ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏...

Door kilulayuu121

28K 3.1K 487

sequel of book 1 Meer

အခန်း(201)
အခန်း(202)
အခန်း(203)
အခန်း(204)
အခန်း(205)
အခန်း(206)
အခန်း(207)
အခန်း(208)
အခန်း(209.1)
အခန်း(209.2)
အခန်း(209)
အခန်း(210)
အခန်း(211)
အခန်း(212)
အခန်း(213)
အခန်း(214)
အခန်း(215)
အခန်း(216)
အခန်း(217)
အခန်း(218)
အခန်း(219)
အခန်း(219)
အခန်း(220)
အခန်း(221)
အခန်း(222)
အခန်း(223)
အခန်း(224)
အခန်း(225)
အခန်း(226)
အခန်း(၂၂၇)
အခန်း(228)
အခန်း(229)
အခန်း(230)
အခန်း(231)
အခန်း(232)
အခန်း(233)
အခန်း(234)
အခန်း(235)
အခန်း(236)
အခန်း(237)
အခန်း(238)
အခန်း(239)
အခန်း(240)
အခန်း(241)
အခန်း(၂၄၂)
အခန်း(243)
အခန်း(244)
အခန်း(245)
အခန်း(246)
အခန်း(247)
အခန်း(248)
အခန်း(249)
အခန်း(250)
အခန်း(251)
အခန်း(252)
အခန်း(၂၅၃)
အခန်း(၂၅၄)
အခန်းူ(255)
အခန်း(256)
အခန်း(257)
အခန်း(258)
အခန်း(259)
အခန်း(260)
အခန်း(261)
အခန်း(262)
အခန်း(၂၆၃)
အခန်း(၂၆၄)
အခန်း(၂၆၅)
အခန်း(၂၆၆)
အခန်း(၂၆၇)
အခန်း(၂၆၈)
အခန်း(၂၆၉)
အခန်း(၂၇၀)
အခန်း(၂၇၁)
အခန်း(၂၇၂)
အခန်း(၂၇၃)
အခန်း(၂၇၄)
အခန်း(၂၇၅)
အခန်း(၂၇၆)
အခန်း(၂၇၇)
အခန်း(၂၇၈)
အခန်း(၂၇၉)
အခန်း(၂၈၀)
အခန်း(၂၈၁)
အခန်း(၂၈၂)
အခန်း(၂၈၃)
အခန်း(၂၈၄)
အခန်း(၂၈၅)
အခန်း(၂၈၆)
အခန်း(၂၈၇)
အခန်း(၂၈၈)
အခန်း(၂၈၉)
အခန်း(၂၉၀)
အခန်း(၂၉၁)
အခန်း(၂၉၂)
အခန်း(၂၉၃)
အခန်း(၂၉၄)
အခန်း(၂၉၅)
အခန်း(၂၉၆)
အခန်း(၂၉၇)
အခန်း(၂၉၈)
အခန်း(၂၉၉)
အခန်း(၃၀၀)
အခန်း(၃၀၁)
အခန်း(၃၀၂)
အခန်း(၃၀၃)
အခန်း(၃၀၄)
အခန်း(၃၀၅)
အခန်း(၃၀၆)
အခန်း(၃၀၇)
အခန်း(၃၀၈)
အခန်း(၃၀၉)
အခန်း(၃၁၀)
အခန်း(၃၁၁)
အခန်း(၃၁၂)
အခန်း(၃၁၃)
အခန်း(၃၁၄)
အခန်း(၃၁၅)
အခန်း(၃၁၆)
အခန်း(၃၁၇)
အခန်း(၃၁၈)
အခန်း(၃၁၉)
အခန်း(၃၂၀)
အခန်း(၃၂၁)
အခန်း(၃၂၂) Book 23 End
အခန်း(၃၂၃)
အခန်း(၃၂၄)
အခန်း(၃၂၆)
အခန်း(၃၂၇)
အခန်း(၃၂၈)
အခန်း(၃၂၉)
အခန်း(၃၃၀)
အခန်း(၃၃၁)
အခန်း(၃၃၂)
အခန်း(၃၃၃)
အခန်း(၃၃၄)
အခန်း(၃၃၅)
အခန်း(၃၃၆) End of book 24
အခန်း(၃၃၇)
အခန်း(၃၃၈)
အခန်း(၃၃၉)
အခန်း(၃၄၀)
အခန်း(၃၄၁)
အခန်း(၃၄၂)
အခန်း(၃၄၃)
အခန်း(၃၄၄)
အခန်း(၃၄၅)
အခန်း(၃၄၆)
အခန်း(၃၄၇)
အခန်း(၃၄၈)
အခန်း(၃၄၉)
အခန်း(၃၅၀)
အခန်း(၃၅၁)
အခန်း(၃၅၂)
အခန်း(၃၅၃)
အခန်း(၃၅၄)
အခန်း(၃၅၅)
အခန်း(၃၅၆)
အခန်း(၃၅၇)
အခန်း(၃၅၈)
အခန်း(၃၅၉)
အခန်း(၃၆၀)
အခန်း(၃၆၁)
အခန်း(၃၆၂)
အခန်း(၃၆၃)
အခန်း(၃၆၄)
အခန်း(၃၆၅)
အခန်း(၃၆၆)
အခန်း(၃၆၇)
အခန်း(၃၆၈)
အခန်း(၃၆၉)
အခန်း(၃၇၀)
အခန်း(၃၇၁)
အခန်း(၃၇၂)
အခန်း(၃၇၃)
အခန်း(၃၇၄)
အခန်း(၃၇၅)
အခန်း(၃၇၆)
အခန်း(၃၇၇)
အခန်း(၃၇၈) book 27 end
အခန်း(၃၇၉)
အခန်း(၃၈၀)
အခန်း(၃၈၁)
အခန်း(၃၈၂)
အခန်း(၃၈၃)
အခန်း(၃၈၄)
အခန်း(၃၈၅)
အခန်း(၃၈၆)
အခန်း(၃၈၇)
အခန်း(၃၈၈)
အခန်း(၃၈၉)
အခန်း(၃၉၀)
အခန်း(၃၉၁)
အခန်း(၃၉၂)
အခန်း(၃၉၃)
အခန်း(၃၉၄)
အခန်း(၃၉၅)
အခန်း(၃၉၆)
အခန်း(၃၉၇)

အခန်း(၃၂၅)

108 11 1
Door kilulayuu121


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၄)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၂၅) : သေဆုံးမှု

ဝမ်ဝေ့က သူ့အိမ်သူ ပြန်လာပြီးသည့်နောက်တွင် မီးထိန်းချုပ်ရေး ပညာရပ်နှင့် ပတ်သက်ပြီး လျှို့ဝှက်ချက်များကို မည်သို့ရယူရမည်ကို စဉ်းစားလိုက်သည်။ ယခုတွင် သူက ထိုနည်းစနစ်၏ အရင်းအမြစ်၊ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး သဘောတရားတစ်ခု ကောက်ချက်ချထားလေသည်။ ကံဆိုးစွာဖြင့် သူ့တွင် လုံလောက်သည့် သက်သေအထောက်အထား မရှိသေးပေ။

သူ့အလိုလိုသိစိတ်က ထိုကျင့်ကြံရေး နည်းစနစ်သည် ဤဂိုဏ်းသို့ ကျူးကျော်လာရသည့် သူ့ရည်ရွယ်ချက်နှင့် ပတ်သက်နေကြောင်း ပြောပြနေလေ၏။ ထို့ကြောင့် သူက ကြိုတင်အစီအစဉ်တစ်ခု ပြုလုပ်ပြီးသည့်အခါ တခြားတစ်ခုကို လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်သည်။

ယနေ့စစ်ဆေးမှုအတွင်း ပါဝင်စစ်ဆေးခံသူ တစ်ယောက်က သူ့အာရုံကို ဖမ်းစားသွားလေသည်။ အတိအကျဆိုရလျှင် သူ ဖော်စပ်သည့်ဆေးလုံးက သူ့အာရုံကို ဖမ်းစားသွားခြင်း ဖြစ်၏။ ထိုလူက အံ့ဖွယ်အင်္ဂါရပ် အစာထိုးဆေးလုံးဟု ခေါ်သည့် ဆေးလုံးကို ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။

အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့်၏ လူသားအဆင့်တွင် အတွင်းအင်္ဂါ လေ့ကျင့်ရေးက အခက်ခဲဆုံး ဖြစ်စဉ်တစ်ခု ဖြစ်၏။ တခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့်မတူဘဲ ဒဏ်ရာရသွားသည်နှင့် ပြန်လည်ကုသဖို့ ခက်ခဲသလို ထာဝရဒဏ် ဖြစ်သွားနိုင်သည်။

အကယ်၍ သင့်တော်သည့် ပမာဏအထိ မလေ့ကျင့်ပေးထားနိုင်လျှင် ကျင့်ကြံသူက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်သို့ ရောက်ရှိသည့်အခါ သူတို့၏ ခန္ဓာကိုယ်များက စည်းမျဉ်း၏ သန့်စင်ခြင်းကို ခံရသည့်အခါ သူတို့၏ အတွင်းအင်္ဂါများက ချက်ချင်းဆိုသလို ပျက်စီးသွားကာ သေခြင်းတရားကို ဖြစ်ပေါ်စေနိုင်သည်။

ထို့ကြောင့် အံ့ဖွယ်အင်္ဂါရပ် အစားထိုးဆေးလုံးက အသုံးဝင်လာခြင်း ဖြစ်၏။ ထိုအရာကို သုံးစွဲထားသည်နှင့် ကျင့်ကြံသူတစ်ဦးက စည်းမျဉ်းစွမ်းအားကို ခံနိုင်ရည်ရှိသည့် အံ့ဖွယ်အင်္ဂါရပ် အတု တစ်ခုကို ချက်ချင်းပြန်လည် ပေါက်လာနိုင်စေသည်။

ထိုဆေးလုံးကို အသုံးပြုခြင်းက ကျင့်ကြံဆင့်ကို ခိုင်မာစေမည် မဟုတ်သောကြောင့် လေဟာနယ်ဖြိုခွင်းခြင်း အဆင့်သည် ကျင့်ကြံရေးလမ်းစဉ်၏ အဆုံးသတ် ဖြစ်သွားလိမ့်မည်။ ထို့အပြင် ထိုသို့လုပ်စဉ်အခါ ကျရှုံးနိုင်ချေလည်း မြင့်မား၏။ မည်သို့ပင်ဆိုစေကာမူ ပါရမီနည်းပါးသည့် လူများစွာက ထိုဆေးလုံးကို အသက်ကယ်ဆေးအဖြစ် အသုံးပြုနေကြသေးသည်။

ဝမ်ဝေ့က ထိုနေရာအထိ စဉ်းစားပြီးနောက် ထိုဆေးလုံးကို ကြားသာကြားဖူးပြီး တစ်ခါမှမမြင်ဖူးကြောင်း အမှတ်ရသွားသည်။ အကြောင်းမှာ ဆေးဖော်စပ်နည်းက မူလဆေးလုံးတာအိုဂိုဏ်းတွင်သာ တည်ရှိ၍ ဖြစ်သည်။

ထိုတပည့် ထိုဆေးလုံးဖော်စပ်သည်ကို ကြည့်ရှုပြီးသည့်နောက်တွင် သူ့အနေနှင့် သူ့ကျူးကျော်မှုသည် ထင်ရသည်ထက်ပို၍ အရေးကြီးလေကြောင်း သဘောပေါက်သွားလေသည်။ သူ့အခြေအနေဖြင့် တာအိုအခွင့်အလမ်းဂိုဏ်းတွင် မရှိသည့် ဆေးဖော်စပ်နည်းများကို ခိုးယူဖို့ အကောင်းဆုံးအချိန်လည်း ဖြစ်ပေသည်။

ဆေးဝါးပညာအရ ဖြစ်စေ၊ သို့မဟုတ် တခြားသော အမွေအနှစ်များအရ ဖြစ်စေ တာအိုအခွင့်အလမ်းဂိုဏ်းတွင် ဧကရာဇ်အဆင့်ဖြစ်သည့် ပြီးပြည့်စုံသော အမွေအနှစ် ရှိလေသည်။ အကြောင်းမှာ လီမိသားစု၏ ဒုတိယမဟာဧကရာဇ် လီကျန့်၏ အားထုတ်မှုကြောင့်သာ ဖြစ်၏။ ထိုသူက အထွေထွေလေ့လာရေး ဧကရာဇ်ဟု နာမည်ကို ခံယူခဲ့သည်။

သူ့နာမည်အတိုင်း ထိုဧကရာဇ်က သူ့ဘဝတွင် အရာများစွာကို လေ့လာရသည်ကို စိတ်ဝင်စားလေသည်။ သူက ဆေးဖော်စပ်ခြင်း၊ အဆောင်ပြုလုပ်ခြင်း၊ လက်နက်ထုဆစ်ခြင်း၊ အစီအရင်၊ ဂမ္ဘီရ၊ ယင်ယန်တွက်ချက်ခြင်း၊ ရုပ်သေးရုပ်၊ ဆေးပင်ပြုစုပျိုးထောင်နည်း၊ သားရဲပြုစုပျိုးထောင်နည်း၊ သားရဲထိန်းချုပ်နည်း အစရှိသဖြင့် လေ့လာခဲ့သည်။

သူက စာပေပညာရပ်မျိုးလို ဖြစ်သည့် ကဗျာ၊ လက်ရေးလှ၊ စစ်တုရင်၊ စစ်တပ်ဗျူဟာများစွာကိုလည်း လေ့လာခဲ့လေသည်။ သူ၏ ရှည်လျားလှသည့် ပါရမီနှင့် သက်တမ်းဖြင့် အရာများစွာကို လေ့လာခဲ့သည်။

သူက တာအိုကို ဓာတ်ငါးပါးဖြင့် သက်သေပြခဲ့ပြီး ဓာတ်ငါးပါး အုတ်မြစ်ကျမ်းကို ဖန်တီးခဲ့သော်လည်း သူက မဟာဧကရာဇ် ဖြစ်လာပြီးသည့်နောက်တွင်ပင် အမျိုးမျိုး လေ့လာခြင်းအား မရပ်တန့်လိုက်ပေ။

တာအိုအခွင့်အလမ်းဂိုဏ်းတွင် ဆေးဖော်စပ်နည်းများ၊ သူတို့ကိုယ်တိုင် ကျွမ်းကျင်ပါရမီရှင်များအား ပြုစုပျိုးထောင်နိုင်သည့် သင်္ကေတများအကြောင်း သိနေသည့် အကြောင်းအရင်းမှာ သူ့ကြောင့်သာ ဖြစ်၏။ အထွေထွေလေ့လာရေး ဧကရာဇ်က တစ်ယောက်တည်းဖြင့် ဂိုဏ်း၏ အုတ်မြစ်ကို မြှင့်တင်ပေးခဲ့သည်။

သို့သော်လည်း ထိုအရာက သီးသန့်ပြုလုပ်ထားသည့် အတတ်ပညာများ၏ ဂိုဏ်းနှင့်တော့ မယှဉ်နိုင်သေးပေ။ ဂိုဏ်းက များစွာတွင် လိုအပ်နေသေး၏။ သို့သော်လည်း ဝမ်ဝေ့က သူက ထိုသီးသန့်ဂိုဏ်းများနှင့် သူ့ ကိုယ်ပိုင်ဂိုဏ်း၏ အုတ်မြစ်ကြားက ကွာဟချက်ကို လျှော့ချနိုင်ဖို့ ပြီးပြည့်စုံသော အခွင့်အရေးကို ရလာကြောင်းတွေ့ရှိလိုက်သည်။ အနည်းဆုံးတော့ ဆေးဝါးပညာရပ်တွင် ဖြစ်၏။

ထိုသို့ သဘောပေါက်ပြီးသည့်နောက်တွင် သူက ဤနေရာတွင် နေထိုင်ရင်း ဆေးဖော်စပ်နည်းများစွာကို တတ်နိုင်သမျှ များများ သင်ယူဖို့ ဆုံးဖြတ်လိုက်သည်။ အကယ်၍ ဖြစ်နိုင်ပါက သူက သူ့အဆင့်အတန်းဖြစ်သည့် ဂိုဏ်းချုပ်တပည့်ဟူသော အဆင့်အတန်းကို အသုံးချရမည်။

သူက အနာဂတ်အတွက် ပြီးပြည့်စုံသော အစီအစဉ်ကို ချမှတ်ပြီးသည့်နောက်တွင် ဆေးဝါးဖော်စပ်ခြင်းသို့ ပြန်လည် အာရုံရောက်သွားလေသည်။ သူက ဤအချိန်ကိုယူကာ တခြားသော အတတ်ပညာများကိုလည်း လေ့လာဖို့ အချိန်ယူလိုက်သည်။ လတ်တလောနှစ်များ၌ သူက အတော်လေး ပျင်းရိနေခဲ့၏။

...............

ကောင်းကင် ဘုံဗိမာန်နယ်မြေ

လီကျွင်းက သူ့ရှေ့မှ တပည့်အား ကြည့်ကာ မေးလိုက်သည် " ပြီးပြီလား"

" ဟုတ်ကဲ့ ပြီးပါပြီ။ အချိန်တစ်နှစ်ကျော်အကြာနဲ့ အရင်းအမြစ်များစွာ ယူပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ပြီးမြောက်သွားခဲ့ပါပြီ"

" အဲလိုဆိုရင် အခု စတင်ရမဲ့အချိန်ပဲ"

အချိန်စိစစ်မှု ကွာဟချက်ကြောင့် အသင်္ချေအင်ပါယာကမ္ဘာတွင် သုံးလတာမျှ ကြာမြင့်သေးသော်လည်း ဤနေရာတွင် တစ်နှစ်ခွဲ ကြာမြင့်သွားလေပြီ။

ထိုစဉ်အတွင်း နတ်ဘုရားများက လီကျွင်းတို့၏ အုပ်စုကို မရပ်မနား ရှာဖွေနေကြသည်။ အနည်းဆုံးတော့ ပထမပိုင်းတွင် ဖြစ်၏။

သူတို့က လပိုင်းခန့် ရှာဖွေပြီး ဘာမှမတွေ့ရှိသည့်နောက်တွင် နတ်ဘုရားအများစုက စတင်၍ လက်လျှော့လာကြသည်။ သူတို့အတွက် သူတို့က မြင့်မြတ်ကာ စွမ်းအားကြီးသည့် သက်ရှိများ မဟုတ်ပါလော။ သူတို့အနေနှင့် ထိုသို့နိမ့်ကျသည့်သူများကို ရှာဖွေရင်း ဘယ်လိုလုပ် အချိန်ကုန်ဆုံးချင်မည်နည်း။

ကံဆိုးစွာဖြင့် ဤကမ္ဘာက အတော်လေး ဝါစဉ်ကြီးလိုက် သဘောကို ဆောင်လေသည်။ အထွတ်အထိပ် နတ်ဘုရားများက အခြားသူများကို ရှာဖွေခိုင်းထားသောကြောင့် သူတို့က ပွင့်လင်းမြင်သာ မငြင်းနိုင်ပေ။ ထို့ကြောင့် နတ်ဘုရားငယ်များက အနည်းငယ်မျှသာ လုပ်ပြီး သူတို့လက်အောက်ရှိ လေဟာနယ် နတ်ဘုရားများကို အားအပြည့်သုံးကာ ရှာဖို့အမိန့်ပေးထားသည်။

ပထမပိုင်းတွင် လေဟာနယ်နတ်ဘုရားများကလည်း အားအကုန်သုံး၍ ရှာဖွေခဲ့ကြသည်။ သို့သော်လည်း ဤရှာဖွေမှုက အရာမထင်ခဲ့ပေ။ သူတို့ကလည်း သူတို့လက်အောက်မှ အစစ်အမှန် နတ်ဘုရားများကိုခိုင်းကာ ရှာဖွေခိုင်းခဲ့သည်။

ဤနည်းဖြင့် အထက်ပိုင်း နတ်ဘုရားများက သူတို့၏ လက်အောက်ခံများကိုသာ အမိန့်ပေးထားကြပြီး သူတို့ကမူ ပျင်းရိနေကြလေသည်။ အဆုံးသတ်တွင် သေမျိုးထက် အနည်းငယ်သာ ထူးခြားမှုရှိသည့် မြင့်မြတ်ကျောင်းဆောင်အဆင့် ကျင့်ကြံသူများကသာ လိုက်လံရှာဖွေနေကြရသည်။

အထွတ်အထိပ် နတ်ဘုရားများအတွက်မူ အများစုက ဂရုမစိုက်ကြပေ။ သူတို့က ထိုအပြင်လူများသည် သူတို့ကမ္ဘာမှ ထွက်သွားပြီဟု တွေးနေကြ၏။ ကံကြမ္မာနတ်ဘုရားမ၏ ရှေးဖြစ်ဟောချက်နှင့် ပတ်သက်လာသည့်အခါ သူမက မှားယွင်းနေလေသည်ဟုသာ သူတို့က ယုံကြည်ကြသည်။

အကယ်၍ သူသာ ထိုအစည်းအဝေးတွင် မိခင်နတ်ဘုရားအကြောင်း ထည့်မပြောခဲ့လျှင် လူအများစုက သူမကို ယုံကြည်ကြမည် မဟုတ်ပေ။

ယနေ့ကား ကောင်းကင် ဘုံဗိမာန်ကမ္ဘာ၏ လူများအတွက် သာမန်နေ့ရက်သာ ဖြစ်နေလေသည်။ နတ်ဘုရားများသည် ထိုသို့သာ အတူတူတွေးခဲ့ကြ၏။ အများစုက သူတို့က နေ့စဉ် မိနစ်သုံးဆယ်မှ တစ်နာရီကြား ရှာဖွေပြီးနောက် သူတို့၏ ကောင်းကင်ဘုံဗိမာန်သို့သာ ပြန်သွားကြသည်။ သို့သော်လည်း သူတို့ထိန်းချုပ်မှုအောက် လွတ်ကင်းသွားသည့် အရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။

သေခြင်းတရား နတ်ဘုရား အုပ်စိုးသည့် မရဏနယ်မြေတွင် မြေကြီးမှ ကောင်းကင်အထိ စက်ဝန်းသဏ္ဌာန် သင်္ကေတများစွာ ပေါ်ထွက်လာလေသည်။ ထိုအရာများက နယ်မြေတစ်ခုလုံးကို အုပ်လွှမ်းသွားလေ၏။

" အစီအရင်လား" သေခြင်းတရားနတ်ဘုရားက အမူအရာ ပျက်ယွင်းစွာဖြင့် ရေရွတ်လိုက်သည်။ သူက ချက်ချင်းဆိုသလို လှုပ်ရှားချင်သော်လည်း နောက်ကျသွားခဲ့လေပြီ။

အစီအရင်က အသက်ဝင်လာပြီး မရဏနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ချက်ချင်းဆိုသလို နတ်ဘုရားများက မိုးမြေကြားရှိ အပြောင်းအလဲကို ခံစားမိလိုက်ကြသည်။ အထူးသဖြင့် လေဟာနယ်နတ်ဘုရားနှင့် အထက်ဖြစ်ကြသည်။

သူတို့က သူတို့၏ ကောင်းကင်ဘုံဗိမာန်ကို မဆက်သွယ်နိုင်ကြတော့ပေ။ ဆိုလိုသည်မှာ သူတို့က သူတို့အင်အား တိုးတက်လာပြီး သူတို့ဘာသာသူတို့ ပြန်လည်ကုစားဖို့အတွက် လေဟာနယ်စွမ်းအားကိုလည်း ထုတ်မသုံးကြတော့ပေ။

ပို၍အရေးကြီးသည်မှာ သူတို့က အစီအရင်က လေဟာနယ်ကို ပိတ်ဆို့ထားသည့်အတွက် သူတို့ ဘုံဗိမာန်ထဲကိုပင် မဝင်ရောက်နိုင်တော့ပေ။ ထိုဘုံဗိမာန်အတွင်းရှိ နတ်ဘုရားများက သူတို့ကိုယ်တိုင်လည်း ထွက်မသွားနိုင်ဘဲ ပိတ်ဆို့ခံရကြောင်း သဘောပေါက်သွားလေသည်။

ကောင်းကင်တွင် အနက်ရောင် စွမ်းအားတစ်ခု ပေါ်ထွက်လာကာ အနက်ရောင် ဝတ်ဆင်ထားသည့် လူလတ်အမျိုးသားတစ်ဦးက ပေါ်ထွက်လာသည်။ သူက သေခြင်းတရား နတ်ဘုရား ဖြစ်၏။ သူ့ကောင်းကင်ဘုံဗိမာန်က သူနှင့်ပေါင်းစပ်ထားသောကြောင့် သူက အာကာပြင် အတားအဆီးကို ချိုးဖောက်ဖို့ စည်းမျဉ်းစွမ်းအားကို အသုံးပြုနိုင်လေသည်။

ကံဆိုးစွာဖြင့် သူ တစ်ယောက်တည်းသာ ထွက်လာနိုင်လေ၏။ သတင်းကောင်းမှာ သူက သူ့ဘုံဗိမာန်၏ စွမ်းအားကို အသုံးပြုနိုင်ဆဲ ဖြစ်၏။

သေခြင်းတရား နတ်ဘုရားက သူ့နယ်မြေကို ကြည့်လိုက်ပြီးသည့်နောက် မရဏတိုင်းပြည်ထဲ ယုံကြည်မှုစွမ်းအား အစုစည်းဆုံး နေရာအများစုတွင် နေရာယူထားသည့် တပ်များစွာကို မြင်လိုက်ရသည်။

မီးတိုင်းပြည်ကဲ့သို့ မရဏနယ်မြေတွင် အားအကောင်းဆုံး အင်အားစုမှာ သေခြင်းတရား နတ်ဘုရား ဖန်တီးထားပြီး သူ့မျိုးဆက်များ အုပ်စိုးနေသည့် တိုင်းပြည် ဖြစ်ပေသည်။ အထွတ်အထိပ် နတ်ဘုရားအများစုက ထိုနိုင်ငံရေးပုံစံကို အသုံးချကာ သူတို့၏ နယ်မြေကို အုပ်စိုးသည်မှာ ယုံကြည်မှုစွမ်းအား ပိုမိုစုပ်ယူဖို့ ပိုလွယ်ကူ၍ ဖြစ်သည်။

သူက အကြည့်တစ်ချက်တည်းဖြင့် ထိုတပ်မဟာ၏ အရှိန်အဝါသည် သေချာလေ့ကျင့်ထားပြီး လက်ရွေးစင်များ ဖြစ်ကြောင်း ပြောနိုင်လေ၏။ သူ့နတ်ဘုရားများက ထိုလူများအတွက် ပြိုင်ဘက် မဟုတ်ပေ။ ထို့ကြောင့် သူက ဝင်စွက်ဖက်ဖို့ ပြင်လိုက်သည်။

သို့သော်လည်း သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာသည်နှင့် ရွှေနီရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးက သူ့ရှေ့တွင် ပေါ်ထွက်လာသည်။ သေခြင်းတရားနတ်ဘုရားက ထိုလူငယ်လေးဆီမှ ရင်းနှီးသော အငွေ့အသက်အပြင် ကြောက်မက်ဖွယ် တိုက်ခိုက်ရေး အငွေ့အသက်ကို ခံစားမိနေသည်။

ခဏကြာ စဉ်းစားပြီးနောက်တွင် ဤအငွေ့အသက်က သူနှင့်ဆင်တူကြောင်း သဘောပေါက်သွားသည်။ ဤသည်က မရဏအငွေ့အသက် ဖြစ်၏။

" မင်းက ငါတို့ကမ္ဘာကို ကျူးကျော်လာတဲ့ အပြင်လူ ဖြစ်ရမယ်"

" မှန်တယ်"

လီကျွင်းက တည်ငြိမ်စွာဖြင့်ပြောပြီး တစ်ဖက်လူအား ခေါင်းစခြေဆုံးကြည့်လိုက်သည်။

" ခင်ဗျားတို့လည်း သိမှာပါ။ ကိစ္စတွေက ဒီလိုမျိုးရှုပ်ထွေးပြီးတော့ သွေးသံရဲရဲ ဖြစ်စရာ မလိုဘူး။ ခင်ဗျားတို့ နတ်ဘုရားတွေကသာ ကျုပ်တို့နဲ့ ပူးပေါင်းမယ်လို့ ပြောတာနဲ့ ကျုပ်တို့ ရည်မှန်းချက် ပြီးမြောက်သွားတာနဲ့ ဒီကမ္ဘာကနေ ထွက်သွားပေးမယ်။ ခင်ဗျားတို့လည်း ခင်ဗျားတို့ ကြိုက်သလောက် အုပ်စိုးကြပေါ့"

" အဲဒီရည်မှန်းချက်က ဘာများဖြစ်မလဲ"

" ဘာမှမပြောနိုင်ဘူး"

" ဟား...ဟား...ဟား..." သေခြင်းတရား နတ်ဘုရားက လှောင်ရယ်မောလိုက်သည် " မင်းစကားတွေက မလေးနက်ဘူး။ တကယ်လို့ မင်းတို့က ပူးပေါင်းချင်တယ်ဆိုရင် ငါတို့ကို ဆက်သွယ်ပြီးတော့ မင်းရဲ့ လိုအပ်ချက်နဲ့အခြေအနေကို ပြောပြရမှာပဲ"

" ခင်ဗျားက ဒီဟာပြောတာ တစ်စိတ်တစ်ပိုင်းတော့ မှန်တယ်။ ဒါပေမဲ့ စကြဝဠာကြီးရဲ့ အခြေခံကျတဲ့ အမှန်တရားတစ်ခုက အင်အားတူတဲ့ လူတွေကပဲ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းနိုင်တာလေ"

သေခြင်းတရား နတ်ဘုရားက ထိုစကားကိုကြားပြီးနောက် အမူအရာ ပျက်ယွင်းသွားလေသည်။ ထို့နောက် သူက အသံကို မြှင့်ပြောလိုက်သည်။

" မင်းက အားအကောင်းဆုံး နတ်ဘုရားကို သတ်ပြီးတော့ မင်းတို့စွမ်းအားကို ပြချင်တယ်ပေါ့။ ပြီးတော့ကျတော့ ဆက်သွယ်ပြီးတော့ သံတမန်ရေးရာ ညှိနှိုင်းချင်တယ်ပေါ့"

လီကျွင်းက ခဏတာ ရပ်တန့်လိုက်ပြီးနောက် " အရှင်းဆုံးပြောရရင် ခင်ဗျားက အားအကောင်းဆုံး နတ်ဘုရားမှန်း မသိဘူး။ ကျုပ်တို့က ခင်ဗျားနယ်မြေက ဒီအထွတ်အထိပ် နတ်ဘုရားတွေထဲမှာ အကြီးဆုံးပိုင်နက်မလို့ တိုက်ခိုက်လိုက်ရုံပဲ"

ဤအဖြေက သေခြင်းတရား နတ်ဘုရားအား ဒေါသထွက်သွားစေသည်။ တစ်ဖက်လူက ဆိုလိုရင်းက သိသာလှ၏။ သူတို့အတွက် နတ်ဘုရားများ အားကောင်းခြင်း၊ အားမကောင်းခြင်းက အရေးမပါပေ။ အားလုံးက အသတ်ခံရမည်သာ ဖြစ်၏။ 

**********


ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၂၄)

မူရင္းေရးသားသူ - lazySageDao

ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)

အခန္း (၃၂၅) : ေသဆုံးမႈ

ဝမ္ေဝ့က သူ႔အိမ္သူ ျပန္လာၿပီးသည့္ေနာက္တြင္ မီးထိန္းခ်ဳပ္ေရး ပညာရပ္ႏွင့္ ပတ္သက္ၿပီး လွ်ိဳ႕ဝွက္ခ်က္မ်ားကို မည္သို႔ရယူရမည္ကို စဥ္းစားလိုက္သည္။ ယခုတြင္ သူက ထိုနည္းစနစ္၏ အရင္းအျမစ္၊ ရည္႐ြယ္ခ်က္ႏွင့္ ပတ္သက္ၿပီး သေဘာတရားတစ္ခု ေကာက္ခ်က္ခ်ထားေလသည္။ ကံဆိုးစြာျဖင့္ သူ႔တြင္ လုံေလာက္သည့္ သက္ေသအေထာက္အထား မရွိေသးေပ။

သူ႔အလိုလိုသိစိတ္က ထိုက်င့္ႀကံေရး နည္းစနစ္သည္ ဤဂိုဏ္းသို႔ က်ဴးေက်ာ္လာရသည့္ သူ႔ရည္႐ြယ္ခ်က္ႏွင့္ ပတ္သက္ေနေၾကာင္း ေျပာျပေနေလ၏။ ထို႔ေၾကာင့္ သူက ႀကိဳတင္အစီအစဥ္တစ္ခု ျပဳလုပ္ၿပီးသည့္အခါ တျခားတစ္ခုကို လႈပ္ရွားဖို႔ ဆုံးျဖတ္လိုက္သည္။

ယေန႔စစ္ေဆးမႈအတြင္း ပါဝင္စစ္ေဆးခံသူ တစ္ေယာက္က သူ႔အာ႐ုံကို ဖမ္းစားသြားေလသည္။ အတိအက်ဆိုရလွ်င္ သူ ေဖာ္စပ္သည့္ေဆးလုံးက သူ႔အာ႐ုံကို ဖမ္းစားသြားျခင္း ျဖစ္၏။ ထိုလူက အံ့ဖြယ္အဂၤါရပ္ အစာထိုးေဆးလုံးဟု ေခၚသည့္ ေဆးလုံးကို ေဖာ္စပ္ခဲ့ျခင္း ျဖစ္သည္။

အံ့ဖြယ္ခႏၶာနယ္ပယ္အဆင့္၏ လူသားအဆင့္တြင္ အတြင္းအဂၤါ ေလ့က်င့္ေရးက အခက္ခဲဆုံး ျဖစ္စဥ္တစ္ခု ျဖစ္၏။ တျခားေသာ ခႏၶာကိုယ္ အစိတ္အပိုင္းမ်ားႏွင့္မတူဘဲ ဒဏ္ရာရသြားသည္ႏွင့္ ျပန္လည္ကုသဖို႔ ခက္ခဲသလို ထာဝရဒဏ္ ျဖစ္သြားႏိုင္သည္။

အကယ္၍ သင့္ေတာ္သည့္ ပမာဏအထိ မေလ့က်င့္ေပးထားႏိုင္လွ်င္ က်င့္ႀကံသူက ေလဟာနယ္ၿဖိဳခြင္းျခင္းအဆင့္သို႔ ေရာက္ရွိသည့္အခါ သူတို႔၏ ခႏၶာကိုယ္မ်ားက စည္းမ်ဥ္း၏ သန႔္စင္ျခင္းကို ခံရသည့္အခါ သူတို႔၏ အတြင္းအဂၤါမ်ားက ခ်က္ခ်င္းဆိုသလို ပ်က္စီးသြားကာ ေသျခင္းတရားကို ျဖစ္ေပၚေစႏိုင္သည္။

ထို႔ေၾကာင့္ အံ့ဖြယ္အဂၤါရပ္ အစားထိုးေဆးလုံးက အသုံးဝင္လာျခင္း ျဖစ္၏။ ထိုအရာကို သုံးစြဲထားသည္ႏွင့္ က်င့္ႀကံသူတစ္ဦးက စည္းမ်ဥ္းစြမ္းအားကို ခံႏိုင္ရည္ရွိသည့္ အံ့ဖြယ္အဂၤါရပ္ အတု တစ္ခုကို ခ်က္ခ်င္းျပန္လည္ ေပါက္လာႏိုင္ေစသည္။

ထိုေဆးလုံးကို အသုံးျပဳျခင္းက က်င့္ႀကံဆင့္ကို ခိုင္မာေစမည္ မဟုတ္ေသာေၾကာင့္ ေလဟာနယ္ၿဖိဳခြင္းျခင္း အဆင့္သည္ က်င့္ႀကံေရးလမ္းစဥ္၏ အဆုံးသတ္ ျဖစ္သြားလိမ့္မည္။ ထို႔အျပင္ ထိုသို႔လုပ္စဥ္အခါ က်ရႈံးႏိုင္ေခ်လည္း ျမင့္မား၏။ မည္သို႔ပင္ဆိုေစကာမူ ပါရမီနည္းပါးသည့္ လူမ်ားစြာက ထိုေဆးလုံးကို အသက္ကယ္ေဆးအျဖစ္ အသုံးျပဳေနၾကေသးသည္။

ဝမ္ေဝ့က ထိုေနရာအထိ စဥ္းစားၿပီးေနာက္ ထိုေဆးလုံးကို ၾကားသာၾကားဖူးၿပီး တစ္ခါမွမျမင္ဖူးေၾကာင္း အမွတ္ရသြားသည္။ အေၾကာင္းမွာ ေဆးေဖာ္စပ္နည္းက မူလေဆးလုံးတာအိုဂိုဏ္းတြင္သာ တည္ရွိ၍ ျဖစ္သည္။

ထိုတပည့္ ထိုေဆးလုံးေဖာ္စပ္သည္ကို ၾကည့္ရႈၿပီးသည့္ေနာက္တြင္ သူ႔အေနႏွင့္ သူ႔က်ဴးေက်ာ္မႈသည္ ထင္ရသည္ထက္ပို၍ အေရးႀကီးေလေၾကာင္း သေဘာေပါက္သြားေလသည္။ သူ႔အေျခအေနျဖင့္ တာအိုအခြင့္အလမ္းဂိုဏ္းတြင္ မရွိသည့္ ေဆးေဖာ္စပ္နည္းမ်ားကို ခိုးယူဖို႔ အေကာင္းဆုံးအခ်ိန္လည္း ျဖစ္ေပသည္။

ေဆးဝါးပညာအရ ျဖစ္ေစ၊ သို႔မဟုတ္ တျခားေသာ အေမြအႏွစ္မ်ားအရ ျဖစ္ေစ တာအိုအခြင့္အလမ္းဂိုဏ္းတြင္ ဧကရာဇ္အဆင့္ျဖစ္သည့္ ၿပီးျပည့္စုံေသာ အေမြအႏွစ္ ရွိေလသည္။ အေၾကာင္းမွာ လီမိသားစု၏ ဒုတိယမဟာဧကရာဇ္ လီက်န႔္၏ အားထုတ္မႈေၾကာင့္သာ ျဖစ္၏။ ထိုသူက အေထြေထြေလ့လာေရး ဧကရာဇ္ဟု နာမည္ကို ခံယူခဲ့သည္။

သူ႔နာမည္အတိုင္း ထိုဧကရာဇ္က သူ႔ဘဝတြင္ အရာမ်ားစြာကို ေလ့လာရသည္ကို စိတ္ဝင္စားေလသည္။ သူက ေဆးေဖာ္စပ္ျခင္း၊ အေဆာင္ျပဳလုပ္ျခင္း၊ လက္နက္ထုဆစ္ျခင္း၊ အစီအရင္၊ ဂမၻီရ၊ ယင္ယန္တြက္ခ်က္ျခင္း၊ ႐ုပ္ေသး႐ုပ္၊ ေဆးပင္ျပဳစုပ်ိဳးေထာင္နည္း၊ သားရဲျပဳစုပ်ိဳးေထာင္နည္း၊ သားရဲထိန္းခ်ဳပ္နည္း အစရွိသျဖင့္ ေလ့လာခဲ့သည္။

သူက စာေပပညာရပ္မ်ိဳးလို ျဖစ္သည့္ ကဗ်ာ၊ လက္ေရးလွ၊ စစ္တုရင္၊ စစ္တပ္ဗ်ဴဟာမ်ားစြာကိုလည္း ေလ့လာခဲ့ေလသည္။ သူ၏ ရွည္လ်ားလွသည့္ ပါရမီႏွင့္ သက္တမ္းျဖင့္ အရာမ်ားစြာကို ေလ့လာခဲ့သည္။

သူက တာအိုကို ဓာတ္ငါးပါးျဖင့္ သက္ေသျပခဲ့ၿပီး ဓာတ္ငါးပါး အုတ္ျမစ္က်မ္းကို ဖန္တီးခဲ့ေသာ္လည္း သူက မဟာဧကရာဇ္ ျဖစ္လာၿပီးသည့္ေနာက္တြင္ပင္  အမ်ိဳးမ်ိဳး ေလ့လာျခင္းအား မရပ္တန႔္လိုက္ေပ။

တာအိုအခြင့္အလမ္းဂိုဏ္းတြင္ ေဆးေဖာ္စပ္နည္းမ်ား၊ သူတို႔ကိုယ္တိုင္ ကြၽမ္းက်င္ပါရမီရွင္မ်ားအား ျပဳစုပ်ိဳးေထာင္ႏိုင္သည့္ သေကၤတမ်ားအေၾကာင္း သိေနသည့္ အေၾကာင္းအရင္းမွာ သူ႔ေၾကာင့္သာ ျဖစ္၏။ အေထြေထြေလ့လာေရး ဧကရာဇ္က တစ္ေယာက္တည္းျဖင့္ ဂိုဏ္း၏ အုတ္ျမစ္ကို ျမႇင့္တင္ေပးခဲ့သည္။

သို႔ေသာ္လည္း ထိုအရာက သီးသန႔္ျပဳလုပ္ထားသည့္ အတတ္ပညာမ်ား၏ ဂိုဏ္းႏွင့္ေတာ့ မယွဥ္ႏိုင္ေသးေပ။ ဂိုဏ္းက မ်ားစြာတြင္ လိုအပ္ေနေသး၏။ သို႔ေသာ္လည္း ဝမ္ေဝ့က သူက ထိုသီးသန႔္ဂိုဏ္းမ်ားႏွင့္ သူ႔ ကိုယ္ပိုင္ဂိုဏ္း၏ အုတ္ျမစ္ၾကားက ကြာဟခ်က္ကို ေလွ်ာ့ခ်ႏိုင္ဖို႔ ၿပီးျပည့္စုံေသာ အခြင့္အေရးကို ရလာေၾကာင္းေတြ႕ရွိလိုက္သည္။ အနည္းဆုံးေတာ့ ေဆးဝါးပညာရပ္တြင္ ျဖစ္၏။

ထိုသို႔ သေဘာေပါက္ၿပီးသည့္ေနာက္တြင္ သူက ဤေနရာတြင္ ေနထိုင္ရင္း ေဆးေဖာ္စပ္နည္းမ်ားစြာကို တတ္ႏိုင္သမွ် မ်ားမ်ား သင္ယူဖို႔ ဆုံးျဖတ္လိုက္သည္။ အကယ္၍ ျဖစ္ႏိုင္ပါက သူက သူ႔အဆင့္အတန္းျဖစ္သည့္ ဂိုဏ္းခ်ဳပ္တပည့္ဟူေသာ အဆင့္အတန္းကို အသုံးခ်ရမည္။

သူက အနာဂတ္အတြက္ ၿပီးျပည့္စုံေသာ အစီအစဥ္ကို ခ်မွတ္ၿပီးသည့္ေနာက္တြင္ ေဆးဝါးေဖာ္စပ္ျခင္းသို႔ ျပန္လည္ အာ႐ုံေရာက္သြားေလသည္။ သူက ဤအခ်ိန္ကိုယူကာ တျခားေသာ အတတ္ပညာမ်ားကိုလည္း ေလ့လာဖို႔ အခ်ိန္ယူလိုက္သည္။ လတ္တေလာႏွစ္မ်ား၌ သူက အေတာ္ေလး ပ်င္းရိေနခဲ့၏။

...............

ေကာင္းကင္ ဘုံဗိမာန္နယ္ေျမ

လီကြၽင္းက သူ႔ေရွ႕မွ တပည့္အား ၾကည့္ကာ ေမးလိုက္သည္ " ၿပီးၿပီလား"

" ဟုတ္ကဲ့ ၿပီးပါၿပီ။ အခ်ိန္တစ္ႏွစ္ေက်ာ္အၾကာနဲ႔ အရင္းအျမစ္မ်ားစြာ ယူၿပီးတဲ့ေနာက္မွာ ေနာက္ဆုံးေတာ့ ၿပီးေျမာက္သြားခဲ့ပါၿပီ"

" အဲလိုဆိုရင္ အခု စတင္ရမဲ့အခ်ိန္ပဲ"

အခ်ိန္စိစစ္မႈ ကြာဟခ်က္ေၾကာင့္ အသေခ်ၤအင္ပါယာကမာၻတြင္ သုံးလတာမွ် ၾကာျမင့္ေသးေသာ္လည္း ဤေနရာတြင္ တစ္ႏွစ္ခြဲ ၾကာျမင့္သြားေလၿပီ။

ထိုစဥ္အတြင္း နတ္ဘုရားမ်ားက လီကြၽင္းတို႔၏ အုပ္စုကို မရပ္မနား ရွာေဖြေနၾကသည္။ အနည္းဆုံးေတာ့ ပထမပိုင္းတြင္ ျဖစ္၏။

သူတို႔က လပိုင္းခန႔္ ရွာေဖြၿပီး ဘာမွမေတြ႕ရွိသည့္ေနာက္တြင္ နတ္ဘုရားအမ်ားစုက စတင္၍ လက္ေလွ်ာ့လာၾကသည္။ သူတို႔အတြက္ သူတို႔က ျမင့္ျမတ္ကာ စြမ္းအားႀကီးသည့္ သက္ရွိမ်ား မဟုတ္ပါေလာ။ သူတို႔အေနႏွင့္ ထိုသို႔နိမ့္က်သည့္သူမ်ားကို ရွာေဖြရင္း ဘယ္လိုလုပ္ အခ်ိန္ကုန္ဆုံးခ်င္မည္နည္း။

ကံဆိုးစြာျဖင့္ ဤကမာၻက အေတာ္ေလး ဝါစဥ္ႀကီးလိုက္ သေဘာကို ေဆာင္ေလသည္။ အထြတ္အထိပ္ နတ္ဘုရားမ်ားက အျခားသူမ်ားကို ရွာေဖြခိုင္းထားေသာေၾကာင့္ သူတို႔က ပြင့္လင္းျမင္သာ မျငင္းႏိုင္ေပ။ ထို႔ေၾကာင့္ နတ္ဘုရားငယ္မ်ားက အနည္းငယ္မွ်သာ လုပ္ၿပီး သူတို႔လက္ေအာက္ရွိ ေလဟာနယ္ နတ္ဘုရားမ်ားကို အားအျပည့္သုံးကာ ရွာဖို႔အမိန႔္ေပးထားသည္။

ပထမပိုင္းတြင္ ေလဟာနယ္နတ္ဘုရားမ်ားကလည္း အားအကုန္သုံး၍ ရွာေဖြခဲ့ၾကသည္။ သို႔ေသာ္လည္း ဤရွာေဖြမႈက အရာမထင္ခဲ့ေပ။ သူတို႔ကလည္း သူတို႔လက္ေအာက္မွ အစစ္အမွန္ နတ္ဘုရားမ်ားကိုခိုင္းကာ ရွာေဖြခိုင္းခဲ့သည္။

ဤနည္းျဖင့္ အထက္ပိုင္း နတ္ဘုရားမ်ားက သူတို႔၏ လက္ေအာက္ခံမ်ားကိုသာ အမိန႔္ေပးထားၾကၿပီး သူတို႔ကမူ ပ်င္းရိေနၾကေလသည္။ အဆုံးသတ္တြင္ ေသမ်ိဳးထက္ အနည္းငယ္သာ ထူးျခားမႈရွိသည့္ ျမင့္ျမတ္ေက်ာင္းေဆာင္အဆင့္ က်င့္ႀကံသူမ်ားကသာ လိုက္လံရွာေဖြေနၾကရသည္။

အထြတ္အထိပ္ နတ္ဘုရားမ်ားအတြက္မူ အမ်ားစုက ဂ႐ုမစိုက္ၾကေပ။ သူတို႔က ထိုအျပင္လူမ်ားသည္ သူတို႔ကမာၻမွ ထြက္သြားၿပီဟု ေတြးေနၾက၏။ ကံၾကမၼာနတ္ဘုရားမ၏ ေရွးျဖစ္ေဟာခ်က္ႏွင့္ ပတ္သက္လာသည့္အခါ သူမက မွားယြင္းေနေလသည္ဟုသာ သူတို႔က ယုံၾကည္ၾကသည္။

အကယ္၍ သူသာ ထိုအစည္းအေဝးတြင္ မိခင္နတ္ဘုရားအေၾကာင္း ထည့္မေျပာခဲ့လွ်င္ လူအမ်ားစုက သူမကို ယုံၾကည္ၾကမည္ မဟုတ္ေပ။

ယေန႔ကား ေကာင္းကင္ ဘုံဗိမာန္ကမာၻ၏ လူမ်ားအတြက္ သာမန္ေန႔ရက္သာ ျဖစ္ေနေလသည္။ နတ္ဘုရားမ်ားသည္ ထိုသို႔သာ အတူတူေတြးခဲ့ၾက၏။ အမ်ားစုက သူတို႔က ေန႔စဥ္ မိနစ္သုံးဆယ္မွ တစ္နာရီၾကား ရွာေဖြၿပီးေနာက္ သူတို႔၏ ေကာင္းကင္ဘုံဗိမာန္သို႔သာ ျပန္သြားၾကသည္။ သို႔ေသာ္လည္း သူတို႔ထိန္းခ်ဳပ္မႈေအာက္ လြတ္ကင္းသြားသည့္ အရာတစ္ခု ျဖစ္ပ်က္လာခဲ့သည္။

ေသျခင္းတရား နတ္ဘုရား အုပ္စိုးသည့္  မရဏနယ္ေျမတြင္ ေျမႀကီးမွ ေကာင္းကင္အထိ စက္ဝန္းသဏၭာန္ သေကၤတမ်ားစြာ ေပၚထြက္လာေလသည္။ ထိုအရာမ်ားက နယ္ေျမတစ္ခုလုံးကို အုပ္လႊမ္းသြားေလ၏။

" အစီအရင္လား" ေသျခင္းတရားနတ္ဘုရားက အမူအရာ ပ်က္ယြင္းစြာျဖင့္ ေရ႐ြတ္လိုက္သည္။ သူက ခ်က္ခ်င္းဆိုသလို လႈပ္ရွားခ်င္ေသာ္လည္း ေနာက္က်သြားခဲ့ေလၿပီ။

အစီအရင္က အသက္ဝင္လာၿပီး မရဏနယ္ေျမတစ္ခုလုံးကို လႊမ္းၿခဳံသြားေလသည္။ ခ်က္ခ်င္းဆိုသလို နတ္ဘုရားမ်ားက မိုးေျမၾကားရွိ အေျပာင္းအလဲကို ခံစားမိလိုက္ၾကသည္။ အထူးသျဖင့္ ေလဟာနယ္နတ္ဘုရားႏွင့္ အထက္ျဖစ္ၾကသည္။

သူတို႔က သူတို႔၏ ေကာင္းကင္ဘုံဗိမာန္ကို မဆက္သြယ္ႏိုင္ၾကေတာ့ေပ။ ဆိုလိုသည္မွာ သူတို႔က သူတို႔အင္အား တိုးတက္လာၿပီး သူတို႔ဘာသာသူတို႔ ျပန္လည္ကုစားဖို႔အတြက္ ေလဟာနယ္စြမ္းအားကိုလည္း ထုတ္မသုံးၾကေတာ့ေပ။

ပို၍အေရးႀကီးသည္မွာ သူတို႔က အစီအရင္က ေလဟာနယ္ကို ပိတ္ဆို႔ထားသည့္အတြက္ သူတို႔ ဘုံဗိမာန္ထဲကိုပင္ မဝင္ေရာက္ႏိုင္ေတာ့ေပ။  ထိုဘုံဗိမာန္အတြင္းရွိ နတ္ဘုရားမ်ားက သူတို႔ကိုယ္တိုင္လည္း ထြက္မသြားႏိုင္ဘဲ ပိတ္ဆို႔ခံရေၾကာင္း သေဘာေပါက္သြားေလသည္။

ေကာင္းကင္တြင္ အနက္ေရာင္ စြမ္းအားတစ္ခု ေပၚထြက္လာကာ အနက္ေရာင္ ဝတ္ဆင္ထားသည့္ လူလတ္အမ်ိဳးသားတစ္ဦးက ေပၚထြက္လာသည္။ သူက ေသျခင္းတရား နတ္ဘုရား ျဖစ္၏။ သူ႔ေကာင္းကင္ဘုံဗိမာန္က သူႏွင့္ေပါင္းစပ္ထားေသာေၾကာင့္ သူက အာကာျပင္ အတားအဆီးကို ခ်ိဳးေဖာက္ဖို႔ စည္းမ်ဥ္းစြမ္းအားကို အသုံးျပဳႏိုင္ေလသည္။

ကံဆိုးစြာျဖင့္ သူ တစ္ေယာက္တည္းသာ ထြက္လာႏိုင္ေလ၏။ သတင္းေကာင္းမွာ သူက သူ႔ဘုံဗိမာန္၏ စြမ္းအားကို အသုံးျပဳႏိုင္ဆဲ ျဖစ္၏။

ေသျခင္းတရား နတ္ဘုရားက သူ႔နယ္ေျမကို ၾကည့္လိုက္ၿပီးသည့္ေနာက္ မရဏတိုင္းျပည္ထဲ ယုံၾကည္မႈစြမ္းအား အစုစည္းဆုံး ေနရာအမ်ားစုတြင္ ေနရာယူထားသည့္ တပ္မ်ားစြာကို ျမင္လိုက္ရသည္။

မီးတိုင္းျပည္ကဲ့သို႔ မရဏနယ္ေျမတြင္ အားအေကာင္းဆုံး အင္အားစုမွာ ေသျခင္းတရား နတ္ဘုရား ဖန္တီးထားၿပီး သူ႔မ်ိဳးဆက္မ်ား အုပ္စိုးေနသည့္ တိုင္းျပည္ ျဖစ္ေပသည္။ အထြတ္အထိပ္ နတ္ဘုရားအမ်ားစုက ထိုႏိုင္ငံေရးပုံစံကို အသုံးခ်ကာ သူတို႔၏ နယ္ေျမကို အုပ္စိုးသည္မွာ ယုံၾကည္မႈစြမ္းအား ပိုမိုစုပ္ယူဖို႔ ပိုလြယ္ကူ၍ ျဖစ္သည္။

သူက အၾကည့္တစ္ခ်က္တည္းျဖင့္ ထိုတပ္မဟာ၏ အရွိန္အဝါသည္ ေသခ်ာေလ့က်င့္ထားၿပီး လက္ေ႐ြးစင္မ်ား ျဖစ္ေၾကာင္း ေျပာႏိုင္ေလ၏။ သူ႔နတ္ဘုရားမ်ားက ထိုလူမ်ားအတြက္ ၿပိဳင္ဘက္ မဟုတ္ေပ။ ထို႔ေၾကာင့္ သူက ဝင္စြက္ဖက္ဖို႔ ျပင္လိုက္သည္။

သို႔ေသာ္လည္း သူ႔စိတ္ထဲ အေတြးတစ္ခု ေပၚထြက္လာသည္ႏွင့္ ေ႐ႊနီေရာင္ခ်ပ္ဝတ္ ဝတ္ဆင္ထားသည့္ လူငယ္ေလးတစ္ဦးက သူ႔ေရွ႕တြင္ ေပၚထြက္လာသည္။ ေသျခင္းတရားနတ္ဘုရားက ထိုလူငယ္ေလးဆီမွ ရင္းႏွီးေသာ အေငြ႕အသက္အျပင္ ေၾကာက္မက္ဖြယ္ တိုက္ခိုက္ေရး အေငြ႕အသက္ကို ခံစားမိေနသည္။

ခဏၾကာ စဥ္းစားၿပီးေနာက္တြင္ ဤအေငြ႕အသက္က သူႏွင့္ဆင္တူေၾကာင္း သေဘာေပါက္သြားသည္။ ဤသည္က မရဏအေငြ႕အသက္ ျဖစ္၏။

" မင္းက ငါတို႔ကမာၻကို က်ဴးေက်ာ္လာတဲ့ အျပင္လူ ျဖစ္ရမယ္"

" မွန္တယ္"

လီကြၽင္းက တည္ၿငိမ္စြာျဖင့္ေျပာၿပီး တစ္ဖက္လူအား ေခါင္းစေျခဆုံးၾကည့္လိုက္သည္။

" ခင္ဗ်ားတို႔လည္း သိမွာပါ။ ကိစၥေတြက ဒီလိုမ်ိဳးရႈပ္ေထြးၿပီးေတာ့ ေသြးသံရဲရဲ ျဖစ္စရာ မလိုဘူး။ ခင္ဗ်ားတို႔ နတ္ဘုရားေတြကသာ က်ဳပ္တို႔နဲ႔ ပူးေပါင္းမယ္လို႔ ေျပာတာနဲ႔ က်ဳပ္တို႔ ရည္မွန္းခ်က္ ၿပီးေျမာက္သြားတာနဲ႔ ဒီကမာၻကေန ထြက္သြားေပးမယ္။ ခင္ဗ်ားတို႔လည္း ခင္ဗ်ားတို႔ ႀကိဳက္သေလာက္ အုပ္စိုးၾကေပါ့"

" အဲဒီရည္မွန္းခ်က္က ဘာမ်ားျဖစ္မလဲ"

" ဘာမွမေျပာႏိုင္ဘူး"

" ဟား...ဟား...ဟား..." ေသျခင္းတရား နတ္ဘုရားက ေလွာင္ရယ္ေမာလိုက္သည္ " မင္းစကားေတြက မေလးနက္ဘူး။ တကယ္လို႔ မင္းတို႔က ပူးေပါင္းခ်င္တယ္ဆိုရင္ ငါတို႔ကို ဆက္သြယ္ၿပီးေတာ့ မင္းရဲ႕ လိုအပ္ခ်က္နဲ႔အေျခအေနကို ေျပာျပရမွာပဲ"

" ခင္ဗ်ားက ဒီဟာေျပာတာ တစ္စိတ္တစ္ပိုင္းေတာ့ မွန္တယ္။ ဒါေပမဲ့ စၾကဝဠာႀကီးရဲ႕ အေျခခံက်တဲ့ အမွန္တရားတစ္ခုက အင္အားတူတဲ့ လူေတြကပဲ တစ္ေယာက္နဲ႔တစ္ေယာက္ ညႇိႏႈိင္းႏိုင္တာေလ"

ေသျခင္းတရား နတ္ဘုရားက ထိုစကားကိုၾကားၿပီးေနာက္ အမူအရာ ပ်က္ယြင္းသြားေလသည္။ ထို႔ေနာက္ သူက အသံကို ျမႇင့္ေျပာလိုက္သည္။

" မင္းက အားအေကာင္းဆုံး နတ္ဘုရားကို သတ္ၿပီးေတာ့ မင္းတို႔စြမ္းအားကို ျပခ်င္တယ္ေပါ့။ ၿပီးေတာ့က်ေတာ့ ဆက္သြယ္ၿပီးေတာ့ သံတမန္ေရးရာ ညႇိႏႈိင္းခ်င္တယ္ေပါ့"

လီကြၽင္းက ခဏတာ ရပ္တန႔္လိုက္ၿပီးေနာက္ " အရွင္းဆုံးေျပာရရင္ ခင္ဗ်ားက အားအေကာင္းဆုံး နတ္ဘုရားမွန္း မသိဘူး။ က်ဳပ္တို႔က ခင္ဗ်ားနယ္ေျမက ဒီအထြတ္အထိပ္ နတ္ဘုရားေတြထဲမွာ အႀကီးဆုံးပိုင္နက္မလို႔ တိုက္ခိုက္လိုက္႐ုံပဲ"

ဤအေျဖက ေသျခင္းတရား နတ္ဘုရားအား ေဒါသထြက္သြားေစသည္။ တစ္ဖက္လူက ဆိုလိုရင္းက သိသာလွ၏။ သူတို႔အတြက္ နတ္ဘုရားမ်ား အားေကာင္းျခင္း၊ အားမေကာင္းျခင္းက အေရးမပါေပ။ အားလုံးက အသတ္ခံရမည္သာ ျဖစ္၏။ 

Ga verder met lezen

Dit interesseert je vast

189K 5.6K 112
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...
71.6K 2.2K 24
this is going to be based off the books currently under editing!! any suggestions please do tell me please enjoy ☆
578K 14.2K 43
Psycho brothers and a little angel sister sounds not so good together right? so what happens when an sweet angel comes live with her lovesick pyscho...
599K 20.1K 84
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...