ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏...

By kilulayuu121

32.9K 3.2K 487

sequel of book 1 More

အခန်း(201)
အခန်း(202)
အခန်း(203)
အခန်း(204)
အခန်း(205)
အခန်း(206)
အခန်း(207)
အခန်း(208)
အခန်း(209.1)
အခန်း(209.2)
အခန်း(209)
အခန်း(210)
အခန်း(211)
အခန်း(212)
အခန်း(213)
အခန်း(214)
အခန်း(215)
အခန်း(216)
အခန်း(217)
အခန်း(218)
အခန်း(219)
အခန်း(219)
အခန်း(220)
အခန်း(221)
အခန်း(222)
အခန်း(223)
အခန်း(224)
အခန်း(225)
အခန်း(226)
အခန်း(၂၂၇)
အခန်း(228)
အခန်း(230)
အခန်း(231)
အခန်း(232)
အခန်း(233)
အခန်း(234)
အခန်း(235)
အခန်း(236)
အခန်း(237)
အခန်း(238)
အခန်း(239)
အခန်း(240)
အခန်း(241)
အခန်း(၂၄၂)
အခန်း(243)
အခန်း(244)
အခန်း(245)
အခန်း(246)
အခန်း(247)
အခန်း(248)
အခန်း(249)
အခန်း(250)
အခန်း(251)
အခန်း(252)
အခန်း(၂၅၃)
အခန်း(၂၅၄)
အခန်းူ(255)
အခန်း(256)
အခန်း(257)
အခန်း(258)
အခန်း(259)
အခန်း(260)
အခန်း(261)
အခန်း(262)
အခန်း(၂၆၃)
အခန်း(၂၆၄)
အခန်း(၂၆၅)
အခန်း(၂၆၆)
အခန်း(၂၆၇)
အခန်း(၂၆၈)
အခန်း(၂၆၉)
အခန်း(၂၇၀)
အခန်း(၂၇၁)
အခန်း(၂၇၂)
အခန်း(၂၇၃)
အခန်း(၂၇၄)
အခန်း(၂၇၅)
အခန်း(၂၇၆)
အခန်း(၂၇၇)
အခန်း(၂၇၈)
အခန်း(၂၇၉)
အခန်း(၂၈၀)
အခန်း(၂၈၁)
အခန်း(၂၈၂)
အခန်း(၂၈၃)
အခန်း(၂၈၄)
အခန်း(၂၈၅)
အခန်း(၂၈၆)
အခန်း(၂၈၇)
အခန်း(၂၈၈)
အခန်း(၂၈၉)
အခန်း(၂၉၀)
အခန်း(၂၉၁)
အခန်း(၂၉၂)
အခန်း(၂၉၃)
အခန်း(၂၉၄)
အခန်း(၂၉၅)
အခန်း(၂၉၆)
အခန်း(၂၉၇)
အခန်း(၂၉၈)
အခန်း(၂၉၉)
အခန်း(၃၀၀)
အခန်း(၃၀၁)
အခန်း(၃၀၂)
အခန်း(၃၀၃)
အခန်း(၃၀၄)
အခန်း(၃၀၅)
အခန်း(၃၀၆)
အခန်း(၃၀၇)
အခန်း(၃၀၈)
အခန်း(၃၀၉)
အခန်း(၃၁၀)
အခန်း(၃၁၁)
အခန်း(၃၁၂)
အခန်း(၃၁၃)
အခန်း(၃၁၄)
အခန်း(၃၁၅)
အခန်း(၃၁၆)
အခန်း(၃၁၇)
အခန်း(၃၁၈)
အခန်း(၃၁၉)
အခန်း(၃၂၀)
အခန်း(၃၂၁)
အခန်း(၃၂၂) Book 23 End
အခန်း(၃၂၃)
အခန်း(၃၂၄)
အခန်း(၃၂၅)
အခန်း(၃၂၆)
အခန်း(၃၂၇)
အခန်း(၃၂၈)
အခန်း(၃၂၉)
အခန်း(၃၃၀)
အခန်း(၃၃၁)
အခန်း(၃၃၂)
အခန်း(၃၃၃)
အခန်း(၃၃၄)
အခန်း(၃၃၅)
အခန်း(၃၃၆) End of book 24
အခန်း(၃၃၇)
အခန်း(၃၃၈)
အခန်း(၃၃၉)
အခန်း(၃၄၀)
အခန်း(၃၄၁)
အခန်း(၃၄၂)
အခန်း(၃၄၃)
အခန်း(၃၄၄)
အခန်း(၃၄၅)
အခန်း(၃၄၆)
အခန်း(၃၄၇)
အခန်း(၃၄၈)
အခန်း(၃၄၉)
အခန်း(၃၅၀)
အခန်း(၃၅၁)
အခန်း(၃၅၂)
အခန်း(၃၅၃)
အခန်း(၃၅၄)
အခန်း(၃၅၅)
အခန်း(၃၅၆)
အခန်း(၃၅၇)
အခန်း(၃၅၈)
အခန်း(၃၅၉)
အခန်း(၃၆၀)
အခန်း(၃၆၁)
အခန်း(၃၆၂)
အခန်း(၃၆၃)
အခန်း(၃၆၄)
အခန်း(၃၆၅)
အခန်း(၃၆၆)
အခန်း(၃၆၇)
အခန်း(၃၆၈)
အခန်း(၃၆၉)
အခန်း(၃၇၀)
အခန်း(၃၇၁)
အခန်း(၃၇၂)
အခန်း(၃၇၃)
အခန်း(၃၇၄)
အခန်း(၃၇၅)
အခန်း(၃၇၆)
အခန်း(၃၇၇)
အခန်း(၃၇၈) book 27 end
အခန်း(၃၇၉)
အခန်း(၃၈၀)
အခန်း(၃၈၁)
အခန်း(၃၈၂)
အခန်း(၃၈၃)
အခန်း(၃၈၄)
အခန်း(၃၈၅)
အခန်း(၃၈၆)
အခန်း(၃၈၇)
အခန်း(၃၈၈)
အခန်း(၃၈၉)
အခန်း(၃၉၀)
အခန်း(၃၉၁)
အခန်း(၃၉၂)
အခန်း(၃၉၃)
အခန်း(၃၉၄)
အခန်း(၃၉၅)
အခန်း(၃၉၆)
အခန်း(၃၉၇)

အခန်း(229)

184 21 2
By kilulayuu121


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၇)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၂၉) : ခေတ်တစ်ခု၏ စိတ်ဝိညာဉ်

ယခု သူ့အစီအစဉ်အားလုံး အကောင်အထည်ပေါ်လာပြီဖြစ်ရာ ဖုန်းဟွမ်က သူ့အနာဂတ် အစီအစဉ်များကို စတင်တွေးတောနေမိသည်။ တခြားကောင်းကင်ရွေးချယ်ခံများကဲ့သို့ သူလည်း အထွတ်အထိပ် ပလ္လင်တွင် ထိုင်ကာ မဟာဧကရာဇ် ဖြစ်လာမိချင်သည်။ ထို့ကြောင့် သူက စတင်စီစဉ်ထားလိုက်သည်။

အခု ငါက ဖုန်းဟွမ် ဖြစ်လာပြီဆိုတော့ နောက်ခြေလှမ်းက ငါ့အစီအစဉ်ကို စတင်ဖို့ပဲ ...

ဒါပေမဲ့ ဒီမျိုးဆက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲထဲ ငါ့အနာဂတ် ပြိုင်ဘက်တွေကို ထည့်စဉ်းစားရဦးမယ်

ငါရဲ့ပါရမီ၊ အတွေ့အကြုံနဲ့ အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ် ရပြီးရင် ခွန်အားတို့က ကောင်းကင်ရွေးချယ်ခံထဲက တချို့ပဲ ငါ့ပြိုင်ဘက် ဖြစ်နိုင်လိမ့်မယ် ... အနည်းဆုံးတော့ အခုပေါ့

ဒါပေမဲ့ ဟိုသုံးယောက်က ကွဲပြားတယ် ...

ဝမ်ဝေ့ကို ဖယ်ထားလိုက်ကြတာပေါ့ ... လျို့ဝှက် အထွတ်အထိပ်တာအိုငါးခုထဲက တစ်ခုကို ထိန်းချုပ်ချင်နေတဲ့ ဝရမ်းပြေးတစ်ယောက်အနေနဲ့ ကြာကြာနေရမှာ မဟုတ်ဘူး ...

ငါသာ ကြာကြာစောင့်နိုင်ရင် သူက ပြဿနာ ဖြစ်လာမှာ မဟုတ်တော့ဘူး

ပြီးတော့ ဝူဟုန် ... အဲဒီအမျိုးသမီးက ဧကရီဝူနဲ့ တူလွန်းတယ်။ သူမရဲ့ စိတ်အားထက်သန်တဲ့ သဘာဝကလွဲရင် ကျန်တာက ဧကရီဝူနဲ့ ကွက်တိပဲ ...

သူမရဲ့ လျို့ဝှက်ချက်ကလည်း ငါ့ထက်နည်းမှာ မဟုတ်ဘူး ... အဲဒါကြောင့် သူမက အရမ်းပြဿနာပေးနိုင်တဲ့ ပြိုင်ဘက် ဖြစ်လာနိုင်တယ်

နောက်ဆုံးက တိထျန်းပဲ ... သူ့ကို အရင်တုန်းက တွေ့ဖူးတယ်လို့ ခံစားမိနေပေမဲ့ ဘယ်မှာမှန်း မမှတ်မိဘူး။ သူက ပြန်လည်ဝင်စားခြင်း စွမ်းအားနှင့် မွေးဖွားလာတာဆိုတော့ ငါ အရင်တုန်းက တွေ့ခဲ့ဖူးတဲ့ မကောင်းဆိုးဝါးအိုကြီးတွေထဲက တစ်ယောက် ပြန်လည်ဝင်စားတာများ ဖြစ်နေမလား ...

ဘယ်လိုဖြစ်ဖြစ် သူက ပြဿနာ ဖြစ်လာနိုင်တယ်ဆိုတော့ အနီးကပ်စောင့်ကြည့်ထားရမယ် ...

ဘယ်လိုဖြစ်နေပါစေ ဒီမျိုးဆက်ပလ္လင်က ငါ့အပိုင်ပဲ ... ဗုဒ္ဓဘာသာ ခေတ်သစ်က ငါ့လက်ထက်မှာ စတင်ရမယ် ...

ဖုန်းဟွမ်က သူ့ဘာသာ စဉ်းစားနေပြီးနောက် အဆောင်တစ်ရွက် ထုတ်ကာ ထိုက်ယီနက်နဲမုခ်၏ ဂိုဏ်းချုပ်ကို လှမ်းဆက်သွယ်လိုက်သည်။

"ရှောင်ဖုန်း ဘာဖြစ်လို့လဲ" တည်တည်ငြိမ်ငြိမ် အသံတစ်သံက မေးလာသည်။ အဆောင်တစ်ဖက်တွင် ဆံဖြူနှင့် လူအိုကြီးတစ်ယောက် ဖြစ်ပြီး တာအိုဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ ထိုသူက အသက်ရွယ်ကြီးရင့်နေသည့် သွင်ပြင် ဖြစ်နေသော်လည်း ထိုလူက ဂိုဏ်းချုပ်ဝမ်ထျန်းတို့နှင့် တစ်မျိုးဆက်တည်း ဖြစ်၏။

"ဂိုဏ်းချုပ်ဆရာကြီး ကျွန်တော် ယင်ယန်မျက်ဝန်း နှိုးထလာပြီ" ဖုန်းဟွမ်က ပြောလိုက်ပြီးနောက် သူ့ရုပ်ခန္ဓာအသစ်ကို အသက်သွင်းလိုက်သည့်အခါ သူ့မျက်ဝန်းက ချက်ချင်းဆိုသလို အဖြူနှင့် အမည်း ပြောင်းလဲသွားသည်။

ထိုက်ယီနက်နဲမုခ်၏ ဂိုဏ်းချုပ်က ဖုန်းဟွမ်၏ မျက်ဝန်းကို မြင်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်ရုပ်ခန္ဓာများက ပုံမှန်အားဖြင့် မိုးမြေမှ ချီးမြင့်ပေးထားခြင်း ဖြစ်သောကြောင့် လူအများစုက သူတို့နှင့် အတူတကွ မွေးဖွားလာခြင်း ဖြစ်၏။

ထို့ကြောင့် မွေးဖွားပြီးသည့်နောက်တွင် သူတို့ရုပ်ခန္ဓာကို သိနိုင်လေသည်။ သို့သော်လည်း တစ်ခါတစ်လေ တစ်ယောက်ယောက်က သူတို့သက်တမ်းကုန်ဆုံးခါနီးမှ ကောင်းကင်ရုပ်ခန္ဓာ နိုးထလာသည့် ရှားပါးဖြစ်ရပ်မျိုးလည်း ရှိခဲ့ဖူးသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာက အသင်္ချေအင်ပါယာကမ္ဘာ သမိုင်းကြောင်းတစ်လျှောက် အလွန်တရာ ရှားပါးလှသည်။

ဖုန်းဟွမ်ရဲ့ ဝိညာဉ်မီးအိမ်က ဘာလို့ ခဏတာ ချုပ်ငြိမ်းသွားလဲ ရှင်းပြပြီးသား ဖြစ်သွားပြီ ...

ဂိုဏ်းချုပ်က တွေးလိုက်မိသည်။

သုံးသပ်ချက်များအရ ထိပ်တန်း ကောင်းကင်ရုပ်ခန္ဓာဆယ်ခုလုံးက ဤဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလတွင် ပေါ်ထွက်လာမည် ဖြစ်၏။ သို့သော် နှစ်များစွာကြာမြင့်သွားသော်လည်း မမြင်ရသေးပေ။

ငါတို့ ထိုက်ယီနက်နဲမုခ်က အရင်းအမြစ်အများကြီး သုံးပြီး ရှာခဲ့ရပေမဲ့ အသုံးမဝင်ခဲ့ဘူး ... အခုတော့ နောက်ကျပြီးမှ နိုးထလာတာ ဖြစ်နေတာပဲ

"အခု မင်း ဘာလုပ်မှာလဲ" ဂိုဏ်းချုပ်ဆရာက ပျော်ပျော်ရွင်ရွင်ဖြင့် မေးလိုက်သည်။ သူတို့၏ ထိုက်ယီနက်နဲမုခ်၌ ယခုမျိုးဆက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် သူတို့ကို ကိုယ်စားပြုနိုင်မည့် စစ်မှန်သည့် ကောင်းကင်ရွေးချယ်ခံ တစ်ယောက် ရှိလာလေပြီ။

" ကျွန်တော် အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ်ကို ကျင့်ကြံချင်ပါတယ်" ဖုန်းဟွမ်က ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ပြောလိုက်သည်။

" မင်း သေချာရဲ့လား။ မင်း ယင်ယန်ပြောင်းပြန် နည်းစနစ်ကို ကျင့်ကြံလာတာ နှစ်တွေအများကြီးရှိနေပြီ။ မင်းရဲ့ အုတ်မြစ်က ခိုင်မာနေပြီးသား ဖြစ်နေပြီ။ တခြားဧကရာဇ်ကျမ်းကို လေ့ကျင့်တာက မင်းအတွက် အချိန်အများကြီးကုန်စေလိမ့်မယ်။

ပြီးတော့ မင်းရဲ့လက်ရှိ ကျင့်စဉ်က ရုပ်ခန္ဓာအသစ်နဲ့ အသင့်တော်ဆုံးပဲ။ မင်း အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ် မရခင် ဖြတ်ကျော်ခဲ့ရတဲ့ စစ်ဆေးမှုအားလုံးကို ထည့်မပြောရသေးဘူး။ မင်းဆီမှာ ယင်ယန်မျက်ဝန်း ရှိရင်တောင် သင့်တော်တဲ့ တာအိုနားလည်နိုင်စွမ်း မရှိရင် ဂိုဏ်းက မင်းကို ဘိုးဘေးရဲ့ တာအိုနည်းစနစ်ကို ကျင့်ကြံခွင့် ပြုမှာ မဟုတ်ဘူး" ဂိုဏ်းချုပ်ဆရာက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

" ကျွန်တော် ထပ်တောင်းဆိုပါတယ် "

"ကဲ ထားလိုက်တော့" ဂိုဏ်းချုပ်ဆရာက ခေါင်းညိတ်လိုက်သည်။ သူက မေးလိုက်ရသည့် အကြောင်းအရင်းမှာ ဖုန်းဟွမ်၏ ဆုံးဖြတ်ချက်ကို စမ်းသပ်ရန် ဖြစ်၏။ ကိစ္စများက သူ ထင်ထားသလို ချောမွေ့နေမည် မဟုတ်ပေ။

တခြားအရာများ မတိုင်ခင် ဂိုဏ်းအနေနှင့် ဖုန်းဟွမ်အား တစ်ခုခု မှားယွင်းနေတာ မရှိစေရန် သေချာအောင် စစ်ဆေးရမည် ဖြစ်၏။ သူ့ဝိညာဉ်မီးအိမ်က ခဏတာ ချုပ်ငြိမ်းသွားသောကြောင့် ထိုအချိန်ကာလအတွင်း သူ သေဆုံးသွားကြောင်း ပြသနေလေသည်။ ထို့ကြောင့် ဂိုဏ်းက တစ်ယောက်ယောက် သူ့ခန္ဓာကိုယ်ကို ဝင်စီးထားလား စစ်ဆေးရလိမ့်မည်။

ထို့နောက် သူတို့က ယင်ယန်မျက်ဝန်းကို ရုတ်တရက် ရရှိလာပုံကို စစ်ဆေးကြရမည်။ အရာအားလုံး အဆင်ပြေသွားသည့်အခါမှ သူက အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ်ကို ရလာစေနိုင်မည့် စမ်းသပ်ချက်ကို ဖြေဆိုဖို့ အခွင့်အရေး ရလာလိမ့်မည်။

" အဲဆိုတော့ အခုပြိုင်ပွဲကို ဘယ်လိုလုပ်မှာလဲ" ဂိုဏ်းချုပ်ဆရာက မေးလိုက်သည်။

" ကျွန်တော် ဒီပြိုင်ပွဲကို ဆက်မပြိုင်ချင်တော့ဘူး။ ဂိုဏ်းရဲ့ စမ်းသပ်ချက်ကို အောင်မြင်ဖို့က ကျွန်တော့်အနာဂတ်အတွက် ပိုအရေးကြီးတယ်။ တာအိုကျောက်ပြားကိုတော့ ဂိုဏ်းဘက်ကနေ ကျွန်တော့်ကို ဝင်ခွင့်ရဖို့ တန်ကြေးတစ်ခု ပေးနိုင်လိမ့်မယ်လို့ သေချာတယ်"

"ကျောင်းတော်က ငါတို့ ထိုက်ယီနက်နဲမုခ်ကို မျက်နှာသာပေးသင့်တာပေါ့။ အဲဆို ဂိုဏ်းမှာ ပြန်တွေ့ကြမယ်"ဂိုဏ်းချုပ်ဆရာက ပြောပြီးနောက် ဆက်သွယ်ရေးအဆောင်ကို ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။

ဖုန်းဟွမ်အတွက်မူ သူ့တပည့်ဟောင်း ဖုန်းဟွမ်အစစ် ဖြစ်လာခြင်း ပထမအဆင့်ကို အားနည်းချက်မရှိဘဲ အောင်မြင်သွားကြောင်း သိလိုက်၍ သက်ပြင်းချလိုက်မိသည်။

တကယ်တော့ ဖုန်းဟွမ်က ထိုပြိုင်ပွဲထဲ မပါဝင်ချင်သည့် အကြောင်းအရင်းမှန်ကို မရှင်းပြဘဲ လိမ်ညာလိုက်ခြင်း ဖြစ်၏။

အမှန်တော့ သူက သူ့နာမည်ကို ကောင်းကင်တာအို ကာကွယ်ရေးစာအုပ်ပေါ် မထားခဲ့ချင်ပေ။

မိုးမြေ၏ စည်းမျဉ်းဥပဒေသများအရ အထွတ်အထိပ်နယ်ပယ်အဆင့်နှင့်အောက် ကျင့်ကြံသူအားလုံးကို‌ သေမျိုးအဖြစ် သတ်မှတ်ကြလေသည်။ ထို့ကြောင့် သူတို့အားလုံးက သက်တမ်းအကန့်အသတ်ရှိပြီး သူတို့ဘာသာ ပြန်လည်ဝင်စားဖို့ သံသရာစက်ဝန်းထဲ ဝင်ရောက်ကြရသည်။ သူတို့ဝိညာဉ်များ လုံးဝ ပျက်သုန်းသွားပြီး မိုးမြေဆီ ပြန်မရောက်မချင်း ထိုဖြစ်စဉ်ကို ထပ်ခါတလဲလဲ ပြုလုပ်နေရလိမ့်မည်။ မဟုတ်ပါက သူတို့အနေနှင့် မဟာဧကရာဇ်အဆင့်၊ တာအိုဘိုးဘေး သို့မဟုတ် ထာဝရအရှင့်အထိ ရောက်ဖို့ လိုအပ်သည်။

သို့သော်လည်း ရှစ်ဖူယွီက မိုးမြေအနေနှင့် သေမျိုးတစ်ယောက်ကို ခွင့်ပြုပေးထားသည့် သက်တမ်းထက် အချိန်ကြာရှည်စွာ နေထိုင်နိုင်ခဲ့သည်။ ထို့ကြောင့် သူသာ သူ့နာမည်ကို စာအုပ်ပေါ်တွင် ထားလိုက်သည်နှင့် ကောင်းကင်တာအိုက သူ့အပြုအမူများကို ချက်ချင်း သတိပြုမိသွားမည်မှန်း သိလေသည်။

ထို့နောက် နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးက ကောင်းကင်မှ ချက်ချင်း ကျဆင်းလာကာ သူ့အား ဒီကမ္ဘာမှ ရှင်းထုတ်လိမ့်မည်။ သူ့ကမ္ဘာဦးစိတ်ဝိညာဉ်ပင် ပြန်လည်ဝင်စားခွင့်မရဘဲ အပြီးတိုင် သုတ်သင်ခံရနိုင်သည်။

သဘောတရားအရ ယခု ရှစ်ဖူယွီသည် ဖုန်းဟွမ် ဖြစ်နေလေပြီ။ ထို့ကြောင့် ကောင်းကင်တာအိုက သူ့ကို မမှတ်မိသင့်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက ကံမစမ်းကြည့်လိုပေ။ သူက ခေတ်ကာလများစွာ ကြံစည်လာရပြီး ယခုအောင်မြင်ဖို့ နီးကပ်လာပြီ ဖြစ်ရာ ရူးမိုက်မိုက် အပြုအမူကြောင့် သူ့အစီအစဉ် ပျက်စီးမခံနိုင်ပေ။

တာအိုကျောက်ပြား သုံးထောင်အတွက်မူ သူက အကြိမ်များစွာ တွေ့မြင်ဖူးပြီးသား ဖြစ်၏။ သူက နေထိုင်ခဲ့သော သက်တမ်းတစ်လျှောက် ကျောင်းတော်ထဲ ခိုးဝင်ကာ ဉာဏ်အလင်းပွင့်ခဲ့သည်။ တကယ်တော့ သူက ထိုကျောက်ပြားများ အဖိုးတန်လာကာ မဟာဧကရာဇ်များစွာကို အားကောင်းအောင် မလုပ်ပေးနိုင်ကတည်းက တစ်ခါတွေ့ဖူးပြီးသား ဖြစ်၏။

သူက သူတို့ကို ထပ်မြင်ချင်သည့် အကြောင်းအရင်းတစ်ခုက အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ်အပေါ် ပိုမိုနားလည်နိုင်စေပြီး သူ စိတ်မဝင်စားသည့်အပေါ် သူ့ဂိုဏ်းမှ လူများ၏ သံသယဝင်ခြင်းမှ ကာကွယ်ရန် ဖြစ်သည်။

ဖုန်းဟွမ်က အတွေးများကို စုစည်းလိုက်ပြီးနောက် သူ့တာအိုကာကွယ်သူကို ဆက်သွယ်ကာ ပြိုင်ပွဲ၏ လျို့ဝှက်နယ်မြေမှ ထွက်လာလိုက်သည်။ သူ့ထွက်ခွာသွားမှုက လူအများ၏ အာရုံစိုက်ရာ ဖြစ်လာခဲ့သည်။ ပြောရလျှင် ဖုန်းဟွမ်က ပျိုးထောင်ခံ ယှဉ်ပြိုင်သူတစ်ဦး မဟုတ်ပါလော။

သို့သော်လည်း ဒီမျိုးဆက်၏ အားအကောင်းဆုံးနှင့် အလျို့ဝှက်ဆုံး ကောင်းကင်ရွေးချယ်ခံ သုံးယောက်လုံးက ပြိုင်ပွဲတွင် ဝင်မပါလေရာ ဖုန်းဟွမ်၏ ထွက်ခွာသွားမှုက အုတ်အော်သောင်းနင်း ဖြစ်မသွားစေပေ။

အမှန်တကယ် ဂရုစိုက်ကြသူများက ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်မှ အထက်ပိုင်းများ ဖြစ်ကြသည်။ ကောင်းကင်ရွေးချယ်ခံတစ်ယောက်က ပြိုင်ပွဲတွင် ပါဝင်ဖို့ ငြင်းပယ်လိုက်တိုင်း ထိုကောင်းကင်ရွေးချယ်ခံများဆီမှ ချီကံကောင်းမှုကို မရနိုင်တော့သည့်အတွက် သူတို့ကသာ ဆုံးရှုံးရလေသည်။

မည်သို့ပင်ဆိုစေကာမူ ကျောင်းတော်က ထိုက်ယီနက်နဲမုခ်အနေနှင့် ဖုန်းဟွမ်ကို တာအိုကျောက်ပြား လျို့ဝှက်နယ်မြေထဲ ဝင်ရောက်နိုင်ဖို့ ပေးကမ်းလာသည့် ဆုလာဘ်များနှင့် ပတ်သက်ပြီး သဘောကျကြလေသည်။ သူတို့က တာအိုအခွင့်အလမ်းဂိုဏ်း ပေးသလောက် မကောင်းသော်လည်း ထူးခြားနေဆဲသာ ဖြစ်၏။

ဖုန်းဟွမ်က ဝမ်ဝေ့လောက် ခြိမ်းခြောက်မှု မရှိသည့်အချက်ကြောင့် သူတို့က အပေးအယူကို သဘောတကျ လက်ခံလိုက်ကြသည်။

ဤကဲ့သို့ ဆယ်နှစ်တာက အလျှင်အမြန် ကုန်ဆုံးသွားပြီး ပြိုင်ပွဲကလည်း ဆက်လက် ကျင်းပနေဆဲ ဖြစ်၏။ ပါဝင်ယှဉ်ပြိုင်သူ သန်း၁၅၀၀ ကြား သန်းတစ်ထောင်မျှသာ ကျန်ရှိတော့သည်။ ရှုံးထွက်ပွဲစဉ်လည်း အဆုံးသတ်သို့ ချည်းကပ်လာလေပြီ။

ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်၏ မျှောလွင့်ရုံငယ်အတွင်း ဆရာအားလုံးက ပြိုင်ပွဲကို ကြည့်နေကြသည်။ ကျင့်ကြံသူများအတွက် သူတို့သက်တမ်းနှင့် ယှဉ်လိုက်လျှင် ဆယ်နှစ်အချိန်ကာလကား တိုတောင်းလှသည်။

အားလုံးက ထူးခြားသည့် ပြိုင်ပွဲဝင်များကို ကြည့်နေကြစဉ် ကျောင်းအုပ်ပိုင်ဟန်က ရုတ်ချည်း တစ်ခုခု မှားယွင်းသွားသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူက အံ့ဖွယ်အသိစိတ်ဖြင့် ကျောင်းတော်ကို စစ်ဆေးကြည့်လိုက်သော်လည်း ဘာမှရှာမတွေ့ခဲ့ပေ။

ထို့ကြောင့် သူက ကောင်းကင် လျို့ဝှက်ချက်ကို လက်ချောင်းများဖြင့် စတင်တွက်ချက်လိုက်သည်။ ထို့နောက် သူက ရုတ်ချည်း ထရပ်ကာ အော်ပြောလိုက်သည် "ဘာဖြစ်သွားတာလဲ "

**********

ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၁၇)

မူရင္းေရးသားသူ - lazySageDao

ဘာသာျပန္သူ  - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)

အခန္း(၂၂၉) :  ေခတ္တစ္ခု၏ စိတ္ဝိညာဥ္

ယခု သူ႔အစီအစဥ္အားလုံး အေကာင္အထည္ေပၚလာၿပီျဖစ္ရာ ဖုန္းဟြမ္က သူ႔အနာဂတ္ အစီအစဥ္မ်ားကို စတင္ေတြးေတာေနမိသည္။ တျခားေကာင္းကင္ေ႐ြးခ်ယ္ခံမ်ားကဲ့သို႔ သူလည္း အထြတ္အထိပ္ ပလႅင္တြင္ ထိုင္ကာ မဟာဧကရာဇ္ ျဖစ္လာမိခ်င္သည္။ ထို႔ေၾကာင့္ သူက စတင္စီစဥ္ထားလိုက္သည္။

အခု ငါက ဖုန္းဟြမ္ ျဖစ္လာၿပီဆိုေတာ့ ေနာက္ေျခလွမ္းက ငါ့အစီအစဥ္ကို စတင္ဖို႔ပဲ ...

ဒါေပမဲ့ ဒီမ်ိဳးဆက္ ေကာင္းကင္အလိုဆႏၵတိုက္ပြဲထဲ ငါ့အနာဂတ္ ၿပိဳင္ဘက္ေတြကို ထည့္စဥ္းစားရဦးမယ္

ငါရဲ႕ပါရမီ၊ အေတြ႕အႀကဳံနဲ႔ အႂကြင္းမဲ့စတင္ျခင္း တာအိုနည္းစနစ္ ရၿပီးရင္ ခြန္အားတို႔က ေကာင္းကင္ေ႐ြးခ်ယ္ခံထဲက တခ်ိဳ႕ပဲ ငါ့ၿပိဳင္ဘက္ ျဖစ္ႏိုင္လိမ့္မယ္ ... အနည္းဆုံးေတာ့ အခုေပါ့

ဒါေပမဲ့ ဟိုသုံးေယာက္က ကြဲျပားတယ္ ...

ဝမ္ေဝ့ကို ဖယ္ထားလိုက္ၾကတာေပါ့ ... လ်ိဳ႕ဝွက္ အထြတ္အထိပ္တာအိုငါးခုထဲက တစ္ခုကို ထိန္းခ်ဳပ္ခ်င္ေနတဲ့ ဝရမ္းေျပးတစ္ေယာက္အေနနဲ႔ ၾကာၾကာေနရမွာ မဟုတ္ဘူး ...

ငါသာ ၾကာၾကာေစာင့္ႏိုင္ရင္ သူက ျပႆနာ ျဖစ္လာမွာ မဟုတ္ေတာ့ဘူး

ၿပီးေတာ့ ဝူဟုန္ ... အဲဒီအမ်ိဳးသမီးက ဧကရီဝူနဲ႔ တူလြန္းတယ္။ သူမရဲ႕  စိတ္အားထက္သန္တဲ့  သဘာဝကလြဲရင္ က်န္တာက ဧကရီဝူနဲ႔ ကြက္တိပဲ ...

သူမရဲ႕ လ်ိဳ႕ဝွက္ခ်က္ကလည္း ငါ့ထက္နည္းမွာ မဟုတ္ဘူး ... အဲဒါေၾကာင့္ သူမက အရမ္းျပႆနာေပးႏိုင္တဲ့ ၿပိဳင္ဘက္ ျဖစ္လာႏိုင္တယ္

ေနာက္ဆုံးက တိထ်န္းပဲ ... သူ႔ကို အရင္တုန္းက ေတြ႕ဖူးတယ္လို႔ ခံစားမိေနေပမဲ့ ဘယ္မွာမွန္း မမွတ္မိဘူး။ သူက ျပန္လည္ဝင္စားျခင္း စြမ္းအားႏွင့္ ေမြးဖြားလာတာဆိုေတာ့ ငါ အရင္တုန္းက ေတြ႕ခဲ့ဖူးတဲ့ မေကာင္းဆိုးဝါးအိုႀကီးေတြထဲက တစ္ေယာက္ ျပန္လည္ဝင္စားတာမ်ား ျဖစ္ေနမလား ...

ဘယ္လိုျဖစ္ျဖစ္ သူက ျပႆနာ ျဖစ္လာႏိုင္တယ္ဆိုေတာ့ အနီးကပ္ေစာင့္ၾကည့္ထားရမယ္ ...

ဘယ္လိုျဖစ္ေနပါေစ ဒီမ်ိဳးဆက္ပလႅင္က ငါ့အပိုင္ပဲ ... ဗုဒၶဘာသာ ေခတ္သစ္က ငါ့လက္ထက္မွာ စတင္ရမယ္ ...

ဖုန္းဟြမ္က သူ႔ဘာသာ စဥ္းစားေနၿပီးေနာက္ အေဆာင္တစ္႐ြက္ ထုတ္ကာ ထိုက္ယီနက္နဲမုခ္၏ ဂိုဏ္းခ်ဳပ္ကို လွမ္းဆက္သြယ္လိုက္သည္။

"ေရွာင္ဖုန္း ဘာျဖစ္လို႔လဲ" တည္တည္ၿငိမ္ၿငိမ္ အသံတစ္သံက ေမးလာသည္။ အေဆာင္တစ္ဖက္တြင္ ဆံျဖဴႏွင့္ လူအိုႀကီးတစ္ေယာက္ ျဖစ္ၿပီး တာအိုဝတ္႐ုံကို ဝတ္ဆင္ထားေလသည္။ ထိုသူက အသက္႐ြယ္ႀကီးရင့္ေနသည့္ သြင္ျပင္ ျဖစ္ေနေသာ္လည္း ထိုလူက ဂိုဏ္းခ်ဳပ္ဝမ္ထ်န္းတို႔ႏွင့္ တစ္မ်ိဳးဆက္တည္း ျဖစ္၏။

"ဂိုဏ္းခ်ဳပ္ဆရာႀကီး ကြၽန္ေတာ္ ယင္ယန္မ်က္ဝန္း ႏႈိးထလာၿပီ"  ဖုန္းဟြမ္က ေျပာလိုက္ၿပီးေနာက္ သူ႔႐ုပ္ခႏၶာအသစ္ကို အသက္သြင္းလိုက္သည့္အခါ သူ႔မ်က္ဝန္းက ခ်က္ခ်င္းဆိုသလို အျဖဴႏွင့္ အမည္း ေျပာင္းလဲသြားသည္။

ထိုက္ယီနက္နဲမုခ္၏ ဂိုဏ္းခ်ဳပ္က ဖုန္းဟြမ္၏ မ်က္ဝန္းကို ျမင္လိုက္ၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ေကာင္းကင္႐ုပ္ခႏၶာမ်ားက ပုံမွန္အားျဖင့္ မိုးေျမမွ ခ်ီးျမင့္ေပးထားျခင္း ျဖစ္ေသာေၾကာင့္ လူအမ်ားစုက သူတို႔ႏွင့္ အတူတကြ ေမြးဖြားလာျခင္း ျဖစ္၏။

ထို႔ေၾကာင့္ ေမြးဖြားၿပီးသည့္ေနာက္တြင္ သူတို႔႐ုပ္ခႏၶာကို သိႏိုင္ေလသည္။ သို႔ေသာ္လည္း တစ္ခါတစ္ေလ တစ္ေယာက္ေယာက္က သူတို႔သက္တမ္းကုန္ဆုံးခါနီးမွ ေကာင္းကင္႐ုပ္ခႏၶာ ႏိုးထလာသည့္ ရွားပါးျဖစ္ရပ္မ်ိဳးလည္း ရွိခဲ့ဖူးသည္။ မည္သို႔ပင္ဆိုေစကာမူ ထိုအရာက အသေခ်ၤအင္ပါယာကမာၻ သမိုင္းေၾကာင္းတစ္ေလွ်ာက္ အလြန္တရာ ရွားပါးလွသည္။

ဖုန္းဟြမ္ရဲ႕ ဝိညာဥ္မီးအိမ္က ဘာလို႔ ခဏတာ ခ်ဳပ္ၿငိမ္းသြားလဲ ရွင္းျပၿပီးသား ျဖစ္သြားၿပီ ...

ဂိုဏ္းခ်ဳပ္က ေတြးလိုက္မိသည္။

သုံးသပ္ခ်က္မ်ားအရ ထိပ္တန္း ေကာင္းကင္႐ုပ္ခႏၶာဆယ္ခုလုံးက ဤဂုဏ္က်က္သေရ ထြန္းလင္းေျပာင္ေျမာက္ဖြယ္ ေခတ္ကာလတြင္ ေပၚထြက္လာမည္ ျဖစ္၏။ သို႔ေသာ္ ႏွစ္မ်ားစြာၾကာျမင့္သြားေသာ္လည္း မျမင္ရေသးေပ။

ငါတို႔ ထိုက္ယီနက္နဲမုခ္က အရင္းအျမစ္အမ်ားႀကီး သုံးၿပီး ရွာခဲ့ရေပမဲ့ အသုံးမဝင္ခဲ့ဘူး ... အခုေတာ့ ေနာက္က်ၿပီးမွ ႏိုးထလာတာ ျဖစ္ေနတာပဲ

"အခု မင္း ဘာလုပ္မွာလဲ" ဂိုဏ္းခ်ဳပ္ဆရာက ေပ်ာ္ေပ်ာ္႐ြင္႐ြင္ျဖင့္ ေမးလိုက္သည္။ သူတို႔၏ ထိုက္ယီနက္နဲမုခ္၌ ယခုမ်ိဳးဆက္ ေကာင္းကင္အလိုဆႏၵတိုက္ပြဲတြင္ သူတို႔ကို ကိုယ္စားျပဳႏိုင္မည့္ စစ္မွန္သည့္ ေကာင္းကင္ေ႐ြးခ်ယ္ခံ တစ္ေယာက္ ရွိလာေလၿပီ။

" ကြၽန္ေတာ္ အႂကြင္းမဲ့စတင္ျခင္း တာအိုနည္းစနစ္ကို က်င့္ႀကံခ်င္ပါတယ္" ဖုန္းဟြမ္က ဆုံးျဖတ္ခ်က္ ျပတ္သားစြာျဖင့္ ေျပာလိုက္သည္။

" မင္း ေသခ်ာရဲ႕လား။ မင္း ယင္ယန္ေျပာင္းျပန္ နည္းစနစ္ကို က်င့္ႀကံလာတာ ႏွစ္ေတြအမ်ားႀကီးရွိေနၿပီ။ မင္းရဲ႕ အုတ္ျမစ္က ခိုင္မာေနၿပီးသား ျဖစ္ေနၿပီ။ တျခားဧကရာဇ္က်မ္းကို ေလ့က်င့္တာက မင္းအတြက္ အခ်ိန္အမ်ားႀကီးကုန္ေစလိမ့္မယ္။

ၿပီးေတာ့ မင္းရဲ႕လက္ရွိ က်င့္စဥ္က ႐ုပ္ခႏၶာအသစ္နဲ႔ အသင့္ေတာ္ဆုံးပဲ။ မင္း အႂကြင္းမဲ့စတင္ျခင္း တာအိုနည္းစနစ္ မရခင္ ျဖတ္ေက်ာ္ခဲ့ရတဲ့ စစ္ေဆးမႈအားလုံးကို ထည့္မေျပာရေသးဘူး။ မင္းဆီမွာ ယင္ယန္မ်က္ဝန္း ရွိရင္ေတာင္ သင့္ေတာ္တဲ့ တာအိုနားလည္ႏိုင္စြမ္း မရွိရင္ ဂိုဏ္းက မင္းကို ဘိုးေဘးရဲ႕ တာအိုနည္းစနစ္ကို က်င့္ႀကံခြင့္ ျပဳမွာ မဟုတ္ဘူး" ဂိုဏ္းခ်ဳပ္ဆရာက တည္တည္ၿငိမ္ၿငိမ္ ျပန္ေျဖလိုက္သည္။

" ကြၽန္ေတာ္ ထပ္ေတာင္းဆိုပါတယ္ "

"ကဲ ထားလိုက္ေတာ့" ဂိုဏ္းခ်ဳပ္ဆရာက ေခါင္းညိတ္လိုက္သည္။ သူက ေမးလိုက္ရသည့္ အေၾကာင္းအရင္းမွာ ဖုန္းဟြမ္၏ ဆုံးျဖတ္ခ်က္ကို စမ္းသပ္ရန္ ျဖစ္၏။ ကိစၥမ်ားက သူ ထင္ထားသလို ေခ်ာေမြ႕ေနမည္ မဟုတ္ေပ။

တျခားအရာမ်ား မတိုင္ခင္ ဂိုဏ္းအေနႏွင့္ ဖုန္းဟြမ္အား တစ္ခုခု မွားယြင္းေနတာ မရွိေစရန္ ေသခ်ာေအာင္ စစ္ေဆးရမည္ ျဖစ္၏။ သူ႔ဝိညာဥ္မီးအိမ္က ခဏတာ ခ်ဳပ္ၿငိမ္းသြားေသာေၾကာင့္ ထိုအခ်ိန္ကာလအတြင္း သူ ေသဆုံးသြားေၾကာင္း ျပသေနေလသည္။ ထို႔ေၾကာင့္ ဂိုဏ္းက တစ္ေယာက္ေယာက္ သူ႔ခႏၶာကိုယ္ကို ဝင္စီးထားလား စစ္ေဆးရလိမ့္မည္။

ထို႔ေနာက္ သူတို႔က ယင္ယန္မ်က္ဝန္းကို ႐ုတ္တရက္ ရရွိလာပုံကို စစ္ေဆးၾကရမည္။ အရာအားလုံး အဆင္ေျပသြားသည့္အခါမွ သူက အႂကြင္းမဲ့စတင္ျခင္း တာအိုနည္းစနစ္ကို ရလာေစႏိုင္မည့္ စမ္းသပ္ခ်က္ကို ေျဖဆိုဖို႔ အခြင့္အေရး ရလာလိမ့္မည္။

" အဲဆိုေတာ့ အခုၿပိဳင္ပြဲကို ဘယ္လိုလုပ္မွာလဲ" ဂိုဏ္းခ်ဳပ္ဆရာက ေမးလိုက္သည္။

" ကြၽန္ေတာ္ ဒီၿပိဳင္ပြဲကို ဆက္မၿပိဳင္ခ်င္ေတာ့ဘူး။ ဂိုဏ္းရဲ႕ စမ္းသပ္ခ်က္ကို ေအာင္ျမင္ဖို႔က ကြၽန္ေတာ့္အနာဂတ္အတြက္ ပိုအေရးႀကီးတယ္။ တာအိုေက်ာက္ျပားကိုေတာ့ ဂိုဏ္းဘက္ကေန ကြၽန္ေတာ့္ကို ဝင္ခြင့္ရဖို႔ တန္ေၾကးတစ္ခု ေပးႏိုင္လိမ့္မယ္လို႔ ေသခ်ာတယ္"

"ေက်ာင္းေတာ္က ငါတို႔ ထိုက္ယီနက္နဲမုခ္ကို မ်က္ႏွာသာေပးသင့္တာေပါ့။ အဲဆို ဂိုဏ္းမွာ ျပန္ေတြ႕ၾကမယ္"ဂိုဏ္းခ်ဳပ္ဆရာက ေျပာၿပီးေနာက္ ဆက္သြယ္ေရးအေဆာင္ကို ဆက္သြယ္မႈကို ျဖတ္ေတာက္လိုက္သည္။

ဖုန္းဟြမ္အတြက္မူ သူ႔တပည့္ေဟာင္း  ဖုန္းဟြမ္အစစ္ ျဖစ္လာျခင္း ပထမအဆင့္ကို အားနည္းခ်က္မရွိဘဲ ေအာင္ျမင္သြားေၾကာင္း သိလိုက္၍ သက္ျပင္းခ်လိုက္မိသည္။

တကယ္ေတာ့ ဖုန္းဟြမ္က ထိုၿပိဳင္ပြဲထဲ မပါဝင္ခ်င္သည့္ အေၾကာင္းအရင္းမွန္ကို မရွင္းျပဘဲ လိမ္ညာလိုက္ျခင္း ျဖစ္၏။

အမွန္ေတာ့ သူက သူ႔နာမည္ကို ေကာင္းကင္တာအို ကာကြယ္ေရးစာအုပ္ေပၚ မထားခဲ့ခ်င္ေပ။

မိုးေျမ၏ စည္းမ်ဥ္းဥပေဒသမ်ားအရ အထြတ္အထိပ္နယ္ပယ္အဆင့္ႏွင့္ေအာက္ က်င့္ႀကံသူအားလုံးကို‌ ေသမ်ိဳးအျဖစ္ သတ္မွတ္ၾကေလသည္။ ထို႔ေၾကာင့္ သူတို႔အားလုံးက သက္တမ္းအကန႔္အသတ္ရွိၿပီး သူတို႔ဘာသာ ျပန္လည္ဝင္စားဖို႔ သံသရာစက္ဝန္းထဲ ဝင္ေရာက္ၾကရသည္။ သူတို႔ဝိညာဥ္မ်ား လုံးဝ ပ်က္သုန္းသြားၿပီး မိုးေျမဆီ ျပန္မေရာက္မခ်င္း ထိုျဖစ္စဥ္ကို ထပ္ခါတလဲလဲ ျပဳလုပ္ေနရလိမ့္မည္။ မဟုတ္ပါက သူတို႔အေနႏွင့္ မဟာဧကရာဇ္အဆင့္၊ တာအိုဘိုးေဘး သို႔မဟုတ္ ထာဝရအရွင့္အထိ ေရာက္ဖို႔ လိုအပ္သည္။

သို႔ေသာ္လည္း ရွစ္ဖူယြီက မိုးေျမအေနႏွင့္ ေသမ်ိဳးတစ္ေယာက္ကို ခြင့္ျပဳေပးထားသည့္ သက္တမ္းထက္ အခ်ိန္ၾကာရွည္စြာ ေနထိုင္ႏိုင္ခဲ့သည္။ ထို႔ေၾကာင့္ သူသာ သူ႔နာမည္ကို စာအုပ္ေပၚတြင္ ထားလိုက္သည္ႏွင့္ ေကာင္းကင္တာအိုက သူ႔အျပဳအမူမ်ားကို ခ်က္ခ်င္း သတိျပဳမိသြားမည္မွန္း သိေလသည္။

ထို႔ေနာက္ နတ္ဘုရားအျပစ္ဒဏ္မိုးႀကိဳးက ေကာင္းကင္မွ ခ်က္ခ်င္း က်ဆင္းလာကာ သူ႔အား ဒီကမာၻမွ ရွင္းထုတ္လိမ့္မည္။ သူ႔ကမာၻဦးစိတ္ဝိညာဥ္ပင္ ျပန္လည္ဝင္စားခြင့္မရဘဲ အၿပီးတိုင္ သုတ္သင္ခံရႏိုင္သည္။

သေဘာတရားအရ ယခု ရွစ္ဖူယြီသည္ ဖုန္းဟြမ္ ျဖစ္ေနေလၿပီ။ ထို႔ေၾကာင့္ ေကာင္းကင္တာအိုက သူ႔ကို မမွတ္မိသင့္ေပ။ မည္သို႔ပင္ဆိုေစကာမူ သူက ကံမစမ္းၾကည့္လိုေပ။ သူက ေခတ္ကာလမ်ားစြာ ႀကံစည္လာရၿပီး ယခုေအာင္ျမင္ဖို႔ နီးကပ္လာၿပီ ျဖစ္ရာ ႐ူးမိုက္မိုက္ အျပဳအမူေၾကာင့္ သူ႔အစီအစဥ္ ပ်က္စီးမခံႏိုင္ေပ။

တာအိုေက်ာက္ျပား သုံးေထာင္အတြက္မူ သူက အႀကိမ္မ်ားစြာ ေတြ႕ျမင္ဖူးၿပီးသား ျဖစ္၏။ သူက ေနထိုင္ခဲ့ေသာ သက္တမ္းတစ္ေလွ်ာက္ ေက်ာင္းေတာ္ထဲ ခိုးဝင္ကာ  ဉာဏ္အလင္းပြင့္ခဲ့သည္။ တကယ္ေတာ့ သူက ထိုေက်ာက္ျပားမ်ား အဖိုးတန္လာကာ မဟာဧကရာဇ္မ်ားစြာကို အားေကာင္းေအာင္ မလုပ္ေပးႏိုင္ကတည္းက တစ္ခါေတြ႕ဖူးၿပီးသား ျဖစ္၏။

သူက သူတို႔ကို ထပ္ျမင္ခ်င္သည့္ အေၾကာင္းအရင္းတစ္ခုက အႂကြင္းမဲ့စတင္ျခင္း တာအိုနည္းစနစ္အေပၚ ပိုမိုနားလည္ႏိုင္ေစၿပီး သူ စိတ္မဝင္စားသည့္အေပၚ သူ႔ဂိုဏ္းမွ လူမ်ား၏ သံသယဝင္ျခင္းမွ ကာကြယ္ရန္ ျဖစ္သည္။

ဖုန္းဟြမ္က အေတြးမ်ားကို စုစည္းလိုက္ၿပီးေနာက္ သူ႔တာအိုကာကြယ္သူကို ဆက္သြယ္ကာ ၿပိဳင္ပြဲ၏ လ်ိဳ႕ဝွက္နယ္ေျမမွ ထြက္လာလိုက္သည္။ သူ႔ထြက္ခြာသြားမႈက လူအမ်ား၏ အာ႐ုံစိုက္ရာ ျဖစ္လာခဲ့သည္။ ေျပာရလွ်င္ ဖုန္းဟြမ္က ပ်ိဳးေထာင္ခံ ယွဥ္ၿပိဳင္သူတစ္ဦး မဟုတ္ပါေလာ။

သို႔ေသာ္လည္း ဒီမ်ိဳးဆက္၏ အားအေကာင္းဆုံးႏွင့္ အလ်ိဳ႕ဝွက္ဆုံး ေကာင္းကင္ေ႐ြးခ်ယ္ခံ သုံးေယာက္လုံးက ၿပိဳင္ပြဲတြင္ ဝင္မပါေလရာ ဖုန္းဟြမ္၏ ထြက္ခြာသြားမႈက အုတ္ေအာ္ေသာင္းနင္း ျဖစ္မသြားေစေပ။

အမွန္တကယ္ ဂ႐ုစိုက္ၾကသူမ်ားက ဧကရာဇ္ဉာဏ္အလင္းပြင့္ ေက်ာင္းေတာ္မွ အထက္ပိုင္းမ်ား ျဖစ္ၾကသည္။ ေကာင္းကင္ေ႐ြးခ်ယ္ခံတစ္ေယာက္က ၿပိဳင္ပြဲတြင္ ပါဝင္ဖို႔ ျငင္းပယ္လိုက္တိုင္း ထိုေကာင္းကင္ေ႐ြးခ်ယ္ခံမ်ားဆီမွ ခ်ီကံေကာင္းမႈကို မရႏိုင္ေတာ့သည့္အတြက္ သူတို႔ကသာ ဆုံးရႈံးရေလသည္။

မည္သို႔ပင္ဆိုေစကာမူ ေက်ာင္းေတာ္က ထိုက္ယီနက္နဲမုခ္အေနႏွင့္ ဖုန္းဟြမ္ကို တာအိုေက်ာက္ျပား လ်ိဳ႕ဝွက္နယ္ေျမထဲ ဝင္ေရာက္ႏိုင္ဖို႔ ေပးကမ္းလာသည့္ ဆုလာဘ္မ်ားႏွင့္ ပတ္သက္ၿပီး သေဘာက်ၾကေလသည္။ သူတို႔က တာအိုအခြင့္အလမ္းဂိုဏ္း ေပးသေလာက္ မေကာင္းေသာ္လည္း ထူးျခားေနဆဲသာ ျဖစ္၏။

ဖုန္းဟြမ္က ဝမ္ေဝ့ေလာက္ ၿခိမ္းေျခာက္မႈ မရွိသည့္အခ်က္ေၾကာင့္ သူတို႔က အေပးအယူကို သေဘာတက် လက္ခံလိုက္ၾကသည္။

ဤကဲ့သို႔ ဆယ္ႏွစ္တာက အလွ်င္အျမန္ ကုန္ဆုံးသြားၿပီး ၿပိဳင္ပြဲကလည္း ဆက္လက္ က်င္းပေနဆဲ ျဖစ္၏။ ပါဝင္ယွဥ္ၿပိဳင္သူ သန္း၁၅၀၀ ၾကား သန္းတစ္ေထာင္မွ်သာ က်န္ရွိေတာ့သည္။ ရႈံးထြက္ပြဲစဥ္လည္း အဆုံးသတ္သို႔ ခ်ည္းကပ္လာေလၿပီ။

ဧကရာဇ္ဉာဏ္အလင္းပြင့္ ေက်ာင္းေတာ္၏ ေမွ်ာလြင့္႐ုံငယ္အတြင္း ဆရာအားလုံးက ၿပိဳင္ပြဲကို ၾကည့္ေနၾကသည္။ က်င့္ႀကံသူမ်ားအတြက္ သူတို႔သက္တမ္းႏွင့္ ယွဥ္လိုက္လွ်င္ ဆယ္ႏွစ္အခ်ိန္ကာလကား တိုေတာင္းလွသည္။

အားလုံးက ထူးျခားသည့္ ၿပိဳင္ပြဲဝင္မ်ားကို ၾကည့္ေနၾကစဥ္ ေက်ာင္းအုပ္ပိုင္ဟန္က ႐ုတ္ခ်ည္း တစ္ခုခု မွားယြင္းသြားသလို ခံစားလိုက္ရသည္။ ထို႔ေၾကာင့္ သူက အံ့ဖြယ္အသိစိတ္ျဖင့္ ေက်ာင္းေတာ္ကို စစ္ေဆးၾကည့္လိုက္ေသာ္လည္း ဘာမွရွာမေတြ႕ခဲ့ေပ။

ထို႔ေၾကာင့္ သူက ေကာင္းကင္ လ်ိဳ႕ဝွက္ခ်က္ကို လက္ေခ်ာင္းမ်ားျဖင့္ စတင္တြက္ခ်က္လိုက္သည္။ ထို႔ေနာက္ သူက ႐ုတ္ခ်ည္း ထရပ္ကာ ေအာ္ေျပာလိုက္သည္ "ဘာျဖစ္သြားတာလဲ "

Continue Reading

You'll Also Like

7.3K 192 40
Transmigrating into a Yuri-themed Xianxia world, Ye Anping found himself as an unnamed cannon fodder with poor cultivation aptitude, a cannon fodder...
40.9K 1.1K 42
Westeros is a land where intrigue, conspiracy and gold rule. A land where everyone has to look twice to avoid being stabbed in the back. A land that...
93.9K 2.9K 42
Waking up in the body of a Romani Archiman is acceptable. Getting 3rd and 1st True Magics is nice. Getting Beasts as pets - delightful. The world of...
15.6K 483 18
If you are new to my stories. I write long and detailed chapters. So expect 2000 to almost 4000+ words chapter. This story is about a smart female Lu...