ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၇)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း(၂၂၆) : စီမံကိန်းနှစ်များ
မိုရှင်းယွင်က တစ်ယောက်ယောက် သူမအနား သတိမထားမိစေဘဲ ရောက်လာသည့် အချက်ကြောင့် ထိတ်လန့်သွားလေသည်။ မိစ္ဆာကျင့်ကြံရေး မိသားစုတွင် ပြုစုပျိုးထောင်ခံရသူတစ်ယောက်အနေနှင့် သူမက ငယ်စဉ်ကတည်းက အမြဲတမ်း နိုးနိုးကြားကြားရှိဖို့ သင်ယူခဲ့ရသည်။ မဟုတ်ပါက သူမက ဒီလောက်ကြာကြာ အသက်ရှင်နိုင်မည် မဟုတ်ပေ။
သူမက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ မျိုးဆက် အဆင့်အတန်းဖြင့်ပင် မိသားစုက သူမကို ကောင်းကောင်း မဆက်ခံသလို ပိုပိုသာသာ ဆက်ဆံတာမျိုးလည်း မရှိချေ။ အချုပ်အားဖြင့် သူတို့က သူမကို ပို၍ပင် ရက်ရက်စက်စက် လေ့ကျင့်ပေးကြသည်။
မိုရှင်းယွင်က ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် တစ်ယောက်ယောက်က သူမနှင့် ဘေးပတ်လည်ကို လွှမ်းခြုံထားသည့် အစီအရင်တစ်ခု ခင်းကျင်ထားကြောင်း သတိပြုမိလိုက်သည်။ သူမက ချောင်းမြောင်းလုပ်ကြံခံရပြီဟု ထင်လိုက်မိသော်လည်း အစီအရင်ကို ခပ်မြန်မြန် ဆန်းစစ်လိုက်ပြီးနောက် ပြိုင်ပွဲကို ကြည့်နေသည့် တခြားသူများ ဒီနေရာကို မမြင်စေရန်သာ ကာကွယ်ထားကြောင်း သိလိုက်ရသည်။
မိုရှင်းယွင်က သတိကို လျော့ချပစ်မည့်သူ မဟုတ်ချေ။
မိုရှင်းယွင်က ဘေးပတ်လည်ကို တစ်ချက်စစ်ဆေးလိုက်ပြီးနောက် သာမန်လူတစ်ယောက် သူမဆီ လျှောက်လာသည်ကို မြင်လိုက်ရသည်။ သူမအနေနှင့် ထိုလူက မျက်နှာပေါ် ဝတ်ရုံခေါင်းစွပ်ဖြင့် ဖုံးထားသော်လည်း အမျိုးသားတစ်ယောက် ဖြစ်ကြောင်း ပြောနိုင်လေသည်။ ထိုလူနှင့် ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေရသော်လည်း ဘယ်အရာမှန်း မပြောနိုင်ပေ။
"ရှင်က ဘယ်သူလဲ။ ရှင် ဘာလိုချင်တာလဲ" မိုရှင်းယွင်က တည်ငြိမ်စွာ မေးလိုက်သည်။ သို့သော်လည်း သူမက အချိန်မရွေး တိုက်ခိုက်နိုင်ဖို့ မူလမန္တန်ကို တိတ်တဆိတ် ပြင်ဆင်ထားသည်။
" မင်း ဘာမှလှည့်စားနေစရာ မလိုဘူး။ ငါ အားလုံးကို ဖောက်မြင်နေရတယ်။ ဒီလူက မင်းနဲ့ ဆက်သွယ်ဖို့ သုံးတဲ့ အသားအိတ်အပြင် မပိုဘူး။ အဲဒါကြောင့် မင်း ဖျက်ဆီးပစ်လိုက်ရင်လည်း ကိစ္စမရှိဘူး"
သူမ၏ လှည့်ကွက်က ထိုးဖောက်မြင်နေရေသော်လည်း မိုရှင်းယွင်က တုန်လှုပ်သွားခြင်း မရှိသလို အမူအရာလည်း ပြောင်းသွာခြင်း မရှိပေ။
" အရှင်က ဒီလိုစွမ်းရည်တွေ ရှိထားပြီး ကျွန်မကို မတိုက်မှတော့ ကျွန်မဆီကနေ တစ်ခုခုလိုချင်နေတဲ့ အဓိပ္ပါယ်ပဲ။ အဲဒါကြောင့် အချိန်ဖြုန်းမနေဘဲ တည့်တိုးသာ ပြောလိုက်ပါ "
" ဉာဏ်ကောင်းတဲ့သူတွေနဲ့ ပြောရတာ ကောင်းလိုက်တာ။ မင်းဆီကနေ တစ်ခုခု လိုချင်နေတာ မှန်တယ်။ အတိအကျပြောရရင် မင်းနဲ့ အပေးအယူ လုပ်ချင်တယ်"
"အပေးအယူလား ... အသေးစိတ်ပြောပါဦး"
"မင်းရဲ့ သွေးအဆီအနှစ်ကို အသုံးပြုပြီး ငါ့အတွက် ဝါးမျိုခြင်း အဆောင်တစ်ရွက် ဖန်တီးပေးစေချင်တယ်" အရိပ်က ပြောလိုက်သည်။
မိုရှင်းယွင်က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာပိုင်ရှင်အနေနှင့် သူမက အဆောင်တစ်ရွက် လုပ်ပေးနိုင်သော်လည်း သူမ၏ သွေးအဆီအနှစ်ကို အသုံးပြုဖို့ရာကျ ...
" အရှင် ... တမူထူးရုပ်ခန္ဓာတွေရဲ့ သွေးအဆီအနှစ်က ဘယ်လောက်တောင် ထူးခြားလဲ သိမှာပါ။ အဲဒါကို အလွယ်တကူ ပေးဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ ဆိုးဆိုးရွားရွား ကျိန်စာတွေက သက်ရောက်မှုရှိစေဖို့ သွေးအဆီအနှစ် လိုအပ်တတ်ကြတယ်လေ။ ရှင်က ကျွန်မကို ဘယ်လိုများ ဖျောင်းဖျမလဲ သိချင်မိသား"
အရိပ်က တိတ်ဆိတ်သွားလေသည်။ မိုရှင်းယွင်က သူ့မျက်နှာထားကို မမြင်ရသော်လည်း လှောင်ပြုံး ပြုံးလိုက်သည်ဟု ခံစားချက်ရလိုက်သည်။
" အဲဒီအဆောင်အတွက် အပေးအယူက ဇူဇကာ ဝါးမျိုခြင်းကျမ်း ရှိတဲ့ တည်နေရာအကြောင်းပဲ "
"အရှင် ကျွန်မကို အရူးလို့ ထင်နေတာလား" မိုရှင်းယွင်က တည်တည်ငြိမ်ငြိမ် ဖြေလိုက်သည် " ကျွန်မရဲ့ ဘိုးဘေး ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ဧကရာဇ်ကျမ်းကို မထားခဲ့ဘူးဆိုတာ လူတိုင်းသိတယ်။ ရှင်က အဲဒီတည်နေရာကို ဘယ်လိုများသိနေတာတုန်း" မိုရှင်းယွင်က နှလုံးခုန်မြန်နေသော်လည်း ခပ်တည်တည်သာ ပြောလိုက်သည်။
" မင်း ပြောတာ တစိတ်တပိုင်းတော့ မှန်ပါတယ်" အရိပ်က ခပ်မာမာ ပြောလိုက်သည်။
" ဇူဇကာဝါးမျိုခြင်း ကျမ်းရဲ့ ဇစ်မြစ်ကို သိလား "
"ဘိုးဘေးက ဖန်တီးခဲ့တာ မဟုတ်ဘူးလား"
"မဟုတ်ဘူး။ တကယ့်ကျမ်းကို မိစ္ဆာနတ်ဘုရားက မိစ္ဆာခေတ်တုန်းက ဖန်တီးခဲ့ပြီးတော့ အသင်္ချေအင်ပါယာကမ္ဘာမှာ သူ့အမွေအနှစ်ကို ထားခဲ့တာ။ မင်းရဲ့ ဘိုးဘေးက ကံကောင်းသွားပြီးတော့ အဲဒီကျမ်းရဲ့ ပုံပွားကို ရလာခဲ့တာ။ သူက တစ်ခြမ်းပဲ ရလာခဲ့တယ်။ နောက်ပိုင်း မင်းရဲ့ ဘိုးဘေးက အဆောင်ဘိုးဘေး ဖန်တီးထားတဲ့ ဘိုးဘေး အဆောင် ၁၂စာရွက်ထဲက တစ်ရွက်ရသွားပြီးတော့ သူ့နားလည်နိုင်စွမ်းနဲ့ နောက်တစ်ဝက်ကို အပြီးသတ်ခဲ့ပြီး ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာကို ဖန်တီးခဲ့တာပဲ ...
ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာကို ကောင်းကင်တာအိုက အသိအမှတ်မပြုပေမဲ့ အားကောင်းပြီးတော့ ထိပ်တန်း ကောင်းကင်ရုပ်ခန္ဓာသုံးခုနဲ့ ယှဉ်နိုင်တယ်။ သူ ဖန်တီးလိုက်တဲ့ ဇူဇကာဝါးမျိုခြင်း ကျမ်းက နဂိုထက်တောင် ပိုအားကောင်းသွားတယ် "
မိုရှင်းယွင်က သူမ အတွေးများကို မြန်မြန် စဉ်းစားလိုက်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမက ဘိုးဘေးသည် ရှေးဟောင်းဧကရာဇ်ခတ်ကာလတုန်းက အဆောင်ဘိုးဘေး တာအိုကို သက်သေပြပြီးနောက် အသင်္ချေအင်ပါယာကမ္ဘာထဲ ထားရှိခဲ့သည့် ဘိုးဘေးအဆောင် ၁၂ ခုထဲမှ ဝါးမျိုခြင်း အဆောင်ကို ငယ်စဉ်တုန်းက ရရှိဖူးကြောင်း ကောလဟာလများ ကြားခဲ့ဖူးလေသည်။
သို့သော်လည်း သက်သေပြစရာ မရှိပေ။ ထို့အပြင် ထိုအကြောင်းကို အမှန်တကယ်သိခဲ့ကြသူများလည်း အသတ်ခံလိုက်ရလောက်ပြီ ဖြစ်၏။
မိုရှင်းယွင်က အတွေးများမှ ပြန်အသိဝင်လာကာ " အဲဆို ရှင် အပေးအယူ လုပ်ချင်တာက ဘိုးဘေး ဖန်တီးထားတဲ့ ကျမ်း မဟုတ်ဘူးပေါ့"
"အဲတော့ ဘာဖြစ်လဲ" အရိပ်က ပြောလိုက်သည် " မင်း အခြေအနေကို မင်း သိသင့်တယ်။ မင်းရဲ့ ရုပ်ခန္ဓာက အားကောင်းပေမဲ့ မင်းက သင့်တော်တဲ့ ကျမ်းမရှိရင် ကောင်းကောင်း အသုံးချတတ်မှာ မဟုတ်ဘူး။ မင်းရဲ့ အစီအစဉ်က တခြားကောင်းကင်ရုပ်ခန္ဓာတွေကို ဝါးမျိုပြီး တာအိုကျောက်ပြား သုံးထောင်ကနေ မင်းနဲ့ သင့်တော်တဲ့ ကျမ်းကို ဖန်တီးပြီး ကွာဟချက်ကို ချုံ့ဖို့ဆိုတာ ငါ သိတယ်။
ကံမကောင်းတာက မင်းက မင်းရဲ့ ဘိုးဘေးလောက် ပါရမီမရှိဘူး။ အဲဒီကျောက်ပြားတွေနဲ့တောင် မင်း ဖန်တီးမဲ့ ကျမ်းက ယှဉ်နိုင်ပါ့မလားဆိုတာ အာမမခံနိုင်ဘူး။
မင်း ဝါးမျိုလိုက်တဲ့ ရုပ်ခန္ဓာတွေကို သင့်တော်တဲ့ နည်းလမ်း မရှိဘဲ မင်းအတွက် သူတို့စွမ်းအားတွေကို အစာခြေဖို့သာ အချိန်ကြာသွားပြီး နောက်ပိုင်း ပြစ်ချက်တွေ ရှိလာလိမ့်မယ်။ သာမန်ကောင်းကင်ရွေးချယ်ခံရှေ့မှာ မင်းရဲ့ စွမ်းရည်က လုံလောက်တာထက် ပိုတယ်။
ဒါပေမဲ့ ဝမ်ဝေ့တို့၊ တိထျန်းတို့လို လူမျိုးရှေ့မှာ သူတို့က မင်းရဲ့ ပြစ်ချက်နည်းနည်းလောက် တွေ့တာနဲ့ ချက်ချင်း အခွင့်ကောင်းယူသွားကြမဲ့သူတွေ ... အထူးသဖြင့် မင်းရဲ့ ရုပ်ခန္ဓာက ဘယ်လောက်ကြောက်စရာကောင်းလဲ သိထားပြီးတဲ့နောက်မှာပေါ့ "
ထိုအရာကို ကြားပြီး မိုရှင်းယွင်က တည်တည်ငြိမ်ငြိမ် ထိန်းဖို့ အကောင်းဆုံး ကြိုးစားလိုက်သော်လည်း ခက်ခဲနေသေးသည်။ ထို့ကြောင့် သူမက စိတ်လှုပ်ရှားမှုမှ ဒေါသအဖြစ် ပြောင်းလဲသွားစေဖို့ လျှာဖျားကို ကိုက်ချလိုက်သည်။
သူမက ထိုအရိပ် ပြောသည်က အမှန်ဖြစ်ကြောင်း သိလေသည်။ သူမက ဘိုးဘေးလိုမျိုး ရုပ်ခန္ဓာ ရှိထားသော်လည်း သူမ၏ ပါရမီက နိမ့်ကျနေသည်။ သူမက ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် အချိန်ကာလတွင် မွေးဖွားလာခဲ့သည့် အရေးသာချက် တစ်ခုသာ ရှိသည်။ ထိုအရာက သူမအား ကောင်းကင်ရုပ်ခန္ဓာများစွာကို ရရှိစေနိုင်သည်။
သို့သော်လည်း ဒီအချိန်ကာလတွင် ပေါ်ထွက်လာကြသော ပါရမီရှင်များက တကယ်ကို နတ်ဆိုးဆန်လှသည်။ အင်အားနှင့် ပါရမီတို့က ကြောက်ခမန်းလိလိ ဖြစ်ကြ၏။
မိုရှင်းယွင်က စိတ်ငြိမ်အောင် ထားလိုက်ပြီးနောက် ပြောလိုက်သည် " ရှင့်အပေးအယူကို လက်ခံတယ်။ ဒါပေမဲ့ ရှင် ကျွန်မအတွက် တခြားကောင်းကင်ရုပ်ခန္ဓာတချို့ကို ဖမ်းပေးရမယ် ... အထူးသဖြင့် ထိပ်တန်းငါးယောက်ထဲကလူတွေ "
"မရဘူး" အရိပ်က ပြန်ဖြေလိုက်သည် " မင်း ငါ့အပေးအယူကို လက်ခံရင် လက်ခံ မဟုတ်ရင် ကိုယ့်လမ်းကို သွားကြမယ်"
မိုရှင်းယွင်က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထိုအပေးအယူက ထိုလူအတွက် အရေးပါလား၊ မပါလား မပြောနိုင် ဖြစ်နေသည်။
" အဖြေကို မပေးခင် နောက်ဆုံးမေးစရာတစ်ခု ရှိတယ်။ တကယ်လို့ ရှင်က ဇူဇကာ ဝါးမျိုခြင်းကျမ်း နေရာကို သိထားရင် ဘာလို့ ကိုယ့်ဘာသာအတွက် သွားမယူရတာလဲ။ ရှင်က ဝါးမျိုခြင်း အဆောင် လိုချင်နေမှတော့ ရှင်လည်း တစ်ခုခုကို ဝါးမျိုပစ်ဖို့ စွမ်းအားလိုနေမှန်း အသိသာကြီးပဲ။ အဲဒါကြောင့် ကျမ်းကို ကိုယ့်ဘာသာယူပြီး ဘာလို့ ရည်ရွယ်ချက်ကို အကောင်အထည်မဖော်လိုက်တာလဲ"
အရိပ်က စက္ကန့်ပိုင်းလောက် ရပ်တန့်သွားကာ " တုံးအအ မေးခွန်းတွေ မမေးနဲ့။ တကယ်လို့ ငါသာလုပ်နိုင်ရင် မင်းနဲ့ ညှိနှိုင်းနေမယ် ထင်လား"
မိုရှင်းယွင်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ အကြောင်းမှာ သူမက ထိုညှိနှိုင်းချက်ကနေ အရေးသာမှုတချို့ကို တွေ့ရှိသွားလေပြီ။ ထိုအဖြေမှ သူမက ထိုလူသည် သူကိုယ်တိုင် လုပ်ဆောင်ဖို့ရာ အတားအဆီး တွေ့နေကြောင်း သိလိုက်၏။ ထို့ကြောင့် သူမကို လုပ်ခိုင်းခြင်း ဖြစ်၏။
သူမက ထိုအချက်ကြောင့် သတိလက်လွတ်မဖြစ်သွားပေ။
"အဲဆိုတော့ ကျွန်မတို့ အပေးအယူ သေချာအောင် ဘယ်လိုလုပ်ကြမှာလဲ။ တာအိုနှလုံးသား ကျမ်းကျိန်ဆိုမှာလား"
အရိပ်က ထိုအရာကို ကြားပြီး တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်သည်။ မိစ္ဆာကျင့်ကြံသူများက တာအိုနှလုံးသားအပေါ် ဂရုမစိုက်ကြောင်းသိထား၍ သူက ထိုသို့ လှည့်ကွက်လေးထဲ ကျမည် မဟုတ်ပေ။ သူက သူ့ဘာသာလုပ်ထားသည့် စာချုပ်ကို ထုတ်ကာ မိုရှင်းယွင်ဆီ ပေးလိုက်သည်။
သူမက လှည့်ကွက်လေး ကျရှုံးသွား၍ စိတ်မပျက်သွားပေ။ သူမက အစကတည်းက များများစားစား မမျှော်လင့်ထားမိပေ။ အထဲတွင် လျို့ဝှက်အခြေအနေ၊ တောင်းဆိုချက်များ မရှိတာ သေချာအောင် စစ်ဆေးလိုက်ပြီးနောက် လက်မှတ်ထိုးလိုက်သည်။
အကယ်၍ တခြားအချိန်မှာသာ ဖြစ်ပါက မိုရှင်းယွင်က ကြုံရာကျပန်း လူတစ်ယောက်နှင့် စာချုပ်ချုပ်ဆိုမည် မဟုတ်ပေ။ သူမက သူမဘာသာ အားကိုးလိမ့်မည်။ သို့သော် ယခု သူမတွင် ရွေးစရာ မရှိပေ။
ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာ၏ အမွေဆက်ခံသူအနေနှင့် သူမဘဝကြီးက ဘိုးဘေး၏ အပြုအမူများကြောင့် အန္တရာယ်တွင်းထဲ ကျရောက်နေလေသည်။ ထို့ကြောင့် သူမအနေနှင့် တတ်နိုင်သမျှ အင်အားကြီးမားလာဖို့ လိုအပ်၏။
နှစ်ယောက်လုံးက စာချုပ်ပေါ် နာမည်များ ရေးထိုးလိုက်ပြီးနောက် ထူးထူးဆန်းဆန်း မည်သူကမှ လှည့်ဖျားဖို့ မကြိုးစားကြပေ။
မိုရှင်းယွင်က သူမ သွေးအဆီအနှစ်ဖြင့် ဝါးမျိုခြင်း အဆောင်ကို လုပ်ပေးလိုက်စဉ် အရိပ်ကလည်း ဇူဇကာ ဝါးမျိုခြင်းကျမ်း ဒုတိယအပိုင်း တည်ရှိနေသည့် လျို့ဝှက်နယ်မြေအကြောင်း အသေးစိတ်အချက်အလက်ကို ပေးလိုက်သည်။ သူက အထဲတွင် သူမ ကြုံတွေ့ရမည့် စစ်ဆေးမှုတချို့ကိုပင် ပြောပြလိုက်သေးသည်။
အပေးအယူ ပြီးမြောက်သွားသည်နှင့် အရိပ်က ချက်ချင်းဆိုသလို နေရာပြောင်းရွေ့သွားကာ အစီအရင်လည်း ပျောက်ကွယ်သွားသည်။ တစ်ကမ္ဘာလုံးက မိုရှင်းယွင်ကို ပြန်မြင်လိုက်ရသည်။ သို့သော်လည်း သူမက ယခင်ထက် ဖျော့တော့နေဟန်ပေါ်၏။
အရိပ်အတွက်မူ သီးသန့်နေရာအတွင်း ပေါ်ထွက်လာသည်။ ထိုနေရာက ပျိုးထောင်ခံ ယှဉ်ပြိုင်သူများ နေထိုင်ရာ ဖြစ်ပေသည်။
သိပ်မကြာခင် ခေါင်းစွပ်အောက်မှ လူက အမှုန့်အဖြစ် ပြောင်းကာ အငွေ့ပျံသွားသည်။ သူ့အစား လေထဲ လွှင့်မျှောနေသည့် ပုံရိပ်တစ်ခု ဝင်ရောက်လာသည်။
ထိုပုံရိပ်က သီးခြားတည်နေရာတစ်ခုထဲ တိတ်တဆိတ် ဝင်ရောက်လာသည်။
အထဲတွင် အဖြူနှင့် အနက်ရောက်စပ်ထားသည့် တာအိုဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်လေး ရှိနေသည်။ ထိုတာအိုသူတော်စင်လေးက ထိုက်ယီနက်နဲမုခ်မှ ဖုန်းဟွမ် ဖြစ်၏။
ထိုပုံရိပ် အခန်းထဲ ဝင်လာသည်နှင့် ဖုန်းဟွမ်က တရားထိုင်နေရာမှ မျက်လုံးဖွင့်ကာ ပြောလိုက်သည် "ဆရာ ဘယ်တွေရောက်နေတာလဲ "
**********
ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၁၇)
မူရင္းေရးသားသူ - lazySageDao
ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)
အခန္း(၂၂၆) : စီမံကိန္းႏွစ္မ်ား
မိုရွင္းယြင္က တစ္ေယာက္ေယာက္ သူမအနား သတိမထားမိေစဘဲ ေရာက္လာသည့္ အခ်က္ေၾကာင့္ ထိတ္လန႔္သြားေလသည္။ မိစာၦက်င့္ႀကံေရး မိသားစုတြင္ ျပဳစုပ်ိဳးေထာင္ခံရသူတစ္ေယာက္အေနႏွင့္ သူမက ငယ္စဥ္ကတည္းက အၿမဲတမ္း ႏိုးႏိုးၾကားၾကားရွိဖို႔ သင္ယူခဲ့ရသည္။ မဟုတ္ပါက သူမက ဒီေလာက္ၾကာၾကာ အသက္ရွင္ႏိုင္မည္ မဟုတ္ေပ။
သူမက ေကာင္းကင္ဝါးမ်ိဳျခင္း ဧကရာဇ္၏ မ်ိဳးဆက္ အဆင့္အတန္းျဖင့္ပင္ မိသားစုက သူမကို ေကာင္းေကာင္း မဆက္ခံသလို ပိုပိုသာသာ ဆက္ဆံတာမ်ိဳးလည္း မရွိေခ်။ အခ်ဳပ္အားျဖင့္ သူတို႔က သူမကို ပို၍ပင္ ရက္ရက္စက္စက္ ေလ့က်င့္ေပးၾကသည္။
မိုရွင္းယြင္က ေဘးပတ္လည္ကို ၾကည့္လိုက္ၿပီးေနာက္ တစ္ေယာက္ေယာက္က သူမႏွင့္ ေဘးပတ္လည္ကို လႊမ္းၿခဳံထားသည့္ အစီအရင္တစ္ခု ခင္းက်င္ထားေၾကာင္း သတိျပဳမိလိုက္သည္။ သူမက ေခ်ာင္းေျမာင္းလုပ္ႀကံခံရၿပီဟု ထင္လိုက္မိေသာ္လည္း အစီအရင္ကို ခပ္ျမန္ျမန္ ဆန္းစစ္လိုက္ၿပီးေနာက္ ၿပိဳင္ပြဲကို ၾကည့္ေနသည့္ တျခားသူမ်ား ဒီေနရာကို မျမင္ေစရန္သာ ကာကြယ္ထားေၾကာင္း သိလိုက္ရသည္။
မိုရွင္းယြင္က သတိကို ေလ်ာ့ခ်ပစ္မည့္သူ မဟုတ္ေခ်။
မိုရွင္းယြင္က ေဘးပတ္လည္ကို တစ္ခ်က္စစ္ေဆးလိုက္ၿပီးေနာက္ သာမန္လူတစ္ေယာက္ သူမဆီ ေလွ်ာက္လာသည္ကို ျမင္လိုက္ရသည္။ သူမအေနႏွင့္ ထိုလူက မ်က္ႏွာေပၚ ဝတ္႐ုံေခါင္းစြပ္ျဖင့္ ဖုံးထားေသာ္လည္း အမ်ိဳးသားတစ္ေယာက္ ျဖစ္ေၾကာင္း ေျပာႏိုင္ေလသည္။ ထိုလူႏွင့္ ပတ္သက္ၿပီး တစ္ခုခုမွားယြင္းေနသည္ဟု ခံစားေနရေသာ္လည္း ဘယ္အရာမွန္း မေျပာႏိုင္ေပ။
"ရွင္က ဘယ္သူလဲ။ ရွင္ ဘာလိုခ်င္တာလဲ" မိုရွင္းယြင္က တည္ၿငိမ္စြာ ေမးလိုက္သည္။ သို႔ေသာ္လည္း သူမက အခ်ိန္မေ႐ြး တိုက္ခိုက္ႏိုင္ဖို႔ မူလမႏၲန္ကို တိတ္တဆိတ္ ျပင္ဆင္ထားသည္။
" မင္း ဘာမွလွည့္စားေနစရာ မလိုဘူး။ ငါ အားလုံးကို ေဖာက္ျမင္ေနရတယ္။ ဒီလူက မင္းနဲ႔ ဆက္သြယ္ဖို႔ သုံးတဲ့ အသားအိတ္အျပင္ မပိုဘူး။ အဲဒါေၾကာင့္ မင္း ဖ်က္ဆီးပစ္လိုက္ရင္လည္း ကိစၥမရွိဘူး"
သူမ၏ လွည့္ကြက္က ထိုးေဖာက္ျမင္ေနေရေသာ္လည္း မိုရွင္းယြင္က တုန္လႈပ္သြားျခင္း မရွိသလို အမူအရာလည္း ေျပာင္းသြာျခင္း မရွိေပ။
" အရွင္က ဒီလိုစြမ္းရည္ေတြ ရွိထားၿပီး ကြၽန္မကို မတိုက္မွေတာ့ ကြၽန္မဆီကေန တစ္ခုခုလိုခ်င္ေနတဲ့ အဓိပၸါယ္ပဲ။ အဲဒါေၾကာင့္ အခ်ိန္ျဖဳန္းမေနဘဲ တည့္တိုးသာ ေျပာလိုက္ပါ "
" ဉာဏ္ေကာင္းတဲ့သူေတြနဲ႔ ေျပာရတာ ေကာင္းလိုက္တာ။ မင္းဆီကေန တစ္ခုခု လိုခ်င္ေနတာ မွန္တယ္။ အတိအက်ေျပာရရင္ မင္းနဲ႔ အေပးအယူ လုပ္ခ်င္တယ္"
"အေပးအယူလား ... အေသးစိတ္ေျပာပါဦး"
"မင္းရဲ႕ ေသြးအဆီအႏွစ္ကို အသုံးျပဳၿပီး ငါ့အတြက္ ဝါးမ်ိဳျခင္း အေဆာင္တစ္႐ြက္ ဖန္တီးေပးေစခ်င္တယ္" အရိပ္က ေျပာလိုက္သည္။
မိုရွင္းယြင္က ထိုအရာကို ၾကားၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ေကာင္းကင္ဝါးမ်ိဳျခင္း ႐ုပ္ခႏၶာပိုင္ရွင္အေနႏွင့္ သူမက အေဆာင္တစ္႐ြက္ လုပ္ေပးႏိုင္ေသာ္လည္း သူမ၏ ေသြးအဆီအႏွစ္ကို အသုံးျပဳဖို႔ရာက် ...
" အရွင္ ... တမူထူး႐ုပ္ခႏၶာေတြရဲ႕ ေသြးအဆီအႏွစ္က ဘယ္ေလာက္ေတာင္ ထူးျခားလဲ သိမွာပါ။ အဲဒါကို အလြယ္တကူ ေပးဖို႔ မျဖစ္ႏိုင္ဘူး။ ၿပီးေတာ့ ဆိုးဆိုး႐ြား႐ြား က်ိန္စာေတြက သက္ေရာက္မႈရွိေစဖို႔ ေသြးအဆီအႏွစ္ လိုအပ္တတ္ၾကတယ္ေလ။ ရွင္က ကြၽန္မကို ဘယ္လိုမ်ား ေဖ်ာင္းဖ်မလဲ သိခ်င္မိသား"
အရိပ္က တိတ္ဆိတ္သြားေလသည္။ မိုရွင္းယြင္က သူ႔မ်က္ႏွာထားကို မျမင္ရေသာ္လည္း ေလွာင္ၿပဳံး ၿပဳံးလိုက္သည္ဟု ခံစားခ်က္ရလိုက္သည္။
" အဲဒီအေဆာင္အတြက္ အေပးအယူက ဇူဇကာ ဝါးမ်ိဳျခင္းက်မ္း ရွိတဲ့ တည္ေနရာအေၾကာင္းပဲ "
"အရွင္ ကြၽန္မကို အ႐ူးလို႔ ထင္ေနတာလား" မိုရွင္းယြင္က တည္တည္ၿငိမ္ၿငိမ္ ေျဖလိုက္သည္ " ကြၽန္မရဲ႕ ဘိုးေဘး ေကာင္းကင္ဝါးမ်ိဳျခင္း ဧကရာဇ္က ဧကရာဇ္က်မ္းကို မထားခဲ့ဘူးဆိုတာ လူတိုင္းသိတယ္။ ရွင္က အဲဒီတည္ေနရာကို ဘယ္လိုမ်ားသိေနတာတုန္း" မိုရွင္းယြင္က ႏွလုံးခုန္ျမန္ေနေသာ္လည္း ခပ္တည္တည္သာ ေျပာလိုက္သည္။
" မင္း ေျပာတာ တစိတ္တပိုင္းေတာ့ မွန္ပါတယ္" အရိပ္က ခပ္မာမာ ေျပာလိုက္သည္။
" ဇူဇကာဝါးမ်ိဳျခင္း က်မ္းရဲ႕ ဇစ္ျမစ္ကို သိလား "
"ဘိုးေဘးက ဖန္တီးခဲ့တာ မဟုတ္ဘူးလား"
"မဟုတ္ဘူး။ တကယ့္က်မ္းကို မိစာၦနတ္ဘုရားက မိစာၦေခတ္တုန္းက ဖန္တီးခဲ့ၿပီးေတာ့ အသေခ်ၤအင္ပါယာကမာၻမွာ သူ႔အေမြအႏွစ္ကို ထားခဲ့တာ။ မင္းရဲ႕ ဘိုးေဘးက ကံေကာင္းသြားၿပီးေတာ့ အဲဒီက်မ္းရဲ႕ ပုံပြားကို ရလာခဲ့တာ။ သူက တစ္ျခမ္းပဲ ရလာခဲ့တယ္။ ေနာက္ပိုင္း မင္းရဲ႕ ဘိုးေဘးက အေဆာင္ဘိုးေဘး ဖန္တီးထားတဲ့ ဘိုးေဘး အေဆာင္ ၁၂စာ႐ြက္ထဲက တစ္႐ြက္ရသြားၿပီးေတာ့ သူ႔နားလည္ႏိုင္စြမ္းနဲ႔ ေနာက္တစ္ဝက္ကို အၿပီးသတ္ခဲ့ၿပီး ေကာင္းကင္ဝါးမ်ိဳျခင္း ႐ုပ္ခႏၶာကို ဖန္တီးခဲ့တာပဲ ...
ေကာင္းကင္ဝါးမ်ိဳျခင္း ႐ုပ္ခႏၶာကို ေကာင္းကင္တာအိုက အသိအမွတ္မျပဳေပမဲ့ အားေကာင္းၿပီးေတာ့ ထိပ္တန္း ေကာင္းကင္႐ုပ္ခႏၶာသုံးခုနဲ႔ ယွဥ္ႏိုင္တယ္။ သူ ဖန္တီးလိုက္တဲ့ ဇူဇကာဝါးမ်ိဳျခင္း က်မ္းက နဂိုထက္ေတာင္ ပိုအားေကာင္းသြားတယ္ "
မိုရွင္းယြင္က သူမ အေတြးမ်ားကို ျမန္ျမန္ စဥ္းစားလိုက္ရင္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူမက ဘိုးေဘးသည္ ေရွးေဟာင္းဧကရာဇ္ခတ္ကာလတုန္းက အေဆာင္ဘိုးေဘး တာအိုကို သက္ေသျပၿပီးေနာက္ အသေခ်ၤအင္ပါယာကမာၻထဲ ထားရွိခဲ့သည့္ ဘိုးေဘးအေဆာင္ ၁၂ ခုထဲမွ ဝါးမ်ိဳျခင္း အေဆာင္ကို ငယ္စဥ္တုန္းက ရရွိဖူးေၾကာင္း ေကာလဟာလမ်ား ၾကားခဲ့ဖူးေလသည္။
သို႔ေသာ္လည္း သက္ေသျပစရာ မရွိေပ။ ထို႔အျပင္ ထိုအေၾကာင္းကို အမွန္တကယ္သိခဲ့ၾကသူမ်ားလည္း အသတ္ခံလိုက္ရေလာက္ၿပီ ျဖစ္၏။
မိုရွင္းယြင္က အေတြးမ်ားမွ ျပန္အသိဝင္လာကာ " အဲဆို ရွင္ အေပးအယူ လုပ္ခ်င္တာက ဘိုးေဘး ဖန္တီးထားတဲ့ က်မ္း မဟုတ္ဘူးေပါ့"
"အဲေတာ့ ဘာျဖစ္လဲ" အရိပ္က ေျပာလိုက္သည္ " မင္း အေျခအေနကို မင္း သိသင့္တယ္။ မင္းရဲ႕ ႐ုပ္ခႏၶာက အားေကာင္းေပမဲ့ မင္းက သင့္ေတာ္တဲ့ က်မ္းမရွိရင္ ေကာင္းေကာင္း အသုံးခ်တတ္မွာ မဟုတ္ဘူး။ မင္းရဲ႕ အစီအစဥ္က တျခားေကာင္းကင္႐ုပ္ခႏၶာေတြကို ဝါးမ်ိဳၿပီး တာအိုေက်ာက္ျပား သုံးေထာင္ကေန မင္းနဲ႔ သင့္ေတာ္တဲ့ က်မ္းကို ဖန္တီးၿပီး ကြာဟခ်က္ကို ခ်ဳံ႕ဖို႔ဆိုတာ ငါ သိတယ္။
ကံမေကာင္းတာက မင္းက မင္းရဲ႕ ဘိုးေဘးေလာက္ ပါရမီမရွိဘူး။ အဲဒီေက်ာက္ျပားေတြနဲ႔ေတာင္ မင္း ဖန္တီးမဲ့ က်မ္းက ယွဥ္ႏိုင္ပါ့မလားဆိုတာ အာမမခံႏိုင္ဘူး။
မင္း ဝါးမ်ိဳလိုက္တဲ့ ႐ုပ္ခႏၶာေတြကို သင့္ေတာ္တဲ့ နည္းလမ္း မရွိဘဲ မင္းအတြက္ သူတို႔စြမ္းအားေတြကို အစာေျခဖို႔သာ အခ်ိန္ၾကာသြားၿပီး ေနာက္ပိုင္း ျပစ္ခ်က္ေတြ ရွိလာလိမ့္မယ္။ သာမန္ေကာင္းကင္ေ႐ြးခ်ယ္ခံေရွ႕မွာ မင္းရဲ႕ စြမ္းရည္က လုံေလာက္တာထက္ ပိုတယ္။
ဒါေပမဲ့ ဝမ္ေဝ့တို႔၊ တိထ်န္းတို႔လို လူမ်ိဳးေရွ႕မွာ သူတို႔က မင္းရဲ႕ ျပစ္ခ်က္နည္းနည္းေလာက္ ေတြ႕တာနဲ႔ ခ်က္ခ်င္း အခြင့္ေကာင္းယူသြားၾကမဲ့သူေတြ ... အထူးသျဖင့္ မင္းရဲ႕ ႐ုပ္ခႏၶာက ဘယ္ေလာက္ေၾကာက္စရာေကာင္းလဲ သိထားၿပီးတဲ့ေနာက္မွာေပါ့ "
ထိုအရာကို ၾကားၿပီး မိုရွင္းယြင္က တည္တည္ၿငိမ္ၿငိမ္ ထိန္းဖို႔ အေကာင္းဆုံး ႀကိဳးစားလိုက္ေသာ္လည္း ခက္ခဲေနေသးသည္။ ထို႔ေၾကာင့္ သူမက စိတ္လႈပ္ရွားမႈမွ ေဒါသအျဖစ္ ေျပာင္းလဲသြားေစဖို႔ လွ်ာဖ်ားကို ကိုက္ခ်လိုက္သည္။
သူမက ထိုအရိပ္ ေျပာသည္က အမွန္ျဖစ္ေၾကာင္း သိေလသည္။ သူမက ဘိုးေဘးလိုမ်ိဳး ႐ုပ္ခႏၶာ ရွိထားေသာ္လည္း သူမ၏ ပါရမီက နိမ့္က်ေနသည္။ သူမက ဂုဏ္က်က္သေရ ထြန္းလင္းေျပာင္ေျမာက္ဖြယ္ အခ်ိန္ကာလတြင္ ေမြးဖြားလာခဲ့သည့္ အေရးသာခ်က္ တစ္ခုသာ ရွိသည္။ ထိုအရာက သူမအား ေကာင္းကင္႐ုပ္ခႏၶာမ်ားစြာကို ရရွိေစႏိုင္သည္။
သို႔ေသာ္လည္း ဒီအခ်ိန္ကာလတြင္ ေပၚထြက္လာၾကေသာ ပါရမီရွင္မ်ားက တကယ္ကို နတ္ဆိုးဆန္လွသည္။ အင္အားႏွင့္ ပါရမီတို႔က ေၾကာက္ခမန္းလိလိ ျဖစ္ၾက၏။
မိုရွင္းယြင္က စိတ္ၿငိမ္ေအာင္ ထားလိုက္ၿပီးေနာက္ ေျပာလိုက္သည္ " ရွင့္အေပးအယူကို လက္ခံတယ္။ ဒါေပမဲ့ ရွင္ ကြၽန္မအတြက္ တျခားေကာင္းကင္႐ုပ္ခႏၶာတခ်ိဳ႕ကို ဖမ္းေပးရမယ္ ... အထူးသျဖင့္ ထိပ္တန္းငါးေယာက္ထဲကလူေတြ "
"မရဘူး" အရိပ္က ျပန္ေျဖလိုက္သည္ " မင္း ငါ့အေပးအယူကို လက္ခံရင္ လက္ခံ မဟုတ္ရင္ ကိုယ့္လမ္းကို သြားၾကမယ္"
မိုရွင္းယြင္က ထိုအရာကို ၾကားၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ထိုအေပးအယူက ထိုလူအတြက္ အေရးပါလား၊ မပါလား မေျပာႏိုင္ ျဖစ္ေနသည္။
" အေျဖကို မေပးခင္ ေနာက္ဆုံးေမးစရာတစ္ခု ရွိတယ္။ တကယ္လို႔ ရွင္က ဇူဇကာ ဝါးမ်ိဳျခင္းက်မ္း ေနရာကို သိထားရင္ ဘာလို႔ ကိုယ့္ဘာသာအတြက္ သြားမယူရတာလဲ။ ရွင္က ဝါးမ်ိဳျခင္း အေဆာင္ လိုခ်င္ေနမွေတာ့ ရွင္လည္း တစ္ခုခုကို ဝါးမ်ိဳပစ္ဖို႔ စြမ္းအားလိုေနမွန္း အသိသာႀကီးပဲ။ အဲဒါေၾကာင့္ က်မ္းကို ကိုယ့္ဘာသာယူၿပီး ဘာလို႔ ရည္႐ြယ္ခ်က္ကို အေကာင္အထည္မေဖာ္လိုက္တာလဲ"
အရိပ္က စကၠန႔္ပိုင္းေလာက္ ရပ္တန႔္သြားကာ " တုံးအအ ေမးခြန္းေတြ မေမးနဲ႔။ တကယ္လို႔ ငါသာလုပ္ႏိုင္ရင္ မင္းနဲ႔ ညႇိႏႈိင္းေနမယ္ ထင္လား"
မိုရွင္းယြင္က တိတ္တဆိတ္ သက္ျပင္းခ်လိုက္သည္။ အေၾကာင္းမွာ သူမက ထိုညႇိႏႈိင္းခ်က္ကေန အေရးသာမႈတခ်ိဳ႕ကို ေတြ႕ရွိသြားေလၿပီ။ ထိုအေျဖမွ သူမက ထိုလူသည္ သူကိုယ္တိုင္ လုပ္ေဆာင္ဖို႔ရာ အတားအဆီး ေတြ႕ေနေၾကာင္း သိလိုက္၏။ ထို႔ေၾကာင့္ သူမကို လုပ္ခိုင္းျခင္း ျဖစ္၏။
သူမက ထိုအခ်က္ေၾကာင့္ သတိလက္လြတ္မျဖစ္သြားေပ။
"အဲဆိုေတာ့ ကြၽန္မတို႔ အေပးအယူ ေသခ်ာေအာင္ ဘယ္လိုလုပ္ၾကမွာလဲ။ တာအိုႏွလုံးသား က်မ္းက်ိန္ဆိုမွာလား"
အရိပ္က ထိုအရာကို ၾကားၿပီး တိတ္တဆိတ္ ႏွာေခါင္းရႈံ႕လိုက္သည္။ မိစာၦက်င့္ႀကံသူမ်ားက တာအိုႏွလုံးသားအေပၚ ဂ႐ုမစိုက္ေၾကာင္းသိထား၍ သူက ထိုသို႔ လွည့္ကြက္ေလးထဲ က်မည္ မဟုတ္ေပ။ သူက သူ႔ဘာသာလုပ္ထားသည့္ စာခ်ဳပ္ကို ထုတ္ကာ မိုရွင္းယြင္ဆီ ေပးလိုက္သည္။
သူမက လွည့္ကြက္ေလး က်ရႈံးသြား၍ စိတ္မပ်က္သြားေပ။ သူမက အစကတည္းက မ်ားမ်ားစားစား မေမွ်ာ္လင့္ထားမိေပ။ အထဲတြင္ လ်ိဳ႕ဝွက္အေျခအေန၊ ေတာင္းဆိုခ်က္မ်ား မရွိတာ ေသခ်ာေအာင္ စစ္ေဆးလိုက္ၿပီးေနာက္ လက္မွတ္ထိုးလိုက္သည္။
အကယ္၍ တျခားအခ်ိန္မွာသာ ျဖစ္ပါက မိုရွင္းယြင္က ႀကဳံရာက်ပန္း လူတစ္ေယာက္ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုမည္ မဟုတ္ေပ။ သူမက သူမဘာသာ အားကိုးလိမ့္မည္။ သို႔ေသာ္ ယခု သူမတြင္ ေ႐ြးစရာ မရွိေပ။
ေကာင္းကင္ဝါးမ်ိဳျခင္း ႐ုပ္ခႏၶာ၏ အေမြဆက္ခံသူအေနႏွင့္ သူမဘဝႀကီးက ဘိုးေဘး၏ အျပဳအမူမ်ားေၾကာင့္ အႏၲရာယ္တြင္းထဲ က်ေရာက္ေနေလသည္။ ထို႔ေၾကာင့္ သူမအေနႏွင့္ တတ္ႏိုင္သမွ် အင္အားႀကီးမားလာဖို႔ လိုအပ္၏။
ႏွစ္ေယာက္လုံးက စာခ်ဳပ္ေပၚ နာမည္မ်ား ေရးထိုးလိုက္ၿပီးေနာက္ ထူးထူးဆန္းဆန္း မည္သူကမွ လွည့္ဖ်ားဖို႔ မႀကိဳးစားၾကေပ။
မိုရွင္းယြင္က သူမ ေသြးအဆီအႏွစ္ျဖင့္ ဝါးမ်ိဳျခင္း အေဆာင္ကို လုပ္ေပးလိုက္စဥ္ အရိပ္ကလည္း ဇူဇကာ ဝါးမ်ိဳျခင္းက်မ္း ဒုတိယအပိုင္း တည္ရွိေနသည့္ လ်ိဳ႕ဝွက္နယ္ေျမအေၾကာင္း အေသးစိတ္အခ်က္အလက္ကို ေပးလိုက္သည္။ သူက အထဲတြင္ သူမ ႀကဳံေတြ႕ရမည့္ စစ္ေဆးမႈတခ်ိဳ႕ကိုပင္ ေျပာျပလိုက္ေသးသည္။
အေပးအယူ ၿပီးေျမာက္သြားသည္ႏွင့္ အရိပ္က ခ်က္ခ်င္းဆိုသလို ေနရာေျပာင္းေ႐ြ႕သြားကာ အစီအရင္လည္း ေပ်ာက္ကြယ္သြားသည္။ တစ္ကမာၻလုံးက မိုရွင္းယြင္ကို ျပန္ျမင္လိုက္ရသည္။ သို႔ေသာ္လည္း သူမက ယခင္ထက္ ေဖ်ာ့ေတာ့ေနဟန္ေပၚ၏။
အရိပ္အတြက္မူ သီးသန႔္ေနရာအတြင္း ေပၚထြက္လာသည္။ ထိုေနရာက ပ်ိဳးေထာင္ခံ ယွဥ္ၿပိဳင္သူမ်ား ေနထိုင္ရာ ျဖစ္ေပသည္။
သိပ္မၾကာခင္ ေခါင္းစြပ္ေအာက္မွ လူက အမႈန႔္အျဖစ္ ေျပာင္းကာ အေငြ႕ပ်ံသြားသည္။ သူ႔အစား ေလထဲ လႊင့္ေမွ်ာေနသည့္ ပုံရိပ္တစ္ခု ဝင္ေရာက္လာသည္။
ထိုပုံရိပ္က သီးျခားတည္ေနရာတစ္ခုထဲ တိတ္တဆိတ္ ဝင္ေရာက္လာသည္။
အထဲတြင္ အျဖဴႏွင့္ အနက္ေရာက္စပ္ထားသည့္ တာအိုဝတ္႐ုံ ဝတ္ဆင္ထားသည့္ လူငယ္ေလး ရွိေနသည္။ ထိုတာအိုသူေတာ္စင္ေလးက ထိုက္ယီနက္နဲမုခ္မွ ဖုန္းဟြမ္ ျဖစ္၏။
ထိုပုံရိပ္ အခန္းထဲ ဝင္လာသည္ႏွင့္ ဖုန္းဟြမ္က တရားထိုင္ေနရာမွ မ်က္လုံးဖြင့္ကာ ေျပာလိုက္သည္ "ဆရာ ဘယ္ေတြေရာက္ေနတာလဲ "