ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏...

By kilulayuu121

28.1K 3.1K 487

sequel of book 1 More

အခန်း(201)
အခန်း(202)
အခန်း(203)
အခန်း(204)
အခန်း(205)
အခန်း(206)
အခန်း(207)
အခန်း(208)
အခန်း(209.1)
အခန်း(209.2)
အခန်း(209)
အခန်း(210)
အခန်း(211)
အခန်း(212)
အခန်း(213)
အခန်း(214)
အခန်း(215)
အခန်း(216)
အခန်း(217)
အခန်း(218)
အခန်း(219)
အခန်း(219)
အခန်း(220)
အခန်း(221)
အခန်း(222)
အခန်း(223)
အခန်း(224)
အခန်း(225)
အခန်း(226)
အခန်း(၂၂၇)
အခန်း(228)
အခန်း(229)
အခန်း(230)
အခန်း(231)
အခန်း(232)
အခန်း(233)
အခန်း(234)
အခန်း(235)
အခန်း(236)
အခန်း(237)
အခန်း(238)
အခန်း(239)
အခန်း(240)
အခန်း(241)
အခန်း(၂၄၂)
အခန်း(243)
အခန်း(244)
အခန်း(246)
အခန်း(247)
အခန်း(248)
အခန်း(249)
အခန်း(250)
အခန်း(251)
အခန်း(252)
အခန်း(၂၅၃)
အခန်း(၂၅၄)
အခန်းူ(255)
အခန်း(256)
အခန်း(257)
အခန်း(258)
အခန်း(259)
အခန်း(260)
အခန်း(261)
အခန်း(262)
အခန်း(၂၆၃)
အခန်း(၂၆၄)
အခန်း(၂၆၅)
အခန်း(၂၆၆)
အခန်း(၂၆၇)
အခန်း(၂၆၈)
အခန်း(၂၆၉)
အခန်း(၂၇၀)
အခန်း(၂၇၁)
အခန်း(၂၇၂)
အခန်း(၂၇၃)
အခန်း(၂၇၄)
အခန်း(၂၇၅)
အခန်း(၂၇၆)
အခန်း(၂၇၇)
အခန်း(၂၇၈)
အခန်း(၂၇၉)
အခန်း(၂၈၀)
အခန်း(၂၈၁)
အခန်း(၂၈၂)
အခန်း(၂၈၃)
အခန်း(၂၈၄)
အခန်း(၂၈၅)
အခန်း(၂၈၆)
အခန်း(၂၈၇)
အခန်း(၂၈၈)
အခန်း(၂၈၉)
အခန်း(၂၉၀)
အခန်း(၂၉၁)
အခန်း(၂၉၂)
အခန်း(၂၉၃)
အခန်း(၂၉၄)
အခန်း(၂၉၅)
အခန်း(၂၉၆)
အခန်း(၂၉၇)
အခန်း(၂၉၈)
အခန်း(၂၉၉)
အခန်း(၃၀၀)
အခန်း(၃၀၁)
အခန်း(၃၀၂)
အခန်း(၃၀၃)
အခန်း(၃၀၄)
အခန်း(၃၀၅)
အခန်း(၃၀၆)
အခန်း(၃၀၇)
အခန်း(၃၀၈)
အခန်း(၃၀၉)
အခန်း(၃၁၀)
အခန်း(၃၁၁)
အခန်း(၃၁၂)
အခန်း(၃၁၃)
အခန်း(၃၁၄)
အခန်း(၃၁၅)
အခန်း(၃၁၆)
အခန်း(၃၁၇)
အခန်း(၃၁၈)
အခန်း(၃၁၉)
အခန်း(၃၂၀)
အခန်း(၃၂၁)
အခန်း(၃၂၂) Book 23 End
အခန်း(၃၂၃)
အခန်း(၃၂၄)
အခန်း(၃၂၅)
အခန်း(၃၂၆)
အခန်း(၃၂၇)
အခန်း(၃၂၈)
အခန်း(၃၂၉)
အခန်း(၃၃၀)
အခန်း(၃၃၁)
အခန်း(၃၃၂)
အခန်း(၃၃၃)
အခန်း(၃၃၄)
အခန်း(၃၃၅)
အခန်း(၃၃၆) End of book 24
အခန်း(၃၃၇)
အခန်း(၃၃၈)
အခန်း(၃၃၉)
အခန်း(၃၄၀)
အခန်း(၃၄၁)
အခန်း(၃၄၂)
အခန်း(၃၄၃)
အခန်း(၃၄၄)
အခန်း(၃၄၅)
အခန်း(၃၄၆)
အခန်း(၃၄၇)
အခန်း(၃၄၈)
အခန်း(၃၄၉)
အခန်း(၃၅၀)
အခန်း(၃၅၁)
အခန်း(၃၅၂)
အခန်း(၃၅၃)
အခန်း(၃၅၄)
အခန်း(၃၅၅)
အခန်း(၃၅၆)
အခန်း(၃၅၇)
အခန်း(၃၅၈)
အခန်း(၃၅၉)
အခန်း(၃၆၀)
အခန်း(၃၆၁)
အခန်း(၃၆၂)
အခန်း(၃၆၃)
အခန်း(၃၆၄)
အခန်း(၃၆၅)
အခန်း(၃၆၆)
အခန်း(၃၆၇)
အခန်း(၃၆၈)
အခန်း(၃၆၉)
အခန်း(၃၇၀)
အခန်း(၃၇၁)
အခန်း(၃၇၂)
အခန်း(၃၇၃)
အခန်း(၃၇၄)
အခန်း(၃၇၅)
အခန်း(၃၇၆)
အခန်း(၃၇၇)
အခန်း(၃၇၈) book 27 end
အခန်း(၃၇၉)
အခန်း(၃၈၀)
အခန်း(၃၈၁)
အခန်း(၃၈၂)
အခန်း(၃၈၃)
အခန်း(၃၈၄)
အခန်း(၃၈၅)
အခန်း(၃၈၆)
အခန်း(၃၈၇)
အခန်း(၃၈၈)
အခန်း(၃၈၉)
အခန်း(၃၉၀)
အခန်း(၃၉၁)
အခန်း(၃၉၂)
အခန်း(၃၉၃)
အခန်း(၃၉၄)
အခန်း(၃၉၅)
အခန်း(၃၉၆)
အခန်း(၃၉၇)

အခန်း(245)

163 19 5
By kilulayuu121


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၈)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၄၅) : ကပ်ဘေးချီ၏ ကြောက်စရာကောင်းမှု

" သူ့ကို ပြောလိုက်ကြတာပေါ့။ ဒါပေမဲ့ ဘာမှကွာခြားသွားမယ်တော့ မထင်ဘူး။ ကပ်ဘေးချီက ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ကို လွှမ်းမိုးနိုင်စွမ်း ရှိတယ်" အစစ်အမှန် အုပ်ချုပ်သူတစ်ဦးက ပြောလာသည်။

"အဲဆို တခြားသူတွေ မမြင်ရအောင် စည်းပိတ်ပေးထားကြမယ်။ တခြားအင်အားစုတွေ ဒီအချက်ကို သုံးပြီး အခွင့်ကောင်းယူသွားတာ မဖြစ်စေချင်ဘူး။ ပြီးတော့ ပိုင်ဟန်နဲ့ သူ့အဖွဲ့က ဒီကပ်ဘေးကနေ မြန်မြန်နိုးထလာနိုင်ရင် သူတို့စိတ်အခြေအနေက ငြိမ်သက်သွားလိမ့်မယ်။ အဲဆို သူတို့ အထွတ်အထိပ်နယ်ပယ်အဆင့် ရောက်ဖို့ ပိုလွယ်ကူလာလိမ့်မယ်"

" ဒါက နည်းလမ်းကောင်းပဲ။ အထွတ်အထိပ် လမ်းစဉ်က ဖြည်းဖြည်းချင်း ပွင့်လာပြီဆိုတော့ အချိန်ကိုက်ပဲ"

ထို့ကြောင့် အစစ်အမှန် အုပ်ချုပ်သူအားလုံးက နောက်အဆင့်ကို ဆုံးဖြတ်ပြီးကြလေပြီ။ သို့သော်လည်း လင်းဖန်၏ တာအိုကာကွယ်သူ ချိုးကျင့် ပြောလာသည် " ကပ်ဘေးချီက ပိုင်ဟန်ကို ဧကရာဇ်တာအိုစစ်ပွဲ စတင်ဖို့ ဖိအားမပေးသရွေ့ ကိစ္စမရှိဘူး။ ဒါပေမဲ့ ကျုပ်ဂရုစိုက်တာက အဲလိုဖြစ်လာစေမဲ့ အကြောင်းအရင်းပဲ"

"သိသာနေတာ မဟုတ်ဘူးလား။ ကောင်းကင်တာအိုက ကပ်ဘေးချီကို အသုံးပြုပြီး ပိုင်ဟန်ရဲ့ စိတ်ကို အကျိုးသင့်အကြောင်းသင့် မတွေးခေါ်နိုင်အောင် လှုံ့ဆော်နေတာ သူ့ကို ဝမ်ဝေ့ရဲ့ ရန်သူအဖြစ် ကျန်ရှိနေအောင်လို့လေ ... ဒီလိုအခြေအနေမှာ ခေါင်းငုံ့လိုက်တာက ဉာဏ်အရှိဆုံး ရွေးချယ်မှု ဖြစ်မယ်ဆိုပေမဲ့ ..." အစစ်အမှန် အုပ်ချုပ်သူတစ်ယောက်က ပြောလိုက်သည်။

"ဟုတ်တယ် ... တကယ်လို့ ပုံမှန်ဖြစ်နေတဲ့ ပိုင်ဟန်သာဆိုရင် ဒီလိုပြုမူနေမှာ မဟုတ်ဘူး" နောက်တစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။

" ငါအားလုံး သိပြီ" ချိုးကျင့်က ပြောလိုက်သည် "ကောင်းကင်တာအိုက ဘာလို့ ဒီလိုလုပ်နေတလဲဆိုတာ ... ခင်ဗျားတို့တွေ ဒီမျိုးဆက်မှာ ကောင်းကင်တာအို ဝင်ပါတဲ့အခေါက်က များနေတာကို သတိပြုမိကြလား "

" ဒီနေရာမှာ ရှိနေတဲ့ ငါတို့အားလုံးက အချိန်အကြာကြီး အသက်ရှင်ခဲ့ပေမဲ့ ငါတို့မျိုးဆက်တုန်းက ကုသိုလ် ချီးမြင့်တဲ့အခါကလွဲရင် ကောင်းကင်တာအို တစ်ခါတောင် ပေါ်လာဖူးရဲ့လား ... သူက တကယ်ပေါ်မထွက်လာရင်တောင် လိုလားချက် ပြည့်မှီသွားတာနဲ့ ကုသိုလ်တွေက အလိုလိုချီးမြင့်ပေးတဲ့ စနစ်လည်း ရှိသေးတယ်ဆိုတော့ ...

ဒါပေမဲ့ ဒီမျိုးဆက်မှာ ကောင်းကင်တာအိုက ခဏတိုင်း ပေါ်လာနေတာ။ အချိန်အများစုမှာ အမွေခံသားတော် ဝမ်ဝေ့နဲ့ ပတ်သက်နေတယ်။ ငါ သိချင်တာက ဘာကြောင့်လဲဆိုတာပဲ "

အထွတ်အထိပ် နယ်ပယ်အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များအနေနှင့် သူတို့က တာအိုနှင့် အနီးကပ်ဆုံး ဖြစ်ပေသည်။ ထို့ကြောင့် သူတို့က ကောင်းကင်တာအိုသည် ဝမ်ဝေ့ကို မနှစ်သက်ကြောင်း ခံစားမိကြ၏။ တကယ်တော့ တာအိုအခွင့်အလမ်းဂိုဏ်းရှိ အစစ်အမှန် အုပ်ချုပ်သူများပင် တစ်ခုခု မှားယွင်းနေကြောင်း စတင်သတိပြုမိလာသည်။ သို့သော် သူတို့က အကြောင်းအရင်းကို ရှာမတွေ့သေးပေ။

" လွန်ခဲ့တဲ့ နှစ်တုန်းက သူ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုး ခံယူခဲ့ရတာနဲ့ ပတ်သက်နေမလား"

"ဒါမှမဟုတ် သူ့ဝိညာဉ်ကြောင့်လား ... အဲဒါက ပုံမှန်တော့ မဟုတ်ဘူးလေ"

"ကြည့်ရတာ ကိစ္စတွေက မရိုးရှင်းပုံပဲ" တစ်ယောက်က ထပ်ပြောလိုက်သည် " ငါတို့တွေ ကျောင်းတော်ရဲ့ လျို့ဝှက်စာကြည့်တိုက်ထဲ သွားပြီး ရှာကြည့်သင့်တယ် တူတယ်"

"ဟုတ်တယ်"

"မှန်တယ်"

အားလုံးက ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် အစည်းအဝေးက အဆုံးသတ်သွားလေသည်။ သို့သော်လည်း လူတစ်ယောက် ပြောစရာကျန်ရှိနေသေး၏။

" ဒီအခြေအနေအရ ငါတို့ ကျောင်းတော်ရဲ့ ထိန်းချုပ်မှုကို ဝင်ပါရတော့မယ်"

ထိုစကားဝိုင်းက တိတ်ဆိတ်သွားလေသည်။ ခဏအကြာတွင် တစ်ယောက်က ပြောလာ၏ "ငါတို့ အရင်သဘောတူညီချက်အရ မလိုအပ်သရွေ့ ကျောင်းတော်ရဲ့ စီမံခန့်ခွဲမှုကို ဝင်မပါရဘူးလေ။ မဟုတ်ရင် လုပ်ပိုင်ခွင့် မမျှမတ ဖြစ်ပြီး အတွင်းပဋိပက္ခတွေ ဖြစ်လာစေလိမ့်မယ်။ အခု ကိစ္စတွေက အဲဒီအဆင့်အထိ မရောက်သေးပါဘူး "

တခြားအစစ်အမှန် အုပ်ချုပ်သူအားလုံးကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။

တကယ်တော့ ဒီမျိုးဆက် ကိစ္စက ထူးဆန်းလှသည်။ ယခင်အစဉ်အလာများအရ ကျောင်းအုပ်၊ ဆရာကြီးနှင့် အကြီးအကဲဆရာများက အထွတ်အထိပ် နယ်ပယ်အဆင့်တွင် ရှိရမည် ဖြစ်၏။ အကြီးအကဲချုပ် သို့မဟုတ် အထွတ်အထိပ် ဆရာတို့အတွက်မူ ကျောင်းတော်၏ တာအိုဘိုးဘေး သို့မဟုတ် ထာဝရအရှင်များအတွက် စီစဉ်ချမှတ်ပေးထားခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် ယခင်မျိုးဆက်တွင် အထွတ်အထိပ်လမ်းစဉ်က ဖြတ်တောက်ခံလိုက်ရသောကြောင့် လူငယ်မျိုးဆက်အနေဖြင့် မျိုးဆက်ဟောင်းလောက် မြင့်မားသည့် ကျင့်ကြံဆင့်ကို မရနိုင်ကြတော့ပေ။ မည်သို့ပင်ဆိုစေကာမူ မျိုးဆက်ဟောင်းက အိုမင်းနေပြီဖြစ်ရာ အင်အားစု ဆက်လက်တိုးပွားရေးအတွက် လူငယ်များကို လက်လွဲပေးဖို့ လိုအပ်လေသည်။

အစစ်အမှန် အုပ်ချူပ်သူ ဖြစ်လာနိုင်မည့် နည်းလမ်း မရှိကြောင်း သတိပြုမိပြီးနောက် ယခင်မျိုးဆက်ဟောင်းက သူတို့သာ အာဏာကို လက်လွဲမပေးဘဲ ဆက်ထိန်းထားလျှင် အာဏာမျှခြေ မညီမျှမှု ဖြစ်လာပြီး လူငယ်မျိုးဆက်ကလည်း အငြိုးထားလာမည်ကို သိသည်။ ထိုအခါ သူတို့အင်အားစုအတွက် အနာဂတ်က ဖွံ့ဖြိုးတိုးတက်လာမည် မဟုတ်တော့ပေ။

ထို့ကြောင့် အားလုံးက တူညီသော ဆုံးဖြတ်ချက်ကို ချလိုက်ကြသည်။ သူတို့က လူငယ်များဆီ အာဏာလွဲပေးပြီး သူတို့ကိုယ်တိုင်က ဘေးကနေထောက်ပံ့ပေးရသည့် တာဝန်ကိုသာ ယူလိုက်ကြသည်။ ထို့ကြောင့် ဝမ်ထျန်းနှင့် ပိုင်ဟန်တို့လို သူတော်စင်အဆင့် ကျင့်ကြံသူများက သူတို့အင်အားစုကို တာဝန်ယူထားရသူများ ဖြစ်လာရခြင်း ဖြစ်၏။

ဝမ်ချန်နှင့် ချိုးကျင့်တို့လို မျိုးဆက်ဟောင်းများအတွက်မူ သူတို့က လိုအပ်လာမှသာ ဝင်ရောက်စွက်ဖက်ဖို့ ဆုံးဖြတ်ထားကြသည်။

....................

ရိုးရှင်းသည့် အဆောက်အဦးတစ်ခုအတွင်း...

ပိုင်ဟန်အနေနှင့် အစစ်အမှန် အုပ်ချုပ်သူ ချိုးကျင့်က လာရောက်တွေ့ဆုံကြောင်း အသိပေးချက် လက်ခံရရှိသည့်အခါ အိမ် ပြန်ရောက်လာခါစ ဖြစ်၏။ သူက အံ့ဩမိသွားသော်လည်း အဖန်ရည်ဖြင့် သေချာဧည့်ခံနိုင်လိုက်သည်။ ပိုင်ဟန်က အစစ်အမှန် အုပ်ချုပ်သူ ဖြစ်ခဲ့သော်ငြား လက်ရှိတွင် ထိုအဆင့် မဟုတ်သောကြောင့် လိုအပ်သည့် လေးစားမှုတို့ ပြသရဦးမည် ဖြစ်၏။

" ဘယ်လို ... ကျုပ်ကို ကပ်ဘေးချီ လွှမ်းခြုံထားတယ်တဲ့လား" ပိုင်ဟန်က တအံ့တဩဖြင့် အော်မေးလိုက်မိသည်။ ထို့နောက် သူက လျို့ဝှက်နည်းစနစ်တစ်ခု ထုတ်သုံးလိုက်သည်။ သူ့ခေါင်းအထက် အနီရောင် တစ်ခု မျှောလွင့်နေသည်ကို မြင်လိုက်ရ၍ ချက်ချင်း အမူအရာပျက်သွားလေသည်။

ချိုးကျင့်အတွက်မူ ပိုင်ဟန်၏ နည်းစနစ်ကြောင့် နည်းနည်း အံ့အားသင့်သွားမိ၏။ သူတော်စင်အဆင့်ဖြင့် ကပ်ဘေးချီကို သတိထားမိဖို့ရာ အလွန်အားကောင်းမှ ဖြစ်လိမ့်မည်။ အထူးသဖြင့် ပိုင်ဟန်က သူ့ကိုယ်တိုင် ကပ်ဘေးချီကို မြင်တွေ့ခွင့်ရသည့်အခါ ဖြစ်၏။

ကပ်ဘေးချီအကြောင်း ထူးဆန်းသည်က တခြားအားကောင်းသူများက တခြားသူများပေါ်ရှိ ကပ်ဘေးချီကို မြင်တွေ့နိုင်သော်လည်း မိမိကိုယ်တိုင်ကျ သတိထားမိဖို့ ခက်လှသည်။

"အခုဘာလုပ်မှာလဲ" ချိုးကျင့်က တည်တည်ငြိမ်ငြိမ် မေးလိုက်၏။

ပိုင်ဟန်က ထိုစကားကို ကြားပြီး ချက်ချင်း အမူအရာပျက်သွားကာ နောက်ခြေလှမ်းကို စတင်တွေးတောလိုက်သည်။ သူ့အစိတ်အပိုင်းတစ်ခုက သူသည် ကောင်းကင်တာအို၏ နယ်ရုပ်အဖြစ် အသုံးပြုခံနေရခြင်း ဖြစ်၍ ဝမ်ဝေ့နှင့် ဆန့်ကျင်နေသည့် အပြုအမူအား ရပ်တန့်ဖို့ ပြောနေသည်။ နောက်တစ်ခုကမူ သူက ဒီလောက်အထိ ရောက်လာပြီးပြီဖြစ်ရာ အောင်မြင်ဖို့လည်း နီးစပ်နေပြီဖြစ်၍ ရပ်တန့်ဖို မလိုကြောင်း ပြောနေသည်။ ကပ်ဘေးချီအတွက်မူ သူ့စိတ်ထဲမှ နက်ရှိင်းသော လိုအင်ဆန္ဒကို ထုတ်ဖော်လာရုံမျှ ဖြစ်ပြီး သူ့အပေါ် သက်ရောက်မှုနည်းနည်းသာ ရှိလေသည်။

ပိုင်ဟန်၏ နဖူးမှ ချွေးအေးများ စီးကျလာကာ အဝတ်အစားများပင် စိုသွားလေသည်။ သူ့မျက်လုံးတစ်ဖက်က ဆက်တိုက် လှုပ်ရှားနေလေ၏။ သုံးနာရီကျော်ကြာပြီးနောက် ပိုင်ဟန်က သက်ပြင်းချကာ " အစီအစဉ်အတိုင်း ဆက်လုပ်မယ် "

"အဲလိုလား" ချိုးကျင့်က အံ့ဩသည့် အရိပ်အယောင်မရှိဘဲ ပြန်ဖြေလိုက်သည်။ သူက ကပ်ဘေးချီ၏ ကြောက်စရာကောင်းမှုကို သိထားပြီးသား ဖြစ်၏။ အကယ်၍ တစ်ယောက်ယောက်က သူတို့စိတ် လွှမ်းမိုးခံနေရကြောင်း သိနေလျှင်ပင် ဘာမှမတတ်နိုင်ပေ။ ကပ်ဘေးချီ၏ လွှမ်းမိုးမှုကို ရှင်းထုတ်နိင်ဖို့ အလွန်အားကောင်းသည့် စိတ်အခြေအနေတစ်ခု လိုအပ်လေသည်။ တစ်ခါတလေ ထိုအရာပင် မလုံလောက်တတ်ပေ။

"အဲဆိုလည်း ထားလိုက်ပါတော့" ချိုးကျင့်က ပြန်ဖြေလိုက်သည်။ သူက ပိုင်ဟန်၏ ကပ်ဘေးချီကို တခြားသူများ သတိမပြုမိစေရန် စည်းပိတ်လိုက်ပြီးနောက် ဘာမှမပြောဘဲ ထွက်သွားတော့သည်။

ချိုးကျင့်နှင့် တခြားသော အစစ်အမှန်အုပ်ချုပ်သူများက ထိုအခြေအနေကို တကယ် ဂရုမစိုက်ကြပေ။ တကယ်တော့ ကျောင်းတော်တွင် သူတို့နှင့် အိပ်စက်နေသော ဘိုးဘေးများ ရှိနေသရွေ့ ခဏတာ တံခါးပိတ်ထားရုံမှအပ ဘာမှမဖြစ်ပျက်နိုင်ပေ။

ပိုင်ဟန်အတွက်မူ ထိုကပ်ဘေးကို ကျော်ဖြတ်နိုင်လျှင် သူ့စိတ်အခြေအနေက တိုးတက်လာပြီး သူ့အထွတ်အထိပ်လမ်းစဉ်အတွက် အားကောင်းသည့် အုတ်မြစ်တစ်ခု တည်ဆောက်သလို ဖြစ်သွားလိမ့်မည်။ သူသာ ကျရှုံးသွားလျှင် အရာအားလုံး ဆုံးရှုံးသွားလိမ့်မည်။

ဤသို့ဖြင့် ရက်အနည်းငယ် ကုန်ဆုံးသွားကာ နောက်ဆုံးပွဲစဉ် စတင်မည့် ရက် ရောက်လာလေပြီ။ ပထမပွဲစဉ်ကဲ့သို့ ပိုင်ဟန်က လူအားလုံးရှေ့ ပေါ်ထွက်လာကာ ပွဲစဉ်အကြောင်း မိတ်ဆက်လိုက်သည်။ သို့သော်လည်း သူက ချက်ချင်း မလုပ်ဆောင်သေးပေ။ ထို့အစား သူက မိုးမြေနှင့် တာအိုတို့ထံ ကျောင်းတော်သည် ဖန်းလီ၏ သေဆုံးမှုနှင့် ဘာမှမပတ်သက်ကြောင်း ကျိန်ဆိုလိုက်သည်။

ပိုင်ဟန်က စကားပြောဆိုနေစဉ် တိမျိုးနွယ် မျှောလွင့်ရုံငယ်အတွင်း တိထျန်းက ပိုင်ဟန်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

ကပ်ဘေးချီလား ... ငါ ဒီလိုအရာမျိုး နောက်ဆုံးတွေ့ခဲ့တာက ယုံကြည်မှုခေတ်ကာလတုန်းကပဲ

အဲဒီကတုံးပြောင်ပြောင် ဘုန်းကြီးတွေကို ခေါင်းအစခြေအဆုံး အဲဒါနဲ့ ဖုံးလွှမ်းထားတော့ တကယ်ကို ရူးချင်စရာပဲ ...

ယုံကြည်မှုစွမ်းအားနောက်လိုက်တဲ့ အဲဒီဘုန်းကြီးတွေက အတော်လေး စွဲလမ်းလာကြတာပဲ။ သူတို့က ဘာမဆိုလုပ်ပြီး သူတို့ယုံကြည်မှုနောက်လိုက်ဖို့ ဘယ်သူမဆို သတ်ပစ်နိုင်တယ်။

အခု ငါ တွေးကြည့်လိုက်တော့မှ အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်လည်း အဲလိုအရာမျိုး ရှိခဲ့သလိုပဲ ... မဟုတ်ရင် သူ ဗုဒ္ဓဘာသာ ရှင်းထုတ်ဖို့ သူ့စွဲလမ်းမှုကို ရှင်းပြနိုင်မှာ မဟုတ်ဘူး ...

တိထျန်းက ခဏတွေးလိုက်ပြီးနောက် နှာခေါင်းရှုံလိုက်သည်။

ကောင်းကင်တာအိုက အသင်္ချေအင်ပါယာကမ္ဘာကို ဗုဒ္ဓဘာသာ အာဏာအောက် ယုံကြည်မှု အသိုက်အဝန်းအဖြစ် ပြောင်းမသွားစေချင်တာ ဖြစ်နိုင်တယ် ... အဲကြောင့် သူတို့ရဲ့ ပျက်သုန်းမှုကို တိတ်တဆိတ် အကောင်အထည်ဖော်ခဲ့တာပဲ ...

ဗုဒ္ဓဂိုဏ်းအပေါ် ကပ်ဘေးချီကို သုံးလိုက်တာက သူတို့ယုံကြည်မှုနောက်လိုက်ရင်း လူများစွာကို ရန်စမိသလို ဖြစ်ခဲ့တယ် ...

ကောင်းကင်တာအို လုပ်ဖို့လိုတာဆိုလို့ ဗုဒ္ဓဂိုဏ်းနဲ့ ရန်ကြွေးရှိထားပြီး ထာဝရဧကရာဇ် ဖြစ်လာနိုင်ခြေရှိတဲ့ တစ်ယောက်ယောက်ကို စောင့်ရုံပဲ ...

အဲဒီလူအပေါ် တူညီတဲ့ ကပ်ဘေးချီကို သုံးပြီး ဗုဒ္ဓဘာသာပေါ် အခြေခံထားတဲ့ ယုံကြည်မှုကို ရှင်းထုတ်ခိုင်းလိုက်တာ ...

ကံဆိုးတာက ကောင်းကင်တာအိုကတောင် ကပ်ဘေးချီ စွမ်းအား ရှိထားတဲ့ အကြွင်းမဲ့ စတင်ခြင်း ဧကရာဇ်ရဲ့ အမုန်းတရားကို လျော့တွက်မိခဲ့တာပဲ

ဗုဒ္ဓဘာသာက စိတ်ကို ငြိမ်းချမ်းစေပြီး ဉာဏ်အလင်းပွင့်မှုကို ယူဆောင်ပေးလာစေနိုင်တဲ့ အကျိုးရှိတဲ့အရာပဲ။ ယုံကြည်မှုစွမ်းအားကသာ အန္တရာယ်ရှိနေတာ ...

ကောင်းကင်တာအိုက အဲဒီအပိုင်းကိုပဲ ဖယ်ထုတ်ချင်ခဲ့ပေမဲ့ ကပ်ဘေးချီက အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်ကို မှန်းထားတာထက် ပိုသွားစေပြီးတော့ ဗုဒ္ဓဘာသာပျက်သုန်းမှုကို ဖြစ်သွားစေခဲ့တယ် ... 

**********


ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၁၈)

မူရင္းေရးသားသူ - lazySageDao

ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)

အခန္း(၂၄၅)  :  ကပ္ေဘးခ်ီ၏ ေၾကာက္စရာေကာင္းမႈ

" သူ႔ကို ေျပာလိုက္ၾကတာေပါ့။ ဒါေပမဲ့ ဘာမွကြာျခားသြားမယ္ေတာ့ မထင္ဘူး။ ကပ္ေဘးခ်ီက က်င့္ႀကံသူတစ္ေယာက္ရဲ႕ စိတ္ကို လႊမ္းမိုးႏိုင္စြမ္း ရွိတယ္" အစစ္အမွန္ အုပ္ခ်ဳပ္သူတစ္ဦးက ေျပာလာသည္။

"အဲဆို တျခားသူေတြ မျမင္ရေအာင္ စည္းပိတ္ေပးထားၾကမယ္။ တျခားအင္အားစုေတြ ဒီအခ်က္ကို သုံးၿပီး အခြင့္ေကာင္းယူသြားတာ မျဖစ္ေစခ်င္ဘူး။ ၿပီးေတာ့ ပိုင္ဟန္နဲ႔ သူ႔အဖြဲ႕က ဒီကပ္ေဘးကေန ျမန္ျမန္ႏိုးထလာႏိုင္ရင္ သူတို႔စိတ္အေျခအေနက ၿငိမ္သက္သြားလိမ့္မယ္။ အဲဆို သူတို႔ အထြတ္အထိပ္နယ္ပယ္အဆင့္ ေရာက္ဖို႔ ပိုလြယ္ကူလာလိမ့္မယ္"

" ဒါက နည္းလမ္းေကာင္းပဲ။ အထြတ္အထိပ္ လမ္းစဥ္က ျဖည္းျဖည္းခ်င္း ပြင့္လာၿပီဆိုေတာ့ အခ်ိန္ကိုက္ပဲ"

ထို႔ေၾကာင့္ အစစ္အမွန္ အုပ္ခ်ဳပ္သူအားလုံးက ေနာက္အဆင့္ကို ဆုံးျဖတ္ၿပီးၾကေလၿပီ။ သို႔ေသာ္လည္း လင္းဖန္၏ တာအိုကာကြယ္သူ ခ်ိဳးက်င့္ ေျပာလာသည္ " ကပ္ေဘးခ်ီက ပိုင္ဟန္ကို ဧကရာဇ္တာအိုစစ္ပြဲ စတင္ဖို႔ ဖိအားမေပးသေ႐ြ႕ ကိစၥမရွိဘူး။ ဒါေပမဲ့ က်ဳပ္ဂ႐ုစိုက္တာက အဲလိုျဖစ္လာေစမဲ့ အေၾကာင္းအရင္းပဲ"

"သိသာေနတာ မဟုတ္ဘူးလား။ ေကာင္းကင္တာအိုက ကပ္ေဘးခ်ီကို အသုံးျပဳၿပီး ပိုင္ဟန္ရဲ႕ စိတ္ကို အက်ိဳးသင့္အေၾကာင္းသင့္ မေတြးေခၚႏိုင္ေအာင္ လႈံ႕ေဆာ္ေနတာ သူ႔ကို ဝမ္ေဝ့ရဲ႕ ရန္သူအျဖစ္ က်န္ရွိေနေအာင္လို႔ေလ ... ဒီလိုအေျခအေနမွာ ေခါင္းငုံ႔လိုက္တာက ဉာဏ္အရွိဆုံး ေ႐ြးခ်ယ္မႈ ျဖစ္မယ္ဆိုေပမဲ့ ..." အစစ္အမွန္ အုပ္ခ်ဳပ္သူတစ္ေယာက္က ေျပာလိုက္သည္။

"ဟုတ္တယ္ ... တကယ္လို႔ ပုံမွန္ျဖစ္ေနတဲ့ ပိုင္ဟန္သာဆိုရင္ ဒီလိုျပဳမူေနမွာ မဟုတ္ဘူး" ေနာက္တစ္ေယာက္ကလည္း ဝင္ေျပာလိုက္သည္။

" ငါအားလုံး သိၿပီ" ခ်ိဳးက်င့္က ေျပာလိုက္သည္ "ေကာင္းကင္တာအိုက ဘာလို႔ ဒီလိုလုပ္ေနတလဲဆိုတာ ... ခင္ဗ်ားတို႔ေတြ ဒီမ်ိဳးဆက္မွာ ေကာင္းကင္တာအို ဝင္ပါတဲ့အေခါက္က မ်ားေနတာကို သတိျပဳမိၾကလား "

" ဒီေနရာမွာ ရွိေနတဲ့ ငါတို႔အားလုံးက အခ်ိန္အၾကာႀကီး အသက္ရွင္ခဲ့ေပမဲ့ ငါတို႔မ်ိဳးဆက္တုန္းက ကုသိုလ္ ခ်ီးျမင့္တဲ့အခါကလြဲရင္ ေကာင္းကင္တာအို တစ္ခါေတာင္ ေပၚလာဖူးရဲ႕လား ... သူက တကယ္ေပၚမထြက္လာရင္ေတာင္ လိုလားခ်က္ ျပည့္မွီသြားတာနဲ႔ ကုသိုလ္ေတြက အလိုလိုခ်ီးျမင့္ေပးတဲ့ စနစ္လည္း ရွိေသးတယ္ဆိုေတာ့ ...

ဒါေပမဲ့ ဒီမ်ိဳးဆက္မွာ ေကာင္းကင္တာအိုက ခဏတိုင္း ေပၚလာေနတာ။ အခ်ိန္အမ်ားစုမွာ အေမြခံသားေတာ္ ဝမ္ေဝ့နဲ႔ ပတ္သက္ေနတယ္။ ငါ သိခ်င္တာက ဘာေၾကာင့္လဲဆိုတာပဲ "

အထြတ္အထိပ္ နယ္ပယ္အဆင့္ စြမ္းအားႀကီးပုဂၢိဳလ္မ်ားအေနႏွင့္ သူတို႔က တာအိုႏွင့္ အနီးကပ္ဆုံး ျဖစ္ေပသည္။ ထို႔ေၾကာင့္ သူတို႔က ေကာင္းကင္တာအိုသည္ ဝမ္ေဝ့ကို မႏွစ္သက္ေၾကာင္း ခံစားမိၾက၏။ တကယ္ေတာ့ တာအိုအခြင့္အလမ္းဂိုဏ္းရွိ အစစ္အမွန္ အုပ္ခ်ဳပ္သူမ်ားပင္ တစ္ခုခု မွားယြင္းေနေၾကာင္း စတင္သတိျပဳမိလာသည္။ သို႔ေသာ္ သူတို႔က အေၾကာင္းအရင္းကို ရွာမေတြ႕ေသးေပ။

" လြန္ခဲ့တဲ့ ႏွစ္တုန္းက သူ နတ္ဘုရားအျပစ္ဒဏ္ မိုးႀကိဳး ခံယူခဲ့ရတာနဲ႔ ပတ္သက္ေနမလား"

"ဒါမွမဟုတ္ သူ႔ဝိညာဥ္ေၾကာင့္လား ... အဲဒါက ပုံမွန္ေတာ့ မဟုတ္ဘူးေလ"

"ၾကည့္ရတာ ကိစၥေတြက မ႐ိုးရွင္းပုံပဲ" တစ္ေယာက္က ထပ္ေျပာလိုက္သည္ " ငါတို႔ေတြ ေက်ာင္းေတာ္ရဲ႕ လ်ိဳ႕ဝွက္စာၾကည့္တိုက္ထဲ သြားၿပီး ရွာၾကည့္သင့္တယ္ တူတယ္"

"ဟုတ္တယ္"

"မွန္တယ္"

အားလုံးက ဆုံးျဖတ္ခ်က္ ခ်လိုက္ၿပီးေနာက္ အစည္းအေဝးက အဆုံးသတ္သြားေလသည္။ သို႔ေသာ္လည္း လူတစ္ေယာက္ ေျပာစရာက်န္ရွိေနေသး၏။

" ဒီအေျခအေနအရ ငါတို႔ ေက်ာင္းေတာ္ရဲ႕ ထိန္းခ်ဳပ္မႈကို ဝင္ပါရေတာ့မယ္"

ထိုစကားဝိုင္းက တိတ္ဆိတ္သြားေလသည္။ ခဏအၾကာတြင္ တစ္ေယာက္က ေျပာလာ၏ "ငါတို႔ အရင္သေဘာတူညီခ်က္အရ မလိုအပ္သေ႐ြ႕ ေက်ာင္းေတာ္ရဲ႕ စီမံခန႔္ခြဲမႈကို ဝင္မပါရဘူးေလ။ မဟုတ္ရင္ လုပ္ပိုင္ခြင့္ မမွ်မတ ျဖစ္ၿပီး အတြင္းပဋိပကၡေတြ ျဖစ္လာေစလိမ့္မယ္။ အခု ကိစၥေတြက အဲဒီအဆင့္အထိ မေရာက္ေသးပါဘူး "

တျခားအစစ္အမွန္ အုပ္ခ်ဳပ္သူအားလုံးကလည္း သေဘာတူစြာ ေခါင္းညိတ္လိုက္ၾကသည္။

တကယ္ေတာ့ ဒီမ်ိဳးဆက္ ကိစၥက ထူးဆန္းလွသည္။ ယခင္အစဥ္အလာမ်ားအရ ေက်ာင္းအုပ္၊ ဆရာႀကီးႏွင့္ အႀကီးအကဲဆရာမ်ားက အထြတ္အထိပ္ နယ္ပယ္အဆင့္တြင္ ရွိရမည္ ျဖစ္၏။ အႀကီးအကဲခ်ဳပ္ သို႔မဟုတ္ အထြတ္အထိပ္ ဆရာတို႔အတြက္မူ ေက်ာင္းေတာ္၏ တာအိုဘိုးေဘး သို႔မဟုတ္ ထာဝရအရွင္မ်ားအတြက္ စီစဥ္ခ်မွတ္ေပးထားျခင္း ျဖစ္သည္။

ကံမေကာင္းစြာျဖင့္ ယခင္မ်ိဳးဆက္တြင္ အထြတ္အထိပ္လမ္းစဥ္က ျဖတ္ေတာက္ခံလိုက္ရေသာေၾကာင့္ လူငယ္မ်ိဳးဆက္အေနျဖင့္ မ်ိဳးဆက္ေဟာင္းေလာက္ ျမင့္မားသည့္ က်င့္ႀကံဆင့္ကို မရႏိုင္ၾကေတာ့ေပ။ မည္သို႔ပင္ဆိုေစကာမူ မ်ိဳးဆက္ေဟာင္းက အိုမင္းေနၿပီျဖစ္ရာ အင္အားစု ဆက္လက္တိုးပြားေရးအတြက္ လူငယ္မ်ားကို လက္လြဲေပးဖို႔ လိုအပ္ေလသည္။

အစစ္အမွန္ အုပ္ခ်ဴပ္သူ ျဖစ္လာႏိုင္မည့္ နည္းလမ္း မရွိေၾကာင္း သတိျပဳမိၿပီးေနာက္ ယခင္မ်ိဳးဆက္ေဟာင္းက သူတို႔သာ အာဏာကို လက္လြဲမေပးဘဲ ဆက္ထိန္းထားလွ်င္ အာဏာမွ်ေျခ မညီမွ်မႈ ျဖစ္လာၿပီး လူငယ္မ်ိဳးဆက္ကလည္း အၿငိဳးထားလာမည္ကို သိသည္။ ထိုအခါ သူတို႔အင္အားစုအတြက္ အနာဂတ္က ဖြံ႕ၿဖိဳးတိုးတက္လာမည္ မဟုတ္ေတာ့ေပ။

ထို႔ေၾကာင့္ အားလုံးက တူညီေသာ ဆုံးျဖတ္ခ်က္ကို ခ်လိုက္ၾကသည္။ သူတို႔က လူငယ္မ်ားဆီ အာဏာလြဲေပးၿပီး သူတို႔ကိုယ္တိုင္က ေဘးကေနေထာက္ပံ့ေပးရသည့္ တာဝန္ကိုသာ ယူလိုက္ၾကသည္။ ထို႔ေၾကာင့္ ဝမ္ထ်န္းႏွင့္ ပိုင္ဟန္တို႔လို သူေတာ္စင္အဆင့္ က်င့္ႀကံသူမ်ားက သူတို႔အင္အားစုကို တာဝန္ယူထားရသူမ်ား ျဖစ္လာရျခင္း ျဖစ္၏။

ဝမ္ခ်န္ႏွင့္ ခ်ိဳးက်င့္တို႔လို မ်ိဳးဆက္ေဟာင္းမ်ားအတြက္မူ သူတို႔က လိုအပ္လာမွသာ ဝင္ေရာက္စြက္ဖက္ဖို႔ ဆုံးျဖတ္ထားၾကသည္။

....................

႐ိုးရွင္းသည့္ အေဆာက္အဦးတစ္ခုအတြင္း...

ပိုင္ဟန္အေနႏွင့္ အစစ္အမွန္ အုပ္ခ်ဳပ္သူ ခ်ိဳးက်င့္က လာေရာက္ေတြ႕ဆုံေၾကာင္း အသိေပးခ်က္ လက္ခံရရွိသည့္အခါ အိမ္ ျပန္ေရာက္လာခါစ ျဖစ္၏။ သူက အံ့ဩမိသြားေသာ္လည္း အဖန္ရည္ျဖင့္ ေသခ်ာဧည့္ခံႏိုင္လိုက္သည္။ ပိုင္ဟန္က အစစ္အမွန္ အုပ္ခ်ဳပ္သူ ျဖစ္ခဲ့ေသာ္ျငား လက္ရွိတြင္ ထိုအဆင့္ မဟုတ္ေသာေၾကာင့္ လိုအပ္သည့္ ေလးစားမႈတို႔ ျပသရဦးမည္ ျဖစ္၏။

" ဘယ္လို ... က်ဳပ္ကို ကပ္ေဘးခ်ီ  လႊမ္းၿခဳံထားတယ္တဲ့လား" ပိုင္ဟန္က တအံ့တဩျဖင့္ ေအာ္ေမးလိုက္မိသည္။ ထို႔ေနာက္ သူက လ်ိဳ႕ဝွက္နည္းစနစ္တစ္ခု ထုတ္သုံးလိုက္သည္။ သူ႔ေခါင္းအထက္ အနီေရာင္ တစ္ခု ေမွ်ာလြင့္ေနသည္ကို ျမင္လိုက္ရ၍ ခ်က္ခ်င္း အမူအရာပ်က္သြားေလသည္။

ခ်ိဳးက်င့္အတြက္မူ ပိုင္ဟန္၏ နည္းစနစ္ေၾကာင့္ နည္းနည္း အံ့အားသင့္သြားမိ၏။ သူေတာ္စင္အဆင့္ျဖင့္ ကပ္ေဘးခ်ီကို သတိထားမိဖို႔ရာ အလြန္အားေကာင္းမွ ျဖစ္လိမ့္မည္။ အထူးသျဖင့္ ပိုင္ဟန္က သူ႔ကိုယ္တိုင္ ကပ္ေဘးခ်ီကို ျမင္ေတြ႕ခြင့္ရသည့္အခါ ျဖစ္၏။

ကပ္ေဘးခ်ီအေၾကာင္း ထူးဆန္းသည္က တျခားအားေကာင္းသူမ်ားက တျခားသူမ်ားေပၚရွိ ကပ္ေဘးခ်ီကို ျမင္ေတြ႕ႏိုင္ေသာ္လည္း မိမိကိုယ္တိုင္က် သတိထားမိဖို႔ ခက္လွသည္။

"အခုဘာလုပ္မွာလဲ" ခ်ိဳးက်င့္က တည္တည္ၿငိမ္ၿငိမ္ ေမးလိုက္၏။

ပိုင္ဟန္က ထိုစကားကို ၾကားၿပီး ခ်က္ခ်င္း အမူအရာပ်က္သြားကာ ေနာက္ေျခလွမ္းကို စတင္ေတြးေတာလိုက္သည္။ သူ႔အစိတ္အပိုင္းတစ္ခုက သူသည္ ေကာင္းကင္တာအို၏ နယ္႐ုပ္အျဖစ္ အသုံးျပဳခံေနရျခင္း ျဖစ္၍ ဝမ္ေဝ့ႏွင့္ ဆန႔္က်င္ေနသည့္ အျပဳအမူအား ရပ္တန႔္ဖို႔ ေျပာေနသည္။ ေနာက္တစ္ခုကမူ သူက ဒီေလာက္အထိ ေရာက္လာၿပီးၿပီျဖစ္ရာ ေအာင္ျမင္ဖို႔လည္း နီးစပ္ေနၿပီျဖစ္၍ ရပ္တန႔္ဖို မလိုေၾကာင္း ေျပာေနသည္။ ကပ္ေဘးခ်ီအတြက္မူ သူ႔စိတ္ထဲမွ နက္ရွိင္းေသာ လိုအင္ဆႏၵကို ထုတ္ေဖာ္လာ႐ုံမွ် ျဖစ္ၿပီး သူ႔အေပၚ သက္ေရာက္မႈနည္းနည္းသာ ရွိေလသည္။

ပိုင္ဟန္၏ နဖူးမွ ေခြၽးေအးမ်ား စီးက်လာကာ အဝတ္အစားမ်ားပင္ စိုသြားေလသည္။ သူ႔မ်က္လုံးတစ္ဖက္က ဆက္တိုက္ လႈပ္ရွားေနေလ၏။ သုံးနာရီေက်ာ္ၾကာၿပီးေနာက္ ပိုင္ဟန္က သက္ျပင္းခ်ကာ  " အစီအစဥ္အတိုင္း ဆက္လုပ္မယ္ "

"အဲလိုလား" ခ်ိဳးက်င့္က အံ့ဩသည့္ အရိပ္အေယာင္မရွိဘဲ ျပန္ေျဖလိုက္သည္။ သူက ကပ္ေဘးခ်ီ၏ ေၾကာက္စရာေကာင္းမႈကို သိထားၿပီးသား ျဖစ္၏။ အကယ္၍ တစ္ေယာက္ေယာက္က သူတို႔စိတ္ လႊမ္းမိုးခံေနရေၾကာင္း သိေနလွ်င္ပင္ ဘာမွမတတ္ႏိုင္ေပ။ ကပ္ေဘးခ်ီ၏ လႊမ္းမိုးမႈကို ရွင္းထုတ္နိင္ဖို႔ အလြန္အားေကာင္းသည့္ စိတ္အေျခအေနတစ္ခု လိုအပ္ေလသည္။ တစ္ခါတေလ ထိုအရာပင္ မလုံေလာက္တတ္ေပ။

"အဲဆိုလည္း ထားလိုက္ပါေတာ့" ခ်ိဳးက်င့္က ျပန္ေျဖလိုက္သည္။ သူက ပိုင္ဟန္၏ ကပ္ေဘးခ်ီကို တျခားသူမ်ား သတိမျပဳမိေစရန္ စည္းပိတ္လိုက္ၿပီးေနာက္ ဘာမွမေျပာဘဲ ထြက္သြားေတာ့သည္။

ခ်ိဳးက်င့္ႏွင့္ တျခားေသာ အစစ္အမွန္အုပ္ခ်ဳပ္သူမ်ားက ထိုအေျခအေနကို တကယ္ ဂ႐ုမစိုက္ၾကေပ။ တကယ္ေတာ့ ေက်ာင္းေတာ္တြင္ သူတို႔ႏွင့္ အိပ္စက္ေနေသာ ဘိုးေဘးမ်ား ရွိေနသေ႐ြ႕ ခဏတာ တံခါးပိတ္ထား႐ုံမွအပ ဘာမွမျဖစ္ပ်က္ႏိုင္ေပ။

ပိုင္ဟန္အတြက္မူ ထိုကပ္ေဘးကို ေက်ာ္ျဖတ္ႏိုင္လွ်င္ သူ႔စိတ္အေျခအေနက တိုးတက္လာၿပီး သူ႔အထြတ္အထိပ္လမ္းစဥ္အတြက္ အားေကာင္းသည့္ အုတ္ျမစ္တစ္ခု တည္ေဆာက္သလို ျဖစ္သြားလိမ့္မည္။ သူသာ က်ရႈံးသြားလွ်င္ အရာအားလုံး ဆုံးရႈံးသြားလိမ့္မည္။

ဤသို႔ျဖင့္ ရက္အနည္းငယ္ ကုန္ဆုံးသြားကာ ေနာက္ဆုံးပြဲစဥ္ စတင္မည့္ ရက္ ေရာက္လာေလၿပီ။ ပထမပြဲစဥ္ကဲ့သို႔ ပိုင္ဟန္က လူအားလုံးေရွ႕ ေပၚထြက္လာကာ ပြဲစဥ္အေၾကာင္း မိတ္ဆက္လိုက္သည္။ သို႔ေသာ္လည္း သူက ခ်က္ခ်င္း မလုပ္ေဆာင္ေသးေပ။ ထို႔အစား  သူက မိုးေျမႏွင့္ တာအိုတို႔ထံ ေက်ာင္းေတာ္သည္ ဖန္းလီ၏ ေသဆုံးမႈႏွင့္ ဘာမွမပတ္သက္ေၾကာင္း က်ိန္ဆိုလိုက္သည္။

ပိုင္ဟန္က စကားေျပာဆိုေနစဥ္ တိမ်ိဳးႏြယ္ ေမွ်ာလြင့္႐ုံငယ္အတြင္း တိထ်န္းက ပိုင္ဟန္ကို ၾကည့္ရင္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။

ကပ္ေဘးခ်ီလား ... ငါ ဒီလိုအရာမ်ိဳး ေနာက္ဆုံးေတြ႕ခဲ့တာက ယုံၾကည္မႈေခတ္ကာလတုန္းကပဲ

အဲဒီကတုံးေျပာင္ေျပာင္ ဘုန္းႀကီးေတြကို ေခါင္းအစေျခအဆုံး အဲဒါနဲ႔ ဖုံးလႊမ္းထားေတာ့ တကယ္ကို ႐ူးခ်င္စရာပဲ ...

ယုံၾကည္မႈစြမ္းအားေနာက္လိုက္တဲ့ အဲဒီဘုန္းႀကီးေတြက အေတာ္ေလး စြဲလမ္းလာၾကတာပဲ။ သူတို႔က ဘာမဆိုလုပ္ၿပီး သူတို႔ယုံၾကည္မႈေနာက္လိုက္ဖို႔ ဘယ္သူမဆို သတ္ပစ္ႏိုင္တယ္။

အခု ငါ ေတြးၾကည့္လိုက္ေတာ့မွ အႂကြင္းမဲ့စတင္ျခင္း ဧကရာဇ္လည္း အဲလိုအရာမ်ိဳး ရွိခဲ့သလိုပဲ ... မဟုတ္ရင္ သူ ဗုဒၶဘာသာ ရွင္းထုတ္ဖို႔ သူ႔စြဲလမ္းမႈကို ရွင္းျပႏိုင္မွာ မဟုတ္ဘူး  ...

တိထ်န္းက ခဏေတြးလိုက္ၿပီးေနာက္ ႏွာေခါင္းရႈံလိုက္သည္။

ေကာင္းကင္တာအိုက အသေခ်ၤအင္ပါယာကမာၻကို ဗုဒၶဘာသာ အာဏာေအာက္ ယုံၾကည္မႈ အသိုက္အဝန္းအျဖစ္ ေျပာင္းမသြားေစခ်င္တာ ျဖစ္ႏိုင္တယ္ ... အဲေၾကာင့္ သူတို႔ရဲ႕ ပ်က္သုန္းမႈကို တိတ္တဆိတ္ အေကာင္အထည္ေဖာ္ခဲ့တာပဲ ...

ဗုဒၶဂိုဏ္းအေပၚ ကပ္ေဘးခ်ီကို သုံးလိုက္တာက သူတို႔ယုံၾကည္မႈေနာက္လိုက္ရင္း လူမ်ားစြာကို ရန္စမိသလို ျဖစ္ခဲ့တယ္ ...

ေကာင္းကင္တာအို လုပ္ဖို႔လိုတာဆိုလို႔ ဗုဒၶဂိုဏ္းနဲ႔ ရန္ေႂကြးရွိထားၿပီး ထာဝရဧကရာဇ္ ျဖစ္လာႏိုင္ေျခရွိတဲ့ တစ္ေယာက္ေယာက္ကို ေစာင့္႐ုံပဲ ...

အဲဒီလူအေပၚ တူညီတဲ့ ကပ္ေဘးခ်ီကို သုံးၿပီး ဗုဒၶဘာသာေပၚ အေျခခံထားတဲ့ ယုံၾကည္မႈကို ရွင္းထုတ္ခိုင္းလိုက္တာ ...

ကံဆိုးတာက ေကာင္းကင္တာအိုကေတာင္ ကပ္ေဘးခ်ီ စြမ္းအား ရွိထားတဲ့ အႂကြင္းမဲ့ စတင္ျခင္း ဧကရာဇ္ရဲ႕ အမုန္းတရားကို ေလ်ာ့တြက္မိခဲ့တာပဲ

ဗုဒၶဘာသာက စိတ္ကို ၿငိမ္းခ်မ္းေစၿပီး ဉာဏ္အလင္းပြင့္မႈကို ယူေဆာင္ေပးလာေစႏိုင္တဲ့ အက်ိဳးရွိတဲ့အရာပဲ။ ယုံၾကည္မႈစြမ္းအားကသာ အႏၲရာယ္ရွိေနတာ ...

ေကာင္းကင္တာအိုက အဲဒီအပိုင္းကိုပဲ ဖယ္ထုတ္ခ်င္ခဲ့ေပမဲ့ ကပ္ေဘးခ်ီက အႂကြင္းမဲ့စတင္ျခင္း ဧကရာဇ္ကို မွန္းထားတာထက္ ပိုသြားေစၿပီးေတာ့ ဗုဒၶဘာသာပ်က္သုန္းမႈကို ျဖစ္သြားေစခဲ့တယ္ ...

Continue Reading

You'll Also Like

22.1K 396 11
After being died because of his Differences, he was send to hell and luckily meet the princess of hell & others, together they will make sure everyon...
190K 5.6K 113
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...
10.3K 582 38
Liz is an unclaimed kid with no family and no idea of who she is. Her only home is Camp Half-Blood When Camp is at risk of being in the middle of a w...
555K 16.3K 39
MALE WEDNESDAY X READER "I love you...Wednesday Addams" The girl cried while hugging him as tight as she could. "I love you too....Amore mio. Please...