ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၇)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း(၂၃၁) : ခေတ်တစ်ခု၏ စိတ်ဝိညာဉ်
ကမ္ဘာတစ်ဝှမ်းရှိ ကျင့်ကြံသူအားလုံးက ထိုမှတ်တမ်းကြောင့် အတော်လေး အံ့အားသင့်သွားကြသည်။ ပြောရလျှင် အမှန်တကယ် တုန်လှုပ်အံ့ဩစရာ ကောင်းလှ၏။
ဖူချိုက်ယွီ ဆိုတာ ဘယ်သူလဲ ...
သူက မဟာဧကရာဇ်ငါးယောက် ပြုစုပျိုးထောင်ပေးခဲ့သည့် မူလဆေးလုံးတာအိုဂိုဏ်းမှ မဟာအကြီးအကဲ ဖြစ်သည်။ ထိုမဟာဧကရာဇ်များကလည်း ဆေးဝါးပညာရှင်များသာ ဖြစ်၏။
မူလဆေးလုံးတာအိုဂိုဏ်းက တောင်ပိုင်းမီးငှက်ကုန်းမြေပေါ်တွင် တည်ရှိသည့် ဆေးဝါးပညာရှင် အဖွဲ့အစည်း၏ ခေါင်းဆောင် ဖြစ်သည်။ ဆေးဝါးပညာရှင်ဟူသော ဂုဏ်ပုဒ်ကို လိုချင်သည့် ကျင့်ကြံသူတိုင်းက ထိုအဖွဲ့အစည်းသို့ သွားကာ စစ်ဆေးမှု ခံယူကြရသည်။
ထိုအရာများက ဒီသတင်း အုတ်အောင်သောင်းနင်း ဖြစ်သွားစေသည့် အဓိကအချက် မဟုတ်သေးပေ။ တကယ်တော့ ကမ္ဘာတစ်ဝှမ်း၌ ဖူချိုက်ယွီ၏ အဆင့်အတန်းကြောင့် ဖြစ်၏။ သူ့ကို ဒီမျိုးဆက်အတွင်း အကြီးမြတ်ဆုံး ဆေးဝါးပညာရှင်ဟု လူသိများကြသည်။ သူက သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း အထွတ်အထိပ်အဆင့်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့် ဆေးလုံးများအထိ ဖော်စပ်နိုင်လေသည်။ ဧကရာဇ်တစ်ပိုင်းအဆင့် ဆေးလုံး ဖော်စပ်မှု အောင်မြင်နှုန်းသည် အမှန်တော့ ဆိုးရွားလေ၏။
ထို့အပြင် ဖူချိုက်ယွီသည် ရှေးဟောင်းဧကရာဇ်ခေတ်ကာလတွင် တည်ထောင်ခဲ့သည့် မူလဆေးလုံးတာအိုဂိုဏ်း၏ တည်ထောင်သူ ဆေးလုံးဘိုးဘေး သို့မဟုတ် တန်ယွမ်ဧကရာဇ်၏ မူလဆေးလုံးမီးတောက်ကျမ်းကို ကျင့်ကြံနိုင်ခဲ့သည့် တစ်ဦးတည်းသော ဆေးဝါးပညာရှင်လည်း ဖြစ်ပေသည်။
ထိုကျမ်းက ဆေးဝါးပညာရှင်တစ်ယောက်အား အရာအားလုံးကို သန့်စင်နိုင်ပြီး ဆေးဝါးပစ္စည်းအဖြစ် ပြောင်းလဲပေးနိုင်သည့် ထူးကဲမီးတောက်ကို ကျင့်ကြံစေနိုင်သည်။ ထိုကျမ်းကို ကျင့်ကြံထားသည့် ဆေးဝါးပညာရှင်က ကျောက်ခဲကိုပင် သန့်စင်ကာ ဆေးလုံးအတွက် လိုအပ်နေသည့် ပါဝင်ဆေးပစ္စည်းအဖြစ် ပြောင်းလဲပစ်နိုင်သည်။
ထိုဧကရာဇ်ကျမ်းက ကောင်းကင်သွေဖယ်နေသည့် စွမ်းရည် ရှိသော်လည်း ကျင့်ကြံနိုင်ဖို့ လိုလားချက် သို့မဟုတ် ပါရမီက မြင့်မားလှသည်။ ထို့ကြောင့် မူလဆေးလုံးတာအိုဂိုဏ်း၏ သမိုင်းကြောင်းတစ်လျှောက်တွင် ဆေးပညာရှင်တချို့သာ လုပ်ဆောင်နိုင်ခဲ့ကြသည်။ အောင်မြင်သူများကလည်း သူတို့မျိုးဆက်အတွင်း ပါရမီအကောင်းဆုံးအဖြစ် မှတ်ယူခံကြရသည်။
ဂိုဏ်းအတွက် ကံကောင်းသည်က ယခင်မျိုးဆက်အတွင်း ဖူချိုက်ယွီ ပေါ်ထွက်လာခဲ့သည်။
ကံမကောင်းစွာဖြင့် ဖူချိုက်ယွီကလည်း သူ့ဘိုးဘေးကဲ့သို့ အရမ်းမောက်မာလေသည်။ ဆေးဝါးပညာရှင်တစ်ယောက်အနေနှင့် သူ့ပါရမီကြောင့် ဒီကမ္ဘာထဲ ဖူချိုက်ယွီ၏ အဆင့်အတန်းက အင်မတန် မြင့်မားကာ လေးစားခံရသည်။ ထို့ကြောင့် သူက လူတချို့ကိုသာ သူ့နှင့် အဆင့်တူ သတ်မှတ်ထားပြီး ကျန်လူများကို အထင်သေးသလို မတူမတန် နှိမ့်ချကြည့်လေရှိသည်။
ထို့ကြောင့် ရှားပါးဆေးလုံးများ ဖော်စပ်ရာ၌ သေချာသည့် အဆင့်အတန်းတစ်ခုမရှိဘဲ ဖူချိုက်ယွီက တစ်ယောက်ယောက်အတွက် ဆေးလုံးဖော်စပ်ပေးဖို့ သဘောတူမည် မဟုတ်ပေ။ တကယ်တော့ ယခုလက်ရှိ မူလဆေးလုံးတာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ကိုပင် သူက အထင်သေးလေ့ရှိသည်။ အကယ်၍ သူသာ ဆေးလုံးတာအိုအပေါ် အာရုံစိုက်ထားလိုသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူက ဂိုဏ်းချုပ် ဖြစ်လာလိမ့်မည်။
ထို့ကြောင့် ဖူချိုက်ယွီအပေါ် သုံးသပ်လိုက်ပြီးနောက် ဝမ်ဝေ့က ထိုလူ့တွင် ရန်သူအများကြီး ရှိနေနိုင်မှန်း မှန်းဆမိလိုက်သည်။ ထိုလူများထဲတွင် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်မှ ဆရာများပင် ပါနေနိုင်သည်။ ထို့ကြောင့် အနည်းငယ်စုံစမ်းလိုက်ပြီးသည့်နောက်တွင် တချို့ကို ရှာတွေ့ဖို့ မခက်ခဲခဲ့ပေ။
ထို့နောက် သူက အရက်သေစာသောက်စားပြီး မူးယစ်ကာပျော်ပါးနေတတ်သူများကို ပိုအာရုံစိုက်ထားလိုက်သည်။ သူ လုပ်ဖို့လိုသည်ကား ဂိုဏ်းက အရိပ်ကို သူတို့ အမြဲတမ်း သွားရောက်လည်ပတ်ကာ သောက်စားနေတတ်သည့် နေရာထဲ ဝင်ခိုင်းကာ မူးအောင်တိုက်ပြီး ဖူချိုက်ယွီအကြောင်း စကားစလိုက်ခြင်း ဖြစ်၏။
ဝမ်ဝေ့ကို အံ့ဩသွားစေသည်က ကံကြမ္မာနတ်သမီးက သူ့ဘက် ပါနေဟန်ပေါ်သည်။ သူ ထင်ထားသည်ထက် သတင်းအချက်အလက်များ ပိုတွေ့သွားလေသည်။
မူလက သူက ဆရတာချို့ကို ဖူချိုက်ယွီ၏ မကောင်းကြောင်း ပြောစေချင်ရုံမျှ ဖြစ်ပြီး ကမ္ဘာကြီးဆီ ပြန်မပြခင် မှတ်တမ်းတင်ထားမည်။ ထိုလူက ဖူချိုက်ယွီ၏ ဇနီးနှင့် အမှန်တကယ် မရှင်းမရှင်းဆက်ဆံရေး ရှိကာ ဖောက်ပြားနေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ ထို့ကြောင့် သူ့အစီအစဉ်ကို ပို၍ ကောင်းသွားစေခဲ့သည်။
ထို့ကြောင့် မှတ်တမ်းတင်ထားသည့် ပုံရိပ်များကို ထုတ်ပြလိုက်ပြီးသည့်နောက်တွင် အသင်္ချေအင်ပါယာကမ္ဘာက အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။ ထိုအတင်းအဖျင်းက ဟိုးလေးတကျော် ဖြစ်သွားလေသည်။ အထူးသဖြင့် ကျောင်းတော်နှင့် ဆေးဝါးပညာရှင် အဖွဲ့အစည်း ခေါင်းဆောင်တို့ကဲ့သို့ အားကောင်းသည့် ဧကရာဇ်မျိုးနွယ်များ ပါဝင်နေသည့်အခါတွင် ဖြစ်၏။
ပိုင်ဟန်က အစီအရင်ကို ပိတ်ချနိုင်ခဲ့သော်လည်း နောက်ကျလွန်းသွားပြီ ဖြစ်၏။ ဝမ်ဝေ့ ပြချင်သည့် သတင်းကို ပြသပြီးသွားလေပြီ။
သိပ်မကြာခင် အကျိုးဆက်လည်း လိုက်ပါလာ၏။
နောက်တစ်ရက် တောင်ပိုင်း မီးငှက်ကုန်းမြေမှ ဆေးဝါးပညာရှင် အဖွဲ့အစည်း၊ အဆောင်ဆရာ အဖွဲ့အစည်း၊ မွမ်းမံပြုပြင်သူ အဖွဲ့အစည်းနှင့် အစီအရင်ဆရာ အဖွဲ့အစည်းတို့က ကျောင်းတော်နှင့် ဆက်ဆံရေးဖြတ်တောက်ကြောင်း ကြေညာခဲ့သည်။
ထို့ကြောင့် သူတို့က အဖိုးတန်ဆေးဝါး၊ သတ္တုနှင့် အဆောင်ကဲ့သို့သော အရင်းအမြစ်များကို မရနိုင်တော့ပေ။ ထို့အပြင် ကျောင်းတော်မှ လေ့ကျင့်ပေးထားသည့် ကျွမ်းကျင်အတတ်ပညာရှင်များ သို့မဟုတ် သူတို့နှင့် ဆက်ဆံရေးရှိသူများလည်း ထိုအဖွဲ့အစည်းများတွင် သူတို့၏ တရားဝင် အဆင့်အတန်း သို့မဟုတ် ဂုဏ်ပုဒ် ရလာအောင် စစ်ဆေးမှု ဝင်ဖြေနိုင်တော့မည် မဟုတ်ပေ။
ဆိုလိုရင်းက ကျောင်းတော်မှ လေ့ကျင့်ပေးထားသော ဆေးဝါးပညာရှင် သို့မဟုတ် အဆောင်ဆရာများကို ထိုအဖွဲ့အစည်းများက အသိအမှတ်ပြုမည် မဟုတ်သောကြောင့် တစ်ကမ္ဘာလုံးအနှံ့ ကျွမ်းကျင်အတတ်ပညာရှင်များဆီ ပေးအပ်ထားသည့် အကျိုးကျေးဇူးများ၊ အာဏာနှင့် လုပ်ပိုင်ခွင့်အားလုံးက သူတို့ထံ အကျုံးဝင်မည် မဟုတ်ချေ။
အားကောင်းသည့် ဧကရာဇ်မျိုးနွယ်အနေနှင့် ကျောင်းတော်က ပြင်ပအရင်းအမြစ်များ မရှိဘဲဖြင့် ကိုယ်ပိုင်ရပ်တည်နိုင်လေသည်။ အလွန်ရှားပါးကာ အဖိုးတန်သည့်အရာများကိုသာ အပြင်ဘက်မှ ရရှိဖို့ လိုအပ်လေသည်။ ထိုအရေးယူမှုမျိုးက သူတို့အတွက် ဂုဏ်သတင်းထိပါးသွားတာကလွဲ၍ ပြဿနာ မဟုတ်ပေ။
...................
လျို့ဝှက်အခန်းအတွင်း ကျောင်းတော်၏ ဆရာအားလုံးက လက်ရှိအခြေအနေကို ကယ်တင်ဖို့ရာ နောက်ထပ် အရေးပေါ် အစည်းအဝေး ကျင်းပနေကြသည်။
ရုတ်ချည်း အိုမင်းသွားသလို ဖြစ်နေသည့် ပိုင်ဟန်က မုတ်ဆိတ်သပ်လိုက်ကာ မေးလိုက်သည် " အဲဆိုတော့ ဒီရက်ပိုင်းထဲ ငါတို့ဆုံးရှုံးမှုက ဘယ်လိုလဲ"
အခန်းက ခဏကြာ တိတ်ဆိတ်သွားပြီးနောက် တစ်ယောက်က တင်ပြလိုက်သည်။
" ဆရာတို့သိတဲ့အတိုင်း ကျုပ်တို့ကျောင်းတော်ကို အတွင်းစည်းနဲ့ အပြင်စည်းဆိုပြီး ခွဲထားတယ်။ မတော်တဆ ဖြစ်ရပ်ပြီးကတည်းက ကျောင်းတော်ကို အရင်းအမြစ်အတွက် ရောက်လာကြတဲ့ လေလွင့်ကျင့်ကြံသူအများစု ရှိနေတဲ့ အပြင်စည်း ကျောင်းသားတွေက ထွက်ကုန်ကြပြီ။ အထူးသဖြင့် ထိုကျွမ်းကျင်အတတ်ပညာနဲ့ ပတ်သက်နေတဲ့လူတွေပေါ့ ...
ဒီနေ့ ကျောင်းသား ၉၀ ရာခိုင်နှုန်းကျော် ထွက်သွားပြီ။ ကျန်ရှိနေတဲ့ ဆယ်ရာခိုင်နှုန်းက ထွက်မသွားသေးပေမဲ့ ကျောင်းတော်နဲ့ စည်းခြားထားသလိုပဲ။ သူတို့က စောင့်ကြည့်နေချင်ကြတာ တူတယ် "
အခန်းက ပြန်လည် တိတ်ဆိတ်သွားကာ ဆရာများက မျက်မှောင်ကြုတ်လိုက်ကြသည်။
ထိုစဉ် တစ်ယောက်က မေးလိုက်သည် " အဓိပ္ပါယ်မရှိဘူး။ အဲဒီကျွမ်းကျင်အတတ်ပညာရှင်တွေ ထွက်သွားတာကို နားလည်ပေမဲ့ သာမန်ကျင့်ကြံသူတွေကရော ဘာလို့ထွက်သွားကြတာလဲ။ သူတို့က ကျောင်းတော်ကို ပိုကောင်းတဲ့ ကျင့်စဉ်တွေ၊ အရင်းအမြစ်တွေရအောင် လာကြတာ မဟုတ်ဘူးလား"
"သူတို့က တာအိုကိုးကွယ်ကျောင်းတော်ဆီ သွားကြပြီ" ပြောလိုက်သူက ယခင်အချက်အလက်များကို တင်ပြခဲ့သူ ဖြစ်သည်။
မေးခွန်း မေးလိုက်သည့် ဆရာက မျက်မှောင်ကြုတ်ကာ ကျောင်းကောင်းကို ထားပြီး ဆိုးရွားသည့် ကျောင်းဆီ အဘယ်ကြောင့်ပြောင်းသွားရတာလဲဟု စဉ်းစားနေသည်။ တာအိုကိုးကွယ်ကျောင်းတော်က ဧကရာဇ်မျိုးနွယ် ဖြစ်သော်လည်း သူတို့ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်နှင့် ယှဉ်လိုက်လျှင် ဆိုးရွားလှသည်။
ကျင့်ကြံသူအများစုက တစ်ကိုယ်ကောင်းဆန်ကြပြီး သူတို့အကျိုးမြတ်ကိုသာ သိကြသည့်အကြောင်း ထည့်မပြောရသေးပေ။
ထိုဆရာက တစ်ခုခုကို တွေးမိဟန်ဖြင့် မေးလိုက်သည် " တစ်ယောက်ယောက် ဝင်နှောက်လိုက်တာလား"
"ဟုတ်တယ်။ တာအိုအခွင့်အလမ်းကျောင်းတော်က တာအိုကိုးကွယ်ကျောင်းတော်နဲ့ ပူးပေါင်းမယ်လို့ ကြေညာလိုက်ပြီ။ သူတို့က သူတို့အရင်းအမြစ်အများစုကို စုပေါင်းသုံးဖို့ ဆုံးဖြတ်ထားကြတယ်။
ပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းက ဧကရာဇ်ကျမ်းအများစုက အမှတ်လုံလောက်ရင် ဖတ်ရှုနိုင်တဲ့ ကျင့်စဉ်စာရင်းထဲ ရောက်လာခဲ့တယ်။ ဒါပေမဲ့ ကျုပ်တို့နဲ့ အတူတူပဲ အမှန်တကယ် ရနိုင်တဲ့ တန်ကြေးတော့ မဟုတ်ဘူး"
အခန်းထဲရှိ ဆရာများက သူတို့ဘာသာ တိတ်တဆိတ် ကျိန်ဆဲလိုက်ကြသည်။ အကယ်၍ တာအိုကိုးကွယ်ကျောင်းတော်၏ ဧကရာဇ်ကျမ်း ငါးခုကို တာအိုအခွင့်အလမ်းဂိုဏ်း၏ ကိုးခုနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ဧကရာဇ်ကျမ်း ၁၄ ခု ရှိသွားလေပြီ။ သူတို့အနေနှင့် ထိုလေလွင့်ကျင့်ကြံသူများအတွက် အမှန်တကယ် ရရှိဖို့ မဖြစ်နိုင်မှန်း သိထားသော်လည်း ထိုသူများက သူတို့ဘာသာတော့ မသိကြပေ။
သူတို့ ဂရုစိုက်သည်ကား အားကောင်းသည့် ဧကရာဇ်ကျမ်း ၁၄ ခုထဲမှ ကျင့်ကြံခွင့် ရလာနိုင်သည့် အခွင့်အရေးသာ ဖြစ်၏။ ထိုအတွေးက သူတို့အများစုကို ရူးသွပ်သွားစေဖို့ လုံလောက်နေလေပြီ။ ထို့ကြောင့် သူတို့က တာအိုကိုးကွယ်ကျောင်းတော်ဆီ အပြေးအလွှားရောက်သွားကြခြင်း ဖြစ်သည်။
အခန်းထဲ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျောင်းအုပ်ပိုင်ဟန်က မေးလာသည် " ငါတို့ကျောင်းတော်ရဲ့ အတွင်းစည်း ကျောင်းသားတွေကရော ဘယ်လိုလဲ"
" လူနည်းနည်းကလွဲရင် ကျန်တဲ့လူအားလုံးက ကျောင်းတော်ထဲမှာ ရှိပါသေးတယ်။ သူတို့ရဲ့ သစ္စာရှိမှုကို ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးထားတာပဲလေ။ ဒါပေမဲ့ ကျောင်းတော်ရဲ့ ကျွမ်းကျင်အတတ်ပညာရှင်တွေက ကျောင်းအုပ်ကို သူတို့အတွက် ဖြေရှင်းချက် တောင်းနေကြတယ်။ ကျုပ်တို့ သူတို့ကို မှတ်တမ်းထဲက လူကို ဖမ်းပြီး ဖူချိုက်ယွီဆီ ပို့လိုက်ပြီမှန်း ပြောပေမဲ့ အသုံးမဝင်ဘူး။ သူတို့က အဲဒီဖြေရှင်းချက်ကို မကျေနပ်ကြဘူး"
"ကျန်တာ ရှိသေးလား" ပိုင်ဟန်က တည်တည်ငြိမ်ငြိမ် ပြောလုက်သည်။ အနည်းဆုံးတော့ အပေါ်ယံတွင် ဖြစ်၏။
"ကျုပ်တို့ ချီကံကောင်းမှုက ဆက်လက်ကျဆင်းနေပါတယ်။ ဒါပေမဲ့ ရပ်တန့်ပစ်ဖို့ နည်းလမ်း မရှိသေးဘူး။ ကောင်းတဲ့ဘက်က ကြည့်ရင်တော့ ကျုပ်တို့ဘက်မှာ အခုအချိန်အတွင်း ရပ်တည်ပေးနေတဲ့ မဟာမိတ်တွေ ရှိနေသေးတယ်"
ပိုင်ဟန်က ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောတော့ပေ။ သို့သော်လည်း ဆရာတစ်ယောက်က မေးလိုက်သည်။
" ကျုပ် နားမလည်ဘူး။ ဘာလို့ အဲဒီဂိုဏ်းတွေက တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ ပေါင်းသွားကြတာလဲ။ သူတို့က သူတို့ကို အားအကောင်းဆုံးဂိုဏ်းအဖြစ် ကျန်ရှိနေစေချင်တာလား။ သူတို့အစား ကျုပ်တို့ကို ထောက်ပံ့တာ ပိုမကောင်းဘူးလား။ အဓိပ္ပါယ်မရှိဘူး "
*********
ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၁၇)
မူရင္းေရးသားသူ - lazySageDao
ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)
အခန္း(၂၃၁) : ေခတ္တစ္ခု၏ စိတ္ဝိညာဥ္
ကမာၻတစ္ဝွမ္းရွိ က်င့္ႀကံသူအားလုံးက ထိုမွတ္တမ္းေၾကာင့္ အေတာ္ေလး အံ့အားသင့္သြားၾကသည္။ ေျပာရလွ်င္ အမွန္တကယ္ တုန္လႈပ္အံ့ဩစရာ ေကာင္းလွ၏။
ဖူခ်ိဳက္ယြီ ဆိုတာ ဘယ္သူလဲ ...
သူက မဟာဧကရာဇ္ငါးေယာက္ ျပဳစုပ်ိဳးေထာင္ေပးခဲ့သည့္ မူလေဆးလုံးတာအိုဂိုဏ္းမွ မဟာအႀကီးအကဲ ျဖစ္သည္။ ထိုမဟာဧကရာဇ္မ်ားကလည္း ေဆးဝါးပညာရွင္မ်ားသာ ျဖစ္၏။
မူလေဆးလုံးတာအိုဂိုဏ္းက ေတာင္ပိုင္းမီးငွက္ကုန္းေျမေပၚတြင္ တည္ရွိသည့္ ေဆးဝါးပညာရွင္ အဖြဲ႕အစည္း၏ ေခါင္းေဆာင္ ျဖစ္သည္။ ေဆးဝါးပညာရွင္ဟူေသာ ဂုဏ္ပုဒ္ကို လိုခ်င္သည့္ က်င့္ႀကံသူတိုင္းက ထိုအဖြဲ႕အစည္းသို႔ သြားကာ စစ္ေဆးမႈ ခံယူၾကရသည္။
ထိုအရာမ်ားက ဒီသတင္း အုတ္ေအာင္ေသာင္းနင္း ျဖစ္သြားေစသည့္ အဓိကအခ်က္ မဟုတ္ေသးေပ။ တကယ္ေတာ့ ကမာၻတစ္ဝွမ္း၌ ဖူခ်ိဳက္ယြီ၏ အဆင့္အတန္းေၾကာင့္ ျဖစ္၏။ သူ႔ကို ဒီမ်ိဳးဆက္အတြင္း အႀကီးျမတ္ဆုံး ေဆးဝါးပညာရွင္ဟု လူသိမ်ားၾကသည္။ သူက သူေတာ္စင္အဆင့္ က်င့္ႀကံသူတစ္ေယာက္ ျဖစ္ေသာ္လည္း အထြတ္အထိပ္အဆင့္ႏွင့္ ဧကရာဇ္တစ္ပိုင္းအဆင့္ ေဆးလုံးမ်ားအထိ ေဖာ္စပ္ႏိုင္ေလသည္။ ဧကရာဇ္တစ္ပိုင္းအဆင့္ ေဆးလုံး ေဖာ္စပ္မႈ ေအာင္ျမင္ႏႈန္းသည္ အမွန္ေတာ့ ဆိုး႐ြားေလ၏။
ထို႔အျပင္ ဖူခ်ိဳက္ယြီသည္ ေရွးေဟာင္းဧကရာဇ္ေခတ္ကာလတြင္ တည္ေထာင္ခဲ့သည့္ မူလေဆးလုံးတာအိုဂိုဏ္း၏ တည္ေထာင္သူ ေဆးလုံးဘိုးေဘး သို႔မဟုတ္ တန္ယြမ္ဧကရာဇ္၏ မူလေဆးလုံးမီးေတာက္က်မ္းကို က်င့္ႀကံႏိုင္ခဲ့သည့္ တစ္ဦးတည္းေသာ ေဆးဝါးပညာရွင္လည္း ျဖစ္ေပသည္။
ထိုက်မ္းက ေဆးဝါးပညာရွင္တစ္ေယာက္အား အရာအားလုံးကို သန႔္စင္ႏိုင္ၿပီး ေဆးဝါးပစၥည္းအျဖစ္ ေျပာင္းလဲေပးႏိုင္သည့္ ထူးကဲမီးေတာက္ကို က်င့္ႀကံေစႏိုင္သည္။ ထိုက်မ္းကို က်င့္ႀကံထားသည့္ ေဆးဝါးပညာရွင္က ေက်ာက္ခဲကိုပင္ သန႔္စင္ကာ ေဆးလုံးအတြက္ လိုအပ္ေနသည့္ ပါဝင္ေဆးပစၥည္းအျဖစ္ ေျပာင္းလဲပစ္ႏိုင္သည္။
ထိုဧကရာဇ္က်မ္းက ေကာင္းကင္ေသြဖယ္ေနသည့္ စြမ္းရည္ ရွိေသာ္လည္း က်င့္ႀကံႏိုင္ဖို႔ လိုလားခ်က္ သို႔မဟုတ္ ပါရမီက ျမင့္မားလွသည္။ ထို႔ေၾကာင့္ မူလေဆးလုံးတာအိုဂိုဏ္း၏ သမိုင္းေၾကာင္းတစ္ေလွ်ာက္တြင္ ေဆးပညာရွင္တခ်ိဳ႕သာ လုပ္ေဆာင္ႏိုင္ခဲ့ၾကသည္။ ေအာင္ျမင္သူမ်ားကလည္း သူတို႔မ်ိဳးဆက္အတြင္း ပါရမီအေကာင္းဆုံးအျဖစ္ မွတ္ယူခံၾကရသည္။
ဂိုဏ္းအတြက္ ကံေကာင္းသည္က ယခင္မ်ိဳးဆက္အတြင္း ဖူခ်ိဳက္ယြီ ေပၚထြက္လာခဲ့သည္။
ကံမေကာင္းစြာျဖင့္ ဖူခ်ိဳက္ယြီကလည္း သူ႔ဘိုးေဘးကဲ့သို႔ အရမ္းေမာက္မာေလသည္။ ေဆးဝါးပညာရွင္တစ္ေယာက္အေနႏွင့္ သူ႔ပါရမီေၾကာင့္ ဒီကမာၻထဲ ဖူခ်ိဳက္ယြီ၏ အဆင့္အတန္းက အင္မတန္ ျမင့္မားကာ ေလးစားခံရသည္။ ထို႔ေၾကာင့္ သူက လူတခ်ိဳ႕ကိုသာ သူ႔ႏွင့္ အဆင့္တူ သတ္မွတ္ထားၿပီး က်န္လူမ်ားကို အထင္ေသးသလို မတူမတန္ ႏွိမ့္ခ်ၾကည့္ေလရွိသည္။
ထို႔ေၾကာင့္ ရွားပါးေဆးလုံးမ်ား ေဖာ္စပ္ရာ၌ ေသခ်ာသည့္ အဆင့္အတန္းတစ္ခုမရွိဘဲ ဖူခ်ိဳက္ယြီက တစ္ေယာက္ေယာက္အတြက္ ေဆးလုံးေဖာ္စပ္ေပးဖို႔ သေဘာတူမည္ မဟုတ္ေပ။ တကယ္ေတာ့ ယခုလက္ရွိ မူလေဆးလုံးတာအိုဂိုဏ္း၏ ဂိုဏ္းခ်ဳပ္ကိုပင္ သူက အထင္ေသးေလ့ရွိသည္။ အကယ္၍ သူသာ ေဆးလုံးတာအိုအေပၚ အာ႐ုံစိုက္ထားလိုသည့္ အခ်က္ေၾကာင့္သာ မဟုတ္လွ်င္ သူက ဂိုဏ္းခ်ဳပ္ ျဖစ္လာလိမ့္မည္။
ထို႔ေၾကာင့္ ဖူခ်ိဳက္ယြီအေပၚ သုံးသပ္လိုက္ၿပီးေနာက္ ဝမ္ေဝ့က ထိုလူ႔တြင္ ရန္သူအမ်ားႀကီး ရွိေနႏိုင္မွန္း မွန္းဆမိလိုက္သည္။ ထိုလူမ်ားထဲတြင္ ဧကရာဇ္ဉာဏ္အလင္းပြင့္ ေက်ာင္းေတာ္မွ ဆရာမ်ားပင္ ပါေနႏိုင္သည္။ ထို႔ေၾကာင့္ အနည္းငယ္စုံစမ္းလိုက္ၿပီးသည့္ေနာက္တြင္ တခ်ိဳ႕ကို ရွာေတြ႕ဖို႔ မခက္ခဲခဲ့ေပ။
ထို႔ေနာက္ သူက အရက္ေသစာေသာက္စားၿပီး မူးယစ္ကာေပ်ာ္ပါးေနတတ္သူမ်ားကို ပိုအာ႐ုံစိုက္ထားလိုက္သည္။ သူ လုပ္ဖို႔လိုသည္ကား ဂိုဏ္းက အရိပ္ကို သူတို႔ အၿမဲတမ္း သြားေရာက္လည္ပတ္ကာ ေသာက္စားေနတတ္သည့္ ေနရာထဲ ဝင္ခိုင္းကာ မူးေအာင္တိုက္ၿပီး ဖူခ်ိဳက္ယြီအေၾကာင္း စကားစလိုက္ျခင္း ျဖစ္၏။
ဝမ္ေဝ့ကို အံ့ဩသြားေစသည္က ကံၾကမၼာနတ္သမီးက သူ႔ဘက္ ပါေနဟန္ေပၚသည္။ သူ ထင္ထားသည္ထက္ သတင္းအခ်က္အလက္မ်ား ပိုေတြ႕သြားေလသည္။
မူလက သူက ဆရတာခ်ိဳ႕ကို ဖူခ်ိဳက္ယြီ၏ မေကာင္းေၾကာင္း ေျပာေစခ်င္႐ုံမွ် ျဖစ္ၿပီး ကမာၻႀကီးဆီ ျပန္မျပခင္ မွတ္တမ္းတင္ထားမည္။ ထိုလူက ဖူခ်ိဳက္ယြီ၏ ဇနီးႏွင့္ အမွန္တကယ္ မရွင္းမရွင္းဆက္ဆံေရး ရွိကာ ေဖာက္ျပားေနလိမ့္မည္ဟု မထင္ထားမိခဲ့ေပ။ ထို႔ေၾကာင့္ သူ႔အစီအစဥ္ကို ပို၍ ေကာင္းသြားေစခဲ့သည္။
ထို႔ေၾကာင့္ မွတ္တမ္းတင္ထားသည့္ ပုံရိပ္မ်ားကို ထုတ္ျပလိုက္ၿပီးသည့္ေနာက္တြင္ အသေခ်ၤအင္ပါယာကမာၻက အုတ္ေအာ္ေသာင္းနင္း ျဖစ္သြားေလသည္။ ထိုအတင္းအဖ်င္းက ဟိုးေလးတေက်ာ္ ျဖစ္သြားေလသည္။ အထူးသျဖင့္ ေက်ာင္းေတာ္ႏွင့္ ေဆးဝါးပညာရွင္ အဖြဲ႕အစည္း ေခါင္းေဆာင္တို႔ကဲ့သို႔ အားေကာင္းသည့္ ဧကရာဇ္မ်ိဳးႏြယ္မ်ား ပါဝင္ေနသည့္အခါတြင္ ျဖစ္၏။
ပိုင္ဟန္က အစီအရင္ကို ပိတ္ခ်ႏိုင္ခဲ့ေသာ္လည္း ေနာက္က်လြန္းသြားၿပီ ျဖစ္၏။ ဝမ္ေဝ့ ျပခ်င္သည့္ သတင္းကို ျပသၿပီးသြားေလၿပီ။
သိပ္မၾကာခင္ အက်ိဳးဆက္လည္း လိုက္ပါလာ၏။
ေနာက္တစ္ရက္ ေတာင္ပိုင္း မီးငွက္ကုန္းေျမမွ ေဆးဝါးပညာရွင္ အဖြဲ႕အစည္း၊ အေဆာင္ဆရာ အဖြဲ႕အစည္း၊ မြမ္းမံျပဳျပင္သူ အဖြဲ႕အစည္းႏွင့္ အစီအရင္ဆရာ အဖြဲ႕အစည္းတို႔က ေက်ာင္းေတာ္ႏွင့္ ဆက္ဆံေရးျဖတ္ေတာက္ေၾကာင္း ေၾကညာခဲ့သည္။
ထို႔ေၾကာင့္ သူတို႔က အဖိုးတန္ေဆးဝါး၊ သတၱဳႏွင့္ အေဆာင္ကဲ့သို႔ေသာ အရင္းအျမစ္မ်ားကို မရႏိုင္ေတာ့ေပ။ ထို႔အျပင္ ေက်ာင္းေတာ္မွ ေလ့က်င့္ေပးထားသည့္ ကြၽမ္းက်င္အတတ္ပညာရွင္မ်ား သို႔မဟုတ္ သူတို႔ႏွင့္ ဆက္ဆံေရးရွိသူမ်ားလည္း ထိုအဖြဲ႕အစည္းမ်ားတြင္ သူတို႔၏ တရားဝင္ အဆင့္အတန္း သို႔မဟုတ္ ဂုဏ္ပုဒ္ ရလာေအာင္ စစ္ေဆးမႈ ဝင္ေျဖႏိုင္ေတာ့မည္ မဟုတ္ေပ။
ဆိုလိုရင္းက ေက်ာင္းေတာ္မွ ေလ့က်င့္ေပးထားေသာ ေဆးဝါးပညာရွင္ သို႔မဟုတ္ အေဆာင္ဆရာမ်ားကို ထိုအဖြဲ႕အစည္းမ်ားက အသိအမွတ္ျပဳမည္ မဟုတ္ေသာေၾကာင့္ တစ္ကမာၻလုံးအႏွံ႔ ကြၽမ္းက်င္အတတ္ပညာရွင္မ်ားဆီ ေပးအပ္ထားသည့္ အက်ိဳးေက်းဇူးမ်ား၊ အာဏာႏွင့္ လုပ္ပိုင္ခြင့္အားလုံးက သူတို႔ထံ အက်ဳံးဝင္မည္ မဟုတ္ေခ်။
အားေကာင္းသည့္ ဧကရာဇ္မ်ိဳးႏြယ္အေနႏွင့္ ေက်ာင္းေတာ္က ျပင္ပအရင္းအျမစ္မ်ား မရွိဘဲျဖင့္ ကိုယ္ပိုင္ရပ္တည္ႏိုင္ေလသည္။ အလြန္ရွားပါးကာ အဖိုးတန္သည့္အရာမ်ားကိုသာ အျပင္ဘက္မွ ရရွိဖို႔ လိုအပ္ေလသည္။ ထိုအေရးယူမႈမ်ိဳးက သူတို႔အတြက္ ဂုဏ္သတင္းထိပါးသြားတာကလြဲ၍ ျပႆနာ မဟုတ္ေပ။
...................
လ်ိဳ႕ဝွက္အခန္းအတြင္း ေက်ာင္းေတာ္၏ ဆရာအားလုံးက လက္ရွိအေျခအေနကို ကယ္တင္ဖို႔ရာ ေနာက္ထပ္ အေရးေပၚ အစည္းအေဝး က်င္းပေနၾကသည္။
႐ုတ္ခ်ည္း အိုမင္းသြားသလို ျဖစ္ေနသည့္ ပိုင္ဟန္က မုတ္ဆိတ္သပ္လိုက္ကာ ေမးလိုက္သည္ " အဲဆိုေတာ့ ဒီရက္ပိုင္းထဲ ငါတို႔ဆုံးရႈံးမႈက ဘယ္လိုလဲ"
အခန္းက ခဏၾကာ တိတ္ဆိတ္သြားၿပီးေနာက္ တစ္ေယာက္က တင္ျပလိုက္သည္။
" ဆရာတို႔သိတဲ့အတိုင္း က်ဳပ္တို႔ေက်ာင္းေတာ္ကို အတြင္းစည္းနဲ႔ အျပင္စည္းဆိုၿပီး ခြဲထားတယ္။ မေတာ္တဆ ျဖစ္ရပ္ၿပီးကတည္းက ေက်ာင္းေတာ္ကို အရင္းအျမစ္အတြက္ ေရာက္လာၾကတဲ့ ေလလြင့္က်င့္ႀကံသူအမ်ားစု ရွိေနတဲ့ အျပင္စည္း ေက်ာင္းသားေတြက ထြက္ကုန္ၾကၿပီ။ အထူးသျဖင့္ ထိုကြၽမ္းက်င္အတတ္ပညာနဲ႔ ပတ္သက္ေနတဲ့လူေတြေပါ့ ...
ဒီေန႔ ေက်ာင္းသား ၉၀ ရာခိုင္ႏႈန္းေက်ာ္ ထြက္သြားၿပီ။ က်န္ရွိေနတဲ့ ဆယ္ရာခိုင္ႏႈန္းက ထြက္မသြားေသးေပမဲ့ ေက်ာင္းေတာ္နဲ႔ စည္းျခားထားသလိုပဲ။ သူတို႔က ေစာင့္ၾကည့္ေနခ်င္ၾကတာ တူတယ္ "
အခန္းက ျပန္လည္ တိတ္ဆိတ္သြားကာ ဆရာမ်ားက မ်က္ေမွာင္ၾကဳတ္လိုက္ၾကသည္။
ထိုစဥ္ တစ္ေယာက္က ေမးလိုက္သည္ " အဓိပၸါယ္မရွိဘူး။ အဲဒီကြၽမ္းက်င္အတတ္ပညာရွင္ေတြ ထြက္သြားတာကို နားလည္ေပမဲ့ သာမန္က်င့္ႀကံသူေတြကေရာ ဘာလို႔ထြက္သြားၾကတာလဲ။ သူတို႔က ေက်ာင္းေတာ္ကို ပိုေကာင္းတဲ့ က်င့္စဥ္ေတြ၊ အရင္းအျမစ္ေတြရေအာင္ လာၾကတာ မဟုတ္ဘူးလား"
"သူတို႔က တာအိုကိုးကြယ္ေက်ာင္းေတာ္ဆီ သြားၾကၿပီ" ေျပာလိုက္သူက ယခင္အခ်က္အလက္မ်ားကို တင္ျပခဲ့သူ ျဖစ္သည္။
ေမးခြန္း ေမးလိုက္သည့္ ဆရာက မ်က္ေမွာင္ၾကဳတ္ကာ ေက်ာင္းေကာင္းကို ထားၿပီး ဆိုး႐ြားသည့္ ေက်ာင္းဆီ အဘယ္ေၾကာင့္ေျပာင္းသြားရတာလဲဟု စဥ္းစားေနသည္။ တာအိုကိုးကြယ္ေက်ာင္းေတာ္က ဧကရာဇ္မ်ိဳးႏြယ္ ျဖစ္ေသာ္လည္း သူတို႔ဧကရာဇ္ဉာဏ္အလင္းပြင့္ ေက်ာင္းေတာ္ႏွင့္ ယွဥ္လိုက္လွ်င္ ဆိုး႐ြားလွသည္။
က်င့္ႀကံသူအမ်ားစုက တစ္ကိုယ္ေကာင္းဆန္ၾကၿပီး သူတို႔အက်ိဳးျမတ္ကိုသာ သိၾကသည့္အေၾကာင္း ထည့္မေျပာရေသးေပ။
ထိုဆရာက တစ္ခုခုကို ေတြးမိဟန္ျဖင့္ ေမးလိုက္သည္ " တစ္ေယာက္ေယာက္ ဝင္ေႏွာက္လိုက္တာလား"
"ဟုတ္တယ္။ တာအိုအခြင့္အလမ္းေက်ာင္းေတာ္က တာအိုကိုးကြယ္ေက်ာင္းေတာ္နဲ႔ ပူးေပါင္းမယ္လို႔ ေၾကညာလိုက္ၿပီ။ သူတို႔က သူတို႔အရင္းအျမစ္အမ်ားစုကို စုေပါင္းသုံးဖို႔ ဆုံးျဖတ္ထားၾကတယ္။
ၿပီးေတာ့ တာအိုအခြင့္အလမ္းဂိုဏ္းက ဧကရာဇ္က်မ္းအမ်ားစုက အမွတ္လုံေလာက္ရင္ ဖတ္ရႈႏိုင္တဲ့ က်င့္စဥ္စာရင္းထဲ ေရာက္လာခဲ့တယ္။ ဒါေပမဲ့ က်ဳပ္တို႔နဲ႔ အတူတူပဲ အမွန္တကယ္ ရႏိုင္တဲ့ တန္ေၾကးေတာ့ မဟုတ္ဘူး"
အခန္းထဲရွိ ဆရာမ်ားက သူတို႔ဘာသာ တိတ္တဆိတ္ က်ိန္ဆဲလိုက္ၾကသည္။ အကယ္၍ တာအိုကိုးကြယ္ေက်ာင္းေတာ္၏ ဧကရာဇ္က်မ္း ငါးခုကို တာအိုအခြင့္အလမ္းဂိုဏ္း၏ ကိုးခုႏွင့္ ေပါင္းလိုက္လွ်င္ စုစုေပါင္း ဧကရာဇ္က်မ္း ၁၄ ခု ရွိသြားေလၿပီ။ သူတို႔အေနႏွင့္ ထိုေလလြင့္က်င့္ႀကံသူမ်ားအတြက္ အမွန္တကယ္ ရရွိဖို႔ မျဖစ္ႏိုင္မွန္း သိထားေသာ္လည္း ထိုသူမ်ားက သူတို႔ဘာသာေတာ့ မသိၾကေပ။
သူတို႔ ဂ႐ုစိုက္သည္ကား အားေကာင္းသည့္ ဧကရာဇ္က်မ္း ၁၄ ခုထဲမွ က်င့္ႀကံခြင့္ ရလာႏိုင္သည့္ အခြင့္အေရးသာ ျဖစ္၏။ ထိုအေတြးက သူတို႔အမ်ားစုကို ႐ူးသြပ္သြားေစဖို႔ လုံေလာက္ေနေလၿပီ။ ထို႔ေၾကာင့္ သူတို႔က တာအိုကိုးကြယ္ေက်ာင္းေတာ္ဆီ အေျပးအလႊားေရာက္သြားၾကျခင္း ျဖစ္သည္။
အခန္းထဲ အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္ေနၿပီးေနာက္ ေက်ာင္းအုပ္ပိုင္ဟန္က ေမးလာသည္ " ငါတို႔ေက်ာင္းေတာ္ရဲ႕ အတြင္းစည္း ေက်ာင္းသားေတြကေရာ ဘယ္လိုလဲ"
" လူနည္းနည္းကလြဲရင္ က်န္တဲ့လူအားလုံးက ေက်ာင္းေတာ္ထဲမွာ ရွိပါေသးတယ္။ သူတို႔ရဲ႕ သစၥာရွိမႈကို ငယ္ငယ္ေလးကတည္းက ေလ့က်င့္ေပးထားတာပဲေလ။ ဒါေပမဲ့ ေက်ာင္းေတာ္ရဲ႕ ကြၽမ္းက်င္အတတ္ပညာရွင္ေတြက ေက်ာင္းအုပ္ကို သူတို႔အတြက္ ေျဖရွင္းခ်က္ ေတာင္းေနၾကတယ္။ က်ဳပ္တို႔ သူတို႔ကို မွတ္တမ္းထဲက လူကို ဖမ္းၿပီး ဖူခ်ိဳက္ယြီဆီ ပို႔လိုက္ၿပီမွန္း ေျပာေပမဲ့ အသုံးမဝင္ဘူး။ သူတို႔က အဲဒီေျဖရွင္းခ်က္ကို မေက်နပ္ၾကဘူး"
"က်န္တာ ရွိေသးလား" ပိုင္ဟန္က တည္တည္ၿငိမ္ၿငိမ္ ေျပာလုက္သည္။ အနည္းဆုံးေတာ့ အေပၚယံတြင္ ျဖစ္၏။
"က်ဳပ္တို႔ ခ်ီကံေကာင္းမႈက ဆက္လက္က်ဆင္းေနပါတယ္။ ဒါေပမဲ့ ရပ္တန႔္ပစ္ဖို႔ နည္းလမ္း မရွိေသးဘူး။ ေကာင္းတဲ့ဘက္က ၾကည့္ရင္ေတာ့ က်ဳပ္တို႔ဘက္မွာ အခုအခ်ိန္အတြင္း ရပ္တည္ေပးေနတဲ့ မဟာမိတ္ေတြ ရွိေနေသးတယ္"
ပိုင္ဟန္က ေခါင္းညိတ္လိုက္ၿပီး ဘာမွမေျပာေတာ့ေပ။ သို႔ေသာ္လည္း ဆရာတစ္ေယာက္က ေမးလိုက္သည္။
" က်ဳပ္ နားမလည္ဘူး။ ဘာလို႔ အဲဒီဂိုဏ္းေတြက တာအိုအခြင့္အလမ္းဂိုဏ္းနဲ႔ ေပါင္းသြားၾကတာလဲ။ သူတို႔က သူတို႔ကို အားအေကာင္းဆုံးဂိုဏ္းအျဖစ္ က်န္ရွိေနေစခ်င္တာလား။ သူတို႔အစား က်ဳပ္တို႔ကို ေထာက္ပံ့တာ ပိုမေကာင္းဘူးလား။ အဓိပၸါယ္မရွိဘူး "