(၃၃၈)
အခန်း(၃၃၉)
အခန်း(၃၄၀)
အခန်း(၃၄၁)
အခန်း(၃၄၂)
အခန်း(၃၄၃)
အခန်း(၃၄၄)
အခန်း(၃၄၅)
အခန်း(၃၄၆)
အခန်း(၃၄၇)
အခန်း(၃၄၈)
အခန်း(၃၄၉)
အခန်း(၃၅၀)
အခန်း(၃၅၁)
အခန်း(၃၅၂)
အခန်း(၃၅၃)
အခန်း(၃၅၄)
အခန်း(၃၅၅)
အခန်း(၃၅၆)
အခန်း(၃၅၇)
အခန်း(၃၅၈)
အခန်း(၃၅၉)
အခန်း(၃၆၀)
အခန်း(၃၆၁)
အခန်း(၃၆၂)
အခန်း(၃၆၃)
အခန်း(၃၆၄)
အခန်း(၃၆၅)
အခန်း(၃၆၆)
အခန်း(၃၆၇)
အခန်း(၃၆၈)
အခန်း(၃၆၉)
အခန်း(၃၇၀)
အခန်း(၃၇၁)
အခန်း(၃၇၂)
အခန်း(၃၇၃)
အခန်း(၃၇၄)
အခန်း(၃၇၅)
အခန်း(၃၇၆)
အခန်း(၃၇၇)
အခန်း(၃၇၈) book 27 end
အခန်း(၃၇၉)
အခန်း(၃၈၀)
အခန်း(၃၈၁)
အခန်း(၃၈၂)
အခန်း(၃၈၃)
အခန်း(၃၈၄)
အခန်း(၃၈၅)
အခန်း(၃၈၆)
အခန်း(၃၈၇)
အခန်း(၃၈၈)
အခန်း(၃၈၉)
အခန်း(၃၉၀)
အခန်း(၃၉၁)
အခန်း(၃၉၂)
အခန်း(၃၉၃)
အခန်း(၃၉၄)
အခန်း(၃၉၅)
အခန်း(၃၉၆)
အခန်း(၃၉၇)

အခန်း(၃၃၂)

117 8 0
By kilulayuu121


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၄)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၃၂) : သတင်းပျံ့နှံ့ခြင်း

မြောက်ဘက် လိပ်နက်ကုန်းမြေ၊ ကျားအုပ်စိုးရေး နယ်မြေ၊ လျှို့ဝှက်နယ်မြေတစ်ခုအတွင်း

အရိုင်းဆန်သည့် မိန်းမလှတစ်ဦးက အမျိုးသားနှစ်ဦး ဝန်းရံလျက် တောင်အလယ်တွင် ရပ်နေလေသည်။ လူတစ်ယောက်က သုံးမီတာအမြင့်ရှိပြီး ခေါင်းအထက်တွင် ဦးချိုနှစ်ခု ပါရှိလေသည်။ နောက်တစ်ယောက်ကား လူသားခန္ဓာကိုယ်နှင့် ဆင်ခေါင်း ပါရှိ၏။

သုံးယောက်လုံးက တောင်တစ်ခုလုံးကို ဖြန့်ကျက်ထားသည့် အစီအရင်များ၏ ဝန်းရံခြင်းကို ခံနေရသည်။

ထိုအမျိုးသားနှစ်ယောက်က သူတို့၏ စွမ်းအားအကုန်သုံး၍ သူတို့ရှေ့မှ အစီအရင်ကို ချိုးဖျက်ဖို့ ကြိုးစားနေသည်ကို လျူမိန်ရှုက ကြည့်နေသည်။ ထို့နောက် အဖွဲ့က ရှေ့အနည်းငယ်တိုးကာ ထပ်မံ တောင်ပေါ်တက်လိုက်ကြသည်။

ထို့နောက် သူတို့က နောက်ထပ် အစီအရင်တစ်ခု တွေ့ကာ ရပ်တန့်သွားပြန်သည်။ ထိုအစီအရင်ကို ချိုးဖောက်ဖို့အတွက် ထပ်မံ အချိန်ယူလိုက်ရပြန်သည်။ သူတို့သည် တောင်တစ်ဝက်သို့ ရောက်ရှိနေသည်ကို မြင်ကာ သုံးယောက်သားသည် ဤနေရာသို့ ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်ကာ သူတို့ရည်မှန်းချက်နှင့် နီးကပ်နေပြီဖြစ်ကြောင်း သိသာလှသည်။

နောက်ထပ် အစီအရင်တစ်ခုကို ချိုးဖောက်ပြီးသည့်နောက်တွင် လျူမိန်ရှုက ပြောလိုက်သည် " အကြီးအကဲတို့ အခုနားလိုက်ကြပါဦး"

အမျိုးသားနှစ်ဦးက ခေါင်းအသာညိတ်ကာ ရပ်တန့်လိုက်ကြသည်။ ထို့နောက် သူတို့က လူသားအသွင် ပြောင်းလိုက်ကြ၏။ အတိအကျဆိုရလျှင် သူတို့က လူသားတစ်ယောက်နှင့် နတ်ဆိုးသားရဲတစ်ကောင်အဖြစ် ကွဲထွက်သွားဟန်ပေါ်သည်။

ဦးချိုပါသည့် အမျိုးသားက တော်ဝင်သွေးဆက်မှ အာဏာရှင်လက်သီးကျွဲရိုင်းဟု ခေါ်သည့် နတ်ဆိုးသားရဲနှင့် ပေါင်းစပ်ထားခြင်း ဖြစ်လေသည်။ တခြားအမျိုးသားကမူ တော်ဝင်သွေးဆက်ဖြစ်သည့် မြေကမ္ဘာဖိနှိပ်ရေး ဆင်ဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်၏။

ထိုနတ်ဆိုးမျိုးနွယ်နှစ်ခုလုံးတွင် မဟာဧကရာဇ် တစ်ယောက်စီ ရှိကြသည်။

အကြီးအကဲများက သူတို့၏ ပေါင်းစပ်ရေးအသွင်မှ ပြောင်းလဲလိုက်ပြီးသည့်နောက်တွင် သူတို့၏ သားရဲများအား သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းကာ ဆေးလုံးတချို့သောက်ကာ အားဖြည့်လိုက်သည်။

လျူမိန်ရှုကလည်း သူတို့လို လိုက်လုပ်ကာ တင်ပျဉ်ခွေထိုင်လိုက်ပြီး အားပြန်ဖြည့်ဖို့ ကျင့်ကြံလိုက်သည်။

သူမအနားရှိ အရှိန်အဝါများအရ အံ့ဖွယ်ခန္ဓာကိုယ်အဆင့် ရောက်နေကြောင်း ပြသနေလေသည်။

သူမက မျက်လုံးကို မှိတ်လိုက်ပြီး စဉ်းစားလိုက်သည်။

ငါ ဒီလျှို့ဝှက်နယ်မြေထဲကို ရောက်လာတာ နှစ်၇၀၀ ကျော်နေပြီ။ ဒီနှစ်ရာချီအတွင်းမှာ နောက်ဆုံးတော့ ဗဟိုချက်ကို ရောက်တော့မယ်

သူမက ဗဟိုချက်ကို ချိုးဖောက်ပြီးသည်နှင့် ရရှိမည့် အကျိုးအမြတ်ကို တွေးကာ စိတ်လှုပ်ရှားလာမိသည်။ သူမက ထိုလျှို့ဝှက်နယ်မြေအတွက် များစွာ စတေးထားရသည်။

သူမက ကျောင်းတော်ရှိ ကောင်းကင်ရွေးချယ်ခံ စစ်ဆေးမှုကိုလည်း မတက်ရောက်နိုင်ခဲ့သည့်အတွက် သူမ နာမည်ကိုလည်း ကောင်းကင်တာအို ကာကွယ်ရေးစာအုပ်တွင် ထားဖို့ အခွင့်အရေး မရခဲ့ပေ။ ထိုအရာက သူမအား တာအိုကျောက်ပြားကို အသုံးပြုခွင့်မရဘဲ သူမ၏ ကိုယ်ပိုင်ကျမ်းကို ဖန်တီးဖို့လည်း မဖြစ်နိုင်ခဲ့ပေ။

သို့သော်လည်း လျူမိန်ရှုက ထိုအရာများကို ဂရုမစိုက်ပေ။

ကာကွယ်ရေးစာအုပ်နှင့် ပတ်သက်လာသည့်အခါ ထိုအရာက သူမအား ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် မတိုင်ခင်အထိသာ ကာကွယ်ပေးထားနိုင်လိမ့်မည်။ သူမ၏ အဆင့်အတန်းဖြင့် သူမသာ ဂရုစိုက်သရွေ့ သေခြင်းတရားကို စိုးရိမ်နေစရာ မလိုပေ။

တာအိုကျောက်ပြားများနှင့် ကျမ်း ဖန်တီးဖို့အတွက်မူ သူတို့က သူမအပေါ် အနည်းငယ်သာ သက်ရောက်မှု ရှိလေသည်။ သူမက အထွတ်အထိပ်နယ်ပယ်သို့ မရောက်ခင် ဖန်တီးနိုင်သရွေ့ ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်လာကာ ကောင်းကင်အလိုဆန္ဒကို ယှဉ်ပြိုင်နိုင်လိမ့်မည်။

အံ့ဖွယ်ခန္ဓာကိုယ်အဆင့် မဝင်ခင် ကျမ်း ဖန်တီးခြင်းက ခိုင်မာသည့် အခြေခံအုတ်မြစ်ကို ထားရှိဖို့ အကောင်းဆုံးအချိန် ဖြစ်၏။ သို့သော်လည်း တစ်ယောက်ယောက်က အထွတ်အထိပ်နယ်ပယ် အဆင့်မဝင်ရောက်ခင် လုပ်နိုင်ပါက အဆင်ပြေသေးသည်။ အခြေခံအုတ်မြစ် တည်ဆောက်ဖို့ အချိန်ပိုယူရရုံမျှသာ ဖြစ်၏။

လျူမိန်ရှုက အသက်ပြင်းပြင်း ရှူပြီးသည့်နောက်တွင် သူမ၏ သားရဲသခင်မြေပုံနှင့် ကံကြမ္မာကောင်း မီးတောက်ကို အသုံးပြုကာ သူမ၏ အတွင်းအင်္ဂါများကို စတင်လေ့ကျင့်လိုက်သည်။ ဤလျှို့ဝှက်နယ်မြေအတွင်းမှ ရရှိထားသော အရင်းအမြစ်များဖြင့် သူမက လူသားအဆင့်ပင် ပြီးမြောက်လုနီးပါး ဖြစ်နေလေပြီ။ သို့သော် သူမက ကြာကြာမကျင့်ကြံနိုင်ခင် ဆက်သွယ်ရေးအဆောင်မှ သတိပေးချက်တစ်ခု လက်ခံရရှိလိုက်သည်။

သူမက မျက်မှောင်ကြုတ်ကာ အဆောင်ကို ယူပြီး ရေရွတ်လိုက်သည် " ငါက အရေးကြီးကိစ္စ မဟုတ်ရင် မဆက်သွယ်ဖို့ ပြောထားတယ်လေ"

သူမက အံ့ဖွယ်အသိစိတ်ဖြင့် သတင်းကို စစ်ဆေးကြည့်လိုက်သည့်အခါ ရုတ်ချည်းထရပ်မိသွားသည်။ ထိုအခါ အကြီးအကဲနှစ်ဦးကလည်း အလန့်တကြား ဖြစ်သွားလေ၏။

" သားရဲသခင်ငယ် ဘာဖြစ်လို့လဲ" တစ်ယောက်က မေးလိုက်သည်။

" ဒီလျှို့ဝှက်နယ်မြေအကြောင်း သတင်းက ပေါက်ကြားသွားပြီ" လျူမိန်ရှုက အံကြိတ်ကာ ပြောလိုက်သည်။

" ဘယ်လို" အကြီးအကဲနှစ်ဦးလုံးက တစ်ပြိုင်နက် ပြောလိုက်ကြသည်။

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လျူမိန်ရှုက သူတို့ကို မတုံ့ပြန်သေးဘဲ တစ်ယောက်ယောက်နှင့် ဆက်နွယ်ကာ အဖြေကို ရှာဖို့ ကြိုးစားလိုက်သည်။

" ကျီမိသားစုက ငါတို့ကို တွေ့သွားတယ်လို့ ထင်လား" ကျွဲရိုင်းအကြီးအကဲက မေးလိုက်သည်။

" အဲလိုလည်း မဖြစ်နိုင်ဘူး။ ကျွန်မက ဒီကို မလာခင်ကတည်းက အကုန်လုံးကို ဖိဖိစီးစီး လုပ်ခဲ့ပြီးသား။ ဒဏ်ရာရချင်ယောင်ဆောင်ပြီးတော့ ပြန်လည်အားမွေးနေတယ်ဆိုပြီးတော့တောင် အယောင်ဆောင်ခဲ့သေးတယ်" သူမက ခေါင်းခါလျက် ပြန်ဖြေလိုက်သည်။

သားရဲမွေးမြူရေး တောင်ကြားသည် မဟာဧကရာဇ်တစ်ပါးရှိသည့် ဧကရာဇ်မျိုးနွယ်တစ်ခု ဖြစ်သည်။ သို့သော်လည်း သူတို့၏ သားရဲများကို ထိန်းချုပ်နိုင်စွမ်းနှင့် လေ့ကျင့်ပေးနိုင်စွမ်းကြောင့် ကမ္ဘာတွင် ထူးခြားသည့် အနေအထားကို ပိုင်ဆိုင်ထားကြသည်။ သူတို့ဂိုဏ်း၏ သားရဲဧကရာဇ်သည် သူ့တာအိုကို သက်သေပြပြီးသည့်နောက်တွင် အဆင့် ၁၀ သို့မဟုတ် မဟာဧကရာဇ်အဆင့် နတ်ဆိုးသားရဲငါးကောင်နှင့်အထက်ကို သူ့နောက်လိုက်အဖြစ် စုဆောင်းနိုင်ခဲ့သည်ကို ကောလဟာလများ ရှိခဲ့ဖူးသည်။

သူက ထိုအရာအားလုံး သို့မဟုတ် တချို့တစ်ဝက်ကို သားရဲမွေးမြူရေး တောင်ကြားဆီ ပေးကာ ကမ္ဘာမှ ထွက်သွားခဲ့သည်။ မဟာဧကရာဇ်တစ်ပါးတည်း ရှိသော်လည်း သူတို့ဂိုဏ်း၏ အဆင့်အတန်းက ဤကမ္ဘာတွင် အတော်လေး မြင့်မားလာသည်။

ထို့နောက် သူမက လူတချို့သည် သူမနောက် နောက်ယောင်ခံကြောင်း မှတ်မိသွားသည်။ သူမက သူတို့၏ နောက်ယောင်ခံမှုကို မျက်ခြေဖြတ်ခဲ့ကြောင်း တွေးမိသော်လည်း ထိုသို့ဖြစ်ခဲ့ဟန် မပေါ်ပေ။

ထို့ကြောင့် သူမက သူမနောက်ကို လျှို့ဝှက်စွာ လိုက်နေသည့် ထိုလူများအား အမှတ်ရဖို့ ကြိုးစားလိုက်သည်။

" ကျီမိသားစုက ငါတို့ကို တကယ်ပဲ ရှာတွေ့သွားတာလား" လျူမိန်ရှုက ရေရွတ်လိုက်သည်။

သားရဲမွေးမြူရေး တောင်ကြား၏ အခြေအနေများက ရှုပ်ထွေးလွန်းလှသည်။ ဂိုဏ်းက သားရဲဧကရာဇ် တစ်ယောက်ကို သက်သေပြပြီး သူ့ကိုယ်သူ ဧကရာဇ်ဟု မကြေညာခင်အထိ အထွတ်အထိပ်နယ်မြေ တစ်ခုသာ ဖြစ်ခဲ့သည်။

သူ၏ လမ်းညွှန်မှုဖြင့် သူက အသင်္ချေအင်ပါယာကမ္ဘာတစ်ဝှမ်း နတ်ဆိုးသားရဲများ ရောင်းချခြင်း စီးပွားရေးကို စတင် ဖန်တီးခဲ့ပြီး ဂိုဏ်းအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ပေးခဲ့သည်။ ထို့နောက် သူက ထွက်ခွာသွားခဲ့၏။

သူ ထွက်ခွာသွားပြီးသည့်နောက်တွင် သူ့မိသားစု ဖြစ်သည့် ကျီမိသားစုက သားရဲမွေးမြူရေးတော င်ကြားတွင် စတင်အာဏာကြီးထွားလာသည်။ သားရဲဧကရာဇ်က ပေးခဲ့သည့် တချို့လျှို့ဝှက်နည်းလမ်းများကြောင့် ကျီဧကရာဇ်က အသင်္ချေတစ်ပိုင်း သားရဲခန္ဓာကိုယ် ဖန်တီးနိုင်စွမ်း ရှိခြင်းနှင့် အစစ်အမှန် ပေါ်လာပါက နောက်ယောင်ခံနိုင်ခြင်း နည်းလမ်းတို့ကို ပိုင်ဆိုင်ထားလေသည်။

ထိုရုပ်ခန္ဓာက သူတို့၏ ဧကရာဇ်ကျမ်းဖြစ်သည့် သားရဲသခင်မြေပုံနှင့် အသင့်တော်ဆုံး ဖြစ်လေသည်။ အားကောင်းသည့် ကောင်းကင်ရွေးချယ်ခံများက သူတို့မိသားစုအတွင်း ပေါ်ထွက်လာကာ ဂိုဏ်းအတွင်း အားအကောင်းဆုံး အင်အားစုအဖြစ် သူတို့အဆင့်အတန်းကို ခိုင်မာအောင် ပြုလုပ်ထားသည်။

တခြားသော အင်အားစုများကလည်း ကျီမိသားစု ရုတ်ချည်းမြင့်တက်လာမှုနှင့် ပတ်သက်ပြီး မပျော်ရွှင်ကြပေ။ မျိုးဆက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် သားရဲမွေးမြူရေး တောင်ကြားသည် ကျီမိသားစု၏ အပိုင်အဖြစ် ပြောင်းလဲသွားလေသည်။ အကြောင်းမှာ သူတို့တွင် ကိုင်ဆောင်ထားသည့် အာဏာကြောင့် ဖြစ်၏။

တခြားလူများက ထိုအချက်ကို လက်မခံနိုင်ကြပေ။ ထို့ကြောင့် အချင်းချင်း တိုက်ခိုက်မှုများက စတင်ဖြစ်ပျက်လာ၏။ ကံဆိုးစွာဖြင့် ကျီမိသားစုက အလွန်အားကောင်းနေကာ တခြားသော အင်အားစုများက အတူတကွ ပေါင်းစည်းမှသာ သူတို့နှင့် ယှဉ်နိုင်ရုံမျှသာ ဖြစ်၏။

သူတို့အတွက် ကံကောင်းသည်မှာ ဤမျိုးဆက်တွင် သူတို့က ကျီမိသားစုထက်အရင် အသင်္ချေသားရဲခန္ဓာပိုင်ရှင်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူတို့က လျူမိန်ရှုကို ခေါ်ယူကာ သူမအား သူတို့အရင်းအမြစ်များ၊ အားစိုက်ထုတ်မှုများဖြင့် ပြုစုပျိုးထောင်ပေးခဲ့သည်။ သူတို့က သူမအပေါ် မျှော်လင့်ချက်အကုန် ပုံအောထားခဲ့ကြ၏။

သူမကလည်း သူတို့ကို စိတ်မပျက်စေပေ။ သူမက ကျီမိသားစု၏ အသင်္ချေတစ်ပိုင်း သားရဲခန္ဓာကိုယ်ပိုင်ရှင်အား အလွယ်တကူ ဖိနှိပ်ကာ သတ်ဖြတ်နိုင်ခဲ့ပြီး သူ့ သွေးအဆီအနှစ်ကို စုပ်ကာ ဤမျိုးဆက်အတွင်း သားရဲမွေးမြူရေး တောင်ကြား၏ သားရဲသခင်ငယ်တစ်ယောက် ဖြစ်လာခဲ့သည်။

သို့သော်လည်း လျူမိန်ရှု၏ ဘဝက မလွယ်ကူပေ။ ကျီမိသားစုက သူမ ရရှိသည့် အရင်းအမြစ်များကို လျှော့ချနိုင်ဖို့အတွက် ဘာမဆိုလုပ်နေကြသည်။ အကယ်၍ သူမသာ မဟာဧကရာဇ်ဖြစ်လာပါက သူတို့မိသားစုသည် သူတို့အဆင့်အတန်း ပျောက်ဆုံးသွားမည်သာမက အသတ်ခံရနိုင်ချေရှိကြောင်း သိထားကြလေသည်။

ကျီမိသားစုက သူမကို သတ်ဖြတ်ဖို့အတွက် လုပ်ကြံသူများလည်း စေလွှတ်ကာ သူမ ကြီးထွားလာခြင်းကို တားဆီးကြသည်။ တခြားအင်အားစုများက ဒေါသထွက်ကြသော်လည်း သူတို့တွင် ကောင်းကင်ရွေးချယ်ခံ မြင့်တက်မှုနှင့် သူတို့၏ မြင့်တက်မှုကို အာမခံပေးနိုင်သည့် အစီအစဉ် ရှိထားသောကြောင့်သာ အောင့်အီးသည်းခံနေရသည်။

လျူမိန်ရှုသည် ငယ်စဉ်အခါကတည်းက လျှို့ဝှက်နယ်မြေအကြောင်းကို သင်ယူခဲ့ရသည်။

သူမက ထိုလျှို့ဝှက်နယ်မြေအတွင်းမှ အကျိုးအမြတ် ရရှိနိုင်သရွေ့ ကောင်းကင်ဇာမဏီဧကရာဇ်၏ ဂုဏ်သတင်းကို ပြန်လည်ဖန်တီးနိုင်လိမ့်မည်။ သူမက လျူမိန်ရှုနှင့် ရုပ်ခန္ဓာတူ ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း အစစ်အမှန် ဇာမဏီတစ်ကောင်၏ သွေးအဆီအနှစ်ကို စုပ်ယူပြီးသည့်နောက် ကံအပြောင်းအလဲ အခွင့်အရေး ရခဲ့ခြင်း ဖြစ်လေသည်။

ထိုသွေးအဆီအနှစ်ဖြင့် အသင်္ချေသားရဲခန္ဓာကိုယ်က လူများစွာ၏ စိတ်ကူးထက်အလွန် စွမ်းအားကို ထုတ်ပြနိုင်လာခဲ့သည်။

....................................

လျူမိန်ရှုက သူမ ဘယ်လိုရှာတွေ့သွားကြောင်း စဉ်းစားနေစဉ် ရုတ်ချည်းဆိုသလို အားပျော့ကာ သေချာထိန်းချုပ်ထားသည့် ထူးထူးဆန်းဆန်း စွမ်းအားတစ်ခု ခံစားမိသည်ကို အမှတ်ရသွားလေသည်။ အကယ်၍ သူမ၏ သားရဲ အလိုလိုသိစိတ်ကြောင့်သာ မဟုတ်လျှင် ထိုအရာကို သတိထားမိမည် မဟုတ်ပေ။

" အဲဒါက အရိပ်ရဲ့ စွမ်းအားပဲ။ ဒါကို တော်တော်လေး ရင်းနှီးနေတယ်။ ဘယ်မှာခံစားဖူးပါလိမ့်... တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ အရိပ်အုပ်စိုးသူကျမ်းပဲ"

ထို့နောက် သူမက ရုတ်ချည်းဆိုသလို ချီကံကောင်းမှုစစ်ဆေးပွဲအတွင်း ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို အမှတ်ရသွားလေသည်။

" ဝမ်ဝေ့ ... သူပဲ ဖြစ်ရမယ်" လျူမိန်ရှုက အံကြိတ်ကာ ရေရွတ်လိုက်သည်။ သူမက ဝမ်ဝေ့သည် သူမကို အာရုံစိုက်ကာ နောက်ယောင်ခံဖို့ လူများလွှတ်ထားကြောင်း မှန်းဆမိလိုက်သည်။

သို့သော် သူမက သူသည် ထိုလျှို့ဝှက်နယ်မြေအကြောင်းကို အဘယ်ကြောင့် သတင်းလွှင့်လိုက်ရသလဲဟု နားမလည်နိုင်ဖြစ်နေသည်။ ဤအခြေအနေတွင် အကောင်းဆုံးအပြုအမူက သူမ ဗဟိုချက်ထဲ ဝင်သွားသည်အထိ စောင့်ကာ မျှားခေါ်သင့်သည် မဟုတ်ပါလော။

သို့သော်လည်း သူက ထိုသို့မလုပ်ခဲ့ပေ။

" ဒါက တမင် သတင်းလွှင့်လိုက်တာ မဟုတ်သရွေ့ပေါ့" လျူမိန်ရှုက ရေရွတ်လိုက်သည်။ သူမက ခဏကြာ စဉ်းစားပြီးသည့်နောက်တွင် နှာခေါင်းရှုံ့ကာ အကြီးအကဲများအား ပြောလိုက်သည်။

" အခု ကျွန်မတို့ ဖျက်ဆီးခဲ့တဲ့ အစီအရင်တွေအကုန်လုံးကို ပြန်ပြီးတော့ အသက်သွင်းရမယ်။ ကျွန်မတို့ ကြိုးစားခဲ့တာတွေကို တခြားသူတွေကို အခွင့်ကောင်း ယူခိုင်းလို့ မဖြစ်ဘူး"

*********


ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၂၄)

မူရင္းေရးသားသူ - lazySageDao

ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)

အခန္း (၃၃၂) : သတင္းပ်ံ႕ႏွံ႔ျခင္း

ေျမာက္ဘက္ လိပ္နက္ကုန္းေျမ၊ က်ားအုပ္စိုးေရး နယ္ေျမ၊ လွ်ိဳ႕ဝွက္နယ္ေျမတစ္ခုအတြင္း

အ႐ိုင္းဆန္သည့္ မိန္းမလွတစ္ဦးက အမ်ိဳးသားႏွစ္ဦး ဝန္းရံလ်က္ ေတာင္အလယ္တြင္ ရပ္ေနေလသည္။ လူတစ္ေယာက္က သုံးမီတာအျမင့္ရွိၿပီး ေခါင္းအထက္တြင္ ဦးခ်ိဳႏွစ္ခု ပါရွိေလသည္။ ေနာက္တစ္ေယာက္ကား လူသားခႏၶာကိုယ္ႏွင့္ ဆင္ေခါင္း ပါရွိ၏။

သုံးေယာက္လုံးက ေတာင္တစ္ခုလုံးကို ျဖန႔္က်က္ထားသည့္ အစီအရင္မ်ား၏ ဝန္းရံျခင္းကို ခံေနရသည္။

ထိုအမ်ိဳးသားႏွစ္ေယာက္က သူတို႔၏ စြမ္းအားအကုန္သုံး၍ သူတို႔ေရွ႕မွ အစီအရင္ကို ခ်ိဳးဖ်က္ဖို႔ ႀကိဳးစားေနသည္ကို လ်ဴမိန္ရႈက ၾကည့္ေနသည္။ ထို႔ေနာက္ အဖြဲ႕က ေရွ႕အနည္းငယ္တိုးကာ ထပ္မံ ေတာင္ေပၚတက္လိုက္ၾကသည္။

ထို႔ေနာက္ သူတို႔က ေနာက္ထပ္ အစီအရင္တစ္ခု ေတြ႕ကာ ရပ္တန႔္သြားျပန္သည္။ ထိုအစီအရင္ကို ခ်ိဳးေဖာက္ဖို႔အတြက္ ထပ္မံ အခ်ိန္ယူလိုက္ရျပန္သည္။ သူတို႔သည္ ေတာင္တစ္ဝက္သို႔ ေရာက္ရွိေနသည္ကို ျမင္ကာ သုံးေယာက္သားသည္ ဤေနရာသို႔ ေရာက္ရွိေနသည္မွာ ၾကာျမင့္ေနၿပီျဖစ္ကာ သူတို႔ရည္မွန္းခ်က္ႏွင့္ နီးကပ္ေနၿပီျဖစ္ေၾကာင္း သိသာလွသည္။

ေနာက္ထပ္ အစီအရင္တစ္ခုကို ခ်ိဳးေဖာက္ၿပီးသည့္ေနာက္တြင္ လ်ဴမိန္ရႈက ေျပာလိုက္သည္ " အႀကီးအကဲတို႔ အခုနားလိုက္ၾကပါဦး"

အမ်ိဳးသားႏွစ္ဦးက ေခါင္းအသာညိတ္ကာ ရပ္တန႔္လိုက္ၾကသည္။ ထို႔ေနာက္ သူတို႔က လူသားအသြင္ ေျပာင္းလိုက္ၾက၏။ အတိအက်ဆိုရလွ်င္ သူတို႔က လူသားတစ္ေယာက္ႏွင့္ နတ္ဆိုးသားရဲတစ္ေကာင္အျဖစ္ ကြဲထြက္သြားဟန္ေပၚသည္။

ဦးခ်ိဳပါသည့္ အမ်ိဳးသားက ေတာ္ဝင္ေသြးဆက္မွ အာဏာရွင္လက္သီးကြၽဲ႐ိုင္းဟု ေခၚသည့္ နတ္ဆိုးသားရဲႏွင့္ ေပါင္းစပ္ထားျခင္း ျဖစ္ေလသည္။ တျခားအမ်ိဳးသားကမူ ေတာ္ဝင္ေသြးဆက္ျဖစ္သည့္ ေျမကမာၻဖိႏွိပ္ေရး ဆင္ျဖင့္ ေပါင္းစပ္ထားျခင္း ျဖစ္၏။

ထိုနတ္ဆိုးမ်ိဳးႏြယ္ႏွစ္ခုလုံးတြင္ မဟာဧကရာဇ္ တစ္ေယာက္စီ ရွိၾကသည္။

အႀကီးအကဲမ်ားက သူတို႔၏ ေပါင္းစပ္ေရးအသြင္မွ ေျပာင္းလဲလိုက္ၿပီးသည့္ေနာက္တြင္ သူတို႔၏ သားရဲမ်ားအား သိုေလွာင္လက္စြပ္အတြင္း ထည့္သိမ္းကာ ေဆးလုံးတခ်ိဳ႕ေသာက္ကာ အားျဖည့္လိုက္သည္။

လ်ဴမိန္ရႈကလည္း သူတို႔လို လိုက္လုပ္ကာ တင္ပ်ဥ္ေခြထိုင္လိုက္ၿပီး အားျပန္ျဖည့္ဖို႔ က်င့္ႀကံလိုက္သည္။

သူမအနားရွိ အရွိန္အဝါမ်ားအရ အံ့ဖြယ္ခႏၶာကိုယ္အဆင့္ ေရာက္ေနေၾကာင္း ျပသေနေလသည္။

သူမက မ်က္လုံးကို မွိတ္လိုက္ၿပီး စဥ္းစားလိုက္သည္။

ငါ ဒီလွ်ိဳ႕ဝွက္နယ္ေျမထဲကို ေရာက္လာတာ ႏွစ္၇၀၀ ေက်ာ္ေနၿပီ။ ဒီႏွစ္ရာခ်ီအတြင္းမွာ ေနာက္ဆုံးေတာ့ ဗဟိုခ်က္ကို ေရာက္ေတာ့မယ္

သူမက ဗဟိုခ်က္ကို ခ်ိဳးေဖာက္ၿပီးသည္ႏွင့္ ရရွိမည့္ အက်ိဳးအျမတ္ကို ေတြးကာ စိတ္လႈပ္ရွားလာမိသည္။ သူမက ထိုလွ်ိဳ႕ဝွက္နယ္ေျမအတြက္ မ်ားစြာ စေတးထားရသည္။

သူမက ေက်ာင္းေတာ္ရွိ ေကာင္းကင္ေ႐ြးခ်ယ္ခံ စစ္ေဆးမႈကိုလည္း မတက္ေရာက္ႏိုင္ခဲ့သည့္အတြက္ သူမ နာမည္ကိုလည္း ေကာင္းကင္တာအို ကာကြယ္ေရးစာအုပ္တြင္ ထားဖို႔ အခြင့္အေရး မရခဲ့ေပ။ ထိုအရာက သူမအား တာအိုေက်ာက္ျပားကို အသုံးျပဳခြင့္မရဘဲ သူမ၏ ကိုယ္ပိုင္က်မ္းကို ဖန္တီးဖို႔လည္း မျဖစ္ႏိုင္ခဲ့ေပ။

သို႔ေသာ္လည္း လ်ဴမိန္ရႈက ထိုအရာမ်ားကို ဂ႐ုမစိုက္ေပ။

ကာကြယ္ေရးစာအုပ္ႏွင့္ ပတ္သက္လာသည့္အခါ ထိုအရာက သူမအား ကမာၻဦးစိတ္ဝိညာဥ္အဆင့္ မတိုင္ခင္အထိသာ ကာကြယ္ေပးထားႏိုင္လိမ့္မည္။ သူမ၏ အဆင့္အတန္းျဖင့္ သူမသာ ဂ႐ုစိုက္သေ႐ြ႕ ေသျခင္းတရားကို စိုးရိမ္ေနစရာ မလိုေပ။

တာအိုေက်ာက္ျပားမ်ားႏွင့္ က်မ္း ဖန္တီးဖို႔အတြက္မူ သူတို႔က သူမအေပၚ အနည္းငယ္သာ သက္ေရာက္မႈ ရွိေလသည္။ သူမက အထြတ္အထိပ္နယ္ပယ္သို႔ မေရာက္ခင္ ဖန္တီးႏိုင္သေ႐ြ႕ ဧကရာဇ္တစ္ပိုင္းအဆင့္ ျဖစ္လာကာ ေကာင္းကင္အလိုဆႏၵကို ယွဥ္ၿပိဳင္ႏိုင္လိမ့္မည္။

အံ့ဖြယ္ခႏၶာကိုယ္အဆင့္ မဝင္ခင္ က်မ္း ဖန္တီးျခင္းက ခိုင္မာသည့္ အေျခခံအုတ္ျမစ္ကို ထားရွိဖို႔ အေကာင္းဆုံးအခ်ိန္ ျဖစ္၏။ သို႔ေသာ္လည္း တစ္ေယာက္ေယာက္က အထြတ္အထိပ္နယ္ပယ္ အဆင့္မဝင္ေရာက္ခင္ လုပ္ႏိုင္ပါက အဆင္ေျပေသးသည္။ အေျခခံအုတ္ျမစ္ တည္ေဆာက္ဖို႔ အခ်ိန္ပိုယူရ႐ုံမွ်သာ ျဖစ္၏။

လ်ဴမိန္ရႈက အသက္ျပင္းျပင္း ရႉၿပီးသည့္ေနာက္တြင္ သူမ၏ သားရဲသခင္ေျမပုံႏွင့္ ကံၾကမၼာေကာင္း မီးေတာက္ကို အသုံးျပဳကာ သူမ၏ အတြင္းအဂၤါမ်ားကို စတင္ေလ့က်င့္လိုက္သည္။ ဤလွ်ိဳ႕ဝွက္နယ္ေျမအတြင္းမွ ရရွိထားေသာ အရင္းအျမစ္မ်ားျဖင့္ သူမက လူသားအဆင့္ပင္ ၿပီးေျမာက္လုနီးပါး ျဖစ္ေနေလၿပီ။ သို႔ေသာ္ သူမက ၾကာၾကာမက်င့္ႀကံႏိုင္ခင္ ဆက္သြယ္ေရးအေဆာင္မွ သတိေပးခ်က္တစ္ခု လက္ခံရရွိလိုက္သည္။

သူမက မ်က္ေမွာင္ၾကဳတ္ကာ အေဆာင္ကို ယူၿပီး ေရ႐ြတ္လိုက္သည္ " ငါက အေရးႀကီးကိစၥ မဟုတ္ရင္ မဆက္သြယ္ဖို႔ ေျပာထားတယ္ေလ"

သူမက အံ့ဖြယ္အသိစိတ္ျဖင့္ သတင္းကို စစ္ေဆးၾကည့္လိုက္သည့္အခါ ႐ုတ္ခ်ည္းထရပ္မိသြားသည္။ ထိုအခါ အႀကီးအကဲႏွစ္ဦးကလည္း အလန႔္တၾကား ျဖစ္သြားေလ၏။

" သားရဲသခင္ငယ္ ဘာျဖစ္လို႔လဲ" တစ္ေယာက္က ေမးလိုက္သည္။

" ဒီလွ်ိဳ႕ဝွက္နယ္ေျမအေၾကာင္း သတင္းက ေပါက္ၾကားသြားၿပီ" လ်ဴမိန္ရႈက အံႀကိတ္ကာ ေျပာလိုက္သည္။

" ဘယ္လို" အႀကီးအကဲႏွစ္ဦးလုံးက တစ္ၿပိဳင္နက္ ေျပာလိုက္ၾကသည္။

" ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ"

လ်ဴမိန္ရႈက သူတို႔ကို မတုံ႔ျပန္ေသးဘဲ တစ္ေယာက္ေယာက္ႏွင့္ ဆက္ႏြယ္ကာ အေျဖကို ရွာဖို႔ ႀကိဳးစားလိုက္သည္။

" က်ီမိသားစုက ငါတို႔ကို ေတြ႕သြားတယ္လို႔ ထင္လား" ကြၽဲ႐ိုင္းအႀကီးအကဲက ေမးလိုက္သည္။

" အဲလိုလည္း မျဖစ္ႏိုင္ဘူး။ ကြၽန္မက ဒီကို မလာခင္ကတည္းက အကုန္လုံးကို ဖိဖိစီးစီး လုပ္ခဲ့ၿပီးသား။ ဒဏ္ရာရခ်င္ေယာင္ေဆာင္ၿပီးေတာ့ ျပန္လည္အားေမြးေနတယ္ဆိုၿပီးေတာ့ေတာင္ အေယာင္ေဆာင္ခဲ့ေသးတယ္" သူမက ေခါင္းခါလ်က္ ျပန္ေျဖလိုက္သည္။

သားရဲေမြးျမဴေရး ေတာင္ၾကားသည္ မဟာဧကရာဇ္တစ္ပါးရွိသည့္ ဧကရာဇ္မ်ိဳးႏြယ္တစ္ခု ျဖစ္သည္။ သို႔ေသာ္လည္း သူတို႔၏ သားရဲမ်ားကို ထိန္းခ်ဳပ္ႏိုင္စြမ္းႏွင့္ ေလ့က်င့္ေပးႏိုင္စြမ္းေၾကာင့္ ကမာၻတြင္ ထူးျခားသည့္ အေနအထားကို ပိုင္ဆိုင္ထားၾကသည္။ သူတို႔ဂိုဏ္း၏ သားရဲဧကရာဇ္သည္ သူ႔တာအိုကို သက္ေသျပၿပီးသည့္ေနာက္တြင္ အဆင့္ ၁၀ သို႔မဟုတ္ မဟာဧကရာဇ္အဆင့္ နတ္ဆိုးသားရဲငါးေကာင္ႏွင့္အထက္ကို သူ႔ေနာက္လိုက္အျဖစ္ စုေဆာင္းႏိုင္ခဲ့သည္ကို ေကာလဟာလမ်ား ရွိခဲ့ဖူးသည္။

သူက ထိုအရာအားလုံး သို႔မဟုတ္ တခ်ိဳ႕တစ္ဝက္ကို သားရဲေမြးျမဴေရး ေတာင္ၾကားဆီ ေပးကာ ကမာၻမွ ထြက္သြားခဲ့သည္။ မဟာဧကရာဇ္တစ္ပါးတည္း ရွိေသာ္လည္း သူတို႔ဂိုဏ္း၏ အဆင့္အတန္းက ဤကမာၻတြင္ အေတာ္ေလး ျမင့္မားလာသည္။

ထို႔ေနာက္ သူမက လူတခ်ိဳ႕သည္ သူမေနာက္ ေနာက္ေယာင္ခံေၾကာင္း မွတ္မိသြားသည္။ သူမက သူတို႔၏ ေနာက္ေယာင္ခံမႈကို မ်က္ေျချဖတ္ခဲ့ေၾကာင္း ေတြးမိေသာ္လည္း ထိုသို႔ျဖစ္ခဲ့ဟန္ မေပၚေပ။

ထို႔ေၾကာင့္ သူမက သူမေနာက္ကို လွ်ိဳ႕ဝွက္စြာ လိုက္ေနသည့္ ထိုလူမ်ားအား အမွတ္ရဖို႔ ႀကိဳးစားလိုက္သည္။

" က်ီမိသားစုက ငါတို႔ကို တကယ္ပဲ ရွာေတြ႕သြားတာလား" လ်ဴမိန္ရႈက ေရ႐ြတ္လိုက္သည္။

သားရဲေမြးျမဴေရး ေတာင္ၾကား၏ အေျခအေနမ်ားက ရႈပ္ေထြးလြန္းလွသည္။ ဂိုဏ္းက သားရဲဧကရာဇ္ တစ္ေယာက္ကို သက္ေသျပၿပီး သူ႔ကိုယ္သူ ဧကရာဇ္ဟု မေၾကညာခင္အထိ အထြတ္အထိပ္နယ္ေျမ တစ္ခုသာ ျဖစ္ခဲ့သည္။

သူ၏ လမ္းၫႊန္မႈျဖင့္ သူက အသေခ်ၤအင္ပါယာကမာၻတစ္ဝွမ္း နတ္ဆိုးသားရဲမ်ား ေရာင္းခ်ျခင္း စီးပြားေရးကို စတင္ ဖန္တီးခဲ့ၿပီး ဂိုဏ္းအတြက္ အေျခခံအုတ္ျမစ္ကို ခ်မွတ္ေပးခဲ့သည္။ ထို႔ေနာက္ သူက ထြက္ခြာသြားခဲ့၏။

သူ ထြက္ခြာသြားၿပီးသည့္ေနာက္တြင္ သူ႔မိသားစု ျဖစ္သည့္ က်ီမိသားစုက သားရဲေမြးျမဴေရးေတာ င္ၾကားတြင္ စတင္အာဏာႀကီးထြားလာသည္။ သားရဲဧကရာဇ္က ေပးခဲ့သည့္ တခ်ိဳ႕လွ်ိဳ႕ဝွက္နည္းလမ္းမ်ားေၾကာင့္ က်ီဧကရာဇ္က အသေခ်ၤတစ္ပိုင္း သားရဲခႏၶာကိုယ္ ဖန္တီးႏိုင္စြမ္း ရွိျခင္းႏွင့္ အစစ္အမွန္ ေပၚလာပါက ေနာက္ေယာင္ခံႏိုင္ျခင္း နည္းလမ္းတို႔ကို ပိုင္ဆိုင္ထားေလသည္။

 ထို႐ုပ္ခႏၶာက သူတို႔၏ ဧကရာဇ္က်မ္းျဖစ္သည့္ သားရဲသခင္ေျမပုံႏွင့္ အသင့္ေတာ္ဆုံး ျဖစ္ေလသည္။ အားေကာင္းသည့္ ေကာင္းကင္ေ႐ြးခ်ယ္ခံမ်ားက သူတို႔မိသားစုအတြင္း ေပၚထြက္လာကာ ဂိုဏ္းအတြင္း အားအေကာင္းဆုံး အင္အားစုအျဖစ္ သူတို႔အဆင့္အတန္းကို ခိုင္မာေအာင္ ျပဳလုပ္ထားသည္။

တျခားေသာ အင္အားစုမ်ားကလည္း က်ီမိသားစု ႐ုတ္ခ်ည္းျမင့္တက္လာမႈႏွင့္ ပတ္သက္ၿပီး မေပ်ာ္႐ႊင္ၾကေပ။ မ်ိဳးဆက္အနည္းငယ္ ၾကာျမင့္ၿပီးသည့္ေနာက္တြင္ သားရဲေမြးျမဴေရး ေတာင္ၾကားသည္ က်ီမိသားစု၏ အပိုင္အျဖစ္ ေျပာင္းလဲသြားေလသည္။ အေၾကာင္းမွာ သူတို႔တြင္ ကိုင္ေဆာင္ထားသည့္ အာဏာေၾကာင့္ ျဖစ္၏။

တျခားလူမ်ားက ထိုအခ်က္ကို လက္မခံႏိုင္ၾကေပ။ ထို႔ေၾကာင့္ အခ်င္းခ်င္း တိုက္ခိုက္မႈမ်ားက စတင္ျဖစ္ပ်က္လာ၏။ ကံဆိုးစြာျဖင့္ က်ီမိသားစုက အလြန္အားေကာင္းေနကာ တျခားေသာ အင္အားစုမ်ားက အတူတကြ ေပါင္းစည္းမွသာ သူတို႔ႏွင့္ ယွဥ္ႏိုင္႐ုံမွ်သာ ျဖစ္၏။

သူတို႔အတြက္ ကံေကာင္းသည္မွာ ဤမ်ိဳးဆက္တြင္ သူတို႔က က်ီမိသားစုထက္အရင္ အသေခ်ၤသားရဲခႏၶာပိုင္ရွင္ကို ရွာေဖြေတြ႕ရွိခဲ့သည္။ သူတို႔က လ်ဴမိန္ရႈကို ေခၚယူကာ သူမအား သူတို႔အရင္းအျမစ္မ်ား၊ အားစိုက္ထုတ္မႈမ်ားျဖင့္ ျပဳစုပ်ိဳးေထာင္ေပးခဲ့သည္။ သူတို႔က သူမအေပၚ ေမွ်ာ္လင့္ခ်က္အကုန္ ပုံေအာထားခဲ့ၾက၏။

သူမကလည္း သူတို႔ကို စိတ္မပ်က္ေစေပ။ သူမက က်ီမိသားစု၏ အသေခ်ၤတစ္ပိုင္း သားရဲခႏၶာကိုယ္ပိုင္ရွင္အား အလြယ္တကူ ဖိႏွိပ္ကာ သတ္ျဖတ္ႏိုင္ခဲ့ၿပီး သူ႔ ေသြးအဆီအႏွစ္ကို စုပ္ကာ ဤမ်ိဳးဆက္အတြင္း သားရဲေမြးျမဴေရး ေတာင္ၾကား၏ သားရဲသခင္ငယ္တစ္ေယာက္ ျဖစ္လာခဲ့သည္။

သို႔ေသာ္လည္း လ်ဴမိန္ရႈ၏ ဘဝက မလြယ္ကူေပ။ က်ီမိသားစုက သူမ ရရွိသည့္ အရင္းအျမစ္မ်ားကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ဘာမဆိုလုပ္ေနၾကသည္။ အကယ္၍ သူမသာ မဟာဧကရာဇ္ျဖစ္လာပါက သူတို႔မိသားစုသည္ သူတို႔အဆင့္အတန္း ေပ်ာက္ဆုံးသြားမည္သာမက အသတ္ခံရႏိုင္ေခ်ရွိေၾကာင္း သိထားၾကေလသည္။

က်ီမိသားစုက သူမကို သတ္ျဖတ္ဖို႔အတြက္ လုပ္ႀကံသူမ်ားလည္း ေစလႊတ္ကာ သူမ ႀကီးထြားလာျခင္းကို တားဆီးၾကသည္။ တျခားအင္အားစုမ်ားက ေဒါသထြက္ၾကေသာ္လည္း သူတို႔တြင္ ေကာင္းကင္ေ႐ြးခ်ယ္ခံ ျမင့္တက္မႈႏွင့္ သူတို႔၏ ျမင့္တက္မႈကို အာမခံေပးႏိုင္သည့္ အစီအစဥ္ ရွိထားေသာေၾကာင့္သာ ေအာင့္အီးသည္းခံေနရသည္။

လ်ဴမိန္ရႈသည္ ငယ္စဥ္အခါကတည္းက လွ်ိဳ႕ဝွက္နယ္ေျမအေၾကာင္းကို သင္ယူခဲ့ရသည္။

သူမက ထိုလွ်ိဳ႕ဝွက္နယ္ေျမအတြင္းမွ အက်ိဳးအျမတ္ ရရွိႏိုင္သေ႐ြ႕ ေကာင္းကင္ဇာမဏီဧကရာဇ္၏ ဂုဏ္သတင္းကို ျပန္လည္ဖန္တီးႏိုင္လိမ့္မည္။ သူမက လ်ဴမိန္ရႈႏွင့္ ႐ုပ္ခႏၶာတူ ဧကရာဇ္တစ္ပါး ျဖစ္ေသာ္လည္း အစစ္အမွန္ ဇာမဏီတစ္ေကာင္၏ ေသြးအဆီအႏွစ္ကို စုပ္ယူၿပီးသည့္ေနာက္ ကံအေျပာင္းအလဲ အခြင့္အေရး ရခဲ့ျခင္း ျဖစ္ေလသည္။

ထိုေသြးအဆီအႏွစ္ျဖင့္ အသေခ်ၤသားရဲခႏၶာကိုယ္က လူမ်ားစြာ၏ စိတ္ကူးထက္အလြန္ စြမ္းအားကို ထုတ္ျပႏိုင္လာခဲ့သည္။

....................................

လ်ဴမိန္ရႈက သူမ ဘယ္လိုရွာေတြ႕သြားေၾကာင္း စဥ္းစားေနစဥ္ ႐ုတ္ခ်ည္းဆိုသလို အားေပ်ာ့ကာ ေသခ်ာထိန္းခ်ဳပ္ထားသည့္ ထူးထူးဆန္းဆန္း စြမ္းအားတစ္ခု ခံစားမိသည္ကို အမွတ္ရသြားေလသည္။ အကယ္၍ သူမ၏ သားရဲ အလိုလိုသိစိတ္ေၾကာင့္သာ မဟုတ္လွ်င္ ထိုအရာကို သတိထားမိမည္ မဟုတ္ေပ။

" အဲဒါက အရိပ္ရဲ႕ စြမ္းအားပဲ။ ဒါကို ေတာ္ေတာ္ေလး ရင္းႏွီးေနတယ္။ ဘယ္မွာခံစားဖူးပါလိမ့္... တာအိုအခြင့္အလမ္းဂိုဏ္းရဲ႕ အရိပ္အုပ္စိုးသူက်မ္းပဲ"

ထို႔ေနာက္ သူမက ႐ုတ္ခ်ည္းဆိုသလို ခ်ီကံေကာင္းမႈစစ္ေဆးပြဲအတြင္း ႀကဳံေတြ႕ခဲ့ရသည့္ အျဖစ္အပ်က္ကို အမွတ္ရသြားေလသည္။

" ဝမ္ေဝ့ ... သူပဲ ျဖစ္ရမယ္" လ်ဴမိန္ရႈက အံႀကိတ္ကာ ေရ႐ြတ္လိုက္သည္။ သူမက ဝမ္ေဝ့သည္ သူမကို အာ႐ုံစိုက္ကာ ေနာက္ေယာင္ခံဖို႔ လူမ်ားလႊတ္ထားေၾကာင္း မွန္းဆမိလိုက္သည္။

သို႔ေသာ္ သူမက သူသည္ ထိုလွ်ိဳ႕ဝွက္နယ္ေျမအေၾကာင္းကို အဘယ္ေၾကာင့္ သတင္းလႊင့္လိုက္ရသလဲဟု နားမလည္ႏိုင္ျဖစ္ေနသည္။ ဤအေျခအေနတြင္ အေကာင္းဆုံးအျပဳအမူက သူမ ဗဟိုခ်က္ထဲ ဝင္သြားသည္အထိ ေစာင့္ကာ မွ်ားေခၚသင့္သည္ မဟုတ္ပါေလာ။

သို႔ေသာ္လည္း သူက ထိုသို႔မလုပ္ခဲ့ေပ။

" ဒါက တမင္ သတင္းလႊင့္လိုက္တာ မဟုတ္သေ႐ြ႕ေပါ့" လ်ဴမိန္ရႈက ေရ႐ြတ္လိုက္သည္။ သူမက ခဏၾကာ စဥ္းစားၿပီးသည့္ေနာက္တြင္ ႏွာေခါင္းရႈံ႕ကာ အႀကီးအကဲမ်ားအား ေျပာလိုက္သည္။

" အခု ကြၽန္မတို႔ ဖ်က္ဆီးခဲ့တဲ့ အစီအရင္ေတြအကုန္လုံးကို ျပန္ၿပီးေတာ့ အသက္သြင္းရမယ္။ ကြၽန္မတို႔ ႀကိဳးစားခဲ့တာေတြကို တျခားသူေတြကို အခြင့္ေကာင္း ယူခိုင္းလို႔ မျဖစ္ဘူး"

Continue Reading

You'll Also Like

555K 16.2K 39
MALE WEDNESDAY X READER "I love you...Wednesday Addams" The girl cried while hugging him as tight as she could. "I love you too....Amore mio. Please...
27.5K 5.5K 34
سالی دوای ئەوەی هەلی دووەمی پێدەدرێت و دەگەڕێتەوە ژیان بڕیاردەدات هەرگیز نەکەوێتەوە خۆشەویستی تایهیۆنگەوە ،..سەرکەوێت بەسەر ئەوکەسانەی ئازاریان داوە...
71.8K 2.2K 24
this is going to be based off the books currently under editing!! any suggestions please do tell me please enjoy ☆