ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏...

By kilulayuu121

28K 3.1K 487

sequel of book 1 More

အခန်း(201)
အခန်း(202)
အခန်း(203)
အခန်း(204)
အခန်း(205)
အခန်း(206)
အခန်း(207)
အခန်း(208)
အခန်း(209.1)
အခန်း(209.2)
အခန်း(209)
အခန်း(210)
အခန်း(211)
အခန်း(212)
အခန်း(213)
အခန်း(214)
အခန်း(215)
အခန်း(216)
အခန်း(217)
အခန်း(218)
အခန်း(219)
အခန်း(219)
အခန်း(220)
အခန်း(221)
အခန်း(222)
အခန်း(223)
အခန်း(224)
အခန်း(225)
အခန်း(226)
အခန်း(၂၂၇)
အခန်း(228)
အခန်း(229)
အခန်း(230)
အခန်း(231)
အခန်း(232)
အခန်း(233)
အခန်း(234)
အခန်း(235)
အခန်း(236)
အခန်း(237)
အခန်း(238)
အခန်း(239)
အခန်း(240)
အခန်း(241)
အခန်း(၂၄၂)
အခန်း(243)
အခန်း(244)
အခန်း(245)
အခန်း(246)
အခန်း(247)
အခန်း(248)
အခန်း(249)
အခန်း(250)
အခန်း(251)
အခန်း(252)
အခန်း(၂၅၃)
အခန်း(၂၅၄)
အခန်းူ(255)
အခန်း(256)
အခန်း(257)
အခန်း(258)
အခန်း(259)
အခန်း(260)
အခန်း(261)
အခန်း(262)
အခန်း(၂၆၃)
အခန်း(၂၆၄)
အခန်း(၂၆၅)
အခန်း(၂၆၆)
အခန်း(၂၆၇)
အခန်း(၂၆၈)
အခန်း(၂၆၉)
အခန်း(၂၇၀)
အခန်း(၂၇၁)
အခန်း(၂၇၂)
အခန်း(၂၇၃)
အခန်း(၂၇၄)
အခန်း(၂၇၅)
အခန်း(၂၇၆)
အခန်း(၂၇၇)
အခန်း(၂၇၈)
အခန်း(၂၇၉)
အခန်း(၂၈၀)
အခန်း(၂၈၁)
အခန်း(၂၈၂)
အခန်း(၂၈၃)
အခန်း(၂၈၄)
အခန်း(၂၈၅)
အခန်း(၂၈၆)
အခန်း(၂၈၇)
အခန်း(၂၈၈)
အခန်း(၂၈၉)
အခန်း(၂၉၀)
အခန်း(၂၉၁)
အခန်း(၂၉၂)
အခန်း(၂၉၃)
အခန်း(၂၉၄)
အခန်း(၂၉၅)
အခန်း(၂၉၆)
အခန်း(၂၉၇)
အခန်း(၂၉၈)
အခန်း(၂၉၉)
အခန်း(၃၀၀)
အခန်း(၃၀၁)
အခန်း(၃၀၂)
အခန်း(၃၀၃)
အခန်း(၃၀၅)
အခန်း(၃၀၆)
အခန်း(၃၀၇)
အခန်း(၃၀၈)
အခန်း(၃၀၉)
အခန်း(၃၁၀)
အခန်း(၃၁၁)
အခန်း(၃၁၂)
အခန်း(၃၁၃)
အခန်း(၃၁၄)
အခန်း(၃၁၅)
အခန်း(၃၁၆)
အခန်း(၃၁၇)
အခန်း(၃၁၈)
အခန်း(၃၁၉)
အခန်း(၃၂၀)
အခန်း(၃၂၁)
အခန်း(၃၂၂) Book 23 End
အခန်း(၃၂၃)
အခန်း(၃၂၄)
အခန်း(၃၂၅)
အခန်း(၃၂၆)
အခန်း(၃၂၇)
အခန်း(၃၂၈)
အခန်း(၃၂၉)
အခန်း(၃၃၀)
အခန်း(၃၃၁)
အခန်း(၃၃၂)
အခန်း(၃၃၃)
အခန်း(၃၃၄)
အခန်း(၃၃၅)
အခန်း(၃၃၆) End of book 24
အခန်း(၃၃၇)
အခန်း(၃၃၈)
အခန်း(၃၃၉)
အခန်း(၃၄၀)
အခန်း(၃၄၁)
အခန်း(၃၄၂)
အခန်း(၃၄၃)
အခန်း(၃၄၄)
အခန်း(၃၄၅)
အခန်း(၃၄၆)
အခန်း(၃၄၇)
အခန်း(၃၄၈)
အခန်း(၃၄၉)
အခန်း(၃၅၀)
အခန်း(၃၅၁)
အခန်း(၃၅၂)
အခန်း(၃၅၃)
အခန်း(၃၅၄)
အခန်း(၃၅၅)
အခန်း(၃၅၆)
အခန်း(၃၅၇)
အခန်း(၃၅၈)
အခန်း(၃၅၉)
အခန်း(၃၆၀)
အခန်း(၃၆၁)
အခန်း(၃၆၂)
အခန်း(၃၆၃)
အခန်း(၃၆၄)
အခန်း(၃၆၅)
အခန်း(၃၆၆)
အခန်း(၃၆၇)
အခန်း(၃၆၈)
အခန်း(၃၆၉)
အခန်း(၃၇၀)
အခန်း(၃၇၁)
အခန်း(၃၇၂)
အခန်း(၃၇၃)
အခန်း(၃၇၄)
အခန်း(၃၇၅)
အခန်း(၃၇၆)
အခန်း(၃၇၇)
အခန်း(၃၇၈) book 27 end
အခန်း(၃၇၉)
အခန်း(၃၈၀)
အခန်း(၃၈၁)
အခန်း(၃၈၂)
အခန်း(၃၈၃)
အခန်း(၃၈၄)
အခန်း(၃၈၅)
အခန်း(၃၈၆)
အခန်း(၃၈၇)
အခန်း(၃၈၈)
အခန်း(၃၈၉)
အခန်း(၃၉၀)
အခန်း(၃၉၁)
အခန်း(၃၉၂)
အခန်း(၃၉၃)
အခန်း(၃၉၄)
အခန်း(၃၉၅)
အခန်း(၃၉၆)
အခန်း(၃၉၇)

အခန်း(၃၀၄)

121 15 0
By kilulayuu121


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၂)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၀၄) : နတ်ဘုရားများ၏ စွမ်းအား

မီးဘုရင်က သူ့နတ်ဘုရားနှင့် ဆက်နွယ်မှု ပြတ်တောက်သွားသည့် အခိုက်အတန့် အရိပ်က အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ သူ့ဝိညာဉ်ကို ရှာဖွေလိုက်သည်။ ထိုအစစ်အမှန် နတ်ဘုရားများဟု ခေါ်သည့်အရာက တကယ်တော့ သဘာဝလွန်အဆင့် ကျင့်ကြံသူသာ ဖြစ်ပေသည်။ ထို့ကြောင့် အရိပ်၏ အံ့ဖွယ်ခန္ဓာကိုယ် ကျင့်ကြံဆင့်ဖြင့် ထိုလူ၏ ဝိညာဉ်ကို ရှာဖွေဖို့ အလွန်တရာ လွယ်ကူလှသည်။

ထိုသို့ ပြုလုပ်ပြီးသည့်နောက်တွင် အရိပ်က မီးဖိုချောင်သို့ ပြန်လာကာ ဘာမှမဖြစ်သည့်အတိုင်း ဟန်ဆောင်နေလေသည်။ အပြင်ဘက်ကမ္ဘာ၌ သူက ဘာမှမဟုတ်ဘဲ သာမန်သေမျိုးတစ်ယောက်မျှသာ ဖြစ်လေသည်။

မီးဘုရင်အတွက်မူ သူက သိပ်မကြာခင် နိုးထလာသည်။ သူ ပထမဆုံး လုပ်သည့်အရာက ထိုအတွေးများကို မြန်မြန်ဆန်ဆန် ပြန်လည်မြှုပ်နှံလိုက်ခြင်းဖြစ်ပြီး မီးနတ်ဘုရားဆီ အလျင်အမြန် ဆုတောင်းကာ သူ့သစ္စာကို ပေးအပ်လိုက်သည်။

မီးဘုရင်က သူ ယုံကြည်မှု ခေတ္တပြတ်တောက်သွားသည့်အချိန်ကို မီးနတ်ဘုရား ရှာဖွေတွေ့ရှိသွားသည်ကို သိပြီး သူ့ခစားမှုအား အသိအမှတ်ပြုဖို့ ခက်ခဲကာ နောက်အဆင့် တက်လှမ်းနိုင်မည့် အခွင့်အရေးအား မပေးတော့မည်ကို သိနေသည်။

ထိုစဉ် ရက်အနည်းငယ်ကြာ စောင့်ကြည့်ပြီးသည့်နောက်တွင် အရိပ်က နန်းတော်မှ ခိုးထွက်ကာ ခေါင်းဆောင်ဆီ သတင်းပို့ဖို့ ပြန်လာခဲ့သည်။ သူ့အတွက် ကံဆိုးသည်က လမ်းတစ်ဝက်တွင် မတော်တဆ ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့သည်။

အရိပ်က သူ့ဦးတည်ရာသို့ ပျံသန်းနေရင်း အပေါ်မှ ဖိအားပြင်းပြင်းတစ်ခု ကျဆင်းလာသလို ခံစားလိုက်ရ၍ ရုတ်ချည်းရပ်တန့်လိုက်သည်။ ထို့နောက် အနက်ရောင်ချပ်ဝတ်နှင့် အမျိုးသားတစ်ဦးက ကောင်းကင်မှ ရုတ်ချည်းကျဆင်းလာလေ၏။

ချပ်ဝတ်အမျိုးသားက အရိပ်အား ကြည့်ကာ ပြောလိုက်သည် " အပြင်လူ နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ။ ဒီနတ်ဘုရားနဲ့လိုက်ပြီးတော့ မင်းရဲ့ ပြစ်ဒဏ်အကဲဖြတ်မှုကို ခံယူလှည့်"

အရိပ်က ထိုအရာကို ကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ ထိုအမျိုးသား၏ အရှိန်အဝါအရ မီးဘုရင်ထက် ပိုအားကောင်းကြောင်း ပြောနိုင်လေသည်။ သူက ကျင့်ကြံဆင့်အားဖြင့် သူနှင့် ယှဉ်နိုင်ဟန် ပေါ်သည်။

သူက မီးဘုရင်ဆီမှ ရရှိထားသည့် မှတ်ဉာဏ်တချို့ကို စစ်ဆေးလိုက်ပြီးနောက် မေးလိုက်သည် " ခင်ဗျားက လေဟာနယ် နတ်ဘုရားလား"

" ဟုတ်တယ်။ မင်းက ငါ့အင်အားကို သိနေမှတော့ ခုခံနေဖို့ အသုံးမဝင်ဘူးဆိုတာသိသင့်တယ်။ မခုခံဘဲ ငါနဲ့အတူတူ လိုက်ခဲ့။ မင်းကမ္ဘာအကြောင်းကို အထွတ်အထိပ် နတ်ဘုရားတွေဆီ ပြောပြီးသွားရင်တော့ မင်းရဲ့အပြစ်ဒဏ်ကို သက်ညှာပေးဖို့ စဉ်းစားပေးမယ်"

အရိပ်က ထိုလူ၏ အသံအရ တခြားကမ္ဘာအကြောင်း ပြောစဉ်အနည်းငယ် လေသံမြင့်သွားကြောင်း ပြောနိုင်လေသည်။ ဆိုလိုသည်က သူက စိတ်လှုပ်ရှားလွန်းသွားခြင်း သို့မဟုတ် စိတ်ခံစားချက် မထိန်းချုပ်နိုင်ခြင်း ဖြစ်ပေသည်။

" ခင်ဗျားနဲ့ မလိုက်ခင် ကျွန်တော် အရင်ဆုံး မေးစရာ ရှိတယ်" အရိပ်က နှိမ့်ချစွာဖြင့် ပြောလိုက်သည်။

ချပ်ဝတ်အမျိုးသားက ထိုအရာကို ကြားပြီး ရယ်မောလိုက်သည် " မေးစမ်း"

" ကျွန်တော်ကို ဘယ်လိုလုပ်ရှာတွေ့တာလဲ"

" လွယ်လွယ်လေးပါ။ ကံကြမ္မာနတ်ဘုရားမက မင်းရဲ့နေရာကို တွက်ချက်ပေးထားပြီးသား"

အရိပ်က ထိုအရာကို ကြားပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ သိသလောက် ကံကြမ္မာနတ်ဘုရားသည် အထွတ်အထိပ် နတ်ဘုရား ၃၆ပါးထဲမှ တစ်ပါး ဖြစ်ပေသည်။ သို့သော် ထိုအရာက သူ ဂရုစိုက်သည့်အရာ မဟုတ်ပေ။

သဘောတရားအရဆိုရလျှင် သူက သာလွန်ကံကြမ္မာကျမ်း၏ အဆင့်နိမ့်ပုံစံကို ကျင့်ကြံထားသူအနေနှင့် ထိုသို့ ဂမ္ဘီရဉာဏ်နှင့် တွက်ချက်မှုများက သူ့အပေါ် အသုံးမဝင် ဖြစ်သင့်ပေသည်။ သို့သော် ထိုကံကြမ္မာ နတ်ဘုရားမက သူ၏ တည်နေရာကို တွက်ချက်နိုင်သေးသည်။

ဒီနတ်ဘုရားက မရိုးရှင်းဘူးပဲ...

အရိပ်က တွေးလိုက်မိသည်

ငါ သူမနဲ့ ရင်ဆိုင်တဲ့အခါ သတိကြီးကြီးထားဖို့ ခေါင်းဆောင်ကို ပြောရမယ်။

ထိုအရာကို တွေးလိုက်ပြီးနောက် အရိပ်က မေးခွန်းများ ဆက်မေးချင်သော်လည်း ဤနေရာသို့ ကြည့်နေသည့် အားကောင်းကောင်း အကြည့်တစ်ခုကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူက ဘာမှမပြောဘဲ ရုတ်ချည်းပျောက်ကွယ်သွားကာ ချပ်ဝတ်အမျိုးသား၏ အနောက်ဘက်မှ ပြန်လည်ပေါ်ထွက်လာသည်။

သူ့လက်ထဲတွင် မီးခိုးရောင် ဓားမြှောင်နှစ်ခုဖြင့် ထိုလူအား ထိုးစိုက်ပစ်လိုက်၏။ ထိုဓားမြှောင်က ထိုလူ၏ ချပ်ဝတ်အတွင်းသို့ ထောပတ်တုံး လှီးဖြတ်လိုက်သလိုမျိုး ဝင်ရောက်သွားလေသည်။ ထို့နောက် ထိုလူ၏ ကျောမှ ရွှေရောင်သွေးများ စီးကျလာလေသည်။

အရိပ်က သွေးတချို့ကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီးနောက် သူ့ သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းလိုက်သည်။

ချပ်ဝတ်အမျိုးသားသည် ထိုသူက အဘယ်ကြောင့် သူ့စကားများကို ပြန်ရုတ်သိမ်းကာ သူ့အား တိုက်ခိုက်ရသလဲဟု စဉ်းစားကာ တုန်လှုပ်နေဟန်ပေါ်သည်။

" ဒီနတ်ဘုရားကို မင်းက လိမ်ညာရဲတယ်ပေါ့" ချပ်ဝတ်အမျိုးသားက အော်ပြောလိုက်သည်။

သူ့လက်ထဲတွင် ရွှေရောင်ပုဆိန်တစ်ချောင်း ပေါ်လာပြီး ထိုအရိပ်ကို ဖျက်ဆီးရန် ဝှေ့ယမ်းလိုက်သည်။ သို့သော် ကံဆိုးသည်က ချပ်ဝတ်အမျိုးသားက အတော်လေး နှေးကွေးနေသောကြောင့် အရိပ်က တိုက်ကွက်ကို ရှောင်ရှားနိုင်လိုက်သည်။

ဤအပြုအမူက သူ့အား ပို၍ ဒေါသထွက်သွားဟန်ပေါ်ကာ မရပ်မနား ဆက်လက် တိုက်ခိုက်တော့သည်။

ထိုစဉ် အရိပ်က အင်မတန် တည်ငြိမ်နေသည်။ သူက ရှောင်ရှားနေရင်း တစ်ဖက်လူ၏ လှုပ်ရှားမှုများကို အလျင်အမြန် ဆန်းစစ်နေသည်။ ပထမဆုံး သတိထားမိသည့်အရာက သူ့ကြောင့် ဖြစ်သွားသည့်ဒဏ်ရာမှာ ပြန်ကောင်းမွန်သွားပြီ ဖြစ်၏။

ဒီလူက အလိုအလျောက် ပြန်ကောင်းနိုင်စွမ်း ရှိတာပဲ။ အဲဒါဆိုတော့ သူပဲလား ဒါမှမဟုတ် နတ်ဘုရားတွေအကုန်လုံး အဲလိုဖြစ်နေတာလား။ ဒီကုသနိုင်စွမ်းကို စမ်းသပ်ကြည့်ရအောင် ...

ထို့နောက် အရိပ်က ရှောင်ရှားနေသည်ကို ရပ်တန့်လိုက်ပြီး ဓားမြှောင်နှစ်ချောင်းနှင့် အရှိန်မြန်ဆန်မှုကို အခွင့်ကောင်းယူကာ သူက ချပ်ဝတ်အမျိုးသား၏ ခန္ဓာကိုယ်မှ နေရာအသီးသီးကို ထိုးစိုက်လိုက်သည်။

ထိုနတ်ဘုရား မြင်တွေ့နိုင်သည်က သူ့ရှေ့တွင် လက်ဟန်အမြောက်အများ ပေါ်ထွက်လာပြီး သူ့အား ဖြတ်တောက်လိုက်ခြင်းသာ ဖြစ်၏။ သူ့မျက်လုံးက အရိပ်၏ လှုပ်ရှားမှုကို မြင်နိုင်သော်လည်း သူ့ခန္ဓာကိုယ်က အလျင်နှုန်းကို အမှီမလိုက်နိုင်ပေ။

အရိပ်အတွက်မူ သူက တစ်ဖက်လူကို ဒဏ်ရာများ ဖြစ်စေနိုင်ခဲ့သော်လည်း မပျော်ရွှင်ပေ။ အကြောင်းအရင်းမှာ သူက ထိခိုက်မှု များများစားစား မဖြစ်သွားစေ၍ ဖြစ်သည်။ ထို့အပြင် ဒဏ်ရာများက ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်လာကြ၏။

ဒီလိုဆိုရင် ဝိညာဉ်တိုက်ခိုက်ဖို့ စမ်းကြည့်ရအောင် ...

အရိပ်က တွေးလိုက်သည်။ သူ့ဝိညာဉ်စွမ်းအားက မြောက်များစွာသော ကြိုးမျှင်များအဖြစ် ပြောင်းလဲသွားကာ ထိုချပ်ဝတ်အမျိုးသား၏ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်ကာ ဝိညာဉ်အား အစိတ်စိတ်အပိုင်းပိုင်း ဖြတ်တောက်ဖို့ကြိုးစားလိုက်သည်။

ကံဆိုးစွာဖြင့် ချပ်ဝတ်အမျိုးသားက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူ့ကိုယ်သူ ဆက်လက် ကာကွယ်လိုက်သည်။ ထိုတိုက်ကွက်က အသုံးမဝင်လိုက်ပေ။

ကြည့်ရတာ ယုံကြည်မှုစွမ်းအားက သူတို့ကို ကာကွယ်ထားပုံပဲ။ ဒီနတ်ဘုရားတွေက ဝိညာဉ်တိုက်ကွက်တွေအပေါ် အသုံးမဝင်ဘူးပေါ့။

အရိပ်၏ ဓားမြှောင်မှ မီးခိုးရောင် အရှိန်အဝါတစ်ခု ရုတ်ချည်းပေါ်ထွက်လာပြီး ချက်ချင်း တိုက်ခိုက်လိုက်သည်။ ထိုချပ်ဝတ်အမျိုးသားက ဘာဖြစ်သွားလဲ နားမလည်သေးခင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး အော်ညည်းလိုက်ရသည်။

နာကျင်မှု အရင်းအမြစ်ကို ရှာဖွေတွေ့ရှိပြီးနောက်တွင် သူ့လက်တစ်ဖက်က ဖြတ်တောက်ခံလိုက်ရကြောင်း တွေ့ရှိသွားလေသည်။ ထိုအရာမှ ရွှေရောင်သွေးများ စီးကျနေလေ၏။ ပို၍ဆိုးရွားသည်က အပြင်လူက သူ့သွေးများကို ကုန်စည်အလား စုဆောင်းနေလေသည်။

" မင်းက ဒီနတ်ဘုရားရဲ့ မြင့်မြတ်ခန္ဓာကိုယ်ကို ထိခိုက်ရဲတယ်ပေါ့" ချပ်ဝတ်အမျိုးသားက အော်ပြောလိုက်သည် " မင်းက လုပ်ရဲတယ်ပေါ့"

သူ့မျက်ဝန်းက အနီရောင် ပြောင်းလဲသွားပြီး ရူးသွပ်မှု အငွေ့အသက်က ဖုံးလွှမ်းသွားလေသည်။ သူက အရိပ်ကို ဝါးမျိုပစ်ချင်ဟန်ပေါ်၏။

ကံဆိုးစွာဖြင့် အရိပ်က တည်တည်ငြိမ်ငြိမ်သာ သူ့အား ကြည့်နေသည်။ အရိပ် သုံးသပ်ထားသည့် ထိုနတ်ဘုရားများ၏ တန်ဖိုးမှာ သိသိသာသာ လျော့ကျသွားလေသည်။ အနည်းဆုံးတော့ ထိုလူ၏ လှုပ်ရှားမှုပေါ် ဖြစ်၏။

ဤတိုက်ပွဲတွင် ထိုနတ်ဘုရားက အတော်လေး မောက်မာကာ တစ်ဖက်လူကို အထင်သေးကြောင်း ပြောနိုင်လေသည်။ ထို့အပြင် အရိပ်က သူ့ရန်သူသည် တိုက်ပွဲအတွေ့အကြုံမရှိကြောင်း သတိပြုမိလိုက်သည်။

သူက တစ်ဖက်လူကို နှိမ်နင်းဖို့ အားသုံးနေရုံမျှသာ ဖြစ်၏။ ထို့ကြောင့် သူက ဘဝတွင် တစ်ခါမှ စိန်ခေါ်မှုမျိုးကို ရင်ဆိုင်ဖူးဟန် မပေါ်ပေ။

နတ်ဘုရားတွေအကုန်လုံးသာ ဒီလိုဆိုရင်တော့ ကမ္ဘာကို အုပ်စိုးဖို့ ပိုလွယ်ကူတော့မှာပဲ။

အရိပ်က တွေးလိုက်သည်။ သို့သော်လည်း အရိပ်က ချက်ချင်းကောက်ချက်မချသေးပေ။ သူက နတ်ဘုရားတစ်ပါးနှင့်သာ တွေ့ဆုံရသေးသည် မဟုတ်ပါလော။

စက္ကန့်ပိုင်းကြာ အော်ဟစ်ပြီးသည့်နောက်တွင် ချပ်ဝတ်အမျိုးသားက ရပ်တန့်လိုက်သည်။

အရိပ်က ထိုလူ၏ လက်မောင်းမှ သွေးများက ရပ်တန့်သွားသည်ကို သတိပြုမိလိုက်သည်။ သို့သော် ထိုလက်မောင်းက ချက်ချင်း ပြန်ထွက်မလာသည့်အတွက် ပျော်ရွှင်သွားလေသည်။ ဤအရာက ထိုနတ်ဘုရားများ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းသည် ကန့်သတ်ချက်ရှိကြောင်း ပြသနေလေ၏။

ကံဆိုးစွာဖြင့် အရိပ်က ကြာကြာမပျော်လိုက်ရပေ။ ကောင်းကင်မှာ နေ့ခင်းဘက်ဖြစ်သော်လည်း ရုတ်ချည်းဆိုသလို ကြယ်တစ်လုံး တောက်ပလာလေသည်။ ထို့နောက် အရိပ်က သူ့ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်းပြောင်းလဲသွားသလို ခံစားလိုက်ရ၏။ သူ့ပတ်ဝန်းကျင်ရှိ လေဟာနယ်က အစိုင်အခဲဖြစ်သွားကာ လှုပ်ရှားဖို့ အခက်တွေ့နေသည်။ လှုပ်ရှားမှုတိုင်းက အားထုတ်မှု အမြောက်အများ လိုအပ်နေလေ၏။ သူ့ မူလအရင်းအမြစ်ပင် အင်မတန် နှေးကွေးနေလေသည်။

" ပိုင်နက်လား" အရိပ်က ရေရွတ်လိုက်ပြီးနောက် ထိုအတွေးကို အလျင်အမြန် ပယ်ချလိုက်သည်။ သူက မီးဘုရင်ဆီမှ ရရှိထားသော သတင်းအချက်အလက်များမှ တချို့အရာများကို သတိပြုမိသွားသည်။

ဤလောက၏ ကျင့်ကြံရေးစနစ်အရ မြင့်မြတ်စွမ်းအားကို မြင့်မြတ်အသွင်ပြောင်းခြင်းအဆင့်သို့ ကူးပြောင်းပြီးနောက်တွင် နောက်အဆင့်က ထိုစွမ်းအားကို ဖိနှိပ်၍ မျိုးစေ့အဖြစ်ထားကာ မြင့်မြတ်မျိုးစေ့ နယ်ပယ်အဆင့်သို့ ဝင်ရောက်ခြင်း ဖြစ်ပေသည်။

ထိုနယ်ပယ်တွင် ကျင့်ကြံသူများကို အစစ်အမှန် နတ်ဘုရားများဟု ခေါ်၏။ သို့သော်လည်း ထိုအထပ်တွင် မြင့်မြတ်ဘုံဗိမာန်နတ်ဘုရား သို့မဟုတ် လေဟာနယ်နတ်ဘုရားများ ရှိလေသည်။ ဤအဆင့်၌ ထိုနတ်ဘုရားများ ထားရှိထားသည့် မျိုးစေ့က မိုးမြေနှင့် ပေါင်းစပ်သွားကာ ကောင်းကင်ဘုံဗိမာန်ဟု ခေါ်သည့် အရာတစ်ခုကို ဖန်တီးလာနိုင်သည်။ ထိုအရာက ကမ္ဘာငယ်ပုံစံ ဖြစ်၏။

ကောင်းကင်ဘုံဗိမာန်က ကောင်းကင်တွင် တည်ရှိသည့် ကြယ်များဖြစ်ပြီး ထိုနတ်ဘုရားများ၏ ယုံကြည်သက်ဝင်သူများက သေဆုံးပြီးနောက်တွင် စေလွှတ်ခံရသည်ဟု ယုံကြည်ထားကြသော နေရာ ဖြစ်ပေသည်။ ထို့အပြင် ထိုနေရာက တချို့နတ်ဘုရားများကို သူတို့၏ ဘုံဗိမာန်အဖြစ် ပြုစုမွေးထုတ်ပေးသည့်နေရာလည်း ဖြစ်ပေသည်။

လေဟာနယ် နတ်ဘုရား၏ စွမ်းအားတစ်ခုမှာ သူတို့၏ ကောင်းကင်ဘုံဗိမာန် စွမ်းအားကို အသုံးပြု၍ သူတို့၏ စွမ်းအားကို တိုးမြှင့်နိုင်ခြင်း ဖြစ်သည်။

ထိုအတွေးက အရိပ်၏ စိတ်အတွင်း ချက်ချင်းဝင်ရောက်လာသည်။ ထို့နောက် သူက ချပ်ဝတ်အမျိုးသားအား ဆက်လက် လေ့လာလိုက်သည်။ ထို့နောက် သူက ကောင်းကင်မှ စွမ်းအားတစ်မျိုး ကျရောက်လာကာ ထိုအမျိုးသား၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည်ကို မြင်လိုက်ရသည်။ ထို့နောက်ဆိုသလို သူ့ မြင့်မြတ်စွမ်းအားက ပြန်လည်ပြည့်ဝလာပြီး သူ့လက်မောင်းလည်း ချက်ချင်းပြန်ပေါက်လာသည်။

ချပ်ဝတ်အမျိုးသားက အရိပ်အား အမုန်းတရားအပြည့်ဖြင့် ကြည့်ကာ " မင်းကျေးဇူးကြောင့် ငါ့လက်မောင်း ပြန်ပေါက်လာဖို့ ယုံကြည်မှုစွမ်းအား အမြောက်အများ သုံးလိုက်ရပြီ။ မင်းကိုလည်း ထာဝရခံစားရအောင် လုပ်ပြမယ်"

ချပ်ဝတ်အမျိုးသားက ရုတ်ချည်း ပျောက်ကွယ်သွားပြီးနောက်တွင် ပြန်လည်ပေါ်ထွက်လာသည်။ သူ့ရွှေရောင် ပုဆိန်က တောက်ပနေလေ၏။ သူက အရိပ်အား နတ်ဘုရားတစ်ပါး၏ စွမ်းအင်အပြည့်ဖြင့် အားပြင်းပြင်း ခုတ်ချလိုက်သည်။

************


ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၂၂)

မူရင္းေရးသားသူ - lazySageDao

ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)

အခန္း (၃၀၄) : နတ္ဘုရားမ်ား၏ စြမ္းအား

မီးဘုရင္က သူ႔နတ္ဘုရားႏွင့္ ဆက္ႏြယ္မႈ ျပတ္ေတာက္သြားသည့္ အခိုက္အတန႔္ အရိပ္က အံ့ဖြယ္အသိစိတ္ကို အသုံးျပဳကာ သူ႔ဝိညာဥ္ကို ရွာေဖြလိုက္သည္။ ထိုအစစ္အမွန္ နတ္ဘုရားမ်ားဟု ေခၚသည့္အရာက တကယ္ေတာ့ သဘာဝလြန္အဆင့္ က်င့္ႀကံသူသာ ျဖစ္ေပသည္။ ထို႔ေၾကာင့္ အရိပ္၏ အံ့ဖြယ္ခႏၶာကိုယ္ က်င့္ႀကံဆင့္ျဖင့္ ထိုလူ၏ ဝိညာဥ္ကို ရွာေဖြဖို႔ အလြန္တရာ လြယ္ကူလွသည္။

ထိုသို႔ ျပဳလုပ္ၿပီးသည့္ေနာက္တြင္ အရိပ္က မီးဖိုေခ်ာင္သို႔ ျပန္လာကာ ဘာမွမျဖစ္သည့္အတိုင္း ဟန္ေဆာင္ေနေလသည္။ အျပင္ဘက္ကမာၻ၌ သူက ဘာမွမဟုတ္ဘဲ သာမန္ေသမ်ိဳးတစ္ေယာက္မွ်သာ ျဖစ္ေလသည္။

မီးဘုရင္အတြက္မူ သူက သိပ္မၾကာခင္ ႏိုးထလာသည္။ သူ ပထမဆုံး လုပ္သည့္အရာက ထိုအေတြးမ်ားကို ျမန္ျမန္ဆန္ဆန္ ျပန္လည္ျမႇဳပ္ႏွံလိုက္ျခင္းျဖစ္ၿပီး မီးနတ္ဘုရားဆီ အလ်င္အျမန္ ဆုေတာင္းကာ သူ႔သစၥာကို ေပးအပ္လိုက္သည္။

မီးဘုရင္က သူ ယုံၾကည္မႈ ေခတၱျပတ္ေတာက္သြားသည့္အခ်ိန္ကို မီးနတ္ဘုရား ရွာေဖြေတြ႕ရွိသြားသည္ကို သိၿပီး သူ႔ခစားမႈအား အသိအမွတ္ျပဳဖို႔ ခက္ခဲကာ ေနာက္အဆင့္ တက္လွမ္းႏိုင္မည့္ အခြင့္အေရးအား မေပးေတာ့မည္ကို သိေနသည္။

ထိုစဥ္ ရက္အနည္းငယ္ၾကာ ေစာင့္ၾကည့္ၿပီးသည့္ေနာက္တြင္ အရိပ္က နန္းေတာ္မွ ခိုးထြက္ကာ ေခါင္းေဆာင္ဆီ သတင္းပို႔ဖို႔ ျပန္လာခဲ့သည္။ သူ႔အတြက္ ကံဆိုးသည္က လမ္းတစ္ဝက္တြင္ မေတာ္တဆ ျဖစ္ရပ္တစ္ခု ျဖစ္သြားခဲ့သည္။

အရိပ္က သူ႔ဦးတည္ရာသို႔ ပ်ံသန္းေနရင္း အေပၚမွ ဖိအားျပင္းျပင္းတစ္ခု က်ဆင္းလာသလို ခံစားလိုက္ရ၍ ႐ုတ္ခ်ည္းရပ္တန႔္လိုက္သည္။ ထို႔ေနာက္ အနက္ေရာင္ခ်ပ္ဝတ္ႏွင့္ အမ်ိဳးသားတစ္ဦးက ေကာင္းကင္မွ ႐ုတ္ခ်ည္းက်ဆင္းလာေလ၏။

ခ်ပ္ဝတ္အမ်ိဳးသားက အရိပ္အား ၾကည့္ကာ ေျပာလိုက္သည္ " အျပင္လူ ေနာက္ဆုံးေတာ့ မင္းကို ရွာေတြ႕ၿပီ။ ဒီနတ္ဘုရားနဲ႔လိုက္ၿပီးေတာ့ မင္းရဲ႕ ျပစ္ဒဏ္အကဲျဖတ္မႈကို ခံယူလွည့္"

အရိပ္က ထိုအရာကို ၾကားၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ထိုအမ်ိဳးသား၏ အရွိန္အဝါအရ မီးဘုရင္ထက္ ပိုအားေကာင္းေၾကာင္း ေျပာႏိုင္ေလသည္။ သူက က်င့္ႀကံဆင့္အားျဖင့္ သူႏွင့္ ယွဥ္ႏိုင္ဟန္ ေပၚသည္။

သူက မီးဘုရင္ဆီမွ ရရွိထားသည့္ မွတ္ဉာဏ္တခ်ိဳ႕ကို စစ္ေဆးလိုက္ၿပီးေနာက္ ေမးလိုက္သည္ " ခင္ဗ်ားက ေလဟာနယ္ နတ္ဘုရားလား"

" ဟုတ္တယ္။ မင္းက ငါ့အင္အားကို သိေနမွေတာ့ ခုခံေနဖို႔ အသုံးမဝင္ဘူးဆိုတာသိသင့္တယ္။ မခုခံဘဲ ငါနဲ႔အတူတူ လိုက္ခဲ့။ မင္းကမာၻအေၾကာင္းကို အထြတ္အထိပ္ နတ္ဘုရားေတြဆီ ေျပာၿပီးသြားရင္ေတာ့ မင္းရဲ႕အျပစ္ဒဏ္ကို သက္ညႇာေပးဖို႔ စဥ္းစားေပးမယ္"

အရိပ္က ထိုလူ၏ အသံအရ တျခားကမာၻအေၾကာင္း ေျပာစဥ္အနည္းငယ္ ေလသံျမင့္သြားေၾကာင္း ေျပာႏိုင္ေလသည္။ ဆိုလိုသည္က သူက စိတ္လႈပ္ရွားလြန္းသြားျခင္း သို႔မဟုတ္ စိတ္ခံစားခ်က္ မထိန္းခ်ဳပ္ႏိုင္ျခင္း ျဖစ္ေပသည္။

" ခင္ဗ်ားနဲ႔ မလိုက္ခင္ ကြၽန္ေတာ္ အရင္ဆုံး ေမးစရာ ရွိတယ္" အရိပ္က ႏွိမ့္ခ်စြာျဖင့္ ေျပာလိုက္သည္။

ခ်ပ္ဝတ္အမ်ိဳးသားက ထိုအရာကို ၾကားၿပီး ရယ္ေမာလိုက္သည္ " ေမးစမ္း"

" ကြၽန္ေတာ္ကို ဘယ္လိုလုပ္ရွာေတြ႕တာလဲ"

" လြယ္လြယ္ေလးပါ။ ကံၾကမၼာနတ္ဘုရားမက မင္းရဲ႕ေနရာကို တြက္ခ်က္ေပးထားၿပီးသား"

အရိပ္က ထိုအရာကို ၾကားၿပီးေနာက္ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူ သိသေလာက္ ကံၾကမၼာနတ္ဘုရားသည္ အထြတ္အထိပ္ နတ္ဘုရား ၃၆ပါးထဲမွ တစ္ပါး ျဖစ္ေပသည္။ သို႔ေသာ္ ထိုအရာက သူ ဂ႐ုစိုက္သည့္အရာ မဟုတ္ေပ။

သေဘာတရားအရဆိုရလွ်င္ သူက သာလြန္ကံၾကမၼာက်မ္း၏ အဆင့္နိမ့္ပုံစံကို က်င့္ႀကံထားသူအေနႏွင့္ ထိုသို႔ ဂမၻီရဉာဏ္ႏွင့္ တြက္ခ်က္မႈမ်ားက သူ႔အေပၚ အသုံးမဝင္ ျဖစ္သင့္ေပသည္။ သို႔ေသာ္ ထိုကံၾကမၼာ နတ္ဘုရားမက သူ၏ တည္ေနရာကို တြက္ခ်က္ႏိုင္ေသးသည္။

ဒီနတ္ဘုရားက မ႐ိုးရွင္းဘူးပဲ...

အရိပ္က ေတြးလိုက္မိသည္

ငါ သူမနဲ႔ ရင္ဆိုင္တဲ့အခါ သတိႀကီးႀကီးထားဖို႔ ေခါင္းေဆာင္ကို ေျပာရမယ္။

ထိုအရာကို ေတြးလိုက္ၿပီးေနာက္ အရိပ္က ေမးခြန္းမ်ား ဆက္ေမးခ်င္ေသာ္လည္း ဤေနရာသို႔ ၾကည့္ေနသည့္ အားေကာင္းေကာင္း အၾကည့္တစ္ခုကို ခံစားမိလိုက္သည္။ ထို႔ေၾကာင့္ သူက ဘာမွမေျပာဘဲ ႐ုတ္ခ်ည္းေပ်ာက္ကြယ္သြားကာ ခ်ပ္ဝတ္အမ်ိဳးသား၏ အေနာက္ဘက္မွ ျပန္လည္ေပၚထြက္လာသည္။

သူ႔လက္ထဲတြင္ မီးခိုးေရာင္ ဓားေျမႇာင္ႏွစ္ခုျဖင့္ ထိုလူအား ထိုးစိုက္ပစ္လိုက္၏။ ထိုဓားေျမႇာင္က ထိုလူ၏ ခ်ပ္ဝတ္အတြင္းသို႔ ေထာပတ္တုံး လွီးျဖတ္လိုက္သလိုမ်ိဳး ဝင္ေရာက္သြားေလသည္။ ထို႔ေနာက္ ထိုလူ၏ ေက်ာမွ ေ႐ႊေရာင္ေသြးမ်ား စီးက်လာေလသည္။

အရိပ္က ေသြးတခ်ိဳ႕ကို အလ်င္အျမန္ သိမ္းဆည္းလိုက္ၿပီးေနာက္ သူ႔ သိုေလွာင္လက္စြပ္အတြင္း ထည့္သိမ္းလိုက္သည္။

ခ်ပ္ဝတ္အမ်ိဳးသားသည္ ထိုသူက အဘယ္ေၾကာင့္ သူ႔စကားမ်ားကို ျပန္႐ုတ္သိမ္းကာ သူ႔အား တိုက္ခိုက္ရသလဲဟု စဥ္းစားကာ တုန္လႈပ္ေနဟန္ေပၚသည္။

" ဒီနတ္ဘုရားကို မင္းက လိမ္ညာရဲတယ္ေပါ့" ခ်ပ္ဝတ္အမ်ိဳးသားက ေအာ္ေျပာလိုက္သည္။

သူ႔လက္ထဲတြင္ ေ႐ႊေရာင္ပုဆိန္တစ္ေခ်ာင္း ေပၚလာၿပီး ထိုအရိပ္ကို ဖ်က္ဆီးရန္ ေဝွ႔ယမ္းလိုက္သည္။ သို႔ေသာ္ ကံဆိုးသည္က ခ်ပ္ဝတ္အမ်ိဳးသားက အေတာ္ေလး ေႏွးေကြးေနေသာေၾကာင့္ အရိပ္က တိုက္ကြက္ကို ေရွာင္ရွားႏိုင္လိုက္သည္။

ဤအျပဳအမူက သူ႔အား ပို၍ ေဒါသထြက္သြားဟန္ေပၚကာ မရပ္မနား ဆက္လက္ တိုက္ခိုက္ေတာ့သည္။

ထိုစဥ္ အရိပ္က အင္မတန္ တည္ၿငိမ္ေနသည္။ သူက ေရွာင္ရွားေနရင္း တစ္ဖက္လူ၏ လႈပ္ရွားမႈမ်ားကို အလ်င္အျမန္ ဆန္းစစ္ေနသည္။ ပထမဆုံး သတိထားမိသည့္အရာက သူ႔ေၾကာင့္ ျဖစ္သြားသည့္ဒဏ္ရာမွာ ျပန္ေကာင္းမြန္သြားၿပီ ျဖစ္၏။

ဒီလူက အလိုအေလ်ာက္ ျပန္ေကာင္းႏိုင္စြမ္း ရွိတာပဲ။ အဲဒါဆိုေတာ့ သူပဲလား ဒါမွမဟုတ္ နတ္ဘုရားေတြအကုန္လုံး အဲလိုျဖစ္ေနတာလား။ ဒီကုသႏိုင္စြမ္းကို စမ္းသပ္ၾကည့္ရေအာင္ ...

ထို႔ေနာက္ အရိပ္က ေရွာင္ရွားေနသည္ကို ရပ္တန႔္လိုက္ၿပီး ဓားေျမႇာင္ႏွစ္ေခ်ာင္းႏွင့္ အရွိန္ျမန္ဆန္မႈကို အခြင့္ေကာင္းယူကာ သူက ခ်ပ္ဝတ္အမ်ိဳးသား၏ ခႏၶာကိုယ္မွ ေနရာအသီးသီးကို ထိုးစိုက္လိုက္သည္။

ထိုနတ္ဘုရား ျမင္ေတြ႕ႏိုင္သည္က သူ႔ေရွ႕တြင္ လက္ဟန္အေျမာက္အမ်ား ေပၚထြက္လာၿပီး သူ႔အား ျဖတ္ေတာက္လိုက္ျခင္းသာ ျဖစ္၏။ သူ႔မ်က္လုံးက အရိပ္၏ လႈပ္ရွားမႈကို ျမင္ႏိုင္ေသာ္လည္း သူ႔ခႏၶာကိုယ္က အလ်င္ႏႈန္းကို အမွီမလိုက္ႏိုင္ေပ။

အရိပ္အတြက္မူ သူက တစ္ဖက္လူကို ဒဏ္ရာမ်ား ျဖစ္ေစႏိုင္ခဲ့ေသာ္လည္း မေပ်ာ္႐ႊင္ေပ။ အေၾကာင္းအရင္းမွာ သူက ထိခိုက္မႈ မ်ားမ်ားစားစား မျဖစ္သြားေစ၍ ျဖစ္သည္။ ထို႔အျပင္ ဒဏ္ရာမ်ားက ခ်က္ခ်င္းဆိုသလို ျပန္လည္ေကာင္းမြန္လာၾက၏။

ဒီလိုဆိုရင္ ဝိညာဥ္တိုက္ခိုက္ဖို႔ စမ္းၾကည့္ရေအာင္ ...

အရိပ္က ေတြးလိုက္သည္။ သူ႔ဝိညာဥ္စြမ္းအားက ေျမာက္မ်ားစြာေသာ ႀကိဳးမွ်င္မ်ားအျဖစ္ ေျပာင္းလဲသြားကာ ထိုခ်ပ္ဝတ္အမ်ိဳးသား၏ အသိစိတ္ပင္လယ္အတြင္း ဝင္ေရာက္ကာ ဝိညာဥ္အား အစိတ္စိတ္အပိုင္းပိုင္း ျဖတ္ေတာက္ဖို႔ႀကိဳးစားလိုက္သည္။

ကံဆိုးစြာျဖင့္ ခ်ပ္ဝတ္အမ်ိဳးသားက ေခတၱမွ် တုံ႔ဆိုင္းသြားၿပီးေနာက္ သူ႔ကိုယ္သူ ဆက္လက္ ကာကြယ္လိုက္သည္။ ထိုတိုက္ကြက္က အသုံးမဝင္လိုက္ေပ။

ၾကည့္ရတာ ယုံၾကည္မႈစြမ္းအားက သူတို႔ကို ကာကြယ္ထားပုံပဲ။ ဒီနတ္ဘုရားေတြက ဝိညာဥ္တိုက္ကြက္ေတြအေပၚ အသုံးမဝင္ဘူးေပါ့။

အရိပ္၏ ဓားေျမႇာင္မွ မီးခိုးေရာင္ အရွိန္အဝါတစ္ခု ႐ုတ္ခ်ည္းေပၚထြက္လာၿပီး ခ်က္ခ်င္း တိုက္ခိုက္လိုက္သည္။ ထိုခ်ပ္ဝတ္အမ်ိဳးသားက ဘာျဖစ္သြားလဲ နားမလည္ေသးခင္ ျပင္းထန္ေသာ နာက်င္မႈကို ခံစားလိုက္ရၿပီး ေအာ္ညည္းလိုက္ရသည္။

နာက်င္မႈ အရင္းအျမစ္ကို ရွာေဖြေတြ႕ရွိၿပီးေနာက္တြင္ သူ႔လက္တစ္ဖက္က ျဖတ္ေတာက္ခံလိုက္ရေၾကာင္း ေတြ႕ရွိသြားေလသည္။ ထိုအရာမွ ေ႐ႊေရာင္ေသြးမ်ား စီးက်ေနေလ၏။ ပို၍ဆိုး႐ြားသည္က အျပင္လူက သူ႔ေသြးမ်ားကို ကုန္စည္အလား စုေဆာင္းေနေလသည္။

" မင္းက ဒီနတ္ဘုရားရဲ႕ ျမင့္ျမတ္ခႏၶာကိုယ္ကို ထိခိုက္ရဲတယ္ေပါ့" ခ်ပ္ဝတ္အမ်ိဳးသားက ေအာ္ေျပာလိုက္သည္ " မင္းက လုပ္ရဲတယ္ေပါ့"

သူ႔မ်က္ဝန္းက အနီေရာင္ ေျပာင္းလဲသြားၿပီး ႐ူးသြပ္မႈ အေငြ႕အသက္က ဖုံးလႊမ္းသြားေလသည္။ သူက အရိပ္ကို ဝါးမ်ိဳပစ္ခ်င္ဟန္ေပၚ၏။

ကံဆိုးစြာျဖင့္ အရိပ္က တည္တည္ၿငိမ္ၿငိမ္သာ သူ႔အား ၾကည့္ေနသည္။ အရိပ္ သုံးသပ္ထားသည့္ ထိုနတ္ဘုရားမ်ား၏ တန္ဖိုးမွာ သိသိသာသာ ေလ်ာ့က်သြားေလသည္။ အနည္းဆုံးေတာ့ ထိုလူ၏ လႈပ္ရွားမႈေပၚ ျဖစ္၏။

ဤတိုက္ပြဲတြင္ ထိုနတ္ဘုရားက အေတာ္ေလး ေမာက္မာကာ တစ္ဖက္လူကို အထင္ေသးေၾကာင္း ေျပာႏိုင္ေလသည္။ ထို႔အျပင္ အရိပ္က သူ႔ရန္သူသည္ တိုက္ပြဲအေတြ႕အႀကဳံမရွိေၾကာင္း သတိျပဳမိလိုက္သည္။

သူက တစ္ဖက္လူကို ႏွိမ္နင္းဖို႔ အားသုံးေန႐ုံမွ်သာ ျဖစ္၏။ ထို႔ေၾကာင့္ သူက ဘဝတြင္ တစ္ခါမွ စိန္ေခၚမႈမ်ိဳးကို ရင္ဆိုင္ဖူးဟန္ မေပၚေပ။

နတ္ဘုရားေတြအကုန္လုံးသာ ဒီလိုဆိုရင္ေတာ့ ကမာၻကို အုပ္စိုးဖို႔ ပိုလြယ္ကူေတာ့မွာပဲ။

အရိပ္က ေတြးလိုက္သည္။ သို႔ေသာ္လည္း အရိပ္က ခ်က္ခ်င္းေကာက္ခ်က္မခ်ေသးေပ။ သူက နတ္ဘုရားတစ္ပါးႏွင့္သာ ေတြ႕ဆုံရေသးသည္ မဟုတ္ပါေလာ။

စကၠန႔္ပိုင္းၾကာ ေအာ္ဟစ္ၿပီးသည့္ေနာက္တြင္ ခ်ပ္ဝတ္အမ်ိဳးသားက ရပ္တန႔္လိုက္သည္။

အရိပ္က ထိုလူ၏ လက္ေမာင္းမွ ေသြးမ်ားက ရပ္တန႔္သြားသည္ကို သတိျပဳမိလိုက္သည္။ သို႔ေသာ္ ထိုလက္ေမာင္းက ခ်က္ခ်င္း ျပန္ထြက္မလာသည့္အတြက္ ေပ်ာ္႐ႊင္သြားေလသည္။ ဤအရာက ထိုနတ္ဘုရားမ်ား၏ ျပန္လည္ေကာင္းမြန္ႏိုင္စြမ္းသည္ ကန႔္သတ္ခ်က္ရွိေၾကာင္း ျပသေနေလ၏။

ကံဆိုးစြာျဖင့္ အရိပ္က ၾကာၾကာမေပ်ာ္လိုက္ရေပ။ ေကာင္းကင္မွာ ေန႔ခင္းဘက္ျဖစ္ေသာ္လည္း ႐ုတ္ခ်ည္းဆိုသလို ၾကယ္တစ္လုံး ေတာက္ပလာေလသည္။ ထို႔ေနာက္ အရိပ္က သူ႔ပတ္ဝန္းက်င္တစ္ခုလုံး ႐ုတ္ခ်ည္းေျပာင္းလဲသြားသလို ခံစားလိုက္ရ၏။ သူ႔ပတ္ဝန္းက်င္ရွိ ေလဟာနယ္က အစိုင္အခဲျဖစ္သြားကာ လႈပ္ရွားဖို႔ အခက္ေတြ႕ေနသည္။ လႈပ္ရွားမႈတိုင္းက အားထုတ္မႈ အေျမာက္အမ်ား လိုအပ္ေနေလ၏။ သူ႔ မူလအရင္းအျမစ္ပင္ အင္မတန္ ေႏွးေကြးေနေလသည္။

" ပိုင္နက္လား" အရိပ္က ေရ႐ြတ္လိုက္ၿပီးေနာက္ ထိုအေတြးကို အလ်င္အျမန္ ပယ္ခ်လိုက္သည္။ သူက မီးဘုရင္ဆီမွ ရရွိထားေသာ သတင္းအခ်က္အလက္မ်ားမွ တခ်ိဳ႕အရာမ်ားကို သတိျပဳမိသြားသည္။

ဤေလာက၏ က်င့္ႀကံေရးစနစ္အရ ျမင့္ျမတ္စြမ္းအားကို ျမင့္ျမတ္အသြင္ေျပာင္းျခင္းအဆင့္သို႔ ကူးေျပာင္းၿပီးေနာက္တြင္ ေနာက္အဆင့္က ထိုစြမ္းအားကို ဖိႏွိပ္၍ မ်ိဳးေစ့အျဖစ္ထားကာ ျမင့္ျမတ္မ်ိဳးေစ့ နယ္ပယ္အဆင့္သို႔ ဝင္ေရာက္ျခင္း ျဖစ္ေပသည္။

ထိုနယ္ပယ္တြင္ က်င့္ႀကံသူမ်ားကို အစစ္အမွန္ နတ္ဘုရားမ်ားဟု ေခၚ၏။ သို႔ေသာ္လည္း ထိုအထပ္တြင္ ျမင့္ျမတ္ဘုံဗိမာန္နတ္ဘုရား သို႔မဟုတ္ ေလဟာနယ္နတ္ဘုရားမ်ား ရွိေလသည္။ ဤအဆင့္၌ ထိုနတ္ဘုရားမ်ား ထားရွိထားသည့္ မ်ိဳးေစ့က မိုးေျမႏွင့္ ေပါင္းစပ္သြားကာ ေကာင္းကင္ဘုံဗိမာန္ဟု ေခၚသည့္ အရာတစ္ခုကို ဖန္တီးလာႏိုင္သည္။ ထိုအရာက ကမာၻငယ္ပုံစံ ျဖစ္၏။

ေကာင္းကင္ဘုံဗိမာန္က ေကာင္းကင္တြင္ တည္ရွိသည့္ ၾကယ္မ်ားျဖစ္ၿပီး ထိုနတ္ဘုရားမ်ား၏ ယုံၾကည္သက္ဝင္သူမ်ားက ေသဆုံးၿပီးေနာက္တြင္ ေစလႊတ္ခံရသည္ဟု ယုံၾကည္ထားၾကေသာ ေနရာ ျဖစ္ေပသည္။ ထို႔အျပင္ ထိုေနရာက တခ်ိဳ႕နတ္ဘုရားမ်ားကို သူတို႔၏ ဘုံဗိမာန္အျဖစ္ ျပဳစုေမြးထုတ္ေပးသည့္ေနရာလည္း ျဖစ္ေပသည္။

ေလဟာနယ္ နတ္ဘုရား၏ စြမ္းအားတစ္ခုမွာ သူတို႔၏ ေကာင္းကင္ဘုံဗိမာန္ စြမ္းအားကို အသုံးျပဳ၍ သူတို႔၏ စြမ္းအားကို တိုးျမႇင့္ႏိုင္ျခင္း ျဖစ္သည္။

ထိုအေတြးက အရိပ္၏ စိတ္အတြင္း ခ်က္ခ်င္းဝင္ေရာက္လာသည္။ ထို႔ေနာက္ သူက ခ်ပ္ဝတ္အမ်ိဳးသားအား ဆက္လက္ ေလ့လာလိုက္သည္။ ထို႔ေနာက္ သူက ေကာင္းကင္မွ စြမ္းအားတစ္မ်ိဳး က်ေရာက္လာကာ ထိုအမ်ိဳးသား၏ ခႏၶာကိုယ္အတြင္း ဝင္ေရာက္သြားသည္ကို ျမင္လိုက္ရသည္။ ထို႔ေနာက္ဆိုသလို သူ႔ ျမင့္ျမတ္စြမ္းအားက ျပန္လည္ျပည့္ဝလာၿပီး သူ႔လက္ေမာင္းလည္း ခ်က္ခ်င္းျပန္ေပါက္လာသည္။

ခ်ပ္ဝတ္အမ်ိဳးသားက အရိပ္အား အမုန္းတရားအျပည့္ျဖင့္ ၾကည့္ကာ " မင္းေက်းဇူးေၾကာင့္ ငါ့လက္ေမာင္း ျပန္ေပါက္လာဖို႔ ယုံၾကည္မႈစြမ္းအား အေျမာက္အမ်ား သုံးလိုက္ရၿပီ။ မင္းကိုလည္း ထာဝရခံစားရေအာင္ လုပ္ျပမယ္"

 ခ်ပ္ဝတ္အမ်ိဳးသားက ႐ုတ္ခ်ည္း ေပ်ာက္ကြယ္သြားၿပီးေနာက္တြင္ ျပန္လည္ေပၚထြက္လာသည္။ သူ႔ေ႐ႊေရာင္ ပုဆိန္က ေတာက္ပေနေလ၏။ သူက အရိပ္အား  နတ္ဘုရားတစ္ပါး၏ စြမ္းအင္အျပည့္ျဖင့္ အားျပင္းျပင္း ခုတ္ခ်လိုက္သည္။

Continue Reading

You'll Also Like

72K 2.2K 24
this is going to be based off the books currently under editing!! any suggestions please do tell me please enjoy ☆
71.9K 2K 194
"In a world of pirates and adventure, meet Ryo, a half mink-half human with a tragic past. After losing his parents, Ryo was taken in and trained by...
14.6K 308 20
It's my first time writing an Story so please bear with me. Anyways...... Story: Future Caelus, lost everyone. His friends, family and Comrades...
555K 16.3K 39
MALE WEDNESDAY X READER "I love you...Wednesday Addams" The girl cried while hugging him as tight as she could. "I love you too....Amore mio. Please...