ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၇)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း(၂၃၃) : စည်းမျဉ်းများကို အတင်းအဓမ္မပြုပြင်ခြင်း
"ကျောင်းအုပ် ... အခု ကျုပ်တို့ ဘာလုပ်ကြမလဲ" ဆရာတစ်ယောက်က မေးလိုက်သောကြောင့် ကျန်လူများက ပိုင်ဟန်ကို ကြည့်လာကြသည်။
ပိုင်ဟန်အတွက်မူ ထိုမေးခွန်းကို ကြားလိုက်ပြီးနောက် သက်ပြင်းသာချလိုက်သည်။ တကယ်တော့ သူက လိမ်ညာလိုက်ခြင်းသာ ဖြစ်၏။ အတိအကျပြောရလျှင် အမှန်တရားတစ်ခုလုံးကို မပြောလိုက်ခြင်း ဖြစ်သည်။ ပိုင်ဟန်က ခေတ်တစ်ခု၏ စိတ်ဝိညာဉ်အကြောင်း ပြောသည်က အမှန်ဖြစ်သော်လည်း သူ့ရည်ရွယ်ချက်က မရိုးသားပေ။
လတ်တလော အဖြစ်အပျက်အတွင်း သူက ဝမ်ဝေ့အပေါ် သဘောမကျ ဖြစ်လာခဲ့သည်မှာ ဝမ်ဝေ့က သူ့အဖေ ဧကရာဇ်ခုံကို အမှတ်ရစေ၍ ဖြစ်သည်။
သူတို့၏ အံ့လောက်ဖွယ် ပါရမီ၊ အတွေးအမြင်ကျယ်တာတွေ၊ ပို၍ အရေးကြီးသည်က သူတို့က တစ်ကမ္ဘာလုံးကို သူတို့၏ စစ်တုရင်ခုံအဖြစ် သတ်မှတ်ထားပြီး လူတိုင်းကို နယ်ရုပ်များအဖြစ် ဆော့ကစားနေခြင်း ဖြစ်၏။
ပိုင်ဟန်က သူ့အဖေ၏ ထိုစွမ်းဆောင်ရည်များကို မုန်းတီးမိလေသည်။ ထို့ကြောင့် သူက ဝမ်ဝေ့အပေါ် အမုန်းတရား ပိုလာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူ့စိတ်ခံစားချက် သဘာဝကို သတိပြုမိသော်လည်း သူ့အနေနှင့် ပြောင်းလဲဖို့ ငြင်းဆန်ခဲ့သည်။
ပိုင်ဟန်က အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် တခြားဆရာများအား ပြောလိုက်သည် " ငါတို့ နောက်ခြေလှမ်းကို မဆွေးနွေးခင် ပထမဆုံး ငါတို့အတွင်းရေးပြဿနာတွေကို အရင်ဖြေရှင်းဖို့ လိုတယ်။
အဲဆိုတော့ တာအိုအခွင့်အလမ်းဂိုဏ်းက ငါတို့အစီအရင်ကို ဘယ်လိုထိန်းချုပ်လိုက်တာလဲဆိုတာ တွေ့ပြီလား"
"ကံမကောင်းစွာနဲ့ အဖြေ မရသေးပါဘူး" ကျောင်းတော်၏ လုံခြုံရေးကို တာဝန်ယူထားသူ ဆရာတစ်ယောက်က ဖြေလိုက်သည်။
" အဖြစ်အပျက်ပြီးတော့ အစီအရင်တာဝန်ယူထားတဲ့လူကို စစ်ဆေးကြည့်ခဲ့ပေမဲ့ သူတို့က လုံးဝရှင်းနေတယ်။ နောက်ဆုံးကျ သူ့ဝိညာဉ်အထိ ရှာဖွေခဲ့သေးတယ်။ ဒါပေမဲ့ ဘာမှမတွေ့ရဘူး။ သူမက တာအိုအခွင့်အလမ်းဂိုဏ်းက လူတွေနဲ့ အဆက်အသွယ် မရှိနေဘူး။ သူမဆီ ဆက်သွယ်လာတဲ့သူလည်း မတွေ့မိဘူး"
ပိုင်ဟန်က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ ထိုအရာက ပြဿနာ ဖြစ်လာနိုင်သည်။ ထို့ကြောင့် သူက ပြောလိုက်သည် " ဒီလိုဆိုရင် ဒီအခြေအနေကို ပြန်လည်တုံ့ပြန်ဖို့ စဉ်းစားကြရအောင်။
ပထမဆုံး ငါတို့က ဒီဆိုးဆိုးရွားရွား ကောလဟာလတွေ ကျောင်းတော်က ထိန်းချုပ်ထားတဲ့ ပိုင်နက်ထဲ ရောက်မသွားအောင် တားဆီးရမယ်။ အဲဒီနေရာတွေက ကျောင်းတော်ရဲ့ အုတ်မြစ်ပဲ။ အဲဒီနေရာတွေကို ဘာမှအဖြစ်ခံလို့ မဖြစ်ဘူး။
ဒုတိယက ငါတို့က တောင်ပိုင်းမှာရှိတဲ့ အဖွဲ့အစည်းတွေကနေ အရင်းအမြစ်တွေ မရနိုင်တော့ဘူးဆိုတော့ ပြင်ပအကူအညီ သုံးရတော့မယ်။ ကံကောင်းတာက လတ်တလော မဟာမိတ်ဖြစ်တဲ့ ကုန်သွယ်ရေးအဖွဲ့အစည်းက ငါတို့ကို ရှားပါးအရင်းအမြစ်တချို့ ထောက်ပံ့ပေးဖို့ သဘောတူလာတယ်။
ဒါပေမဲ့ သူတို့ရဲ့ အခြေအနေက အရင်ထက် ဈေးရာချီ များလာနိုင်တယ်။ သူတို့က ငါတို့ကို လူသိရှင်ကြား ထောက်ပံ့ပေးမှာ မဟုတ်ဘူး"
"ကျစ်" ဆရာတစ်ယောက်က ပြောလိုက်သည် "အရင်တုန်းက ရှီကွမ်းက သူ့သမီးကို ကျုပ်တို့ဆီ ပို့ပေးနိုင်ဖို့ တောင်းဆိုခဲ့ရတာ အခု ကျုပ်တို့လည်း ပြဿနာကြားရောက်ရော သူက မျက်နှာလွဲခဲပစ် လုပ်ချင်တာလား"
"သူ့ကို အပြစ်တင်လို့တော့ မရဘူး။ လင်းဖန်နဲ့ ရှီရှစ်ကြားက မဟာမိတ်က တည်ဆောက်ခါစပဲ ရှိသေးတာဆိုတော့ ကုန်သွယ်ရေးအဖွဲ့အစည်းဘက်က ဘာအကျိုးအမြတ်မှ မရသေးဘူး။ ငါတို့ကျောင်းတော်က အထိနာသွားတာပေါ့"
" မဟာမိတ်က အခြေအနေတချို့ ထောက်ထားပြီး ကူညီတာကိုပဲ ကျေနပ်ရမှာ။ တန်ကြေးမြင့်လိုက်တာကိုတော့ အစကတည်းက သူတိုတွေ ကုန်သည်တွေဆိုတော့ အကျိုးမြတ်ရယူဖို့က သဘာဝပဲလေ" ဆရာတစ်ယောက်က ပြောလိုက်သည်။
ပိုင်ဟန်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည် "ငါတို့ရဲ့ တတိယအဆင့်က တုံ့ပြန်တိုက်ခိုက်ဖို့ပဲ။ တာအိုအခွင့်အလမ်းဂိုဏ်းက လူထုအမြင်နဲ့ ငါတို့ကို တိုက်ခိုက်လာမှတော့ ငါတို့လည်း အတူတူ ပြန်လုပ်နိုင်တယ်။"
ပိုင်ဟန်အနေနှင့် ထိုအရာက အသုံးဝင်မည် မဟုတ်လောက်ကြောင်း သိထားလေသည်။ ဝမ်ဝေ့၏ ဉာဏ်များမှုအရ သူက ဒီလိုတုံ့ပြန်မှုမျိုးကို တွက်ဆမိထားလောက်ပြီး ကြိုတင်ပြင်ဆင်ထားလောက်သည်။ မည်သို့ပင်ဆိုစေကာမူ ကျောင်းတော်က ဂုဏ်သတင်းနှင့် နာမည်ကောင်းအတွက် ပြန်လည်တိုက်ခိုက်လိုကြောင်း ရပ်တည်ချက်ကို ပြသရဦးမည်သာ ဖြစ်၏။
" နောက်ဆုံးအနေနဲ့ ငါတို့ ဝမ်ဝေ့ကို တာအိုကျောက်ပြား သုံးထောင်ဆီ ဝင်ခွင့်မရအောင် လုပ်ရမယ်။ ငါ့သုံးသပ်ချက်အရ သူ့ကံကြမ္မာရုပ်သေးဆရာ ရုပ်ခန္ဓာက အသစ်ဆိုတော့ ရုပ်ခန္ဓာအသစ်ရဲ့ အရေးသာချက် ထုတ်ပြနိုင်လောက်အောင် သင့်တော်တဲ့ ကျင့်စဉ် ရှိဦးမှာ မဟုတ်ဘူး။ သူက တာအိုကျောက်ပြားဆီ ဝင်ခွင့်ရချင်တာဆိုတော့ ငါတို့ဘက်ကနေ သူ့ကို နည်းလမ်းမျိုးစုံနဲ့ တားရမယ်"
" ကျောင်းအုပ် ကျုပ်တို့ ဘယ်လိုလုပ်ကြမှာလဲ"
"အရင်ဆုံး ငါတို့ လီကျွင်းကို ထိပ်ဆုံးအယောက် ၃၀ ထဲ မပါအောင်လုပ်ရမယ်။ သူ့အင်အားနဲ့ ထိပ်ဆုံး ၃၀ ထဲ ဝင်ဖို့ အနှေးနဲ့အမြန်ပဲ။ သူသာ ဝင်ခွင့်အမှတ်အသားပြားရသွားတာနဲ့ ဝမ်ဝေ့ဆီ ပေးလိုက်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီအခြေအနေကို အရင်ဖြေရှင်းရမယ်"
ဆရာအားလုံးက သူတို့မျက်နှာအထက် တွေးဆဆအမူအရာများဖြင့် ရှိနေကြစဉ် တစ်ယောက်က ပြောလိုက်သည် " ကျုပ်တို့ ဝင်ခွင့်အမှတ်အသားပြား ရတဲ့သူကို သူတို့အတွက်ပဲ သုံးလို့ရတယ်လို့ စည်းကမ်းလုပ်လိုက်တာ မကောင်းဘူးလား"
နောက်ဆရာတစ်ယောက်က ခေါင်းယမ်းကာ "အဲဒါက အလုပ်မဖြစ်ဘူး။ အားလုံးက ဝင်ခွင့်ရတဲ့သူက အမှတ်အသားပြားကို သူ ကြိုက်သလိုလုပ်ခွင့်ရှိတယ်ဆိုတာ အားလုံး သိပြီးသား။ ပြီးတော့ သူတို့အမှတ်အသားပြားကို တခြားသုံးအတွက် သုံးမဲ့ တခြားပါဝင်ယှဉ်ပြိုင်သူတွေလည်း အများကြီးပဲ။
အဲဒါကြောင့် ငါတို့သာ စည်းမျဉ်းကို အလျှင်စလို ပြောင်းလိုက်ရင် အရင် ကျွမ်းကျင်အတတ်ပညာရှင်တွေနဲ့ ကတောက်ကဆကိုပါ ထပ်ပေါင်းပြီး တာအိုအခွင့်အလမ်းဂိုဏ်းက လူတွေက ငါတို့ဂုဏ်သတင်းကို ထပ်ဖျက်ကြလိမ့်မယ်။ "
" သူတို့က အဲဒါကို အကြောင်းပြပြီး ဧကရာဇ်တာအိုစစ်ပွဲအထိ ဆင်နွဲလာနိုင်တယ်"ဆရာတစ်ယောက် ဝင်ပြောလိုက်သည်။
ထို့နောက် ဆရာအားလုံးက အမူအရာပျက်ယွင်းသွားကြသည်။ အများစုက တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ဧကရာဇ်တာအိုစစ်ပွဲသာ ဖြစ်မည်ဆိုလျှင် သူတို့အနိုင်ရနိုင်ခြေက နည်းပါးကြောင်း သိထားကြ၏။
အမှန်တော့ တာအိုအခွင့်အလမ်းဂိုဏ်းကို ကမ္ဘာရှိ တခြားအင်အားစုများ ကြောက်ရွံ့ကြသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်ပေသည်။ သူတို့အခြေခံအုတ်မြစ်က နက်နဲလွန်း၍ ဖြစ်၏။
သူတို့တွင် မဟာဧကရာဇ်အများဆုံး ရှိနေရုံသာမက ကမ္ဘာ၏ သက်တမ်းအရင့်ဆုံး အင်အားစုတစ်ခုလည်း ဖြစ်ပေသည်။ ထို့ကြောင့် သူတို့ ဖုံးကွယ်ထားသည့် လျို့ဝှက်ချက်မည်မျှရှိနေမည်ကို မည်သူမှ မသိနိုင်ချေ။
ပိုင်ဟန်က ချောင်းအသာဟန့်ကာ အားလုံးကို အသိပြန်ကပ်လာစေလိုက်သည် " ငါတို့တွေ စည်းမျဉ်းပြောင်းပစ်ဖို့ မလိုဘူး။ သူ့ကို လူထုယုံကြည်လောက်တဲ့ နည်းလမ်းနဲ့ အရည်အချင်းမပြည့်မှီအောင် လုပ်ရုံပဲ"
"ကျောင်းအုပ်က လိမ်ဖို့ ပြောနေတာလား။ အဲဒါက လွန်လွန်းမသွားဘူးလား" ဆရာတစ်ယောက်က မဝံ့မရဲ ပြောလိုက်သည်။
ပိုင်ဟန်က ပြောလိုက်သူကို စိုက်ကြည့်လိုက်ပြီး " အဲဆို ကျောင်းတော်ရဲ့ မျက်နှာပေါ် တက်နင်းထားတဲ့ အဲဒီလူကို ဘာအကျိုးဆက်မှ မခံစားခိုင်းဘဲ ဝင်ခွင့်ပေးလိုက်ကြမှာလား"
မေးခွန်းမေးလိုက်သူ အပါအဝင် ဆရာအားလုံးက ခေါင်းငုံ့ထားကြပြီး ဘာမှမပြောတော့ပေ။ ဝမ်ဝေ့ သူတို့အပေါ် လုပ်ခဲ့သည်ကို တွေးကြည့်လိုက်လျှင် သူတို့ဆီကနေ အကျိုးမြတ်ရဖို့ ခွင့်မပြုသင့်ပေ။
ပိုင်ဟန်က တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည် " ပြီးတော့ ငါတို့က လိမ်နေတာ မဟုတ်ဘူး။ လီကျွင်းရဲ့ ပြိုင်ဘက်ကို အရေးသာချက်နည်းနည်းပေးလိုက်ရုံပဲ"
ဆရာအများစုက ထိုအပြုအမူကို သဘောမကျကြသော်လည်း ကျောင်းတော်၏ ကောင်းကျိုးအတွက် ဖြစ်မှန်းသိ၍ ဘာမှမပြောကြပေ။
"နောက်ဆုံး ငါတို့ရင်ဆိုင်ရမှာက အိမ်ရှေ့စံ ကျီစုန့်ပဲ " ပိုင်ဟန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
ဆရာအများစုက "ကျီစုန့်နဲ့ ဘာဆိုင်လို့လဲ" ဟူ၍ အမူအရာမျိုး ဖြစ်သွားကြသည်။
သူတို့က ဘာမှမပြောလိုက်သော်လည်း ပိုင်ဟန်က သူတို့မျက်နှာထားမှ စိတ်ကို အလွယ်တကူ ထိုးဖောက်မြင်နေသည်။
လူတချို့ကသာ အဖြေကို မှန်းဆနိုင်ကြသည်။
ပိုင်ဟန်က အဖြေကို မပြောခင် သက်ပြင်းချလိုက်ပြီး
" မင်းတို့အားလုံးလည်း ဖွင့်ပွဲအခမ်းအနားတုန်းက သူတို့ဆွေးနွေးနေတာကို ကြားကြမှာပါ။ သူတို့ရဲ့ တိုက်ပွဲအတွက် လောင်းကြေးကို ဘယ်သူမှ မကြားလိုက်ပေမဲ့ ဝမ်ဝေ့ရဲ့ အရင်အပြုအမူတွေအရ လောင်းကြေးက တာအိုကျောက်ပြား လျို့ဝှက်နယ်မြေ ဝင်ခွင့် ဖြစ်နေမှန်း သိသာတယ်"
လူများစွာက ထိုအရာကို ကြားလိုက်ပြီးမှ သဘောပေါက်သွားကြသည်။ သူတို့က ဝမ်ဝေ့သည် မည်မျှကြောက်ဖို့ကောင်းကြောင်း သတိပြုမိလာ၏။ သူက ကျောင်းတော်ဆီ အရင်းအမြစ်နှင့် ဝင်ခွင့်အမှတ်အသားပြား လဲလှယ်ပေးဖို့ တောင်းဆိုပြီးသည့်နောက်တွင် အရန်အစီအစဉ်များစွာ ချမှတ်ထားခဲ့လေသည်။
သူက အစကတည်းက ကျရှုံးမှုကို မျှော်လင့်ထားသည့်အလား ဖြစ်နိုင်ခြေရလဒ်များကို အကုန်စီစဉ်ထား၏။
"ကျောင်းအုပ် ... ကျုပ်အနေနဲ့ ပြောရရင်တော့ ကျီစုန့်က နိုင်နိုင်ခြေတော့ မရှိဘူး။ အဲဒီဝမ်ဝေ့က အရမ်းကြောက်ဖို့ကောင်းတယ်"
" သူက လူငယ်မျိုးဆက်လို့ကို မယုံနိုင်စရာပဲ။ သူ့အပြုအမူတွေအရ နှစ်ထောင်ချီနေလာတဲ့ မြေခွေးအိုကြီးနဲ့ တူတယ်"
" သူ့အမေကို စဉ်းစားကြည့်ရင် သူက အဲဒီလောက် ဉာဏ်များနေတာ အံ့ဩစရာတော့ မဟုတ်ပါဘူး"တခြားဆရာက ဝင်ပြောလိုက်သည်။
ဆရာများစွာက ထိုစကားကို ကြားပြီး ရှုံ့မဲ့သွားကြသည်။ ကျောင်းအုပ်ပိုင်ဟန်လည်း အပါအဝင် ဖြစ်၏။ သူတို့အများစုက သူတို့မျိုးဆက်အတွင်း ယုယန်လက်ထဲ ခံစားခဲ့ဖူးကြလေသည်။
ပိုင်ဟန်က သူ့ဘာသာ စိတ်တည်ငြိမ်ဖို့ အသက်ပြင်းပြင်းရှုလိုက်ပြီး သူ့စိတ်ထဲမှ ဆိုးဆိုးရွားရွား မှတ်ဉာဏ်တချို့ကို ဖယ်ထုတ်ပစ်လိုက်သည်။ ထို့နောက် သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏ " ငါတို့တွေ ကျီစုန့်ကို ကူညီပေးရမယ်။ သူ့ကို မိစ္ဆာနတ်ဘုရားအရိုး ပေးလိုက်မယ် "
************
ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၁၇)
မူရင္းေရးသားသူ - lazySageDao
ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)
အခန္း(၂၃၃) : စည္းမ်ဥ္းမ်ားကို အတင္းအဓမၼျပဳျပင္ျခင္း
"ေက်ာင္းအုပ္ ... အခု က်ဳပ္တို႔ ဘာလုပ္ၾကမလဲ" ဆရာတစ္ေယာက္က ေမးလိုက္ေသာေၾကာင့္ က်န္လူမ်ားက ပိုင္ဟန္ကို ၾကည့္လာၾကသည္။
ပိုင္ဟန္အတြက္မူ ထိုေမးခြန္းကို ၾကားလိုက္ၿပီးေနာက္ သက္ျပင္းသာခ်လိုက္သည္။ တကယ္ေတာ့ သူက လိမ္ညာလိုက္ျခင္းသာ ျဖစ္၏။ အတိအက်ေျပာရလွ်င္ အမွန္တရားတစ္ခုလုံးကို မေျပာလိုက္ျခင္း ျဖစ္သည္။ ပိုင္ဟန္က ေခတ္တစ္ခု၏ စိတ္ဝိညာဥ္အေၾကာင္း ေျပာသည္က အမွန္ျဖစ္ေသာ္လည္း သူ႔ရည္႐ြယ္ခ်က္က မ႐ိုးသားေပ။
လတ္တေလာ အျဖစ္အပ်က္အတြင္း သူက ဝမ္ေဝ့အေပၚ သေဘာမက် ျဖစ္လာခဲ့သည္မွာ ဝမ္ေဝ့က သူ႔အေဖ ဧကရာဇ္ခုံကို အမွတ္ရေစ၍ ျဖစ္သည္။
သူတို႔၏ အံ့ေလာက္ဖြယ္ ပါရမီ၊ အေတြးအျမင္က်ယ္တာေတြ၊ ပို၍ အေရးႀကီးသည္က သူတို႔က တစ္ကမာၻလုံးကို သူတို႔၏ စစ္တုရင္ခုံအျဖစ္ သတ္မွတ္ထားၿပီး လူတိုင္းကို နယ္႐ုပ္မ်ားအျဖစ္ ေဆာ့ကစားေနျခင္း ျဖစ္၏။
ပိုင္ဟန္က သူ႔အေဖ၏ ထိုစြမ္းေဆာင္ရည္မ်ားကို မုန္းတီးမိေလသည္။ ထို႔ေၾကာင့္ သူက ဝမ္ေဝ့အေပၚ အမုန္းတရား ပိုလာခဲ့သည္။ မည္သို႔ပင္ဆိုေစကာမူ သူ႔စိတ္ခံစားခ်က္ သဘာဝကို သတိျပဳမိေသာ္လည္း သူ႔အေနႏွင့္ ေျပာင္းလဲဖို႔ ျငင္းဆန္ခဲ့သည္။
ပိုင္ဟန္က အသက္ျပင္းျပင္းရႈလိုက္ၿပီးေနာက္ တျခားဆရာမ်ားအား ေျပာလိုက္သည္ " ငါတို႔ ေနာက္ေျခလွမ္းကို မေဆြးေႏြးခင္ ပထမဆုံး ငါတို႔အတြင္းေရးျပႆနာေတြကို အရင္ေျဖရွင္းဖို႔ လိုတယ္။
အဲဆိုေတာ့ တာအိုအခြင့္အလမ္းဂိုဏ္းက ငါတို႔အစီအရင္ကို ဘယ္လိုထိန္းခ်ဳပ္လိုက္တာလဲဆိုတာ ေတြ႕ၿပီလား"
"ကံမေကာင္းစြာနဲ႔ အေျဖ မရေသးပါဘူး" ေက်ာင္းေတာ္၏ လုံၿခဳံေရးကို တာဝန္ယူထားသူ ဆရာတစ္ေယာက္က ေျဖလိုက္သည္။
" အျဖစ္အပ်က္ၿပီးေတာ့ အစီအရင္တာဝန္ယူထားတဲ့လူကို စစ္ေဆးၾကည့္ခဲ့ေပမဲ့ သူတို႔က လုံးဝရွင္းေနတယ္။ ေနာက္ဆုံးက် သူ႔ဝိညာဥ္အထိ ရွာေဖြခဲ့ေသးတယ္။ ဒါေပမဲ့ ဘာမွမေတြ႕ရဘူး။ သူမက တာအိုအခြင့္အလမ္းဂိုဏ္းက လူေတြနဲ႔ အဆက္အသြယ္ မရွိေနဘူး။ သူမဆီ ဆက္သြယ္လာတဲ့သူလည္း မေတြ႕မိဘူး"
ပိုင္ဟန္က မ်က္ေမွာင္ၾကဳတ္ကာ စဥ္းစားလိုက္သည္။ ထိုအရာက ျပႆနာ ျဖစ္လာႏိုင္သည္။ ထို႔ေၾကာင့္ သူက ေျပာလိုက္သည္ " ဒီလိုဆိုရင္ ဒီအေျခအေနကို ျပန္လည္တုံ႔ျပန္ဖို႔ စဥ္းစားၾကရေအာင္။
ပထမဆုံး ငါတို႔က ဒီဆိုးဆိုး႐ြား႐ြား ေကာလဟာလေတြ ေက်ာင္းေတာ္က ထိန္းခ်ဳပ္ထားတဲ့ ပိုင္နက္ထဲ ေရာက္မသြားေအာင္ တားဆီးရမယ္။ အဲဒီေနရာေတြက ေက်ာင္းေတာ္ရဲ႕ အုတ္ျမစ္ပဲ။ အဲဒီေနရာေတြကို ဘာမွအျဖစ္ခံလို႔ မျဖစ္ဘူး။
ဒုတိယက ငါတို႔က ေတာင္ပိုင္းမွာရွိတဲ့ အဖြဲ႕အစည္းေတြကေန အရင္းအျမစ္ေတြ မရႏိုင္ေတာ့ဘူးဆိုေတာ့ ျပင္ပအကူအညီ သုံးရေတာ့မယ္။ ကံေကာင္းတာက လတ္တေလာ မဟာမိတ္ျဖစ္တဲ့ ကုန္သြယ္ေရးအဖြဲ႕အစည္းက ငါတို႔ကို ရွားပါးအရင္းအျမစ္တခ်ိဳ႕ ေထာက္ပံ့ေပးဖို႔ သေဘာတူလာတယ္။
ဒါေပမဲ့ သူတို႔ရဲ႕ အေျခအေနက အရင္ထက္ ေဈးရာခ်ီ မ်ားလာႏိုင္တယ္။ သူတို႔က ငါတို႔ကို လူသိရွင္ၾကား ေထာက္ပံ့ေပးမွာ မဟုတ္ဘူး"
"က်စ္" ဆရာတစ္ေယာက္က ေျပာလိုက္သည္ "အရင္တုန္းက ရွီကြမ္းက သူ႔သမီးကို က်ဳပ္တို႔ဆီ ပို႔ေပးႏိုင္ဖို႔ ေတာင္းဆိုခဲ့ရတာ အခု က်ဳပ္တို႔လည္း ျပႆနာၾကားေရာက္ေရာ သူက မ်က္ႏွာလြဲခဲပစ္ လုပ္ခ်င္တာလား"
"သူ႔ကို အျပစ္တင္လို႔ေတာ့ မရဘူး။ လင္းဖန္နဲ႔ ရွီရွစ္ၾကားက မဟာမိတ္က တည္ေဆာက္ခါစပဲ ရွိေသးတာဆိုေတာ့ ကုန္သြယ္ေရးအဖြဲ႕အစည္းဘက္က ဘာအက်ိဳးအျမတ္မွ မရေသးဘူး။ ငါတို႔ေက်ာင္းေတာ္က အထိနာသြားတာေပါ့"
" မဟာမိတ္က အေျခအေနတခ်ိဳ႕ ေထာက္ထားၿပီး ကူညီတာကိုပဲ ေက်နပ္ရမွာ။ တန္ေၾကးျမင့္လိုက္တာကိုေတာ့ အစကတည္းက သူတိုေတြ ကုန္သည္ေတြဆိုေတာ့ အက်ိဳးျမတ္ရယူဖို႔က သဘာဝပဲေလ" ဆရာတစ္ေယာက္က ေျပာလိုက္သည္။
ပိုင္ဟန္က သေဘာတူစြာ ေခါင္းညိတ္လိုက္သည္။ ထို႔ေနာက္ သူက ေျပာလိုက္သည္ "ငါတို႔ရဲ႕ တတိယအဆင့္က တုံ႔ျပန္တိုက္ခိုက္ဖို႔ပဲ။ တာအိုအခြင့္အလမ္းဂိုဏ္းက လူထုအျမင္နဲ႔ ငါတို႔ကို တိုက္ခိုက္လာမွေတာ့ ငါတို႔လည္း အတူတူ ျပန္လုပ္ႏိုင္တယ္။"
ပိုင္ဟန္အေနႏွင့္ ထိုအရာက အသုံးဝင္မည္ မဟုတ္ေလာက္ေၾကာင္း သိထားေလသည္။ ဝမ္ေဝ့၏ ဉာဏ္မ်ားမႈအရ သူက ဒီလိုတုံ႔ျပန္မႈမ်ိဳးကို တြက္ဆမိထားေလာက္ၿပီး ႀကိဳတင္ျပင္ဆင္ထားေလာက္သည္။ မည္သို႔ပင္ဆိုေစကာမူ ေက်ာင္းေတာ္က ဂုဏ္သတင္းႏွင့္ နာမည္ေကာင္းအတြက္ ျပန္လည္တိုက္ခိုက္လိုေၾကာင္း ရပ္တည္ခ်က္ကို ျပသရဦးမည္သာ ျဖစ္၏။
" ေနာက္ဆုံးအေနနဲ႔ ငါတို႔ ဝမ္ေဝ့ကို တာအိုေက်ာက္ျပား သုံးေထာင္ဆီ ဝင္ခြင့္မရေအာင္ လုပ္ရမယ္။ ငါ့သုံးသပ္ခ်က္အရ သူ႔ကံၾကမၼာ႐ုပ္ေသးဆရာ ႐ုပ္ခႏၶာက အသစ္ဆိုေတာ့ ႐ုပ္ခႏၶာအသစ္ရဲ႕ အေရးသာခ်က္ ထုတ္ျပႏိုင္ေလာက္ေအာင္ သင့္ေတာ္တဲ့ က်င့္စဥ္ ရွိဦးမွာ မဟုတ္ဘူး။ သူက တာအိုေက်ာက္ျပားဆီ ဝင္ခြင့္ရခ်င္တာဆိုေတာ့ ငါတို႔ဘက္ကေန သူ႔ကို နည္းလမ္းမ်ိဳးစုံနဲ႔ တားရမယ္"
" ေက်ာင္းအုပ္ က်ဳပ္တို႔ ဘယ္လိုလုပ္ၾကမွာလဲ"
"အရင္ဆုံး ငါတို႔ လီကြၽင္းကို ထိပ္ဆုံးအေယာက္ ၃၀ ထဲ မပါေအာင္လုပ္ရမယ္။ သူ႔အင္အားနဲ႔ ထိပ္ဆုံး ၃၀ ထဲ ဝင္ဖို႔ အေႏွးနဲ႔အျမန္ပဲ။ သူသာ ဝင္ခြင့္အမွတ္အသားျပားရသြားတာနဲ႔ ဝမ္ေဝ့ဆီ ေပးလိုက္ဖို႔ တုံ႔ဆိုင္းေနမွာ မဟုတ္ဘူး။ အဲဒါေၾကာင့္ ဒီအေျခအေနကို အရင္ေျဖရွင္းရမယ္"
ဆရာအားလုံးက သူတို႔မ်က္ႏွာအထက္ ေတြးဆဆအမူအရာမ်ားျဖင့္ ရွိေနၾကစဥ္ တစ္ေယာက္က ေျပာလိုက္သည္ " က်ဳပ္တို႔ ဝင္ခြင့္အမွတ္အသားျပား ရတဲ့သူကို သူတို႔အတြက္ပဲ သုံးလို႔ရတယ္လို႔ စည္းကမ္းလုပ္လိုက္တာ မေကာင္းဘူးလား"
ေနာက္ဆရာတစ္ေယာက္က ေခါင္းယမ္းကာ "အဲဒါက အလုပ္မျဖစ္ဘူး။ အားလုံးက ဝင္ခြင့္ရတဲ့သူက အမွတ္အသားျပားကို သူ ႀကိဳက္သလိုလုပ္ခြင့္ရွိတယ္ဆိုတာ အားလုံး သိၿပီးသား။ ၿပီးေတာ့ သူတို႔အမွတ္အသားျပားကို တျခားသုံးအတြက္ သုံးမဲ့ တျခားပါဝင္ယွဥ္ၿပိဳင္သူေတြလည္း အမ်ားႀကီးပဲ။
အဲဒါေၾကာင့္ ငါတို႔သာ စည္းမ်ဥ္းကို အလွ်င္စလို ေျပာင္းလိုက္ရင္ အရင္ ကြၽမ္းက်င္အတတ္ပညာရွင္ေတြနဲ႔ ကေတာက္ကဆကိုပါ ထပ္ေပါင္းၿပီး တာအိုအခြင့္အလမ္းဂိုဏ္းက လူေတြက ငါတို႔ဂုဏ္သတင္းကို ထပ္ဖ်က္ၾကလိမ့္မယ္။ "
" သူတို႔က အဲဒါကို အေၾကာင္းျပၿပီး ဧကရာဇ္တာအိုစစ္ပြဲအထိ ဆင္ႏြဲလာႏိုင္တယ္"ဆရာတစ္ေယာက္ ဝင္ေျပာလိုက္သည္။
ထို႔ေနာက္ ဆရာအားလုံးက အမူအရာပ်က္ယြင္းသြားၾကသည္။ အမ်ားစုက တာအိုအခြင့္အလမ္းဂိုဏ္းႏွင့္ ဧကရာဇ္တာအိုစစ္ပြဲသာ ျဖစ္မည္ဆိုလွ်င္ သူတို႔အႏိုင္ရႏိုင္ေျခက နည္းပါးေၾကာင္း သိထားၾက၏။
အမွန္ေတာ့ တာအိုအခြင့္အလမ္းဂိုဏ္းကို ကမာၻရွိ တျခားအင္အားစုမ်ား ေၾကာက္႐ြံ႕ၾကသည့္ အေၾကာင္းအရင္းတစ္ခ်က္လည္း ျဖစ္ေပသည္။ သူတို႔အေျခခံအုတ္ျမစ္က နက္နဲလြန္း၍ ျဖစ္၏။
သူတို႔တြင္ မဟာဧကရာဇ္အမ်ားဆုံး ရွိေန႐ုံသာမက ကမာၻ၏ သက္တမ္းအရင့္ဆုံး အင္အားစုတစ္ခုလည္း ျဖစ္ေပသည္။ ထို႔ေၾကာင့္ သူတို႔ ဖုံးကြယ္ထားသည့္ လ်ိဳ႕ဝွက္ခ်က္မည္မွ်ရွိေနမည္ကို မည္သူမွ မသိႏိုင္ေခ်။
ပိုင္ဟန္က ေခ်ာင္းအသာဟန႔္ကာ အားလုံးကို အသိျပန္ကပ္လာေစလိုက္သည္ " ငါတို႔ေတြ စည္းမ်ဥ္းေျပာင္းပစ္ဖို႔ မလိုဘူး။ သူ႔ကို လူထုယုံၾကည္ေလာက္တဲ့ နည္းလမ္းနဲ႔ အရည္အခ်င္းမျပည့္မွီေအာင္ လုပ္႐ုံပဲ"
"ေက်ာင္းအုပ္က လိမ္ဖို႔ ေျပာေနတာလား။ အဲဒါက လြန္လြန္းမသြားဘူးလား" ဆရာတစ္ေယာက္က မဝံ့မရဲ ေျပာလိုက္သည္။
ပိုင္ဟန္က ေျပာလိုက္သူကို စိုက္ၾကည့္လိုက္ၿပီး " အဲဆို ေက်ာင္းေတာ္ရဲ႕ မ်က္ႏွာေပၚ တက္နင္းထားတဲ့ အဲဒီလူကို ဘာအက်ိဳးဆက္မွ မခံစားခိုင္းဘဲ ဝင္ခြင့္ေပးလိုက္ၾကမွာလား"
ေမးခြန္းေမးလိုက္သူ အပါအဝင္ ဆရာအားလုံးက ေခါင္းငုံ႔ထားၾကၿပီး ဘာမွမေျပာေတာ့ေပ။ ဝမ္ေဝ့ သူတို႔အေပၚ လုပ္ခဲ့သည္ကို ေတြးၾကည့္လိုက္လွ်င္ သူတို႔ဆီကေန အက်ိဳးျမတ္ရဖို႔ ခြင့္မျပဳသင့္ေပ။
ပိုင္ဟန္က တိတ္တဆိတ္ ေခါင္းညိတ္လိုက္ၿပီးေနာက္ ဆက္ေျပာလိုက္သည္ " ၿပီးေတာ့ ငါတို႔က လိမ္ေနတာ မဟုတ္ဘူး။ လီကြၽင္းရဲ႕ ၿပိဳင္ဘက္ကို အေရးသာခ်က္နည္းနည္းေပးလိုက္႐ုံပဲ"
ဆရာအမ်ားစုက ထိုအျပဳအမူကို သေဘာမက်ၾကေသာ္လည္း ေက်ာင္းေတာ္၏ ေကာင္းက်ိဳးအတြက္ ျဖစ္မွန္းသိ၍ ဘာမွမေျပာၾကေပ။
"ေနာက္ဆုံး ငါတို႔ရင္ဆိုင္ရမွာက အိမ္ေရွ႕စံ က်ီစုန႔္ပဲ " ပိုင္ဟန္က တည္တည္ၿငိမ္ၿငိမ္ ေျပာလိုက္သည္။
ဆရာအမ်ားစုက "က်ီစုန႔္နဲ႔ ဘာဆိုင္လို႔လဲ" ဟူ၍ အမူအရာမ်ိဳး ျဖစ္သြားၾကသည္။
သူတို႔က ဘာမွမေျပာလိုက္ေသာ္လည္း ပိုင္ဟန္က သူတို႔မ်က္ႏွာထားမွ စိတ္ကို အလြယ္တကူ ထိုးေဖာက္ျမင္ေနသည္။
လူတခ်ိဳ႕ကသာ အေျဖကို မွန္းဆႏိုင္ၾကသည္။
ပိုင္ဟန္က အေျဖကို မေျပာခင္ သက္ျပင္းခ်လိုက္ၿပီး
" မင္းတို႔အားလုံးလည္း ဖြင့္ပြဲအခမ္းအနားတုန္းက သူတို႔ေဆြးေႏြးေနတာကို ၾကားၾကမွာပါ။ သူတို႔ရဲ႕ တိုက္ပြဲအတြက္ ေလာင္းေၾကးကို ဘယ္သူမွ မၾကားလိုက္ေပမဲ့ ဝမ္ေဝ့ရဲ႕ အရင္အျပဳအမူေတြအရ ေလာင္းေၾကးက တာအိုေက်ာက္ျပား လ်ိဳ႕ဝွက္နယ္ေျမ ဝင္ခြင့္ ျဖစ္ေနမွန္း သိသာတယ္"
လူမ်ားစြာက ထိုအရာကို ၾကားလိုက္ၿပီးမွ သေဘာေပါက္သြားၾကသည္။ သူတို႔က ဝမ္ေဝ့သည္ မည္မွ်ေၾကာက္ဖို႔ေကာင္းေၾကာင္း သတိျပဳမိလာ၏။ သူက ေက်ာင္းေတာ္ဆီ အရင္းအျမစ္ႏွင့္ ဝင္ခြင့္အမွတ္အသားျပား လဲလွယ္ေပးဖို႔ ေတာင္းဆိုၿပီးသည့္ေနာက္တြင္ အရန္အစီအစဥ္မ်ားစြာ ခ်မွတ္ထားခဲ့ေလသည္။
သူက အစကတည္းက က်ရႈံးမႈကို ေမွ်ာ္လင့္ထားသည့္အလား ျဖစ္ႏိုင္ေျခရလဒ္မ်ားကို အကုန္စီစဥ္ထား၏။
"ေက်ာင္းအုပ္ ... က်ဳပ္အေနနဲ႔ ေျပာရရင္ေတာ့ က်ီစုန႔္က ႏိုင္ႏိုင္ေျခေတာ့ မရွိဘူး။ အဲဒီဝမ္ေဝ့က အရမ္းေၾကာက္ဖို႔ေကာင္းတယ္"
" သူက လူငယ္မ်ိဳးဆက္လို႔ကို မယုံႏိုင္စရာပဲ။ သူ႔အျပဳအမူေတြအရ ႏွစ္ေထာင္ခ်ီေနလာတဲ့ ေျမေခြးအိုႀကီးနဲ႔ တူတယ္"
" သူ႔အေမကို စဥ္းစားၾကည့္ရင္ သူက အဲဒီေလာက္ ဉာဏ္မ်ားေနတာ အံ့ဩစရာေတာ့ မဟုတ္ပါဘူး"တျခားဆရာက ဝင္ေျပာလိုက္သည္။
ဆရာမ်ားစြာက ထိုစကားကို ၾကားၿပီး ရႈံ႕မဲ့သြားၾကသည္။ ေက်ာင္းအုပ္ပိုင္ဟန္လည္း အပါအဝင္ ျဖစ္၏။ သူတို႔အမ်ားစုက သူတို႔မ်ိဳးဆက္အတြင္း ယုယန္လက္ထဲ ခံစားခဲ့ဖူးၾကေလသည္။
ပိုင္ဟန္က သူ႔ဘာသာ စိတ္တည္ၿငိမ္ဖို႔ အသက္ျပင္းျပင္းရႈလိုက္ၿပီး သူ႔စိတ္ထဲမွ ဆိုးဆိုး႐ြား႐ြား မွတ္ဉာဏ္တခ်ိဳ႕ကို ဖယ္ထုတ္ပစ္လိုက္သည္။ ထို႔ေနာက္ သူက တည္တည္ၿငိမ္ၿငိမ္ ေျပာလိုက္၏ " ငါတို႔ေတြ က်ီစုန႔္ကို ကူညီေပးရမယ္။ သူ႔ကို မိစာၦနတ္ဘုရားအ႐ိုး ေပးလိုက္မယ္ "