ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏...

By kilulayuu121

32.7K 3.2K 487

sequel of book 1 More

အခန်း(201)
အခန်း(202)
အခန်း(203)
အခန်း(204)
အခန်း(205)
အခန်း(206)
အခန်း(207)
အခန်း(208)
အခန်း(209.1)
အခန်း(209.2)
အခန်း(209)
အခန်း(210)
အခန်း(211)
အခန်း(212)
အခန်း(213)
အခန်း(214)
အခန်း(215)
အခန်း(216)
အခန်း(217)
အခန်း(218)
အခန်း(219)
အခန်း(219)
အခန်း(220)
အခန်း(221)
အခန်း(222)
အခန်း(223)
အခန်း(224)
အခန်း(225)
အခန်း(226)
အခန်း(၂၂၇)
အခန်း(228)
အခန်း(229)
အခန်း(230)
အခန်း(231)
အခန်း(232)
အခန်း(233)
အခန်း(234)
အခန်း(235)
အခန်း(236)
အခန်း(237)
အခန်း(238)
အခန်း(239)
အခန်း(240)
အခန်း(241)
အခန်း(၂၄၂)
အခန်း(243)
အခန်း(244)
အခန်း(245)
အခန်း(246)
အခန်း(247)
အခန်း(248)
အခန်း(249)
အခန်း(250)
အခန်း(251)
အခန်း(252)
အခန်း(၂၅၄)
အခန်းူ(255)
အခန်း(256)
အခန်း(257)
အခန်း(258)
အခန်း(259)
အခန်း(260)
အခန်း(261)
အခန်း(262)
အခန်း(၂၆၃)
အခန်း(၂၆၄)
အခန်း(၂၆၅)
အခန်း(၂၆၆)
အခန်း(၂၆၇)
အခန်း(၂၆၈)
အခန်း(၂၆၉)
အခန်း(၂၇၀)
အခန်း(၂၇၁)
အခန်း(၂၇၂)
အခန်း(၂၇၃)
အခန်း(၂၇၄)
အခန်း(၂၇၅)
အခန်း(၂၇၆)
အခန်း(၂၇၇)
အခန်း(၂၇၈)
အခန်း(၂၇၉)
အခန်း(၂၈၀)
အခန်း(၂၈၁)
အခန်း(၂၈၂)
အခန်း(၂၈၃)
အခန်း(၂၈၄)
အခန်း(၂၈၅)
အခန်း(၂၈၆)
အခန်း(၂၈၇)
အခန်း(၂၈၈)
အခန်း(၂၈၉)
အခန်း(၂၉၀)
အခန်း(၂၉၁)
အခန်း(၂၉၂)
အခန်း(၂၉၃)
အခန်း(၂၉၄)
အခန်း(၂၉၅)
အခန်း(၂၉၆)
အခန်း(၂၉၇)
အခန်း(၂၉၈)
အခန်း(၂၉၉)
အခန်း(၃၀၀)
အခန်း(၃၀၁)
အခန်း(၃၀၂)
အခန်း(၃၀၃)
အခန်း(၃၀၄)
အခန်း(၃၀၅)
အခန်း(၃၀၆)
အခန်း(၃၀၇)
အခန်း(၃၀၈)
အခန်း(၃၀၉)
အခန်း(၃၁၀)
အခန်း(၃၁၁)
အခန်း(၃၁၂)
အခန်း(၃၁၃)
အခန်း(၃၁၄)
အခန်း(၃၁၅)
အခန်း(၃၁၆)
အခန်း(၃၁၇)
အခန်း(၃၁၈)
အခန်း(၃၁၉)
အခန်း(၃၂၀)
အခန်း(၃၂၁)
အခန်း(၃၂၂) Book 23 End
အခန်း(၃၂၃)
အခန်း(၃၂၄)
အခန်း(၃၂၅)
အခန်း(၃၂၆)
အခန်း(၃၂၇)
အခန်း(၃၂၈)
အခန်း(၃၂၉)
အခန်း(၃၃၀)
အခန်း(၃၃၁)
အခန်း(၃၃၂)
အခန်း(၃၃၃)
အခန်း(၃၃၄)
အခန်း(၃၃၅)
အခန်း(၃၃၆) End of book 24
အခန်း(၃၃၇)
အခန်း(၃၃၈)
အခန်း(၃၃၉)
အခန်း(၃၄၀)
အခန်း(၃၄၁)
အခန်း(၃၄၂)
အခန်း(၃၄၃)
အခန်း(၃၄၄)
အခန်း(၃၄၅)
အခန်း(၃၄၆)
အခန်း(၃၄၇)
အခန်း(၃၄၈)
အခန်း(၃၄၉)
အခန်း(၃၅၀)
အခန်း(၃၅၁)
အခန်း(၃၅၂)
အခန်း(၃၅၃)
အခန်း(၃၅၄)
အခန်း(၃၅၅)
အခန်း(၃၅၆)
အခန်း(၃၅၇)
အခန်း(၃၅၈)
အခန်း(၃၅၉)
အခန်း(၃၆၀)
အခန်း(၃၆၁)
အခန်း(၃၆၂)
အခန်း(၃၆၃)
အခန်း(၃၆၄)
အခန်း(၃၆၅)
အခန်း(၃၆၆)
အခန်း(၃၆၇)
အခန်း(၃၆၈)
အခန်း(၃၆၉)
အခန်း(၃၇၀)
အခန်း(၃၇၁)
အခန်း(၃၇၂)
အခန်း(၃၇၃)
အခန်း(၃၇၄)
အခန်း(၃၇၅)
အခန်း(၃၇၆)
အခန်း(၃၇၇)
အခန်း(၃၇၈) book 27 end
အခန်း(၃၇၉)
အခန်း(၃၈၀)
အခန်း(၃၈၁)
အခန်း(၃၈၂)
အခန်း(၃၈၃)
အခန်း(၃၈၄)
အခန်း(၃၈၅)
အခန်း(၃၈၆)
အခန်း(၃၈၇)
အခန်း(၃၈၈)
အခန်း(၃၈၉)
အခန်း(၃၉၀)
အခန်း(၃၉၁)
အခန်း(၃၉၂)
အခန်း(၃၉၃)
အခန်း(၃၉၄)
အခန်း(၃၉၅)
အခန်း(၃၉၆)
အခန်း(၃၉၇)

အခန်း(၂၅၃)

171 23 5
By kilulayuu121


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၉)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၅၃) : အကျိုးဆက်များ

ကျောင်းတော်၏ ချီကံကောင်းမှု သုံးပုံတစ်ပုံ ဖြတ်တောက်ခံလိုက်ရပြီးနောက် ချီကံကောင်းမှု နဂါးအသစ်က ဖြည်းဖြည်းချင်း ပုံပေါ်လာသည်။ သို့သော်လည်း ဤတစ်ခုက ယခင်နှင့် အရောင်မတူဘဲ လုံးဝကို အဖြူဆွတ်ဆွတ် ဖြစ်နေသည်။ ပုံသဏ္ဍာန် ဖြစ်တည်လာပြီးနောက် ချီကံကောင်းမှု နဂါးက ကမ္ဘာတစ်နှံ့ အလျှင်အမြန် သွားလာကာ သေမျိုးများ၏ ခန္ဓာကိုယ်မှ ထွက်လာသော အဖြူရောင်အလင်းအစုအဝေးများကို စုပ်ယူရင်း အရွယ်အစား ကြီးမားလာသည်။

"ဒါက စာသင်ကျောင်း သဘောတရားနဲ့ ဆက်စပ်နေတဲ့ ချီကံကောင်းမှု နဂါးလား" တာအိုအခွင့်အလမ်းဂိုဏ်း၏ အကြီးအကဲတစ်ယောက်က တအံ့တဩ ပြောလိုက်သည်။ အားလုံးက တအံ့တဩ ကြည့်ရှုနေကြသောကြောင့် မည်သူကမှ ပြန်မဖြေနိုင်ကြပေ။

အကြီးအကဲတစ်ယောက်က ရုတ်ချည်း ပြောလာသည် " ကျုပ်တို့ဂိုဏ်းမှာ ဒီလိုအောင်မြင်မှုမျိုး ရရှိဖူးတဲ့ တစ်ခုတည်းသော အချိန်က ကျုပ်တို့ဘိုးဘေး မူလလမ်းစဉ် စနစ်ကို ဖန်တီးလိုက်တုန်းက ဖြစ်မယ် တူတယ်"

လူအားလုံးက ထိုအရာသည် မှန်ကန်ကြောင်း သတိပြုမိသွားကြသည်။ လူတစ်ယောက်က စင်မြင့်ပေါ်တွင် ရပ်နေဆဲ ဖြစ်သည့် ဝမ်ဝေ့ထံ ချက်ချင်း ဦးညွှတ်လိုက်သည်။

"ဂိုဏ်းချုပ်ငယ်လေးက ကျုပ်တို့ဘိုးဘေးတွေရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ပြောင်မြောက်စေတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ဂိုဏ်းချုပ်ငယ်လေးကို ကျေးဇူးတင်ပါတယ်" နောက်တစ်ယောက်လည်း ထပ်ပြောလိုက်သည်။ ထို့နောက် အကြီးအကဲများစွာနှင့် မဟာအကြီးအကဲများပင် သူ့ထံ ဦးညွှတ်လိုက်ကြသည်။

ဝမ်ဝေ့က ထိုလက်ဆောင်၏ အမှန်တကယ့် အကြောင်းအရင်းကို မှန်းဆမိလေသည်။ နှစ်များစွာကြာသည့်တိုင် တာအိုအခွင့်အလမ်းဂိုဏ်းက ဘိုးဘေး ဖန်တီးထားသည့် မူလလမ်းစဉ် နည်းစနစ်၏ ချီကံကောင်းမှုအပေါ်သာ မှီခိုနေရသည် မဟုတ်ပါလော။ သို့သော်လည်း အချိန်ကြာလာသည့်အခါ တစ်ရက်ကျ ထိုအရာမှ ကောင်းချီပေးမခံရတော့မည်ကို လူအများက စိုးထိတ်နေခဲ့ကြသည်။

တကယ်တော့ လိုက်နာမည့် နောက်မျိုးဆက်များ ရှိနေသေးသည့်အတွက် ထိုအရာမှာ မလိုအပ်သည့် စိုးရိမ်မှုတစ်ခုသာ ဖြစ်လေသည်။ အစီအရင်ဘိုးဘေးများ၊ ဝင်္ကပါဘိုးဘေးများ အစရှိသဖြင့် ဘိုးဘေးများ တည်ထောင်ခဲ့သည့် ဂိုဏ်းများက ယနေ့အထိ ရှင်ကျန်နေကြသေးသော်လည်း အားလုံး မဟုတ်လျှင်ပင် အများစုက စတင်ကျဆင်းလာခြင်း သို့မဟုတ် ဖွံ့ဖြိုးမှု တုံ့နှေးလာခြင်း ရှိလာလျှင် ဒီကမ္ဘာထဲ ကျန်ရှိနေအောင် ရှည်ကြာခဲ့သည့် အမွေအနှစ်ကို ထုတ်သုံးနိုင်သေးသည်။

တာအိုအခွင့်အလမ်းဂိုဏ်းက ဧကရာဇ်ကိုးပါးအထိ မွေးထုတ်ပေးပြီးနောက် လူများစွာက ဂိုဏ်းကျဆင်းလာမှုကို စတင်သတိထားမိလာကြသည်။ သို့သော် ယခုတွင် ပြန်လည်ထမြောက်လာစေဖို့ မျှော်လင့်ချက်တို့ ရှိနေလေပြီ။

ဝမ်ဝေ့က ထိုလူများ၏ ဦးညွှတ်မှုကို လက်ခံလိုက်ရင်း ခေါင်းညိတ်လိုက်သည်။ သူက လူငယ်မျိုးဆက်လို ပြုမူမနေတော့ပေ။ ယခုအချိန်ကား နှိမ်ချနေရမည့် အချိန် မဟုတ်မှန်း သိထား၏။ တစ်ခါတစ်လေ ချီးကျူးခံဖို့ ထိုက်တန်နေသည်ကို နှိမ်ချလိုက်ခြင်းက ကြောင်သူတော်နှင့် တူသွားစေသည်။

ထို့ကြောင့် သူက ပြောလိုက်သည် " အားလုံး ထကြပါ။ ဒါက ကျွန်တော်တို့ တာအိုအခွင့်အလမ်းဂိုဏ်းအတွက် အစပဲ ရှိပါသေးတယ်။ တစ်ရက်ကျ ကျွန်တော်တို့တွေ စာသင်ကျောင်းတွေကို ဒီအသိုက်အဝန်းထဲအထိ ဖြန့်လာနိုင်လိမ့်မယ်။ ပြောရရင် အဆုံးမဲ့လေဟာနယ်ထဲက ကမ္ဘာတွေအားလုံးအထိပေါ့"

ထို့နောက် အကြီးအကဲများက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ခေါင်းမော့လာကြသည်။ သူတို့က ဧကရာဇ်ချီယွမ်၏ လမ်းစဉ်အတိုင်း အတွေးအခေါ်များ၊ သဘောတရားများကို အလွှာမြောက်များစွာအထိ ဖြန့်ဝေနိုင်ခြင်းက ဘယ်လိုမျိုးလဲဟု စိတ်ကူးကြည့်နေကြသည်။ ဤအရာက အမှန်တကယ်ကို ထူးကဲပြောင်မြောက်သည့် ခေတ်ကာလ ဖြစ်လာလိမ့်မည်။

ထိုစဉ် အဖြူဆွတ်ဆွတ် နဂါးက ကမ္ဘာအနှံ့ သွားလာပြီးနောက် အရွယ်အစား နှစ်ဆကြီးလာသည်။ အမှန်တော့ အရွယ်အစားသည် မဟာဧကရာဇ်တစ်ယောက်တည်းသာ ရှိထားသည့် သာမန်ဧကရာဇ်မျိုးနွယ်၏ ချီကံကောင်းမှု နဂါးနှင့် ယှဉ်လိုက်လျှင်ပင် အလွန်သေးနေသေးသည်။

အကြောင်းမှာ စာသင်ကျောင်းသဘောတရားက ဖန်တီးခါစ ဖြစ်ပြီး အကောင်အထည် မဖော်ရသေးပေ။ ထို့ကြောင့် ထိုစနစ်၏ အကျိုးမြတ်နှင့် အဆိုးဘက်များကို မသိရသေးပေ။

ထို့ကြောင့် အဖြူဆွတ်ဆွတ် နဂါးက အစပိုင်း ကြီးထွားလာပြီးနောက် အမြီးအပိုင်းမှ အစိတ်အပိုင်းလေး ပြတ်သွားကာ တာအိုအခွင့်အလမ်းဂိုဏ်းဆီ ဝင်ရောက်သွားပြီး နဂိုရှိပြီးသား ရောင်စုံ ချီကံကောင်းမှု နဂါးထံ ပေါင်းစပ်သွားသည်။ အမြီးအစိတ်အပိုင်း အသေးလေးအနေနှင့် ထိုအရာက နောက်ထပ် သေးငယ်သည့် အစိတ်အပိုင်းလေးများအဖြစ် ကွဲထွက်သွားကာ ဒီအစီအစဉ်ထဲ ပါဝင်ခဲ့ကြသည့် တခြားဧကရာဇ်မျိုးနွယ်များ၏ ချီကံကောင်းမှု နဂါးနှင့် ပေါင်းစပ်သွားလေသည်။

အများစုက ထိုအရာကို မြင်ပြီး သက်ပြင်းချလိုက်ကြသည်။ သူတို့က ချီကံကောင်းမှု မည်သို့ ပိုင်းခြားထားမှန်း မပြောကြပေ။ ကံမကောင်းစွာဖြင့် ဒီသဘောတရားကို ဖန်တီးထားသူ တာအိုအခွင့်အလမ်းဂိုဏ်းက ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော် ပထမဆုံး တည်ထောင်ခဲ့စဉ်ကလိုမျိုး အများစု ရရှိလိုက်သည်။

ယခုအခါ လူတချို့က သူတို့ဆုံးဖြတ်ချက်ကို နည်းနည်း နောင်တရလာကြသော်လည်း လက်ရှိနှင့် အနာဂတ် အကျိုးမြတ်များအကြောင်း စဉ်းစားမိလိုက်သည့်အခါ သူတို့အတွေးများက မြန်မြန်ချုပ်ငြိမ်းသွားလေသည်။ စာသင်ကျောင်း သဘောတရား အကောင်အထည်ပေါ်လာသည်နှင့် သတ်မှတ်ထားသည့် စံနှုန်းတစ်ခု ရောက်အောင်အထိ အကျိုးမြတ် ပမာဏက ဆက်လက် တိုးပွားလာဖို့သာ ရှိသည်။ ထို့ကြောင့် ချီကံကောင်းမှုလည်း တိုးမြင့်လာလိမ့်မည်။

ထို့ကြောင့် အဖြူဆွတ်ဆွတ် နဂါးက အစီအစဉ်တွင် ပါဝင်ခဲ့သော တာအိုအခွင့်အလမ်းဂိုဏ်းနှင့် တခြားဧကရာဇ်မျိုးနွယ်များ ရှိရာ နေရာမှန်ဆီ ပျံသန်းသွားလေသည်။

ကျင့်ကြံသူများစွာက သူတို့စွမ်းရည်ဖြင့် ကမ္ဘာအနှံ့ စာသင်ကျောင်းများကို တည်ဆောက်ပေးကြသည်။ အလယ်ပိုင်းကုန်းမြေမှ အရှေ့၊ အနောက်၊ တောင်ဘက်အထိ အကုန်ပြည့်နှက်သွားသည်။ တစ်ခုတည်းသော ခြွင်းချက်က မြောက်ဘက် ဖြစ်၏။

ထိုစာသင်ကျောင်းများ တည်ဆောက်ပြီးသည့်နောက် သူတို့က သေမျိုးများအား အရေအတွက်များများ စတင်လက်ခံခဲ့သည်။

ဒီသေမျိုးတွေရဲ့ ဆရာအတွက်လား ...

ဝမ်ဝေ့က အစီအစဉ် အကောင်အထည်မဖော်ခင်ကတည်းက လူများစွာကို လေ့ကျင့်ပေးချင်သော်လည်း ထိုအင်အားစုများက သူတို့ဘာသာ လုပ်ချင်ခဲ့ကြသည်။

အကြောင်းမှာ သူတို့အတွက် ကုသိုလ် စုဆောင်းဖို့ ပိုမိုလွယ်ကူလေပြီး ကောင်းမှုကုသိုလ်များ ရရှိနိုင်သည့် နောက်ထပ် နည်းလမ်းလည်း ဖြစ်နေ၍ ဖြစ်သည်။ ကောင်းမှုကုသိုလ်များဖြင့် ထိုဆရာများ၏ ကောင်းကင်စမ်းသပ်ချက်များသည် အတော်အတန် လျော့ကျသွားလိမ့်မည်။ ထို့ကြောင့် ဆရာဖြစ်လာခြင်းက ထိုဂိုဏ်းများကြား အဖိုးတန် အနေအထားတစ်ခု ဖြစ်လာခဲ့သည်။

ထိုစဉ် အခမ်းအနား တောင်ထိပ်တွင် ဝမ်ဝေ့က ဂိုဏ်း၏ ပိုင်နက်ထဲ ဖြစ်သမျှအရာအားလုံးကို သူ့အံ့ဖွယ်အသိစိတ်ဖြင့် စောင့်ကြည့်နေစဉ် အသင်္ချေအင်ပါယာကမ္ဘာရှိ တခြားနယ်မြေများထဲလည်း အတူတူ ဖြစ်နေလိမ့်မည်မှန်း သိလိုက်သည်။

ထို့နောက် သူက နှာခေါင်းရှုံ့လိုက်သည်။ ကျင့်ကြံသူများက အကျိုးမြတ်ကြောင့် စုံလုံးကန်းနေပြီး နောက်ထပ် အစီအစဉ်ကြီးကြီးမားမားကို မမြင်နိုင်ခဲ့ကြပေ။ ဝမ်ဝေ့က ဒီလောက၏ လူမှု့အဖွဲ့အစည်းပုံစံသည် တိုးတက်မှုနှင့်အတူ နောက်ဆုတ်ခြင်းများ ရောနှောနေသည့်အတွက် မကြိုက်ခဲ့ပေ။

တစ်ဖက်တွင် ကျင့်ကြံသူများက နေရာနှင့်အချိန်ကို ဖြတ်ကျော်ကာ ခရီးသွားလာနိုင်ခြင်းကဲ့သို့သော ကောင်းကင်သွေဖယ်သည့် ကိစ္စများကို လုပ်ဆောင်နိုင်စဉ် သေမျိုးများက နေ့စဉ် အစာစားရဖို့ အနိုင်နိုင်ဖြစ်နေလေသည်။ ထို့ကြောင့် သူက ပြောင်းလဲပစ်ဖို့ စီစဉ်ထားခဲ့သည်။ ကံဆိုးစွာဖြင့် ဒီလောကအတိုင်း တည်ရှိလာသည်မှာ နှစ်သန်းချီကြာနေပြီဖြစ်၍ မည်သို့ အလွယ်လေး ပြောင်းသွားမည်နည်း။

အတင်းအကျပ် အားသုံးခြင်းက နည်းလမ်းတစ်ခု ဖြစ်၏။ ဝမ်ဝေ့က သူသာ မဟာဧကရာဇ် ဖြစ်လာခဲ့လျှင် ဒီလိုလုပ်နိုင်စွမ်း ရှိလာမည် ဖြစ်သော်လည်း ထိုအရာက အားသုံးလိုက်ခြင်းနှင့် အတူတူ ဖြစ်ပေသည်။ သူ ကမ္ဘာက ထွက်သွားသည်နှင့် ကိစ္စများက အရင်လိုသာ ပြန်ဖြစ်သွားလိမ့်မည်။ ကျင့်ကြံသူများ၏ ရှေးရိုးစွဲ သဘာဝက သူတို့အား ပို၍ ဘေးထုတ်ထားလိမ့်မည်။

ထို့ကြောင့် သူက ဖြည်းဖြည်းချင်းဖြင့် ထိုလူများအား လူမှုအဖွဲ့အစည်း တိုးတက်လာခြင်း၏ အကျိုးမြတ်များကို ပြသဖို့ စီစဉ်ထားခြင်း ဖြစ်၏။ ဝမ်ဝေ့ အစီအစဉ်အတိုင်း တစ်ယောက်ယောက်ကို ပြောင်းလဲစေဖို့ ဖျောင်းဖျနိုင်မည့် နည်းလမ်းနှစ်ခု ရှိလေသည်။ တစ်ခုက အစကတည်းက ထိုအရာသည် သူတို့ကိုယ်ပိုင်အတွေးများ ဖြစ်ကြောင်း တွေးစေဖို့ လမ်းပြပေးခြင်း ဖြစ်ပြီး ဒုတိယတစ်ခုက သူတို့အား ထိုသို့လုပ်ဆောင်ခြင်းဖြင့် ရလာမည့် အကျိုးမြတ်များကို ပြသခြင်း ဖြစ်ပေသည်။

ထို့ကြောင့် သူက အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ရာ ထိုဧကရာဇ်မျိုးနွယ်များဖြင့် ပူးပေါင်းထားရခြင်း ဖြစ်သည်။ ထိုလူများက ကုသိုလ်နှင့် ကောင်းမှုကုသိုလ်အပေါ် အာရုံစိုက်ထားလွန်းသောကြောင့် သေမျိုးများ၏ အကျိုးကျေးဇူးကို မသိကြသေးပေ။

ထို့အပြင် ဝမ်ဝေ့ ခေါင်းထဲ အကြံများစွာ ရှိနေသေး၏။ သူ့အစီအစဉ်က အသင်္ချေအင်ပါယာကမ္ဘာအား ချီကံကောင်းမှု စစ်ဆေးပွဲ ခံယူခဲ့သည့် တိုက်ပွဲတိုင်းပြည်ကမ္ဘာလိုမျိုး ပြောင်းလဲပစ်ဖို့ ဖြစ်သည်။

သို့သော်လည်း ဒီကမ္ဘာ၏ ရှုပ်ထွေးလွန်းသော သဘာဝက ကမ္ဘာငယ်ထောင်ချီနှင့် အလှမ်းကွာလှသည်။ ထို့ကြောင့် သူက အလျှင်မလိုပေ။ သူ့တွင် အချိန်များစွာ ရှိသေး၏။ စာသင်ကျောင်း သဘောတရားဖြင့် ကမ္ဘာရှိ သေမျိုးများက ကမ္ဘာကြီးအကြောင်း အခြေခံများ သိထားပြီး စာမတတ်သူများ မဟုတ်တော့ပေ။

မျိုးဆက်တချို့အပြီးတွင် သူတို့က ရရှိထားသော အခြေခံဗဟုသုတများပေါ် အခြေပြုကာ နောင်အနာဂတ်အတွက် အုတ်မြစ်ချထားနိုင်လိမ့်မည်။ ဝမ်ဝေ့ မဟာဧကရာဇ် ဖြစ်လာသည့်အခါ တစ်ကမ္ဘာလုံး၏ လူမှုအဖွဲ့အစည်း တိုးတက်လာဖို့ ပိုမိုလွယ်ကူသွားလိမ့်မည်။

....................

ရက်အနည်းငယ် ကုန်ဆုံးသွားလေပြီ။ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က စစ်ဆေးပွဲကို ယာယီရပ်ဆိုင်းထားလေ၏။ ကျောင်းအုပ်ဝန်းအတွင်း အစည်းအဝေးတစ်ခု ကျင်းပနေပြီး ပိုင်ဟန်က မျက်တွင်းချောင်ကလောင် ဖြစ်နေပြီး ယခင် ပညာရှိဝိဇ္ဇာဟန်ပန်ကား ပျောက်ကွယ်သွားလေပြီ။

"လက်ရှိ အခြေအနေက ဘယ်လိုလဲ" ပိုင်ဟန်က နုံးချိစွာ မေးလိုက်သည်။

" ချီကံကောင်းမှု လျော့ကျသွားတာနဲ့အတူ ဆရာတွေနဲ့ ကျောင်းသားတွေအပေါ် ကျင့်ကြံရေး တိုးမြင့်ဖို့ ကောင်းချီးတွေလည်း လျော့ကျသွားပါတယ်။ ရလဒ်ကတော့ လူတော်တော်များများက မကျေမနပ်ပြောနေကြပါတယ် .. ပြီးတော့ ... "

ကံကြမ္မာတိုင်းပြည်များကဲ့သို့ ဂိုဏ်းများ၏ ချီကံကောင်းမှုကလည်း သူတို့ဂိုဏ်းသားများကို နေရာအလိုက် ကောင်းချီးပေးခံထားရသည်။ နမူနာအားဖြင့် ဂိုဏ်းချုပ်၊ မဟာအကြီးအကဲ၊ အကြီးအကဲများနှင့် တပည့်အမျိုးမျိုးအတွက် မတူညီသည့် ကောင်းချီးမျိုး ရှိကြလေသည်။

"ပြီးတော့ ဘာဖြစ်လဲ" ပိုင်ဟန်က မေးလိုက်သည်။

" တပည့်အများစုရဲ့ သစ္စာရှိမှုကလည်း လတ်တလော အဖြစ်အပျက်အပြီးမှာ မတည်မငြိမ် ဖြစ်လာပါတယ်။ သူတို့အများစုက ဘက်ပြောင်းဖို့ တခြားအင်အားစုတွေနဲ့ ဆက်သွယ်ကုန်မှာ စိုးရတယ် "

ပိုင်ဟန်က ထိုအရာကို ကြားပြီး ချက်ချင်း အမူအရာပျက်ယွင်းသွားလေသည်။ သူက အခြေအနေသည် သူ မှန်းထားသည်ထက် ပိုဆိုးရွားနေကြောင်း သိလိုက်သည်။

တပည့်တွေတင် မဟုတ်ဘဲ အကြီးအကဲဆရာတွေလည်း ပါနေနိုင်တယ် .... ဒီအခန်းထဲမှာ ထိုင်နေတဲ့ လူတချို့တောင် ပါနေနိုင်တယ်

" အဲဒီသံသယဖြစ်ဖွယ် တပည့်တွေကို သေချာစောင့်ကြည့်ထားလိုက်။ သစ္စာဖောက်လို့ မှတ်ယူရရင် တန်းသုတ်သင်ခွင့်ပါ ခွင့်ပြုပေးမယ်။ ပြီးတော့ ဘာမှစိုးရိမ်နေဖို့ မလိုဘူး။ သူတို့ ထွက်သွားရင်တောင် သူတို့ဝိညာဉ်ထဲ အားကောင်းတဲ့ အတားအဆီးချထားတော့ ငါတို့ဧကရာဇ်ကျင့်စဉ်တွေအကြောင်း တခြားအင်အားစုတွေဆီ ထုတ်ပြောဖို့ ရမှာ မဟုတ်ဘူး "

ဉာဏမျက်လုံး ခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။ ကျောင်းတော်၏ ထောက်လှမ်းရေးတာဝန်ကို ယူထားသူအနေနှင့် ကျောင်းအုပ်၏ အမိန့်မရှိဘဲ အာဏာမရှိသလောက် ဖြစ်၏။

"လင်းဖန်ရော ဘယ်လိုလဲ" ပိုင်ဟန်က မေးလိုက်သည်။

" ဝမ်ဝေ့ကို အားကျတာအပြင် ဘာမှသက်ရောက်မှုမှ မရှိပါဘူး။ ကျောင်းတော်အပေါ် သူ့သစ္စာရှိမှုက ပြဿနာ မဟုတ်ပုံပါပဲ ... လတ်တလောအရပေါ့လေ"

ပိုင်ဟန်က စိတ်အေးသွားပြီး "ဒီလိုဆိုရင် ... "

ကျောင်းအုပ်က အံ့ဖွယ်အသိစိတ်မှ အကြောင်းကြားချက် ရရှိလိုက်၍ စကား တစ်ဝက်တစ်ပျက် ရပ်သွားလေသည်။ သူ့မျက်နှာထားက ခဏတာပြောင်းလဲသွားပြီးနောက် ပုံမှန်ပြန်ဖြစ်သွားလေသည်။

ထို့နောက် သူက အခန်းရှိ လူများကို ပြောလိုက်သည် " ခွင့်ပြုပါဦး ... နောက်ထပ် အစည်းအဝေးတစ်ခု ပေါ်လာလို့ "

*******


ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၁၉) 

မူရင္းေရးသားသူ - lazySageDao

ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)

အခန္း(၂၅၃) :  အက်ိဳးဆက္မ်ား

ေက်ာင္းေတာ္၏ ခ်ီကံေကာင္းမႈ သုံးပုံတစ္ပုံ ျဖတ္ေတာက္ခံလိုက္ရၿပီးေနာက္ ခ်ီကံေကာင္းမႈ နဂါးအသစ္က ျဖည္းျဖည္းခ်င္း ပုံေပၚလာသည္။ သို႔ေသာ္လည္း ဤတစ္ခုက ယခင္ႏွင့္ အေရာင္မတူဘဲ လုံးဝကို အျဖဴဆြတ္ဆြတ္ ျဖစ္ေနသည္။ ပုံသ႑ာန္ ျဖစ္တည္လာၿပီးေနာက္ ခ်ီကံေကာင္းမႈ နဂါးက ကမာၻတစ္ႏွံ႔ အလွ်င္အျမန္ သြားလာကာ ေသမ်ိဳးမ်ား၏ ခႏၶာကိုယ္မွ ထြက္လာေသာ အျဖဴေရာင္အလင္းအစုအေဝးမ်ားကို စုပ္ယူရင္း အ႐ြယ္အစား ႀကီးမားလာသည္။

"ဒါက စာသင္ေက်ာင္း သေဘာတရားနဲ႔ ဆက္စပ္ေနတဲ့ ခ်ီကံေကာင္းမႈ နဂါးလား" တာအိုအခြင့္အလမ္းဂိုဏ္း၏ အႀကီးအကဲတစ္ေယာက္က တအံ့တဩ ေျပာလိုက္သည္။ အားလုံးက တအံ့တဩ ၾကည့္ရႈေနၾကေသာေၾကာင့္ မည္သူကမွ ျပန္မေျဖႏိုင္ၾကေပ။

အႀကီးအကဲတစ္ေယာက္က ႐ုတ္ခ်ည္း ေျပာလာသည္ " က်ဳပ္တို႔ဂိုဏ္းမွာ ဒီလိုေအာင္ျမင္မႈမ်ိဳး ရရွိဖူးတဲ့ တစ္ခုတည္းေသာ အခ်ိန္က က်ဳပ္တို႔ဘိုးေဘး မူလလမ္းစဥ္ စနစ္ကို ဖန္တီးလိုက္တုန္းက ျဖစ္မယ္ တူတယ္"

လူအားလုံးက ထိုအရာသည္ မွန္ကန္ေၾကာင္း သတိျပဳမိသြားၾကသည္။ လူတစ္ေယာက္က စင္ျမင့္ေပၚတြင္ ရပ္ေနဆဲ ျဖစ္သည့္ ဝမ္ေဝ့ထံ ခ်က္ခ်င္း ဦးၫႊတ္လိုက္သည္။

"ဂိုဏ္းခ်ဳပ္ငယ္ေလးက က်ဳပ္တို႔ဘိုးေဘးေတြရဲ႕ ဂုဏ္က်က္သေရကို ျပန္လည္ေျပာင္ေျမာက္ေစတဲ့အတြက္ ေက်းဇူးတင္ပါတယ္"

"ဂိုဏ္းခ်ဳပ္ငယ္ေလးကို ေက်းဇူးတင္ပါတယ္" ေနာက္တစ္ေယာက္လည္း ထပ္ေျပာလိုက္သည္။ ထို႔ေနာက္ အႀကီးအကဲမ်ားစြာႏွင့္ မဟာအႀကီးအကဲမ်ားပင္ သူ႔ထံ ဦးၫႊတ္လိုက္ၾကသည္။

ဝမ္ေဝ့က ထိုလက္ေဆာင္၏ အမွန္တကယ့္ အေၾကာင္းအရင္းကို မွန္းဆမိေလသည္။ ႏွစ္မ်ားစြာၾကာသည့္တိုင္ တာအိုအခြင့္အလမ္းဂိုဏ္းက ဘိုးေဘး ဖန္တီးထားသည့္ မူလလမ္းစဥ္ နည္းစနစ္၏ ခ်ီကံေကာင္းမႈအေပၚသာ မွီခိုေနရသည္ မဟုတ္ပါေလာ။ သို႔ေသာ္လည္း အခ်ိန္ၾကာလာသည့္အခါ တစ္ရက္က် ထိုအရာမွ ေကာင္းခ်ီေပးမခံရေတာ့မည္ကို လူအမ်ားက စိုးထိတ္ေနခဲ့ၾကသည္။

တကယ္ေတာ့ လိုက္နာမည့္ ေနာက္မ်ိဳးဆက္မ်ား ရွိေနေသးသည့္အတြက္ ထိုအရာမွာ မလိုအပ္သည့္ စိုးရိမ္မႈတစ္ခုသာ ျဖစ္ေလသည္။ အစီအရင္ဘိုးေဘးမ်ား၊ ဝကၤပါဘိုးေဘးမ်ား အစရွိသျဖင့္ ဘိုးေဘးမ်ား တည္ေထာင္ခဲ့သည့္ ဂိုဏ္းမ်ားက ယေန႔အထိ ရွင္က်န္ေနၾကေသးေသာ္လည္း အားလုံး မဟုတ္လွ်င္ပင္ အမ်ားစုက စတင္က်ဆင္းလာျခင္း သို႔မဟုတ္ ဖြံ႕ၿဖိဳးမႈ တုံ႔ေႏွးလာျခင္း ရွိလာလွ်င္ ဒီကမာၻထဲ က်န္ရွိေနေအာင္ ရွည္ၾကာခဲ့သည့္ အေမြအႏွစ္ကို ထုတ္သုံးႏိုင္ေသးသည္။

တာအိုအခြင့္အလမ္းဂိုဏ္းက ဧကရာဇ္ကိုးပါးအထိ ေမြးထုတ္ေပးၿပီးေနာက္ လူမ်ားစြာက ဂိုဏ္းက်ဆင္းလာမႈကို စတင္သတိထားမိလာၾကသည္။ သို႔ေသာ္ ယခုတြင္ ျပန္လည္ထေျမာက္လာေစဖို႔ ေမွ်ာ္လင့္ခ်က္တို႔ ရွိေနေလၿပီ။

ဝမ္ေဝ့က ထိုလူမ်ား၏ ဦးၫႊတ္မႈကို လက္ခံလိုက္ရင္း ေခါင္းညိတ္လိုက္သည္။ သူက လူငယ္မ်ိဳးဆက္လို ျပဳမူမေနေတာ့ေပ။ ယခုအခ်ိန္ကား ႏွိမ္ခ်ေနရမည့္ အခ်ိန္ မဟုတ္မွန္း သိထား၏။ တစ္ခါတစ္ေလ ခ်ီးက်ဴးခံဖို႔ ထိုက္တန္ေနသည္ကို ႏွိမ္ခ်လိုက္ျခင္းက ေၾကာင္သူေတာ္ႏွင့္ တူသြားေစသည္။

ထို႔ေၾကာင့္ သူက ေျပာလိုက္သည္ " အားလုံး ထၾကပါ။ ဒါက ကြၽန္ေတာ္တို႔ တာအိုအခြင့္အလမ္းဂိုဏ္းအတြက္ အစပဲ ရွိပါေသးတယ္။ တစ္ရက္က် ကြၽန္ေတာ္တို႔ေတြ စာသင္ေက်ာင္းေတြကို ဒီအသိုက္အဝန္းထဲအထိ ျဖန႔္လာႏိုင္လိမ့္မယ္။ ေျပာရရင္ အဆုံးမဲ့ေလဟာနယ္ထဲက ကမာၻေတြအားလုံးအထိေပါ့"

ထို႔ေနာက္ အႀကီးအကဲမ်ားက စိတ္လႈပ္ရွားမႈအျပည့္ျဖင့္ ေခါင္းေမာ့လာၾကသည္။ သူတို႔က ဧကရာဇ္ခ်ီယြမ္၏ လမ္းစဥ္အတိုင္း အေတြးအေခၚမ်ား၊ သေဘာတရားမ်ားကို အလႊာေျမာက္မ်ားစြာအထိ ျဖန႔္ေဝႏိုင္ျခင္းက ဘယ္လိုမ်ိဳးလဲဟု စိတ္ကူးၾကည့္ေနၾကသည္။ ဤအရာက အမွန္တကယ္ကို ထူးကဲေျပာင္ေျမာက္သည့္ ေခတ္ကာလ ျဖစ္လာလိမ့္မည္။

ထိုစဥ္ အျဖဴဆြတ္ဆြတ္ နဂါးက ကမာၻအႏွံ႔ သြားလာၿပီးေနာက္ အ႐ြယ္အစား ႏွစ္ဆႀကီးလာသည္။ အမွန္ေတာ့ အ႐ြယ္အစားသည္ မဟာဧကရာဇ္တစ္ေယာက္တည္းသာ ရွိထားသည့္ သာမန္ဧကရာဇ္မ်ိဳးႏြယ္၏ ခ်ီကံေကာင္းမႈ နဂါးႏွင့္ ယွဥ္လိုက္လွ်င္ပင္ အလြန္ေသးေနေသးသည္။

အေၾကာင္းမွာ စာသင္ေက်ာင္းသေဘာတရားက ဖန္တီးခါစ ျဖစ္ၿပီး အေကာင္အထည္ မေဖာ္ရေသးေပ။ ထို႔ေၾကာင့္ ထိုစနစ္၏ အက်ိဳးျမတ္ႏွင့္ အဆိုးဘက္မ်ားကို မသိရေသးေပ။

ထို႔ေၾကာင့္ အျဖဴဆြတ္ဆြတ္ နဂါးက အစပိုင္း ႀကီးထြားလာၿပီးေနာက္ အၿမီးအပိုင္းမွ အစိတ္အပိုင္းေလး ျပတ္သြားကာ တာအိုအခြင့္အလမ္းဂိုဏ္းဆီ ဝင္ေရာက္သြားၿပီး နဂိုရွိၿပီးသား ေရာင္စုံ ခ်ီကံေကာင္းမႈ နဂါးထံ ေပါင္းစပ္သြားသည္။ အၿမီးအစိတ္အပိုင္း အေသးေလးအေနႏွင့္ ထိုအရာက ေနာက္ထပ္ ေသးငယ္သည့္ အစိတ္အပိုင္းေလးမ်ားအျဖစ္ ကြဲထြက္သြားကာ ဒီအစီအစဥ္ထဲ ပါဝင္ခဲ့ၾကသည့္ တျခားဧကရာဇ္မ်ိဳးႏြယ္မ်ား၏ ခ်ီကံေကာင္းမႈ နဂါးႏွင့္ ေပါင္းစပ္သြားေလသည္။

အမ်ားစုက ထိုအရာကို ျမင္ၿပီး သက္ျပင္းခ်လိုက္ၾကသည္။ သူတို႔က ခ်ီကံေကာင္းမႈ မည္သို႔ ပိုင္းျခားထားမွန္း မေျပာၾကေပ။ ကံမေကာင္းစြာျဖင့္ ဒီသေဘာတရားကို ဖန္တီးထားသူ တာအိုအခြင့္အလမ္းဂိုဏ္းက ဧကရာဇ္ဉာဏ္အလင္းပြင့္ ေက်ာင္းေတာ္ ပထမဆုံး တည္ေထာင္ခဲ့စဥ္ကလိုမ်ိဳး အမ်ားစု ရရွိလိုက္သည္။

ယခုအခါ လူတခ်ိဳ႕က သူတို႔ဆုံးျဖတ္ခ်က္ကို နည္းနည္း ေနာင္တရလာၾကေသာ္လည္း လက္ရွိႏွင့္ အနာဂတ္ အက်ိဳးျမတ္မ်ားအေၾကာင္း စဥ္းစားမိလိုက္သည့္အခါ သူတို႔အေတြးမ်ားက ျမန္ျမန္ခ်ဳပ္ၿငိမ္းသြားေလသည္။ စာသင္ေက်ာင္း သေဘာတရား အေကာင္အထည္ေပၚလာသည္ႏွင့္ သတ္မွတ္ထားသည့္ စံႏႈန္းတစ္ခု ေရာက္ေအာင္အထိ အက်ိဳးျမတ္ ပမာဏက ဆက္လက္ တိုးပြားလာဖို႔သာ ရွိသည္။ ထို႔ေၾကာင့္ ခ်ီကံေကာင္းမႈလည္း တိုးျမင့္လာလိမ့္မည္။

ထို႔ေၾကာင့္ အျဖဴဆြတ္ဆြတ္ နဂါးက အစီအစဥ္တြင္ ပါဝင္ခဲ့ေသာ တာအိုအခြင့္အလမ္းဂိုဏ္းႏွင့္ တျခားဧကရာဇ္မ်ိဳးႏြယ္မ်ား ရွိရာ ေနရာမွန္ဆီ ပ်ံသန္းသြားေလသည္။

က်င့္ႀကံသူမ်ားစြာက သူတို႔စြမ္းရည္ျဖင့္ ကမာၻအႏွံ႔ စာသင္ေက်ာင္းမ်ားကို တည္ေဆာက္ေပးၾကသည္။ အလယ္ပိုင္းကုန္းေျမမွ အေရွ႕၊ အေနာက္၊ ေတာင္ဘက္အထိ အကုန္ျပည့္ႏွက္သြားသည္။ တစ္ခုတည္းေသာ ႁခြင္းခ်က္က ေျမာက္ဘက္ ျဖစ္၏။

ထိုစာသင္ေက်ာင္းမ်ား တည္ေဆာက္ၿပီးသည့္ေနာက္ သူတို႔က ေသမ်ိဳးမ်ားအား အေရအတြက္မ်ားမ်ား စတင္လက္ခံခဲ့သည္။

ဒီေသမ်ိဳးေတြရဲ႕ ဆရာအတြက္လား ...

ဝမ္ေဝ့က အစီအစဥ္ အေကာင္အထည္မေဖာ္ခင္ကတည္းက လူမ်ားစြာကို ေလ့က်င့္ေပးခ်င္ေသာ္လည္း ထိုအင္အားစုမ်ားက သူတို႔ဘာသာ လုပ္ခ်င္ခဲ့ၾကသည္။

အေၾကာင္းမွာ သူတို႔အတြက္ ကုသိုလ္ စုေဆာင္းဖို႔ ပိုမိုလြယ္ကူေလၿပီး ေကာင္းမႈကုသိုလ္မ်ား ရရွိႏိုင္သည့္ ေနာက္ထပ္ နည္းလမ္းလည္း ျဖစ္ေန၍ ျဖစ္သည္။ ေကာင္းမႈကုသိုလ္မ်ားျဖင့္ ထိုဆရာမ်ား၏ ေကာင္းကင္စမ္းသပ္ခ်က္မ်ားသည္ အေတာ္အတန္ ေလ်ာ့က်သြားလိမ့္မည္။ ထို႔ေၾကာင့္ ဆရာျဖစ္လာျခင္းက ထိုဂိုဏ္းမ်ားၾကား အဖိုးတန္ အေနအထားတစ္ခု ျဖစ္လာခဲ့သည္။

ထိုစဥ္ အခမ္းအနား ေတာင္ထိပ္တြင္ ဝမ္ေဝ့က ဂိုဏ္း၏ ပိုင္နက္ထဲ ျဖစ္သမွ်အရာအားလုံးကို သူ႔အံ့ဖြယ္အသိစိတ္ျဖင့္ ေစာင့္ၾကည့္ေနစဥ္ အသေခ်ၤအင္ပါယာကမာၻရွိ တျခားနယ္ေျမမ်ားထဲလည္း အတူတူ ျဖစ္ေနလိမ့္မည္မွန္း သိလိုက္သည္။

ထို႔ေနာက္ သူက ႏွာေခါင္းရႈံ႕လိုက္သည္။ က်င့္ႀကံသူမ်ားက အက်ိဳးျမတ္ေၾကာင့္ စုံလုံးကန္းေနၿပီး ေနာက္ထပ္ အစီအစဥ္ႀကီးႀကီးမားမားကို မျမင္ႏိုင္ခဲ့ၾကေပ။ ဝမ္ေဝ့က ဒီေလာက၏ လူမႈ႕အဖြဲ႕အစည္းပုံစံသည္  တိုးတက္မႈႏွင့္အတူ ေနာက္ဆုတ္ျခင္းမ်ား ေရာေႏွာေနသည့္အတြက္ မႀကိဳက္ခဲ့ေပ။

တစ္ဖက္တြင္ က်င့္ႀကံသူမ်ားက ေနရာႏွင့္အခ်ိန္ကို ျဖတ္ေက်ာ္ကာ ခရီးသြားလာႏိုင္ျခင္းကဲ့သို႔ေသာ ေကာင္းကင္ေသြဖယ္သည့္ ကိစၥမ်ားကို လုပ္ေဆာင္ႏိုင္စဥ္ ေသမ်ိဳးမ်ားက ေန႔စဥ္ အစာစားရဖို႔ အႏိုင္ႏိုင္ျဖစ္ေနေလသည္။ ထို႔ေၾကာင့္ သူက ေျပာင္းလဲပစ္ဖို႔ စီစဥ္ထားခဲ့သည္။ ကံဆိုးစြာျဖင့္ ဒီေလာကအတိုင္း တည္ရွိလာသည္မွာ ႏွစ္သန္းခ်ီၾကာေနၿပီျဖစ္၍ မည္သို႔ အလြယ္ေလး ေျပာင္းသြားမည္နည္း။

အတင္းအက်ပ္ အားသုံးျခင္းက နည္းလမ္းတစ္ခု ျဖစ္၏။ ဝမ္ေဝ့က သူသာ မဟာဧကရာဇ္ ျဖစ္လာခဲ့လွ်င္ ဒီလိုလုပ္ႏိုင္စြမ္း ရွိလာမည္ ျဖစ္ေသာ္လည္း ထိုအရာက အားသုံးလိုက္ျခင္းႏွင့္ အတူတူ ျဖစ္ေပသည္။ သူ ကမာၻက ထြက္သြားသည္ႏွင့္ ကိစၥမ်ားက အရင္လိုသာ ျပန္ျဖစ္သြားလိမ့္မည္။ က်င့္ႀကံသူမ်ား၏ ေရွး႐ိုးစြဲ သဘာဝက သူတို႔အား ပို၍ ေဘးထုတ္ထားလိမ့္မည္။

ထို႔ေၾကာင့္ သူက ျဖည္းျဖည္းခ်င္းျဖင့္ ထိုလူမ်ားအား လူမႈအဖြဲ႕အစည္း တိုးတက္လာျခင္း၏ အက်ိဳးျမတ္မ်ားကို ျပသဖို႔ စီစဥ္ထားျခင္း ျဖစ္၏။ ဝမ္ေဝ့ အစီအစဥ္အတိုင္း တစ္ေယာက္ေယာက္ကို ေျပာင္းလဲေစဖို႔ ေဖ်ာင္းဖ်ႏိုင္မည့္ နည္းလမ္းႏွစ္ခု ရွိေလသည္။ တစ္ခုက အစကတည္းက ထိုအရာသည္ သူတို႔ကိုယ္ပိုင္အေတြးမ်ား ျဖစ္ေၾကာင္း ေတြးေစဖို႔ လမ္းျပေပးျခင္း ျဖစ္ၿပီး ဒုတိယတစ္ခုက သူတို႔အား ထိုသို႔လုပ္ေဆာင္ျခင္းျဖင့္ ရလာမည့္ အက်ိဳးျမတ္မ်ားကို ျပသျခင္း ျဖစ္ေပသည္။

ထို႔ေၾကာင့္ သူက အစီအစဥ္ကို အေကာင္အထည္ေဖာ္ဖို႔ရာ ထိုဧကရာဇ္မ်ိဳးႏြယ္မ်ားျဖင့္ ပူးေပါင္းထားရျခင္း ျဖစ္သည္။ ထိုလူမ်ားက ကုသိုလ္ႏွင့္ ေကာင္းမႈကုသိုလ္အေပၚ အာ႐ုံစိုက္ထားလြန္းေသာေၾကာင့္ ေသမ်ိဳးမ်ား၏ အက်ိဳးေက်းဇူးကို မသိၾကေသးေပ။

ထို႔အျပင္ ဝမ္ေဝ့ ေခါင္းထဲ အႀကံမ်ားစြာ ရွိေနေသး၏။ သူ႔အစီအစဥ္က အသေခ်ၤအင္ပါယာကမာၻအား  ခ်ီကံေကာင္းမႈ စစ္ေဆးပြဲ ခံယူခဲ့သည့္ တိုက္ပြဲတိုင္းျပည္ကမာၻလိုမ်ိဳး ေျပာင္းလဲပစ္ဖို႔ ျဖစ္သည္။

သို႔ေသာ္လည္း ဒီကမာၻ၏ ရႈပ္ေထြးလြန္းေသာ သဘာဝက ကမာၻငယ္ေထာင္ခ်ီႏွင့္ အလွမ္းကြာလွသည္။ ထို႔ေၾကာင့္ သူက အလွ်င္မလိုေပ။ သူ႔တြင္ အခ်ိန္မ်ားစြာ ရွိေသး၏။ စာသင္ေက်ာင္း သေဘာတရားျဖင့္ ကမာၻရွိ ေသမ်ိဳးမ်ားက ကမာၻႀကီးအေၾကာင္း အေျခခံမ်ား သိထားၿပီး စာမတတ္သူမ်ား မဟုတ္ေတာ့ေပ။

မ်ိဳးဆက္တခ်ိဳ႕အၿပီးတြင္ သူတို႔က ရရွိထားေသာ အေျခခံဗဟုသုတမ်ားေပၚ အေျချပဳကာ ေနာင္အနာဂတ္အတြက္ အုတ္ျမစ္ခ်ထားႏိုင္လိမ့္မည္။ ဝမ္ေဝ့ မဟာဧကရာဇ္ ျဖစ္လာသည့္အခါ တစ္ကမာၻလုံး၏ လူမႈအဖြဲ႕အစည္း တိုးတက္လာဖို႔ ပိုမိုလြယ္ကူသြားလိမ့္မည္။

....................

ရက္အနည္းငယ္ ကုန္ဆုံးသြားေလၿပီ။ ဧကရာဇ္ဉာဏ္အလင္းပြင့္ ေက်ာင္းေတာ္က စစ္ေဆးပြဲကို ယာယီရပ္ဆိုင္းထားေလ၏။ ေက်ာင္းအုပ္ဝန္းအတြင္း အစည္းအေဝးတစ္ခု က်င္းပေနၿပီး ပိုင္ဟန္က မ်က္တြင္းေခ်ာင္ကေလာင္ ျဖစ္ေနၿပီး ယခင္ ပညာရွိဝိဇၨာဟန္ပန္ကား ေပ်ာက္ကြယ္သြားေလၿပီ။

"လက္ရွိ အေျခအေနက ဘယ္လိုလဲ" ပိုင္ဟန္က ႏုံးခ်ိစြာ ေမးလိုက္သည္။

" ခ်ီကံေကာင္းမႈ ေလ်ာ့က်သြားတာနဲ႔အတူ ဆရာေတြနဲ႔ ေက်ာင္းသားေတြအေပၚ က်င့္ႀကံေရး တိုးျမင့္ဖို႔ ေကာင္းခ်ီးေတြလည္း ေလ်ာ့က်သြားပါတယ္။ ရလဒ္ကေတာ့ လူေတာ္ေတာ္မ်ားမ်ားက မေက်မနပ္ေျပာေနၾကပါတယ္ .. ၿပီးေတာ့ ...  "

ကံၾကမၼာတိုင္းျပည္မ်ားကဲ့သို႔ ဂိုဏ္းမ်ား၏ ခ်ီကံေကာင္းမႈကလည္း သူတို႔ဂိုဏ္းသားမ်ားကို ေနရာအလိုက္ ေကာင္းခ်ီးေပးခံထားရသည္။ နမူနာအားျဖင့္ ဂိုဏ္းခ်ဳပ္၊ မဟာအႀကီးအကဲ၊ အႀကီးအကဲမ်ားႏွင့္ တပည့္အမ်ိဳးမ်ိဳးအတြက္ မတူညီသည့္ ေကာင္းခ်ီးမ်ိဳး ရွိၾကေလသည္။

"ၿပီးေတာ့ ဘာျဖစ္လဲ" ပိုင္ဟန္က ေမးလိုက္သည္။

" တပည့္အမ်ားစုရဲ႕ သစၥာရွိမႈကလည္း လတ္တေလာ အျဖစ္အပ်က္အၿပီးမွာ မတည္မၿငိမ္ ျဖစ္လာပါတယ္။ သူတို႔အမ်ားစုက ဘက္ေျပာင္းဖို႔ တျခားအင္အားစုေတြနဲ႔ ဆက္သြယ္ကုန္မွာ စိုးရတယ္ "

ပိုင္ဟန္က ထိုအရာကို ၾကားၿပီး ခ်က္ခ်င္း အမူအရာပ်က္ယြင္းသြားေလသည္။ သူက အေျခအေနသည္ သူ မွန္းထားသည္ထက္ ပိုဆိုး႐ြားေနေၾကာင္း သိလိုက္သည္။

တပည့္ေတြတင္ မဟုတ္ဘဲ အႀကီးအကဲဆရာေတြလည္း ပါေနႏိုင္တယ္ .... ဒီအခန္းထဲမွာ ထိုင္ေနတဲ့ လူတခ်ိဳ႕ေတာင္ ပါေနႏိုင္တယ္

" အဲဒီသံသယျဖစ္ဖြယ္ တပည့္ေတြကို ေသခ်ာေစာင့္ၾကည့္ထားလိုက္။ သစၥာေဖာက္လို႔ မွတ္ယူရရင္ တန္းသုတ္သင္ခြင့္ပါ ခြင့္ျပဳေပးမယ္။ ၿပီးေတာ့ ဘာမွစိုးရိမ္ေနဖို႔ မလိုဘူး။ သူတို႔ ထြက္သြားရင္ေတာင္ သူတို႔ဝိညာဥ္ထဲ အားေကာင္းတဲ့ အတားအဆီးခ်ထားေတာ့ ငါတို႔ဧကရာဇ္က်င့္စဥ္ေတြအေၾကာင္း တျခားအင္အားစုေတြဆီ ထုတ္ေျပာဖို႔ ရမွာ မဟုတ္ဘူး "

ဉာဏမ်က္လုံး ေခါင္းေဆာင္က ေခါင္းညိတ္လိုက္သည္။ ေက်ာင္းေတာ္၏ ေထာက္လွမ္းေရးတာဝန္ကို ယူထားသူအေနႏွင့္ ေက်ာင္းအုပ္၏ အမိန႔္မရွိဘဲ အာဏာမရွိသေလာက္ ျဖစ္၏။

"လင္းဖန္ေရာ ဘယ္လိုလဲ" ပိုင္ဟန္က ေမးလိုက္သည္။

" ဝမ္ေဝ့ကို အားက်တာအျပင္ ဘာမွသက္ေရာက္မႈမွ မရွိပါဘူး။ ေက်ာင္းေတာ္အေပၚ သူ႔သစၥာရွိမႈက ျပႆနာ မဟုတ္ပုံပါပဲ ... လတ္တေလာအရေပါ့ေလ"

ပိုင္ဟန္က စိတ္ေအးသြားၿပီး "ဒီလိုဆိုရင္ ... "

ေက်ာင္းအုပ္က အံ့ဖြယ္အသိစိတ္မွ အေၾကာင္းၾကားခ်က္ ရရွိလိုက္၍ စကား တစ္ဝက္တစ္ပ်က္ ရပ္သြားေလသည္။  သူ႔မ်က္ႏွာထားက ခဏတာေျပာင္းလဲသြားၿပီးေနာက္ ပုံမွန္ျပန္ျဖစ္သြားေလသည္။

ထို႔ေနာက္ သူက အခန္းရွိ လူမ်ားကို ေျပာလိုက္သည္ " ခြင့္ျပဳပါဦး  ... ေနာက္ထပ္ အစည္းအေဝးတစ္ခု ေပၚလာလို႔ "

Continue Reading

You'll Also Like

19.5K 3K 43
Sistema Marvel definitivo Benjamin Freed murió después de salvar a alguien en su vida anterior y reencarnó en su yo alternativo en el universo Marvel...
6.4K 175 37
Transmigrating into a Yuri-themed Xianxia world, Ye Anping found himself as an unnamed cannon fodder with poor cultivation aptitude, a cannon fodder...
13.2K 200 23
Hiya! I'm Y/n and I'm a robot. I don't know what to say next so how about you find out for yourself.
94.6K 1.5K 75
A Tale of five siblings known as 'The Krew' and they had an pretty ordinary life with their three awesome uncles. They love helping their Uncle Pigsy...