|| Unicode ||
စုတ်ဖြဲခံလိုက်ရသောတစ္ဆေပိုင်နက်မှာ သူ့ဘာသာလျင်မြန်စွာပြန်ပိတ်သွားသော်လည်း ချီဖန်းဖန်းသည် လျှို့ဟူကိုကြောက်လန့်စေခဲ့ပြီးနောက်ဆုံးတွင် သူသည် တစ္ဆေကိုစတင်ရန်ဆိုင်ရပြီဖြစ်သည်။
" ချီဖန်းဖန်းကသေပြီးသားမလား? သူကသွေးအနှစ်အဖြစ်ပြောင်းသွားတာလား?! မဟုတ်ဘူး ဒါကမမှန်ဘူး "
လျှို့ဟူ၏အသံတွင် ထိတ်လန့်မှုသတိထားနေမှုများရှိပြီး " မင်းကချီဖန်းဖန်းလေ ဘယ်လိုဖြစ်ပြီး ဒိလိုတစ္ဆေမျိုးဖြစ်လာရတာလဲ?"
"ဝူရုန် အာ့တာမင်းမလား အာ့တာမဟုတ်ဘူးမလား?"
လျှို့ဟူမှာ သူလိုသည့်အရာရရန် ခြေတလှမ်းသာလိုတော့သည့်အဖြစ်ကိုမုန်းမိသည်။ ယခုတွင်သွေးအနှစ်ဂဏာမငြိမ်ဖြစ်နေတော့သည်မှာ သဘာဝကျလှသည်။ ချီဖန်းဖန်းသည် စီနီယာအထက်တန်းကျောင်းသူအဆင့်တွင်သာရှိ နေသင့်သည်။ ဒါကသူကိုသတ်ရလွယ်စေသည်။ သူကဘာလို့များအခုလိုဘေးကျပ်နံကျပ်အခြေထဲရောက်သွားရတာလဲ!?
သူသည်မြေခွေး၏လှည့်စားမှုထဲတွက်အချိန်ကြာမြင့်စွာရှိနေခဲ့သဖြင့် သူတကိုယ်လုံးမှာဒေါသနှင့် စိတ်မူမမှန်မှုသည့်ပုံဖြစ်လာသည်။ သူသည်မည်သည့်အကြောင်းပြချက်မှပိုမတွေးနိုင်တော့ပဲ သူ၏အမုန်းတရားအားလုံးကိုဝူရုန်ဆီသာပုံချလိုက်သည်။
သူ(ဝူရုန်)ပေါ်လာကတည်းက သူတွင်နေရာတိုင်း ပြဿနာများဖြစ်နေခဲ့သည်။ ရွမ်အန်ကနေ တိရိစ္ဆာန်ဆေးရုံ၊ စက်ရုံတွေထိ သူ(wr)သည်နည်းပေါင်းစုံနှင့်သူ့အားဆန့်ကျင်နေခဲ့သည်။ ဒီတကြိမ်လည်း သူ(wr)ပါဝင်နေရမည်။
မုန်းစရာ၊စက်ဆုပ်စရာပဲ!
သူ၏စိတ်အခြေနေမှာ ပြင်းထန်စွာရုန်းကြွလာသောအခါ သူ့တစ္ဆေပိုက်နက်မှ အနက်ရောင်မြူများသည်လည်း လိူင်းထလာသည်။ ထူထဲသောနက်ရောင်မြူများသည် ကြမ်းပြင်နှင့်နံရံများကို ကတ္တရာစေးများလိုဖုံးလွှမ်းသွားကာအဆောင်အုံတစ်ခုလုံးနစ်မြုပ်စေလျက် အိမ်သာမှာပို၍ယိုယွင်းလာပြီးခြောက်ခြားစရာဖြစ်လာသည်။ မည်သည့်နေရာကမှန်မသိသောသွေးနံ့ထွက်လာကာ ၎င်းကလူတွေ၏အာရုံကြောများကိုဆွပေးနေသည်။ ကတ္တာစေးဆီအနက်ရောင်များတွင်ပြင်းထန်းသောအနံ့သက်ရှိပြီး မျက်နှာပြင်သည် အပူပေးခံထားရသလို ဖောင်းပွ နေကာ ဗူဖောင်းများဖောင်းပွနေသလို ပွက်ပွက်ထနေသည်။ ထိုဗူဖောင်းများပေါက်ကွဲသည့်အခါ များစွာသော မီးလောင်ထားသည့်ပုံစံတစ္ဆေများယိမ်းထိုးထွက်လာကာ ဝူရုန်နှင့်ချီဖန်းဖန်းဆီပြေးဝင်လာလေသည်။
သူတို့တကိုယ်လုံးမှာလောင်ကျွမ်းခံထားရပြီး ဦးခေါင်းမရှိ လည်ပင်းမှခြေလက်များထိ အရိုးတလွှာသာရှိပြီး အသွေးနှင့်အသားများမရှိပဲ သူတို့ကိုယ်ပေါ်ကပ်တွယ်ပြုကျနေသောကတ္တရာစေးများသာရှိသည်။ အမှောင်ထဲတွင် မီးတောက်ကြီးတစ်ခုလောင်ကျွမ်းနေသည်။ ထိုအရာမှသာမန်မီးတောက်တစ်ခုမဟုတ်။ အနီရောင်မီးတောက်မှာ တစ္ဆေနယ်မြေ၏သက်ရောက်မှုကိုမခံစားရပဲ ပြင်းထန်စွာတောက်လောင်နေသည်။ လောင်ကျွမ်းခံရသောအနက်ရောင်မြူများသည်ယိမ်းထိုးကာ မှိန်ဖျော့ပျောက်ကွယ်သွားသော်လည်း ကတ္တရာစေးတစ္ဆေမှာ ထိုအရာ၏သက်ရောက်မှုကိုမခံစားရ။
ပြင်းထန်နေသောမီးတောက် ကိုကြည့်လျက် လျှို့ဟူ ထူဆန်းစွာစိတ်မပါတပါပြုံးလိုက်သည်။ ပြင်းထန်နေသောမီး တောက်ရောက်မလာမီ ထိုအရာကိုရှောင်ရှားရန် သူနေရာကိုပြောင်းလိုက်သည်။
ဒါသည် ဟူရှင်းသူ့အားပေးလိုက်သည့် သတ်ဖြတ်ခြင်းအရွေ့ဖြစ်သည်။ ချီဖန်းဖန်ူ၏သွေးများအနည်နှစ်များအဖြစ်ပြောင်းသွားလျှင်တောင် သူ သူမကိုကျိန်းသေသတ်မည်ဖြစ်သည်။
တစ္ဆေတိုင်းသည်မီးကိုကြောက်သည် အထူးသဖြင့် စိတ်ဝိဉာဉ်မီး ကိုဖြစ်သည်။
အပူချိန်မှမြင့်သထက်မြင့်လာသည်။ ဝူရုန် သူ့တစ္ဆေလက်ကို စိတ်လူပ်ရှားစေသည့် သူ့ပတ်ဝန်းကျင် အပူချိန် ထိုးတက်လာနေသည်ကိုခံစားမိသည်။ အခုအကောင်းဆုံးလုပ်ဆောင်သည့်သည့်အရာမှာဤနေရာမှချက်ချင်းထွက်ရန်ဖြစ်ကာ အစီစဉ်မချမီ လျှို့ဟူ၏ တစ္ဆေနယ်မြေထဲမှပထမဆူံထွက်ရမည်။ သို့သော်ချီဖန်းဖန်းကသူဘေးတွင်ရှိနေသည်။
"ရုန်းရုန်း ရုန်းရုန် ငါနှင့်အတူလိုက်ခဲ့"
ချီဖန်းဖန်းခက်ခဲစွာတောင်းဆိုနေသည်။ သူမသည် လျှို့ဟူသူ့ဆီလာနေသည်ကိုသိနေပုံရကာ ထိုအချက်ကပင် ဝူရုန်ကိုပြဿနာဖြစ်စေသည်။ သူမသည်လွန်စွာမှာနိုမ့်ချတက်သည်။ အဝေးသို့တွန်းပို့ခံပြီးနောက် သူမသည် သူ့လက်မောင်း ကို ထပ်မံမဆွဲရဲတော့ပေ။ တစ္ဆေနယ်မြေကိုစုတ်ဖြဲလိုက်သေသာလက်များမှာ သူ၏အင်္ကျီကိုအနည်းငယ်မျှသာဆွဲယူထားသည်။ သူမသည်ထပ်မံအတွန်းထုတ်ခံရမည်ကိုစိုးရိမ်နေသည်။ သူမသည် နီးကပ်လာနေသော ပြင်းထန်နေသည့်မီးတောက်နှင့် ကတ္တရာစေးတစ္ဆေကို ကြည့်မနေ။သူမသည် သူမ၏စွဲလန်းမှု ဥပါဒန်ဖြစ်သောဝူရုန်ကိုသာကြည့်နေခဲ့သည်။
"မင်းဒီမှာရှိမနေသင့်ဘူး"
နောက်တစ်ယောက်လား?
ဝူရုန်သည် တစ္ဆေပုလ္လင်ကိုပြန်ယူနိုင်ရန်အလို့ငှာသူ့ကိုသေစေချင်သော တစ္ဆေကလေးလေးကိုတွေးမိးသွားကာ မျက်လုံးများစူးရှသွားသည်။
ချီဖန်းဖန်းလည်း တစ်ယောက်အပါဝင်လား?
သူသည် သူ့ကိုကပ်တွယ်နေသောမိန်းကလေးကိုတွန်းလွှတ်၍ ချောင်းမြောင်းတိုက်ခိုက်လာသောကတ္တရာတစ္ဆေကို သူ၏တစ္ဆေလက်နှင့်ဆွဲယူလိုက်ပြီးနောက် တစ္ဆေကြီး၏စွမ်းအားကိုအသုံးပြု၍ သူကိုယ့်ကို ချီဖန်းဖန်းနှင့်ဝေးကွာစေလိုက်သည်။ သူ့၏ဘယ်လက်မှထူးဆန်းနေသည်ကိုခံစားရသည်။ သူကိုင်ထား သော ကတ္တရာတစ္ဆေမှာ ပျော်ရည်သွားပြိးနောက် သူ့ဘယ်လက်မောင်းတွင် ကော်လိုရစ်ပတ်နေသည်။ နက် မှောင်စေးကပ်နေသောအရည်များသည် ရွှေမျှင်တန်းနှင့်ပေါင်းစပ်သွားငာ သန့်စင်၍ ငြိမ်းချမ်းစွာဝင်းဝါနေသည်။
ရွှေရည်!
ကတ္တရာတစ္ဆေ၏ကိုယ်ထဲတွင် ရွေရည် ရှိနေသည်။ ရွှေသည်ခိုင်ခံကာ တစ္ဆေအားလုံးတွက် သိမ်းဆည်းရာဖြစ်သည်။ သို့သော်၎င်းသည် ကတ္တရာတစ္ဆေကိုယ်ထဲနစ်မြုတ်နေသည့်အတွက် ၎င်းမှာရက်စက်ပြင်းထန်၍ အလွန်ဆိုးဝါးသည့်ပုံစေသည်! အကယ်၍ တစ္ဆေနှင့်တစ္ဆေပျိုးထောင်သူသာ ကတ္တရာတစ္ဆေ၏ကိုယ်ထဲမှရွှေရည်ကြောင့် သတိလွှတ်သွားခဲ့လျှင်ဘသူတို့၏စွမ်းအားများပိတ်လှောင်ခံရနိုင်ချေများသည်။
ထိုအချိန်မှာပင် ရွှေနှင့်အနက်ရောင်ရောစပ်ထားသောအရည်က လျင်မြန်စွာပျံ့နှံ့လာပြီး ဝူရုန်၏လက်ဖျံကာ ချက်ချင်းပင်ဖုံးလွှမ်းသွားစေသည်။
သူတွန်းထုတ်ခံထားရသောချီဖန်းဖန်းမှာ ဘာကိုမှမသိပေ။ သူ၏အမူယာမှာ နာကျင်မှု ဝမ်းနည်းမှုမှ အံ့ဩသင့်ခြင်းမယုံနိုင်ခြင်းဆီသို့ပြောင်းသွားသည်။ သူမသည်ဝူရုန်ဆီသို့တလှမ်းခန့်လျှောက်လှမ်း၍ ထစ်အအဖြင့် " ငါနင့်ကိုကူညီနိုင်တယ်၊ ငါကမင်းအပေါ်အရာအားလုံးနစ်မြုပ်ထားတာ ကျေးဇူးပြုပြီးငါ့နောက်လိုက်...."
သို့သော်လည်း ဝူရုန်မှာသူဘာပြောနေသည်ကိုဂရုမစိုက်ပေ။ ထိုအချိန်တွင်သူ၏အာရုံအားလုံးမှာဘယ်လက်ပေါ်တွင်သာရှိသည်။ ထူးဆန်းပြီးအေးစက်သောသေစေလောက်သည့်အေးစိမ့်မှုသည်သူ့ဘယ်လက်ထဲတွင်နိူထနေလေသည်။ ကျုံးကူသည် ခုန်ပေါက်နေသောပဲစေ့ကဲ့သို့ တုန်ယင်နေသည်။ သူနှင့်အတူ အကူ ကူများဖြစ်သည့် ချင်းလင်းကူနှင့်အနက်ရောင်ကျောက်ပင့်ကူတို့သည်လည်းရန်သူနှင့်ရင်ဆိုင်တွေ့နေသကဲ့သို့ ဝူရုန်၏ဘယ်လက်မောင်းကိုစိုက်ကြည့်နေကြသည်။ သူ၏လက်မောင်းပေါ်တွယ်တက် ဖူံလွှမ်းချင်နေသည့် အနက်နှင့်ရွှေရောင်အရည်ကိုယ်ထည်မှာ ရုတ်တရက် ရပ်တန့်သွားသည်။
တစ္ဆေကြီးနိုးထလာသည့်ပုံပင်။
စည်းနှောင်ခံရခြင်း၊ ပိတ်လှောင်ခြင်း၊ ကျဉ်းကြပ်ခြင်း၊ ကန့်သတ်ခံရခြင်း၊ မွန်းကြပ်ခြင်းများ။
မြူထူထူမှ သူ့ကိုရစ်ပတ်လိုက်သလို ဝူရုန်နှင့်မသက်ဆိုင်သည့် စိတ်ခံစားမှုအလုံးစုံသူ့စိတ်ထဲဝင်လာသည်။ သူ့အတွေးများသည် အာတိတ်သမုဒ္ဒရာမှရေခဲလိုအေးစက်နေသည်။ တစ္ဆေနယ်မြေ၊ ထင်းကန်နံပါတ်၄၄၄၊ ချီဖန်းဖန်း၊လျှို့ဟူ အရာအားလုံးမှာ ဘာမှမရှိခဲ့သလိုပျောက်ကွယ်သွားပုံပေါ်ကာ တဖြည်းဖြည်းနှင့် လွှင့်ပါးသွားပြီး ကမ္ဘာပေါ်တွင် သူနှင့် အဝေးတနေရာမှ သွေးနီရောင်အစက်လေးသာကျန်ခဲ့သလိုပင်။
ထိုသွေးနီရောင်မှာ တစ္ဆေကြီး၏ ဝိဉာဉ်ဖြစ်ပြီး အားကောင်းပြင်းထန်လှသောရူသွပ်မှု အထက်စီးဆန်မှုများမှာ သွေးဆာနေသည့်အာဏာရှင်လိုပင်။ သူပုံစံမှာ နောက်တစက္ကန့်တွင်ပျောက်ကွယ်သွားတော့မည့်ပုံပေါ်သော်လည်း သူမှာ မယုံကြည့်နိုင်ေအာင်စွမ်းအားကြီးကာ ဘယ်သူမှသူ၏အစွန်းအဖျားကိုမထိဝံ့။ သူနှင့်ဝူရုန်ကြားအကွာဝေးမှာ လွန်စွာဝေးကွာလှပြီး ပင်လယ်ထဲမှ မိုးကုတ်စက်ဝိုင်း အငူနှင့်တူသည်။ သွေးနီစက်များသည် ရေထဲသို့သွေးစက်များကျဆင်းနေသကဲ့သို့ပြန်ကျဲနေပြီး လေထုတွင် နီဖျော့ဖျော့စွန်းထင်းနေသည်။
သွေးအရိပ် ကောင် မှာ သူ့ကိုကြည့်လာသကဲ့သို့ လှည့်လာသော်လည်း ထိုအချိန်၌ ဝူရုန်သည် သူ့လက် ပေါ်မှ ခွန်အားကြောင့် လန့်နိုးလာသည်။
ချီဖန်းဖန်းသည် သူ့ဘယ်လက်ပေါ်တွင်ခဲနေသော ရွှေနက်အပိုင်းအစများကို ဖယ်ရှားပစ်နေသည်။ သူမမျက်နှာမှာစိုစွတ်နေပြီး ဆံပင်များကပ်တွယ်နေသည်။ သူတကိုယ်လူံမှာရေထဲမှာဆယ်ယူခံထားရသည့်ပုံပေါ်နေသော်လည်း သူမ၏မျက်နှာမှာ ပိုပိုကြမ်းတမ်ူကာတောက်ပဝင်းလက်လာသည်။ သူ သူမ၏မျက်လုံးများထဲကြည့်လိုက်သောအခါ သူတို့သည်စမ်းရေစီး ကြောင်းကဲ့သို့ရွေ့လျားနေသည်။
Gululu…Gululu…
ရေပိတ်ဆို့နေသံ တိုးဝင်နေသံထပ်မံထွက်လာပြန်သည်။ ၎င်းမှာချီဖန်းဖန်းကိုယ်ထဲမှဖြစ်သည်။ ဝူရုန်၏ထက်ရှသောမျက်လုံးများမှ သူမ၏ကိုယ်ကိုတစုံတယောက်ကခေါင်းနောက်မှ အရေပြားတလွှာကိုခွာချလိုက်သကဲ့သို့ပါးလွှာသွားသည့်ပုံကိုမြင်နေရသော်လည်း သူမသည်သူ့ကိုမျက်နှာချင်းဆိုင်လျက် ပြုံးရယ်ပြနေကာ ထိုအရာကို ရည်ရွယ်ချက်ရှိရှိပုန်းကွယ်ထားချင်ပုံရသည်။
အဆုံးမှာတော့ လျှို့ဟူဖြေရှင်းချင်သည့်အရာမှာ ချီဖန်းဖန်းဖြစ်သည် ။ ဝူရုန်ကိုရင်ဆိုင်နေသော ကတ္တရာတစ္ဆေမှလွဲလျှင် ကျန်တိုက်ခိုက်မှုအားလုံးကိုချီဖန်းဖန်းဆီသို့ဦးတည်ထားသည်။
ဝူရုန်သည် မီးအလင်းရောင်အောက်မှ အရည်ကြီးဆွဲချခံထားရသည် သူမ၏အရိပ်ကိုမြင်နေရသည်။ ဒါသည်လူတစ်ယောက်၏ပုံရိပ်မဟုတ် မည်သည်ထိတ်လန့်စရာ ထူးဆန်းသည့်မကောင်းဆိုးဝါးသည်ကိုပင်မရှင်းပြနိုင်။ သူတွက် ပုံစံအတိကျမရှိပဲ သဲပေါ်ဆင့်တင်ထားသောမကောင်းဆိုးဝါးနှင့်တူသည်။ တစ္ဆေနှင့်မကောင်းဆိုးဝါးကြားမှ ပြင်းထန်သောတိုက်ပွဲဖြစ်နေသော်လည်း ဝူရုန်ရှေ့မှချီဖန်းဖန်းမှာ ရှက်ရွံနေသောမိန်းကလေးဖြစ်နေဆဲပင်။
"ရုန်းရုန်း ငါ…"
"မင်းဘာလိုချင်နေတာလဲ?"
ဝူရုန်သည်သူမနှင့်ထပ်မံရူပ်ထွေးဖို့ရန်လွန်စွာမှပျင်းရိနေလေသည်။ သူတိုက်ရိုက်ပင်ပြောလိုက်သည် "ငါ့ကိုသတ်မို့လား?"
ချီဖန်းဖန်းမှာသူ၏ရုန်တရက်အပြောကြောင့်ထိတ်လန့်သွားပြိး သူမေးခွန်းကြောင့်ဖြူဖျော့သွားကာ သူ့မ၏နှလုံးသားကိုထိုးနှက်ခံရသကဲ့သို့တုန်ယင်သွားသည်။ သူမက " ငါနင့်ကိုဘယ်လိုလုပ်သတ်ပစ်နိုင်ရမှာလဲ? ငါမလုပ်ဘူ။ ငါဒီလိုအရာမျိုးလုံးဝလုပ်မှာမဟုတ်ဘူး! ငါက ငါနင့်ကိုပထမဆုံးတွေ့လိုက်ချိန်ကစပြိး ငါ့ကိုငါ မထိန်းနိုင်ရုံပါ..."
"မင်းရဲ့ရည်ရွယ်ချက်"
ချီဖန်းဖန်းနှင့် ရူပ်ထွေးနေရင်းဝူရုန်ပတ်ဝန်းကျင်ကိုကြည့်ရန်မမေ့ပေ။ အိမ်သာမှာလျှို့ဟူ၏အကြွင်းမဲ့အာဏရှိရာသူ၏တစ္ဆေနယ်မြေထဲလုံးဝရောက်သွားလေပြီဖြစ်သည်။ ပတ်ဝန်းကျင်အားပြောင်းလဲရန်လွယ်ကူလှသည်။ ကြားဖူးနေကြတစ္ဆေပုံပြင်များထဲမှာကဲ့သို့ မူလဆယ်နှစ်ထပ်အဆောက်အဆုံမှရုတ်တရက်တစ်ထပ်ပိုလာကာ၁၃ထပ်ဖြစ်လာခြင်းသို့မဟုတ် တချို့သောလှေကားများကိုနင်းလျှောက်သောအခါအဆုံးငတ်မတွေ့ရခြင်းမျိုးဖြစ်သည်။ ဒါတွေကသူတို့မှာတစ္ဆေနယ်မြေထဲကျရောက်သွားခြင်းကြောင့်ဖြစ်သည်။
နဂိုမူလ ကော်ရစ်တာဆီထွက်ပေါက်မှာယခုတွင်နံရံဖြစ်နေပြီး လက်ဆေးကန်နှစ်ခုနှင့်ရေပိုက်ခေါင်းများမှာလည်းပျောက်ကွယ်သွားလေသည်။ တစ္ဆေနယ်မြေ၏ပိုင်ရှင်ကလွဲလျှင်မည်သူမှ ထွက်ပေါက်အစစ်ကိုမသိနိုင်။ တစ္ဆေနယ်မြေကို ဖြေရှင်းရန်အတွက် သန်မာသောတစ္ဆေများကိုသုံး၍ ချိုးဖျတ်ရမည်ဖြစ်သည်။
ဒါမှမဟုတ်လျှင် ပြင်ပအင်အားများကို သုံး၍ ချိုးဖြတ်ရမည်။
ဝူရုန်သည် အနောက်မြောက်ထောင့်ဆီမှ sutrasရွတ်ဆိုသံကိုမသဲမကွဲကြားနေရသည်။ နက်ရိုင်းကာကျယ်လောင်လှသောထိုအသံထဲတွင် ကြီးမားသောငြိမ်းအေးရာစွမ်းအင်မျာူပါနေကာ တစ္ဆေနယ်မြေပင်လျှင် သူ့ကိုလုံးဝကွယ်ပျောက်အောင်မတားနိုင်ပေ။ နောက်တခဏတွင် ကျမ်းဂန်ရွတ်ဖတ်သံပျောက်သွားကာ သစ်သားငါးကိုခေါက်သံမှာတဖြည်းဖြည်းကျယ်ကျယ်လာပြီး တည်ငြိမ်၊ငြိမ်းအေးပြီး အလျင်မလိုပေ။ တစ္ဆေနယ်မြေထဲမှအတားအဆီးအားလုံးမှာထိုစွမ်းအင်၏သက်ရောက်မှုကိုခံရပြီး ပါးလွှာလာသည်။
မိုးသောက်ချိန်ရောက်လုနီးပါးပင်။
ရုတ်တရက်ဝူရုန်လက်မောင်ပူလောင်လာသည်။ ထိုအရာမှာဗုဒ္ဓအမွေတော်ပုတီစေ့များဖြစ်ပြီးပူလောင်နေကာ အေးစက်စက်လေအေးကဝူရုန်ဆီပြေးဝင်လာသော်လည်း မမြင်နိုင်သော အဝါရောင်အတားဆီးတစ်ခုက ၎င်းအားတားဆီးထားသည်။ ချီဖန်းဖန်းသည် ဗုဒ္ဓအမွေ တော်ပုတီးထားရာဝူရုန်ရင်ဘက်သို့စိုက်ကြည့်နေသည်။ သူမမျက်နှာမှာစတင်အရည်ပျော်ကျလာပြီး မျက်လုံးနှင့်နှာခေါင်းများမှအနီရောင်သွေးအပျစ်ခဲများစိမ့်ထွက်ပြီး အရည်ပျော်နေသောဖယောင်ရုပ်လိုဖြစ်လာသည်။ သူမသည် နဂိုပုံစံအတိုင်းထိန်းထားနိုင်ရန် အေးစက်၍အေးခဲသောနေရာသို့ပြန်သွားရန်လိုလေသည်။
မိုးသောက်ချိန်ပြီးလျှင် သွေးအနှစ်များမှာ ရေဆိုးပိုက်လိုင်းထဲ၌သာနေနိုင်လေသည်။
သို့သော် သူမ ကပြန်ညှိရန်စိတ်မဝင်စား။
"ကျေးဇူးပြုပြီးငါ့နောက်လိုက်ခဲ့ပါ။ ငါမင်းကိုငါ့နောက်လိုက်စေချင်ရုံလေးပါပဲ"
သူမ၏လည်ချောင်းတဝက်ခန့်အရည်ပျော်နေပြီး ဆိုးဝါးစွာအနံ့ထွက်နေသည့်သွေးအနှစ်များကိုမြင်နေရသည်။ အသံမှာသူလည်ချောင်းထဲမှမဟုတ်ပဲ တုန်ယင်နေသော သွေးအနှစ်ထဲမှဖြစ်သည်။ သူမ၏အသံမှာအက်ကွဲကာနက်ရိူင်းနေပြီး ကြောက်မက်ဖွယ်ပိုင်ဆိုင်လိုစိတ်နှင့်ဖြစ်ရာလူများကိုတုန်ယင်စေလေသည်။ သူမဝူရုန်အားကယ်တင်ရန်တောင်းပန်စဉ်ကလို ချီဖန်းဖန်းသည်သူမ၏လက်ကိုဝူရုန်ဆီသို့ဆန့်တန်းလာသည်။ ခေါင်းမှစ၍အရည်ပျော်နေရာ သူမလက်မောင်းတစ်ခုလုံးအရိုးမရှိတော့ပဲ အသားရောင်ရှိသည်ရာဘာပြွန်တစ်ခုလိုပျော့ဖက်ဖက်ဖြစ်လာသည်။
"ငါနင့်ကိုငါ့ကမ္ဘာဆီခေါ်သွားချင်တယ်"
"မသွားဘူး"
ဝူရုန်ဘယ်လက်သည်တစ္ဆေလက်အဖြစ်လုံးဝပြောင်းသွားကာ သူအရေပြားပေါ်တွင်သွေးအမှတ်ဖြတ်ရာအလွှာများပေါ်လာကာ ၎င်းတို့မှာ ခနော်ခနဲ့ဖြစ်မနေပဲ ကြောက်မက်ဖွယ်အရှိန်အဝါကိုထုတ်ပေးနေသည်။ သူသည် တစ္ဆေနယ်မြေအပြင်ဘက်ကကမ္ဘာကြီးမှာသာမန်မဟုတ်စွာတောက်ပလွန်းနေသည်ကိုဝိုးတဝါးခံစားမိလေသည်။ ၎င်းမှာနေ့အလင်းရောင်မျိုးနှင့်မတူ လိမ္မော်မီးတောက်များဖုံးလွှမ်းနေသည်နှင့်ပိုတူသည်။ ထိုကြီးမားပြင်းထန်လှသော အပူချိန်မှာ တစ္ဆေနယ်မြေကို သဘာဝရန်သူကဲ့သို့ တလွှာချင်းတလွှာချင်း အားနည်းစေ၍ အရည်ပျော်စေသည်။
ကျန့်ယန် မီးတောက်၊ ဖုချင်းလာနေပြီ။မီးထဲမှသစ်သားငါး ၏အသံမှာ ပိုပိုကျယ်လောင်ပြီး ရှင်းလင်းလာသည်။ အခြေနေမှတမျိုးပြောင်းသွားကာ မီးအလင်းရောင်ထဲတွင် တစ္ဆေနယ်မြေမှာစတင်၍ပြိုကျပျက်စီးနေပြီး သစ်သားငါး၏အသံထွက်လာသည်။ တစ္ဆေနယ်မြေထဲမီးတောက်မှာငြိမ်းသက်ခံရပြီးဖြစ်ကာနယ် မြေပတ်လည်ရှိကတ္တရာစေးတစ္ဆေအာလုံးသည်လည်းအရည်ပျော်ကျနေသည်။ သူတို့ကြာရှည်တောင့်မခံနိုင်တော့ပေ။ လက်ရှိမှာတော့ ချီဖန်းဖန်းနှာအန္တရယ်အများဆုံးဖြစ်သည်။
အမှောင်ထဲမှသူမ၏အရည်ပျော်ကျနေသောမျက်နှာနှင့် တောက်ပနေသောအရိပ်များမှာပိုပို၍ ကြောက်စရာကောင်းလာပြီး သူမ၏မျက်လုံးများကို လျှံကျလာသော သွေးအနှစ်များကဝါးမြိုသွားသည်။ အာ့ဒီမတိုင်မီ သူမ၏မျက်နှာမှာအနီရောင်ပြောင်းသွားပြီး သူမအရိပ်အောက်မှမကောင်းဆိုးဝါးနှင့်ပိုပိုတူလာသည်။ သူမမျက်လုံးများမရှိတော့လျှင်တောင်ဝူရုန်သည် သူမကသူ့ကိုကြည့်နေသည်ဟုခံစားနေရသေးသည်။ ဝူရုန်၏ထပ်ခါထပ်ခါငြင်းပယ်မှုကြောင့်သူမ၏အသွင်ပြင်အနည်းငယ်ပြောင်းသွားပြီး သူမမျက်လုံးများတွင် ချစ်စိတ်ပြင်းပြမှုနှင့်ယုံမှာသံသယလွန်ကဲမှုများပြည့်လာနေသည်။
[ငါစိတ်မကောင်းပါဘူး ငါမင်းကိုဒါမျိုးမလုပ်ချင်ပါဘူး]
အေးစက်ထုံထိုင်းသောအသံတစ်ခုဝူရုန်အာရုံထဲရုတ်တရက်ဝင်လာကာ ဝူရုန်အမူယာရုတ်တရက်ပြောင်းလဲသွားသည်။ သူသည် လက်တစ်ဆုပ်စာသွေးအနှစ်ဖြင့်ပြောင်းလဲနေသောချီဖန်းဖန်းကိုတိုက်ခိုက်လိုက်ကာ တစ္ဆေလက်မှာသူမ၏ 'လည်ပင်'ကို ဆုပ်ကိုက်မိလိုက်သည်။
[ 'ချီဖန်းဖန်းကိုဖြေကြားပါ'ဟူသောတာဝန်ကျဆုံးသွားပါပြီ။ နောက်နေ့တွင် ဝူရုန်၊စစ်ဆေးသူ အပြစ်ပေးခံရပါမည်]
[ပြုတ်ကျခြင်း]
တချိန်တည်းမှာပင် လျှို့ဟူမှာဘေးကျပ်နံကျပ်အခြေနေတွင်ပိတ်မိနေသည်။ သူသည်တစ္ဆေနယ်မြေမှအတင်းကြပ်မောင်းထုတ်ခြင်းခံလိုက်ရသည်။ သူမျက်သားများနီနေပြီးမျက်ဆံမှာနတ်မှောင်နေကာ မုဆိုးမှ အတင်းကျပ်အားသုံးခေါင်းငုံခိုင်းခံထားရသည့် ဝံပုလွေအိုကြီးနှင့်တူလေသည်။ သူသည် ခြေထောက်များယှက်ထားကာ ထိုင်နေပြီးမျက်လုံးများမှိတ်၍ သစ်သားငါးကိုတီးခေါက်ကာ ကျမ်းဂန်ရွတ်ဆိုနေသောအမျိုးသားကိုစိုက်ကြည့်နေလေသည်။ ဗုဒ္ဓ၏ရွှေရောင်အလင်းတန်းမှာ အားနည်းသည်ဟုထင်ရသော်လည်း သူ၏တိုက်ခိုက်မှုတိုင်းကို တားဆီးထားလေသည်။
3090words
5:30Pm,Wed,Aug 9,2023.
|| Zawgyi ||
စုတ္ျဖဲခံလိုက္ရေသာတေစၧပိုင္နက္မွာ သူ႔ဘာသာလ်င္ျမန္စြာျပန္ပိတ္သြားေသာ္လည္း ခ်ီဖန္းဖန္းသည္ လၽွို႔ဟူကိုေၾကာက္လန႔္ေစခဲ့ၿပီးေနာက္ဆုံးတြင္ သူသည္ တေစၧကိုစတင္ရန္ဆိုင္ရၿပီျဖစ္သည္။
" ခ်ီဖန္းဖန္းကေသၿပီးသားမလား? သူကေသြးအႏွစ္အျဖစ္ေျပာင္းသြားတာလား?! မဟုတ္ဘူး ဒါကမမွန္ဘူး "
လၽွို႔ဟူ၏အသံတြင္ ထိတ္လန႔္မႈသတိထားေနမႈမ်ားရွိၿပီး " မင္းကခ်ီဖန္းဖန္းေလ ဘယ္လိုျဖစ္ၿပီး ဒိလိုတေစၧမ်ိဳးျဖစ္လာရတာလဲ?"
"ဝူ႐ုန္ အာ့တာမင္းမလား အာ့တာမဟုတ္ဘူးမလား?"
လၽွို႔ဟူမွာ သူလိုသည့္အရာရရန္ ေျခတလွမ္းသာလိုေတာ့သည့္အျဖစ္ကိုမုန္းမိသည္။ ယခုတြင္ေသြးအႏွစ္ဂဏာမၿငိမ္ျဖစ္ေနေတာ့သည္မွာ သဘာဝက်လွသည္။ ခ်ီဖန္းဖန္းသည္ စီနီယာအထက္တန္းေက်ာင္းသူအဆင့္တြင္သာရွိ ေနသင့္သည္။ ဒါကသူကိုသတ္ရလြယ္ေစသည္။ သူကဘာလို႔မ်ားအခုလိုေဘးက်ပ္နံက်ပ္အေျခထဲေရာက္သြားရတာလဲ!?
သူသည္ေျမေခြး၏လွည့္စားမႈထဲတြက္အခ်ိန္ၾကာျမင့္စြာရွိေနခဲ့သျဖင့္ သူတကိုယ္လုံးမွာေဒါသႏွင့္ စိတ္မူမမွန္မႈသည့္ပုံျဖစ္လာသည္။ သူသည္မည္သည့္အေၾကာင္းျပခ်က္မွပိုမေတြးနိုင္ေတာ့ပဲ သူ၏အမုန္းတရားအားလုံးကိုဝူ႐ုန္ဆီသာပုံခ်လိုက္သည္။
သူ(ဝူ႐ုန္)ေပၚလာကတည္းက သူတြင္ေနရာတိုင္း ျပႆနာမ်ားျဖစ္ေနခဲ့သည္။ ရြမ္အန္ကေန တိရိစၧာန္ေဆး႐ုံ၊ စက္႐ုံေတြထိ သူ(wr)သည္နည္းေပါင္းစုံႏွင့္သူ႔အားဆန႔္က်င္ေနခဲ့သည္။ ဒီတႀကိမ္လည္း သူ(wr)ပါဝင္ေနရမည္။
မုန္းစရာ၊စက္ဆုပ္စရာပဲ!
သူ၏စိတ္အေျခေနမွာ ျပင္းထန္စြာ႐ုန္းႂကြလာေသာအခါ သူ႔တေစၧပိုက္နက္မွ အနက္ေရာင္ျမဴမ်ားသည္လည္း လိူင္းထလာသည္။ ထူထဲေသာနက္ေရာင္ျမဴမ်ားသည္ ၾကမ္းျပင္ႏွင့္နံရံမ်ားကို ကတၱရာေစးမ်ားလိုဖုံးလႊမ္းသြားကာအေဆာင္အုံတစ္ခုလုံးနစ္ျမဳပ္ေစလ်က္ အိမ္သာမွာပို၍ယိုယြင္းလာၿပီးေျခာက္ျခားစရာျဖစ္လာသည္။ မည္သည့္ေနရာကမွန္မသိေသာေသြးနံ့ထြက္လာကာ ၎ကလူေတြ၏အာ႐ုံေၾကာမ်ားကိုဆြေပးေနသည္။ ကတၱာေစးဆီအနက္ေရာင္မ်ားတြင္ျပင္းထန္းေသာအနံ့သက္ရွိၿပီး မ်က္ႏွာျပင္သည္ အပူေပးခံထားရသလို ေဖာင္းပြ ေနကာ ဗူေဖာင္းမ်ားေဖာင္းပြေနသလို ပြက္ပြက္ထေနသည္။ ထိုဗူေဖာင္းမ်ားေပါက္ကြဲသည့္အခါ မ်ားစြာေသာ မီးေလာင္ထားသည့္ပုံစံတေစၧမ်ားယိမ္းထိုးထြက္လာကာ ဝူ႐ုန္ႏွင့္ခ်ီဖန္းဖန္းဆီေျပးဝင္လာေလသည္။
သူတို႔တကိုယ္လုံးမွာေလာင္ကၽြမ္းခံထားရၿပီး ဦးေခါင္းမရွိ လည္ပင္းမွေျခလက္မ်ားထိ အရိုးတလႊာသာရွိၿပီး အေသြးႏွင့္အသားမ်ားမရွိပဲ သူတို႔ကိုယ္ေပၚကပ္တြယ္ျပဳက်ေနေသာကတၱရာေစးမ်ားသာရွိသည္။ အေမွာင္ထဲတြင္ မီးေတာက္ႀကီးတစ္ခုေလာင္ကၽြမ္းေနသည္။ ထိုအရာမွသာမန္မီးေတာက္တစ္ခုမဟုတ္။ အနီေရာင္မီးေတာက္မွာ တေစၧနယ္ေျမ၏သက္ေရာက္မႈကိုမခံစားရပဲ ျပင္းထန္စြာေတာက္ေလာင္ေနသည္။ ေလာင္ကၽြမ္းခံရေသာအနက္ေရာင္ျမဴမ်ားသည္ယိမ္းထိုးကာ မွိန္ေဖ်ာ့ေပ်ာက္ကြယ္သြားေသာ္လည္း ကတၱရာေစးတေစၧမွာ ထိုအရာ၏သက္ေရာက္မႈကိုမခံစားရ။
ျပင္းထန္ေနေသာမီးေတာက္ ကိုၾကည့္လ်က္ လၽွို႔ဟူ ထူဆန္းစြာစိတ္မပါတပါျပဳံးလိုက္သည္။ ျပင္းထန္ေနေသာမီး ေတာက္ေရာက္မလာမီ ထိုအရာကိုေရွာင္ရွားရန္ သူေနရာကိုေျပာင္းလိုက္သည္။
ဒါသည္ ဟူရွင္းသူ႔အားေပးလိုက္သည့္ သတ္ျဖတ္ျခင္းအေရြ႕ျဖစ္သည္။ ခ်ီဖန္းဖန္ူ၏ေသြးမ်ားအနည္ႏွစ္မ်ားအျဖစ္ေျပာင္းသြားလၽွင္ေတာင္ သူ သူမကိုက်ိန္းေသသတ္မည္ျဖစ္သည္။
တေစၧတိုင္းသည္မီးကိုေၾကာက္သည္ အထူးသျဖင့္ စိတ္ဝိဉာဥ္မီး ကိုျဖစ္သည္။
အပူခ်ိန္မွျမင့္သထက္ျမင့္လာသည္။ ဝူ႐ုန္ သူ႔တေစၧလက္ကို စိတ္လူပ္ရွားေစသည့္ သူ႔ပတ္ဝန္းက်င္ အပူခ်ိန္ ထိုးတက္လာေနသည္ကိုခံစားမိသည္။ အခုအေကာင္းဆုံးလုပ္ေဆာင္သည့္သည့္အရာမွာဤေနရာမွခ်က္ခ်င္းထြက္ရန္ျဖစ္ကာ အစီစဥ္မခ်မီ လၽွို႔ဟူ၏ တေစၧနယ္ေျမထဲမွပထမဆူံထြက္ရမည္။ သို႔ေသာ္ခ်ီဖန္းဖန္းကသူေဘးတြင္ရွိေနသည္။
"႐ုန္း႐ုန္း ႐ုန္း႐ုန္ ငါႏွင့္အတူလိုက္ခဲ့"
ခ်ီဖန္းဖန္းခက္ခဲစြာေတာင္းဆိုေနသည္။ သူမသည္ လၽွို႔ဟူသူ႔ဆီလာေနသည္ကိုသိေနပုံရကာ ထိုအခ်က္ကပင္ ဝူ႐ုန္ကိုျပႆနာျဖစ္ေစသည္။ သူမသည္လြန္စြာမွာနိုမ့္ခ်တက္သည္။ အေဝးသို႔တြန္းပို႔ခံၿပီးေနာက္ သူမသည္ သူ႔လက္ေမာင္း ကို ထပ္မံမဆြဲရဲေတာ့ေပ။ တေစၧနယ္ေျမကိုစုတ္ျဖဲလိုက္ေသသာလက္မ်ားမွာ သူ၏အကၤ်ီကိုအနည္းငယ္မၽွသာဆြဲယူထားသည္။ သူမသည္ထပ္မံအတြန္းထုတ္ခံရမည္ကိုစိုးရိမ္ေနသည္။ သူမသည္ နီးကပ္လာေနေသာ ျပင္းထန္ေနသည့္မီးေတာက္ႏွင့္ ကတၱရာေစးတေစၧကို ၾကည့္မေန။သူမသည္ သူမ၏စြဲလန္းမႈ ဥပါဒန္ျဖစ္ေသာဝူ႐ုန္ကိုသာၾကည့္ေနခဲ့သည္။
"မင္းဒီမွာရွိမေနသင့္ဘူး"
ေနာက္တစ္ေယာက္လား?
ဝူ႐ုန္သည္ တေစၧပုလႅင္ကိုျပန္ယူနိုင္ရန္အလို႔ငွာသူ႔ကိုေသေစခ်င္ေသာ တေစၧကေလးေလးကိုေတြးမိးသြားကာ မ်က္လုံးမ်ားစူးရွသြားသည္။
ခ်ီဖန္းဖန္းလည္း တစ္ေယာက္အပါဝင္လား?
သူသည္ သူ႔ကိုကပ္တြယ္ေနေသာမိန္းကေလးကိုတြန္းလႊတ္၍ ေခ်ာင္းေျမာင္းတိုက္ခိုက္လာေသာကတၱရာတေစၧကို သူ၏တေစၧလက္ႏွင့္ဆြဲယူလိုက္ၿပီးေနာက္ တေစၧႀကီး၏စြမ္းအားကိုအသုံးျပဳ၍ သူကိုယ့္ကို ခ်ီဖန္းဖန္းႏွင့္ေဝးကြာေစလိုက္သည္။ သူ႔၏ဘယ္လက္မွထူးဆန္းေနသည္ကိုခံစားရသည္။ သူကိုင္ထား ေသာ ကတၱရာတေစၧမွာ ေပ်ာ္ရည္သြားၿပိးေနာက္ သူ႔ဘယ္လက္ေမာင္းတြင္ ေကာ္လိုရစ္ပတ္ေနသည္။ နက္ ေမွာင္ေစးကပ္ေနေသာအရည္မ်ားသည္ ေရႊမၽွင္တန္းႏွင့္ေပါင္းစပ္သြားငာ သန႔္စင္၍ ၿငိမ္းခ်မ္းစြာဝင္းဝါေနသည္။
ေရႊရည္!
ကတၱရာတေစၧ၏ကိုယ္ထဲတြင္ ေရြရည္ ရွိေနသည္။ ေရႊသည္ခိုင္ခံကာ တေစၧအားလုံးတြက္ သိမ္းဆည္းရာျဖစ္သည္။ သို႔ေသာ္၎သည္ ကတၱရာတေစၧကိုယ္ထဲနစ္ျမဳတ္ေနသည့္အတြက္ ၎မွာရက္စက္ျပင္းထန္၍ အလြန္ဆိုးဝါးသည့္ပုံေစသည္! အကယ္၍ တေစၧႏွင့္တေစၧပ်ိဳးေထာင္သူသာ ကတၱရာတေစၧ၏ကိုယ္ထဲမွေရႊရည္ေၾကာင့္ သတိလႊတ္သြားခဲ့လၽွင္ဘသူတို႔၏စြမ္းအားမ်ားပိတ္ေလွာင္ခံရနိုင္ေခ်မ်ားသည္။
ထိုအခ်ိန္မွာပင္ ေရႊႏွင့္အနက္ေရာင္ေရာစပ္ထားေသာအရည္က လ်င္ျမန္စြာပ်ံ႕ႏွံ့လာၿပီး ဝူ႐ုန္၏လက္ဖ်ံကာ ခ်က္ခ်င္းပင္ဖုံးလႊမ္းသြားေစသည္။
သူတြန္းထုတ္ခံထားရေသာခ်ီဖန္းဖန္းမွာ ဘာကိုမွမသိေပ။ သူ၏အမူယာမွာ နာက်င္မႈ ဝမ္းနည္းမႈမွ အံ့ဩသင့္ျခင္းမယုံနိုင္ျခင္းဆီသို႔ေျပာင္းသြားသည္။ သူမသည္ဝူ႐ုန္ဆီသို႔တလွမ္းခန႔္ေလၽွာက္လွမ္း၍ ထစ္အအျဖင့္ " ငါနင့္ကိုကူညီနိုင္တယ္၊ ငါကမင္းအေပၚအရာအားလုံးနစ္ျမဳပ္ထားတာ ေက်းဇူးျပဳၿပီးငါ့ေနာက္လိုက္...."
သို႔ေသာ္လည္း ဝူ႐ုန္မွာသူဘာေျပာေနသည္ကိုဂ႐ုမစိုက္ေပ။ ထိုအခ်ိန္တြင္သူ၏အာ႐ုံအားလုံးမွာဘယ္လက္ေပၚတြင္သာရွိသည္။ ထူးဆန္းၿပီးေအးစက္ေသာေသေစေလာက္သည့္ေအးစိမ့္မႈသည္သူ႔ဘယ္လက္ထဲတြင္နိူထေနေလသည္။ က်ဳံးကူသည္ ခုန္ေပါက္ေနေသာပဲေစ့ကဲ့သို႔ တုန္ယင္ေနသည္။ သူႏွင့္အတူ အကူ ကူမ်ားျဖစ္သည့္ ခ်င္းလင္းကူႏွင့္အနက္ေရာင္ေက်ာက္ပင့္ကူတို႔သည္လည္းရန္သူႏွင့္ရင္ဆိုင္ေတြ႕ေနသကဲ့သို႔ ဝူ႐ုန္၏ဘယ္လက္ေမာင္းကိုစိုက္ၾကည့္ေနၾကသည္။ သူ၏လက္ေမာင္းေပၚတြယ္တက္ ဖူံလႊမ္းခ်င္ေနသည့္ အနက္ႏွင့္ေရႊေရာင္အရည္ကိုယ္ထည္မွာ ႐ုတ္တရက္ ရပ္တန႔္သြားသည္။
တေစၧႀကီးနိုးထလာသည့္ပုံပင္။
စည္းေႏွာင္ခံရျခင္း၊ ပိတ္ေလွာင္ျခင္း၊ က်ဥ္းၾကပ္ျခင္း၊ ကန႔္သတ္ခံရျခင္း၊ မြန္းၾကပ္ျခင္းမ်ား။
ျမဴထူထူမွ သူ႔ကိုရစ္ပတ္လိုက္သလို ဝူ႐ုန္ႏွင့္မသက္ဆိုင္သည့္ စိတ္ခံစားမႈအလုံးစုံသူ႔စိတ္ထဲဝင္လာသည္။ သူ႔အေတြးမ်ားသည္ အာတိတ္သမုဒၵရာမွေရခဲလိုေအးစက္ေနသည္။ တေစၧနယ္ေျမ၊ ထင္းကန္နံပါတ္၄၄၄၊ ခ်ီဖန္းဖန္း၊လၽွို႔ဟူ အရာအားလုံးမွာ ဘာမွမရွိခဲ့သလိုေပ်ာက္ကြယ္သြားပုံေပၚကာ တျဖည္းျဖည္းႏွင့္ လႊင့္ပါးသြားၿပီး ကမၻာေပၚတြင္ သူႏွင့္ အေဝးတေနရာမွ ေသြးနီေရာင္အစက္ေလးသာက်န္ခဲ့သလိုပင္။
ထိုေသြးနီေရာင္မွာ တေစၧႀကီး၏ ဝိဉာဥ္ျဖစ္ၿပီး အားေကာင္းျပင္းထန္လွေသာ႐ူသြပ္မႈ အထက္စီးဆန္မႈမ်ားမွာ ေသြးဆာေနသည့္အာဏာရွင္လိုပင္။ သူပုံစံမွာ ေနာက္တစကၠန႔္တြင္ေပ်ာက္ကြယ္သြားေတာ့မည့္ပုံေပၚေသာ္လည္း သူမွာ မယုံၾကည့္နိုင္ေအာင္စြမ္းအားႀကီးကာ ဘယ္သူမွသူ၏အစြန္းအဖ်ားကိုမထိဝံ့။ သူႏွင့္ဝူ႐ုန္ၾကားအကြာေဝးမွာ လြန္စြာေဝးကြာလွၿပီး ပင္လယ္ထဲမွ မိုးကုတ္စက္ဝိုင္း အငူႏွင့္တူသည္။ ေသြးနီစက္မ်ားသည္ ေရထဲသို႔ေသြးစက္မ်ားက်ဆင္းေနသကဲ့သို႔ျပန္က်ဲေနၿပီး ေလထုတြင္ နီေဖ်ာ့ေဖ်ာ့စြန္းထင္းေနသည္။
ေသြးအရိပ္ ေကာင္ မွာ သူ႔ကိုၾကည့္လာသကဲ့သို႔ လွည့္လာေသာ္လည္း ထိုအခ်ိန္၌ ဝူ႐ုန္သည္ သူ႔လက္ ေပၚမွ ခြန္အားေၾကာင့္ လန႔္နိုးလာသည္။
ခ်ီဖန္းဖန္းသည္ သူ႔ဘယ္လက္ေပၚတြင္ခဲေနေသာ ေရႊနက္အပိုင္းအစမ်ားကို ဖယ္ရွားပစ္ေနသည္။ သူမမ်က္ႏွာမွာစိုစြတ္ေနၿပီး ဆံပင္မ်ားကပ္တြယ္ေနသည္။ သူတကိုယ္လူံမွာေရထဲမွာဆယ္ယူခံထားရသည့္ပုံေပၚေနေသာ္လည္း သူမ၏မ်က္ႏွာမွာ ပိုပိုၾကမ္းတမ္ူကာေတာက္ပဝင္းလက္လာသည္။ သူ သူမ၏မ်က္လုံးမ်ားထဲၾကည့္လိုက္ေသာအခါ သူတို႔သည္စမ္းေရစီး ေၾကာင္းကဲ့သို႔ေရြ႕လ်ားေနသည္။
Gululu…Gululu…
ေရပိတ္ဆို႔ေနသံ တိုးဝင္ေနသံထပ္မံထြက္လာျပန္သည္။ ၎မွာခ်ီဖန္းဖန္းကိုယ္ထဲမွျဖစ္သည္။ ဝူ႐ုန္၏ထက္ရွေသာမ်က္လုံးမ်ားမွ သူမ၏ကိုယ္ကိုတစုံတေယာက္ကေခါင္းေနာက္မွ အေရျပားတလႊာကိုခြာခ်လိုက္သကဲ့သို႔ပါးလႊာသြားသည့္ပုံကိုျမင္ေနရေသာ္လည္း သူမသည္သူ႔ကိုမ်က္ႏွာခ်င္းဆိုင္လ်က္ ျပဳံးရယ္ျပေနကာ ထိုအရာကို ရည္ရြယ္ခ်က္ရွိရွိပုန္းကြယ္ထားခ်င္ပုံရသည္။
အဆုံးမွာေတာ့ လၽွို႔ဟူေျဖရွင္းခ်င္သည့္အရာမွာ ခ်ီဖန္းဖန္းျဖစ္သည္ ။ ဝူ႐ုန္ကိုရင္ဆိုင္ေနေသာ ကတၱရာတေစၧမွလြဲလၽွင္ က်န္တိုက္ခိုက္မႈအားလုံးကိုခ်ီဖန္းဖန္းဆီသို႔ဦးတည္ထားသည္။
ဝူ႐ုန္သည္ မီးအလင္းေရာင္ေအာက္မွ အရည္ႀကီးဆြဲခ်ခံထားရသည္ သူမ၏အရိပ္ကိုျမင္ေနရသည္။ ဒါသည္လူတစ္ေယာက္၏ပုံရိပ္မဟုတ္ မည္သည္ထိတ္လန႔္စရာ ထူးဆန္းသည့္မေကာင္းဆိုးဝါးသည္ကိုပင္မရွင္းျပနိုင္။ သူတြက္ ပုံစံအတိက်မရွိပဲ သဲေပၚဆင့္တင္ထားေသာမေကာင္းဆိုးဝါးႏွင့္တူသည္။ တေစၧႏွင့္မေကာင္းဆိုးဝါးၾကားမွ ျပင္းထန္ေသာတိုက္ပြဲျဖစ္ေနေသာ္လည္း ဝူ႐ုန္ေရွ႕မွခ်ီဖန္းဖန္းမွာ ရွက္ရြံေနေသာမိန္းကေလးျဖစ္ေနဆဲပင္။
"႐ုန္း႐ုန္း ငါ…"
"မင္းဘာလိုခ်င္ေနတာလဲ?"
ဝူ႐ုန္သည္သူမႏွင့္ထပ္မံ႐ူပ္ေထြးဖို႔ရန္လြန္စြာမွပ်င္းရိေနေလသည္။ သူတိုက္ရိုက္ပင္ေျပာလိုက္သည္ "ငါ့ကိုသတ္မို႔လား?"
ခ်ီဖန္းဖန္းမွာသူ၏႐ုန္တရက္အေျပာေၾကာင့္ထိတ္လန႔္သြားၿပိး သူေမးခြန္းေၾကာင့္ျဖဴေဖ်ာ့သြားကာ သူ႔မ၏ႏွလုံးသားကိုထိုးႏွက္ခံရသကဲ့သို႔တုန္ယင္သြားသည္။ သူမက " ငါနင့္ကိုဘယ္လိုလုပ္သတ္ပစ္နိုင္ရမွာလဲ? ငါမလုပ္ဘူ။ ငါဒီလိုအရာမ်ိဳးလုံးဝလုပ္မွာမဟုတ္ဘူး! ငါက ငါနင့္ကိုပထမဆုံးေတြ႕လိုက္ခ်ိန္ကစၿပိး ငါ့ကိုငါ မထိန္းနိုင္႐ုံပါ..."
"မင္းရဲ့ရည္ရြယ္ခ်က္"
ခ်ီဖန္းဖန္းႏွင့္ ႐ူပ္ေထြးေနရင္းဝူ႐ုန္ပတ္ဝန္းက်င္ကိုၾကည့္ရန္မေမ့ေပ။ အိမ္သာမွာလၽွို႔ဟူ၏အႂကြင္းမဲ့အာဏရွိရာသူ၏တေစၧနယ္ေျမထဲလုံးဝေရာက္သြားေလၿပီျဖစ္သည္။ ပတ္ဝန္းက်င္အားေျပာင္းလဲရန္လြယ္ကူလွသည္။ ၾကားဖူးေနၾကတေစၧပုံျပင္မ်ားထဲမွာကဲ့သို႔ မူလဆယ္ႏွစ္ထပ္အေဆာက္အဆုံမွ႐ုတ္တရက္တစ္ထပ္ပိုလာကာ၁၃ထပ္ျဖစ္လာျခင္းသို႔မဟုတ္ တခ်ိဳ႕ေသာေလွကားမ်ားကိုနင္းေလၽွာက္ေသာအခါအဆုံးငတ္မေတြ႕ရျခင္းမ်ိဳးျဖစ္သည္။ ဒါေတြကသူတို႔မွာတေစၧနယ္ေျမထဲက်ေရာက္သြားျခင္းေၾကာင့္ျဖစ္သည္။
နဂိုမူလ ေကာ္ရစ္တာဆီထြက္ေပါက္မွာယခုတြင္နံရံျဖစ္ေနၿပီး လက္ေဆးကန္ႏွစ္ခုႏွင့္ေရပိုက္ေခါင္းမ်ားမွာလည္းေပ်ာက္ကြယ္သြားေလသည္။ တေစၧနယ္ေျမ၏ပိုင္ရွင္ကလြဲလၽွင္မည္သူမွ ထြက္ေပါက္အစစ္ကိုမသိနိုင္။ တေစၧနယ္ေျမကို ေျဖရွင္းရန္အတြက္ သန္မာေသာတေစၧမ်ားကိုသုံး၍ ခ်ိဳးဖ်တ္ရမည္ျဖစ္သည္။
ဒါမွမဟုတ္လၽွင္ ျပင္ပအင္အားမ်ားကို သုံး၍ ခ်ိဳးျဖတ္ရမည္။
ဝူ႐ုန္သည္ အေနာက္ေျမာက္ေထာင့္ဆီမွ sutrasရြတ္ဆိုသံကိုမသဲမကြဲၾကားေနရသည္။ နက္ရိုင္းကာက်ယ္ေလာင္လွေသာထိုအသံထဲတြင္ ႀကီးမားေသာၿငိမ္းေအးရာစြမ္းအင္မ်ာူပါေနကာ တေစၧနယ္ေျမပင္လၽွင္ သူ႔ကိုလုံးဝကြယ္ေပ်ာက္ေအာင္မတားနိုင္ေပ။ ေနာက္တခဏတြင္ က်မ္းဂန္ရြတ္ဖတ္သံေပ်ာက္သြားကာ သစ္သားငါးကိုေခါက္သံမွာတျဖည္းျဖည္းက်ယ္က်ယ္လာၿပီး တည္ၿငိမ္၊ၿငိမ္းေအးၿပီး အလ်င္မလိုေပ။ တေစၧနယ္ေျမထဲမွအတားအဆီးအားလုံးမွာထိုစြမ္းအင္၏သက္ေရာက္မႈကိုခံရၿပီး ပါးလႊာလာသည္။
မိုးေသာက္ခ်ိန္ေရာက္လုနီးပါးပင္။
႐ုတ္တရက္ဝူ႐ုန္လက္ေမာင္ပူေလာင္လာသည္။ ထိုအရာမွာဗုဒၶအေမြေတာ္ပုတီေစ့မ်ားျဖစ္ၿပီးပူေလာင္ေနကာ ေအးစက္စက္ေလေအးကဝူ႐ုန္ဆီေျပးဝင္လာေသာ္လည္း မျမင္နိုင္ေသာ အဝါေရာင္အတားဆီးတစ္ခုက ၎အားတားဆီးထားသည္။ ခ်ီဖန္းဖန္းသည္ ဗုဒၶအေမြ ေတာ္ပုတီးထားရာဝူ႐ုန္ရင္ဘက္သို႔စိုက္ၾကည့္ေနသည္။ သူမမ်က္ႏွာမွာစတင္အရည္ေပ်ာ္က်လာၿပီး မ်က္လုံးႏွင့္ႏွာေခါင္းမ်ားမွအနီေရာင္ေသြးအပ်စ္ခဲမ်ားစိမ့္ထြက္ၿပီး အရည္ေပ်ာ္ေနေသာဖေယာင္႐ုပ္လိုျဖစ္လာသည္။ သူမသည္ နဂိုပုံစံအတိုင္းထိန္းထားနိုင္ရန္ ေအးစက္၍ေအးခဲေသာေနရာသို႔ျပန္သြားရန္လိုေလသည္။
မိုးေသာက္ခ်ိန္ၿပီးလၽွင္ ေသြးအႏွစ္မ်ားမွာ ေရဆိုးပိုက္လိုင္းထဲ၌သာေနနိုင္ေလသည္။
သို႔ေသာ္ သူမ ကျပန္ညႇိရန္စိတ္မဝင္စား။
"ေက်းဇူးျပဳၿပီးငါ့ေနာက္လိုက္ခဲ့ပါ။ ငါမင္းကိုငါ့ေနာက္လိုက္ေစခ်င္႐ုံေလးပါပဲ"
သူမ၏လည္ေခ်ာင္းတဝက္ခန႔္အရည္ေပ်ာ္ေနၿပီး ဆိုးဝါးစြာအနံ့ထြက္ေနသည့္ေသြးအႏွစ္မ်ားကိုျမင္ေနရသည္။ အသံမွာသူလည္ေခ်ာင္းထဲမွမဟုတ္ပဲ တုန္ယင္ေနေသာ ေသြးအႏွစ္ထဲမွျဖစ္သည္။ သူမ၏အသံမွာအက္ကြဲကာနက္ရိူင္းေနၿပီး ေၾကာက္မက္ဖြယ္ပိုင္ဆိုင္လိုစိတ္ႏွင့္ျဖစ္ရာလူမ်ားကိုတုန္ယင္ေစေလသည္။ သူမဝူ႐ုန္အားကယ္တင္ရန္ေတာင္းပန္စဥ္ကလို ခ်ီဖန္းဖန္းသည္သူမ၏လက္ကိုဝူ႐ုန္ဆီသို႔ဆန႔္တန္းလာသည္။ ေခါင္းမွစ၍အရည္ေပ်ာ္ေနရာ သူမလက္ေမာင္းတစ္ခုလုံးအရိုးမရွိေတာ့ပဲ အသားေရာင္ရွိသည္ရာဘာႁပြန္တစ္ခုလိုေပ်ာ့ဖက္ဖက္ျဖစ္လာသည္။
"ငါနင့္ကိုငါ့ကမၻာဆီေခၚသြားခ်င္တယ္"
"မသြားဘူး"
ဝူ႐ုန္ဘယ္လက္သည္တေစၧလက္အျဖစ္လုံးဝေျပာင္းသြားကာ သူအေရျပားေပၚတြင္ေသြးအမွတ္ျဖတ္ရာအလႊာမ်ားေပၚလာကာ ၎တို႔မွာ ခေနာ္ခနဲ႔ျဖစ္မေနပဲ ေၾကာက္မက္ဖြယ္အရွိန္အဝါကိုထုတ္ေပးေနသည္။ သူသည္ တေစၧနယ္ေျမအျပင္ဘက္ကကမၻာႀကီးမွာသာမန္မဟုတ္စြာေတာက္ပလြန္းေနသည္ကိုဝိုးတဝါးခံစားမိေလသည္။ ၎မွာေန႔အလင္းေရာင္မ်ိဳးႏွင့္မတူ လိေမၼာ္မီးေတာက္မ်ားဖုံးလႊမ္းေနသည္ႏွင့္ပိုတူသည္။ ထိုႀကီးမားျပင္းထန္လွေသာ အပူခ်ိန္မွာ တေစၧနယ္ေျမကို သဘာဝရန္သူကဲ့သို႔ တလႊာခ်င္းတလႊာခ်င္း အားနည္းေစ၍ အရည္ေပ်ာ္ေစသည္။
မီးထဲမွသစ္သားငါး ၏အသံမွာ ပိုပိုက်ယ္ေလာင္ၿပီး ရွင္းလင္းလာသည္။ အေျခေနမွတမ်ိဳးေျပာင္းသြားကာ မီးအလင္းေရာင္ထဲတြင္ တေစၧနယ္ေျမမွာစတင္၍ၿပိဳက်ပ်က္စီးေနၿပီး သစ္သားငါး၏အသံထြက္လာသည္။ တေစၧနယ္ေျမထဲမီးေတာက္မွာၿငိမ္းသက္ခံရၿပီးျဖစ္ကာနယ္ ေျမပတ္လည္ရွိကတၱရာေစးတေစၧအာလုံးသည္လည္းအရည္ေပ်ာ္က်ေနသည္။ သူတို႔ၾကာရွည္ေတာင့္မခံနိုင္ေတာ့ေပ။ လက္ရွိမွာေတာ့ ခ်ီဖန္းဖန္းႏွာအႏၲရယ္အမ်ားဆုံးျဖစ္သည္။
အေမွာင္ထဲမွသူမ၏အရည္ေပ်ာ္က်ေနေသာမ်က္ႏွာႏွင့္ ေတာက္ပေနေသာအရိပ္မ်ားမွာပိုပို၍ ေၾကာက္စရာေကာင္းလာၿပီး သူမ၏မ်က္လုံးမ်ားကို လၽွံက်လာေသာ ေသြးအႏွစ္မ်ားကဝါးၿမိဳသြားသည္။ အာ့ဒီမတိုင္မီ သူမ၏မ်က္ႏွာမွာအနီေရာင္ေျပာင္းသြားၿပီး သူမအရိပ္ေအာက္မွမေကာင္းဆိုးဝါးႏွင့္ပိုပိုတူလာသည္။ သူမမ်က္လုံးမ်ားမရွိေတာ့လၽွင္ေတာင္ဝူ႐ုန္သည္ သူမကသူ႔ကိုၾကည့္ေနသည္ဟုခံစားေနရေသးသည္။ ဝူ႐ုန္၏ထပ္ခါထပ္ခါျငင္းပယ္မႈေၾကာင့္သူမ၏အသြင္ျပင္အနည္းငယ္ေျပာင္းသြားၿပီး သူမမ်က္လုံးမ်ားတြင္ ခ်စ္စိတ္ျပင္းျပမႈႏွင့္ယုံမွာသံသယလြန္ကဲမႈမ်ားျပည့္လာေနသည္။
[ငါစိတ္မေကာင္းပါဘူး ငါမင္းကိုဒါမ်ိဳးမလုပ္ခ်င္ပါဘူး]
ေအးစက္ထုံထိုင္းေသာအသံတစ္ခုဝူ႐ုန္အာ႐ုံထဲ႐ုတ္တရက္ဝင္လာကာ ဝူ႐ုန္အမူယာ႐ုတ္တရက္ေျပာင္းလဲသြားသည္။ သူသည္ လက္တစ္ဆုပ္စာေသြးအႏွစ္ျဖင့္ေျပာင္းလဲေနေသာခ်ီဖန္းဖန္းကိုတိုက္ခိုက္လိုက္ကာ တေစၧလက္မွာသူမ၏ 'လည္ပင္'ကို ဆုပ္ကိုက္မိလိုက္သည္။
[ 'ခ်ီဖန္းဖန္းကိုေျဖၾကားပါ'ဟူေသာတာဝန္က်ဆုံးသြားပါၿပီ။ ေနာက္ေန႔တြင္ ဝူ႐ုန္၊စစ္ေဆးသူ အျပစ္ေပးခံရပါမည္]
[ျပဳတ္က်ျခင္း]
တခ်ိန္တည္းမွာပင္ လၽွို႔ဟူမွာေဘးက်ပ္နံက်ပ္အေျခေနတြင္ပိတ္မိေနသည္။ သူသည္တေစၧနယ္ေျမမွအတင္းၾကပ္ေမာင္းထုတ္ျခင္းခံလိုက္ရသည္။ သူမ်က္သားမ်ားနီေနၿပီးမ်က္ဆံမွာနတ္ေမွာင္ေနကာ မုဆိုးမွ အတင္းက်ပ္အားသုံးေခါင္းငုံခိုင္းခံထားရသည့္ ဝံပုေလြအိုႀကီးႏွင့္တူေလသည္။ သူသည္ ေျခေထာက္မ်ားယွက္ထားကာ ထိုင္ေနၿပီးမ်က္လုံးမ်ားမွိတ္၍ သစ္သားငါးကိုတီးေခါက္ကာ က်မ္းဂန္ရြတ္ဆိုေနေသာအမ်ိဳးသားကိုစိုက္ၾကည့္ေနေလသည္။ ဗုဒၶ၏ေရႊေရာင္အလင္းတန္းမွာ အားနည္းသည္ဟုထင္ရေသာ္လည္း သူ၏တိုက္ခိုက္မႈတိုင္းကို တားဆီးထားေလသည္။
3090words
5:30Pm,Wed,Aug 9,2023.