ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏...

By kilulayuu121

28K 3.1K 487

sequel of book 1 More

အခန်း(201)
အခန်း(202)
အခန်း(203)
အခန်း(204)
အခန်း(205)
အခန်း(206)
အခန်း(207)
အခန်း(208)
အခန်း(209.1)
အခန်း(209.2)
အခန်း(209)
အခန်း(210)
အခန်း(211)
အခန်း(212)
အခန်း(213)
အခန်း(214)
အခန်း(215)
အခန်း(216)
အခန်း(217)
အခန်း(218)
အခန်း(219)
အခန်း(219)
အခန်း(220)
အခန်း(221)
အခန်း(222)
အခန်း(223)
အခန်း(224)
အခန်း(225)
အခန်း(226)
အခန်း(၂၂၇)
အခန်း(228)
အခန်း(229)
အခန်း(230)
အခန်း(231)
အခန်း(232)
အခန်း(233)
အခန်း(235)
အခန်း(236)
အခန်း(237)
အခန်း(238)
အခန်း(239)
အခန်း(240)
အခန်း(241)
အခန်း(၂၄၂)
အခန်း(243)
အခန်း(244)
အခန်း(245)
အခန်း(246)
အခန်း(247)
အခန်း(248)
အခန်း(249)
အခန်း(250)
အခန်း(251)
အခန်း(252)
အခန်း(၂၅၃)
အခန်း(၂၅၄)
အခန်းူ(255)
အခန်း(256)
အခန်း(257)
အခန်း(258)
အခန်း(259)
အခန်း(260)
အခန်း(261)
အခန်း(262)
အခန်း(၂၆၃)
အခန်း(၂၆၄)
အခန်း(၂၆၅)
အခန်း(၂၆၆)
အခန်း(၂၆၇)
အခန်း(၂၆၈)
အခန်း(၂၆၉)
အခန်း(၂၇၀)
အခန်း(၂၇၁)
အခန်း(၂၇၂)
အခန်း(၂၇၃)
အခန်း(၂၇၄)
အခန်း(၂၇၅)
အခန်း(၂၇၆)
အခန်း(၂၇၇)
အခန်း(၂၇၈)
အခန်း(၂၇၉)
အခန်း(၂၈၀)
အခန်း(၂၈၁)
အခန်း(၂၈၂)
အခန်း(၂၈၃)
အခန်း(၂၈၄)
အခန်း(၂၈၅)
အခန်း(၂၈၆)
အခန်း(၂၈၇)
အခန်း(၂၈၈)
အခန်း(၂၈၉)
အခန်း(၂၉၀)
အခန်း(၂၉၁)
အခန်း(၂၉၂)
အခန်း(၂၉၃)
အခန်း(၂၉၄)
အခန်း(၂၉၅)
အခန်း(၂၉၆)
အခန်း(၂၉၇)
အခန်း(၂၉၈)
အခန်း(၂၉၉)
အခန်း(၃၀၀)
အခန်း(၃၀၁)
အခန်း(၃၀၂)
အခန်း(၃၀၃)
အခန်း(၃၀၄)
အခန်း(၃၀၅)
အခန်း(၃၀၆)
အခန်း(၃၀၇)
အခန်း(၃၀၈)
အခန်း(၃၀၉)
အခန်း(၃၁၀)
အခန်း(၃၁၁)
အခန်း(၃၁၂)
အခန်း(၃၁၃)
အခန်း(၃၁၄)
အခန်း(၃၁၅)
အခန်း(၃၁၆)
အခန်း(၃၁၇)
အခန်း(၃၁၈)
အခန်း(၃၁၉)
အခန်း(၃၂၀)
အခန်း(၃၂၁)
အခန်း(၃၂၂) Book 23 End
အခန်း(၃၂၃)
အခန်း(၃၂၄)
အခန်း(၃၂၅)
အခန်း(၃၂၆)
အခန်း(၃၂၇)
အခန်း(၃၂၈)
အခန်း(၃၂၉)
အခန်း(၃၃၀)
အခန်း(၃၃၁)
အခန်း(၃၃၂)
အခန်း(၃၃၃)
အခန်း(၃၃၄)
အခန်း(၃၃၅)
အခန်း(၃၃၆) End of book 24
အခန်း(၃၃၇)
အခန်း(၃၃၈)
အခန်း(၃၃၉)
အခန်း(၃၄၀)
အခန်း(၃၄၁)
အခန်း(၃၄၂)
အခန်း(၃၄၃)
အခန်း(၃၄၄)
အခန်း(၃၄၅)
အခန်း(၃၄၆)
အခန်း(၃၄၇)
အခန်း(၃၄၈)
အခန်း(၃၄၉)
အခန်း(၃၅၀)
အခန်း(၃၅၁)
အခန်း(၃၅၂)
အခန်း(၃၅၃)
အခန်း(၃၅၄)
အခန်း(၃၅၅)
အခန်း(၃၅၆)
အခန်း(၃၅၇)
အခန်း(၃၅၈)
အခန်း(၃၅၉)
အခန်း(၃၆၀)
အခန်း(၃၆၁)
အခန်း(၃၆၂)
အခန်း(၃၆၃)
အခန်း(၃၆၄)
အခန်း(၃၆၅)
အခန်း(၃၆၆)
အခန်း(၃၆၇)
အခန်း(၃၆၈)
အခန်း(၃၆၉)
အခန်း(၃၇၀)
အခန်း(၃၇၁)
အခန်း(၃၇၂)
အခန်း(၃၇၃)
အခန်း(၃၇၄)
အခန်း(၃၇၅)
အခန်း(၃၇၆)
အခန်း(၃၇၇)
အခန်း(၃၇၈) book 27 end
အခန်း(၃၇၉)
အခန်း(၃၈၀)
အခန်း(၃၈၁)
အခန်း(၃၈၂)
အခန်း(၃၈၃)
အခန်း(၃၈၄)
အခန်း(၃၈၅)
အခန်း(၃၈၆)
အခန်း(၃၈၇)
အခန်း(၃၈၈)
အခန်း(၃၈၉)
အခန်း(၃၉၀)
အခန်း(၃၉၁)
အခန်း(၃၉၂)
အခန်း(၃၉၃)
အခန်း(၃၉၄)
အခန်း(၃၉၅)
အခန်း(၃၉၆)
အခန်း(၃၉၇)

အခန်း(234)

174 25 3
By kilulayuu121


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၇)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၃၄) : လျို့ဝှက် ပူးပေါင်းကြံစည်သူ

"ကျောင်းအုပ် အဲလိုလုပ်လို့ မဖြစ်ဘူး" ဆရာတစ်ယောက်က ပြောလိုက်သည်။ ဤတစ်ကြိမ် လူများစွာက သူနှင့် သဘောထားတူကြသည်။

" မိစ္ဆာနတ်ဘုရားအရိုးက လင်းဖန်အတွက် ခန္ဓာကိုယ် လေ့ကျင့်ဖို့ သိမ်းထားတာလေ။ အဲဒါမရှိရင် သူ့ဟွင်သွမ်းရုပ်ခန္ဓာနဲ့ဆိုရင်တောင် သူ့ခန္ဓာကိုယ်က ဝမ်ဝေ့တို့နဲ့ ယှဉ်နိုင်ဦးမှာ မဟုတ်ဘူး" နောက်တစ်ယောက်လည်း ဝင်ပြောလိုက်သည်။

"မင်းတို့ ပြောတာ နားလည်တယ်" ပိုင်ဟန်က တည်ငြိမ်စွာ ပြောလိုက်သည် "ဒါပေမဲ့ ငါတို့အားလုံး ဝမ်ဝေ့ကို တာအိုကျောက်ပြား လျို့ဝှက်နယ်မြေထဲ ဝင်ခွင့်မရအောင် မတားဆီးနိုင်ရင် သူ့ပါရမီနဲ့ သူ့ကံကြမ္မာရုပ်သေးဆရာ ရုပ်ခန္ဓာအတွက် ပြီးပြည့်စုံပြီး အားကောင်းတဲ့ ကျင့်စဉ်တစ်ခု ဖန်တီးနိုင်မှာ ကျိန်းသေပေါက်ပဲ။

အဲဒီအခါ သူက ဘယ်လောက်တောင် အားကောင်းလာလိုက်မလဲ။ လင်းဖန်က မိစ္ဆာနတ်ဘုရားအရိုး ရှိရင်တောင် သူနဲ့ ကွာဟချက်ပမာဏ နည်းနည်းပဲ ချုံ့နိုင်လိမ့်မယ်။ အဲဒါကြောင့် ငါတို့အတွက် အကောင်းဆုံးဖြေရှင်းနည်းက သူ့ကို တခြားကောင်းကင်ရွေးချယ်ခံတွေထက် ကျောသွားတာကို တားဆီးဖို့ပဲ"

အခန်းက လုံးဝ ဆိတ်ငြိမ်သွားလေသည်။ သူ့စကားများက အကျိုးအကြောင်းသင့်သော်လည်း လူများစွာက ပိုအားကောင်းသည့် ပြိုင်ဘက်၏ အရေးသာမှုကို တားဆီးနိုင်ရန်အတွက် အဖိုးတန်အရင်းအမြစ်ကို သူတို့ပြိုင်ဘက်ထဲက တစ်ယောက်ဆီ ပေးပစ်လိုက်မည့် အချက်ကို လက်မခံနိုင်ကြပေ။

"ဒါက ရူးတာပဲ" ဆရာတစ်ယောက်က အော်ပြောလိုက်သည်။ ထို့နောက် သူက ထရပ်ကာ အခန်းထဲမှ ထွက်သွားလေ၏။ လူတချို့ကလည်း ထိုသဘောထားရှိကြပြီး ထွက်သွားကြလေသည်။

ပိုင်ဟန်က ထွက်သွားသည့်လူများကို အေးစက်စက်သာ ကြည့်နေလိုက်သည်။ သူက ကျန်ရှိနေသည့်လူများကို တည်ငြိမ်စွာ ပြောလိုက်သည်။

" အခြေအနေက အဲဒီလူတွေ တွေးနေသလောက် မဆိုးဘူး။ မိစ္ဆာနတ်ဘုရားအရိုး ဘယ်လောက်အားကောင်းကောင်း ကျီစုန့်အတွက် ပုံပေါ်လာအောင် သန့်စင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ... အနည်းဆုံးတော့ သူ့လက်ရှိခွန်အားနဲ့ မလုံလောက်ဘူး။ အဲဒါကြောင့် အကောင်းဆုံးရလဒ်က သူ့အနေနဲ့ သူ့အရိုးထဲက တစ်ခုကို မိစ္ဆာနတ်ဘုရားအရိုးနဲ့ အစားထိုးပြီး ပေါင်းစပ်ပစ်လိုက်ဖို့ပဲ ရှိတယ်။ လင်းဖန်သာ နောင်မှာ သူ့ကို အနိုင်ပိုင်းနိုင်သရွေ့ သူ့အတွက်သူ ပြန်ယူနိုင်တယ်လေ"

နည်းလမ်းကောင်းပဲ ...

ကျန်ရှိနေသည့် ဆရာများက တွေးမိလိုက်ကြသည်။ ကျီစုန့်က အလွယ်တကူ ရန်စလို့ရသည့် လူစားမျိုး ဖြစ်လေသည်။ လင်းဖန်သာ ဝမ်ဝေ့လိုမျိုး နည်းလမ်းတူ အသုံးပြုနိုင်သရွေ့ အရိုးကို လောင်းကြေးအဖြစ် ထားကာ ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည်။

ဉာဏ်ပညာကြီးမားသည့် ဆရာတချို့က ကိစ္စများက ထိုသို့မရိုးရှင်းကြောင်း သိနေကြသည်။ သို့သော်လည်း သူတို့က ဘာမှမပြောကြပေ။ အနာဂတ်ကသာ ဘယ်သူမှန်ပြီး ဘယ်သူမှားနေကြောင်း ပြောပြသွားလိမ့်မည်။

.................

တာအိုအခွင့်အလမ်းဂိုဏ်း၊ ထျန်းဝေတောင်ထိပ်၊ လျို့ဝှက်အခန်းအတွင်း

ဂိုဏ်းချုပ်ဝမ်ထျန်းက အစီအရင်ရှေ့တွင် တင်ပျဉ််ခွေထိုင်နေသည်။ ထိုအစီအရင်အတွင်း လူများစွာ တင်ပျဉ်ခွေ ထိုင်ထားသည်ကို ပြသထားလေသည်။ ထိုလူများက မိန်းမငယ်လေးမှ အသက်ကြီးကြီး အမျိုးသမီးအထိ၊ လူလတ်အရွယ် အမျိုးသား၊ အသက်နှစ်ဆယ်လောက် လူငယ်အမျိုးသားမှ သေခါနီးပုံပေါက်နေသည့် လူအိုကြီးများအထိ အကုန်ပါကြသည်။

မည်သို့ပင်ဆိုစေကာမူ ထိုလူများ၏ သွင်ပြင်က မည်မျှကွဲပြားနေစေကာမူ တကယ်တမ်း တစ်မျိုးဆက်တည်းမှ ဖြစ်ကြပြီး အသက်အတူတူ ဖြစ်ကြလေသည်။

သို့သော်လည်း ထိုလူများ၏ ရုပ်ရည်သွင်ပြင်က တကယ်တမ်း အရေးမကြီးပေ။ သူတို့၏ အဆင့်အတန်း သို့မဟုတ် အနေအထားကသာ အရေးပါ၏။

ထိုအစည်းအဝေးအတွင်း တောင်ပိုင်း မီးငှက်ကုန်းမြေမှ ကျွမ်းကျင်အတတ်ပညာဆိုင်ရာ အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ မိန်းမငယ်လေးတစ်ဦးတစ်ဦး သွင်ပြင်ရှိသည့် ထာဝရအိပ်မက်ဂိုဏ်း၏ ဂိုဏ်းချုပ်လည်း ပါဝင်သည်။

အရှေ့ပိုင်း နဂါးပြာကုန်းမြေမှ ဓားရေးစံအိမ်မှ ကျန့်ဝူရွှမ်း၏ ဆရာတစ်ဖြစ်လည်း ဓားဝိဇ္ဇာ ကျန့်ယီလည်း ရှိသည်။ ယင်စန္ဓာနန်းတော်မှ ယခင်သူတော်စင်မ ဖြစ်ပြီး စုယာ့၏ ဆရာဖြစ်သူလည်း တက်ရောက်လေသည်။ နောက်ဆုံးတွင် တာအိုကိုးကွယ်ကျောင်းတော်လည်း ပါသည်။

အနောက်ပိုင်းကျားဖြူ ကုန်းမြေမှ တိမိသားစုခေါင်းဆောင်၊ ဖန်းလီကျွမ်း၏ အဖေဖြစ်သူ အံ့ဖွယ်တာအိုအဖွဲ့ ခေါင်းဆောင်က ထိပ်တန်းအံ့ဖွယ်မျိုးနွယ်များ ခြံရံရင်း တက်ရောက်လာသည်။

အလယ်ပိုင်း ချီလင်းကုန်းမြေမှ ဂိုဏ်းချုပ်ဝမ်ထျန်း၊ ကျီစုန့်၏ အဖေဖြစ်သူ နိုင်ငံအရှင် ကျီဝမ်၊ စွင်းကျောင်းလုံ၏ အဖေဖြစ်ပြီး မဟာဝူတိုင်းပြည်၏ အုပ်ချုပ်သူလည်း ဖြစ်သည့် အရှင်ဉာဏ်ပညာလည်း တက်ရောက်လာသည်။

နောက်ဆုံးတွင် သားရဲမွေးမြူရေးတောင်ကြားမှ သားရဲသခင်၊ ထိုက်ယီနက်နဲမုခ်မှ ဂိုဏ်းချုပ်ဆရာနှင့် ဓာတ်ငါးပါးနန်းတော်မှ တာအိုသူတော်စင်လည်း အပါအဝင် ဖြစ်၏။

ဓာတ်ငါးပါး နန်းတော်တွင် မဟာဧကရာဇ် ခြောက်ယောက်ရှိပြီး အဆင့် ၆ ကောင်းကင်ရုပ်ခန္ဓာ ဓာတ်ငါးသွယ်မျှခြေညီ ရုပ်ခန္ဓာပိုင်ရှင် ကျန်းပိယုက ထိုဂိုဏ်းမှ ဖြစ်ပေသည်။ သဘောတရားအရ ဓာတ်ငါးပါးနန်းတော်သည် အရှေ့ပိုင်းကုန်းမြေတွင် တည်ရှိ၏။ သို့သော်လည်း သူတို့က ထိုက်ယီနက်နဲမုခ်နှင့် သဘောထားကွဲလွဲမှုဖြစ်ပြီး ရှုံးနိမ့်ပြီးသည့်နောက် အလယ်ပိုင်းကုန်းမြေတွင်သာ နေထိုင်ကြတော့သည်။

..............

အစည်းအဝေးကို ပြန်ကြည့်လိုက်လျှင် ဖော်ပြထားသည့် အင်အားစုအားလုံးက အားကောင်းသူများသာ ဖြစ်၏။ မဟာဧကရာဇ် တစ်ယောက် သို့မဟုတ် နှစ်ယောက် ပြုစုပျိုးထောင်ပေးထားသော ဧကရာဇ်မျိုးနွယ်များလည်း တက်ရောက်ကြသည်။ ဥပမာအားဖြင့် ဝမ်ဝေ့၏ မိခင်သည် ယုမိသားစုကို ကိုယ်စားပြု၍ တက်ရောက်လာသည်။

ကံဆိုးစွာဖြင့် ထိုအင်အားစုများက ယခုအစည်းအဝေးကို ကိုယ်စားပြုနိင်ဖို့ အားနည်းလွန်းကြသည်။

မည်သို့ပင်ဆိုစေကာမူ မြောက်ပိုင်း လိပ်နက်ကုန်းမြေကို ထည့်မတွက်ထားဘဲ အစည်းအဝေးကို တက်ရောက်ကြသူများက အသေင်္ချေအင်ပါယာကမ္ဘာကို ၇၈ မှ ၈၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်လွှမ်းမိုးထားကြသည်။

"လူစုံပြီလား" ဝမ်ထျန်းက အသံဩဇာတိက္ကမအပြည့်ဖြင့် မေးလိုက်ပြီး အစည်းအဝေးကို စတင်လိုက်သည်။ အားလုံး ခေါင်းညိတ်ကြသည့်အခါ သူက ဆက်ပြောလိုက်၏။

" အဲဆိုတော့ ဒီလောက်နှစ်တွေကြာပြီးတဲ့နောက်မှာ အားလုံးက သဘောတူလိုက်ကြပြီလား"

"ဆယ်နှစ်လောက်က သိပ်မကြာပါဘူး" အရှင်ဉာဏ်ပညာက ပြောလိုက်သည်။

"ဟုတ်နိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့မှာ အချိန်မရှိတော့ဘူး။ ကျုပ်တို့တွေ အစီအစဉ်ကို တတ်နိုင်သမျှ မြန်မြန် အကောင်အထည်ဖော်နိုင်ဖို့ သဘောတူညီချက် လိုအပ်တယ်" ဝမ်ထျန်းက ပြောလိုက်သည်။

အားလုံးက အမှန်ဖြစ်နေမှန်း သိကြ၍ ခေါင်းညိတ်လိုက်ကြသည်။

" ကျွန်မတို့က သဘောတူဖို့ ရောက်လာတာဆိုပေမဲ့ စိတ်ထင့်တာလေးတွေ ရှိနေသေးတယ်" စုယာ၏ ဆရာက ပြောလိုက်သည်။

" ကျုပ်ရောပဲ" မွမ်းမံပြုပြင်ရေး အဖွဲ့အစည်းခေါင်းဆောင်ဖြစ်သည့် မုတ်ဆိတ်ဖြူ လူအိုကြီးက ပြောလိုက်၏။

" ကျုပ်တို့ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ အကျိုးမြတ် ၂၀ ရာခိုင်နှုန်းအကြောင်း မပါသရွေ့ စိတ်ကြိုက်ပြောကြပါ" ဝမ်ထျန်းက ခပ်တည်တည်သာ ပြောလိုက်သည်။

လူများစွာက ထိုအရာကို ကြားပြီး နှုတ်ခမ်းမဲ့သွားကြသည်။ လူများစွာက ထိုအရေအတွက်သည် များလွန်းသည်ဟု ခံစားမိကြသော်လည်း ထိုအစီအစဉ်ကို တာအိုအခွင့်အလမ်းဂိုဏ်းက ရေးဆွဲထားပြီး သူတို့ လုပ်ထားသည့်အရာ မရှိသောကြောင့် ဘာမှမပြောနိုင်ကြပေ။

မည်သို့ပင်ဆိုစေကာမူ လူများစွာ သူတို့ရရှိသည့် ရာခိုင်နှုန်းက အလွန်နည်းပါးသည်ဟု ခံစားမိနေဆဲ ဖြစ်သည်။ သို့သော် နှစ်များစွာ စကားများလာပြီးနောက် သူတို့က နောက်ဆုံး ဆုံးဖြတ်ချက်ဆီ ရောက်ရှိလာကြသည်။

" အဲဒါက အကြံကောင်းလို့ မထင်ဘူး။ ကျုပ်တို့လုပ်မှာက နှစ်သန်းပေါင်းများစွာ ကမ္ဘာရဲ့ တည်ရှိမှုကို ဝင်နှောက်လိုက်သလို ဖြစ်သွားမှာ။ ကျုပ်တို့က ဘိုးဘေးတွေရဲ့ ဉာဏ်ပညာကို စော်ကားပြီး အတိတ်တုန်းက ဝိဇ္ဇာတွေရဲ့ မျက်နှာပေါ် တံတွေးထွေးချလိုက်သလိုပဲ" လူအိုကြီးက အားတက်သရော ပြောလိုက်သည်။

"ကျစ် ... အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် သုံးစားမရတဲ့ အဲဒီကျင့်ဝတ်တွေကို သိမ်းထားချင်သေးတာလား။ ခင်ဗျား မပါချင်ရင် ဘေးထွက်နေလိုက်။ ကျုပ်တို့ လူထပ်ရှာလိုက်မယ်" အရှင်ဉာဏ်ပညာက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

မွမ်းမံပြုပြင်ရေး အဖွဲ့အစည်းခေါင်းဆောင်က သူ့အား စိုက်ကြည့်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ သူက သူ့စကားကို အခိုင်အမာ ယုံကြည်ထားသော်လည်း အကျိုးမြတ်နှင့် ပတ်သက်လာသည့်အခါ သူ့အတွေးအခေါ်များနှင့် ယုံကြည်ချက်များကို စွန့်ပစ်နိုင်သည်။

အားလုံးက ခဏကြာ တိတ်ဆိတ်သွားပြီးနောက် နောက်တစ်ယောက်က စကားစလာသည်။

"ကျွန်မရဲ့ ပြဿနာက ယုမိသားစုပဲ" ယင်စန္ဒာနန်းတော်၏ သူတော်စင်မက ယုယန်ကို ခက်ထန်စွာ ကြည့်ပြီး ပြောလာသည်။

"သူမက တာအိုအခွင့်အလမ်းဂိုဏ်းက လူဖြစ်နေပြီပဲ ယုမိသားစုကနေ ဘာလို့အကျိုးမြတ် လက်ခံချင်နေသေးတာလဲ"

ယုယန်က စကားဖြင့် တိုက်ခိုက်ခံရသော်လည်း မအံ့ဩမိပေ။ သူတို့နှစ်ယောက်က ရန်ဖြစ်လာသည်မှာ တစ်မျိုးဆက်ကျော်သွားလေပြီ။ ပထမက ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် ဖြစ်ပြီး ဒုတိယက ဝမ်ထျန်းကြောင့် ဖြစ်၏။

မှန်ပေသည်။ ယင်စန္ဒာနန်းတော်၏ သူတော်စင်မက ဂိုဏ်းချုပ်ဝမ်ထျန်းကို ချစ်မြတ်နိုးကာ သူတို့မျိုးဆက်တုန်းက လိုက်ပိုးပန်းခဲ့ဖူးသည်။ တကယ်တော့ အမျိုးသမီးအများစုက သူ့အား လိုက်ပိုးပန်းကြဖူး၏။ သူတို့မျိုးဆက်အတွင်း သူက ခပ်ချေချေနှင့် ရုပ်အချောဆုံး ဖြစ်သလို အားအကောင်းဆုံး ကောင်းကင်ရွေးချယ်ခံ တစ်ယောက်လည်း ဖြစ်သည်။

ကံဆိုးစွာဖြင့် ယင်စန္ဒာနန်းတော်၏ တင်းကျပ်လွန်းသည့် စည်းကမ်းများကြောင့် သူမအား အခွင့်အရေးနှင့် လွဲသွားစေခဲ့သည်။

"ယုမိသားစုက တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ မတူဘူးလေ။ အဲဒါအသိသာကြီးပဲ။ ဒီလိုအတိုင်းဆို နင့်ညီမလည်း ဓားရေးစံအိမ်နဲ့ လက်ဆက်လိုက်တာပဲ မဟုတ်ဘူးလား။ နင်လည်း ဝေစုကို ထည့်မတွက်နဲ့လေ" ယုယန်က တည်တည်ငြိမ်ငြိမ်သာ ပြန်ဖြေလိုက်သည်။

တကယ်တော့ သူတို့ယုမိသားစု လက်ခံနိုင်သည့် ရာခိုင်နှုန်းက ၁ ရာခိုင်နှုန်းထက်ပင် နည်းလေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုပမာဏက နှစ်အကြာကြီး ဒဏ်ရာအပြင်းအထန် ရထားသည့် အဖေဖြစ်သူကို ပြန်လည်ကုသပေးဖို့ လုံလောက်နေပြီ ဖြစ်၏။

ခင်ပွန်းဖြစ်သူက သူမ အဖေကို ကုသပေးဖို့အတွက် တာအိုအခွင့်အလမ်းဂိုဏ်း၏ အကျိုးမြတ်တချို့ကို ထုတ်သုံးပေးနိုင်သော်လည်း သူမဘာသာ ဖြေရှင်းနိုင်သောကြောင့် အဘယ်ကြောင့် အကူအညီတောင်းခံနေရမည်နည်း။

" အဲဒီသစ္စာဖောက်အကြောင်း လာမပြောနဲ့" ယင်စန္ဒာနန်းတော် သူတော်စင်မက ယုယန်၏ ပြန်လည်ချေပမှုကို တုံ့ပြန်လိုက်သည်။

ယင်စန္ဒာနန်းတော်၏ စည်းမျဉ်းအရ တပည့်အားလုံးက လက်ထပ်ခွင့် ရှိသော်လည်း သူတို့လက်တွဲဖော်များက နန်းတော်ထဲ ဝင်ရောက်ကြရမည် ဖြစ်ပြီး တခြားဂိုဏ်းထဲ လက်ထပ်ခြင်းကို တားဆီးထားသည်။

ထိုကမ္ဘာ၏ ယဉ်ကျေးမှုက အမျိုးသမီးက အမျိုးသား မိသားစုထဲ ရောက်သွားလေ့ရှိသော်လည်း ယင်စန္ဒာနန်းတော်ကမူ ပြောင်းပြန် ဖြစ်၏။ သို့သော်လည်း အမျိုးသားများစွာက ယင်စန္ဒာနန်းတော်မှ အမျိုးသမီးများနှင့် လက်ထပ်ရန် အပြေးအလွှား လာရောက်နေကြဆဲ ဖြစ်၏။ ပြောရလျှင် ဂိုဏ်းထဲတွင် မိန်းမလှလေးများနှင့်သာ ပြည့်နှက်နေသည် မဟုတ်ပါလော။

ယင်စန္ဒာနန်းတော် သူတော်စင်က ဘာမှထပ်မပြောတော့ဘဲ ယုယန်ကိုသာ စိုက်ကြည့်နေလိုက်သည်။

ဓားရေးစံအိမ်မှ ကျန့်ယီက ဘာမှမကြားသလိုသာ ဟန်ဆောင်နေသည်။ ထိုအတင်းအဖျင်းက သူတို့စံအိမ်၏ အမှားဖြစ်၍ အရှေ့ပိုင်းကုန်းမြေရှိ အားအကောင်းဆုံး အင်အားစုများဖြစ်ကြသည့် သူတို့နှင့် ယင်စန္ဒာနန်းတော်ကြား ရန်ငြိုးကိုသာ တိုးလာစေလိမ့်မည်။

ဂိုဏ်းချုပ်ဝမ်ထျန်းအတွက်မူ အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း တိတ်တဆိတ် ကျိန်ဆဲနေမိသည်။ သူက သူ့ဇနီးကို ကောင်းကောင်းသိထားလေသည်။ ထို့ကြောင့် ယနေ့အဖြစ်အပျက်အတွက် သူက ဘာမှမလုပ်ထားခဲ့သော်လည်း သူ့အပေါ် အပြစ်တင်လာမည် ဖြစ်၏။

ငါတော့ နောက်ရက်အနည်းငယ်အထိ ဒါမှမဟုတ် လပိုင်းလောက်အထိ ကျင့်ကြံရေးအခန်းထဲပဲ အိပ်ရတော့မယ် တူတယ် ... ဝေ့အာများ ငါ့ကို ကူညီပေးနိုင်မလား ...

အဲဒီကောင်စုတ်လေး ငါ့ကို ကူညီပေးမယ်လို့ တွေးနေရင် ငါ ရူးနေတာပဲ ဖြစ်မယ်။ သူက မီးထဲ လောင်စာထည့်မလောင်းရင် ကံအကောင်း ...

" အားလုံးက သဘောတူလိုက်ပြီဆိုတော့ စာချုပ်ချုပ်ရအောင်။ အဲဒီနောက် ဒီကမ္ဘာရဲ့ အဆင့်မြင့်ချုပ်နှောင်ခြင်း စာချုပ်ကို ဒီအင်အားစုတွေကြား လက်မှတ်ရေးထိုးကြမယ်"

အစည်းအဝေးပြီးဆုံးသွားပြီးနောက် ဝမ်ထျန်းက သူ့သားကို လှမ်းဆက်သွယ်လိုက်သည်။

"အဖေ အခြေအနေ ဘယ်လိုလဲ" ဝမ်ဝေ့က မေးလိုက်၏။

" အရာအားလုံး မင်း စီစဉ်ထားတဲ့အတိုင်းပဲ " ဝမ်ထျန်းက အားပါးတရ ပြုံးကာ ပြောလိုက်သည်။

***********

ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၁၇)

မူရင္းေရးသားသူ - lazySageDao

ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)

အခန္း(၂၃၄)  :  လ်ိဳ႕ဝွက္ ပူးေပါင္းႀကံစည္သူ

"ေက်ာင္းအုပ္ အဲလိုလုပ္လို႔ မျဖစ္ဘူး" ဆရာတစ္ေယာက္က ေျပာလိုက္သည္။ ဤတစ္ႀကိမ္ လူမ်ားစြာက သူႏွင့္ သေဘာထားတူၾကသည္။

" မိစာၦနတ္ဘုရားအ႐ိုးက လင္းဖန္အတြက္ ခႏၶာကိုယ္ ေလ့က်င့္ဖို႔ သိမ္းထားတာေလ။ အဲဒါမရွိရင္ သူ႔ဟြင္သြမ္း႐ုပ္ခႏၶာနဲ႔ဆိုရင္ေတာင္ သူ႔ခႏၶာကိုယ္က ဝမ္ေဝ့တို႔နဲ႔ ယွဥ္ႏိုင္ဦးမွာ မဟုတ္ဘူး" ေနာက္တစ္ေယာက္လည္း ဝင္ေျပာလိုက္သည္။

"မင္းတို႔ ေျပာတာ နားလည္တယ္" ပိုင္ဟန္က တည္ၿငိမ္စြာ ေျပာလိုက္သည္ "ဒါေပမဲ့ ငါတို႔အားလုံး ဝမ္ေဝ့ကို တာအိုေက်ာက္ျပား လ်ိဳ႕ဝွက္နယ္ေျမထဲ ဝင္ခြင့္မရေအာင္ မတားဆီးႏိုင္ရင္ သူ႔ပါရမီနဲ႔ သူ႔ကံၾကမၼာ႐ုပ္ေသးဆရာ ႐ုပ္ခႏၶာအတြက္ ၿပီးျပည့္စုံၿပီး အားေကာင္းတဲ့ က်င့္စဥ္တစ္ခု ဖန္တီးႏိုင္မွာ က်ိန္းေသေပါက္ပဲ။

အဲဒီအခါ သူက ဘယ္ေလာက္ေတာင္ အားေကာင္းလာလိုက္မလဲ။ လင္းဖန္က မိစာၦနတ္ဘုရားအ႐ိုး ရွိရင္ေတာင္ သူနဲ႔ ကြာဟခ်က္ပမာဏ နည္းနည္းပဲ ခ်ဳံ႕ႏိုင္လိမ့္မယ္။ အဲဒါေၾကာင့္ ငါတို႔အတြက္ အေကာင္းဆုံးေျဖရွင္းနည္းက သူ႔ကို တျခားေကာင္းကင္ေ႐ြးခ်ယ္ခံေတြထက္ ေက်ာသြားတာကို တားဆီးဖို႔ပဲ"

အခန္းက လုံးဝ ဆိတ္ၿငိမ္သြားေလသည္။ သူ႔စကားမ်ားက အက်ိဳးအေၾကာင္းသင့္ေသာ္လည္း လူမ်ားစြာက ပိုအားေကာင္းသည့္ ၿပိဳင္ဘက္၏ အေရးသာမႈကို တားဆီးႏိုင္ရန္အတြက္ အဖိုးတန္အရင္းအျမစ္ကို သူတို႔ၿပိဳင္ဘက္ထဲက တစ္ေယာက္ဆီ ေပးပစ္လိုက္မည့္ အခ်က္ကို လက္မခံႏိုင္ၾကေပ။

"ဒါက ႐ူးတာပဲ" ဆရာတစ္ေယာက္က ေအာ္ေျပာလိုက္သည္။ ထို႔ေနာက္ သူက ထရပ္ကာ အခန္းထဲမွ ထြက္သြားေလ၏။ လူတခ်ိဳ႕ကလည္း ထိုသေဘာထားရွိၾကၿပီး ထြက္သြားၾကေလသည္။

ပိုင္ဟန္က ထြက္သြားသည့္လူမ်ားကို ေအးစက္စက္သာ ၾကည့္ေနလိုက္သည္။ သူက က်န္ရွိေနသည့္လူမ်ားကို တည္ၿငိမ္စြာ ေျပာလိုက္သည္။

" အေျခအေနက အဲဒီလူေတြ ေတြးေနသေလာက္ မဆိုးဘူး။ မိစာၦနတ္ဘုရားအ႐ိုး  ဘယ္ေလာက္အားေကာင္းေကာင္း က်ီစုန႔္အတြက္ ပုံေပၚလာေအာင္ သန႔္စင္ႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး ... အနည္းဆုံးေတာ့ သူ႔လက္ရွိခြန္အားနဲ႔ မလုံေလာက္ဘူး။ အဲဒါေၾကာင့္ အေကာင္းဆုံးရလဒ္က သူ႔အေနနဲ႔ သူ႔အ႐ိုးထဲက တစ္ခုကို မိစာၦနတ္ဘုရားအ႐ိုးနဲ႔ အစားထိုးၿပီး ေပါင္းစပ္ပစ္လိုက္ဖို႔ပဲ ရွိတယ္။ လင္းဖန္သာ ေနာင္မွာ သူ႔ကို အႏိုင္ပိုင္းႏိုင္သေ႐ြ႕ သူ႔အတြက္သူ ျပန္ယူႏိုင္တယ္ေလ"

နည္းလမ္းေကာင္းပဲ ...

က်န္ရွိေနသည့္ ဆရာမ်ားက ေတြးမိလိုက္ၾကသည္။ က်ီစုန္႔က အလြယ္တကူ ရန္စလို႔ရသည့္ လူစားမ်ိဳး ျဖစ္ေလသည္။ လင္းဖန္သာ ဝမ္ေဝ့လိုမ်ိဳး နည္းလမ္းတူ အသုံးျပဳႏိုင္သေ႐ြ႕ အ႐ိုးကို ေလာင္းေၾကးအျဖစ္ ထားကာ ယွဥ္ၿပိဳင္တိုက္ခိုက္ႏိုင္လိမ့္မည္။

ဉာဏ္ပညာႀကီးမားသည့္ ဆရာတခ်ိဳ႕က ကိစၥမ်ားက ထိုသို႔မ႐ိုးရွင္းေၾကာင္း သိေနၾကသည္။ သို႔ေသာ္လည္း သူတို႔က ဘာမွမေျပာၾကေပ။ အနာဂတ္ကသာ ဘယ္သူမွန္ၿပီး ဘယ္သူမွားေနေၾကာင္း ေျပာျပသြားလိမ့္မည္။

.................

တာအိုအခြင့္အလမ္းဂိုဏ္း၊ ထ်န္းေဝေတာင္ထိပ္၊ လ်ိဳ႕ဝွက္အခန္းအတြင္း

ဂိုဏ္းခ်ဳပ္ဝမ္ထ်န္းက အစီအရင္ေရွ႕တြင္ တင္ပ်ဥ္္ေခြထိုင္ေနသည္။ ထိုအစီအရင္အတြင္း လူမ်ားစြာ တင္ပ်ဥ္ေခြ ထိုင္ထားသည္ကို ျပသထားေလသည္။ ထိုလူမ်ားက မိန္းမငယ္ေလးမွ အသက္ႀကီးႀကီး အမ်ိဳးသမီးအထိ၊ လူလတ္အ႐ြယ္ အမ်ိဳးသား၊ အသက္ႏွစ္ဆယ္ေလာက္ လူငယ္အမ်ိဳးသားမွ ေသခါနီးပုံေပါက္ေနသည့္ လူအိုႀကီးမ်ားအထိ အကုန္ပါၾကသည္။

မည္သို႔ပင္ဆိုေစကာမူ ထိုလူမ်ား၏ သြင္ျပင္က မည္မွ်ကြဲျပားေနေစကာမူ တကယ္တမ္း တစ္မ်ိဳးဆက္တည္းမွ ျဖစ္ၾကၿပီး အသက္အတူတူ ျဖစ္ၾကေလသည္။

သို႔ေသာ္လည္း ထိုလူမ်ား၏ ႐ုပ္ရည္သြင္ျပင္က တကယ္တမ္း အေရးမႀကီးေပ။ သူတို႔၏ အဆင့္အတန္း သို႔မဟုတ္ အေနအထားကသာ အေရးပါ၏။

ထိုအစည္းအေဝးအတြင္း ေတာင္ပိုင္း မီးငွက္ကုန္းေျမမွ ကြၽမ္းက်င္အတတ္ပညာဆိုင္ရာ အဖြဲ႕အစည္းမ်ား၏ ေခါင္းေဆာင္မ်ား၊ မိန္းမငယ္ေလးတစ္ဦးတစ္ဦး သြင္ျပင္ရွိသည့္ ထာဝရအိပ္မက္ဂိုဏ္း၏ ဂိုဏ္းခ်ဳပ္လည္း ပါဝင္သည္။

အေရွ႕ပိုင္း နဂါးျပာကုန္းေျမမွ ဓားေရးစံအိမ္မွ က်န႔္ဝူ႐ႊမ္း၏ ဆရာတစ္ျဖစ္လည္း ဓားဝိဇၨာ က်န႔္ယီလည္း ရွိသည္။ ယင္စႏၶာနန္းေတာ္မွ ယခင္သူေတာ္စင္မ ျဖစ္ၿပီး စုယာ့၏ ဆရာျဖစ္သူလည္း တက္ေရာက္ေလသည္။ ေနာက္ဆုံးတြင္ တာအိုကိုးကြယ္ေက်ာင္းေတာ္လည္း ပါသည္။

အေနာက္ပိုင္းက်ားျဖဴ ကုန္းေျမမွ တိမိသားစုေခါင္းေဆာင္၊ ဖန္းလီကြၽမ္း၏ အေဖျဖစ္သူ အံ့ဖြယ္တာအိုအဖြဲ႕ ေခါင္းေဆာင္က ထိပ္တန္းအံ့ဖြယ္မ်ိဳးႏြယ္မ်ား ၿခံရံရင္း တက္ေရာက္လာသည္။

အလယ္ပိုင္း ခ်ီလင္းကုန္းေျမမွ ဂိုဏ္းခ်ဳပ္ဝမ္ထ်န္း၊ က်ီစုန႔္၏ အေဖျဖစ္သူ ႏိုင္ငံအရွင္ က်ီဝမ္၊ စြင္းေက်ာင္းလုံ၏ အေဖျဖစ္ၿပီး မဟာဝူတိုင္းျပည္၏  အုပ္ခ်ဳပ္သူလည္း ျဖစ္သည့္ အရွင္ဉာဏ္ပညာလည္း တက္ေရာက္လာသည္။

ေနာက္ဆုံးတြင္ သားရဲေမြးျမဴေရးေတာင္ၾကားမွ သားရဲသခင္၊ ထိုက္ယီနက္နဲမုခ္မွ ဂိုဏ္းခ်ဳပ္ဆရာႏွင့္ ဓာတ္ငါးပါးနန္းေတာ္မွ တာအိုသူေတာ္စင္လည္း အပါအဝင္ ျဖစ္၏။

ဓာတ္ငါးပါး နန္းေတာ္တြင္ မဟာဧကရာဇ္ ေျခာက္ေယာက္ရွိၿပီး အဆင့္ ၆ ေကာင္းကင္႐ုပ္ခႏၶာ ဓာတ္ငါးသြယ္မွ်ေျခညီ ႐ုပ္ခႏၶာပိုင္ရွင္ က်န္းပိယုက ထိုဂိုဏ္းမွ ျဖစ္ေပသည္။ သေဘာတရားအရ ဓာတ္ငါးပါးနန္းေတာ္သည္ အေရွ႕ပိုင္းကုန္းေျမတြင္ တည္ရွိ၏။ သို႔ေသာ္လည္း သူတို႔က ထိုက္ယီနက္နဲမုခ္ႏွင့္ သေဘာထားကြဲလြဲမႈျဖစ္ၿပီး ရႈံးနိမ့္ၿပီးသည့္ေနာက္ အလယ္ပိုင္းကုန္းေျမတြင္သာ ေနထိုင္ၾကေတာ့သည္။

..............

အစည္းအေဝးကို ျပန္ၾကည့္လိုက္လွ်င္ ေဖာ္ျပထားသည့္ အင္အားစုအားလုံးက အားေကာင္းသူမ်ားသာ ျဖစ္၏။ မဟာဧကရာဇ္ တစ္ေယာက္ သို႔မဟုတ္ ႏွစ္ေယာက္ ျပဳစုပ်ိဳးေထာင္ေပးထားေသာ ဧကရာဇ္မ်ိဳးႏြယ္မ်ားလည္း တက္ေရာက္ၾကသည္။ ဥပမာအားျဖင့္ ဝမ္ေဝ့၏ မိခင္သည္ ယုမိသားစုကို ကိုယ္စားျပဳ၍ တက္ေရာက္လာသည္။

ကံဆိုးစြာျဖင့္ ထိုအင္အားစုမ်ားက ယခုအစည္းအေဝးကို ကိုယ္စားျပဳနိင္ဖို႔ အားနည္းလြန္းၾကသည္။

မည္သို႔ပင္ဆိုေစကာမူ ေျမာက္ပိုင္း လိပ္နက္ကုန္းေျမကို ထည့္မတြက္ထားဘဲ အစည္းအေဝးကို တက္ေရာက္ၾကသူမ်ားက အေသေခ်ၤအင္ပါယာကမာၻကို ၇၈ မွ ၈၀ ရာခိုင္ႏႈန္းအထိ ထိန္းခ်ဳပ္လႊမ္းမိုးထားၾကသည္။

"လူစုံၿပီလား" ဝမ္ထ်န္းက အသံဩဇာတိကၠမအျပည့္ျဖင့္ ေမးလိုက္ၿပီး အစည္းအေဝးကို စတင္လိုက္သည္။ အားလုံး ေခါင္းညိတ္ၾကသည့္အခါ သူက ဆက္ေျပာလိုက္၏။

" အဲဆိုေတာ့ ဒီေလာက္ႏွစ္ေတြၾကာၿပီးတဲ့ေနာက္မွာ အားလုံးက သေဘာတူလိုက္ၾကၿပီလား"

"ဆယ္ႏွစ္ေလာက္က သိပ္မၾကာပါဘူး" အရွင္ဉာဏ္ပညာက ေျပာလိုက္သည္။

"ဟုတ္ႏိုင္ပါတယ္။ ဒါေပမဲ့ က်ဳပ္တို႔မွာ အခ်ိန္မရွိေတာ့ဘူး။ က်ဳပ္တို႔ေတြ အစီအစဥ္ကို တတ္ႏိုင္သမွ် ျမန္ျမန္ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ သေဘာတူညီခ်က္ လိုအပ္တယ္" ဝမ္ထ်န္းက ေျပာလိုက္သည္။

အားလုံးက အမွန္ျဖစ္ေနမွန္း သိၾက၍ ေခါင္းညိတ္လိုက္ၾကသည္။

" ကြၽန္မတို႔က သေဘာတူဖို႔ ေရာက္လာတာဆိုေပမဲ့ စိတ္ထင့္တာေလးေတြ ရွိေနေသးတယ္" စုယာ၏ ဆရာက ေျပာလိုက္သည္။

" က်ဳပ္ေရာပဲ" မြမ္းမံျပဳျပင္ေရး အဖြဲ႕အစည္းေခါင္းေဆာင္ျဖစ္သည့္ မုတ္ဆိတ္ျဖဴ လူအိုႀကီးက ေျပာလိုက္၏။

" က်ဳပ္တို႔ တာအိုအခြင့္အလမ္းဂိုဏ္းရဲ႕ အက်ိဳးျမတ္ ၂၀ ရာခိုင္ႏႈန္းအေၾကာင္း မပါသေ႐ြ႕ စိတ္ႀကိဳက္ေျပာၾကပါ" ဝမ္ထ်န္းက ခပ္တည္တည္သာ ေျပာလိုက္သည္။

လူမ်ားစြာက ထိုအရာကို ၾကားၿပီး ႏႈတ္ခမ္းမဲ့သြားၾကသည္။ လူမ်ားစြာက ထိုအေရအတြက္သည္ မ်ားလြန္းသည္ဟု ခံစားမိၾကေသာ္လည္း ထိုအစီအစဥ္ကို တာအိုအခြင့္အလမ္းဂိုဏ္းက ေရးဆြဲထားၿပီး သူတို႔ လုပ္ထားသည့္အရာ မရွိေသာေၾကာင့္ ဘာမွမေျပာႏိုင္ၾကေပ။

မည္သို႔ပင္ဆိုေစကာမူ လူမ်ားစြာ သူတို႔ရရွိသည့္ ရာခိုင္ႏႈန္းက အလြန္နည္းပါးသည္ဟု ခံစားမိေနဆဲ ျဖစ္သည္။ သို႔ေသာ္ ႏွစ္မ်ားစြာ စကားမ်ားလာၿပီးေနာက္ သူတို႔က ေနာက္ဆုံး ဆုံးျဖတ္ခ်က္ဆီ ေရာက္ရွိလာၾကသည္။

" အဲဒါက အႀကံေကာင္းလို႔ မထင္ဘူး။ က်ဳပ္တို႔လုပ္မွာက ႏွစ္သန္းေပါင္းမ်ားစြာ ကမာၻရဲ႕ တည္ရွိမႈကို ဝင္ေႏွာက္လိုက္သလို ျဖစ္သြားမွာ။ က်ဳပ္တို႔က ဘိုးေဘးေတြရဲ႕ ဉာဏ္ပညာကို ေစာ္ကားၿပီး အတိတ္တုန္းက ဝိဇၨာေတြရဲ႕ မ်က္ႏွာေပၚ တံေတြးေထြးခ်လိုက္သလိုပဲ" လူအိုႀကီးက အားတက္သေရာ ေျပာလိုက္သည္။

"က်စ္ ... အက်ိဳးရွိရွိ အသုံးခ်ႏိုင္ဖို႔အတြက္ သုံးစားမရတဲ့ အဲဒီက်င့္ဝတ္ေတြကို သိမ္းထားခ်င္ေသးတာလား။ ခင္ဗ်ား မပါခ်င္ရင္ ေဘးထြက္ေနလိုက္။ က်ဳပ္တို႔ လူထပ္ရွာလိုက္မယ္" အရွင္ဉာဏ္ပညာက ေလွာင္ၿပဳံးျဖင့္ ေျပာလိုက္သည္။

မြမ္းမံျပဳျပင္ေရး အဖြဲ႕အစည္းေခါင္းေဆာင္က သူ႔အား စိုက္ၾကည့္လိုက္ၿပီး ဘာမွထပ္မေျပာေတာ့ေပ။ သူက သူ႔စကားကို အခိုင္အမာ ယုံၾကည္ထားေသာ္လည္း အက်ိဳးျမတ္ႏွင့္ ပတ္သက္လာသည့္အခါ သူ႔အေတြးအေခၚမ်ားႏွင့္ ယုံၾကည္ခ်က္မ်ားကို စြန႔္ပစ္ႏိုင္သည္။

အားလုံးက ခဏၾကာ တိတ္ဆိတ္သြားၿပီးေနာက္ ေနာက္တစ္ေယာက္က စကားစလာသည္။

"ကြၽန္မရဲ႕ ျပႆနာက ယုမိသားစုပဲ" ယင္စႏၵာနန္းေတာ္၏ သူေတာ္စင္မက ယုယန္ကို ခက္ထန္စြာ ၾကည့္ၿပီး ေျပာလာသည္။

"သူမက တာအိုအခြင့္အလမ္းဂိုဏ္းက လူျဖစ္ေနၿပီပဲ ယုမိသားစုကေန ဘာလို႔အက်ိဳးျမတ္ လက္ခံခ်င္ေနေသးတာလဲ"

ယုယန္က စကားျဖင့္ တိုက္ခိုက္ခံရေသာ္လည္း မအံ့ဩမိေပ။ သူတို႔ႏွစ္ေယာက္က ရန္ျဖစ္လာသည္မွာ တစ္မ်ိဳးဆက္ေက်ာ္သြားေလၿပီ။ ပထမက ေကာင္းကင္အလိုဆႏၵတိုက္ပြဲအတြက္ ျဖစ္ၿပီး ဒုတိယက ဝမ္ထ်န္းေၾကာင့္ ျဖစ္၏။

မွန္ေပသည္။ ယင္စႏၵာနန္းေတာ္၏ သူေတာ္စင္မက ဂိုဏ္းခ်ဳပ္ဝမ္ထ်န္းကို ခ်စ္ျမတ္ႏိုးကာ သူတို႔မ်ိဳးဆက္တုန္းက လိုက္ပိုးပန္းခဲ့ဖူးသည္။ တကယ္ေတာ့ အမ်ိဳးသမီးအမ်ားစုက သူ႔အား လိုက္ပိုးပန္းၾကဖူး၏။ သူတို႔မ်ိဳးဆက္အတြင္း သူက ခပ္ေခ်ေခ်ႏွင့္ ႐ုပ္အေခ်ာဆုံး ျဖစ္သလို အားအေကာင္းဆုံး ေကာင္းကင္ေ႐ြးခ်ယ္ခံ တစ္ေယာက္လည္း ျဖစ္သည္။

ကံဆိုးစြာျဖင့္ ယင္စႏၵာနန္းေတာ္၏ တင္းက်ပ္လြန္းသည့္ စည္းကမ္းမ်ားေၾကာင့္ သူမအား အခြင့္အေရးႏွင့္ လြဲသြားေစခဲ့သည္။

"ယုမိသားစုက တာအိုအခြင့္အလမ္းဂိုဏ္းနဲ႔ မတူဘူးေလ။ အဲဒါအသိသာႀကီးပဲ။ ဒီလိုအတိုင္းဆို နင့္ညီမလည္း ဓားေရးစံအိမ္နဲ႔ လက္ဆက္လိုက္တာပဲ မဟုတ္ဘူးလား။ နင္လည္း ေဝစုကို ထည့္မတြက္နဲ႔ေလ" ယုယန္က တည္တည္ၿငိမ္ၿငိမ္သာ ျပန္ေျဖလိုက္သည္။

တကယ္ေတာ့ သူတို႔ယုမိသားစု လက္ခံႏိုင္သည့္ ရာခိုင္ႏႈန္းက ၁ ရာခိုင္ႏႈန္းထက္ပင္ နည္းေလသည္။ မည္သို႔ပင္ဆိုေစကာမူ ထိုပမာဏက ႏွစ္အၾကာႀကီး ဒဏ္ရာအျပင္းအထန္ ရထားသည့္ အေဖျဖစ္သူကို ျပန္လည္ကုသေပးဖို႔ လုံေလာက္ေနၿပီ ျဖစ္၏။

ခင္ပြန္းျဖစ္သူက သူမ အေဖကို ကုသေပးဖို႔အတြက္ တာအိုအခြင့္အလမ္းဂိုဏ္း၏ အက်ိဳးျမတ္တခ်ိဳ႕ကို ထုတ္သုံးေပးႏိုင္ေသာ္လည္း သူမဘာသာ ေျဖရွင္းႏိုင္ေသာေၾကာင့္ အဘယ္ေၾကာင့္ အကူအညီေတာင္းခံေနရမည္နည္း။

" အဲဒီသစၥာေဖာက္အေၾကာင္း လာမေျပာနဲ႔" ယင္စႏၵာနန္းေတာ္ သူေတာ္စင္မက ယုယန္၏ ျပန္လည္ေခ်ပမႈကို တုံ႔ျပန္လိုက္သည္။

ယင္စႏၵာနန္းေတာ္၏ စည္းမ်ဥ္းအရ တပည့္အားလုံးက လက္ထပ္ခြင့္ ရွိေသာ္လည္း သူတို႔လက္တြဲေဖာ္မ်ားက နန္းေတာ္ထဲ ဝင္ေရာက္ၾကရမည္ ျဖစ္ၿပီး တျခားဂိုဏ္းထဲ လက္ထပ္ျခင္းကို တားဆီးထားသည္။

ထိုကမာၻ၏ ယဥ္ေက်းမႈက အမ်ိဳးသမီးက အမ်ိဳးသား မိသားစုထဲ ေရာက္သြားေလ့ရွိေသာ္လည္း ယင္စႏၵာနန္းေတာ္ကမူ ေျပာင္းျပန္ ျဖစ္၏။ သို႔ေသာ္လည္း အမ်ိဳးသားမ်ားစြာက ယင္စႏၵာနန္းေတာ္မွ အမ်ိဳးသမီးမ်ားႏွင့္ လက္ထပ္ရန္ အေျပးအလႊား လာေရာက္ေနၾကဆဲ ျဖစ္၏။ ေျပာရလွ်င္ ဂိုဏ္းထဲတြင္ မိန္းမလွေလးမ်ားႏွင့္သာ ျပည့္ႏွက္ေနသည္ မဟုတ္ပါေလာ။

ယင္စႏၵာနန္းေတာ္ သူေတာ္စင္က ဘာမွထပ္မေျပာေတာ့ဘဲ ယုယန္ကိုသာ စိုက္ၾကည့္ေနလိုက္သည္။

ဓားေရးစံအိမ္မွ က်န႔္ယီက ဘာမွမၾကားသလိုသာ ဟန္ေဆာင္ေနသည္။ ထိုအတင္းအဖ်င္းက သူတို႔စံအိမ္၏ အမွားျဖစ္၍  အေရွ႕ပိုင္းကုန္းေျမရွိ အားအေကာင္းဆုံး အင္အားစုမ်ားျဖစ္ၾကသည့္ သူတို႔ႏွင့္ ယင္စႏၵာနန္းေတာ္ၾကား ရန္ၿငိဳးကိုသာ တိုးလာေစလိမ့္မည္။

ဂိုဏ္းခ်ဳပ္ဝမ္ထ်န္းအတြက္မူ အေပၚယံတြင္ တည္ၿငိမ္ေနေသာ္လည္း တိတ္တဆိတ္ က်ိန္ဆဲေနမိသည္။ သူက သူ႔ဇနီးကို ေကာင္းေကာင္းသိထားေလသည္။ ထို႔ေၾကာင့္ ယေန႔အျဖစ္အပ်က္အတြက္ သူက ဘာမွမလုပ္ထားခဲ့ေသာ္လည္း သူ႔အေပၚ အျပစ္တင္လာမည္ ျဖစ္၏။

ငါေတာ့ ေနာက္ရက္အနည္းငယ္အထိ ဒါမွမဟုတ္ လပိုင္းေလာက္အထိ က်င့္ႀကံေရးအခန္းထဲပဲ အိပ္ရေတာ့မယ္ တူတယ္ ... ေဝ့အာမ်ား ငါ့ကို ကူညီေပးႏိုင္မလား ...

အဲဒီေကာင္စုတ္ေလး ငါ့ကို ကူညီေပးမယ္လို႔ ေတြးေနရင္ ငါ ႐ူးေနတာပဲ ျဖစ္မယ္။ သူက မီးထဲ ေလာင္စာထည့္မေလာင္းရင္ ကံအေကာင္း ...

" အားလုံးက သေဘာတူလိုက္ၿပီဆိုေတာ့ စာခ်ဳပ္ခ်ဳပ္ရေအာင္။ အဲဒီေနာက္ ဒီကမာၻရဲ႕ အဆင့္ျမင့္ခ်ဳပ္ေႏွာင္ျခင္း စာခ်ဳပ္ကို ဒီအင္အားစုေတြၾကား လက္မွတ္ေရးထိုးၾကမယ္"

အစည္းအေဝးၿပီးဆုံးသြားၿပီးေနာက္ ဝမ္ထ်န္းက သူ႔သားကို လွမ္းဆက္သြယ္လိုက္သည္။

"အေဖ အေျခအေန ဘယ္လိုလဲ" ဝမ္ေဝ့က ေမးလိုက္၏။

" အရာအားလုံး မင္း စီစဥ္ထားတဲ့အတိုင္းပဲ " ဝမ္ထ်န္းက အားပါးတရ ၿပဳံးကာ ေျပာလိုက္သည္။

Continue Reading

You'll Also Like

Re:Cursed By

Adventure

53.8K 1.8K 22
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...
67.3K 1.5K 76
A student from the Paldea region took an interest in traveling to other regions to learn new things.
64.6K 3.3K 93
What if it wasn't Japan that teleported to another world, but the superpower country on Earth, America's Cold War rival that in our OTL is collapsed...
27.7K 5.6K 35
سالی دوای ئەوەی هەلی دووەمی پێدەدرێت و دەگەڕێتەوە ژیان بڕیاردەدات هەرگیز نەکەوێتەوە خۆشەویستی تایهیۆنگەوە ،..سەرکەوێت بەسەر ئەوکەسانەی ئازاریان داوە...