ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၈)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)...
အခန်း(၂၄၈) : မကျေပွဲ
လွန်ခဲ့သည့် မိနစ်ပိုင်းခန့်လောက်က ဝမ်ဝေ့နှင့် ဝူဟုန်တို့ စကားပြောနေကြစဉ် ကျောင်းအုပ် ပိုင်ဟန်က ပြိုင်ပွဲကြည့်နေသူ အားလုံးရှေ့ ပေါ်လာခဲ့သည်။ သူက အရင်ဆုံး ကောင်းကင်တာအိုနှင့် သူ့ကိုယ်ပိုင်တာအိုထံ ကျောင်းတော်သည် ဖန်းလီ သေဆုံးမှုနှင့် မပတ်သက်ကြောင်း ကျိန်ဆိုခဲ့ပြီး ပြိုင်ပွဲ၏ စည်းမျဉ်းများကို မိတ်ဆက်ပေးလိုက်သည်။
"ဒီနှစ် ပြိုင်ပွဲမှာ ကျွမ်းကျင်အတတ်ပညာ အနိုင်ရသူတွေကို ထိပ်တန်းသုံးဆယ်ထဲ ပါဝင်ခွင့်မပေးထားတဲ့အချက်ကြောင့် စည်းမျဉ်းတွေက နည်းနည်းကွဲပြားသွားပါတယ်။ နောက်ဆုံးပွဲစဉ်မှာ ပြိုင်ပွဲဝင် အယောက် ၁၉၂၀ ကျန်ရှိနေပါတယ်။
ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီက ကျပန်းရွေးချယ်ထားတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ကြရမယ်။ အနိုင်ရသူက နောက်တစ်ပွဲစဉ်ဆီ တက်လှမ်းသွားပြီးတော့ ရှုံးနိမ့်သူက ထွက်ရမယ်။ ဒီဖြစ်စဉ်က ကောင်းကင်ရွေးချယ်ခံ ထိပ်တန်း ၃၀ မဖြစ်ခင်အထိ ဆက်တိုက်ဖြစ်နေလိမ့်မယ်။
အခု ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူစစ်ဆေးပွဲ နောက်ဆုံးပွဲစဉ် စတင်ပါပြီ "
ပိုင်ဟန်က ကြေညာလိုက်ပြီးသည့်နောက် တခြားဆရာများ ရှိရာဆီ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်၏ မျှောလွင့်ရုံငယ်ဆီ ပြန်သွားခဲ့သည်။ သူက သူ့ဘာသာ ပြန်တွေးနေမိ၏။
ဒီအပြုအမူက ကျောင်းတော်အတွက် အသက်ရှုပေါက် အနည်းငယ်တော့ ချောင်စေမှာပါ ...
ကပ်ဘေးချီကိုတော့ ကောင်းကင်တာအိုက ဝမ်ဝေ့အပေါ် ငါ့အမုန်းတရားကို အသုံးချနေတာပဲ ... ဒါပေမဲ့ ငါသာ သူ့ကို တာအိုကျောက်ပြား လျို့ဝှက်နယ်မြေထဲ မဝင်နိုင်ဖို့ ကာကွယ်နိုင်သရွေ့ ဒါကို ဖယ်ရှားပစ်ဖို့ နည်းလမ်းရှာနိုင်တယ် ..
ပိုင်ဟန်က ထိုအရာကို တွေးပြီးနောက် သက်ပြင်းချလိုက်သည်။
တကယ်လို့ ငါ့အဖေရဲ့ ကာကွယ်မှုကို ရထားတဲ့ နဂိုခန္ဓာသာ ရှိနေသေးရင် ကပ်ဘေးချီ အလွယ်လေး သက်ရောက်ခံရမှာ မဟုတ်ဘူး ...
အခုမှတော့ အတိတ်ကို ပြန်တွေးနေဖို့ မလိုဘူး။ ငါက အတိတ်နဲ့ အဆက်အသွယ် ဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်ကတည်းက ဘာမှနောင်တမရှိနေသင့်ဘူး
ပိုင်ဟန်က ရုံငယ်လေးဆီ ပြန်ရောက်လာပြီးနောက် အလယ်ရှိ တိုက်ပွဲစင်မြင့်ကို စည်းဝိုင်း ခွဲထားလေသည်။ စည်းဝိုင်းတစ်ခုစီတွင် ပြိုင်ပွဲဝင်များ ကျပန်း ရွေးချယ်ဖို့ တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ရမည့် ပြိုင်ပွဲဝင်များ၏ နံပါတ် ၂ ခု ကို ပြသနေသည့် အစီအရင်များ ပြုလုပ်ထားသော ပိတ်ကားချပ်တစ်ခု ရှိလေသည်။
တိုက်ပွဲ စည်းဝိုင်းများ ပတ်လည်ရှိ ပွဲကြည့်သူများတွင် တိုက်ပွဲများအား ဆက်တိုက်ပြသပေးနေသည့် ပြသရေး ပိတ်ကားချပ်တစ်ခု ရှိလေသည်။ ထို့ကြောင့် သူတို့က အားလုံးကို တစ်ပြိုင်နက် ကြည့်နိုင်သလို ပြိုင်ပွဲဝင်တစ်ယောက်တည်းကိုလည်း အာရုံစိုက်ထားနိုင်သည်။
ပြိုင်ပွဲကို ကြည့်နေကြသည့် လူအားလုံးက ပွဲကြည့်သူများကဲ့သို့ ပိုင်းခြားထားသော ပိတ်ကားချပ်များ ရှိကြလေသည်။
ရုံငယ်များအတွင်း လူတစ်ယောက်ချင်းစီက ပြိုင်ပွဲဝင်များအားလုံး၏ ပိတ်ကားချပ်အားလုံး ရှိလေသည်။ သို့သော်လည်း ထိုအရာက အသုံးပြုသူပေါ် မူတည်၍ ပြိုင်ပွဲတစ်ခုတည်း ပြသနိုင်စွမ်းလည်း ရှိထားသည်။
ဝူဟုန်နှင့် ဝမ်ဝေ့တို့က စကားပြောနေကြစဉ် သူတို့က ပိတ်ကားချပ်ကို လျစ်လျူရှုထားပြီး ဆွေးနွေးမှုကိုသာ အာရုံစိုက်ထားကြလေသည်။
လီကျွင်း၏ ပြိုင်ပွဲ စတင်လာသည့်အခါတွင်လည်း အတူတူသာ ဖြစ်၏။ လီကျွင်းက သူ့လှံကို ကိုင်ဆောင်ရင်း သူ့နာမည်ရွေးချယ်ခံရသည့် တိုက်ပွဲစည်းဝိုင်းဆီ လျှောက်လှမ်းလာသည်။ စက္ကန့်ပိုင်းလောက် စောင့်ဆိုင်းပြီးနောက် သူ့ပြိုင်ဘက်က ရောက်ရှိလာသည်။ ထိုသူက အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှိုးတိုးရှန့်တန့် ဖြစ်နေသော မိန်းမလှတစ်ဦး ဖြစ်၏။ သူမ၏ သွင်ပြင်က ထိုသို့ဖြစ်နေသော်လည်း သူ့မျက်ဝန်းထဲ ခိုင်မာသည့် ဆုံးဖြတ်ချက်ကို မြင်နိုင်လေသည်။
သူ ပြိုင်ပွဲဝင်များအကြောင်း ဖတ်ထားသည့် သတင်းများကို ပြန်စဉ်းစားကြည့်လိုက်သည့်အခါ သူမက အရှေ့ပိုင်း နဂါးပြာကုန်းမြေ၏ တော်ဝင်နယ်မြေမှ ပါရမီရှင် ဖြစ်ကြောင်း သိလိုက်ရသည်။
လီကျွင်းက သူမ၏ နောက်ခံဖြင့် နောက်ဆုံးပွဲစဉ် ရောက်လာ၍ ကံကောင်းလွန်းသည်လား သို့မဟုတ် ပါရမီကောင်းသည်လား အသိအမှတ်ပြုလိုက်ကာ သက်ပြင်းချလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူမက သူနှင့် တွေ့ဆုံမိ၍ လမ်းဆုံးသွားသည့်အချက်ကို မပြောင်းလဲပေ။
သူ့အစ်ကိုကြီးက ထိပ်တန်း အယောက် ၃၀ထဲ ဝင်ဖို့ တာဝန်ပေးထားလေရာ သူ့တာဝန်ကို ပြီးမြောက်အောင် လုပ်ဖို့ မည်သူမှ မတားဆီးနိုင်ပေ။ ထို့ကြောင့် တိုက်ပွဲ စတင်သည်နှင့် လီကျွင်းက တစ်ဖက်လူကို ဘာမှမပြောဘဲ တန်းတိုက်ခိုက်လိုက်သည်။
လီကျွင်းက လက်ထဲတွင် လှံကို ကိုင်ထားကာ အင်အားအကုန်ဖြင့် ပစ်လွှတ်လိုက်သည့်အခါ အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး တော်ဝင်နယ်မြေ၏ ပါရမီရှင်ဆီ တည့်တိုးဝင်ရောက်သွားသည်။ သို့သော်လည်း သူမကို လျော့တွက်မထားသင့်ပေ။ နောက်ဆုံးပွဲစဉ်အထိ ရောက်လာသူတစ်ဦးအနေနှင့် သူမက ပျိုးထောင်ခံ ပြိုင်ပွဲဝင်များကို တိုက်ခိုက်ကာ အသက်ရှင်ကျန်ခဲ့သူ ဖြစ်၏။ သူမက အားသာချက် မများသော်လည်း လွယ်လွယ်လက်လျော့မည့်သူ မဟုတ်ချေ။
ထို့ကြောင့် သူမ လက်တစ်ချက်အဝေ့တွင် သူမရှေ့တွင် သတ္တုတံခါးများ ပေါ်ထွက်လာကာ ကာကွယ်ပေးထားသည်။ ကံမကောင်းစွာဖြင့် တံခါးများက လှံကို ခဏတာမျှသာ တားဆီးနိုင်ပြီး ချက်ချင်း ထိုးဖောက်ခံလိုက်ရသည်။
ကံကောင်းသည်က သူမက လှံလမ်းကြောင်းမှ ရှောင်ရှားရန် အချိန်ခဏမျှသာ လိုအပ်လိုက်သည်။
ထိုအရာကို မြင်ပြီး လီကျွင်းက လက်ဆုပ်ဟန် လုပ်လိုက်သည့်အခါ သူ့လှံက ချက်ချင်း ပျောက်ကွယ်သွားပြီး သူ့လက်ထဲ ပြန်ရောက်လာသည်။ ထို့နောက် သူက လှံကို လက်တစ်ဖက်တည်းဖြင့် ဝေ့ယမ်းလိုက်သည်။
ထို့နောက် သူ့ရှေ့တွင် လှံဆယ်ချောင်းမက ပေါ်ထွက်လာသောကြောင့် တော်ဝင်နယ်မြေ၏ ပါရမီရှင်က အမူအရာ ပျက်ယွင်းသွားလေသည်။ သူမက တုံ့ဆိုင်းမနေဘဲ စက်ဝန်းပုံ သတ္တုဒိုင်းကာဖြင့် ခြုံလွှမ်းထားလိုက်သည်။
သူမ အပြုအမူ ပြီးဆုံးသည်နှင့် ပထမလှံက သူမဆီ လာရောက်ထိမှန်၏။ သူမက ချက်ချင်းဆိုသလို သွေးအန်လိုက်ရသည်။ သူမက တိုက်ကွက်ကို ကာဆီးနိုင်ခဲ့သော်လည်း တန်ပြန်အားက သူမ ကာကွယ်စွမ်းကို ထိုးဖောက်ကာ ဒဏ်ရာရစေခဲ့သည်။ ထို့နောက် သူမ၏ အိပ်မက်ဆိုး စတင်လာသည်။
ဝုန်း
နောက်လှံကိုးချောင်းက ဆက်တိုက်ပါလာကာ ပေါက်ကွဲမှု ကိုးခု ဖြစ်ပွားသွားသည်။ ပေါက်ကွဲမှုများမှ ဖုန်မှုန့်အလိမ်းလိမ်း ထလာစေပြီး ပွဲကြည့်သူများ၏ မြင်ကွင်းကို ကာဆီးသွားလေသည်။ ဖုန်မှုန့်များ လေနှင့်ပါသွားပြီး ငြိမ်သက်သွားသည့်နောက် တော်ဝင်နယ်မြေ၏ ပါရမီရှင်ကို မြင်လိုက်ရသည်။
သူမက သွေးသံရဲရဲဖြင့် ဒူးတစ်ဖက်ထောက်လျက် လဲကျနေသည်။ သူမ ဆံပင်များက ရှုပ်ပွနေပြီး အနားတွင် သတ္တုအပိုင်းအစများလည်း ကြေမွနေသည်။ သူမက မနည်းရုန်ကန်ထလိုက်သော်လည်း ဘာမှမလုပ်နိုင်ခဲ့ပေ။
လီကျွင်းက ထိုအရာကို မြင်ပြီး ပြောလိုက်သည် "မင်း လက်လျော့သင့်ပြီ။ မင်း ရှုံးမှာမှန်း သိသာနေတဲ့ တိုက်ပွဲမှာ အသက်ကို စတေးဖို့ မလိုဘူး "
သို့သော်လည်း သူမက ချက်ချင်း ပြန်မဖြေပေ။ အကြောင်းမှာ သူမ လက်ထဲ သတ္တုတုတ်ချောင်း ပေါ်ထွက်လာပြီး မြေပေါ်ကို အားယူ၍ ပြန်ရပ်လိုက်သည်။
"ရှင် နားမလည်ပါဘူး" သူမက ဆုံးဖြတ်ချက်ခိုင်မာစွာ ပြောလိုက်သည် "ကျွန်မအပေါ် စောင့်ကြည့်နေကြတဲ့လူတွေအများကြီးပဲ။ အခု ကျရှုံးလို့ မဖြစ်ဘူး"
သူမက ထိုစကားများကို ပြောပြီးပြီး ပွဲကြည့်စင်ဘက်မှ သူမကို စိုးရိမ်တကြီးနှင့် အားပေးသော အကြည့်များဖြင့် ကြည့်နေကြသည့် တပည့်များစုဝေးရာကို လှမ်းကြည့်လိုက်သည်။
"ဒီလိုအဆင့် ရောက်လာကြတဲ့ အားလုံးက သူတို့ကို ရှေ့ဆက်နိုင်မဲ့ စိတ်ခံစားချက် အထောက်အပံ့မျိုးတော့ ရှိကြတာပဲ" လီကျွင်းက ပြောလိုက်သည်။
"မင်းက အားနည်းပြီး ဒီတိုက်ပွဲမှာ အနိုင်မယူနိုင်တဲ့အချက်က မပြောင်းလဲသွားဘူး။ ဒါပေမဲ့ မင်း လက်လျော့ပြီး ကိုယ့်အသက်ကို ကယ်မယ်ဆိုရင် အနာဂတ်မှာ အခွင့်အရေး ရလာနိုင်သေးတယ်။ ကျရှုံးမှုတစ်ခုက အရာအားလုံး မဟုတ်ဘူး"
ကံဆိုးစွာဖြင့် သူမက သူ့သတိပေးချက်ကို လျစ်လျူရှုထားလေသည်။ သူမ သတ္တုတုတ်က အရည်ပျော်ကျတော့မည့်အလား အနီရောင် ပြောင်းလဲသွားသည်။ သို့သော်လည်း သတ္တုတုတ်က နဂိုပုံစံအတိုင်း ကျန်ရှိနေဆဲ ဖြစ်ပြီး အားကောင်းလွန်းသည့် အပူဓာတ်ကိုသာ ထုတ်လွင့်နေသည်။
ထိုအရာကို မြင်ပြီး လီကျွင်းက ဘာမှမပြောဘဲ သက်ပြင်းချလိုက်သည်။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည့်အချိန် တော်ဝင်နယ်မြေ ပါရမီရှင်အနား တန်းရောက်သွားသည်။ သူမက မတုံ့ပြန်နိုင်ခင် လှံက သူမ နှလုံးသားကို ထိုးဖောက်သွားလေသည်။
သူမက လီကျွင်း၏ လှံပေါ် သွေးအန်လိုက်ရသည်။ သူမက တအံ့တဩ အမူအရာ ရှိနေပြီး ပက်လက်လှန် လဲကျသွားလေသည်။ အဆုံးသတ်အထိ သူမက ဘာလို့ လွယ်လွယ်ရှုံးသွားကြောင်း နားမလည်ခဲ့ပေ။
သူမ မသေခင် နောက်ဆုံးအတွေးတို့က ....
သာမန်ပါရမီရှင်နဲ့ ကောင်းကင်ရွေးချယ်ခံကြားမှာ ကွာဟချက်က အဲလောက်တောင် ကြီးနေတာလား ... ငါ အဲလို မဖြစ်ချင်ဘူး
လီကျွင်းအတွက်မူ သူက သူမကို ခဏတာမျှသာ ကြည့်လိုက်ပြီး စည်းဝိုင်းမှ ထွက်လာလိုက်သည်။ သူက တစ်ဖက်လူကို နောက်ဆုတ်ဖို့ အခွင့်အရေးပေးခဲ့လေသည်။ သူမက သူမ၏ ယုံကြည်ချက်အတိုင်း တိုက်ခိုက်လိုသည့်အတွက် သေဆုံးလည်း ကိစ္စမရှိပေ။ ကျင့်ကြံရေးလမ်းစဉ်က ဘယ်တော့မှ မငြိမ်းချမ်းခဲ့ပေ။ ဧကရာဇ်လမ်းစဉ် လျှောက်လှမ်းနေသည့် ကောင်းကင်ရွေးချယ်ခံများအတွက်မူ ထည့်ပြောနေဖို့ မလိုတော့ပေ။
ဤသို့ဖြင့် နာရီအနည်းငယ်ကြာမြင့်ပြီးနောက် ပထမအဖွဲ့ အဆုံးသတ်သွားပြီး ပြိုင်ပွဲဝင် ၉၆၀ သာ ကျန်ရှိတော့သည်။ ပြိုင်ပွဲက ရက်အနည်းငယ်ကြာ ဆက်လက်ဖြစ်ပွားနေပြီး လီကျွင်းက လူ ၆၀ ကျန်တော့သည့်အထိ သူ့ပြိုင်ဘက်များကို အနိုင်ယူခဲ့သည်။
လီကျွင်းက ထိပ်တန်း အယောက် ၃၀ ထဲပါဖို့ နောက်တစ်ပွဲ အနိုင်ရဖို့သာ လိုတော့သည်။ ထိုအခါ သူက တာအိုကျောက်ပြား လျို့ဝှက်နယ်မြေထဲ ဝင်ခွင့် အမှတ်အသားပြား ရလာလိမ့်မည်။ သူ့အစ်ကိုကြီးက သူ့အနာဂတ် ဧကရာဇ်လမ်းစဉ်အတွက် အသုံးပြုနိုင်ပြီ ဖြစ်၏။
လီကျွင်းက စိတ်လှုပ်ရှားစွာ ပြိုင်ဘက်ကို စောင့်နေသည်။ သို့သော် ထိုလူ ပေါ်လာသည့်အခါ သူက လေးနက်စွာ ပြောလိုက်သည်။
"မင်းပဲ "
**********
ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၁၈)
မူရင္းေရးသားသူ - lazySageDao
ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)...
အခန္း(၂၄၈) : မေက်ပြဲ
လြန္ခဲ့သည့္ မိနစ္ပိုင္းခန႔္ေလာက္က ဝမ္ေဝ့ႏွင့္ ဝူဟုန္တို႔ စကားေျပာေနၾကစဥ္ ေက်ာင္းအုပ္ ပိုင္ဟန္က ၿပိဳင္ပြဲၾကည့္ေနသူ အားလုံးေရွ႕ ေပၚလာခဲ့သည္။ သူက အရင္ဆုံး ေကာင္းကင္တာအိုႏွင့္ သူ႔ကိုယ္ပိုင္တာအိုထံ ေက်ာင္းေတာ္သည္ ဖန္းလီ ေသဆုံးမႈႏွင့္ မပတ္သက္ေၾကာင္း က်ိန္ဆိုခဲ့ၿပီး ၿပိဳင္ပြဲ၏ စည္းမ်ဥ္းမ်ားကို မိတ္ဆက္ေပးလိုက္သည္။
"ဒီႏွစ္ ၿပိဳင္ပြဲမွာ ကြၽမ္းက်င္အတတ္ပညာ အႏိုင္ရသူေတြကို ထိပ္တန္းသုံးဆယ္ထဲ ပါဝင္ခြင့္မေပးထားတဲ့အခ်က္ေၾကာင့္ စည္းမ်ဥ္းေတြက နည္းနည္းကြဲျပားသြားပါတယ္။ ေနာက္ဆုံးပြဲစဥ္မွာ ၿပိဳင္ပြဲဝင္ အေယာက္ ၁၉၂၀ က်န္ရွိေနပါတယ္။
ၿပိဳင္ပြဲဝင္တစ္ေယာက္ခ်င္းစီက က်ပန္းေ႐ြးခ်ယ္ထားတဲ့ ၿပိဳင္ဘက္နဲ႔ ရင္ဆိုင္ၾကရမယ္။ အႏိုင္ရသူက ေနာက္တစ္ပြဲစဥ္ဆီ တက္လွမ္းသြားၿပီးေတာ့ ရႈံးနိမ့္သူက ထြက္ရမယ္။ ဒီျဖစ္စဥ္က ေကာင္းကင္ေ႐ြးခ်ယ္ခံ ထိပ္တန္း ၃၀ မျဖစ္ခင္အထိ ဆက္တိုက္ျဖစ္ေနလိမ့္မယ္။
အခု ေကာင္းကင္ေ႐ြးခ်ယ္ခံ ထိုက္တန္သူစစ္ေဆးပြဲ ေနာက္ဆုံးပြဲစဥ္ စတင္ပါၿပီ "
ပိုင္ဟန္က ေၾကညာလိုက္ၿပီးသည့္ေနာက္ တျခားဆရာမ်ား ရွိရာဆီ ဧကရာဇ္ဉာဏ္အလင္းပြင့္ ေက်ာင္းေတာ္၏ ေမွ်ာလြင့္႐ုံငယ္ဆီ ျပန္သြားခဲ့သည္။ သူက သူ႔ဘာသာ ျပန္ေတြးေနမိ၏။
ဒီအျပဳအမူက ေက်ာင္းေတာ္အတြက္ အသက္ရႈေပါက္ အနည္းငယ္ေတာ့ ေခ်ာင္ေစမွာပါ ...
ကပ္ေဘးခ်ီကိုေတာ့ ေကာင္းကင္တာအိုက ဝမ္ေဝ့အေပၚ ငါ့အမုန္းတရားကို အသုံးခ်ေနတာပဲ ... ဒါေပမဲ့ ငါသာ သူ႔ကို တာအိုေက်ာက္ျပား လ်ိဳ႕ဝွက္နယ္ေျမထဲ မဝင္ႏိုင္ဖို႔ ကာကြယ္ႏိုင္သေ႐ြ႕ ဒါကို ဖယ္ရွားပစ္ဖို႔ နည္းလမ္းရွာႏိုင္တယ္ ..
ပိုင္ဟန္က ထိုအရာကို ေတြးၿပီးေနာက္ သက္ျပင္းခ်လိုက္သည္။
တကယ္လို႔ ငါ့အေဖရဲ႕ ကာကြယ္မႈကို ရထားတဲ့ နဂိုခႏၶာသာ ရွိေနေသးရင္ ကပ္ေဘးခ်ီ အလြယ္ေလး သက္ေရာက္ခံရမွာ မဟုတ္ဘူး ...
အခုမွေတာ့ အတိတ္ကို ျပန္ေတြးေနဖို႔ မလိုဘူး။ ငါက အတိတ္နဲ႔ အဆက္အသြယ္ ျဖတ္ေတာက္ဖို႔ ဆုံးျဖတ္လိုက္ကတည္းက ဘာမွေနာင္တမရွိေနသင့္ဘူး
ပိုင္ဟန္က ႐ုံငယ္ေလးဆီ ျပန္ေရာက္လာၿပီးေနာက္ အလယ္ရွိ တိုက္ပြဲစင္ျမင့္ကို စည္းဝိုင္း ခြဲထားေလသည္။ စည္းဝိုင္းတစ္ခုစီတြင္ ၿပိဳင္ပြဲဝင္မ်ား က်ပန္း ေ႐ြးခ်ယ္ဖို႔ တစ္ေယာက္ခ်င္း ယွဥ္ၿပိဳင္တိုက္ခိုက္ရမည့္ ၿပိဳင္ပြဲဝင္မ်ား၏ နံပါတ္ ၂ ခု ကို ျပသေနသည့္ အစီအရင္မ်ား ျပဳလုပ္ထားေသာ ပိတ္ကားခ်ပ္တစ္ခု ရွိေလသည္။
တိုက္ပြဲ စည္းဝိုင္းမ်ား ပတ္လည္ရွိ ပြဲၾကည့္သူမ်ားတြင္ တိုက္ပြဲမ်ားအား ဆက္တိုက္ျပသေပးေနသည့္ ျပသေရး ပိတ္ကားခ်ပ္တစ္ခု ရွိေလသည္။ ထို႔ေၾကာင့္ သူတို႔က အားလုံးကို တစ္ၿပိဳင္နက္ ၾကည့္ႏိုင္သလို ၿပိဳင္ပြဲဝင္တစ္ေယာက္တည္းကိုလည္း အာ႐ုံစိုက္ထားႏိုင္သည္။
ၿပိဳင္ပြဲကို ၾကည့္ေနၾကသည့္ လူအားလုံးက ပြဲၾကည့္သူမ်ားကဲ့သို႔ ပိုင္းျခားထားေသာ ပိတ္ကားခ်ပ္မ်ား ရွိၾကေလသည္။
႐ုံငယ္မ်ားအတြင္း လူတစ္ေယာက္ခ်င္းစီက ၿပိဳင္ပြဲဝင္မ်ားအားလုံး၏ ပိတ္ကားခ်ပ္အားလုံး ရွိေလသည္။ သို႔ေသာ္လည္း ထိုအရာက အသုံးျပဳသူေပၚ မူတည္၍ ၿပိဳင္ပြဲတစ္ခုတည္း ျပသႏိုင္စြမ္းလည္း ရွိထားသည္။
ဝူဟုန္ႏွင့္ ဝမ္ေဝ့တို႔က စကားေျပာေနၾကစဥ္ သူတို႔က ပိတ္ကားခ်ပ္ကို လ်စ္လ်ဴရႈထားၿပီး ေဆြးေႏြးမႈကိုသာ အာ႐ုံစိုက္ထားၾကေလသည္။
လီကြၽင္း၏ ၿပိဳင္ပြဲ စတင္လာသည့္အခါတြင္လည္း အတူတူသာ ျဖစ္၏။ လီကြၽင္းက သူ႔လွံကို ကိုင္ေဆာင္ရင္း သူ႔နာမည္ေ႐ြးခ်ယ္ခံရသည့္ တိုက္ပြဲစည္းဝိုင္းဆီ ေလွ်ာက္လွမ္းလာသည္။ စကၠန႔္ပိုင္းေလာက္ ေစာင့္ဆိုင္းၿပီးေနာက္ သူ႔ၿပိဳင္ဘက္က ေရာက္ရွိလာသည္။ ထိုသူက အျပာေရာင္ ဝတ္စုံကို ဝတ္ဆင္ထားသည့္ ရႈိးတိုးရွန႔္တန႔္ ျဖစ္ေနေသာ မိန္းမလွတစ္ဦး ျဖစ္၏။ သူမ၏ သြင္ျပင္က ထိုသို႔ျဖစ္ေနေသာ္လည္း သူ႔မ်က္ဝန္းထဲ ခိုင္မာသည့္ ဆုံးျဖတ္ခ်က္ကို ျမင္ႏိုင္ေလသည္။
သူ ၿပိဳင္ပြဲဝင္မ်ားအေၾကာင္း ဖတ္ထားသည့္ သတင္းမ်ားကို ျပန္စဥ္းစားၾကည့္လိုက္သည့္အခါ သူမက အေရွ႕ပိုင္း နဂါးျပာကုန္းေျမ၏ ေတာ္ဝင္နယ္ေျမမွ ပါရမီရွင္ ျဖစ္ေၾကာင္း သိလိုက္ရသည္။
လီကြၽင္းက သူမ၏ ေနာက္ခံျဖင့္ ေနာက္ဆုံးပြဲစဥ္ ေရာက္လာ၍ ကံေကာင္းလြန္းသည္လား သို႔မဟုတ္ ပါရမီေကာင္းသည္လား အသိအမွတ္ျပဳလိုက္ကာ သက္ျပင္းခ်လိုက္သည္။ မည္သို႔ပင္ဆိုေစကာမူ သူမက သူႏွင့္ ေတြ႕ဆုံမိ၍ လမ္းဆုံးသြားသည့္အခ်က္ကို မေျပာင္းလဲေပ။
သူ႔အစ္ကိုႀကီးက ထိပ္တန္း အေယာက္ ၃၀ထဲ ဝင္ဖို႔ တာဝန္ေပးထားေလရာ သူ႔တာဝန္ကို ၿပီးေျမာက္ေအာင္ လုပ္ဖို႔ မည္သူမွ မတားဆီးႏိုင္ေပ။ ထို႔ေၾကာင့္ တိုက္ပြဲ စတင္သည္ႏွင့္ လီကြၽင္းက တစ္ဖက္လူကို ဘာမွမေျပာဘဲ တန္းတိုက္ခိုက္လိုက္သည္။
လီကြၽင္းက လက္ထဲတြင္ လွံကို ကိုင္ထားကာ အင္အားအကုန္ျဖင့္ ပစ္လႊတ္လိုက္သည့္အခါ အနီေရာင္အလင္းတန္းအျဖစ္ ေျပာင္းလဲသြားၿပီး ေတာ္ဝင္နယ္ေျမ၏ ပါရမီရွင္ဆီ တည့္တိုးဝင္ေရာက္သြားသည္။ သို႔ေသာ္လည္း သူမကို ေလ်ာ့တြက္မထားသင့္ေပ။ ေနာက္ဆုံးပြဲစဥ္အထိ ေရာက္လာသူတစ္ဦးအေနႏွင့္ သူမက ပ်ိဳးေထာင္ခံ ၿပိဳင္ပြဲဝင္မ်ားကို တိုက္ခိုက္ကာ အသက္ရွင္က်န္ခဲ့သူ ျဖစ္၏။ သူမက အားသာခ်က္ မမ်ားေသာ္လည္း လြယ္လြယ္လက္ေလ်ာ့မည့္သူ မဟုတ္ေခ်။
ထို႔ေၾကာင့္ သူမ လက္တစ္ခ်က္အေဝ့တြင္ သူမေရွ႕တြင္ သတၱဳတံခါးမ်ား ေပၚထြက္လာကာ ကာကြယ္ေပးထားသည္။ ကံမေကာင္းစြာျဖင့္ တံခါးမ်ားက လွံကို ခဏတာမွ်သာ တားဆီးႏိုင္ၿပီး ခ်က္ခ်င္း ထိုးေဖာက္ခံလိုက္ရသည္။
ကံေကာင္းသည္က သူမက လွံလမ္းေၾကာင္းမွ ေရွာင္ရွားရန္ အခ်ိန္ခဏမွ်သာ လိုအပ္လိုက္သည္။
ထိုအရာကို ျမင္ၿပီး လီကြၽင္းက လက္ဆုပ္ဟန္ လုပ္လိုက္သည့္အခါ သူ႔လွံက ခ်က္ခ်င္း ေပ်ာက္ကြယ္သြားၿပီး သူ႔လက္ထဲ ျပန္ေရာက္လာသည္။ ထို႔ေနာက္ သူက လွံကို လက္တစ္ဖက္တည္းျဖင့္ ေဝ့ယမ္းလိုက္သည္။
ထို႔ေနာက္ သူ႔ေရွ႕တြင္ လွံဆယ္ေခ်ာင္းမက ေပၚထြက္လာေသာေၾကာင့္ ေတာ္ဝင္နယ္ေျမ၏ ပါရမီရွင္က အမူအရာ ပ်က္ယြင္းသြားေလသည္။ သူမက တုံ႔ဆိုင္းမေနဘဲ စက္ဝန္းပုံ သတၱဳဒိုင္းကာျဖင့္ ၿခဳံလႊမ္းထားလိုက္သည္။
သူမ အျပဳအမူ ၿပီးဆုံးသည္ႏွင့္ ပထမလွံက သူမဆီ လာေရာက္ထိမွန္၏။ သူမက ခ်က္ခ်င္းဆိုသလို ေသြးအန္လိုက္ရသည္။ သူမက တိုက္ကြက္ကို ကာဆီးႏိုင္ခဲ့ေသာ္လည္း တန္ျပန္အားက သူမ ကာကြယ္စြမ္းကို ထိုးေဖာက္ကာ ဒဏ္ရာရေစခဲ့သည္။ ထို႔ေနာက္ သူမ၏ အိပ္မက္ဆိုး စတင္လာသည္။
ဝုန္း
ေနာက္လွံကိုးေခ်ာင္းက ဆက္တိုက္ပါလာကာ ေပါက္ကြဲမႈ ကိုးခု ျဖစ္ပြားသြားသည္။ ေပါက္ကြဲမႈမ်ားမွ ဖုန္မႈန႔္အလိမ္းလိမ္း ထလာေစၿပီး ပြဲၾကည့္သူမ်ား၏ ျမင္ကြင္းကို ကာဆီးသြားေလသည္။ ဖုန္မႈန႔္မ်ား ေလႏွင့္ပါသြားၿပီး ၿငိမ္သက္သြားသည့္ေနာက္ ေတာ္ဝင္နယ္ေျမ၏ ပါရမီရွင္ကို ျမင္လိုက္ရသည္။
သူမက ေသြးသံရဲရဲျဖင့္ ဒူးတစ္ဖက္ေထာက္လ်က္ လဲက်ေနသည္။ သူမ ဆံပင္မ်ားက ရႈပ္ပြေနၿပီး အနားတြင္ သတၱဳအပိုင္းအစမ်ားလည္း ေၾကမြေနသည္။ သူမက မနည္း႐ုန္ကန္ထလိုက္ေသာ္လည္း ဘာမွမလုပ္ႏိုင္ခဲ့ေပ။
လီကြၽင္းက ထိုအရာကို ျမင္ၿပီး ေျပာလိုက္သည္ "မင္း လက္ေလ်ာ့သင့္ၿပီ။ မင္း ရႈံးမွာမွန္း သိသာေနတဲ့ တိုက္ပြဲမွာ အသက္ကို စေတးဖို႔ မလိုဘူး "
သို႔ေသာ္လည္း သူမက ခ်က္ခ်င္း ျပန္မေျဖေပ။ အေၾကာင္းမွာ သူမ လက္ထဲ သတၱဳတုတ္ေခ်ာင္း ေပၚထြက္လာၿပီး ေျမေပၚကို အားယူ၍ ျပန္ရပ္လိုက္သည္။
"ရွင္ နားမလည္ပါဘူး" သူမက ဆုံးျဖတ္ခ်က္ခိုင္မာစြာ ေျပာလိုက္သည္ "ကြၽန္မအေပၚ ေစာင့္ၾကည့္ေနၾကတဲ့လူေတြအမ်ားႀကီးပဲ။ အခု က်ရႈံးလို႔ မျဖစ္ဘူး"
သူမက ထိုစကားမ်ားကို ေျပာၿပီးၿပီး ပြဲၾကည့္စင္ဘက္မွ သူမကို စိုးရိမ္တႀကီးႏွင့္ အားေပးေသာ အၾကည့္မ်ားျဖင့္ ၾကည့္ေနၾကသည့္ တပည့္မ်ားစုေဝးရာကို လွမ္းၾကည့္လိုက္သည္။
"ဒီလိုအဆင့္ ေရာက္လာၾကတဲ့ အားလုံးက သူတို႔ကို ေရွ႕ဆက္ႏိုင္မဲ့ စိတ္ခံစားခ်က္ အေထာက္အပံ့မ်ိဳးေတာ့ ရွိၾကတာပဲ" လီကြၽင္းက ေျပာလိုက္သည္။
"မင္းက အားနည္းၿပီး ဒီတိုက္ပြဲမွာ အႏိုင္မယူႏိုင္တဲ့အခ်က္က မေျပာင္းလဲသြားဘူး။ ဒါေပမဲ့ မင္း လက္ေလ်ာ့ၿပီး ကိုယ့္အသက္ကို ကယ္မယ္ဆိုရင္ အနာဂတ္မွာ အခြင့္အေရး ရလာႏိုင္ေသးတယ္။ က်ရႈံးမႈတစ္ခုက အရာအားလုံး မဟုတ္ဘူး"
ကံဆိုးစြာျဖင့္ သူမက သူ႔သတိေပးခ်က္ကို လ်စ္လ်ဴရႈထားေလသည္။ သူမ သတၱဳတုတ္က အရည္ေပ်ာ္က်ေတာ့မည့္အလား အနီေရာင္ ေျပာင္းလဲသြားသည္။ သို႔ေသာ္လည္း သတၱဳတုတ္က နဂိုပုံစံအတိုင္း က်န္ရွိေနဆဲ ျဖစ္ၿပီး အားေကာင္းလြန္းသည့္ အပူဓာတ္ကိုသာ ထုတ္လြင့္ေနသည္။
ထိုအရာကို ျမင္ၿပီး လီကြၽင္းက ဘာမွမေျပာဘဲ သက္ျပင္းခ်လိုက္သည္။ သူက ခႏၶာကိုယ္ကို လႈပ္ရွားလိုက္သည့္အခ်ိန္ ေတာ္ဝင္နယ္ေျမ ပါရမီရွင္အနား တန္းေရာက္သြားသည္။ သူမက မတုံ႔ျပန္ႏိုင္ခင္ လွံက သူမ ႏွလုံးသားကို ထိုးေဖာက္သြားေလသည္။
သူမက လီကြၽင္း၏ လွံေပၚ ေသြးအန္လိုက္ရသည္။ သူမက တအံ့တဩ အမူအရာ ရွိေနၿပီး ပက္လက္လွန္ လဲက်သြားေလသည္။ အဆုံးသတ္အထိ သူမက ဘာလို႔ လြယ္လြယ္ရႈံးသြားေၾကာင္း နားမလည္ခဲ့ေပ။
သူမ မေသခင္ ေနာက္ဆုံးအေတြးတို႔က ....
သာမန္ပါရမီရွင္နဲ႔ ေကာင္းကင္ေ႐ြးခ်ယ္ခံၾကားမွာ ကြာဟခ်က္က အဲေလာက္ေတာင္ ႀကီးေနတာလား ... ငါ အဲလို မျဖစ္ခ်င္ဘူး
လီကြၽင္းအတြက္မူ သူက သူမကို ခဏတာမွ်သာ ၾကည့္လိုက္ၿပီး စည္းဝိုင္းမွ ထြက္လာလိုက္သည္။ သူက တစ္ဖက္လူကို ေနာက္ဆုတ္ဖို႔ အခြင့္အေရးေပးခဲ့ေလသည္။ သူမက သူမ၏ ယုံၾကည္ခ်က္အတိုင္း တိုက္ခိုက္လိုသည့္အတြက္ ေသဆုံးလည္း ကိစၥမရွိေပ။ က်င့္ႀကံေရးလမ္းစဥ္က ဘယ္ေတာ့မွ မၿငိမ္းခ်မ္းခဲ့ေပ။ ဧကရာဇ္လမ္းစဥ္ ေလွ်ာက္လွမ္းေနသည့္ ေကာင္းကင္ေ႐ြးခ်ယ္ခံမ်ားအတြက္မူ ထည့္ေျပာေနဖို႔ မလိုေတာ့ေပ။
ဤသို႔ျဖင့္ နာရီအနည္းငယ္ၾကာျမင့္ၿပီးေနာက္ ပထမအဖြဲ႕ အဆုံးသတ္သြားၿပီး ၿပိဳင္ပြဲဝင္ ၉၆၀ သာ က်န္ရွိေတာ့သည္။ ၿပိဳင္ပြဲက ရက္အနည္းငယ္ၾကာ ဆက္လက္ျဖစ္ပြားေနၿပီး လီကြၽင္းက လူ ၆၀ က်န္ေတာ့သည့္အထိ သူ႔ၿပိဳင္ဘက္မ်ားကို အႏိုင္ယူခဲ့သည္။
လီကြၽင္းက ထိပ္တန္း အေယာက္ ၃၀ ထဲပါဖို႔ ေနာက္တစ္ပြဲ အႏိုင္ရဖို႔သာ လိုေတာ့သည္။ ထိုအခါ သူက တာအိုေက်ာက္ျပား လ်ိဳ႕ဝွက္နယ္ေျမထဲ ဝင္ခြင့္ အမွတ္အသားျပား ရလာလိမ့္မည္။ သူ႔အစ္ကိုႀကီးက သူ႔အနာဂတ္ ဧကရာဇ္လမ္းစဥ္အတြက္ အသုံးျပဳႏိုင္ၿပီ ျဖစ္၏။
လီကြၽင္းက စိတ္လႈပ္ရွားစြာ ၿပိဳင္ဘက္ကို ေစာင့္ေနသည္။ သို႔ေသာ္ ထိုလူ ေပၚလာသည့္အခါ သူက ေလးနက္စြာ ေျပာလိုက္သည္။
"မင္းပဲ "