ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏...

By kilulayuu121

27.9K 3.1K 487

sequel of book 1 More

အခန်း(201)
အခန်း(202)
အခန်း(203)
အခန်း(204)
အခန်း(205)
အခန်း(206)
အခန်း(207)
အခန်း(208)
အခန်း(209.1)
အခန်း(209.2)
အခန်း(209)
အခန်း(210)
အခန်း(211)
အခန်း(212)
အခန်း(213)
အခန်း(214)
အခန်း(215)
အခန်း(216)
အခန်း(217)
အခန်း(218)
အခန်း(219)
အခန်း(219)
အခန်း(220)
အခန်း(221)
အခန်း(222)
အခန်း(223)
အခန်း(224)
အခန်း(225)
အခန်း(226)
အခန်း(၂၂၇)
အခန်း(228)
အခန်း(229)
အခန်း(230)
အခန်း(231)
အခန်း(232)
အခန်း(233)
အခန်း(234)
အခန်း(235)
အခန်း(236)
အခန်း(237)
အခန်း(238)
အခန်း(239)
အခန်း(240)
အခန်း(241)
အခန်း(၂၄၂)
အခန်း(243)
အခန်း(244)
အခန်း(245)
အခန်း(246)
အခန်း(247)
အခန်း(248)
အခန်း(249)
အခန်း(250)
အခန်း(251)
အခန်း(252)
အခန်း(၂၅၃)
အခန်း(၂၅၄)
အခန်းူ(255)
အခန်း(256)
အခန်း(257)
အခန်း(258)
အခန်း(259)
အခန်း(260)
အခန်း(261)
အခန်း(262)
အခန်း(၂၆၃)
အခန်း(၂၆၄)
အခန်း(၂၆၅)
အခန်း(၂၆၆)
အခန်း(၂၆၇)
အခန်း(၂၆၈)
အခန်း(၂၆၉)
အခန်း(၂၇၀)
အခန်း(၂၇၁)
အခန်း(၂၇၂)
အခန်း(၂၇၃)
အခန်း(၂၇၄)
အခန်း(၂၇၅)
အခန်း(၂၇၆)
အခန်း(၂၇၇)
အခန်း(၂၇၈)
အခန်း(၂၇၉)
အခန်း(၂၈၀)
အခန်း(၂၈၁)
အခန်း(၂၈၂)
အခန်း(၂၈၃)
အခန်း(၂၈၄)
အခန်း(၂၈၅)
အခန်း(၂၈၆)
အခန်း(၂၈၇)
အခန်း(၂၈၈)
အခန်း(၂၈၉)
အခန်း(၂၉၀)
အခန်း(၂၉၁)
အခန်း(၂၉၂)
အခန်း(၂၉၃)
အခန်း(၂၉၄)
အခန်း(၂၉၅)
အခန်း(၂၉၆)
အခန်း(၂၉၇)
အခန်း(၂၉၈)
အခန်း(၂၉၉)
အခန်း(၃၀၀)
အခန်း(၃၀၁)
အခန်း(၃၀၂)
အခန်း(၃၀၃)
အခန်း(၃၀၄)
အခန်း(၃၀၅)
အခန်း(၃၀၆)
အခန်း(၃၀၇)
အခန်း(၃၀၈)
အခန်း(၃၀၉)
အခန်း(၃၁၀)
အခန်း(၃၁၁)
အခန်း(၃၁၂)
အခန်း(၃၁၃)
အခန်း(၃၁၄)
အခန်း(၃၁၅)
အခန်း(၃၁၆)
အခန်း(၃၁၇)
အခန်း(၃၁၈)
အခန်း(၃၁၉)
အခန်း(၃၂၀)
အခန်း(၃၂၁)
အခန်း(၃၂၂) Book 23 End
အခန်း(၃၂၃)
အခန်း(၃၂၄)
အခန်း(၃၂၅)
အခန်း(၃၂၆)
အခန်း(၃၂၇)
အခန်း(၃၂၈)
အခန်း(၃၂၉)
အခန်း(၃၃၁)
အခန်း(၃၃၂)
အခန်း(၃၃၃)
အခန်း(၃၃၄)
အခန်း(၃၃၅)
အခန်း(၃၃၆) End of book 24
အခန်း(၃၃၇)
အခန်း(၃၃၈)
အခန်း(၃၃၉)
အခန်း(၃၄၀)
အခန်း(၃၄၁)
အခန်း(၃၄၂)
အခန်း(၃၄၃)
အခန်း(၃၄၄)
အခန်း(၃၄၅)
အခန်း(၃၄၆)
အခန်း(၃၄၇)
အခန်း(၃၄၈)
အခန်း(၃၄၉)
အခန်း(၃၅၀)
အခန်း(၃၅၁)
အခန်း(၃၅၂)
အခန်း(၃၅၃)
အခန်း(၃၅၄)
အခန်း(၃၅၅)
အခန်း(၃၅၆)
အခန်း(၃၅၇)
အခန်း(၃၅၈)
အခန်း(၃၅၉)
အခန်း(၃၆၀)
အခန်း(၃၆၁)
အခန်း(၃၆၂)
အခန်း(၃၆၃)
အခန်း(၃၆၄)
အခန်း(၃၆၅)
အခန်း(၃၆၆)
အခန်း(၃၆၇)
အခန်း(၃၆၈)
အခန်း(၃၆၉)
အခန်း(၃၇၀)
အခန်း(၃၇၁)
အခန်း(၃၇၂)
အခန်း(၃၇၃)
အခန်း(၃၇၄)
အခန်း(၃၇၅)
အခန်း(၃၇၆)
အခန်း(၃၇၇)
အခန်း(၃၇၈) book 27 end
အခန်း(၃၇၉)
အခန်း(၃၈၀)
အခန်း(၃၈၁)
အခန်း(၃၈၂)
အခန်း(၃၈၃)
အခန်း(၃၈၄)
အခန်း(၃၈၅)
အခန်း(၃၈၆)
အခန်း(၃၈၇)
အခန်း(၃၈၈)
အခန်း(၃၈၉)
အခန်း(၃၉၀)
အခန်း(၃၉၁)
အခန်း(၃၉၂)
အခန်း(၃၉၃)
အခန်း(၃၉၄)
အခန်း(၃၉၅)
အခန်း(၃၉၆)
အခန်း(၃၉၇)

အခန်း(၃၃၀)

91 9 0
By kilulayuu121


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၄)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၃၀) : မမျှော်လင့်ထားသည့် ပြဿနာ

လီကျွင်းက နတ်ဘုရားတချို့၏ မျက်နှာမှ မျှော်လင့်တောင့်တနေသည့် အရိပ်အယောင်ကို မြင်လိုက်ရသည့်အတွက် ရန်သူအား မျှားခေါ်ဖို့အတွက် ဆက်လက်သရုပ်ဆောင်လိုက်သည်။

" ခင်ဗျားတို့တွေလည်း ပိုအားကောင်းပြီးတော့ ခင်ဗျားတို့ရဲ့ ဂုဏ်ပုဒ်ကို ချီးကျူးပြီး သီကျူးပေးမဲ့ မျိုးနွယ်သန်းချီရှိလာမဲ့ နတ်ဘုရားတစ်ပါး ဖြစ်ချင်ကြမှာပဲ။ ပိုအရေးကြီးတာက ခင်ဗျားတို့က မသေမျိုးဘဝကို ရရှိနိုင်တယ်။ အထွတ်အထိပ် နတ်ဘုရားအနေနဲ့တောင်မှပဲ ခင်ဗျားတို့က အသက်အရွယ်ကြီးရင့်ပြီး တစ်ရက်မှာ သေရဦးမှာပဲ။"

" ဒါက ကလေးတွေကို မြှူဆွယ်နေတဲ့စကားနဲ့ ပိုတူတယ်" မီးနတ်ဘုရားက ပြောလိုက်သည် " မင်းက ငါတို့ကို အဲလိုအင်အားမျိုး ပေးနိုင်စရာ အကြောင်းမရှိဘူး"

" ခင်ဗျား ပြောတာ မှန်တယ်" လီကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည် " ဒါပေမဲ့ ကျုပ်က ခင်ဗျားတို့ကို ဒီလိုစွမ်းအားမျိုး မပေးနိုင်ပေမဲ့ ဒီလိုအရာကို ရနိုင်တဲ့ အခွင့်အရေးတော့ ပေးနိုင်တယ်။ ဒီကမ္ဘာမှာ ချုပ်နှောင်ခံနေမယ်ဆိုရင် ခင်ဗျားတို့တွေ အဲဒီအခွင့်အရေးကို ရလာနိုင်မှာ မဟုတ်ဘူး"

အထွတ်အထိပ် နတ်ဘုရားများက ထိုအရာကို ကြားပြီး တိတ်ဆိတ်သွားလေသည်။ လူများစွာက စိတ်ယိုင်သွားကြသော်လည်း တချို့လူများက လီကျွင်း၏ စကားကို သရော်လိုက်ကြသည်။ သို့သော်လည်း လီကျွင်းက ဂရုမစိုက်ပေ။ လူတချို့က စိတ်ပါသွားသရွေ့ သူတို့အချင်းချင်းကြားတွင် အဖွဲ့ခွဲများဖြစ်သွားစေဖို့ လုံလောက်စေသည်။

" မင်းတို့ကမ္ဘာက အရမ်းအားကောင်းတယ်ဆိုတော့ ငါတို့ဆီ လာဖို့ ဘာလို့ လိုနေတာလဲ" ထိုနတ်ဘုရားထဲမှ တစ်ယောက်က မေးလိုက်သည်။

" ကျုပ်တို့ဂိုဏ်းရဲ့ အမွေခံသားတော်က ဒီကမ္ဘာကို အကြောင်းအရင်းတစ်ခုကြောင့် လိုအပ်လို့ပဲ" လီကျွင်းက ပြောလိုက်သည်။ ထို့နောက် လီကျွင်းက သက်ပြင်းချကာ အသာလေး ရေရွတ်လိုက်သည် " ဟား...အစ်ကိုကြီးသာ ဒီမှာ ရှိလို့ကတော့ ခင်ဗျားတို့ကမ္ဘာကို အုပ်စိုးဖို့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး။ အားလုံးကို ချက်ချင်းသတ်ဖြတ်လိုက်တာနဲ့ ဒီကမ္ဘာကို အလွယ်လေး အုပ်စိုးနိုင်မှာပဲ"

လီကျွင်း၏ ရေရွတ်သံက တိုးလျသောကြောင့် သေမျိုးများက ကြားနိုင်မည် မဟုတ်သော်လည်း ဤလူများကား လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူနှင့် တူညီသည့် အထွတ်အထိပ်နတ်ဘုရားများ ဖြစ်သောကြောင့် သူ့စကားများကို မကြားနိုင်စရာ မရှိပေ။

လီကျွင်းက ထိုစကားများကို ယုံကြည်လောက်ဖွယ် ပြောလိုက်သည့်အတွက် တခြားလူများအား သူတို့စကားကို ယုံကြည်လာအောင် လွှမ်းမိုးဖို့ လုံလောက်ပေသည်။ ထို့အပြင် သူက လိမ်ညာနေခြင်း မဟုတ်ပေ။

လက်ရှိ ဝမ်ဝေ့၏ စွမ်းအားဖြင့် အလယ်အလတ်ကမ္ဘာကို အုပ်စိုးဖို့ ခက်ခဲမည် မဟုတ်ပေ။ အမှန်အတိုင်းပြောရလျှင် လီကျွင်း၏ လက်ရှိအဆင့်ဖြင့်ပင် ဤကမ္ဘာအား အလွယ်တကူ အုပ်စိုးနိုင်လေသည်။

သို့သော်လည်း သူက ဤကမ္ဘာသည် မြင်ရသလောက် မရိုးရှင်းသည့်အတွက် ကိစ္စများကို ဖြည်းဖြည်းချင်း လုပ်ကိုင်ဖို့အတွက် သတိပေးထားလေသည်။ ဂမ္ဘီရက ဤကမ္ဘာအတွက် အဆုံးစွန်သော နည်းလမ်းများ ထုတ်သုံးခြင်းက မမျှော်လင့်သည့် ကပ်ဘေးများကို ဖြစ်ပေါ်လာလိမ့်မည်ဟု ပြောထားသည်။ ထို့ကြောင့် သူက ဖြည်းဖြည်းချင်း စီမံကာ သူ့ခြေလှမ်းများအား တစ်လှမ်းချင်းစီ စီစဉ်နေခြင်း ဖြစ်၏။

လီကျွင်းက ထိုနတ်ဘုရားများအား ကြည့်ကာ ပြောလိုက်သည် " ကျုပ်က ခင်ဗျားတို့ကို ဖိတ်ခေါ်ပြီးသွားပြီ။ တကယ်လို့ ကျုပ်တို့ကို ဆက်သွယ်ပြီးတော့ အပေးအယူ လုပ်ချင်တယ်ဆိုရင် ဒါလေးကို သုံးလိုက်ပါ"

သူက လက်ဝှေ့လိုက်ပြီး ကျောက်စိမ်းအဆောင်တစ်ခုစီကို အထွတ်အထိပ်နတ်ဘုရားများဆီ ပို့ပေးပြီး သူက ထွက်သွားဖို့ ပြင်လိုက်သည်။

" ခဏလေး။ သေခြင်းတရားနတ်ဘုရားက ဘာဖြစ်သွားတာလဲ" ရှင်သန်ခြင်းနတ်ဘုရားမက မေးလိုက်သည်။

" သူက သေပြီ" လီကျွင်းက ပျောက်ကွယ်မသွားခင် ပြောလိုက်၏။

အထွတ်အထိပ် နတ်ဘုရားများက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီး အဆောင်ကိုယူကာ သူတို့၏ ဘုံဗိမာန်သို့ ပြန်သွားကြလေသည်။ လေးယောက်တည်းသာ ကျန်ရှိနေလေ၏။ ထိုသူများမှာ ကံကြမ္မာ နတ်ဘုရားမ၊ ရှင်သန်ခြင်း နတ်ဘုရားမ၊ ဖျက်ဆီးခြင်း နတ်ဘုရားနှင့် အမိန့်မှာတမ်း နတ်ဘုရားတို့ ဖြစ်ကြသည်။

သူတို့က သူတို့၏ မြင့်မြတ်ဝိညာဉ်ဖြင့် တစ်ယောက်နှင့် တစ်ယောက် စတင်ဆက်သွယ်နေကြသည်။

" ငါ သေခြင်းတရား နတ်ဘုရားဆီကနေ သတင်းရလိုက်တယ်။ အပြင်လူတွေက မိခင်နတ်ဘုရားကို လွှမ်းမိုးဖို့ နည်းလမ်း ရှိတယ်တဲ့" ရှင်သန်ခြင်း နတ်ဘုရားမက ပြောလိုက်သည်။

" အခြေအနေတွေက ဖြည်းဖြည်းချင်း ထိန်းချုပ်မှုအောက်ကနေ ကင်းလွတ်သွားပြီ" ကံကြမ္မာနတ်ဘုရားမက ထပ်ပြောလိုက်သည် " ငါတို့တွေ လက်ရှိအခြေအနေကို ရင်ဆိုင်ဖို့ အစောင့်အရှောက်ကို အသက်သွင်းလိုက်တာ အကောင်းဆုံးပဲ"

" အဲလိုတုံးအအတွေ မပြောစမ်းပါနဲ့။" ဖျက်ဆီးခြင်း နတ်ဘုရားက ပြောလိုက်သည် " ငါတို့ကမ္ဘာက ဖျက်ဆီးခံရလုနီးပါး မဖြစ်နေသရွေ့ အဲဒါကို အသက်သွင်းလို့ မဖြစ်ဘူး"

" ငါတို့တွေ ကိစ္စတွေ ဆိုးရွားတဲ့အထိ စောင့်နေရမှာလား" သူမက ပြန်ပြောလိုက်သည်။ ယနေ့အဖြစ်အပျက်အပြီး ကံကြမ္မာနတ်ဘုရားမက သေခြင်းတရား နတ်ဘုရားနောက်တွင် ကပ်ဘေးခံစားရမည့်သူမှာ သူမ ဖြစ်နေမည်ဟု ခံစားချက် ရရှိနေလေ၏။ သူမက သူမ၏ အလိုလိုသိစိတ်ကို ယုံကြည်ထားသည်။

" ဖျက်ဆီးခြင်း နတ်ဘုရားပြောတာမှန်တယ်" ရှင်သန်ခြင်း နတ်ဘုရားမက ပြောလိုက်သည် " ပြီးတော့ ငါတို့တွေ သေခြင်းတရား နတ်ဘုရား မရှိဘဲ အစောင့်အရှောက်ကို အသက်သွင်းလို့ မရဘူး။ ငါတို့တွေ လူတစ်ယောက် လိုအပ်နေသေးတယ်"

" သေခြင်းတရား နတ်ဘုရားက သေတာ ဒါမှမဟုတ်ဘူးဆိုလည်း ဖမ်းဆီးခံရတာဆိုတော့ ငါတို့တွေ အခမ်းအနားတစ်ခု ကျင်းပပြီးတော့ သေခြင်းတရား နတ်ဘုရားရဲ့ တာဝန်ကို လွှဲပေးမဲ့ လူတစ်ယောက်ကို ရှာလိုက်ရုံပဲလေ။ အဲဒီနည်းနဲ့ဆိုရင် ငါတို့တွေ အစောင့်အရှောက်ကို အသက်သွင်းချင်တဲ့အခါ ပြဿနာမရှိဘဲ အမြန်အဆန် လုပ်ဆောင်နိုင်လိမ့်မယ်" ကံကြမ္မာနတ်ဘုရားမက အကြံပြုလိုက်သည်။

တခြားသူများကလည်း ခဏတာ စဉ်းစားလိုက်ကြသည်။ ထိုစဉ် ရှင်သန်ခြင်း နတ်ဘုရားမက ပြောလိုက်သည် " အကြံပြုချက်က ကောင်းတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုတော့ ရှိနေသေးတယ်။ ငါတို့တွေ ဘယ်သူ့ကို ယုံကြည်မှာလဲ။ အခု အပြင်လူတွေက ငါတို့လူတွေကို သူတို့ဘက်ပါအောင် မျှားခေါ်နေတာကို မြင်တယ်မလား။ တကယ်လို့ ငါတို့တွေ သေခြင်းတရား နတ်ဘုရားရဲ့ တာဝန်ကို လွှဲပေးမဲ့ လူတစ်ယောက်ကို ရွေးချယ်ချင်တယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့သူ ဖြစ်ဖို့ လိုအပ်တယ်"

အတိတ်မှာသာ ဖြစ်ပါက သူတို့ရွေးချယ်ရမည့် လူတချို့ ရှိလေသည်။ သို့သော် ယနေ့အဖြစ်အပျက်အပြီးတွင် မည်သူ့ကိုမှ မယုံကြည်နိုင်တော့ပေ။ ပြောရလျှင် သူတို့လေးဦးထဲတွင်ပင် တစ်ယောက်ယောက်က တခြားအတွေးများ ရှိနေနိုင်လေ၏။

ကံကြမ္မာနတ်ဘုရားမက အမိန့်မှာတမ်း နတ်ဘုရားအား တစ်ချက်ကြည့်လိုက်သည်။ ထိုနတ်ဘုရားသည် သူမနှင့် ယှဉ်လိုက်လျှင် အမြဲလိုလို ဆန်းကြယ်သည်။ မည်သူမှ သူ့အတွေးအခေါ်၊ သဘောတရား သို့မဟုတ် ယုံကြည်ချက်များကို မသိကြပေ။ အချိန်အများစုက သူက သူ့နယ်မြေတွင်သာ နေထိုင်လေ့ရှိသည်။

တခြားနတ်ဘုရားများနှင့် ပတ်သက်သည့်အခါ သူက အမြဲလိုလို တိတ်ဆိတ်နေပြီး နတ်ဘုရားများ ချမှတ်သည့် သဘောတူညီချက်များကိုသာ တိတ်ဆိတ်နေလျက် သဘောတူခဲ့သည်။ သူ့အမြင်ကို ထုတ်ပြောခြင်းမျိုး မရှိပေ။ အကယ်၍ သူတို့ငါးယောက်ကသာ အစောင့်အရှောက်ကို အသက်သွင်းထားနိုင်သည့်သူများကြောင့် မဟုတ်လျှင် သူမက သူ့ကို ပို၍ သံသယဝင်မိလိမ့်မည်။

" ငါတို့တွေ ယုံကြည်ရမယ်လို့ ထင်တဲ့ နတ်ဘုရားတစ်ပါးကို ရွေးပြီးတော့ လျှို့ဝှက်ချက်အနေနဲ့ သူ့ကို ကျိန်ဆိုခိုင်းပြီးတော့ ဝိညာဉ်မှာ အတားအဆီး ချထားလိုက်ရင် ဘယ်လိုလဲ။ အဲလိုဆိုရင် သူတို့က ငါတို့ကို သစ္စာဖောက်ပြီးတော့ အပြင်လူတွေကို သတင်းပေးလို့ မရတော့ဘူး" ကံကြမ္မာနတ်ဘုရားမက ပြောလိုက်သည်။

" အဲလိုတော့ အလုပ်ဖြစ်နိုင်တယ်။ သူတို့သာ ကျိန်ဆိုပြီးတော့ တားမြစ်ထားနိုင်သရွေ့ သူတို့အလိုရှိရင်တောင် ငါတို့ကို သစ္စာဖောက်နိုင်မှာ မဟုတ်ဘူး" ဖျက်ဆီးခြင်း နတ်ဘုရားက ပြောလိုက်သည် " ငါတို့စိတ်ပူရမဲ့ တစ်ခုတည်းသော အရာက သတင်းကြိုထွက်သွားပြီးတော့ အခမ်းအနား နှောင့်ယှက်ခံရမှာကိုပဲ။ ဒါပေမဲ့ ရွေးချယ်ခံ နတ်ဘုရားက သူတို့လုပ်ရမဲ့အရာကို မသိသေးဘူးဆိုရင်တော့ ပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်"

" အဲဒါကလည်း အပြင်လူတွေက ငါတို့ဝိညာဉ်မှာရှိနေတဲ့ အတားအဆီးကို ဖယ်ရှားနိုင်မဲ့ နည်းလမ်း မရှိသရွေ့ပေါ့" ရှင်သန်ခြင်းနတ်ဘုရားမက ပြောလိုက်သည်။

သူမ၏ စကားများက ကျန်ရှိနေသည့်သူများကို တိတ်ဆိတ်သွားစေသည်။

အဆုံးတွင် အမိန့်မှာတမ်း နတ်ဘုရားက စကားဝိုင်းတွင် ပထမဆုံး ဝင်ပြောလိုက်သည် " မင်းတို့တွေ နတ်ဘုရားဘုရင်ရဲ့ စွမ်းအားကို ယုံကြည်သင့်တယ်"

" အဟုတ်ပဲ" ကျန်လူများက ပြန်ဖြေလိုက်သည်။ ထို့နောက် သူတို့က တခြားသော အထွတ်အထိပ် နတ်ဘုရားများကြားတွင် မည်သူ့ကို ယုံကြည်ရမလဲဟု စတင်ဆွေးနွေးလာကြသည်။ သူတို့တွင် အစီအစဉ်တစ်ခု ရှိထားသော်လည်း ယုံကြည်စိတ်ချရပြီး ကောင်းကင်ဘုံဗိမာန် ကမ္ဘာသားတစ်ယောက်ဟု ခံယူထားသည့် သူကို ရွေးချယ်သည်က အကောင်းဆုံး ဖြစ်ပေသည်။

ထိုစဉ် လီကျွင်းက မရဏနယ်မြေမှ ထွက်လာပြီးနောက် သိပ်မကြာခင် တီးတိုးစွာ ရေရွတ်လိုက်သည် " ကြည့်ရတာ ငါ အဲဒီအထွတ်အထိပ် နတ်ဘုရားတွေကို လျှော့တွက်လို့ မဖြစ်ဘူးပဲ။ အများစုက တခြားကမ္ဘာတွေအကြောင်း သိထားပြီးပေမဲ့ ငါ့ဆီက သတင်းအချက်အလက် နှိုက်ဖို့ ရူးချင်ယောင်ဆောင်နေကြတယ်"

ထိုအရာကို သိထားသော်လည်း လီကျွင်းက ဂရုမစိုက်ပေ။ သူ့ရည်ရွယ်ချက်က ထိုနတ်ဘုရားများအား ပူးပေါင်းပြီး အစီအရင် ဖြိုခွင်းခြင်းကို တားဆီးဖို့ ဖြစ်၏။ ဤအရာက အားကောင်းသည့် ကောင်းကင်အဆင့် အစီအရင်ဖြစ်သော်လည်း ကန့်သတ်ချက်တော့ ရှိနေသေးသည်။

အကယ်၍ ထိုနတ်ဘုရားများသာ ထိုအစီအရင်ကို အချိန်အကြာကြီး ဆက်လက် တိုက်ခိုက်နေပါက အရင်းအမြစ်များစွာ ကုန်ဆုံးသွားနိုင်သည်။

ယခု သူက သူ့ရည်ရွယ်ချက်ကို ပြည့်မြောက်ရုံသာမက ထိုအထွတ်အထိပ်နတ်ဘုရားများကြားတွင် သူတို့၏ အလိုဆန္ဒနှင့် စွမ်းအားပေါ် မူတည်၍ အချင်းချင်း တိုက်ခိုက်နေကြောင်း စုံစမ်းနိုင်ခဲ့သည်။

မရဏနယ်မြေကို အုပ်စိုးပြီး သုံးရက်တာ ကြာမြင့်သွားပြီ ဖြစ်၏။

ပတ်လည်တွင် ချမှတ်ထားသည့် အစီအရင်က ကာကွယ်ရေးအတွက်သာမက တခြားသော ရည်ရွယ်ချက်အမျိုးမျိုးအတွက်လည်း အသုံးပြုနိုင်လေသည်။

တစ်ခုကား အမြောက်အများ ကူးသန်းပို့ဆောင်ရေး ဖြစ်၏။ ထိုအရာဖြင့် လီကျွင်းနှင့် ထျဲ့ကန်က သူတို့၏ တပ်ဖွဲ့အား နယ်မြေ၏ ဘယ်နေရာမဆို ကူးသန်းသွားလာ ပြောင်းရွှေ့နိုင်လေသည်။

နယ်မြေကို အုပ်စိုးပြီးသည်နှင့် လီကျွင်းက သူ့လူများအား နတ်ဘုရားရုပ်ထုများနှင့်အတူ ကျောင်းဆောင်များအား ဖြိုချဖို့ အမိန့်ပေးလိုက်သည်။ သူတို့အား အစားထိုးဖို့အတွက် ဝမ်ဝေ့ကို ပင်မနတ်ဘုရားအဖြစ် ထားထားသည့် ကျောင်းဆောင်များကို ဆောက်လုပ်ဖို့ ပြင်ဆင်ထားကြသည်။

သူတို့က သူ့နာမည်ကို သူတို့မွေးဖွားလာစဉ်ကတည်းက ကံကြမ္မာကို ဆုံးဖြတ်ပေးထားသည့် ကံကြမ္မာကြိုးမျှင်ကို ချုပ်ကိုင်ထားပြီး သက်ရှိအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်သည့် ကံကြမ္မာနတ်ဘုရားအဖြစ် သတင်းဖြန့်လိုက်ကြသည်။

သူ့ကျောင်းဆောင်တွင် ကံကြမ္မာမြစ်ကြောင်းကို သူ့သင်္ကေတအဖြစ် အသုံးပြုထားပြီး သူ့ခြေထောက်အောက်တွင် အမြဲတမ်းရှိနေလေသည်။

ထို့နောက် စစ်သားများက ထိုကိုးကွယ်ယုံကြည်မှုများကို နယ်မြေတစ်လျှောက် ဖြန့်ဝေကြပြီး သေမျိုးများနှင့် နတ်ဘုရားများအား သူတို့၏ ယုံကြည်ကိုးကွယ်မှုများ မြင့်လာအောင် လှုံ့ဆော်ခဲ့သည်။ သို့သော်လည်း ဖြစ်စဉ်က အတားအဆီးတချို့တော့ ရှိနေသေးသည်။

ထူးဆန်းစွာဖြင့် သူတို့၏ ယုံကြည်ကိုးကွယ်မှုကို အားကောင်းသည့် နတ်ဘုရားများအပေါ် မှီခိုကြသည့် နတ်ဘုရားများမှ မဟုတ်ဘဲ သေမျိုးများဆီမှ ဖြစ်နေလေသည်။ ယုံကြည်ချက် ပြောင်းလဲလိုက်ခြင်းက သူတို့၏ ငယ်စဉ်ဘဝကတည်းက သက်ရောက်မှုအပေါ် အကြီးမားဆုံးဖြစ်စေသည်။

နမူနာအားဖြင့် စိုက်ပျိုးရေးနတ်ဘုရားမကို ကိုးကွယ်သည့် သူများသည် သူမ၏ ကောင်းချီးဖြင့် သူတို့၏ သီးပင်ထွက်နှုန်းတိုးအောင် ဆုတောင်းကြသည်။ ထိုကောင်းချီးဖြင့် သူတို့မိသားစုကို ကျွေးမွေးဖို့ အစားအစာ အလုံအလောက် ရကြသည်။

ရှင်သန်ခြင်း နတ်ဘုရားမကို ကိုးကွယ်သည့်သူများက ရောဂါများကို ကုသနိုင်ကြပြီး ကမ္ဘာမြေနတ်ဘုရားက သူတို့အား မြေငလျင်လို ကပ်ဘေးမျိုးမှ မခံစားရစေဖို့ ကာကွယ်ပေးထားသည်။ သစ်သားနတ်ဘုရားကမူ အိမ်ဆောက်သည့် အဆောက်အဦးများ ဖြစ်လာစေသည်။

ထိုအခြေအနေကို ကိုင်တွယ်ဖို့အတွက် လီကျွင်းနှင့် တခြားလူများက ကံကြမ္မာနတ်ဘုရားဟူသော နာမည်ကို ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။ ထိုအခါမှ ပြဿနာက ဖြည်းဖြည်းချင်း လျော့ကျသွားလေ၏။ တော်ဝင်နန်းတော်အတွင်း လီကျွင်းနှင့် သူ့အဖွဲ့များက ဆွေးနွေးနေကြစဉ် ဝမ်ကျူက လျှောက်လှမ်းလာသည်။

" မမျှော်လင့်ထားတဲ့ ပြဿနာ တစ်ခု ဖြစ်လာတယ်။" သူမက ပြောလိုက်သည်။

***********


ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၂၄)

မူရင္းေရးသားသူ - lazySageDao

ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)

အခန္း (၃၃၀) : မေမွ်ာ္လင့္ထားသည့္ ျပႆနာ

လီကြၽင္းက နတ္ဘုရားတခ်ိဳ႕၏ မ်က္ႏွာမွ ေမွ်ာ္လင့္ေတာင့္တေနသည့္ အရိပ္အေယာင္ကို ျမင္လိုက္ရသည့္အတြက္ ရန္သူအား မွ်ားေခၚဖို႔အတြက္ ဆက္လက္သ႐ုပ္ေဆာင္လိုက္သည္။

" ခင္ဗ်ားတို႔ေတြလည္း ပိုအားေကာင္းၿပီးေတာ့ ခင္ဗ်ားတို႔ရဲ႕ ဂုဏ္ပုဒ္ကို ခ်ီးက်ဴးၿပီး သီက်ဴးေပးမဲ့ မ်ိဳးႏြယ္သန္းခ်ီရွိလာမဲ့ နတ္ဘုရားတစ္ပါး ျဖစ္ခ်င္ၾကမွာပဲ။ ပိုအေရးႀကီးတာက ခင္ဗ်ားတို႔က မေသမ်ိဳးဘဝကို ရရွိႏိုင္တယ္။ အထြတ္အထိပ္ နတ္ဘုရားအေနနဲ႔ေတာင္မွပဲ ခင္ဗ်ားတို႔က အသက္အ႐ြယ္ႀကီးရင့္ၿပီး တစ္ရက္မွာ ေသရဦးမွာပဲ။"

" ဒါက ကေလးေတြကို ျမႇဴဆြယ္ေနတဲ့စကားနဲ႔ ပိုတူတယ္" မီးနတ္ဘုရားက ေျပာလိုက္သည္ " မင္းက ငါတို႔ကို အဲလိုအင္အားမ်ိဳး ေပးႏိုင္စရာ အေၾကာင္းမရွိဘူး"

" ခင္ဗ်ား ေျပာတာ မွန္တယ္" လီကြၽင္းက တည္ၿငိမ္စြာ ေျပာလိုက္သည္ " ဒါေပမဲ့ က်ဳပ္က ခင္ဗ်ားတို႔ကို ဒီလိုစြမ္းအားမ်ိဳး မေပးႏိုင္ေပမဲ့ ဒီလိုအရာကို ရႏိုင္တဲ့ အခြင့္အေရးေတာ့ ေပးႏိုင္တယ္။ ဒီကမာၻမွာ ခ်ဳပ္ေႏွာင္ခံေနမယ္ဆိုရင္ ခင္ဗ်ားတို႔ေတြ အဲဒီအခြင့္အေရးကို ရလာႏိုင္မွာ မဟုတ္ဘူး"

အထြတ္အထိပ္ နတ္ဘုရားမ်ားက ထိုအရာကို ၾကားၿပီး တိတ္ဆိတ္သြားေလသည္။ လူမ်ားစြာက စိတ္ယိုင္သြားၾကေသာ္လည္း တခ်ိဳ႕လူမ်ားက လီကြၽင္း၏ စကားကို သေရာ္လိုက္ၾကသည္။ သို႔ေသာ္လည္း လီကြၽင္းက ဂ႐ုမစိုက္ေပ။ လူတခ်ိဳ႕က စိတ္ပါသြားသေ႐ြ႕ သူတို႔အခ်င္းခ်င္းၾကားတြင္ အဖြဲ႕ခြဲမ်ားျဖစ္သြားေစဖို႔ လုံေလာက္ေစသည္။

" မင္းတို႔ကမာၻက အရမ္းအားေကာင္းတယ္ဆိုေတာ့ ငါတို႔ဆီ လာဖို႔ ဘာလို႔ လိုေနတာလဲ" ထိုနတ္ဘုရားထဲမွ တစ္ေယာက္က ေမးလိုက္သည္။

" က်ဳပ္တို႔ဂိုဏ္းရဲ႕ အေမြခံသားေတာ္က ဒီကမာၻကို အေၾကာင္းအရင္းတစ္ခုေၾကာင့္ လိုအပ္လို႔ပဲ" လီကြၽင္းက ေျပာလိုက္သည္။ ထို႔ေနာက္ လီကြၽင္းက သက္ျပင္းခ်ကာ အသာေလး ေရ႐ြတ္လိုက္သည္ " ဟား...အစ္ကိုႀကီးသာ ဒီမွာ ရွိလို႔ကေတာ့ ခင္ဗ်ားတို႔ကမာၻကို အုပ္စိုးဖို႔ ဘာျပႆနာမွ ရွိမွာ မဟုတ္ဘူး။ အားလုံးကို ခ်က္ခ်င္းသတ္ျဖတ္လိုက္တာနဲ႔ ဒီကမာၻကို အလြယ္ေလး အုပ္စိုးႏိုင္မွာပဲ"

လီကြၽင္း၏ ေရ႐ြတ္သံက တိုးလ်ေသာေၾကာင့္ ေသမ်ိဳးမ်ားက ၾကားႏိုင္မည္ မဟုတ္ေသာ္လည္း ဤလူမ်ားကား ေလဟာနယ္ၿဖိဳခြင္းျခင္းအဆင့္ က်င့္ႀကံသူႏွင့္ တူညီသည့္ အထြတ္အထိပ္နတ္ဘုရားမ်ား ျဖစ္ေသာေၾကာင့္ သူ႔စကားမ်ားကို မၾကားႏိုင္စရာ မရွိေပ။

လီကြၽင္းက ထိုစကားမ်ားကို ယုံၾကည္ေလာက္ဖြယ္ ေျပာလိုက္သည့္အတြက္ တျခားလူမ်ားအား သူတို႔စကားကို ယုံၾကည္လာေအာင္ လႊမ္းမိုးဖို႔ လုံေလာက္ေပသည္။ ထို႔အျပင္ သူက လိမ္ညာေနျခင္း မဟုတ္ေပ။

လက္ရွိ ဝမ္ေဝ့၏ စြမ္းအားျဖင့္ အလယ္အလတ္ကမာၻကို အုပ္စိုးဖို႔ ခက္ခဲမည္ မဟုတ္ေပ။ အမွန္အတိုင္းေျပာရလွ်င္ လီကြၽင္း၏ လက္ရွိအဆင့္ျဖင့္ပင္ ဤကမာၻအား အလြယ္တကူ အုပ္စိုးႏိုင္ေလသည္။

သို႔ေသာ္လည္း သူက ဤကမာၻသည္ ျမင္ရသေလာက္ မ႐ိုးရွင္းသည့္အတြက္ ကိစၥမ်ားကို ျဖည္းျဖည္းခ်င္း လုပ္ကိုင္ဖို႔အတြက္ သတိေပးထားေလသည္။ ဂမၻီရက ဤကမာၻအတြက္ အဆုံးစြန္ေသာ နည္းလမ္းမ်ား ထုတ္သုံးျခင္းက မေမွ်ာ္လင့္သည့္ ကပ္ေဘးမ်ားကို ျဖစ္ေပၚလာလိမ့္မည္ဟု ေျပာထားသည္။ ထို႔ေၾကာင့္ သူက ျဖည္းျဖည္းခ်င္း စီမံကာ သူ႔ေျခလွမ္းမ်ားအား တစ္လွမ္းခ်င္းစီ စီစဥ္ေနျခင္း ျဖစ္၏။

လီကြၽင္းက ထိုနတ္ဘုရားမ်ားအား ၾကည့္ကာ ေျပာလိုက္သည္ " က်ဳပ္က ခင္ဗ်ားတို႔ကို ဖိတ္ေခၚၿပီးသြားၿပီ။ တကယ္လို႔ က်ဳပ္တို႔ကို ဆက္သြယ္ၿပီးေတာ့ အေပးအယူ လုပ္ခ်င္တယ္ဆိုရင္ ဒါေလးကို သုံးလိုက္ပါ"

သူက လက္ေဝွ႔လိုက္ၿပီး ေက်ာက္စိမ္းအေဆာင္တစ္ခုစီကို အထြတ္အထိပ္နတ္ဘုရားမ်ားဆီ ပို႔ေပးၿပီး သူက ထြက္သြားဖို႔ ျပင္လိုက္သည္။

" ခဏေလး။ ေသျခင္းတရားနတ္ဘုရားက ဘာျဖစ္သြားတာလဲ" ရွင္သန္ျခင္းနတ္ဘုရားမက ေမးလိုက္သည္။

" သူက ေသၿပီ" လီကြၽင္းက ေပ်ာက္ကြယ္မသြားခင္ ေျပာလိုက္၏။

အထြတ္အထိပ္ နတ္ဘုရားမ်ားက တစ္ေယာက္ႏွင့္တစ္ေယာက္ ၾကည့္လိုက္ၿပီး အေဆာင္ကိုယူကာ သူတို႔၏ ဘုံဗိမာန္သို႔ ျပန္သြားၾကေလသည္။ ေလးေယာက္တည္းသာ က်န္ရွိေနေလ၏။ ထိုသူမ်ားမွာ ကံၾကမၼာ နတ္ဘုရားမ၊ ရွင္သန္ျခင္း နတ္ဘုရားမ၊ ဖ်က္ဆီးျခင္း နတ္ဘုရားႏွင့္ အမိန႔္မွာတမ္း နတ္ဘုရားတို႔ ျဖစ္ၾကသည္။

သူတို႔က သူတို႔၏ ျမင့္ျမတ္ဝိညာဥ္ျဖင့္ တစ္ေယာက္ႏွင့္ တစ္ေယာက္ စတင္ဆက္သြယ္ေနၾကသည္။

" ငါ ေသျခင္းတရား နတ္ဘုရားဆီကေန သတင္းရလိုက္တယ္။ အျပင္လူေတြက မိခင္နတ္ဘုရားကို လႊမ္းမိုးဖို႔ နည္းလမ္း ရွိတယ္တဲ့" ရွင္သန္ျခင္း နတ္ဘုရားမက ေျပာလိုက္သည္။

" အေျခအေနေတြက ျဖည္းျဖည္းခ်င္း ထိန္းခ်ဳပ္မႈေအာက္ကေန ကင္းလြတ္သြားၿပီ" ကံၾကမၼာနတ္ဘုရားမက ထပ္ေျပာလိုက္သည္ " ငါတို႔ေတြ လက္ရွိအေျခအေနကို ရင္ဆိုင္ဖို႔ အေစာင့္အေရွာက္ကို အသက္သြင္းလိုက္တာ အေကာင္းဆုံးပဲ"

" အဲလိုတုံးအအေတြ မေျပာစမ္းပါနဲ႔။" ဖ်က္ဆီးျခင္း နတ္ဘုရားက ေျပာလိုက္သည္ " ငါတို႔ကမာၻက ဖ်က္ဆီးခံရလုနီးပါး မျဖစ္ေနသေ႐ြ႕ အဲဒါကို အသက္သြင္းလို႔ မျဖစ္ဘူး"

" ငါတို႔ေတြ ကိစၥေတြ ဆိုး႐ြားတဲ့အထိ ေစာင့္ေနရမွာလား" သူမက ျပန္ေျပာလိုက္သည္။ ယေန႔အျဖစ္အပ်က္အၿပီး ကံၾကမၼာနတ္ဘုရားမက ေသျခင္းတရား နတ္ဘုရားေနာက္တြင္ ကပ္ေဘးခံစားရမည့္သူမွာ သူမ ျဖစ္ေနမည္ဟု ခံစားခ်က္ ရရွိေနေလ၏။ သူမက သူမ၏ အလိုလိုသိစိတ္ကို ယုံၾကည္ထားသည္။

" ဖ်က္ဆီးျခင္း နတ္ဘုရားေျပာတာမွန္တယ္" ရွင္သန္ျခင္း နတ္ဘုရားမက ေျပာလိုက္သည္ " ၿပီးေတာ့ ငါတို႔ေတြ ေသျခင္းတရား နတ္ဘုရား မရွိဘဲ အေစာင့္အေရွာက္ကို အသက္သြင္းလို႔ မရဘူး။ ငါတို႔ေတြ လူတစ္ေယာက္ လိုအပ္ေနေသးတယ္"

" ေသျခင္းတရား နတ္ဘုရားက ေသတာ ဒါမွမဟုတ္ဘူးဆိုလည္း ဖမ္းဆီးခံရတာဆိုေတာ့ ငါတို႔ေတြ အခမ္းအနားတစ္ခု က်င္းပၿပီးေတာ့ ေသျခင္းတရား နတ္ဘုရားရဲ႕ တာဝန္ကို လႊဲေပးမဲ့ လူတစ္ေယာက္ကို ရွာလိုက္႐ုံပဲေလ။ အဲဒီနည္းနဲ႔ဆိုရင္ ငါတို႔ေတြ အေစာင့္အေရွာက္ကို အသက္သြင္းခ်င္တဲ့အခါ ျပႆနာမရွိဘဲ အျမန္အဆန္ လုပ္ေဆာင္ႏိုင္လိမ့္မယ္" ကံၾကမၼာနတ္ဘုရားမက အႀကံျပဳလိုက္သည္။

တျခားသူမ်ားကလည္း ခဏတာ စဥ္းစားလိုက္ၾကသည္။ ထိုစဥ္ ရွင္သန္ျခင္း နတ္ဘုရားမက ေျပာလိုက္သည္ " အႀကံျပဳခ်က္က ေကာင္းတယ္။ ဒါေပမဲ့ ျပႆနာတစ္ခုေတာ့ ရွိေနေသးတယ္။ ငါတို႔ေတြ ဘယ္သူ႔ကို ယုံၾကည္မွာလဲ။ အခု အျပင္လူေတြက ငါတို႔လူေတြကို သူတို႔ဘက္ပါေအာင္ မွ်ားေခၚေနတာကို ျမင္တယ္မလား။ တကယ္လို႔ ငါတို႔ေတြ ေသျခင္းတရား နတ္ဘုရားရဲ႕ တာဝန္ကို လႊဲေပးမဲ့ လူတစ္ေယာက္ကို ေ႐ြးခ်ယ္ခ်င္တယ္ဆိုရင္ ယုံၾကည္စိတ္ခ်ရတဲ့သူ ျဖစ္ဖို႔ လိုအပ္တယ္"

အတိတ္မွာသာ ျဖစ္ပါက သူတို႔ေ႐ြးခ်ယ္ရမည့္ လူတခ်ိဳ႕ ရွိေလသည္။ သို႔ေသာ္ ယေန႔အျဖစ္အပ်က္အၿပီးတြင္ မည္သူ႔ကိုမွ မယုံၾကည္ႏိုင္ေတာ့ေပ။ ေျပာရလွ်င္ သူတို႔ေလးဦးထဲတြင္ပင္ တစ္ေယာက္ေယာက္က တျခားအေတြးမ်ား ရွိေနႏိုင္ေလ၏။

ကံၾကမၼာနတ္ဘုရားမက အမိန႔္မွာတမ္း နတ္ဘုရားအား တစ္ခ်က္ၾကည့္လိုက္သည္။ ထိုနတ္ဘုရားသည္ သူမႏွင့္ ယွဥ္လိုက္လွ်င္ အၿမဲလိုလို ဆန္းၾကယ္သည္။ မည္သူမွ သူ႔အေတြးအေခၚ၊ သေဘာတရား သို႔မဟုတ္ ယုံၾကည္ခ်က္မ်ားကို မသိၾကေပ။ အခ်ိန္အမ်ားစုက သူက သူ႔နယ္ေျမတြင္သာ ေနထိုင္ေလ့ရွိသည္။

တျခားနတ္ဘုရားမ်ားႏွင့္ ပတ္သက္သည့္အခါ သူက အၿမဲလိုလို တိတ္ဆိတ္ေနၿပီး နတ္ဘုရားမ်ား ခ်မွတ္သည့္ သေဘာတူညီခ်က္မ်ားကိုသာ တိတ္ဆိတ္ေနလ်က္ သေဘာတူခဲ့သည္။ သူ႔အျမင္ကို ထုတ္ေျပာျခင္းမ်ိဳး မရွိေပ။ အကယ္၍ သူတို႔ငါးေယာက္ကသာ အေစာင့္အေရွာက္ကို အသက္သြင္းထားႏိုင္သည့္သူမ်ားေၾကာင့္ မဟုတ္လွ်င္ သူမက သူ႔ကို ပို၍ သံသယဝင္မိလိမ့္မည္။

" ငါတို႔ေတြ ယုံၾကည္ရမယ္လို႔ ထင္တဲ့ နတ္ဘုရားတစ္ပါးကို ေ႐ြးၿပီးေတာ့ လွ်ိဳ႕ဝွက္ခ်က္အေနနဲ႔ သူ႔ကို က်ိန္ဆိုခိုင္းၿပီးေတာ့  ဝိညာဥ္မွာ အတားအဆီး ခ်ထားလိုက္ရင္ ဘယ္လိုလဲ။ အဲလိုဆိုရင္ သူတို႔က ငါတို႔ကို သစၥာေဖာက္ၿပီးေတာ့ အျပင္လူေတြကို သတင္းေပးလို႔ မရေတာ့ဘူး" ကံၾကမၼာနတ္ဘုရားမက ေျပာလိုက္သည္။

" အဲလိုေတာ့ အလုပ္ျဖစ္ႏိုင္တယ္။ သူတို႔သာ က်ိန္ဆိုၿပီးေတာ့ တားျမစ္ထားႏိုင္သေ႐ြ႕ သူတို႔အလိုရွိရင္ေတာင္ ငါတို႔ကို သစၥာေဖာက္ႏိုင္မွာ မဟုတ္ဘူး" ဖ်က္ဆီးျခင္း နတ္ဘုရားက ေျပာလိုက္သည္ " ငါတို႔စိတ္ပူရမဲ့ တစ္ခုတည္းေသာ အရာက သတင္းႀကိဳထြက္သြားၿပီးေတာ့ အခမ္းအနား ေႏွာင့္ယွက္ခံရမွာကိုပဲ။ ဒါေပမဲ့ ေ႐ြးခ်ယ္ခံ နတ္ဘုရားက သူတို႔လုပ္ရမဲ့အရာကို မသိေသးဘူးဆိုရင္ေတာ့ ျပႆနာက ေျဖရွင္းၿပီးသား ျဖစ္သြားလိမ့္မယ္"

" အဲဒါကလည္း အျပင္လူေတြက ငါတို႔ဝိညာဥ္မွာရွိေနတဲ့ အတားအဆီးကို ဖယ္ရွားႏိုင္မဲ့ နည္းလမ္း မရွိသေ႐ြ႕ေပါ့" ရွင္သန္ျခင္းနတ္ဘုရားမက ေျပာလိုက္သည္။

သူမ၏ စကားမ်ားက က်န္ရွိေနသည့္သူမ်ားကို တိတ္ဆိတ္သြားေစသည္။

အဆုံးတြင္ အမိန႔္မွာတမ္း နတ္ဘုရားက စကားဝိုင္းတြင္ ပထမဆုံး ဝင္ေျပာလိုက္သည္ " မင္းတို႔ေတြ နတ္ဘုရားဘုရင္ရဲ႕ စြမ္းအားကို ယုံၾကည္သင့္တယ္"

" အဟုတ္ပဲ" က်န္လူမ်ားက ျပန္ေျဖလိုက္သည္။ ထို႔ေနာက္ သူတို႔က တျခားေသာ အထြတ္အထိပ္ နတ္ဘုရားမ်ားၾကားတြင္ မည္သူ႔ကို ယုံၾကည္ရမလဲဟု စတင္ေဆြးေႏြးလာၾကသည္။ သူတို႔တြင္ အစီအစဥ္တစ္ခု ရွိထားေသာ္လည္း ယုံၾကည္စိတ္ခ်ရၿပီး ေကာင္းကင္ဘုံဗိမာန္ ကမာၻသားတစ္ေယာက္ဟု ခံယူထားသည့္ သူကို ေ႐ြးခ်ယ္သည္က အေကာင္းဆုံး ျဖစ္ေပသည္။

ထိုစဥ္ လီကြၽင္းက မရဏနယ္ေျမမွ ထြက္လာၿပီးေနာက္ သိပ္မၾကာခင္ တီးတိုးစြာ ေရ႐ြတ္လိုက္သည္ " ၾကည့္ရတာ ငါ အဲဒီအထြတ္အထိပ္ နတ္ဘုရားေတြကို ေလွ်ာ့တြက္လို႔ မျဖစ္ဘူးပဲ။ အမ်ားစုက တျခားကမာၻေတြအေၾကာင္း သိထားၿပီးေပမဲ့ ငါ့ဆီက သတင္းအခ်က္အလက္ ႏႈိက္ဖို႔ ႐ူးခ်င္ေယာင္ေဆာင္ေနၾကတယ္"

ထိုအရာကို သိထားေသာ္လည္း လီကြၽင္းက ဂ႐ုမစိုက္ေပ။ သူ႔ရည္႐ြယ္ခ်က္က ထိုနတ္ဘုရားမ်ားအား ပူးေပါင္းၿပီး အစီအရင္ ၿဖိဳခြင္းျခင္းကို တားဆီးဖို႔ ျဖစ္၏။ ဤအရာက အားေကာင္းသည့္ ေကာင္းကင္အဆင့္ အစီအရင္ျဖစ္ေသာ္လည္း ကန႔္သတ္ခ်က္ေတာ့ ရွိေနေသးသည္။

အကယ္၍ ထိုနတ္ဘုရားမ်ားသာ ထိုအစီအရင္ကို အခ်ိန္အၾကာႀကီး ဆက္လက္ တိုက္ခိုက္ေနပါက အရင္းအျမစ္မ်ားစြာ ကုန္ဆုံးသြားႏိုင္သည္။

ယခု သူက သူ႔ရည္႐ြယ္ခ်က္ကို ျပည့္ေျမာက္႐ုံသာမက ထိုအထြတ္အထိပ္နတ္ဘုရားမ်ားၾကားတြင္ သူတို႔၏ အလိုဆႏၵႏွင့္ စြမ္းအားေပၚ မူတည္၍ အခ်င္းခ်င္း တိုက္ခိုက္ေနေၾကာင္း စုံစမ္းႏိုင္ခဲ့သည္။

မရဏနယ္ေျမကို အုပ္စိုးၿပီး သုံးရက္တာ ၾကာျမင့္သြားၿပီ ျဖစ္၏။

ပတ္လည္တြင္ ခ်မွတ္ထားသည့္ အစီအရင္က ကာကြယ္ေရးအတြက္သာမက တျခားေသာ ရည္႐ြယ္ခ်က္အမ်ိဳးမ်ိဳးအတြက္လည္း အသုံးျပဳႏိုင္ေလသည္။

တစ္ခုကား အေျမာက္အမ်ား ကူးသန္းပို႔ေဆာင္ေရး ျဖစ္၏။ ထိုအရာျဖင့္ လီကြၽင္းႏွင့္ ထ်ဲ႕ကန္က သူတို႔၏ တပ္ဖြဲ႕အား နယ္ေျမ၏ ဘယ္ေနရာမဆို ကူးသန္းသြားလာ ေျပာင္းေ႐ႊ႕ႏိုင္ေလသည္။

နယ္ေျမကို အုပ္စိုးၿပီးသည္ႏွင့္ လီကြၽင္းက သူ႔လူမ်ားအား နတ္ဘုရား႐ုပ္ထုမ်ားႏွင့္အတူ ေက်ာင္းေဆာင္မ်ားအား ၿဖိဳခ်ဖို႔ အမိန႔္ေပးလိုက္သည္။ သူတို႔အား အစားထိုးဖို႔အတြက္ ဝမ္ေဝ့ကို ပင္မနတ္ဘုရားအျဖစ္ ထားထားသည့္ ေက်ာင္းေဆာင္မ်ားကို ေဆာက္လုပ္ဖို႔ ျပင္ဆင္ထားၾကသည္။

သူတို႔က သူ႔နာမည္ကို သူတို႔ေမြးဖြားလာစဥ္ကတည္းက ကံၾကမၼာကို ဆုံးျဖတ္ေပးထားသည့္ ကံၾကမၼာႀကိဳးမွ်င္ကို ခ်ဳပ္ကိုင္ထားၿပီး သက္ရွိအားလုံး၏ ကံၾကမၼာကို ထိန္းခ်ဳပ္သည့္ ကံၾကမၼာနတ္ဘုရားအျဖစ္ သတင္းျဖန႔္လိုက္ၾကသည္။

သူ႔ေက်ာင္းေဆာင္တြင္ ကံၾကမၼာျမစ္ေၾကာင္းကို သူ႔သေကၤတအျဖစ္ အသုံးျပဳထားၿပီး သူ႔ေျခေထာက္ေအာက္တြင္ အၿမဲတမ္းရွိေနေလသည္။

ထို႔ေနာက္ စစ္သားမ်ားက ထိုကိုးကြယ္ယုံၾကည္မႈမ်ားကို နယ္ေျမတစ္ေလွ်ာက္ ျဖန႔္ေဝၾကၿပီး ေသမ်ိဳးမ်ားႏွင့္ နတ္ဘုရားမ်ားအား သူတို႔၏ ယုံၾကည္ကိုးကြယ္မႈမ်ား ျမင့္လာေအာင္ လႈံ႕ေဆာ္ခဲ့သည္။ သို႔ေသာ္လည္း ျဖစ္စဥ္က အတားအဆီးတခ်ိဳ႕ေတာ့ ရွိေနေသးသည္။

ထူးဆန္းစြာျဖင့္ သူတို႔၏ ယုံၾကည္ကိုးကြယ္မႈကို အားေကာင္းသည့္ နတ္ဘုရားမ်ားအေပၚ မွီခိုၾကသည့္ နတ္ဘုရားမ်ားမွ မဟုတ္ဘဲ ေသမ်ိဳးမ်ားဆီမွ ျဖစ္ေနေလသည္။ ယုံၾကည္ခ်က္ ေျပာင္းလဲလိုက္ျခင္းက သူတို႔၏ ငယ္စဥ္ဘဝကတည္းက သက္ေရာက္မႈအေပၚ အႀကီးမားဆုံးျဖစ္ေစသည္။

နမူနာအားျဖင့္ စိုက္ပ်ိဳးေရးနတ္ဘုရားမကို ကိုးကြယ္သည့္ သူမ်ားသည္ သူမ၏ ေကာင္းခ်ီးျဖင့္ သူတို႔၏ သီးပင္ထြက္ႏႈန္းတိုးေအာင္ ဆုေတာင္းၾကသည္။ ထိုေကာင္းခ်ီးျဖင့္ သူတို႔မိသားစုကို ေကြၽးေမြးဖို႔ အစားအစာ အလုံအေလာက္ ရၾကသည္။

ရွင္သန္ျခင္း နတ္ဘုရားမကို ကိုးကြယ္သည့္သူမ်ားက ေရာဂါမ်ားကို ကုသႏိုင္ၾကၿပီး ကမာၻေျမနတ္ဘုရားက သူတို႔အား ေျမငလ်င္လို ကပ္ေဘးမ်ိဳးမွ မခံစားရေစဖို႔ ကာကြယ္ေပးထားသည္။ သစ္သားနတ္ဘုရားကမူ အိမ္ေဆာက္သည့္ အေဆာက္အဦးမ်ား ျဖစ္လာေစသည္။

ထိုအေျခအေနကို ကိုင္တြယ္ဖို႔အတြက္ လီကြၽင္းႏွင့္ တျခားလူမ်ားက ကံၾကမၼာနတ္ဘုရားဟူေသာ နာမည္ကို ျပန္လည္ဖြဲ႕စည္းခဲ့ၾကသည္။ ထိုအခါမွ ျပႆနာက ျဖည္းျဖည္းခ်င္း ေလ်ာ့က်သြားေလ၏။ ေတာ္ဝင္နန္းေတာ္အတြင္း လီကြၽင္းႏွင့္ သူ႔အဖြဲ႕မ်ားက ေဆြးေႏြးေနၾကစဥ္ ဝမ္က်ဴက ေလွ်ာက္လွမ္းလာသည္။

" မေမွ်ာ္လင့္ထားတဲ့ ျပႆနာ တစ္ခု ျဖစ္လာတယ္။" သူမက ေျပာလိုက္သည္။

Continue Reading

You'll Also Like

26.9K 5.4K 33
سالی دوای ئەوەی هەلی دووەمی پێدەدرێت و دەگەڕێتەوە ژیان بڕیاردەدات هەرگیز نەکەوێتەوە خۆشەویستی تایهیۆنگەوە ،..سەرکەوێت بەسەر ئەوکەسانەی ئازاریان داوە...
63.5K 3.2K 93
What if it wasn't Japan that teleported to another world, but the superpower country on Earth, America's Cold War rival that in our OTL is collapsed...
71K 2.2K 24
this is going to be based off the books currently under editing!! any suggestions please do tell me please enjoy ☆
19.1K 368 23
Idk first story so please be nice