ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏...

By kilulayuu121

32.9K 3.2K 487

sequel of book 1 More

အခန်း(201)
အခန်း(202)
အခန်း(203)
အခန်း(204)
အခန်း(205)
အခန်း(206)
အခန်း(207)
အခန်း(208)
အခန်း(209.1)
အခန်း(209.2)
အခန်း(209)
အခန်း(210)
အခန်း(211)
အခန်း(212)
အခန်း(213)
အခန်း(214)
အခန်း(215)
အခန်း(216)
အခန်း(217)
အခန်း(218)
အခန်း(219)
အခန်း(219)
အခန်း(220)
အခန်း(221)
အခန်း(222)
အခန်း(223)
အခန်း(224)
အခန်း(225)
အခန်း(226)
အခန်း(၂၂၇)
အခန်း(228)
အခန်း(229)
အခန်း(230)
အခန်း(231)
အခန်း(232)
အခန်း(233)
အခန်း(234)
အခန်း(235)
အခန်း(236)
အခန်း(237)
အခန်း(238)
အခန်း(239)
အခန်း(240)
အခန်း(241)
အခန်း(၂၄၂)
အခန်း(243)
အခန်း(244)
အခန်း(245)
အခန်း(246)
အခန်း(247)
အခန်း(248)
အခန်း(249)
အခန်း(250)
အခန်း(251)
အခန်း(252)
အခန်း(၂၅၃)
အခန်း(၂၅၄)
အခန်းူ(255)
အခန်း(256)
အခန်း(257)
အခန်း(258)
အခန်း(259)
အခန်း(260)
အခန်း(261)
အခန်း(262)
အခန်း(၂၆၃)
အခန်း(၂၆၄)
အခန်း(၂၆၅)
အခန်း(၂၆၆)
အခန်း(၂၆၇)
အခန်း(၂၆၈)
အခန်း(၂၆၉)
အခန်း(၂၇၀)
အခန်း(၂၇၁)
အခန်း(၂၇၂)
အခန်း(၂၇၃)
အခန်း(၂၇၄)
အခန်း(၂၇၅)
အခန်း(၂၇၆)
အခန်း(၂၇၇)
အခန်း(၂၇၈)
အခန်း(၂၇၉)
အခန်း(၂၈၀)
အခန်း(၂၈၁)
အခန်း(၂၈၃)
အခန်း(၂၈၄)
အခန်း(၂၈၅)
အခန်း(၂၈၆)
အခန်း(၂၈၇)
အခန်း(၂၈၈)
အခန်း(၂၈၉)
အခန်း(၂၉၀)
အခန်း(၂၉၁)
အခန်း(၂၉၂)
အခန်း(၂၉၃)
အခန်း(၂၉၄)
အခန်း(၂၉၅)
အခန်း(၂၉၆)
အခန်း(၂၉၇)
အခန်း(၂၉၈)
အခန်း(၂၉၉)
အခန်း(၃၀၀)
အခန်း(၃၀၁)
အခန်း(၃၀၂)
အခန်း(၃၀၃)
အခန်း(၃၀၄)
အခန်း(၃၀၅)
အခန်း(၃၀၆)
အခန်း(၃၀၇)
အခန်း(၃၀၈)
အခန်း(၃၀၉)
အခန်း(၃၁၀)
အခန်း(၃၁၁)
အခန်း(၃၁၂)
အခန်း(၃၁၃)
အခန်း(၃၁၄)
အခန်း(၃၁၅)
အခန်း(၃၁၆)
အခန်း(၃၁၇)
အခန်း(၃၁၈)
အခန်း(၃၁၉)
အခန်း(၃၂၀)
အခန်း(၃၂၁)
အခန်း(၃၂၂) Book 23 End
အခန်း(၃၂၃)
အခန်း(၃၂၄)
အခန်း(၃၂၅)
အခန်း(၃၂၆)
အခန်း(၃၂၇)
အခန်း(၃၂၈)
အခန်း(၃၂၉)
အခန်း(၃၃၀)
အခန်း(၃၃၁)
အခန်း(၃၃၂)
အခန်း(၃၃၃)
အခန်း(၃၃၄)
အခန်း(၃၃၅)
အခန်း(၃၃၆) End of book 24
အခန်း(၃၃၇)
အခန်း(၃၃၈)
အခန်း(၃၃၉)
အခန်း(၃၄၀)
အခန်း(၃၄၁)
အခန်း(၃၄၂)
အခန်း(၃၄၃)
အခန်း(၃၄၄)
အခန်း(၃၄၅)
အခန်း(၃၄၆)
အခန်း(၃၄၇)
အခန်း(၃၄၈)
အခန်း(၃၄၉)
အခန်း(၃၅၀)
အခန်း(၃၅၁)
အခန်း(၃၅၂)
အခန်း(၃၅၃)
အခန်း(၃၅၄)
အခန်း(၃၅၅)
အခန်း(၃၅၆)
အခန်း(၃၅၇)
အခန်း(၃၅၈)
အခန်း(၃၅၉)
အခန်း(၃၆၀)
အခန်း(၃၆၁)
အခန်း(၃၆၂)
အခန်း(၃၆၃)
အခန်း(၃၆၄)
အခန်း(၃၆၅)
အခန်း(၃၆၆)
အခန်း(၃၆၇)
အခန်း(၃၆၈)
အခန်း(၃၆၉)
အခန်း(၃၇၀)
အခန်း(၃၇၁)
အခန်း(၃၇၂)
အခန်း(၃၇၃)
အခန်း(၃၇၄)
အခန်း(၃၇၅)
အခန်း(၃၇၆)
အခန်း(၃၇၇)
အခန်း(၃၇၈) book 27 end
အခန်း(၃၇၉)
အခန်း(၃၈၀)
အခန်း(၃၈၁)
အခန်း(၃၈၂)
အခန်း(၃၈၃)
အခန်း(၃၈၄)
အခန်း(၃၈၅)
အခန်း(၃၈၆)
အခန်း(၃၈၇)
အခန်း(၃၈၈)
အခန်း(၃၈၉)
အခန်း(၃၉၀)
အခန်း(၃၉၁)
အခန်း(၃၉၂)
အခန်း(၃၉၃)
အခန်း(၃၉၄)
အခန်း(၃၉၅)
အခန်း(၃၉၆)
အခန်း(၃၉၇)

အခန်း(၂၈၂)

197 21 5
By kilulayuu121


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၁)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၂၈၂) : မြေကမ္ဘာအဆင့်

ဝမ်ဝေ့က သီးသန့်လေ့ကျင့်ရာမှ ထွက်လာသော်လည်း လင်းဖန်နှင့် တိုက်ခိုက်ဖို့အတွက် ပြန်လည်တံခါးပိတ် ကျင့်ကြံရေး ဝင်သွားခဲ့သည်။ သူက အနိုင်ရမည်ဟု ယုံကြည်ချက်ရှိသော်လည်း ကိစ္စများကို အလေးအနက်ဆုံးဖြတ်ဖို့ လိုအပ်သေးသည်။ ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်ကို အမဲလိုက်ရာတွင်ပင် အားမာန်အပြည့် ထုတ်သုံးသင့်သည် မဟုတ်ပါလော။

ဝမ်ဝေ့က တင်ပျဉ်ခွေ ထိုင်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်နှင့် ကျင့်ကြံဆင့်ကို စတင်စစ်ဆေးလိုက်သည်။ ရှေးဟောင်းခန္ဓာကိုယ် သန့်စင်ကျမ်းက သူ့ခန္ဓာကိုယ်အား လေ့ကျင့်ပေးထားသောကြောင့် အံ့ဖွယ်ခန္ဓာကိုယ် နယ်ပယ်၏ လူသားအဆင့်က သူ့အတွက် အဓိပ္ပာယ် သိပ်မရှိပေ။ မည်သို့ပင်ဆိုစေကာမူ ထိုကျမ်းတွင် သူ့ကျင့်ကြံဆင့်ပေါ် အခွင့်ကောင်းယူ၍ သူ့ခန္ဓာကိုယ်ကို ဆက်လက်လေ့ကျင့်ရမည့် အကြောင်းကို ရှင်းပြထားသည်။

ထိုသဘောတရားများအရ လူသားခန္ဓာကိုယ်တွင် ကျန့်အင်္ဂါရပ်ငါးခုနှင့် ဖူအင်္ဂါရပ် ခြောက်ခုတို့ ပါဝင်ပြီး တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားလေသည်။ ကျန့်အင်္ဂါရပ်ငါးခုမှာ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်းနှင့် သရက်ရွက်တို့ ဖြစ်ကြသည်။

ဖူအင်္ဂါရပ် ၆ခုမှာ အူသိမ်၊ အူမကြီး၊ ဆီးအိတ်၊ အစာအိမ်၊ သည်းခြေအိတ်နှင့် စန်းကျောင်းလည်း ပါဝင်သည်။

စန်းကျောင်း - အပေါ်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းများရှိ အင်္ဂါရပ်အားလုံး၏ လုပ်ဆောင်ချက်များနှင့် ဆက်စက်နေသော ယန်အင်္ဂါရပ်ကို ဆိုလိုသည်။

ထို့အပြင် ထိုအင်္ဂါရပ်များက ယင်နှင့်ယန်၊ ဓာတ်ငါးပါးညီမျှမှု သဘောတရားကို လိုက်နာကြ၏။ ကျန့်အင်္ဂါရပ်များက သဘာဝအားဖြင့် ယင်ဓာတ် ရှိပြီး ဖူအင်္ဂါရပ်များက သဘာဝအားဖြင့် ယန်ဓာတ် ရှိလေသည်။

နှလုံးသား (မီးဓာတ်)က အူသိမ်နှင့် ဆက်နွယ်ထားပြီး၊ အဆုတ် (သတ္တု)က အူမကြီးနှင့် ဆက်သွယ်ထားသည်။ အသည်း ( သစ်သားဓာတ်)က သည်းခြေအိတ်နှင့် ဆက်နွယ်ထားပြီး သရက်ရွက် (မြေဓာတ်)က အစာအိမ်နှင့် ဆက်နွယ်ထားကာ ကျောက်ကပ် (ရေဓာတ်)က ဆီးအိတ်နှင့် ဆက်နွယ်ထားလေသည်။

ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းအရ ဝမ်ဝေ့က သူ့ကျန့်အင်္ဂါရပ်အားလုံးကို ပြီးပြည့်စုံအောင် လေ့ကျင့်ထားနိုင်လျှင် ထိုအင်္ဂါရပ်ရှိ စွမ်းအားများက ဖူအင်္ဂါရပ်များကို အားကောင်းလာစေလိမ့်မည် ဖြစ်သည်။ သို့သော်လည်း အတိတ်တုန်းက ထိုကျမ်းကို လေ့ကျင့်ကြသည့် လူများစွာက အံ့ဖွယ်ခန္ဓာကိုယ်အဆင့်ကို အသုံးချကာ ဖူအင်္ဂါရပ်များကို လေ့ကျင့်ပေးခဲ့ကြသည်။ ထို့ကြောင့် ခန္ဓာကိုယ်ခွန်အားကို ပို၍ ကောင်းမွန်လာစေကာ ပြီးပြည့်စုံသောအခြေအနေသို့ တိုးမြှင့်ပေးနိုင်သည်။

ထို့ကြောင့် ဝမ်ဝေ့က သူ့တာအိုသက်သေပြပစ္စည်းကို ပြုပြင်မွမ်းမံခြင်း လုပ်ခဲ့ခြင်း ဖြစ်၏။ ယခုသူက သူ့လုပ်ငန်းတာဝန် အောင်မြင်သွားပြီဖြစ်ရာ အံ့ဖွယ်ခန္ဓာကိုယ် နယ်ပယ်၏ မြေကမ္ဘာအဆင့်သို့ တက်လှမ်းနိုင်ပြီ ဖြစ်၏။

ထိုအဆင့်တွင် ကျင့်ကြံသူများက သူတို့၏ ကံကြမ္မာကောင်း မီးတောက်ဖြင့် မျက်လုံး၊ နှာခေါင်း၊ နား၊ လျှာ၊ လိင်နှင့် စအို ဖြစ်သည့် ဒွါရကိုးပေါက်ကို ဖွင့်နိုင်လိမ့်မည်။ ထိုဒွါရကိုးပေါက်က ထိုခန္ဓာကိုယ်အစိတ်အပိုင်းများကို ရည်ညွှန်းခြင်း မဟုတ်ဘဲ ထိုခန္ဓာကိုယ်အစိတ်အပိုင်းတွင် တည်ရှိသည့် လျှို့ဝှက်ဂိတ်တံခါးများကို ပြောခြင်းဖြစ်၏။ ထိုဂိတ်တံခါးများက လူသားခန္ဓာကိုယ်၏ အတားအဆီးနှင့် တူလေသည်။

ထိုအရာများကို ဖွင့်လှစ်ခြင်းဖြင့် လူသားများက သူတို့၏ အလားအလာကို အဆင့်မြင့် သက်ရှိပုံစံအဖြစ်သို့ ပြောင်းလဲနိုင်သည့် အလားအလာကို ဖြည်းဖြည်းချင်း မြှင့်တင်ပေးနိုင်သည်။

ထို့အပြင် ထိုဂိတ်တံခါးများကို ဖွင့်လှစ်ခြင်း ဖြစ်စဉ်က စိတ်ဝိညာဉ်ကို သန့်စင်သည့် နည်းလမ်းတစ်ခု ဖြစ်ပြီး ကမ္ဘာနှင့် တစ်သားတည်း ဖြစ်စေသည်။

ဝမ်ဝေ့က မျက်လုံးမှိတ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်အတွင်းရှိ တံခါးချပ်ကို ရှာဖွေတွေ့ရှိသွားလေသည်။ ဝမ်ဝေ့က ဒွါရကိုးပေါက်အတွင်း တည်ရှိနေသည့် တံခါးကိုးချပ်ကို ရှာဖွေတွေ့ရှိသွားသည်။ သို့သော်လည်း သူ့ဂိတ်တံခါးတစ်ခုက တခြားဂိတ်တံခါးများထက် အားနည်းနေသည်ကို တွေ့လိုက်ရပြီး သူက အကြောင်းအရင်းကို တန်းသိလိုက်သည်။

ဒွါရကိုးပေါက်က ကျန့်အင်္ဂါရပ်များဖြင့် ဆက်နွယ်ထားလေသည်။ လူသားအဆင့်တွင် သူတို့ကို ကောင်းကောင်း လေ့ကျင့်ထားခြင်း မရှိဘဲ ကျင့်ကြံသူများက မြေကမ္ဘာအဆင့်ရှိ ဒွါရကိုးပေါက်ကို ဖွင့်နိုင်မည် မဟုတ်ပေ။

သူ့အတွက်မူ သူ့အင်္ဂါရပ်များက လိုအပ်သည်ထက် ကျော်လွန်၍ လေ့ကျင့်ထားပြီးသား ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူ့နှလုံးသားက လိုအပ်သည့်ပစ္စည်းကို စုပ်ယူနိုင်ခြင်း မရှိသေးသည့်အတွက် တခြားအင်္ဂါရပ်များနှင့် အင်အားခြင်း မညီမျှပေ။ ထို့ကြောင့် ထိုအရာနှင့် ဆက်နွယ်ထားသည့် ဂိတ်တံခါးက တခြားအရာများနှင့် ယှဉ်လိုက်လျှင် အားနည်းနေခြင်း ဖြစ်၏။

ထို့ကြောင့် သူက ထိုတစ်ခုကို လျစ်လျူရှုထားပြီး တခြားအရာများအပေါ် အာရုံစိုက်ထားလိုက်သည်။ သူ့ ဗဟုသုတများအရ ထိုဒွါရကိုးပေါက်ကို မိုးမြေကြားရှိ စိတ်ဝိညာဉ်ချီနှင့် ဖွင့်နိုင်သော်လည်း ကံကြမ္မာကောင်းမီးတောက်ကို အသုံးပြုသည်က ပို၍ကောင်းပေသည်။

ဝမ်ဝေ့က နား၊ လိင်နှင့် စအို ဒွါရပေါက်များရှိ ဂိတ်တံခါးများကို စတင်ဖွင့်လှစ်လိုက်သည်။ အကြောင်းအရင်းက ထိုဒွါရပေါက်များက ကျောက်ကပ်နှင့် ဆက်နွယ်နေသောကြောင့် အချိန်တိုအတွင်း ဖွင့်လှစ်ဖို့ အဖြစ်နိုင်ဆုံး ဖြစ်သည်။

နားကို ဖွင့်လှစ်ပြီးသည့်နောက်တွင် ဝမ်ဝေ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထူးခြားစွမ်းအား တစ်ခုက ဆေးကြောသန့်စင်သွားလေသည်။

ဖြစ်စဉ်က ခဏမျှကြာ ကြာရှိလိုက်သော်လည်း ချက်ချင်းဆိုသလို ဝမ်ဝေ့က ကီလိုမီတာ အကွာအဝေးရှိ အရာများကို စတင်ကြားလာသည်။ သူ့အနေနှင့် ထိုစွမ်းရည်ကို ထိန်းချုပ်ဖို့ ခဏမျှသာ ကြာမြင့်လိုက်သည်။

သူ့လိင်ဒွါရကို ဖွင့်လှစ်ပြီးသည့်နောက်တွင် သူ့ကမ္ဘာဦး ယန်စွမ်းအားက သိသိသာသာ တိုးမြင့်လာသောကြောင့် သူ့ သွေးစွမ်းအားကိုပင် မြင့်တက်လာစေသည်။ ထို့ကြောင့် အပြန်အလှန်အားဖြင့် သူ့ခန္ဓာကိုယ်စွမ်းအားကိုလည်း မြင့်တက်လာစေသည်။

သူ့စိတ်ထဲ တစ်ခုတည်း ကျန်ရှိသည့်အရာမှာ ....

ငါ နောက်ဆုံးတော့ ငါ့ဇနီးလေးနဲ့ အမှီလိုက်နိုင်ပြီ။ အို... အားကောင်းတဲ့ မိန်းကလေးရှိရတာ ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ...

နောက်ဆုံးတွင် ဝမ်ဝေ့က သူ့စအို ဒွါရကို ဖွင့်လှစ်လိုက်သည်။ ယခုတွင် ဝမ်ဝေ့က မစင်စွန့်ဖို့ မလိုတော့ပေ။ ဤသို့သောအရာက သူ့အတွက် နဂိုကတည်းက သက်ရောက်မှု မရှိခဲ့သည့်အကြောင်းမှာ သူ့အစာအိမ်က သူ စုပ်ယူလိုက်သမျှ အာဟာရအားလုံးကို ချေဖျက်နိုင်သည့် အချက်ကြောင့် ဖြစ်သည်။ ယခုတွင် သူက သဘာဝစွမ်းရည် ရရှိသွားသလိုဖြစ်ကာ ရေအိမ်သွားဖို့ မလိုတော့ပေ။

ဝမ်ဝေ့က ပြီးဆုံးသွားပြီးသည့်နောက်တွင် တစ်လကြာကုန်ဆုံးသွားကြောင်း သိကာ လင်းဖန်နှင့် ချိန်းဆိုထားသည့် တိုက်ပွဲအချိန်အခါသို့ ရောက်ရှိလာလေပြီ။ သူက သူ့ခန္ဓာကိုယ်ရှိ အပြောင်းအလဲများကိုကြည့်ကာ ရေရွတ်မိလိုက်သည် " မဆိုးဘူးပဲ"

သူ ထိုဒွါရများကို ဖွင့်လှစ်သည့် အမြန်နှုန်းက မကြားစဖူး ဖြစ်၏။ ဤသည်က ရာစုနှစ် မဟုတ်လျှင်ပင် ဆယ်စုနှစ်တော့ ကြာမြင့်တတ်သည်။ သူ့အနေနှင့် တစ်လတည်းဖြင့် ဒွါရသုံးခု ဖွင့်လှစ်နိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူ့ခန္ဓာကိုယ်က မည်မျှအားကောင်းနေပြီး ကြိုတင်ပြင်ဆင်ထား၍ ဖြစ်သည်။

အနာဂတ်တွင် ဖြစ်စဉ်က ထိုမျှလွယ်ကူနေမည် မဟုတ်ပေ။ သူက သူ့ရွယ်တူများထက် မြန်ဆန်နေမည် ဖြစ်သော်လည်း အမြန်ဆန်ကြီးတော့ မဟုတ်သေးပေ။

ဝမ်ဝေ့က သူ သီးသန့်ကျင့်ကြံသည့်နေရာမှ ထွက်လာပြီးသည့်နောက်တွင် တိုက်ခိုက်ရေး ကွင်းပြင်ဆီ ဦးတည်လိုက်သည်။ ကာကွယ်ရေးအကြောင်းအရင်းများအတွက် ထိုတိုက်ပွဲကို နှစ်ဖက်လုံးမှ ပိုင်ဆိုင်သည့် ပိုင်နက်အတွင်း ကျင်းပထားခြင်းမျိုး မရှိပေ။

..................

လင်းဖန်က မျက်နှာချင်းဆိုင်တွင် ရပ်နေသည့် ဝမ်ဝေ့အား ကြည့်ကာ အလေးအနက် မျက်နှာထား ဖြစ်သွားသည်။

ခဏနေပါဦး။ သူ့အရှိန်အဝါက အံ့ဖွယ်ခန္ဓာကိုယ်နယ်ပယ်ရဲ့ မြေကမ္ဘာအဆင့်ပဲ။ ငါက လူသားအဆင့်ရဲ့ အရေပြားကိုပဲ လေ့ကျင့်ပြီးသေးတာလေ။ သူက ဘယ်လိုလုပ် မြေကမ္ဘာအဆင့် ရောက်နေရတာလဲ...

သူ့စိတ်ထဲ အလျင်အမြန်တွက်ချက်လိုက်သည်။

ဒါက သူ့ခန္ဓာကိုယ်ကြောင့်ပဲ ဖြစ်ရမယ်။ စည်းမျဉ်းစွမ်းအားကို ခံနိုင်ရည်ရှိဖို့ လေ့ကျင့်တာက ကြာတယ်။ အဲဒီလိုဆိုတော့ ငါလည်း လူသားအဆင့်ကို မြန်မြန်ဖြတ်ကျော်လိုက်သင့်လား။ အာ မဖြစ်သေးဘူး။ ငါ ခိုင်မာတဲ့ အုတ်မြစ် ရဖို့ လိုတယ်

ငါတို့အားလုံးရဲ့ ဦးတည်ချက်က မဟာဧကရာဇ် ဖြစ်လာဖို့ပဲ။ ကောင်းကင်အလိုဆန္ဒ မရှိဘူးဆိုရင် ငါတို့ရောက်နိုင်တဲ့ အမြင့်ဆုံး ကျင့်ကြံဆင့်က ဧကရာဇ်တစ်ပိုင်းအဆင့်ပဲ။ အဲဒါကြောင့် ဘယ်သူအရင်ရောက်ရောက် ကိစ္စမရှိဘူး။

လင်းဖန်က အသက်ပြင်းပြင်းရှူကာ သူ့အတွေးများကို ချိုးနှိမ်လိုက်သည်။

ကျောင်းတော်ပြောစကားအရတော့ ဝမ်ဝေ့က အရာအားလုံးကို ရည်ရွယ်ချက်နဲ့ လုပ်တတ်တဲ့သူတဲ့။ ငါ့ကို ရုတ်တရက်ကြီး ထပြီး စိန်ခေါ်တာ အကြောင်းအရင်းတော့ ရှိရမယ်။ ဒီအကြောင်းအရင်းကို သူ့အင်အားကို စမ်းကြည့်ရင်း ငါ ရှာကြည့်ရမယ်။

ထိုစဉ်ဝမ်ဝေ့က တစ်ဖက်လူကို စစ်ဆေးကာ ယခင်က မမြင်ဖူးသည့် တည်ငြိမ်မှုနှင့် ယုံကြည်ချက်ရှိမှုမျိုးကို မြင်လိုက်ရသည်။

"မင်းက အနိုင်ရနိုင်ချေ မရှိဘဲနဲ့ ငါ့ စိန်ခေါ်မှုကို လက်ခံလိုက်တာ အံ့ဩမိသားပဲ။ မင်းက ငါ့စိန်ခေါ်မှုကို နောက်ဆယ်နှစ်နေမှ လက်ခံမယ်လို့ ပြောမယ် ထင်နေတာ"

" သေခြင်းရှင်ခြင်း အခြေအနေတွေအပြီးမှာ မင်း အင်အားက တော်တော် တိုးတက်လာလောက်ပြီ။ အဲဒီအခါ မင်းက ငါ့ကို အနိုင်ယူပြီး မင်း ပျောက်ဆုံးသွားတဲ့ ဂုဏ်ကျက်သရေကို ပြန်ယူမှာ"

" ခဏ" ဝမ်ဝေ့က မေးထောက်ကာ စဉ်းစားဟန်ပြုလိုက်သည်။ ထို့နောက် သူက မရှိသည့် မုတ်ဆိတ်မွေးအား သပ်လိုက်၏။

" ငါ စိတ်ရှုပ်ထွေးမိသွားသလိုပဲ။ ဗီလိန်တွေက ဇာတ်လိုက်ကို အနိုင်ယူပြီးတော့ ခွေးတစ်ကောင်လို ရိုက်နှက်ပြီးတော့မှ ဖြစ်လာတာလေ။ အဲဒါဆိုတော့ တိုက်ပွဲပြီးမှ ပြောသင့်တာပေါ့" ဝမ်ဝေ့က တစ်ခုခု သတိပြုမိသွားဟန်ပေါ်သည်။

" ငါက ဒီဇာတ်ကြောင်းမှာ ဘာလို့ ဗီလိန် ဖြစ်ရမှာလဲ။ တကယ်လို့ ဇာတ်လိုက်သာ ရှိမယ်ဆိုရင် ဒါ ငါပဲ ဖြစ်သင့်တယ်။ လင်းဖန်ကတော့ သူက ငါ ဘယ်လောက်တော်ကြောင်း ပြသဖို့အတွက် အသေးစားဗီလိန်လေးပေါ့"

ထိုစဉ် ထိုတိုက်ပွဲကို ကြည့်နေသူ တော်တော်များများအား ဆွံ့အသွားကြသည်။ အထူးသဖြင့် လင်းဖန် ဖြစ်သည်။ သူသာ ထိုတိုက်ပွဲကို ရှုံးသွားပါက ထိုသို့ ပြောမိလောက်လေသည်။

လင်းဖန်က အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် စိတ်တည်ငြိမ်အောင် ထိန်းကာ " မင်းက တိုက်ပွဲမတိုင်ခင် ငါ့ကို ရန်လာစနေတာလား။ မင်းအချိန်ကို မဖြုန်းနဲ့။ ငါ အရင်အမှားကနေ သင်ယူပြီးသား"

" အဲလိုလား" ဝမ်ဝေ့က ပြန်ဖြေလိုက်သည် " ဒါပေမဲ့ မင်း ဒီနေ့ ဆိုးဆိုးရွားရွား ရှုံးမယ်ဆိုတဲ့ အချက်က မပြောင်းလဲသေးဘူး"

" တိုက်ပွဲက ဘယ်လိုမဆို ပြောင်းလဲသွားနိုင်တယ်။ မင်း ဘယ်သူက အနိုင်ရရှိမယ်လို့ ရာနှုန်းပြည့် အာမခံချက် မရှိဘူး။ ပြီးတော့ ငါ ရှုံးတော့လည်း ဘာဖြစ်တုန်း။ ကျီစုန့် ပြောသလိုမျိုးပဲ။ ကျရှုံးမှုတစ်ခုက ငါတို့အတွက် ဘာမှမဟုတ်ဘူး။ ငါတို့အတွက် အရေးကြီးတာက နောက်ဆုံးမှာ ပလ္လင်ပေါ်မှာ ဘယ်သူထိုင်ရမှာလဲဆိုတာပဲ"

" ဟား...ဟား...ဟား..."

ဝမ်ဝေ့က အားရပါးရ ရယ်မောလိုက်သည် " မင်းပြောတာမှန်တယ်။ ငါ ဒီတွေ့ဆုံမှုအပြီးမှာ မင်းအပေါ် အမြင်တွေ တိုးတက်လာပြီ။ ဘာပဲဖြစ်ဖြစ် သောက်ကလေးစုတ် အရိုက်လာခံလှည့်ချေ"

ထိုစဉ် ယန်းချန်က ထိုအရာကို ကြားပြီး တိတ်တဆိတ်သာ ခေါင်းခါလိုက်သည်။ သူ့သခင်ငယ်လေးက အုပ်ချုပ်သူတစ်ယောက်လိုမျိုး ခမ်းနားမြင့်မြတ်နိုင်သလို အာဏာရှင် တစ်ယောက်လိုမျိုးလည်း လွှမ်းမိုးမှုအားကြီးပြီး ပညာရှင် တစ်ယောက်လိုမျိုးလည်း စကားကောင်းကောင်းပြောတတ်ကာ လမ်းဘေးမှ လူရမ်းကားလိုမျိုးလည်း ရိုင်းရိုင်းပျပျ ပြောတတ်ပေသည်။

သူ့အကျင့်စရိုက်က သူ့ရဲ့ အနှောင်အဖွဲ့ကင်း လွတ်လပ်လိုတဲ့ လမ်းစဉ်နဲ့ ကိုက်ညီနေတာပဲ။ တကယ်လို့ သူသာ အလိုရှိရင် အဲဒီအရာတွေအားလုံးလည်း ဖြစ်နိုင်သလို ဘာမှမဖြစ်ဘဲနဲ့လည်း နေနိုင်တယ်...

***********


ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၂၁)

မူရင္းေရးသားသူ - lazySageDao

ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)

အခန္း (၂၈၂) : ေျမကမာၻအဆင့္

ဝမ္ေဝ့က သီးသန႔္ေလ့က်င့္ရာမွ ထြက္လာေသာ္လည္း လင္းဖန္ႏွင့္ တိုက္ခိုက္ဖို႔အတြက္ ျပန္လည္တံခါးပိတ္ က်င့္ႀကံေရး ဝင္သြားခဲ့သည္။ သူက အႏိုင္ရမည္ဟု ယုံၾကည္ခ်က္ရွိေသာ္လည္း ကိစၥမ်ားကို အေလးအနက္ဆုံးျဖတ္ဖို႔ လိုအပ္ေသးသည္။ ျခေသၤ့တစ္ေကာင္က ယုန္တစ္ေကာင္ကို အမဲလိုက္ရာတြင္ပင္ အားမာန္အျပည့္ ထုတ္သုံးသင့္သည္ မဟုတ္ပါေလာ။

ဝမ္ေဝ့က တင္ပ်ဥ္ေခြ ထိုင္လိုက္ၿပီးေနာက္ သူ႔ခႏၶာကိုယ္ႏွင့္ က်င့္ႀကံဆင့္ကို စတင္စစ္ေဆးလိုက္သည္။ ေရွးေဟာင္းခႏၶာကိုယ္ သန႔္စင္က်မ္းက သူ႔ခႏၶာကိုယ္အား ေလ့က်င့္ေပးထားေသာေၾကာင့္ အံ့ဖြယ္ခႏၶာကိုယ္ နယ္ပယ္၏ လူသားအဆင့္က သူ႔အတြက္ အဓိပၸာယ္ သိပ္မရွိေပ။ မည္သို႔ပင္ဆိုေစကာမူ ထိုက်မ္းတြင္ သူ႔က်င့္ႀကံဆင့္ေပၚ အခြင့္ေကာင္းယူ၍ သူ႔ခႏၶာကိုယ္ကို ဆက္လက္ေလ့က်င့္ရမည့္ အေၾကာင္းကို ရွင္းျပထားသည္။

ထိုသေဘာတရားမ်ားအရ လူသားခႏၶာကိုယ္တြင္ က်န႔္အဂၤါရပ္ငါးခုႏွင့္ ဖူအဂၤါရပ္ ေျခာက္ခုတို႔ ပါဝင္ၿပီး တစ္ခုႏွင့္တစ္ခု ဆက္သြယ္ထားေလသည္။ က်န႔္အဂၤါရပ္ငါးခုမွာ ႏွလုံး၊ အဆုတ္၊ ေက်ာက္ကပ္၊ အသည္းႏွင့္ သရက္႐ြက္တို႔ ျဖစ္ၾကသည္။

ဖူအဂၤါရပ္ ၆ခုမွာ အူသိမ္၊ အူမႀကီး၊ ဆီးအိတ္၊ အစာအိမ္၊ သည္းေျခအိတ္ႏွင့္ စန္းေက်ာင္းလည္း ပါဝင္သည္။

စန္းေက်ာင္း - အေပၚပိုင္း၊ အလယ္ပိုင္းႏွင့္ ေအာက္ပိုင္းမ်ားရွိ အဂၤါရပ္အားလုံး၏ လုပ္ေဆာင္ခ်က္မ်ားႏွင့္ ဆက္စက္ေနေသာ ယန္အဂၤါရပ္ကို ဆိုလိုသည္။

ထို႔အျပင္ ထိုအဂၤါရပ္မ်ားက ယင္ႏွင့္ယန္၊ ဓာတ္ငါးပါးညီမွ်မႈ သေဘာတရားကို လိုက္နာၾက၏။ က်န႔္အဂၤါရပ္မ်ားက သဘာဝအားျဖင့္ ယင္ဓာတ္ ရွိၿပီး ဖူအဂၤါရပ္မ်ားက သဘာဝအားျဖင့္ ယန္ဓာတ္ ရွိေလသည္။

ႏွလုံးသား (မီးဓာတ္)က အူသိမ္ႏွင့္ ဆက္ႏြယ္ထားၿပီး၊ အဆုတ္ (သတၱဳ)က အူမႀကီးႏွင့္ ဆက္သြယ္ထားသည္။ အသည္း ( သစ္သားဓာတ္)က သည္းေျခအိတ္ႏွင့္ ဆက္ႏြယ္ထားၿပီး သရက္႐ြက္ (ေျမဓာတ္)က အစာအိမ္ႏွင့္ ဆက္ႏြယ္ထားကာ ေက်ာက္ကပ္ (ေရဓာတ္)က ဆီးအိတ္ႏွင့္ ဆက္ႏြယ္ထားေလသည္။

ေရွးေဟာင္းခႏၶာသန႔္စင္က်မ္းအရ ဝမ္ေဝ့က သူ႔က်န႔္အဂၤါရပ္အားလုံးကို ၿပီးျပည့္စုံေအာင္ ေလ့က်င့္ထားႏိုင္လွ်င္ ထိုအဂၤါရပ္ရွိ စြမ္းအားမ်ားက ဖူအဂၤါရပ္မ်ားကို အားေကာင္းလာေစလိမ့္မည္ ျဖစ္သည္။ သို႔ေသာ္လည္း အတိတ္တုန္းက ထိုက်မ္းကို ေလ့က်င့္ၾကသည့္ လူမ်ားစြာက အံ့ဖြယ္ခႏၶာကိုယ္အဆင့္ကို အသုံးခ်ကာ ဖူအဂၤါရပ္မ်ားကို ေလ့က်င့္ေပးခဲ့ၾကသည္။ ထို႔ေၾကာင့္ ခႏၶာကိုယ္ခြန္အားကို ပို၍ ေကာင္းမြန္လာေစကာ ၿပီးျပည့္စုံေသာအေျခအေနသို႔ တိုးျမႇင့္ေပးႏိုင္သည္။

ထို႔ေၾကာင့္ ဝမ္ေဝ့က သူ႔တာအိုသက္ေသျပပစၥည္းကို ျပဳျပင္မြမ္းမံျခင္း လုပ္ခဲ့ျခင္း ျဖစ္၏။ ယခုသူက သူ႔လုပ္ငန္းတာဝန္ ေအာင္ျမင္သြားၿပီျဖစ္ရာ အံ့ဖြယ္ခႏၶာကိုယ္ နယ္ပယ္၏ ေျမကမာၻအဆင့္သို႔ တက္လွမ္းႏိုင္ၿပီ ျဖစ္၏။

ထိုအဆင့္တြင္ က်င့္ႀကံသူမ်ားက သူတို႔၏ ကံၾကမၼာေကာင္း မီးေတာက္ျဖင့္ မ်က္လုံး၊ ႏွာေခါင္း၊ နား၊ လွ်ာ၊ လိင္ႏွင့္ စအို ျဖစ္သည့္ ဒြါရကိုးေပါက္ကို ဖြင့္ႏိုင္လိမ့္မည္။ ထိုဒြါရကိုးေပါက္က ထိုခႏၶာကိုယ္အစိတ္အပိုင္းမ်ားကို ရည္ၫႊန္းျခင္း မဟုတ္ဘဲ ထိုခႏၶာကိုယ္အစိတ္အပိုင္းတြင္ တည္ရွိသည့္ လွ်ိဳ႕ဝွက္ဂိတ္တံခါးမ်ားကို ေျပာျခင္းျဖစ္၏။ ထိုဂိတ္တံခါးမ်ားက လူသားခႏၶာကိုယ္၏ အတားအဆီးႏွင့္ တူေလသည္။

 ထိုအရာမ်ားကို ဖြင့္လွစ္ျခင္းျဖင့္ လူသားမ်ားက သူတို႔၏ အလားအလာကို အဆင့္ျမင့္ သက္ရွိပုံစံအျဖစ္သို႔ ေျပာင္းလဲႏိုင္သည့္ အလားအလာကို ျဖည္းျဖည္းခ်င္း ျမႇင့္တင္ေပးႏိုင္သည္။

ထို႔အျပင္ ထိုဂိတ္တံခါးမ်ားကို ဖြင့္လွစ္ျခင္း ျဖစ္စဥ္က စိတ္ဝိညာဥ္ကို သန႔္စင္သည့္ နည္းလမ္းတစ္ခု ျဖစ္ၿပီး ကမာၻႏွင့္ တစ္သားတည္း ျဖစ္ေစသည္။

ဝမ္ေဝ့က မ်က္လုံးမွိတ္လိုက္ၿပီးေနာက္ သူ႔ခႏၶာကိုယ္အတြင္းရွိ တံခါးခ်ပ္ကို ရွာေဖြေတြ႕ရွိသြားေလသည္။ ဝမ္ေဝ့က ဒြါရကိုးေပါက္အတြင္း တည္ရွိေနသည့္ တံခါးကိုးခ်ပ္ကို ရွာေဖြေတြ႕ရွိသြားသည္။ သို႔ေသာ္လည္း သူ႔ဂိတ္တံခါးတစ္ခုက တျခားဂိတ္တံခါးမ်ားထက္ အားနည္းေနသည္ကို ေတြ႕လိုက္ရၿပီး သူက အေၾကာင္းအရင္းကို တန္းသိလိုက္သည္။

ဒြါရကိုးေပါက္က က်န႔္အဂၤါရပ္မ်ားျဖင့္ ဆက္ႏြယ္ထားေလသည္။ လူသားအဆင့္တြင္ သူတို႔ကို ေကာင္းေကာင္း ေလ့က်င့္ထားျခင္း မရွိဘဲ က်င့္ႀကံသူမ်ားက ေျမကမာၻအဆင့္ရွိ ဒြါရကိုးေပါက္ကို ဖြင့္ႏိုင္မည္ မဟုတ္ေပ။

သူ႔အတြက္မူ သူ႔အဂၤါရပ္မ်ားက လိုအပ္သည္ထက္ ေက်ာ္လြန္၍ ေလ့က်င့္ထားၿပီးသား ျဖစ္၏။ မည္သို႔ပင္ဆိုေစကာမူ သူ႔ႏွလုံးသားက လိုအပ္သည့္ပစၥည္းကို စုပ္ယူႏိုင္ျခင္း မရွိေသးသည့္အတြက္ တျခားအဂၤါရပ္မ်ားႏွင့္ အင္အားျခင္း မညီမွ်ေပ။ ထို႔ေၾကာင့္ ထိုအရာႏွင့္ ဆက္ႏြယ္ထားသည့္ ဂိတ္တံခါးက တျခားအရာမ်ားႏွင့္ ယွဥ္လိုက္လွ်င္ အားနည္းေနျခင္း ျဖစ္၏။

ထို႔ေၾကာင့္ သူက ထိုတစ္ခုကို လ်စ္လ်ဴရႈထားၿပီး တျခားအရာမ်ားအေပၚ အာ႐ုံစိုက္ထားလိုက္သည္။ သူ႔ ဗဟုသုတမ်ားအရ ထိုဒြါရကိုးေပါက္ကို မိုးေျမၾကားရွိ စိတ္ဝိညာဥ္ခ်ီႏွင့္ ဖြင့္ႏိုင္ေသာ္လည္း ကံၾကမၼာေကာင္းမီးေတာက္ကို အသုံးျပဳသည္က ပို၍ေကာင္းေပသည္။

ဝမ္ေဝ့က နား၊ လိင္ႏွင့္ စအို ဒြါရေပါက္မ်ားရွိ ဂိတ္တံခါးမ်ားကို စတင္ဖြင့္လွစ္လိုက္သည္။ အေၾကာင္းအရင္းက ထိုဒြါရေပါက္မ်ားက ေက်ာက္ကပ္ႏွင့္ ဆက္ႏြယ္ေနေသာေၾကာင့္ အခ်ိန္တိုအတြင္း ဖြင့္လွစ္ဖို႔ အျဖစ္ႏိုင္ဆုံး ျဖစ္သည္။

နားကို ဖြင့္လွစ္ၿပီးသည့္ေနာက္တြင္ ဝမ္ေဝ့၏ ခႏၶာကိုယ္တစ္ခုလုံးကို ထူးျခားစြမ္းအား တစ္ခုက ေဆးေၾကာသန႔္စင္သြားေလသည္။

ျဖစ္စဥ္က ခဏမွ်ၾကာ ၾကာရွိလိုက္ေသာ္လည္း ခ်က္ခ်င္းဆိုသလို ဝမ္ေဝ့က ကီလိုမီတာ အကြာအေဝးရွိ အရာမ်ားကို စတင္ၾကားလာသည္။ သူ႔အေနႏွင့္ ထိုစြမ္းရည္ကို ထိန္းခ်ဳပ္ဖို႔ ခဏမွ်သာ ၾကာျမင့္လိုက္သည္။

သူ႔လိင္ဒြါရကို ဖြင့္လွစ္ၿပီးသည့္ေနာက္တြင္ သူ႔ကမာၻဦး ယန္စြမ္းအားက သိသိသာသာ တိုးျမင့္လာေသာေၾကာင့္ သူ႔ ေသြးစြမ္းအားကိုပင္ ျမင့္တက္လာေစသည္။ ထို႔ေၾကာင့္ အျပန္အလွန္အားျဖင့္ သူ႔ခႏၶာကိုယ္စြမ္းအားကိုလည္း ျမင့္တက္လာေစသည္။

သူ႔စိတ္ထဲ တစ္ခုတည္း က်န္ရွိသည့္အရာမွာ ....

ငါ ေနာက္ဆုံးေတာ့ ငါ့ဇနီးေလးနဲ႔ အမွီလိုက္ႏိုင္ၿပီ။ အို... အားေကာင္းတဲ့ မိန္းကေလးရွိရတာ ဘယ္ေလာက္ေတာင္ ခက္ခဲလိုက္သလဲ...

ေနာက္ဆုံးတြင္ ဝမ္ေဝ့က သူ႔စအို ဒြါရကို ဖြင့္လွစ္လိုက္သည္။ ယခုတြင္ ဝမ္ေဝ့က မစင္စြန႔္ဖို႔ မလိုေတာ့ေပ။ ဤသို႔ေသာအရာက သူ႔အတြက္ နဂိုကတည္းက သက္ေရာက္မႈ မရွိခဲ့သည့္အေၾကာင္းမွာ သူ႔အစာအိမ္က သူ စုပ္ယူလိုက္သမွ် အာဟာရအားလုံးကို ေခ်ဖ်က္ႏိုင္သည့္ အခ်က္ေၾကာင့္ ျဖစ္သည္။ ယခုတြင္ သူက သဘာဝစြမ္းရည္ ရရွိသြားသလိုျဖစ္ကာ ေရအိမ္သြားဖို႔ မလိုေတာ့ေပ။

ဝမ္ေဝ့က ၿပီးဆုံးသြားၿပီးသည့္ေနာက္တြင္ တစ္လၾကာကုန္ဆုံးသြားေၾကာင္း သိကာ လင္းဖန္ႏွင့္ ခ်ိန္းဆိုထားသည့္ တိုက္ပြဲအခ်ိန္အခါသို႔ ေရာက္ရွိလာေလၿပီ။ သူက သူ႔ခႏၶာကိုယ္ရွိ အေျပာင္းအလဲမ်ားကိုၾကည့္ကာ ေရ႐ြတ္မိလိုက္သည္ " မဆိုးဘူးပဲ"

သူ ထိုဒြါရမ်ားကို ဖြင့္လွစ္သည့္ အျမန္ႏႈန္းက မၾကားစဖူး ျဖစ္၏။ ဤသည္က ရာစုႏွစ္ မဟုတ္လွ်င္ပင္ ဆယ္စုႏွစ္ေတာ့ ၾကာျမင့္တတ္သည္။ သူ႔အေနႏွင့္ တစ္လတည္းျဖင့္ ဒြါရသုံးခု ဖြင့္လွစ္ႏိုင္သည့္ တစ္ခုတည္းေသာ အေၾကာင္းအရင္းမွာ သူ႔ခႏၶာကိုယ္က မည္မွ်အားေကာင္းေနၿပီး ႀကိဳတင္ျပင္ဆင္ထား၍ ျဖစ္သည္။

အနာဂတ္တြင္ ျဖစ္စဥ္က ထိုမွ်လြယ္ကူေနမည္ မဟုတ္ေပ။ သူက သူ႔႐ြယ္တူမ်ားထက္ ျမန္ဆန္ေနမည္ ျဖစ္ေသာ္လည္း အျမန္ဆန္ႀကီးေတာ့ မဟုတ္ေသးေပ။

ဝမ္ေဝ့က သူ သီးသန႔္က်င့္ႀကံသည့္ေနရာမွ ထြက္လာၿပီးသည့္ေနာက္တြင္ တိုက္ခိုက္ေရး ကြင္းျပင္ဆီ ဦးတည္လိုက္သည္။ ကာကြယ္ေရးအေၾကာင္းအရင္းမ်ားအတြက္ ထိုတိုက္ပြဲကို ႏွစ္ဖက္လုံးမွ ပိုင္ဆိုင္သည့္ ပိုင္နက္အတြင္း က်င္းပထားျခင္းမ်ိဳး မရွိေပ။

..................

လင္းဖန္က မ်က္ႏွာခ်င္းဆိုင္တြင္ ရပ္ေနသည့္ ဝမ္ေဝ့အား ၾကည့္ကာ အေလးအနက္ မ်က္ႏွာထား ျဖစ္သြားသည္။

ခဏေနပါဦး။ သူ႔အရွိန္အဝါက အံ့ဖြယ္ခႏၶာကိုယ္နယ္ပယ္ရဲ႕ ေျမကမာၻအဆင့္ပဲ။ ငါက လူသားအဆင့္ရဲ႕ အေရျပားကိုပဲ ေလ့က်င့္ၿပီးေသးတာေလ။ သူက ဘယ္လိုလုပ္ ေျမကမာၻအဆင့္ ေရာက္ေနရတာလဲ...

သူ႔စိတ္ထဲ အလ်င္အျမန္တြက္ခ်က္လိုက္သည္။

ဒါက သူ႔ခႏၶာကိုယ္ေၾကာင့္ပဲ ျဖစ္ရမယ္။ စည္းမ်ဥ္းစြမ္းအားကို ခံႏိုင္ရည္ရွိဖို႔ ေလ့က်င့္တာက ၾကာတယ္။ အဲဒီလိုဆိုေတာ့ ငါလည္း လူသားအဆင့္ကို ျမန္ျမန္ျဖတ္ေက်ာ္လိုက္သင့္လား။ အာ မျဖစ္ေသးဘူး။ ငါ ခိုင္မာတဲ့ အုတ္ျမစ္ ရဖို႔ လိုတယ္

ငါတို႔အားလုံးရဲ႕ ဦးတည္ခ်က္က မဟာဧကရာဇ္ ျဖစ္လာဖို႔ပဲ။ ေကာင္းကင္အလိုဆႏၵ မရွိဘူးဆိုရင္ ငါတို႔ေရာက္ႏိုင္တဲ့ အျမင့္ဆုံး က်င့္ႀကံဆင့္က ဧကရာဇ္တစ္ပိုင္းအဆင့္ပဲ။ အဲဒါေၾကာင့္ ဘယ္သူအရင္ေရာက္ေရာက္ ကိစၥမရွိဘူး။

လင္းဖန္က အသက္ျပင္းျပင္းရႉကာ သူ႔အေတြးမ်ားကို ခ်ိဳးႏွိမ္လိုက္သည္။

ေက်ာင္းေတာ္ေျပာစကားအရေတာ့ ဝမ္ေဝ့က အရာအားလုံးကို ရည္႐ြယ္ခ်က္နဲ႔ လုပ္တတ္တဲ့သူတဲ့။ ငါ့ကို ႐ုတ္တရက္ႀကီး ထၿပီး စိန္ေခၚတာ အေၾကာင္းအရင္းေတာ့ ရွိရမယ္။ ဒီအေၾကာင္းအရင္းကို သူ႔အင္အားကို စမ္းၾကည့္ရင္း ငါ ရွာၾကည့္ရမယ္။

ထိုစဥ္ဝမ္ေဝ့က တစ္ဖက္လူကို စစ္ေဆးကာ ယခင္က မျမင္ဖူးသည့္ တည္ၿငိမ္မႈႏွင့္ ယုံၾကည္ခ်က္ရွိမႈမ်ိဳးကို ျမင္လိုက္ရသည္။

"မင္းက အႏိုင္ရႏိုင္ေခ် မရွိဘဲနဲ႔ ငါ့ စိန္ေခၚမႈကို လက္ခံလိုက္တာ အံ့ဩမိသားပဲ။ မင္းက ငါ့စိန္ေခၚမႈကို ေနာက္ဆယ္ႏွစ္ေနမွ လက္ခံမယ္လို႔ ေျပာမယ္ ထင္ေနတာ"

" ေသျခင္းရွင္ျခင္း အေျခအေနေတြအၿပီးမွာ မင္း အင္အားက ေတာ္ေတာ္ တိုးတက္လာေလာက္ၿပီ။ အဲဒီအခါ မင္းက ငါ့ကို အႏိုင္ယူၿပီး မင္း ေပ်ာက္ဆုံးသြားတဲ့ ဂုဏ္က်က္သေရကို ျပန္ယူမွာ"

" ခဏ" ဝမ္ေဝ့က ေမးေထာက္ကာ စဥ္းစားဟန္ျပဳလိုက္သည္။ ထို႔ေနာက္ သူက မရွိသည့္ မုတ္ဆိတ္ေမြးအား သပ္လိုက္၏။

" ငါ စိတ္ရႈပ္ေထြးမိသြားသလိုပဲ။ ဗီလိန္ေတြက ဇာတ္လိုက္ကို အႏိုင္ယူၿပီးေတာ့ ေခြးတစ္ေကာင္လို ႐ိုက္ႏွက္ၿပီးေတာ့မွ ျဖစ္လာတာေလ။ အဲဒါဆိုေတာ့ တိုက္ပြဲၿပီးမွ ေျပာသင့္တာေပါ့" ဝမ္ေဝ့က တစ္ခုခု သတိျပဳမိသြားဟန္ေပၚသည္။

 " ငါက ဒီဇာတ္ေၾကာင္းမွာ ဘာလို႔ ဗီလိန္ ျဖစ္ရမွာလဲ။ တကယ္လို႔ ဇာတ္လိုက္သာ ရွိမယ္ဆိုရင္ ဒါ ငါပဲ ျဖစ္သင့္တယ္။ လင္းဖန္ကေတာ့ သူက ငါ ဘယ္ေလာက္ေတာ္ေၾကာင္း ျပသဖို႔အတြက္ အေသးစားဗီလိန္ေလးေပါ့"

ထိုစဥ္ ထိုတိုက္ပြဲကို ၾကည့္ေနသူ ေတာ္ေတာ္မ်ားမ်ားအား ဆြံ႕အသြားၾကသည္။ အထူးသျဖင့္ လင္းဖန္ ျဖစ္သည္။ သူသာ ထိုတိုက္ပြဲကို ရႈံးသြားပါက ထိုသို႔ ေျပာမိေလာက္ေလသည္။

လင္းဖန္က အသက္ျပင္းျပင္း ရႉလိုက္ၿပီးေနာက္ စိတ္တည္ၿငိမ္ေအာင္ ထိန္းကာ " မင္းက တိုက္ပြဲမတိုင္ခင္ ငါ့ကို ရန္လာစေနတာလား။ မင္းအခ်ိန္ကို မျဖဳန္းနဲ႔။ ငါ အရင္အမွားကေန သင္ယူၿပီးသား"

" အဲလိုလား" ဝမ္ေဝ့က ျပန္ေျဖလိုက္သည္ " ဒါေပမဲ့ မင္း ဒီေန႔ ဆိုးဆိုး႐ြား႐ြား ရႈံးမယ္ဆိုတဲ့ အခ်က္က မေျပာင္းလဲေသးဘူး"

" တိုက္ပြဲက ဘယ္လိုမဆို ေျပာင္းလဲသြားႏိုင္တယ္။ မင္း ဘယ္သူက အႏိုင္ရရွိမယ္လို႔ ရာႏႈန္းျပည့္ အာမခံခ်က္ မရွိဘူး။ ၿပီးေတာ့ ငါ ရႈံးေတာ့လည္း ဘာျဖစ္တုန္း။ က်ီစုန႔္ ေျပာသလိုမ်ိဳးပဲ။ က်ရႈံးမႈတစ္ခုက ငါတို႔အတြက္ ဘာမွမဟုတ္ဘူး။ ငါတို႔အတြက္ အေရးႀကီးတာက ေနာက္ဆုံးမွာ ပလႅင္ေပၚမွာ ဘယ္သူထိုင္ရမွာလဲဆိုတာပဲ"

" ဟား...ဟား...ဟား..."

ဝမ္ေဝ့က အားရပါးရ ရယ္ေမာလိုက္သည္ " မင္းေျပာတာမွန္တယ္။ ငါ ဒီေတြ႕ဆုံမႈအၿပီးမွာ မင္းအေပၚ အျမင္ေတြ တိုးတက္လာၿပီ။ ဘာပဲျဖစ္ျဖစ္ ေသာက္ကေလးစုတ္ အ႐ိုက္လာခံလွည့္ေခ်"

ထိုစဥ္ ယန္းခ်န္က ထိုအရာကို ၾကားၿပီး တိတ္တဆိတ္သာ ေခါင္းခါလိုက္သည္။ သူ႔သခင္ငယ္ေလးက အုပ္ခ်ဳပ္သူတစ္ေယာက္လိုမ်ိဳး ခမ္းနားျမင့္ျမတ္ႏိုင္သလို အာဏာရွင္ တစ္ေယာက္လိုမ်ိဳးလည္း လႊမ္းမိုးမႈအားႀကီးၿပီး ပညာရွင္ တစ္ေယာက္လိုမ်ိဳးလည္း စကားေကာင္းေကာင္းေျပာတတ္ကာ လမ္းေဘးမွ လူရမ္းကားလိုမ်ိဳးလည္း ႐ိုင္း႐ိုင္းပ်ပ် ေျပာတတ္ေပသည္။

သူ႔အက်င့္စ႐ိုက္က သူ႔ရဲ႕ အေႏွာင္အဖြဲ႕ကင္း လြတ္လပ္လိုတဲ့ လမ္းစဥ္နဲ႔ ကိုက္ညီေနတာပဲ။ တကယ္လို႔ သူသာ အလိုရွိရင္ အဲဒီအရာေတြအားလုံးလည္း ျဖစ္ႏိုင္သလို ဘာမွမျဖစ္ဘဲနဲ႔လည္း ေနႏိုင္တယ္...

Continue Reading

You'll Also Like

40.8K 1.1K 42
Westeros is a land where intrigue, conspiracy and gold rule. A land where everyone has to look twice to avoid being stabbed in the back. A land that...
95.3K 1.5K 76
A Tale of five siblings known as 'The Krew' and they had an pretty ordinary life with their three awesome uncles. They love helping their Uncle Pigsy...
60.4K 2.6K 52
Liz is an unclaimed kid with no family and no idea of who she is. Her only home is Camp Half-Blood When Camp is at risk of being in the middle of a w...
88.3K 3.1K 53
On October 31 1981 the Potter family's lives were forever changed. Harry James Potter became the boy-who-lived, but that was not the only thing to h...