ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၁)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၂၈၉) : ကံကြမ္မာသားတော်
စွင်းကျောင်းလုံက မဟာကျိုးတိုင်းပြည်နှင့် စစ်ပွဲစရန် ကြံစည်ထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သူ့ ယခင်အစီအစဉ်အရ တစ်ခုတည်းသော ပြဿနာမှာ ကျီစုန့်သာ ဖြစ်သည်။ သို့သော်လည်း ကျီစုန့် သေဆုံးပြီးသည့်နောက်တွင် သူက သူ့အခွင့်အရေး ရောက်လာကြောင်း ချက်ချင်း သိခဲ့သည်။
ထို့ကြောင့် သူက သိုင်းပညာဧကရာဇ် အမည်ဝှက်ကို ဖန်တီးပြီးသည့်နောက်တွင် မဟာဝူတိုင်းပြည်အတွင်း သူ့ထောက်ခံသူများကို စစ်ဆေးကာ စစ်ပွဲကို စတင်ခဲ့သည်။ သူ့အကြံအစည်က ရိုးရှင်းလှသည်။ သူ့ မသေနိုင်စွမ်းအား အသုံးပြုကာ မဟာကျိုးတိုင်းပြည်၏ ပိုင်နက်ကို ဖြည်းဖြည်းချင်း အုပ်စိုးခြင်း ဖြစ်၏။ မဟာဝူကသာ မဟာကျိုး၏ သူတော်စင်အဆင့်နှင့် အထွတ်အထိပ်နယ်ပယ်အဆင့် ကျင့်ကြံသူများကို ရပ်တန့်နိုင်သရွေ့ သူက တခြားပြဿနာများကို ဖြေရှင်းနိုင်လေသည်။
ပထမဦးစွာ စွင်းကျောင်းလုံ၏ အစီအစဉ်က အလုပ်ဖြစ်ခဲ့သည်။ အဆင့်တူအတွင်း မည်သူကမှ သူ့ကို မတားဆီးနိုင်ကြပေ။ သူက ပိုင်နက်ကို တစ်ခုပြီးတစ်ခု အလျင်အမြန် အုပ်စိုးလာခဲ့သည်။ သို့သော်လည်း လတ်တလော မဟာကျိုးတိုင်းပြည်က ထိုစစ်ပွဲအတွင်း အသုံးပြုသည့် အရင်းမြစ်အရေအတွက်ကို သိသိသာသာ တိုးမြှင့်လိုက်လေသည်။
သူတော်စင်အဆင့်နှင့် အထွတ်အထိပ်နယ်ပယ်အဆင့် ကျင့်ကြံသူအရေအတွက်က ရုတ်ချည်း တိုးမြှင့်လာလေသည်။ ကံဆိုးစွာဖြင့် မဟာဝူလူများက အမှီမလိုက်နိုင်ပေ။ မဟာဝူတွင် မဟာကျိုးထက် ဧကရာဇ်တစ်ပါး ပိုရှိထားသောကြောင့် သူတို့၏ အခြေခံအုတ်မြစ်က ခိုင်မာကာ အရင်းမြစ်များစွာ ရှိထားသည်ဟု ထင်ကြလိမ့်မည်။
သို့သော်လည်း သူတို့ မဟာဝူတိုင်းပြည်၏ ဧကရာဇ်လေးယောက်အနက် သုံးယောက်က ကောင်းကင်အလိုဆန္ဒကို ကြိုးပမ်းရယူထားသည့် ဧကရာဇ်တစ်ပိုင်းများသာ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ စိတ်အခြေအနေနှင့် စိတ်ဆန္ဒ သို့မဟုတ် တာအိုနှလုံးသားက ထိုအရာကို ခံနိုင်ရည် ရှိသည့် အဆင့်သို့ မရောက်ရှိခဲ့ပေ။
ထို့အပြင် မဟာကျိုးတော်ဝင်တိုင်းပြည်က မဟာဝူနှင့်ယှဉ်လျှင် သက်တမ်းကြာမြင့်သည့်အတွက် မဟာဝူအနေနှင့် မဟာကျိုးအား အရင်းအမြစ်နှင့် အင်အားကို ယှဉ်နိုင်မည် မဟုတ်ပေ။
ထိုအရာကို သတိပြုမိပြီးသည့်နောက်တွင် စွင်းကျောင်းလုံက သူ့အရာရှိလေးအား ထွက်သွားခိုင်းလိုက်သည်။ ထို့နောက် သူက မြို့အရှင်၏ စံအိမ်တော်အတွင်း ဝင်ရောက်လာသည်။ သူက အစီအရင်တစ်ခု ခင်းကျင်းကာ တင်ပျဉ်ခွေထိုင်လိုက်၏။ သူက လက်ထဲတွင် လူသားကံကြမ္မာဓားကို ကိုင်ဆောင်လိုက်သည့်အချိန် ထိုဓားမှ ရောင်စုံစွမ်းအားများ ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေသည်။
တစ်ပတ်ကြာမြင့်ပြီးသည့်နောက်တွင် စွင်းကျောင်းလုံက မျက်လုံးဖွင့်လာသည်။ သူ့အသက်ရှူနှုန်းကလည်း သိသိသာသာ တိုးမြင့်လာလေ၏။
" ဒီချီကံကောင်းမှုအသစ်နဲ့ ငါ ကြွက်သားတွေကို လေ့ကျင့်နိုင်ခဲ့တယ်။ အခု အတွင်းအင်္ဂါတွေအတွက် အချိန်ပဲ" စွင်းကျောင်းလုံက ရေရွတ်လိုက်သည်။
အကယ်၍ ဤနေရာတွင် တခြားကောင်းကင်ရွေးချယ်ခံများသာ ရှိနေပါက သူတို့က စွင်းကျောင်းလုံသည် အံဖွယ်ခန္ဓာ လူသားအဆင့်ရှိ အတွင်းအင်္ဂါလေ့ကျင့်ရေး ဖြစ်စဉ်အတွင်း ဝင်ရောက်နေပြီဖြစ်ကြောင်း အံ့ဩသွားကြလိမ့်မည်။ ထိုစဉ် သူတို့အများစုက အရေပြားကိုသာ လေ့ကျင့်မှု ပြီးဆုံးရုံမျှသာဖြစ်ပြီး ကြွက်သားကို စတင်ရုံမျှသာ ဖြစ်သည်။
ထို့နောက် သူက သိုလှောင်လက်စွပ်အတွင်းမှ အဆောင်တစ်ခုကို ထုတ်ယူကာ သူ့အဖေနှင့် လှမ်းဆက်သွယ်လိုက်သည်။
" အဖေ ကိစ္စတွေရော ဘယ်လိုလဲ" စွင်းကျောင်းလုံက မျက်နှာချင်းဆိုင်တွင် ရှိသည့်သူကို ကြည့်ရင်း မေးလိုက်သည်။
" သိပ်မကောင်းဘူး။ လတ်တလော ဆုံးရှုံးမှုတွေအရ လူတော်တော်များများက စစ်ပွဲကို ရပ်တန့်ချင်ကြတယ်"
စွင်းကျောင်းလုံက ထိုအရာကို ကြားပြီးနောက် နှာခေါင်းရှုံ့လိုက်သည် " ဒါက ကျွန်တော်တို့ တိုင်းပြည်ကို အားနည်းစေတဲ့အချက်ပဲ။ ကိစ္စတွေက နည်းနည်းလောက် အခက်တွေ့လာတာနဲ့ အားလုံးက သူတို့အမြီးကို ဝှက်ပြီးတော့ ပုန်းအောင်းနေချင်ကြတာပဲ"
" မင်းလည်း ဒီအချက်ကို သိတာ ကြာလောက်ပါပြီ။ တကယ်လို့ ဒီတိုင်းပြည်ကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲစေချင်တယ်ဆိုရင် သိသိသာသာပြောင်းလဲမှု ဒါမှမဟုတ်ဘူးဆိုရင် ဖြည်းဖြည်းချင်း ပြုပြင်ယူရမယ်။ ဘာပဲဖြစ်ဖြစ် ဒီလက်ရှိ ပြဿနာက မင်းကိုယ်မင်းပဲ မှီခိုရတော့မှာ။ မင်းမှာ ဖြေရှင်းနည်း ရှိလား"
" ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒါက စိတ်ချစရာတော့ မကောင်းဘူး။ ကျွန်တော် ဒီနည်းလမ်းကို စမ်းသပ်မကြည့်ဖူးတော့ အောင်မြင်မလား မအောင်မြင်မလားဆိုတာကို မပြောတတ်ဘူး"
အရှင်ဉာဏ်ပညာက ခေါင်းညိတ်လိုက်ပြီးနောက် ဆက်မမေးတော့ပေ။
" မင်း တောင်းဆိုချက်အတိုင်း ငါ ဖန်းလီကျွမ်းဆီက အဆောင်ကို တောင်းထားတယ်"
" အဲလောက်တောင် မြန်တယ်လား။ သူတို့က ထပ်ပြီးတော့ ငြင်းဦးမယ်ထင်နေတာ"
" သူတို့က အပြင်မှာသာ အဲလိုပုံပေါက်ပေမဲ့ အံ့ဖွယ်တာအိုမျိုးနွယ်က အတော်လေးကို ဆင်းရဲနေပြီ။ ပြီးတော့ သူတို့ရဲ့ ပင်ကိုပစ္စည်းတောင်းဆိုမှုကို ငြင်းပယ်ပြီးတဲ့နောက်မှာ ရှားပါးပစ္စည်းတချို့ပေးပြီးတော့ သဘောတူညီချက် ရယူနိုင်ခဲ့တယ်"
" သူတို့က ဘာလို့ ပင်ကိုပစ္စည်း လိုအပ်နေတာလဲ" စွင်းကျောင်းလုံက နားမလည်စွာ မေးလိုက်သည်။
" ကြည့်ရတာ သူတို့လည်း တစ်ခုခုကြံစည်နေပုံပဲ"
" ကျွန်တော် လိုချင်တာ ရသရွေ့ ဘာမှကိစ္စမရှိဘူး"
အရှင်ဉာဏ်ပညာက ခေါင်းညိတ်ကာ ခဏတာ ရပ်တန့်လိုက်ပြီးနောက် " မင်း အကြံအစည် အလုပ်ဖြစ်မယ်ဆိုတာ သေချာလား။ တကယ်လို့ လုပ်ဖြစ်ခဲ့ရင် မဟာကျိုးတိုင်းပြည်အပေါ် ငါတို့အမုန်းတရားက နောက်တစ်ဆင့် ရောက်သွားလိမ့်မယ်။ မင်း ဒါကို ထည့်တွက်ထားသင့်တယ်"
" မဟာကျိုးအပေါ် ကျွန်တော်တို့ အမုန်းတရားက မပြုပြင်နိုင်တော့တဲ့ အခြေအနေကို ရောက်နေပြီ။ ယခင်နှစ်သန်းချီအတွင်း ကျွန်တော်တို့ ပိုင်တဲ့ ပိုင်နက်တွေအားလုံးကို ဖြည်းဖြည်းချင်း တိုက်စားလာခဲ့တာ။ မဟာဝူ ဒီနေ့အထိ တည်ရှိနေတဲ့ အကြောင်းအရင်းက မဟာကျိုးက နောက်ထပ်ဧကရာဇ်တစ်ပါးကို မမွေးထုတ်နိုင်သေးလို့ပဲ။
အခု သူတို့က ပြိုင်ပွဲမှာ စောစောစီးစီး ပြုတ်သွားပြီဆိုတော့ သူတို့ကို အားနည်းစေဖို့ အချိန်ကောင်းပဲ။ ကျွန်တော် တာအိုသက်သေပြပြီး ဧကရာဇ်ဖြစ်လာတာနဲ့ သူတို့ကို ရှင်းထုတ်ပစ်မယ်"
အရှင်ဉာဏ်ပညာက ကျယ်ကျယ်လောင်လောင် သက်ပြင်းချလိုက်ရင်း " ဒီတစ်ကြိမ် ငါတို့တိုင်းပြည်ကလူတွေက မင်းကို ပွင့်လင်းမြင်သာ ပံ့ပိုးခွင့်ပေးလိမ့်မယ်တော့ မထင်ဘူး"
စွင်းကျောင်းလုံက ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူက ထင်ထားသလောက် စိတ်မပျက်ပေ။ သူက ဒီရလဒ်ကို မျှော်လင့်ထားပြီးသာ မဟုတ်ပါလော။ သူ့အဖေနှင့် စကားပြောဆိုပြီးနောက်တွင် သူက မြို့အရှင်စံအိမ်မှ ထွက်လာလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့အံ့ဖွယ်အသိစိတ်ကို မြို့တစ်မြို့လုံး လွှမ်းခြုံကာ အရာအားလုံး သူ့ အစီအစဉ်အောက် ရှိရဲ့လားဟု စစ်ဆေးလိုက်သည်။
နာရီအနည်းငယ် ကြာပြီးသည့်နောက်တွင် စွင်းကျောင်းလုံက တပ်မဟာရှေ့ ရပ်လိုက်သည်။ သူ့ရှေ့တွင် ကူးသန်းပို့ဆောင်ရေး အစီအရင်တစ်ခု ရှိနေသည်။
" အရှင့်သား ... ရှောင်လင်မြို့ရဲ့ ကူးသန်းရေး အစီအရင်က အဆင်သင့်ဖြစ်နေပါပြီ"
စွင်းကျောင်းလုံက စကားပြောသူကို လျစ်လျူရှုကာ မျက်လုံးမှိတ်ထားလိုက်သည်။ ထို့နောက် လူသားကံကြမ္မာဓားနှင့် ဆက်နွယ်လိုက်၏။ စက္ကန့်ပိုင်း ကြာမြင့်ပြီးသည့်နောက်တွင် သူ့မျက်လုံး ပြန်ပွင့်လာကာ " အခြေအနေ ပြောင်းမယ်။ ငါတို့တွေ ရေခဲဆောင်မြို့ဆီ သွားမယ်။"
" ဒါပေမဲ့ အရှင့်သား ရေခဲဆောင်မြို့က ကျွန်တော်တို့နေရာနဲ့ အလှမ်းဝေးလွန်းတယ်။ သဘောတရားအရပြောရရင် တိုက်ခိုက်ဖို့ အခြေအနေမကောင်းဘူး"
" မင်းက ငါ့အမိန့်အတိုင်း လိုက်လုပ်ရုံပဲ။ မေးခွန်းထုတ်ဖို့ မဟုတ်ဘူး" စွင်းကျောင်းလုံက ခက်ထန်စွာ ပြောလိုက်သည်။ တပ်မဟာက ရွေးချယ်စရာမရှိဘဲ ရေခဲဆောင်မြို့သို့ ဦးတည်လိုက်ရသည်။
ယခင်တိုက်ပွဲကဲ့သို့ စွင်းကျောင်းလုံက တိုက်ပွဲကို ဦးဆောင်လာသည်။ သူ့လက်ထဲတွင် ပြိုင်ဘက်ကင်းအင်အားနှင့် လူသားကံကြမ္မာဓား ရှိနေ၍ လမ်းရှိသူအားလုံးကို သတ်ဖြတ်ခဲ့ပြီး သူ့ရွှေရောင်ချပ်ဝတ်ကိုပင် အနီရောင်သန်းသွားစေသည်။
သို့သော်လည်း တိုက်ပွဲတစ်ဝက်တွင် ထူးထူးဆန်းဆန်း အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ ထိုကျဆုံးသွားသော စစ်သားများ၏ သွေးအားလုံးက မြေကြီးထဲ စုပ်ယူခံလိုက်ရသည်။ တိုက်ပွဲအဆုံးသတ်သွားသည့်အခါ တိုက်ပွဲနှင့် မနီးမဝေးတွင် အာကာပြင် ကျိုးပျက်လာပြီး လေထဲတွင် အစီအရင်များစွာ ပေါ်ထွက်လာပြီး ကောင်းကင်တစ်ဝှမ်း ဖုံးလွှမ်းသွားသည်။ အနီရောင် တောက်ပနေသည့် အစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။
စွင်းကျောင်းလုံက အပြုံးတစ်ပွင့်နှင့်အတူ လူသားကံကြမ္မာဓားကို ထုတ်လိုက်သည်။ ထို့နောက် ထိုအနီရောင်အလင်းများကို ကာကွယ်ထားသည့် ရွှေရောင်ဒိုင်းတစ်ခု ပေါ်ထွက်လာသည်။
ထို့နောက် သူက သူ့စစ်သူကြီးများနှင့် တပ်သားများအား တိုက်ပွဲနောက်ဆက်တွဲအား ဂရုစိုက်ဖို့ အမိန့်ပေးလိုက်ပြီး စွင်းကျောင်းလုံက ထိုအစီအရင်ထဲ ပြေးဝင်သွားသည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ဝင်ရောက်သွားလေ၏။ သိပ်မကြာခင် သူက အခန်းတစ်ခုအတွင်း ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။ သူ့ရှေ့တွင် ရုပ်သေးရုပ် တပ်ဖွဲ့တစ်ခု ရှိနေလေသည်။
ထိုပတ်ဝန်းကျင်ကို အလျင်အမြန် စစ်ဆေးပေးပြီးနောက်တွင် သူက ရှေ့တိုးလာလိုက်သည်။ ထိုရုပ်သေးရုပ်တပ်ဖွဲ့က စတင်တိုက်ခိုက်လာလေ၏။
နောက်ရက် အနည်းငယ်ကြာပြီးသည့်နောက်တွင် စွင်းကျောင်းလုံက ရုပ်သေးရုပ်များနှင့် တိုက်ပွဲ တစ်ခုပြီးတစ်ခု တိုက်ခိုက်ပြီးသည့်နောက်တွင် ထိုလျှို့ဝှက်နယ်မြေ၏ ပင်မခန်းမကို တွေ့ရှိသွားလေသည်။
သူက ရုပ်သေးရုပ် နှစ်တန်းကို မြင်လိုက်ရသည်။ ပထမတန်းတွင် ရုပ်သေးရုပ် နှစ်ဆယ်ရှိပြီး တခြားတစ်ဖက်တွင် ရုပ်သေးရုပ်ရာချီ ရှိလေသည်။ ဤတစ်ကြိမ် သူက ထိုရုပ်သေးရုပ်များ၏ အင်အားကို မခံစားမိသဖြင့် ဂရုစိုက်ထားလိုက်သည်။
စွင်းကျောင်းလုံက ထိုအခန်းထဲ လျှောက်သွားနေစဉ် တိုက်ခိုက်ဖို့ အသင့်ပြင်ထားလိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ် ဘာမှဖြစ်မလာခဲ့ပေ။ သူက တိုက်ခိုက်ခြင်း မခံရပေ။ သိပ်မကြာခင် သူက စင်မြင့်အလယ်တစ်ခုတွင် ရှိနေသည့် စာအုပ်တစ်အုပ်ကို မြင်လိုက်ရသည်။
ထိုအရာကို ဖွင့်ဖတ်ပြီးသည့်နောက်တွင် သူ့မျက်နှာထက် အပြုံးပန်း ပွင့်လန်းလာသည်။
" အော် ဒါက ကံကြမ္မာသားတော် စွမ်းအားလား" စွင်းကျောင်းလုံက သူ့ဘာသာသူ ရေရွတ်လိုက်သည်။ "အခု ငါက အားကြီးတဲ့ ကျင့်ကြံသူတွေ လိုအပ်နေတဲ့အချိန်မှာ မိစ္ဆာခေတ်က အားကောင်းတဲ့ ရုပ်သေးရုပ်ဂိုဏ်း ကျန်နေခဲ့တဲ့ လျှို့ဝှက်နယ်မြေကို ရှာတွေ့ခဲ့တာပဲ။
ဒီလျှို့ဝှက်နယ်မြေထဲမှာ သူတော်စင်အဆင့် ရုပ်သေးရုပ်နှစ်ရာနဲ့ အထွတ်အထိပ်နယ်ပယ်အဆင့် ၁၈ရုပ်၊ ဧကရာဇ်တစ်ပိုင်း ရုပ်သေးရုပ် နှစ်ရုပ်ရှိနေတယ်" စွင်းကျောင်းလုံက သူ့လက်ထဲက ဓားကို တအံ့တဩကြည့်လိုက်သည်။ သူက ဘယ်ပြဿနာမဆို ရင်ဆိုင်ရပါစေ သူ့အတွက် ဖြေရှင်းဖို့ ကံကြမ္မာအခွင့်အလမ်းအဖြစ် ပြောင်းလဲသွားနိုင်သည်။
" ဒီမျိုးဆက်မှာ ငါသာ ကံကြမ္မာသားတော်စွမ်းအားနဲ့ လုပ်ချင်တာ လုပ်လို့ရတယ်ဆိုပြီးတော့ မတွေးထားသရွေ့ ငါ ဒီကံကြမ္မာ အပြောင်းအလဲတွေကနေ ဖြည်းဖြည်းချင်း ထိပ်ကို တက်လှမ်းနိုင်တယ်။ အဲဒါဆိုရင် ဒီကောင်းကင်အလိုဆန္ဒကို ရယူနိုင်ပြီးတော့ တာအိုကိုလည်း သက်သေပြနိုင်လိမ့်မယ်"
စွင်းကျောင်းလုံက လမ်းလျှောက်သွားလိုက်ပြီးနောက် သူ့အား ထိုရုပ်သေးရုပ်များကို ထိန်းချုပ်နိုင်သည့် အဆောင်အား ရယူလိုက်သည်။ သူ့အား တိုက်ခိုက်ခဲ့သည့် ရုပ်သေးရုပ်များ အပါအဝင် ရုပ်သေးရုပ်အားလုံးကို သူ့သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းလိုက်၏။
သူက ထွက်မလာခင် အထွတ်အမြတ်နယ်မြေကို ပြန်ကြည့်လိုက်ပြီး ရေရွတ်လိုက်သည် " ငါ ဒီကံကြမ္မာကို လက်ခံတယ်။ ငါ တာအိုကို သက်သေပြပြီး မဟာဧကရာဇ် ဖြစ်လာတာနဲ့ ပြန်လည်သန့်စင်ရေး ရုပ်သေးရုပ်ဂိုဏ်းက အသင်္ချေအင်ပါယာကမ္ဘာမှ ထပ်မံ ပေါ်ထွက်လာလိမ့်မယ်"
စွင်းကျောင်းလုံက သူ့အစီအစဉ် နောက်ခြေလှမ်းကို စတင်ဖို့အတွက် လျှို့ဝှက်နယ်မြေမှ ထွက်လာလိုက်သည်။ ရှာဖွေတွေ့ရှိထားသော အင်အားဖြင့် သူက သူ့အောင်မြင်မှုအပေါ် ယုံကြည်မှု ရှိနေလေသည်။
*************
ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၂၁)
မူရင္းေရးသားသူ - lazySageDao
ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)
အခန္း (၂၈၉) : ကံၾကမၼာသားေတာ္
စြင္းေက်ာင္းလုံက မဟာက်ိဳးတိုင္းျပည္ႏွင့္ စစ္ပြဲစရန္ ႀကံစည္ထားသည္မွာ ၾကာျမင့္လွၿပီ ျဖစ္၏။ သူ႔ ယခင္အစီအစဥ္အရ တစ္ခုတည္းေသာ ျပႆနာမွာ က်ီစုန႔္သာ ျဖစ္သည္။ သို႔ေသာ္လည္း က်ီစုန႔္ ေသဆုံးၿပီးသည့္ေနာက္တြင္ သူက သူ႔အခြင့္အေရး ေရာက္လာေၾကာင္း ခ်က္ခ်င္း သိခဲ့သည္။
ထို႔ေၾကာင့္ သူက သိုင္းပညာဧကရာဇ္ အမည္ဝွက္ကို ဖန္တီးၿပီးသည့္ေနာက္တြင္ မဟာဝူတိုင္းျပည္အတြင္း သူ႔ေထာက္ခံသူမ်ားကို စစ္ေဆးကာ စစ္ပြဲကို စတင္ခဲ့သည္။ သူ႔အႀကံအစည္က ႐ိုးရွင္းလွသည္။ သူ႔ မေသႏိုင္စြမ္းအား အသုံးျပဳကာ မဟာက်ိဳးတိုင္းျပည္၏ ပိုင္နက္ကို ျဖည္းျဖည္းခ်င္း အုပ္စိုးျခင္း ျဖစ္၏။ မဟာဝူကသာ မဟာက်ိဳး၏ သူေတာ္စင္အဆင့္ႏွင့္ အထြတ္အထိပ္နယ္ပယ္အဆင့္ က်င့္ႀကံသူမ်ားကို ရပ္တန႔္ႏိုင္သေ႐ြ႕ သူက တျခားျပႆနာမ်ားကို ေျဖရွင္းႏိုင္ေလသည္။
ပထမဦးစြာ စြင္းေက်ာင္းလုံ၏ အစီအစဥ္က အလုပ္ျဖစ္ခဲ့သည္။ အဆင့္တူအတြင္း မည္သူကမွ သူ႔ကို မတားဆီးႏိုင္ၾကေပ။ သူက ပိုင္နက္ကို တစ္ခုၿပီးတစ္ခု အလ်င္အျမန္ အုပ္စိုးလာခဲ့သည္။ သို႔ေသာ္လည္း လတ္တေလာ မဟာက်ိဳးတိုင္းျပည္က ထိုစစ္ပြဲအတြင္း အသုံးျပဳသည့္ အရင္းျမစ္အေရအတြက္ကို သိသိသာသာ တိုးျမႇင့္လိုက္ေလသည္။
သူေတာ္စင္အဆင့္ႏွင့္ အထြတ္အထိပ္နယ္ပယ္အဆင့္ က်င့္ႀကံသူအေရအတြက္က ႐ုတ္ခ်ည္း တိုးျမႇင့္လာေလသည္။ ကံဆိုးစြာျဖင့္ မဟာဝူလူမ်ားက အမွီမလိုက္ႏိုင္ေပ။ မဟာဝူတြင္ မဟာက်ိဳးထက္ ဧကရာဇ္တစ္ပါး ပိုရွိထားေသာေၾကာင့္ သူတို႔၏ အေျခခံအုတ္ျမစ္က ခိုင္မာကာ အရင္းျမစ္မ်ားစြာ ရွိထားသည္ဟု ထင္ၾကလိမ့္မည္။
သို႔ေသာ္လည္း သူတို႔ မဟာဝူတိုင္းျပည္၏ ဧကရာဇ္ေလးေယာက္အနက္ သုံးေယာက္က ေကာင္းကင္အလိုဆႏၵကို ႀကိဳးပမ္းရယူထားသည့္ ဧကရာဇ္တစ္ပိုင္းမ်ားသာ ျဖစ္ၾကသည္။ ထို႔ေၾကာင့္ သူတို႔၏ စိတ္အေျခအေနႏွင့္ စိတ္ဆႏၵ သို႔မဟုတ္ တာအိုႏွလုံးသားက ထိုအရာကို ခံႏိုင္ရည္ ရွိသည့္ အဆင့္သို႔ မေရာက္ရွိခဲ့ေပ။
ထို႔အျပင္ မဟာက်ိဳးေတာ္ဝင္တိုင္းျပည္က မဟာဝူႏွင့္ယွဥ္လွ်င္ သက္တမ္းၾကာျမင့္သည့္အတြက္ မဟာဝူအေနႏွင့္ မဟာက်ိဳးအား အရင္းအျမစ္ႏွင့္ အင္အားကို ယွဥ္ႏိုင္မည္ မဟုတ္ေပ။
ထိုအရာကို သတိျပဳမိၿပီးသည့္ေနာက္တြင္ စြင္းေက်ာင္းလုံက သူ႔အရာရွိေလးအား ထြက္သြားခိုင္းလိုက္သည္။ ထို႔ေနာက္ သူက ၿမိဳ႕အရွင္၏ စံအိမ္ေတာ္အတြင္း ဝင္ေရာက္လာသည္။ သူက အစီအရင္တစ္ခု ခင္းက်င္းကာ တင္ပ်ဥ္ေခြထိုင္လိုက္၏။ သူက လက္ထဲတြင္ လူသားကံၾကမၼာဓားကို ကိုင္ေဆာင္လိုက္သည့္အခ်ိန္ ထိုဓားမွ ေရာင္စုံစြမ္းအားမ်ား ေပၚထြက္လာၿပီး သူ႔ခႏၶာကိုယ္အတြင္း ဝင္ေရာက္သြားေလသည္။
တစ္ပတ္ၾကာျမင့္ၿပီးသည့္ေနာက္တြင္ စြင္းေက်ာင္းလုံက မ်က္လုံးဖြင့္လာသည္။ သူ႔အသက္ရႉႏႈန္းကလည္း သိသိသာသာ တိုးျမင့္လာေလ၏။
" ဒီခ်ီကံေကာင္းမႈအသစ္နဲ႔ ငါ ႂကြက္သားေတြကို ေလ့က်င့္ႏိုင္ခဲ့တယ္။ အခု အတြင္းအဂၤါေတြအတြက္ အခ်ိန္ပဲ" စြင္းေက်ာင္းလုံက ေရ႐ြတ္လိုက္သည္။
အကယ္၍ ဤေနရာတြင္ တျခားေကာင္းကင္ေ႐ြးခ်ယ္ခံမ်ားသာ ရွိေနပါက သူတို႔က စြင္းေက်ာင္းလုံသည္ အံဖြယ္ခႏၶာ လူသားအဆင့္ရွိ အတြင္းအဂၤါေလ့က်င့္ေရး ျဖစ္စဥ္အတြင္း ဝင္ေရာက္ေနၿပီျဖစ္ေၾကာင္း အံ့ဩသြားၾကလိမ့္မည္။ ထိုစဥ္ သူတို႔အမ်ားစုက အေရျပားကိုသာ ေလ့က်င့္မႈ ၿပီးဆုံး႐ုံမွ်သာျဖစ္ၿပီး ႂကြက္သားကို စတင္႐ုံမွ်သာ ျဖစ္သည္။
ထို႔ေနာက္ သူက သိုေလွာင္လက္စြပ္အတြင္းမွ အေဆာင္တစ္ခုကို ထုတ္ယူကာ သူ႔အေဖႏွင့္ လွမ္းဆက္သြယ္လိုက္သည္။
" အေဖ ကိစၥေတြေရာ ဘယ္လိုလဲ" စြင္းေက်ာင္းလုံက မ်က္ႏွာခ်င္းဆိုင္တြင္ ရွိသည့္သူကို ၾကည့္ရင္း ေမးလိုက္သည္။
" သိပ္မေကာင္းဘူး။ လတ္တေလာ ဆုံးရႈံးမႈေတြအရ လူေတာ္ေတာ္မ်ားမ်ားက စစ္ပြဲကို ရပ္တန႔္ခ်င္ၾကတယ္"
စြင္းေက်ာင္းလုံက ထိုအရာကို ၾကားၿပီးေနာက္ ႏွာေခါင္းရႈံ႕လိုက္သည္ " ဒါက ကြၽန္ေတာ္တို႔ တိုင္းျပည္ကို အားနည္းေစတဲ့အခ်က္ပဲ။ ကိစၥေတြက နည္းနည္းေလာက္ အခက္ေတြ႕လာတာနဲ႔ အားလုံးက သူတို႔အၿမီးကို ဝွက္ၿပီးေတာ့ ပုန္းေအာင္းေနခ်င္ၾကတာပဲ"
" မင္းလည္း ဒီအခ်က္ကို သိတာ ၾကာေလာက္ပါၿပီ။ တကယ္လို႔ ဒီတိုင္းျပည္ကို ပိုမိုေကာင္းမြန္ေအာင္ ေျပာင္းလဲေစခ်င္တယ္ဆိုရင္ သိသိသာသာေျပာင္းလဲမႈ ဒါမွမဟုတ္ဘူးဆိုရင္ ျဖည္းျဖည္းခ်င္း ျပဳျပင္ယူရမယ္။ ဘာပဲျဖစ္ျဖစ္ ဒီလက္ရွိ ျပႆနာက မင္းကိုယ္မင္းပဲ မွီခိုရေတာ့မွာ။ မင္းမွာ ေျဖရွင္းနည္း ရွိလား"
" ရွိႏိုင္ပါတယ္။ ဒါေပမဲ့ ဒါက စိတ္ခ်စရာေတာ့ မေကာင္းဘူး။ ကြၽန္ေတာ္ ဒီနည္းလမ္းကို စမ္းသပ္မၾကည့္ဖူးေတာ့ ေအာင္ျမင္မလား မေအာင္ျမင္မလားဆိုတာကို မေျပာတတ္ဘူး"
အရွင္ဉာဏ္ပညာက ေခါင္းညိတ္လိုက္ၿပီးေနာက္ ဆက္မေမးေတာ့ေပ။
" မင္း ေတာင္းဆိုခ်က္အတိုင္း ငါ ဖန္းလီကြၽမ္းဆီက အေဆာင္ကို ေတာင္းထားတယ္"
" အဲေလာက္ေတာင္ ျမန္တယ္လား။ သူတို႔က ထပ္ၿပီးေတာ့ ျငင္းဦးမယ္ထင္ေနတာ"
" သူတို႔က အျပင္မွာသာ အဲလိုပုံေပါက္ေပမဲ့ အံ့ဖြယ္တာအိုမ်ိဳးႏြယ္က အေတာ္ေလးကို ဆင္းရဲေနၿပီ။ ၿပီးေတာ့ သူတို႔ရဲ႕ ပင္ကိုပစၥည္းေတာင္းဆိုမႈကို ျငင္းပယ္ၿပီးတဲ့ေနာက္မွာ ရွားပါးပစၥည္းတခ်ိဳ႕ေပးၿပီးေတာ့ သေဘာတူညီခ်က္ ရယူႏိုင္ခဲ့တယ္"
" သူတို႔က ဘာလို႔ ပင္ကိုပစၥည္း လိုအပ္ေနတာလဲ" စြင္းေက်ာင္းလုံက နားမလည္စြာ ေမးလိုက္သည္။
" ၾကည့္ရတာ သူတို႔လည္း တစ္ခုခုႀကံစည္ေနပုံပဲ"
" ကြၽန္ေတာ္ လိုခ်င္တာ ရသေ႐ြ႕ ဘာမွကိစၥမရွိဘူး"
အရွင္ဉာဏ္ပညာက ေခါင္းညိတ္ကာ ခဏတာ ရပ္တန႔္လိုက္ၿပီးေနာက္ " မင္း အႀကံအစည္ အလုပ္ျဖစ္မယ္ဆိုတာ ေသခ်ာလား။ တကယ္လို႔ လုပ္ျဖစ္ခဲ့ရင္ မဟာက်ိဳးတိုင္းျပည္အေပၚ ငါတို႔အမုန္းတရားက ေနာက္တစ္ဆင့္ ေရာက္သြားလိမ့္မယ္။ မင္း ဒါကို ထည့္တြက္ထားသင့္တယ္"
" မဟာက်ိဳးအေပၚ ကြၽန္ေတာ္တို႔ အမုန္းတရားက မျပဳျပင္ႏိုင္ေတာ့တဲ့ အေျခအေနကို ေရာက္ေနၿပီ။ ယခင္ႏွစ္သန္းခ်ီအတြင္း ကြၽန္ေတာ္တို႔ ပိုင္တဲ့ ပိုင္နက္ေတြအားလုံးကို ျဖည္းျဖည္းခ်င္း တိုက္စားလာခဲ့တာ။ မဟာဝူ ဒီေန႔အထိ တည္ရွိေနတဲ့ အေၾကာင္းအရင္းက မဟာက်ိဳးက ေနာက္ထပ္ဧကရာဇ္တစ္ပါးကို မေမြးထုတ္ႏိုင္ေသးလို႔ပဲ။
အခု သူတို႔က ၿပိဳင္ပြဲမွာ ေစာေစာစီးစီး ျပဳတ္သြားၿပီဆိုေတာ့ သူတို႔ကို အားနည္းေစဖို႔ အခ်ိန္ေကာင္းပဲ။ ကြၽန္ေတာ္ တာအိုသက္ေသျပၿပီး ဧကရာဇ္ျဖစ္လာတာနဲ႔ သူတို႔ကို ရွင္းထုတ္ပစ္မယ္"
အရွင္ဉာဏ္ပညာက က်ယ္က်ယ္ေလာင္ေလာင္ သက္ျပင္းခ်လိုက္ရင္း " ဒီတစ္ႀကိမ္ ငါတို႔တိုင္းျပည္ကလူေတြက မင္းကို ပြင့္လင္းျမင္သာ ပံ့ပိုးခြင့္ေပးလိမ့္မယ္ေတာ့ မထင္ဘူး"
စြင္းေက်ာင္းလုံက ေခါင္းညိတ္လိုက္သည္။ သို႔ေသာ္လည္း သူက ထင္ထားသေလာက္ စိတ္မပ်က္ေပ။ သူက ဒီရလဒ္ကို ေမွ်ာ္လင့္ထားၿပီးသာ မဟုတ္ပါေလာ။ သူ႔အေဖႏွင့္ စကားေျပာဆိုၿပီးေနာက္တြင္ သူက ၿမိဳ႕အရွင္စံအိမ္မွ ထြက္လာလိုက္သည္။ ထို႔ေနာက္ ခ်က္ခ်င္းဆိုသလို သူ႔အံ့ဖြယ္အသိစိတ္ကို ၿမိဳ႕တစ္ၿမိဳ႕လုံး လႊမ္းၿခဳံကာ အရာအားလုံး သူ႔ အစီအစဥ္ေအာက္ ရွိရဲ႕လားဟု စစ္ေဆးလိုက္သည္။
နာရီအနည္းငယ္ ၾကာၿပီးသည့္ေနာက္တြင္ စြင္းေက်ာင္းလုံက တပ္မဟာေရွ႕ ရပ္လိုက္သည္။ သူ႔ေရွ႕တြင္ ကူးသန္းပို႔ေဆာင္ေရး အစီအရင္တစ္ခု ရွိေနသည္။
" အရွင့္သား ... ေရွာင္လင္ၿမိဳ႕ရဲ႕ ကူးသန္းေရး အစီအရင္က အဆင္သင့္ျဖစ္ေနပါၿပီ"
စြင္းေက်ာင္းလုံက စကားေျပာသူကို လ်စ္လ်ဴရႈကာ မ်က္လုံးမွိတ္ထားလိုက္သည္။ ထို႔ေနာက္ လူသားကံၾကမၼာဓားႏွင့္ ဆက္ႏြယ္လိုက္၏။ စကၠန႔္ပိုင္း ၾကာျမင့္ၿပီးသည့္ေနာက္တြင္ သူ႔မ်က္လုံး ျပန္ပြင့္လာကာ " အေျခအေန ေျပာင္းမယ္။ ငါတို႔ေတြ ေရခဲေဆာင္ၿမိဳ႕ဆီ သြားမယ္။"
" ဒါေပမဲ့ အရွင့္သား ေရခဲေဆာင္ၿမိဳ႕က ကြၽန္ေတာ္တို႔ေနရာနဲ႔ အလွမ္းေဝးလြန္းတယ္။ သေဘာတရားအရေျပာရရင္ တိုက္ခိုက္ဖို႔ အေျခအေနမေကာင္းဘူး"
" မင္းက ငါ့အမိန႔္အတိုင္း လိုက္လုပ္႐ုံပဲ။ ေမးခြန္းထုတ္ဖို႔ မဟုတ္ဘူး" စြင္းေက်ာင္းလုံက ခက္ထန္စြာ ေျပာလိုက္သည္။ တပ္မဟာက ေ႐ြးခ်ယ္စရာမရွိဘဲ ေရခဲေဆာင္ၿမိဳ႕သို႔ ဦးတည္လိုက္ရသည္။
ယခင္တိုက္ပြဲကဲ့သို႔ စြင္းေက်ာင္းလုံက တိုက္ပြဲကို ဦးေဆာင္လာသည္။ သူ႔လက္ထဲတြင္ ၿပိဳင္ဘက္ကင္းအင္အားႏွင့္ လူသားကံၾကမၼာဓား ရွိေန၍ လမ္းရွိသူအားလုံးကို သတ္ျဖတ္ခဲ့ၿပီး သူ႔ေ႐ႊေရာင္ခ်ပ္ဝတ္ကိုပင္ အနီေရာင္သန္းသြားေစသည္။
သို႔ေသာ္လည္း တိုက္ပြဲတစ္ဝက္တြင္ ထူးထူးဆန္းဆန္း အရာတစ္ခု ျဖစ္ပ်က္ခဲ့သည္။ ထိုက်ဆုံးသြားေသာ စစ္သားမ်ား၏ ေသြးအားလုံးက ေျမႀကီးထဲ စုပ္ယူခံလိုက္ရသည္။ တိုက္ပြဲအဆုံးသတ္သြားသည့္အခါ တိုက္ပြဲႏွင့္ မနီးမေဝးတြင္ အာကာျပင္ က်ိဳးပ်က္လာၿပီး ေလထဲတြင္ အစီအရင္မ်ားစြာ ေပၚထြက္လာၿပီး ေကာင္းကင္တစ္ဝွမ္း ဖုံးလႊမ္းသြားသည္။ အနီေရာင္ ေတာက္ပေနသည့္ အစီအရင္တစ္ခု ျဖစ္ေပၚလာသည္။
စြင္းေက်ာင္းလုံက အၿပဳံးတစ္ပြင့္ႏွင့္အတူ လူသားကံၾကမၼာဓားကို ထုတ္လိုက္သည္။ ထို႔ေနာက္ ထိုအနီေရာင္အလင္းမ်ားကို ကာကြယ္ထားသည့္ ေ႐ႊေရာင္ဒိုင္းတစ္ခု ေပၚထြက္လာသည္။
ထို႔ေနာက္ သူက သူ႔စစ္သူႀကီးမ်ားႏွင့္ တပ္သားမ်ားအား တိုက္ပြဲေနာက္ဆက္တြဲအား ဂ႐ုစိုက္ဖို႔ အမိန႔္ေပးလိုက္ၿပီး စြင္းေက်ာင္းလုံက ထိုအစီအရင္ထဲ ေျပးဝင္သြားသည္။ သူက တုံ႔ဆိုင္းျခင္း မရွိဘဲ ဝင္ေရာက္သြားေလ၏။ သိပ္မၾကာခင္ သူက အခန္းတစ္ခုအတြင္း ေရာက္ရွိေနသည္ကို ျမင္လိုက္ရသည္။ သူ႔ေရွ႕တြင္ ႐ုပ္ေသး႐ုပ္ တပ္ဖြဲ႕တစ္ခု ရွိေနေလသည္။
ထိုပတ္ဝန္းက်င္ကို အလ်င္အျမန္ စစ္ေဆးေပးၿပီးေနာက္တြင္ သူက ေရွ႕တိုးလာလိုက္သည္။ ထို႐ုပ္ေသး႐ုပ္တပ္ဖြဲ႕က စတင္တိုက္ခိုက္လာေလ၏။
ေနာက္ရက္ အနည္းငယ္ၾကာၿပီးသည့္ေနာက္တြင္ စြင္းေက်ာင္းလုံက ႐ုပ္ေသး႐ုပ္မ်ားႏွင့္ တိုက္ပြဲ တစ္ခုၿပီးတစ္ခု တိုက္ခိုက္ၿပီးသည့္ေနာက္တြင္ ထိုလွ်ိဳ႕ဝွက္နယ္ေျမ၏ ပင္မခန္းမကို ေတြ႕ရွိသြားေလသည္။
သူက ႐ုပ္ေသး႐ုပ္ ႏွစ္တန္းကို ျမင္လိုက္ရသည္။ ပထမတန္းတြင္ ႐ုပ္ေသး႐ုပ္ ႏွစ္ဆယ္ရွိၿပီး တျခားတစ္ဖက္တြင္ ႐ုပ္ေသး႐ုပ္ရာခ်ီ ရွိေလသည္။ ဤတစ္ႀကိမ္ သူက ထို႐ုပ္ေသး႐ုပ္မ်ား၏ အင္အားကို မခံစားမိသျဖင့္ ဂ႐ုစိုက္ထားလိုက္သည္။
စြင္းေက်ာင္းလုံက ထိုအခန္းထဲ ေလွ်ာက္သြားေနစဥ္ တိုက္ခိုက္ဖို႔ အသင့္ျပင္ထားလိုက္သည္။ သို႔ေသာ္လည္း ဤတစ္ႀကိမ္ ဘာမွျဖစ္မလာခဲ့ေပ။ သူက တိုက္ခိုက္ျခင္း မခံရေပ။ သိပ္မၾကာခင္ သူက စင္ျမင့္အလယ္တစ္ခုတြင္ ရွိေနသည့္ စာအုပ္တစ္အုပ္ကို ျမင္လိုက္ရသည္။
ထိုအရာကို ဖြင့္ဖတ္ၿပီးသည့္ေနာက္တြင္ သူ႔မ်က္ႏွာထက္ အၿပဳံးပန္း ပြင့္လန္းလာသည္။
" ေအာ္ ဒါက ကံၾကမၼာသားေတာ္ စြမ္းအားလား" စြင္းေက်ာင္းလုံက သူ႔ဘာသာသူ ေရ႐ြတ္လိုက္သည္။ "အခု ငါက အားႀကီးတဲ့ က်င့္ႀကံသူေတြ လိုအပ္ေနတဲ့အခ်ိန္မွာ မိစာၦေခတ္က အားေကာင္းတဲ့ ႐ုပ္ေသး႐ုပ္ဂိုဏ္း က်န္ေနခဲ့တဲ့ လွ်ိဳ႕ဝွက္နယ္ေျမကို ရွာေတြ႕ခဲ့တာပဲ။
ဒီလွ်ိဳ႕ဝွက္နယ္ေျမထဲမွာ သူေတာ္စင္အဆင့္ ႐ုပ္ေသး႐ုပ္ႏွစ္ရာနဲ႔ အထြတ္အထိပ္နယ္ပယ္အဆင့္ ၁၈႐ုပ္၊ ဧကရာဇ္တစ္ပိုင္း ႐ုပ္ေသး႐ုပ္ ႏွစ္႐ုပ္ရွိေနတယ္" စြင္းေက်ာင္းလုံက သူ႔လက္ထဲက ဓားကို တအံ့တဩၾကည့္လိုက္သည္။ သူက ဘယ္ျပႆနာမဆို ရင္ဆိုင္ရပါေစ သူ႔အတြက္ ေျဖရွင္းဖို႔ ကံၾကမၼာအခြင့္အလမ္းအျဖစ္ ေျပာင္းလဲသြားႏိုင္သည္။
" ဒီမ်ိဳးဆက္မွာ ငါသာ ကံၾကမၼာသားေတာ္စြမ္းအားနဲ႔ လုပ္ခ်င္တာ လုပ္လို႔ရတယ္ဆိုၿပီးေတာ့ မေတြးထားသေ႐ြ႕ ငါ ဒီကံၾကမၼာ အေျပာင္းအလဲေတြကေန ျဖည္းျဖည္းခ်င္း ထိပ္ကို တက္လွမ္းႏိုင္တယ္။ အဲဒါဆိုရင္ ဒီေကာင္းကင္အလိုဆႏၵကို ရယူႏိုင္ၿပီးေတာ့ တာအိုကိုလည္း သက္ေသျပႏိုင္လိမ့္မယ္"
စြင္းေက်ာင္းလုံက လမ္းေလွ်ာက္သြားလိုက္ၿပီးေနာက္ သူ႔အား ထို႐ုပ္ေသး႐ုပ္မ်ားကို ထိန္းခ်ဳပ္ႏိုင္သည့္ အေဆာင္အား ရယူလိုက္သည္။ သူ႔အား တိုက္ခိုက္ခဲ့သည့္ ႐ုပ္ေသး႐ုပ္မ်ား အပါအဝင္ ႐ုပ္ေသး႐ုပ္အားလုံးကို သူ႔သိုေလွာင္လက္စြပ္အတြင္း ထည့္သိမ္းလိုက္၏။
သူက ထြက္မလာခင္ အထြတ္အျမတ္နယ္ေျမကို ျပန္ၾကည့္လိုက္ၿပီး ေရ႐ြတ္လိုက္သည္ " ငါ ဒီကံၾကမၼာကို လက္ခံတယ္။ ငါ တာအိုကို သက္ေသျပၿပီး မဟာဧကရာဇ္ ျဖစ္လာတာနဲ႔ ျပန္လည္သန႔္စင္ေရး ႐ုပ္ေသး႐ုပ္ဂိုဏ္းက အသေခ်ၤအင္ပါယာကမာၻမွ ထပ္မံ ေပၚထြက္လာလိမ့္မယ္"
စြင္းေက်ာင္းလုံက သူ႔အစီအစဥ္ ေနာက္ေျခလွမ္းကို စတင္ဖို႔အတြက္ လွ်ိဳ႕ဝွက္နယ္ေျမမွ ထြက္လာလိုက္သည္။ ရွာေဖြေတြ႕ရွိထားေသာ အင္အားျဖင့္ သူက သူ႔ေအာင္ျမင္မႈအေပၚ ယုံၾကည္မႈ ရွိေနေလသည္။