ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၈)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း(၂၄၁) : စိတ်သောက
ထိုအားကောင်းသည့် မျိုးနွယ်များက ထိုအဖြစ်ဆိုး ဖြစ်လာခွင့်ပြုကြမည် မဟုတ်သည်မှာ အသိသာကြီး ဖြစ်၏။ ထို့ကြောင့် သူတို့က ငြိမ်းချမ်းသည့် သဘာဝရှိသော်လည်း လူသားမျိုးနွယ်ကို သုတ်သင်ကာ သူတို့မြင့်တက်လာမှုကို တားဆီးဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ယခု လူသားမျိုးနွယ်က ဆက်လက်ရှင်ကျန်နေပြီး လက်ကျန် ကမ္ဘာဦးနတ်ဘုရာများနှင့် ပင်ကိုနတ်ဆိုးများကို တားမြစ်နယ်မြေတချို့မှအပ အသင်္ချေအင်ပါယာကမ္ဘာအတွင်း မတွေ့ရသည့် အချက်အရ သူတို့ကြိုးပမ်းမှု မအောင်မြင်ခဲ့ကြောင်း ထင်ရှားနေသည်။
အမှန်တကယ် ဘာဖြစ်ခဲ့သည်ကိုတော့ ဝမ်ဝေ့က အနာဂတ်မှာ သူကိုယ်တိုင် ရှာကြည့်မည့် အရာ ဖြစ်လာလိမ့်မည်။
............
လက်ရှိကို ပြန်ပြောကြလျှင် ...
ပင်ကိုရတနာများက ကမ္ဘာဦးခေတ်ကာလမှ မိုးမြေကြား ဟွင်သွမ်းချီနှင့် ပင်ကိုချီနှစ်မျိုးလုံးဖြင့် သန့်စင်ခံရ၍ မွေးဖွားလာသော ရတနာများ ဖြစ်လေသည်။ တချို့သာ ကမ္ဘာကြီးထဲ ကျန်ရှိတော့ပြီး ရှေးဟောင်းဧကရာဇ်ခေတ်ကာလကတည်းက တည်ရှိခဲ့သည့် အလွန်ရှေးကျသည့် ဂိုဏ်းတချို့ကသာ ထိန်းသိမ်းထားနိုင်သည်။
ဝမ်ဝေ့အတွက်မူ သူ့အသည်းကို မွမ်းမံပြုပြင်ပေးနိုင်ဖို့ အသက်ဓာတ် ပမာဏမြောက်များစွာ ပါဝင်နေသည့် သစ်သားဓာတ် ပင်ကိုရတနာကို အသုံးပြုခဲ့သည်။ တကယ်တော့ ထိုအတွင်းရှိ အသက်ဓာတ်က သေခါနီး မဟာဧကရာဇ်ကိုပင် ပြန်လည်ကုစားပေးနိုင်ဖို့ လုံလောက်ပေသည်။
ထို့အပြင် ထိုပစ္စည်းက သူ့အား နောက်ထပ် လေ့ကျင့်မည့် အစိတ်အပိုင်းဖြစ်သည့် သွေးကို ကူညီပေးလိမ့်မည်။
သူက သူ့ကျောက်ကပ်ကို မွမ်းမံသန့်စင်ရန်အတွက် ကံကြမ္မာဝဋ်ဆေးကြောရေး ရေစင် တစ်စက်ကို အသုံးပြုခဲ့သည်။ မှတ်တမ်းများအရ ထိုရေစင်သည် လူတစ်ယောက်၏ ကံကြမ္မာဝဋ်ကို ဆေးကြောပေးနိုင်စွမ်း ရှိ၏။ သို့သော်လည်း ကမ္ဘာထဲ ထိုပစ္စည်းကျန်ရှိမှု ရှားပါးလွန်းသည့်အတွက် ထိုကောလဟာလကို အတည်မပြုနိုင်ခဲ့ပေ။
ထိုမဟုတ်လျှင် အင်အားစုအများစုက ထိုပင်ကိုရတနာကို ယုတ္တိမတန်လွန်းသည်ဟု မြင်ကြလိမ့်မည်။ ထိုအရာဖြင့် သူတို့၏ ကံကြမ္မာဝဋ်ကို ဆေးကြောဖို့ မဟာဧကရာဇ်၏ အကူအညီ မလိုအပ်တော့ပေ။ သူတို့တပည့်များကလည်း ကျရှုံးမှုတစ်ခုအပြီး နောက်ထပ် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲအတွက် ပြန်လည်တိုက်ခိုက်နိုင်ရန် သူတို့ဘာသာ စည်းပိတ်ကာ နေဖို့ မလိုတော့ပေ။
ထိုပင်ကိုရတနာနှစ်ခုက တာအိုအခွင့်အလမ်းဂိုဏ်းက ဓာတ်ငါးပါးနှင့် ပတ်သက်လာသည့်အခါ ပိုင်ဆိုင်မှုထဲ ရှိထားသည့်အရာများ ဖြစ်လေသည်။ ဝမ်ဝေ့ အသုံးပြုထားသည့် တတိယပစ္စည်းမှာ မဟာကျိုးတော်ဝင်တိုင်းပြည်က ကျီစုန့်ကို မျှော်နန်းဆောင် စစ်ဆေးမှုထဲ ဝင်ခွင့်ရဖို့ ကမ်းလှမ်းထားသည့် အရာ ဖြစ်၏။
ထိုအရာကို အမြစ်သတ္တုဟူ၍ ခေါ်ဆိုပြီး နာမည်အတိုင်း ကျင့်ကြံသူအားလုံး မှတ်ယူထားကြသော ချီက သတ္တုဓာတ်၏ ဇစ်မြစ် ဖြစ်လေသည်။
ဝမ်ဝေ့က ထိုပစ္စည်းကို လက်ခံရရှိပြီးနောက် သူ့အဖေ၏ အားကျနေသည့် အမူအရာကို မှတ်မိနေသေးသည်။ အကြောင်းအရင်းက ထိုပင်ကိုရတနာသည် ဓားကောင်းတစ်လက် ဖန်တီးဖို့ အပြီးပြည့်စုံဆုံး သတ္တုဖြစ်နေ၍ ဖြစ်သည်။ သူ့ပြောစကားအရ ထိုပစ္စည်းက ဓားသမားတိုင်း၏ အိပ်မက်ပစ္စည်း ဖြစ်လေသည်။
ဝမ်ထျန်းက ထိုပစ္စည်းကို တိတ်တဆိတ် သိမ်းဆည်းမထားဘဲ သူ့သားကို ထုတ်ပြောဖို့ရာ အင်မတန် ကြိုးစားအားထုတ်ခဲ့ရသည်။
သူ လိုအပ်နေသည့် ပစ္စည်းနှစ်မျိုးကိုတော့ သူ့ဘာသာ ရှာဖွေရမည် ဖြစ်သည်။ သို့သော်လည်း သူက မရှာဖွေရသေးသည့် လျို့ဝှက်နယ်မြေများထဲ၌ ပင်ကိုရတနာတချို့ ကျန်ရှိနေသေးကြောင်း သိ၍ ရှာမတွေ့မည်ကို စိတ်မပူပေ။
သူ့စွမ်းရည်ကို ကံကြမ္မာသားတော် ဖြစ်လာဖို့ အသက်သွင်းလိုက်သရွေ့ မြေဓာတ်နှင့် မီးဓာတ် ဆက်နွယ်နေသော ပင်ကိုရတနာနှစ်မျိုးကို တွေ့လာလိမ့်မည်ဟု ယုံကြည်ထားသည်။ သို့သော်လည်း သူက ထိုစွမ်းရည်ကို အသုံးမပြုလိုပေ။
သူ့သိထားသလောက် ကံကြမ္မာသားတော်များသည် ကမ္ဘာ၏ စိတ်ဆန္ဒ သို့မဟုတ် အတိအကျဆိုရလျှင် ကောင်းကင်တာအိုမှ ချီးမြင့်ထားခြင်းသာ ဖြစ်၏။ အကြောင်းအရင်းက ကမ္ဘာတွင် အန္တရာယ်ရင်ဆိုင်ရသည့်အခါ ကောင်းကင်တာအိုက ကမ္ဘာကို ကယ်တင်ပေးဖို့ တစ်ယောက်ယောက် လိုအပ်ခဲ့၍ ဖြစ်သည်။
မိုးမြေ စည်းမျဉ်းများက အကြွင်းမဲ့ မျှတလေသည်။ ထို့ကြောင့် ကံကြမ္မာသားတော် အပါအဝင် မည်သူကမှ ကံကြမ္မာချုပ်နှောင်ခြင်းမှ မလွတ်မြောက်နိုင်ပေ။ ကံကြမ္မာသားတော် ဟူသော သူတို့ဂုဏ်ပုဒ်က ကောင်းကင်သွေဖယ်နေသည့် ကံကောင်းမှု သို့မဟုတ် ချမ်းသာကြွယ်ဝမှုကို ချီးမြင့်ပေးထားသော်လည်း ပြန်လည်ပေးဆပ်ဖို့ တန်ကြေးတစ်ခု လိုအပ်လေသည်။
ထို့အပြင် ထိုကံကြမ္မာသားတော်များက သူတို့ကံကြမ္မာဝဋ်ကို ပြန်ပေးဆပ်ပြီး သူတို့ကို ထိုအဆင့်အတန်း ပေးအပ်ထားသည့် ကမ္ဘာကြီးအား ကယ်တင်ပြီးသည့်အခါ သူတို့အနာဂတ်အတွက် မြောက်များစွာသော ကံကောင်းမှုများဖြင့် ချီးမြင့်ခံရလိမ့်မည်။ ထို့နောက် သူတို့ဆီမှ ဂုဏ်ပုဒ်ကို ပြန်သိမ်းသွားမည် ဖြစ်၍ ကံကြမ္မာသားတော် ဆိုသည်မှာ အကျိုးမြတ်များစွာနှင့် ယာယီအလုပ်တစ်ခုထက် မပိုပေ။
သို့သော်လည်း ထိုအရာက အမြဲတမ်းအတွက် မဟုတ်ပေ။ တစ်ခါတလေ ကံကြမ္မာသားတော်အဖြစ် ရွေးချယ်ခံရသည့် လူတစ်ယောက်က ကောင်းကင်တာအိုဖြင့် သဘောမတူညီမှုများ ရှိနေသည့်အခါ သူတို့တာဝန် ပြီးမြောက်သွားပြီးနောက် ဂုဏ်ပုဒ် ပြန်လည်ရုတ်သိမ်းခံရသည့်အခါ ဘာမှမကျန်ရှိခဲ့ကြပေ။
ထိုလူများ၏ ကံကြမ္မာက အတော်လေး ဆိုးရွားလေသည်။ သူတို့ လုပ်ချင်တာ လုပ်လို့ရသည်၊ အသက်ဆက်ရှင်ကျန်လိမ့်မည်ဟု အတွေးမျိုးရှိထားကြသည့် လူအများစုက ကာကွယ်ပေးမည့် အားကောင်းကောင်း ချီကံကောင်းမှု မရှိဘဲ သူတို့၏ ဉာဏ်နည်းမှုကြောင့် သေဆုံးခြင်းနှင့်သာ အဆုံးသတ်သွားတတ်သည်။
လူတစ်ယောက်က ကောင်းကင်တာအို၏ အကူအညီမပါဘဲ ကံကြမ္မာသားတော် ဖြစ်လာနိုင်သည် တစ်ခုတည်းသော အကြောင်းအရင်းမှာ ကမ္ဘာကြီးကို အုပ်စိုးပြီး တစ်ကမ္ဘာလုံး၏ ချီကံကောင်းမှုများကို စုဆောင်းဖို့ ဖြစ်သည်။ ထိုအရာကို သိပ်သည်းစေကာ ကိုယ့်ဘာသာ လွှမ်းခြုံစေသည့်အခါမှ မြေကံကောင်းမှုက ကောင်းကင်ကံကောင်းမှုအဖြစ် ပြောင်းလဲသွားလိမ့်မည်။
ဤသည်မှာ စွင်းကျောင်းလုံတစ်ယောက် လူသားကြမ္မာဓားမှတဆင့် ကံကြမ္မာသားတော် ဖြစ်လာပုံလည်း ဖြစ်သည်။
.....................
ယခု ပြိုင်ပွဲကို ပြန်ကြည့်ကြလျှင် ...
တတိယပြိုင်ပွဲ အဆုံးသတ်သွားပြီးနောက် ပြိုင်ပွဲဝင်အားလုံးက ယခင်ပွဲစဉ်များ ကျင်းပခဲ့သည့် လျို့ဝှက်နယ်မြေမှ ထွက်လာကြသည်။ နောက်ဆုံးပွဲစဉ်က ပြိုင်ပွဲဝင်များ တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်ရမည် ဖြစ်ပြီး ကျောင်းတော်၏ ဧရာမ ရုံကြီးအတွင်း ကျင်းပမည် ဖြစ်သည်။
သို့သော်လည်း အရာအားလုံး မစတင်ခင် ကျန်ရှိနေသည့် ပြိုင်ပွဲဝင် အယောက်တစ်ထောင်က အနားယူဖို့ လအနည်းငယ်ခန့် အချိန်ရလေသည်။ ထိုအချိန်အတွင်း သူတို့က သူတို့နေထိုင်ရာ ကျောင်းတော်၏ အဆောက်အဦးအတွင်း နေထိုင်နိုင်သလို ကျောင်းတော်၏ မြို့များ သို့မဟုတ် ပိုင်နက်များထဲ သွားလည်နိုင်သည်။ သို့မဟုတ် သူတို့က သူတို့ဂိုဏ်းဆီလည်း ယာယီ ပြန်သွားနိုင်လေသည်။ အားလုံးက သူတို့ရွေးချယ်မှုအပေါ်သာ မူတည်လေ၏။
ကျောင်းတော်၏ အဆောက်အဦးတစ်ခုအတွင်း ...
အစီအရင်အားလုံးကို အသက်သွင်းလိုက်ပြီးနောက် ဖန်းလီက သူ့ဘာသာ ရေရွတ်လိုက်သည်။
"အားလုံးကလည်း ငါ့ကို စောင့်ရှောက်ပေးနေကြတာဆိုတော့ ကျောင်းတော်ထဲမှာဆို အခုတော့ ဘေးကင်းလိမ့်မယ်။ ပြိုင်ပွဲပြီးသွားရင် ငါ ထိပ်တန်းအယောက် ၃၀ ထဲက နေရာကို ရယူပြီး ကောင်းကင်ကာကွယ်ရေး စာအုပ်ပေါ်မှာ နာမည်ကို ရေးထွင်းမယ်။ အဲလိုဆို ငါ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် မရောက်ခင်အထိ အသတ်မခံရတော့ဘူး။ အဲဆို ငါ နှစ်ထောင်ချီ ဘေးကင်းကင်း နေလို့ရတယ်။
ပြဿနာက ငါ အဲဒီနောက်ကျ ဘာလုပ်ရမလဲဆိုတာပဲ။ ငါ အင်အားစုထဲက တစ်ခုကို ဝင်လိုက်ရမလား ... အဲလိုဆိုရင် ဘယ်ဟာကို ရွေးချယ်ရမလဲ။
သောက်ဧကရာဇ်မျိုးနွယ်တွေ ... ငါ့ဆီမှာ ဘာမှမရှိတုန်းကကျ ငါ့ပါရမီနိမ့်တယ်ဆိုပြီး ဘယ်သူကမှ လက်မခံချင်ကြဘူး။ အခု ငါ့ဘာသာ ဧကရာဇ်ကျမ်း ရှိလာပြီလည်း ဆိုရော ငါက အရသာအရှိဆုံး အသားတုံးကြီး ဖြစ်သွားပြီပေါ့ ...
အဲဒီသောက်ကြောင်သူတော်တွေ ကျစ် ... ငါ တုံးလို့သာ ဖြစ်ရတာ ငါ့ကိုယ်ငါပဲ ကျိန်ဆဲသင့်တယ်။ ငါ့မှာ ယင်ဝိညာဉ်ဧကရာဇ်ရဲ့ အမွေအနှစ် ရှိနေမှန်း ထုတ်ပြမိရင် ဒုက္ခတွေသယ်လာမယ်ဆိုတာလည်း သိသိကြီးနဲ့ လုပ်ခဲ့မိတာ ... သူ့ကျမ်းက သေလူတွေကိုတောင် ပြန်ခေါ်နိုင်တယ်ဆိုပြီး ကောလဟာလတွေ ရှိထားတော့ ပိုဆိုးပြီ "
ထို့နောက် ဖန်းလီက ခပ်သွက်သွက် လျှောက်လိုက်သည်။ သူက အခြေအနေကို တွေးမိလေလေ ပို၍ စိတ်သောကရောက်လာလေလေ ဖြစ်၏။ သူ့နဖူးမှ ချွေးများပင် စီးကျလာသည်။ သဘာဝလွန်အဆင့် ကျင့်ကြံသူများတွင် ထိုသို့ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ ပေါ်မထွက်လာသင့်တော့ပေ။ အထူးသဖြင့် ဧကရာဇ်ကျမ်းကို ကျင့်ကြံထားသူတစ်ဦးအနေနှင့် ဖြစ်၏။
"ငါ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ရောက်တာနဲ့ အသင်္ချေအင်ပါယာကမ္ဘာကနေ တိတ်တဆိတ် ထွက်သွားပြီး ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမတိုင်ခင်အထိ သိုသိုသိပ်သိပ်နေရမလား။ ဒါပေမဲ့ ငါ့လိုမျိုး လေလွှင့်ကျင့်ကြံသူက တခြားအလွှာတွေဆီ သွားနိုင်ဖို့ စွမ်းရည် ဘယ်လိုလုပ်ရှိမှာလဲ။ ဒါမှမဟုတ် လေလွှင့်ကျင့်ကြံသူ အဖွဲ့အစည်းကို ဆက်သွယ်လိုက်ရမလား။ မဖြစ်သေးဘူး ... အဲဒီလူတွေက ဧကရာဇ်မျိုးနွယ် ကြောင်သူတော်တွေနဲ့ အတူတူပဲ။ သူတို့က ငါ့အမွေအနှစ်ကို တောင်းကြလိမ့်မယ်...
တောက် ယင်ဝိညာဉ်ဧကရာဇ် .... ခင်ဗျားက ကျွန်တော်အတွက် တခြားအရင်းအမြစ် မထားခဲ့ရတာလဲ၊ အမွေအနှစ်တစ်ခုတည်းပဲ ထားခဲ့ရတာလဲ။ တခြားသူတွေပေါ် မမှီခိုဘဲနဲ့ ကိုယ့်ဘာသာ အားကိုးဖို့က ဘာသောက်အကြောင်းတွေလဲ။
အဲဒီကောင်းကင်ရွေးချယ်ခံတွေက သူတို့ နောက်ခံကို မမှီခိုဘဲ သူတို့လိုအပ်တဲ့ အရင်းအမြစ်ကို ကိုယ့်ဘာသာ ရှာကြတာ တွေ့ဖူးလို့လား။ သူတို့အားလုံးက ကိုယ့်ဘာသာ အားကိုးတာ မြင်ဖူးလို့လား။
မဟာဧကရာဇ် ဖြစ်လာခဲ့တဲ့ လေလွှင့်ကျင့်ကြံသူတစ်ဦးအနေနဲ့ ခင်ဗျားလည်း ဒီကမ္ဘာထဲမှာ ကျွန်တော်တို့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သိမှာပဲ။ အဲဒါနဲ့များ ကျွန်တော်အတွက် ကျင့်ကြံနိုင်ဖို့ အရင်းအမြစ်များများ ဘာလို့မချန်ထားခဲ့ရတာလဲ"
ဖန်းလီက ဆံပင်များဆွဲကာ အော်ဟစ်နေသည်။ သူက ရှေ့နောက်လျှောက်နေသောကြောင့် ခြေသံများလည်း ပဲ့တင်ထွက်နေသည်။
ငါ ဘာလုပ်ရမလဲ ... ဘာလုပ်ရမလဲ ...
သူက မှော်ဆန်ဆန် အဖြေ ပေါ်လာမည်ကို စောင့်ဆိုင်းနေသည့်အလား သူ့ဘာသာ မနားတမ်း ရေရွတ်နေသည်။
ကောင်းပြီ ...
" မင်းရဲ့ကျမ်းကို လက်လွဲပေးမလား ဒါမှမဟုတ် မင်းရဲ့ အလောင်းကနေ ငါ့ဘာသာ ယူရမလား" အေးစက်စက် အသံတစ်သံက တင်းတင်းကျပ်ကျပ် ကာကွယ်ထားသည့် အခန်းအတွင်း ထွက်ပေါ်လာသည်။
*******
ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၁၈)
မူရင္းေရးသားသူ - lazySageDao
ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)
အခန္း(၂၄၁) : စိတ္ေသာက
ထိုအားေကာင္းသည့္ မ်ိဳးႏြယ္မ်ားက ထိုအျဖစ္ဆိုး ျဖစ္လာခြင့္ျပဳၾကမည္ မဟုတ္သည္မွာ အသိသာႀကီး ျဖစ္၏။ ထို႔ေၾကာင့္ သူတို႔က ၿငိမ္းခ်မ္းသည့္ သဘာဝရွိေသာ္လည္း လူသားမ်ိဳးႏြယ္ကို သုတ္သင္ကာ သူတို႔ျမင့္တက္လာမႈကို တားဆီးဖို႔ ဆုံးျဖတ္ခဲ့ၾကသည္။
ယခု လူသားမ်ိဳးႏြယ္က ဆက္လက္ရွင္က်န္ေနၿပီး လက္က်န္ ကမာၻဦးနတ္ဘုရာမ်ားႏွင့္ ပင္ကိုနတ္ဆိုးမ်ားကို တားျမစ္နယ္ေျမတခ်ိဳ႕မွအပ အသေခ်ၤအင္ပါယာကမာၻအတြင္း မေတြ႕ရသည့္ အခ်က္အရ သူတို႔ႀကိဳးပမ္းမႈ မေအာင္ျမင္ခဲ့ေၾကာင္း ထင္ရွားေနသည္။
အမွန္တကယ္ ဘာျဖစ္ခဲ့သည္ကိုေတာ့ ဝမ္ေဝ့က အနာဂတ္မွာ သူကိုယ္တိုင္ ရွာၾကည့္မည့္ အရာ ျဖစ္လာလိမ့္မည္။
............
လက္ရွိကို ျပန္ေျပာၾကလွ်င္ ...
ပင္ကိုရတနာမ်ားက ကမာၻဦးေခတ္ကာလမွ မိုးေျမၾကား ဟြင္သြမ္းခ်ီႏွင့္ ပင္ကိုခ်ီႏွစ္မ်ိဳးလုံးျဖင့္ သန႔္စင္ခံရ၍ ေမြးဖြားလာေသာ ရတနာမ်ား ျဖစ္ေလသည္။ တခ်ိဳ႕သာ ကမာၻႀကီးထဲ က်န္ရွိေတာ့ၿပီး ေရွးေဟာင္းဧကရာဇ္ေခတ္ကာလကတည္းက တည္ရွိခဲ့သည့္ အလြန္ေရွးက်သည့္ ဂိုဏ္းတခ်ိဳ႕ကသာ ထိန္းသိမ္းထားႏိုင္သည္။
ဝမ္ေဝ့အတြက္မူ သူ႔အသည္းကို မြမ္းမံျပဳျပင္ေပးႏိုင္ဖို႔ အသက္ဓာတ္ ပမာဏေျမာက္မ်ားစြာ ပါဝင္ေနသည့္ သစ္သားဓာတ္ ပင္ကိုရတနာကို အသုံးျပဳခဲ့သည္။ တကယ္ေတာ့ ထိုအတြင္းရွိ အသက္ဓာတ္က ေသခါနီး မဟာဧကရာဇ္ကိုပင္ ျပန္လည္ကုစားေပးႏိုင္ဖို႔ လုံေလာက္ေပသည္။
ထို႔အျပင္ ထိုပစၥည္းက သူ႔အား ေနာက္ထပ္ ေလ့က်င့္မည့္ အစိတ္အပိုင္းျဖစ္သည့္ ေသြးကို ကူညီေပးလိမ့္မည္။
သူက သူ႔ေက်ာက္ကပ္ကို မြမ္းမံသန႔္စင္ရန္အတြက္ ကံၾကမၼာဝဋ္ေဆးေၾကာေရး ေရစင္ တစ္စက္ကို အသုံးျပဳခဲ့သည္။ မွတ္တမ္းမ်ားအရ ထိုေရစင္သည္ လူတစ္ေယာက္၏ ကံၾကမၼာဝဋ္ကို ေဆးေၾကာေပးႏိုင္စြမ္း ရွိ၏။ သို႔ေသာ္လည္း ကမာၻထဲ ထိုပစၥည္းက်န္ရွိမႈ ရွားပါးလြန္းသည့္အတြက္ ထိုေကာလဟာလကို အတည္မျပဳႏိုင္ခဲ့ေပ။
ထိုမဟုတ္လွ်င္ အင္အားစုအမ်ားစုက ထိုပင္ကိုရတနာကို ယုတၱိမတန္လြန္းသည္ဟု ျမင္ၾကလိမ့္မည္။ ထိုအရာျဖင့္ သူတို႔၏ ကံၾကမၼာဝဋ္ကို ေဆးေၾကာဖို႔ မဟာဧကရာဇ္၏ အကူအညီ မလိုအပ္ေတာ့ေပ။ သူတို႔တပည့္မ်ားကလည္း က်ရႈံးမႈတစ္ခုအၿပီး ေနာက္ထပ္ ေကာင္းကင္အလိုဆႏၵ တိုက္ပြဲအတြက္ ျပန္လည္တိုက္ခိုက္ႏိုင္ရန္ သူတို႔ဘာသာ စည္းပိတ္ကာ ေနဖို႔ မလိုေတာ့ေပ။
ထိုပင္ကိုရတနာႏွစ္ခုက တာအိုအခြင့္အလမ္းဂိုဏ္းက ဓာတ္ငါးပါးႏွင့္ ပတ္သက္လာသည့္အခါ ပိုင္ဆိုင္မႈထဲ ရွိထားသည့္အရာမ်ား ျဖစ္ေလသည္။ ဝမ္ေဝ့ အသုံးျပဳထားသည့္ တတိယပစၥည္းမွာ မဟာက်ိဳးေတာ္ဝင္တိုင္းျပည္က က်ီစုန႔္ကို ေမွ်ာ္နန္းေဆာင္ စစ္ေဆးမႈထဲ ဝင္ခြင့္ရဖို႔ ကမ္းလွမ္းထားသည့္ အရာ ျဖစ္၏။
ထိုအရာကို အျမစ္သတၱဳဟူ၍ ေခၚဆိုၿပီး နာမည္အတိုင္း က်င့္ႀကံသူအားလုံး မွတ္ယူထားၾကေသာ ခ်ီက သတၱဳဓာတ္၏ ဇစ္ျမစ္ ျဖစ္ေလသည္။
ဝမ္ေဝ့က ထိုပစၥည္းကို လက္ခံရရွိၿပီးေနာက္ သူ႔အေဖ၏ အားက်ေနသည့္ အမူအရာကို မွတ္မိေနေသးသည္။ အေၾကာင္းအရင္းက ထိုပင္ကိုရတနာသည္ ဓားေကာင္းတစ္လက္ ဖန္တီးဖို႔ အၿပီးျပည့္စုံဆုံး သတၱဳျဖစ္ေန၍ ျဖစ္သည္။ သူ႔ေျပာစကားအရ ထိုပစၥည္းက ဓားသမားတိုင္း၏ အိပ္မက္ပစၥည္း ျဖစ္ေလသည္။
ဝမ္ထ်န္းက ထိုပစၥည္းကို တိတ္တဆိတ္ သိမ္းဆည္းမထားဘဲ သူ႔သားကို ထုတ္ေျပာဖို႔ရာ အင္မတန္ ႀကိဳးစားအားထုတ္ခဲ့ရသည္။
သူ လိုအပ္ေနသည့္ ပစၥည္းႏွစ္မ်ိဳးကိုေတာ့ သူ႔ဘာသာ ရွာေဖြရမည္ ျဖစ္သည္။ သို႔ေသာ္လည္း သူက မရွာေဖြရေသးသည့္ လ်ိဳ႕ဝွက္နယ္ေျမမ်ားထဲ၌ ပင္ကိုရတနာတခ်ိဳ႕ က်န္ရွိေနေသးေၾကာင္း သိ၍ ရွာမေတြ႕မည္ကို စိတ္မပူေပ။
သူ႔စြမ္းရည္ကို ကံၾကမၼာသားေတာ္ ျဖစ္လာဖို႔ အသက္သြင္းလိုက္သေ႐ြ႕ ေျမဓာတ္ႏွင့္ မီးဓာတ္ ဆက္ႏြယ္ေနေသာ ပင္ကိုရတနာႏွစ္မ်ိဳးကို ေတြ႕လာလိမ့္မည္ဟု ယုံၾကည္ထားသည္။ သို႔ေသာ္လည္း သူက ထိုစြမ္းရည္ကို အသုံးမျပဳလိုေပ။
သူ႔သိထားသေလာက္ ကံၾကမၼာသားေတာ္မ်ားသည္ ကမာၻ၏ စိတ္ဆႏၵ သို႔မဟုတ္ အတိအက်ဆိုရလွ်င္ ေကာင္းကင္တာအိုမွ ခ်ီးျမင့္ထားျခင္းသာ ျဖစ္၏။ အေၾကာင္းအရင္းက ကမာၻတြင္ အႏၲရာယ္ရင္ဆိုင္ရသည့္အခါ ေကာင္းကင္တာအိုက ကမာၻကို ကယ္တင္ေပးဖို႔ တစ္ေယာက္ေယာက္ လိုအပ္ခဲ့၍ ျဖစ္သည္။
မိုးေျမ စည္းမ်ဥ္းမ်ားက အႂကြင္းမဲ့ မွ်တေလသည္။ ထို႔ေၾကာင့္ ကံၾကမၼာသားေတာ္ အပါအဝင္ မည္သူကမွ ကံၾကမၼာခ်ဳပ္ေႏွာင္ျခင္းမွ မလြတ္ေျမာက္ႏိုင္ေပ။ ကံၾကမၼာသားေတာ္ ဟူေသာ သူတို႔ဂုဏ္ပုဒ္က ေကာင္းကင္ေသြဖယ္ေနသည့္ ကံေကာင္းမႈ သို႔မဟုတ္ ခ်မ္းသာႂကြယ္ဝမႈကို ခ်ီးျမင့္ေပးထားေသာ္လည္း ျပန္လည္ေပးဆပ္ဖို႔ တန္ေၾကးတစ္ခု လိုအပ္ေလသည္။
ထို႔အျပင္ ထိုကံၾကမၼာသားေတာ္မ်ားက သူတို႔ကံၾကမၼာဝဋ္ကို ျပန္ေပးဆပ္ၿပီး သူတို႔ကို ထိုအဆင့္အတန္း ေပးအပ္ထားသည့္ ကမာၻႀကီးအား ကယ္တင္ၿပီးသည့္အခါ သူတို႔အနာဂတ္အတြက္ ေျမာက္မ်ားစြာေသာ ကံေကာင္းမႈမ်ားျဖင့္ ခ်ီးျမင့္ခံရလိမ့္မည္။ ထို႔ေနာက္ သူတို႔ဆီမွ ဂုဏ္ပုဒ္ကို ျပန္သိမ္းသြားမည္ ျဖစ္၍ ကံၾကမၼာသားေတာ္ ဆိုသည္မွာ အက်ိဳးျမတ္မ်ားစြာႏွင့္ ယာယီအလုပ္တစ္ခုထက္ မပိုေပ။
သို႔ေသာ္လည္း ထိုအရာက အၿမဲတမ္းအတြက္ မဟုတ္ေပ။ တစ္ခါတေလ ကံၾကမၼာသားေတာ္အျဖစ္ ေ႐ြးခ်ယ္ခံရသည့္ လူတစ္ေယာက္က ေကာင္းကင္တာအိုျဖင့္ သေဘာမတူညီမႈမ်ား ရွိေနသည့္အခါ သူတို႔တာဝန္ ၿပီးေျမာက္သြားၿပီးေနာက္ ဂုဏ္ပုဒ္ ျပန္လည္႐ုတ္သိမ္းခံရသည့္အခါ ဘာမွမက်န္ရွိခဲ့ၾကေပ။
ထိုလူမ်ား၏ ကံၾကမၼာက အေတာ္ေလး ဆိုး႐ြားေလသည္။ သူတို႔ လုပ္ခ်င္တာ လုပ္လို႔ရသည္၊ အသက္ဆက္ရွင္က်န္လိမ့္မည္ဟု အေတြးမ်ိဳးရွိထားၾကသည့္ လူအမ်ားစုက ကာကြယ္ေပးမည့္ အားေကာင္းေကာင္း ခ်ီကံေကာင္းမႈ မရွိဘဲ သူတို႔၏ ဉာဏ္နည္းမႈေၾကာင့္ ေသဆုံးျခင္းႏွင့္သာ အဆုံးသတ္သြားတတ္သည္။
လူတစ္ေယာက္က ေကာင္းကင္တာအို၏ အကူအညီမပါဘဲ ကံၾကမၼာသားေတာ္ ျဖစ္လာႏိုင္သည္ တစ္ခုတည္းေသာ အေၾကာင္းအရင္းမွာ ကမာၻႀကီးကို အုပ္စိုးၿပီး တစ္ကမာၻလုံး၏ ခ်ီကံေကာင္းမႈမ်ားကို စုေဆာင္းဖို႔ ျဖစ္သည္။ ထိုအရာကို သိပ္သည္းေစကာ ကိုယ့္ဘာသာ လႊမ္းၿခဳံေစသည့္အခါမွ ေျမကံေကာင္းမႈက ေကာင္းကင္ကံေကာင္းမႈအျဖစ္ ေျပာင္းလဲသြားလိမ့္မည္။
ဤသည္မွာ စြင္းေက်ာင္းလုံတစ္ေယာက္ လူသားၾကမၼာဓားမွတဆင့္ ကံၾကမၼာသားေတာ္ ျဖစ္လာပုံလည္း ျဖစ္သည္။
.....................
ယခု ၿပိဳင္ပြဲကို ျပန္ၾကည့္ၾကလွ်င္ ...
တတိယၿပိဳင္ပြဲ အဆုံးသတ္သြားၿပီးေနာက္ ၿပိဳင္ပြဲဝင္အားလုံးက ယခင္ပြဲစဥ္မ်ား က်င္းပခဲ့သည့္ လ်ိဳ႕ဝွက္နယ္ေျမမွ ထြက္လာၾကသည္။ ေနာက္ဆုံးပြဲစဥ္က ၿပိဳင္ပြဲဝင္မ်ား တစ္ေယာက္ခ်င္း ရင္ဆိုင္တိုက္ခိုက္ရမည္ ျဖစ္ၿပီး ေက်ာင္းေတာ္၏ ဧရာမ ႐ုံႀကီးအတြင္း က်င္းပမည္ ျဖစ္သည္။
သို႔ေသာ္လည္း အရာအားလုံး မစတင္ခင္ က်န္ရွိေနသည့္ ၿပိဳင္ပြဲဝင္ အေယာက္တစ္ေထာင္က အနားယူဖို႔ လအနည္းငယ္ခန႔္ အခ်ိန္ရေလသည္။ ထိုအခ်ိန္အတြင္း သူတို႔က သူတို႔ေနထိုင္ရာ ေက်ာင္းေတာ္၏ အေဆာက္အဦးအတြင္း ေနထိုင္ႏိုင္သလို ေက်ာင္းေတာ္၏ ၿမိဳ႕မ်ား သို႔မဟုတ္ ပိုင္နက္မ်ားထဲ သြားလည္ႏိုင္သည္။ သို႔မဟုတ္ သူတို႔က သူတို႔ဂိုဏ္းဆီလည္း ယာယီ ျပန္သြားႏိုင္ေလသည္။ အားလုံးက သူတို႔ေ႐ြးခ်ယ္မႈအေပၚသာ မူတည္ေလ၏။
ေက်ာင္းေတာ္၏ အေဆာက္အဦးတစ္ခုအတြင္း ...
အစီအရင္အားလုံးကို အသက္သြင္းလိုက္ၿပီးေနာက္ ဖန္းလီက သူ႔ဘာသာ ေရ႐ြတ္လိုက္သည္။
"အားလုံးကလည္း ငါ့ကို ေစာင့္ေရွာက္ေပးေနၾကတာဆိုေတာ့ ေက်ာင္းေတာ္ထဲမွာဆို အခုေတာ့ ေဘးကင္းလိမ့္မယ္။ ၿပိဳင္ပြဲၿပီးသြားရင္ ငါ ထိပ္တန္းအေယာက္ ၃၀ ထဲက ေနရာကို ရယူၿပီး ေကာင္းကင္ကာကြယ္ေရး စာအုပ္ေပၚမွာ နာမည္ကို ေရးထြင္းမယ္။ အဲလိုဆို ငါ ကမာၻဦးစိတ္ဝိညာဥ္အဆင့္ မေရာက္ခင္အထိ အသတ္မခံရေတာ့ဘူး။ အဲဆို ငါ ႏွစ္ေထာင္ခ်ီ ေဘးကင္းကင္း ေနလို႔ရတယ္။
ျပႆနာက ငါ အဲဒီေနာက္က် ဘာလုပ္ရမလဲဆိုတာပဲ။ ငါ အင္အားစုထဲက တစ္ခုကို ဝင္လိုက္ရမလား ... အဲလိုဆိုရင္ ဘယ္ဟာကို ေ႐ြးခ်ယ္ရမလဲ။
ေသာက္ဧကရာဇ္မ်ိဳးႏြယ္ေတြ ... ငါ့ဆီမွာ ဘာမွမရွိတုန္းကက် ငါ့ပါရမီနိမ့္တယ္ဆိုၿပီး ဘယ္သူကမွ လက္မခံခ်င္ၾကဘူး။ အခု ငါ့ဘာသာ ဧကရာဇ္က်မ္း ရွိလာၿပီလည္း ဆိုေရာ ငါက အရသာအရွိဆုံး အသားတုံးႀကီး ျဖစ္သြားၿပီေပါ့ ...
အဲဒီေသာက္ေၾကာင္သူေတာ္ေတြ က်စ္ ... ငါ တုံးလို႔သာ ျဖစ္ရတာ ငါ့ကိုယ္ငါပဲ က်ိန္ဆဲသင့္တယ္။ ငါ့မွာ ယင္ဝိညာဥ္ဧကရာဇ္ရဲ႕ အေမြအႏွစ္ ရွိေနမွန္း ထုတ္ျပမိရင္ ဒုကၡေတြသယ္လာမယ္ဆိုတာလည္း သိသိႀကီးနဲ႔ လုပ္ခဲ့မိတာ ... သူ႔က်မ္းက ေသလူေတြကိုေတာင္ ျပန္ေခၚႏိုင္တယ္ဆိုၿပီး ေကာလဟာလေတြ ရွိထားေတာ့ ပိုဆိုးၿပီ "
ထို႔ေနာက္ ဖန္းလီက ခပ္သြက္သြက္ ေလွ်ာက္လိုက္သည္။ သူက အေျခအေနကို ေတြးမိေလေလ ပို၍ စိတ္ေသာကေရာက္လာေလေလ ျဖစ္၏။ သူ႔နဖူးမွ ေခြၽးမ်ားပင္ စီးက်လာသည္။ သဘာဝလြန္အဆင့္ က်င့္ႀကံသူမ်ားတြင္ ထိုသို႔ ႐ုပ္ပိုင္းဆိုင္ရာ လုပ္ေဆာင္ခ်က္မ်ား ေပၚမထြက္လာသင့္ေတာ့ေပ။ အထူးသျဖင့္ ဧကရာဇ္က်မ္းကို က်င့္ႀကံထားသူတစ္ဦးအေနႏွင့္ ျဖစ္၏။
"ငါ ကမာၻဦးစိတ္ဝိညာဥ္အဆင့္ ေရာက္တာနဲ႔ အသေခ်ၤအင္ပါယာကမာၻကေန တိတ္တဆိတ္ ထြက္သြားၿပီး ေကာင္းကင္အလိုဆႏၵ တိုက္ပြဲမတိုင္ခင္အထိ သိုသိုသိပ္သိပ္ေနရမလား။ ဒါေပမဲ့ ငါ့လိုမ်ိဳး ေလလႊင့္က်င့္ႀကံသူက တျခားအလႊာေတြဆီ သြားႏိုင္ဖို႔ စြမ္းရည္ ဘယ္လိုလုပ္ရွိမွာလဲ။ ဒါမွမဟုတ္ ေလလႊင့္က်င့္ႀကံသူ အဖြဲ႕အစည္းကို ဆက္သြယ္လိုက္ရမလား။ မျဖစ္ေသးဘူး ... အဲဒီလူေတြက ဧကရာဇ္မ်ိဳးႏြယ္ ေၾကာင္သူေတာ္ေတြနဲ႔ အတူတူပဲ။ သူတို႔က ငါ့အေမြအႏွစ္ကို ေတာင္းၾကလိမ့္မယ္...
ေတာက္ ယင္ဝိညာဥ္ဧကရာဇ္ .... ခင္ဗ်ားက ကြၽန္ေတာ္အတြက္ တျခားအရင္းအျမစ္ မထားခဲ့ရတာလဲ၊ အေမြအႏွစ္တစ္ခုတည္းပဲ ထားခဲ့ရတာလဲ။ တျခားသူေတြေပၚ မမွီခိုဘဲနဲ႔ ကိုယ့္ဘာသာ အားကိုးဖို႔က ဘာေသာက္အေၾကာင္းေတြလဲ။
အဲဒီေကာင္းကင္ေ႐ြးခ်ယ္ခံေတြက သူတို႔ ေနာက္ခံကို မမွီခိုဘဲ သူတို႔လိုအပ္တဲ့ အရင္းအျမစ္ကို ကိုယ့္ဘာသာ ရွာၾကတာ ေတြ႕ဖူးလို႔လား။ သူတို႔အားလုံးက ကိုယ့္ဘာသာ အားကိုးတာ ျမင္ဖူးလို႔လား။
မဟာဧကရာဇ္ ျဖစ္လာခဲ့တဲ့ ေလလႊင့္က်င့္ႀကံသူတစ္ဦးအေနနဲ႔ ခင္ဗ်ားလည္း ဒီကမာၻထဲမွာ ကြၽန္ေတာ္တို႔ ႀကဳံေတြ႕ရတဲ့ အခက္အခဲေတြကို သိမွာပဲ။ အဲဒါနဲ႔မ်ား ကြၽန္ေတာ္အတြက္ က်င့္ႀကံႏိုင္ဖို႔ အရင္းအျမစ္မ်ားမ်ား ဘာလို႔မခ်န္ထားခဲ့ရတာလဲ"
ဖန္းလီက ဆံပင္မ်ားဆြဲကာ ေအာ္ဟစ္ေနသည္။ သူက ေရွ႕ေနာက္ေလွ်ာက္ေနေသာေၾကာင့္ ေျခသံမ်ားလည္း ပဲ့တင္ထြက္ေနသည္။
ငါ ဘာလုပ္ရမလဲ ... ဘာလုပ္ရမလဲ ...
သူက ေမွာ္ဆန္ဆန္ အေျဖ ေပၚလာမည္ကို ေစာင့္ဆိုင္းေနသည့္အလား သူ႔ဘာသာ မနားတမ္း ေရ႐ြတ္ေနသည္။
ေကာင္းၿပီ ...
" မင္းရဲ႕က်မ္းကို လက္လြဲေပးမလား ဒါမွမဟုတ္ မင္းရဲ႕ အေလာင္းကေန ငါ့ဘာသာ ယူရမလား" ေအးစက္စက္ အသံတစ္သံက တင္းတင္းက်ပ္က်ပ္ ကာကြယ္ထားသည့္ အခန္းအတြင္း ထြက္ေပၚလာသည္။