ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏...

By kilulayuu121

28K 3.1K 487

sequel of book 1 More

အခန်း(201)
အခန်း(202)
အခန်း(203)
အခန်း(204)
အခန်း(205)
အခန်း(206)
အခန်း(207)
အခန်း(208)
အခန်း(209.1)
အခန်း(209.2)
အခန်း(209)
အခန်း(210)
အခန်း(211)
အခန်း(212)
အခန်း(213)
အခန်း(214)
အခန်း(215)
အခန်း(216)
အခန်း(217)
အခန်း(218)
အခန်း(219)
အခန်း(219)
အခန်း(220)
အခန်း(221)
အခန်း(223)
အခန်း(224)
အခန်း(225)
အခန်း(226)
အခန်း(၂၂၇)
အခန်း(228)
အခန်း(229)
အခန်း(230)
အခန်း(231)
အခန်း(232)
အခန်း(233)
အခန်း(234)
အခန်း(235)
အခန်း(236)
အခန်း(237)
အခန်း(238)
အခန်း(239)
အခန်း(240)
အခန်း(241)
အခန်း(၂၄၂)
အခန်း(243)
အခန်း(244)
အခန်း(245)
အခန်း(246)
အခန်း(247)
အခန်း(248)
အခန်း(249)
အခန်း(250)
အခန်း(251)
အခန်း(252)
အခန်း(၂၅၃)
အခန်း(၂၅၄)
အခန်းူ(255)
အခန်း(256)
အခန်း(257)
အခန်း(258)
အခန်း(259)
အခန်း(260)
အခန်း(261)
အခန်း(262)
အခန်း(၂၆၃)
အခန်း(၂၆၄)
အခန်း(၂၆၅)
အခန်း(၂၆၆)
အခန်း(၂၆၇)
အခန်း(၂၆၈)
အခန်း(၂၆၉)
အခန်း(၂၇၀)
အခန်း(၂၇၁)
အခန်း(၂၇၂)
အခန်း(၂၇၃)
အခန်း(၂၇၄)
အခန်း(၂၇၅)
အခန်း(၂၇၆)
အခန်း(၂၇၇)
အခန်း(၂၇၈)
အခန်း(၂၇၉)
အခန်း(၂၈၀)
အခန်း(၂၈၁)
အခန်း(၂၈၂)
အခန်း(၂၈၃)
အခန်း(၂၈၄)
အခန်း(၂၈၅)
အခန်း(၂၈၆)
အခန်း(၂၈၇)
အခန်း(၂၈၈)
အခန်း(၂၈၉)
အခန်း(၂၉၀)
အခန်း(၂၉၁)
အခန်း(၂၉၂)
အခန်း(၂၉၃)
အခန်း(၂၉၄)
အခန်း(၂၉၅)
အခန်း(၂၉၆)
အခန်း(၂၉၇)
အခန်း(၂၉၈)
အခန်း(၂၉၉)
အခန်း(၃၀၀)
အခန်း(၃၀၁)
အခန်း(၃၀၂)
အခန်း(၃၀၃)
အခန်း(၃၀၄)
အခန်း(၃၀၅)
အခန်း(၃၀၆)
အခန်း(၃၀၇)
အခန်း(၃၀၈)
အခန်း(၃၀၉)
အခန်း(၃၁၀)
အခန်း(၃၁၁)
အခန်း(၃၁၂)
အခန်း(၃၁၃)
အခန်း(၃၁၄)
အခန်း(၃၁၅)
အခန်း(၃၁၆)
အခန်း(၃၁၇)
အခန်း(၃၁၈)
အခန်း(၃၁၉)
အခန်း(၃၂၀)
အခန်း(၃၂၁)
အခန်း(၃၂၂) Book 23 End
အခန်း(၃၂၃)
အခန်း(၃၂၄)
အခန်း(၃၂၅)
အခန်း(၃၂၆)
အခန်း(၃၂၇)
အခန်း(၃၂၈)
အခန်း(၃၂၉)
အခန်း(၃၃၀)
အခန်း(၃၃၁)
အခန်း(၃၃၂)
အခန်း(၃၃၃)
အခန်း(၃၃၄)
အခန်း(၃၃၅)
အခန်း(၃၃၆) End of book 24
အခန်း(၃၃၇)
အခန်း(၃၃၈)
အခန်း(၃၃၉)
အခန်း(၃၄၀)
အခန်း(၃၄၁)
အခန်း(၃၄၂)
အခန်း(၃၄၃)
အခန်း(၃၄၄)
အခန်း(၃၄၅)
အခန်း(၃၄၆)
အခန်း(၃၄၇)
အခန်း(၃၄၈)
အခန်း(၃၄၉)
အခန်း(၃၅၀)
အခန်း(၃၅၁)
အခန်း(၃၅၂)
အခန်း(၃၅၃)
အခန်း(၃၅၄)
အခန်း(၃၅၅)
အခန်း(၃၅၆)
အခန်း(၃၅၇)
အခန်း(၃၅၈)
အခန်း(၃၅၉)
အခန်း(၃၆၀)
အခန်း(၃၆၁)
အခန်း(၃၆၂)
အခန်း(၃၆၃)
အခန်း(၃၆၄)
အခန်း(၃၆၅)
အခန်း(၃၆၆)
အခန်း(၃၆၇)
အခန်း(၃၆၈)
အခန်း(၃၆၉)
အခန်း(၃၇၀)
အခန်း(၃၇၁)
အခန်း(၃၇၂)
အခန်း(၃၇၃)
အခန်း(၃၇၄)
အခန်း(၃၇၅)
အခန်း(၃၇၆)
အခန်း(၃၇၇)
အခန်း(၃၇၈) book 27 end
အခန်း(၃၇၉)
အခန်း(၃၈၀)
အခန်း(၃၈၁)
အခန်း(၃၈၂)
အခန်း(၃၈၃)
အခန်း(၃၈၄)
အခန်း(၃၈၅)
အခန်း(၃၈၆)
အခန်း(၃၈၇)
အခန်း(၃၈၈)
အခန်း(၃၈၉)
အခန်း(၃၉၀)
အခန်း(၃၉၁)
အခန်း(၃၉၂)
အခန်း(၃၉၃)
အခန်း(၃၉၄)
အခန်း(၃၉၅)
အခန်း(၃၉၆)
အခန်း(၃၉၇)

အခန်း(222)

176 21 0
By kilulayuu121


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၆)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၂၂) : ဧကရီဝူ

ထိုအကြောင်းအရာကို ကြားလိုက်ပြီးနောက် ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ သူက သူမ၏ ဆိုလိုရင်းကို အကြမ်းဖျင်း နားလည်လိုက်သော်လည်း မေးလိုက်သည် "ဘာကိုပြောချင်တာလဲ"

ထိုသို့ပြောပြီးနောက် ဝမ်ဝေ့က သူ့စွမ်းအားကို ပြန်လည်အားဖြည့်ဖို့အတွက် သူတော်စင်အဆင့် ရွှေငှက်ကြီး၏ လက်ကျန် အသားကင်ကို ထုတ်လိုက်သည်။ တစ်ရက်အတွင်း သူ့ထံ ကိစ္စများစွာ ဖြစ်ပွားသွားလေသည်။

သူက ဝူဟုန်အတွက်လည်း တစ်ပန်းကန် တည်ခင်းပေးလိုက်သည်။ သို့သော် သူမက ဆာလောင်နေဟန် မပေါ်ပေ။

"ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ချိုးဖောက်တာနဲ့ ပတ်သက်ပြီး ရှင် ဘာသိထားလဲ" ဝူဟုန်က အဖြေကို တန်းမဖြေဘဲ ပြန်မေးလိုက်သည်။

" အရှင်းဆုံးပြောရရင်တော့ ကျင့်ကြံသူတစ်ယောက်က ကံကြမ္မာကောင်း မီးတောက်ကို အသုံးပြုပြီး သူတို့ခန္ဓာကိုယ်ထဲ စည်းမျဉ်းစွမ်းအားကို ခံနိုင်ရည်ရှိစေဖို့အတွက် မွမ်းမံပေးရမယ်။ အဲဒါဆိုရင် သူတို့က အံ့ဖွယ်ခန္ဓာအဆင့် ရောက်ပြီ။ အဲဒီနောက် သူတို့က တူညီတဲ့ မီးတောက်ကို အသုံးပြုပြီး ဝိညာဉ်ကို ကမ္ဘာဦးစိတ်ဝိညာဉ်အဖြစ် မွမ်းမံသန့်စင်ပေးရမယ်။ စည်းမျဉ်းစွမ်းအားကို ခံနိုင်ရည် ရှိစေဖို့အတွက်ပေါ့ ... "

ထိုသို့ပြောလိုက်ပြီးနောက် ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ သူ့အနေနှင့် ပြန်အသိကပ်လာဖို့ အချိန်အနည်းငယ် ယူလိုက်ရသည်။

"အဲဆိုတော့ ရှင် သဘောပေါက်ပြီလား" ဝူဟုန်က မေးလိုက်သည်။

"ရှင့်ရဲ့ အားကောင်းလှတဲ့ စံပြဝိညာဉ်ကို ကံကြမ္မာကောင်း မီးတောက်နဲ့ ကမ္ဘာဦးစိတ်ဝိညာဉ်အဖြစ် မွမ်းမံသန့်စင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရှင် စံပြဝိညာဉ်အရည်အသွေးကို မစွန့်လွှတ်သရွေ့ပေါ့ "

ဝမ်ဝေ့က သူ့အတွက် စံပြဝိညာဉ်မှာ နာကျင်မှုကလွဲ၍ ဘာမှမဟုတ်ဘူးဆိုလျှင်ပင် ထိုသို့အရာမျိုး လုပ်မည် မဟုတ်ချေ။ သူသာ ဒုက္ခများကြားမှ ဖြတ်ကျော်နိုင်လျှင် ထိုအရာမှ နောင်အခါ အကျိုးမြတ်များစွာ ရရှိမည်မှန်း သိနေသည်။

ဝမ်ဝေ့က ခဏတာ တွေးလိုက်ပြီးနောက် လက်ဝေ့လိုက်သည့်အခါ သူ့ကံကြမ္မာကောင်း မီးတောက်က လက်ဝါးထဲ ပေါ်ထွက်လာသည်။

"ကိုယ့်ကံကြမ္မာကောင်းမီးတောက်က သာမန်နဲ့ မတူဘူး။ ဒီလောက်ဆိုရင်ရော မလုံလောက်ဘူးလား" သူက မေးလိုက်သည်။

အကောင်းဆုံး ကံကြမ္မာကောင်း မီးတောက်က ၁၂ ရောင်သာ ရှိသော်လည်း သူ့တွင် အပိုတစ်ရောင် ရှိနေ၍ သူ့သာလွန်မှုကို ညွှန်ပြနေလေသည်။

ဝူဟုန်က ၁၃ ရောင် မီးတောက်ကို ကြည့်လိုက်ပြီးနောက် ရေရွတ်လိုက်သည် " ၉ က အဆုံးအစွန်၊ ၁၂ က ပြီးပြည့်စုံမှု ... ၁၃ က အစွဲကင်းခြင်း ... "

ဝမ်ဝေ့က ထိုစကားကို ကြားဖူးသော်လည်း နောက်ဆုံးပိုင်းတော့ မပါပေ။ သူက အစွဲကင်းခြင်း ဆိုသော အဓိပ္ပါယ်ကို မေးလိုသော်လည်း ယခင်အမှားမှ သင်ယူကာ ပါးစပ်ပိတ်နေဖို့ ဆုံးဖြတ်လိုက်သည်။ သူက တစ်ရက်အတွင်း သင်ယူခဲ့ရသော အရာအားလုံးထံမှ စိတ်ပိုင်းဆိုင်ရာ ဖိအားအတော်အတန် များနေပြီ ဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် ထပ်မလိုသေးပေ။

ထို့အပြင် သူက ဝူဟုန်သည် ဒီတစ်ခါ ပြန်ဖြေမည် မဟုတ်ကြောင်း သိနေ၏။

"အဲဒါဆိုရင် ကိုယ့်ကံကြမ္မာကောင်း မီးတောက်က ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ကို တက်လှမ်းဖို့ ဖြစ်နိုင်မလား" ဝမ်ဝေ့က မေးလိုက်သည်။

"အဲဒါက ..." ဝူဟုန်က ငေးမောနေရာမှ ပြန်အသိကပ်လာသည် "အဲဒါက ရှင့်အခွင့်အရေးကိုပဲ တိုးသွားစေနိုင်မှာ။ အဲဒီလောက်ပဲ။ သူ့ဘာသာဆိုရင် ရှင့်အနေနဲ့ အဆင့်တက်ဖို့ မဖြစ်နိုင်သေးဘူး "

"အဲဆို ကိုယ် ဘာလုပ်ရမလဲ ..." ဝမ်ဝေ့က မေးလိုက်သည်။

" ကံမကောင်းစွာနဲ့ ကျွန်မလည်း မပြောတတ်ဘူး" ဝူဟုန်က ပြန်ဖြေလိုက်သည် "ပြီးတော့ ရှင်က ကျွန်မဆီကနေ အကူအညီ မလိုပါဘူး။ ကျွန်မတို့စကားပြောနေတုန်း ရှင် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတချို့ စဉ်းစားပြီးလောက်ပါပြီ"

သူမက ပြုံးရင်း ပြောလိုက်သည်။

ဝမ်ဝေ့က သဘောတူစွာ ခေါင်းညိတ်လိုက်၏။ သူ့တွင် အစီအစဉ်တချို့ ရှိထားသည်မှာ အမှန် ဖြစ်လေသည်။ သူတို့ အလုပ်ဖြစ်ပါ့မလား သေချာမသိသော်လည်း ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် မချိုးဖောက်ခင် သူ့အနေနှင့် နှစ်ထောင်ချီ မဟုတ်လျှင်ပင် နှစ်ရာချီ အချိန်ရသေး၏။

ထို့ကြောင့် သူ့တွင် ပိုကောင်းသည့် ဖြေရှင်းနည်း ရှိလာနိုင်ဖို့ရာ အချိန်များစွာ ရှိနေသေး၍ စိတ်မပူမိပေ။

သို့သော်လည်း သူက တစ်ခုခုနှင့် ပတ်သက်ပြီး စိတ်ပူလာမိသည်။ သူ ဝူဟုန်နှင့် တွေ့ဆုံပြီးနောက်ပိုင်း သူ့စိတ်ပိုင်းဆိုင်ရာက ပြောင်းလဲလာကြောင်း သိလာခဲ့သည်။ အချိန်တိုအတွင်း သူက သူမအပေါ် စတင် မှီခိုလွန်းလာသည်။

ဝမ်ဝေ့က ဝူဟုန်သည် သူ့ထက် များစွာ ပိုသိသော်လည်း သူ့အနေနှင့် သူမအပေါ် လုံးဝ လိုအပ်လာတာ မဟုတ်ပါက မမှီခိုမိစေရန် သူ့ဘာသာ ပြန်သတိပေးနေရသည်။

အကယ်၍ သူသာ ဒီလိုမျိုး ဖြစ်သွားခဲ့လျှင် သူ့အနေနှင့် ဧကရာဇ်လမ်းစဉ်ကို လျှောက်လှမ်းဖို့ မဖြစ်နိုင်တော့ပေ။ စစ်မှန်သည့် ဧကရာဇ်တစ်ပါးက မိုးမြေကို ပခုံးပေါ် ထမ်းထားနိုင်သည့် လူစားမျိုး ဖြစ်၏။

သူတို့က တခြားလူများဆီမှ အကူအညီ လက်ခံသော်လည်း တစ်ယောက်ယောက်အပေါ် အများကြီး မမှီခိုသင့်ပေ။

ထိုအရာများ သဘောပေါက်လာပြီးနောက် ဝမ်ဝေ့က သူ့စိတ်အခြေအနေသည် အနည်းငယ် နူးညံ့လာကြောင်း ခံစားမိလိုက်သည်။ ယခင်ရက်ပိုင်းအတွင်း သူ့ထံ ဖြစ်ပွားခဲ့သည့် ကိစ္စများစွာက သူ တွေးထားသလောက် ကြီးကြီးမားမား မဟုတ်တော့ကြောင်း သဘောပေါက်သွားသည်။

သူ လုပ်ဖို့ လိုအပ်သည်ကား အရာအားလုံးကို ကျော်လွှားဖို့ ဖြစ်၏။ မည်သည့်အခြေအနေတွင် ဖြစ်နေပါစေ သူ့အနေနှင့် တည်ငြိမ်နေဖို့ လိုအပ်ပြီး သူ့အတွက် သို့မဟုတ် သူ့အနာဂတ် လုပ်ဆောင်ချက်ကို အကျိုးရှိစေမည့် အစီအစဉ်ကို စဉ်းစားရမည်။

ဝမ်ဝေ့က သဘောပေါက်လာပြီးနောက် အသက်ပြင်းပြင်းရှုကာ တည်ငြိမ်အောင် ထိန်းလိုက်သည်။

ထိုစဉ် ဝူဟုန်က အသာပြုံးလိုက်၏။ သူမက ဝမ်ဝေ့သည် သူမအပေါ် စတင် မှီခိုလာကြောင်း သတိပြုမိလေသည်။ သူမက ဘာမှမပြောသည့် အကြောင်းအရင်းမှာ သူ့ဘာသာ သတိပြုမိသွားပြီး သူကိုယ်တိုင် ဖြေရှင်းမည်ကို သိနေ၍ ဖြစ်သည်။

ဧကရာဇ်ငယ်လို တာအိုနှလုံးသား အားကောင်းသည့် လူများက သူတို့စိတ်ခံစားချက်များသာမက သူတို့စိတ်အခြေအနေနှင့်လည်း သဟဇာတ ဖြစ်နေတတ်ကြသည်။ သူတို့ထံ တစ်ခုခုလွဲမှားသွားပါက အလွယ်တကူ သတိထားမိကြပြီး ပြဿနာ သို့မဟုတ် အပြောင်းအလဲအတွက် စစ်ဆေးကာ သူတို့ဘာသာ ဖြေရှင်းကြသည်။

ဝမ်ဝေ့က စိတ်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ခေါင်းစဉ်ပြောင်းကာ တခြားအကြောင်း ပြောဖို့ ဆုံးဖြတ်လိုက်သည်။

"ဧကရီဝူအကြောင်း ပြောပြပေးလို့ ရမလား။ အဲဒါကတော့ လျို့ဝှက်ချက်ကြီး မဟုတ်ဘူးမလား" ဝမ်ဝေ့က မေးလိုက်သည်။

"မဟုတ်ပါဘူး ... ရှင် ဘာကိုသိချင်တာလဲ" ဝူဟုန်က မေးလိုက်သည်။

" သူမ အမြင့်ဆုံးအခြေအနေမှာ ရှိနေတုန်း ဘာလို့ ရုတ်တရက် ပျောက်ကွယ်သွားရတာလဲ"

ဝူဟုန်က ခေါင်းညိတ်ကာ သူမအတွေးများကို ပြန်လည်စုစည်းလိုက်သည်။

" အဲဆို မိစ္ဆာခေတ်ကာလအကြောင်း ရှင် သိထားတာ အရင်ပြောပြလိုက်ပါ့လား" သူမက မေးလိုက်သည်။

"ကောင်းပြီလေ ... အကြွင်းမဲ့ စတင်ခြင်း ဧကရာဇ်က ယုံကြည်မှုခေတ်ကာလကို အဆုံးသတ်ခဲ့ပြီးတော့ ကမ္ဘာကြီးက ငြိမ်းချမ်းစည်ပင်လာခဲ့တယ်။ အနည်းဆုံးတော့ တာအိုဘာသာနဲ့ ထိုက်ယီနက်နဲမုခ်အတွက်ပေါ့ ...

အဲဒီနောက် အသင်္ချေအင်ပါယာကမ္ဘာရဲ့ ကျင့်ကြံသူအားလုံးက အဆုံးမဲ့ လေဟာနယ်ရဲ့ ကြောက်စရာကောင်းမှုကို သင်ယူခဲ့ကြရတယ်။ မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာ အမည်ရှိတဲ့ နောက်ထပ် အားကောင်းတဲ့ ကောင်းကင်အလိုဆန္ဒကမ္ဘာက ရုတ်တရက် ဒီကမ္ဘာကို ကျူးကျော်လာခဲ့တယ်။ အဲဒီမိစ္ဆာတွေက သွေးဆာရက်စက်ပြီးတော့ နေရာတိုင်းမှာ သတ်ဖြတ်တယ်၊ မုဒိမ်းမှုတွေကျူးလွန်တယ်၊ အကုန်ဖျက်ဆီးပစ်ကြတယ်။ ကလေးဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်၊ လူသားဖြစ်ဖြစ် ဒါမှမဟုတ် နတ်ဆိုးမျိုးနွယ်ဖြစ်ဖြစ် သူတို့မြင်သမျှ အကုန်သတ်ပစ်ကြတယ်။

သူတို့က အသင်္ချေအင်ပါယာကမ္ဘာထဲမှာရှိတဲ့ မျိုးနွယ်အားလုံးကို ကျွန်ပြုပြီးတော့ အစားအစာအဖြစ် ဆက်ဆံခဲ့ကြတယ်။ တကယ်တော့ သူတို့ ကျင့်ကြံရေး နည်းစနစ်တစ်ခုလုံးက ပိုမြင့်မားတဲ့ အဆင့်ကို ရောက်ဖို့ ဝဋ်ကြွေးတွေ၊ အပြစ်ကြွေးတွေအပေါ် အခြေခံထားတာ ...

အဲဒါကြောင့် သူတို့က ဆိုးဆိုးရွားရွားတွေ လုပ်လေလေ ပိုအားကောင်းလေလေ ဖြစ်ပြီးတော့ အဲဒီလူတွေက စိတ်ကူးမကြည့်နိုင်လောက်တဲ့ ပြစ်မှုအမျိုးမျိုးကို ကျူးကျော်ခဲ့ကြတယ်။

အဆိုးရွားဆုံးက ဒီကမ္ဘာမှာ တကယ်တော့ မိစ္ဆာနတ်ဘုရားလို့ ခေါ်တဲ့ မဟာဧကရာဇ်ကိုးယောက်ရှိနေခဲ့တာပဲ။ လူသားတည်တံရေး အစီအရင်က အဲဒီနတ်ဘုရားတွေ ဝင်ရောက်မလာနိုင်အောင် တားဆီးပေးထားပေမဲ့ ဘာမှအများကြီး မပြောင်းလဲသွားဘူး။

အသင်္ချေအင်ပါယာကမ္ဘာရဲ့ ကျင့်ကြံသူတွေက ဒီကမ္ဘာထဲ ကျူးကျော်လာတဲ့ တခြားမိစ္ဆာမျိုးနွယ်အတွက် ပြိုင်ဘက် မဟုတ်ဘူး။ အဲဒါအပြင် အဲဒီမိစ္ဆာတွေက အမှတ်အသားပြား မရှိဘဲ ကောင်းကင်အလိုဆန္ဒကို ဝင်ပြိုင်နိုင်လို့ ရတဲ့ နည်းလမ်းမျိုး ရှိထားပုံပဲ ...

အဲဒါကြောင့် ခေတ်ကာလတစ်ခုလုံး ဒီကမ္ဘာမှာ ထွက်ပေါ်လာခဲ့တဲ့ မဟာဧကရာဇ်အများစုက မိစ္ဆာမျိုးနွယ်ကချည်းပဲ။ အခြေအနေက ယုံကြည်မှုခေတ်ကာလတုန်းကလို ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အတူတူ ဖြစ်လာတယ်။ အနည်းဆုံးတော့ လက်ရှိမှာ ဗုဒ္ဓဘာသာအကြောင်း ဘာအချက်အလက်မှ သိပ်မရှိတော့ပေမဲ့လည်း ...

ဒါပေမဲ့ မဟာဧကရာဇ်အားလုံးက မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာကချည်းတော့ မဟုတ်ဘူး။ ဒီကမ္ဘာရဲ့ တချို့ပါရမီရှင်တွေက အကုန်လုံးကို သွေဖယ်ပြီး တာအိုကို သက်သေပြနိုင်ခဲ့ကြတယ်။ ကံဆိုးတာက သူတို့ကို မိစ္ဆားနတ်ဘုရားကိုးယောက်က ဝိုင်းပြီး သတ်တာမျိုး ဒါမှမဟုတ် စည်းပိတ်လိုက်တာမျိုး ဒါမှမဟုတ် နှင်ထုတ်လိုက်တာမျိုး ကြုံတွေ့ခဲ့ကြရတယ်။

အဲဒီနောက် ဓားရေးစံအိမ်က မဟာဧကရာဇ်က မိစ္ဆာနတ်ဘုရား ကိုးယောက်ထဲက နှစ်‌ယောက်ကို သတ်နိုင်ခဲ့တယ်။ အဲဒီအခါ သူက တခြားသူတွေနဲ့ ယာယီငြိမ်းချမ်းရေး ရယူဖို့ ညှိနှိုင်းနိုင်ခဲ့တယ် ...

ဒါပေမဲ့ အဲဒီအခါမှ မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာရဲ့ ကောင်းကင်အလိုဆန္ဒဆိုတာ တကယ်တော့ ရာထူးတစ်ခုပဲဆိုတာ သိလာခဲ့ကြတယ်။ မိစ္ဆာမျိုးနွယ်တစ်ခုက ကောင်းကင်အလိုဆန္ဒကို ရပြီးတာနဲ့ မိစ္ဆာနတ်ဘုရား ဖြစ်လာပြီးတော့ ကမ္ဘာကြီးကို အချိန်တစ်ခုအထိ အလုပ်အကျွေးပြုရတယ်။ အဲဒီအလုပ်အကျွေးပြုတာတွေ ပြီးဆုံးသွားတဲ့အခါမှ သူတို့က ကောင်းကင်အလိုဆန္ဒနဲ့ ထွက်သွားပြီးတော့ စစ်မှန်တဲ့ မဟာဧကရာဇ် ဖြစ်လာကြတယ်။

အဲဒီမိစ္ဆာနတ်ဘုရားတွေက သူတို့ရဲ့ စီရင်ချက်အချိန်ကာလကို လျော့ချစေဖို့ တခြားကမ္ဘာတွေဆီ ကျူးကျော်ပြီး တစ်ကမ္ဘာလုံး ဒါမှမဟုတ် အဲဒီကမ္ဘာရဲ့ ကောင်းကင်အလိုဆန္ဒကို သူတို့ကမ္ဘာဆီ ပြန်ဆက်သဖို့ နည်းလမ်းရှာတွေ့သွားကြတယ်။ အဲလိုဆိုရင် သူတို့က လွတ်လပ်သွားလိမ့်မယ်။

မိစ္ဆာခေတ်ကာလက ဧကရီဝူ ထွက်ပေါ်လာတဲ့အထိ ကြာသွားတယ်။ အဲဒီနောက်တော့ အဆုံးသတ်သွားတယ်။ အဲဒါက အဲဒီခေတ်ကာလရဲ့ ယေဘုယျအကျဉ်းချုပ်ပဲ "

************

ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၁၆)

မူရင္းေရးသားသူ - lazySageDao

ဘာသာျပန္သူ  - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)

အခန္း(၂၂၂)  : ဧကရီဝူ

ထိုအေၾကာင္းအရာကို ၾကားလိုက္ၿပီးေနာက္ ဝမ္ေဝ့က မ်က္ေမွာင္ၾကဳတ္ကာ စဥ္းစားလိုက္သည္။ သူက သူမ၏ ဆိုလိုရင္းကို အၾကမ္းဖ်င္း နားလည္လိုက္ေသာ္လည္း ေမးလိုက္သည္ "ဘာကိုေျပာခ်င္တာလဲ"

ထိုသို႔ေျပာၿပီးေနာက္ ဝမ္ေဝ့က သူ႔စြမ္းအားကို ျပန္လည္အားျဖည့္ဖို႔အတြက္ သူေတာ္စင္အဆင့္ ေ႐ႊငွက္ႀကီး၏ လက္က်န္ အသားကင္ကို ထုတ္လိုက္သည္။ တစ္ရက္အတြင္း သူ႔ထံ ကိစၥမ်ားစြာ ျဖစ္ပြားသြားေလသည္။

သူက ဝူဟုန္အတြက္လည္း တစ္ပန္းကန္ တည္ခင္းေပးလိုက္သည္။ သို႔ေသာ္ သူမက ဆာေလာင္ေနဟန္ မေပၚေပ။

"ကမာၻဦးစိတ္ဝိညာဥ္အဆင့္ ခ်ိဳးေဖာက္တာနဲ႔ ပတ္သက္ၿပီး ရွင္ ဘာသိထားလဲ" ဝူဟုန္က အေျဖကို တန္းမေျဖဘဲ ျပန္ေမးလိုက္သည္။

" အရွင္းဆုံးေျပာရရင္ေတာ့ က်င့္ႀကံသူတစ္ေယာက္က ကံၾကမၼာေကာင္း မီးေတာက္ကို အသုံးျပဳၿပီး သူတို႔ခႏၶာကိုယ္ထဲ စည္းမ်ဥ္းစြမ္းအားကို ခံႏိုင္ရည္ရွိေစဖို႔အတြက္ မြမ္းမံေပးရမယ္။ အဲဒါဆိုရင္ သူတို႔က အံ့ဖြယ္ခႏၶာအဆင့္ ေရာက္ၿပီ။ အဲဒီေနာက္ သူတို႔က တူညီတဲ့ မီးေတာက္ကို အသုံးျပဳၿပီး ဝိညာဥ္ကို ကမာၻဦးစိတ္ဝိညာဥ္အျဖစ္ မြမ္းမံသန႔္စင္ေပးရမယ္။ စည္းမ်ဥ္းစြမ္းအားကို ခံႏိုင္ရည္ ရွိေစဖို႔အတြက္ေပါ့ ... "

ထိုသို႔ေျပာလိုက္ၿပီးေနာက္ ဝမ္ေဝ့က မ်က္ေမွာင္ၾကဳတ္ကာ စဥ္းစားလိုက္သည္။ သူ႔အေနႏွင့္ ျပန္အသိကပ္လာဖို႔ အခ်ိန္အနည္းငယ္ ယူလိုက္ရသည္။

"အဲဆိုေတာ့ ရွင္ သေဘာေပါက္ၿပီလား" ဝူဟုန္က ေမးလိုက္သည္။

"ရွင့္ရဲ႕ အားေကာင္းလွတဲ့ စံျပဝိညာဥ္ကို ကံၾကမၼာေကာင္း မီးေတာက္နဲ႔ ကမာၻဦးစိတ္ဝိညာဥ္အျဖစ္ မြမ္းမံသန႔္စင္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။ ရွင္ စံျပဝိညာဥ္အရည္အေသြးကို မစြန႔္လႊတ္သေ႐ြ႕ေပါ့ "

ဝမ္ေဝ့က သူ႔အတြက္ စံျပဝိညာဥ္မွာ နာက်င္မႈကလြဲ၍ ဘာမွမဟုတ္ဘူးဆိုလွ်င္ပင္ ထိုသို႔အရာမ်ိဳး လုပ္မည္ မဟုတ္ေခ်။ သူသာ ဒုကၡမ်ားၾကားမွ ျဖတ္ေက်ာ္ႏိုင္လွ်င္ ထိုအရာမွ ေနာင္အခါ အက်ိဳးျမတ္မ်ားစြာ ရရွိမည္မွန္း သိေနသည္။

ဝမ္ေဝ့က ခဏတာ ေတြးလိုက္ၿပီးေနာက္ လက္ေဝ့လိုက္သည့္အခါ သူ႔ကံၾကမၼာေကာင္း မီးေတာက္က လက္ဝါးထဲ ေပၚထြက္လာသည္။

"ကိုယ့္ကံၾကမၼာေကာင္းမီးေတာက္က သာမန္နဲ႔ မတူဘူး။ ဒီေလာက္ဆိုရင္ေရာ မလုံေလာက္ဘူးလား" သူက ေမးလိုက္သည္။

အေကာင္းဆုံး ကံၾကမၼာေကာင္း မီးေတာက္က ၁၂ ေရာင္သာ ရွိေသာ္လည္း သူ႔တြင္ အပိုတစ္ေရာင္ ရွိေန၍ သူ႔သာလြန္မႈကို ၫႊန္ျပေနေလသည္။

ဝူဟုန္က ၁၃ ေရာင္ မီးေတာက္ကို ၾကည့္လိုက္ၿပီးေနာက္ ေရ႐ြတ္လိုက္သည္ " ၉ က အဆုံးအစြန္၊ ၁၂ က ၿပီးျပည့္စုံမႈ ... ၁၃ က အစြဲကင္းျခင္း ... "

ဝမ္ေဝ့က ထိုစကားကို ၾကားဖူးေသာ္လည္း ေနာက္ဆုံးပိုင္းေတာ့ မပါေပ။ သူက အစြဲကင္းျခင္း ဆိုေသာ အဓိပၸါယ္ကို ေမးလိုေသာ္လည္း ယခင္အမွားမွ သင္ယူကာ ပါးစပ္ပိတ္ေနဖို႔ ဆုံးျဖတ္လိုက္သည္။ သူက တစ္ရက္အတြင္း သင္ယူခဲ့ရေသာ အရာအားလုံးထံမွ စိတ္ပိုင္းဆိုင္ရာ ဖိအားအေတာ္အတန္ မ်ားေနၿပီ ျဖစ္၏။ ထို႔ေၾကာင့္ သူ႔အေနႏွင့္ ထပ္မလိုေသးေပ။

ထို႔အျပင္ သူက ဝူဟုန္သည္ ဒီတစ္ခါ ျပန္ေျဖမည္ မဟုတ္ေၾကာင္း သိေန၏။

"အဲဒါဆိုရင္ ကိုယ့္ကံၾကမၼာေကာင္း မီးေတာက္က ကမာၻဦးစိတ္ဝိညာဥ္အဆင့္ကို တက္လွမ္းဖို႔ ျဖစ္ႏိုင္မလား" ဝမ္ေဝ့က ေမးလိုက္သည္။

"အဲဒါက ..." ဝူဟုန္က ေငးေမာေနရာမွ ျပန္အသိကပ္လာသည္ "အဲဒါက ရွင့္အခြင့္အေရးကိုပဲ တိုးသြားေစႏိုင္မွာ။ အဲဒီေလာက္ပဲ။ သူ႔ဘာသာဆိုရင္ ရွင့္အေနနဲ႔ အဆင့္တက္ဖို႔ မျဖစ္ႏိုင္ေသးဘူး "

"အဲဆို ကိုယ္ ဘာလုပ္ရမလဲ ..." ဝမ္ေဝ့က ေမးလိုက္သည္။

" ကံမေကာင္းစြာနဲ႔ ကြၽန္မလည္း မေျပာတတ္ဘူး" ဝူဟုန္က ျပန္ေျဖလိုက္သည္ "ၿပီးေတာ့ ရွင္က ကြၽန္မဆီကေန အကူအညီ မလိုပါဘူး။ ကြၽန္မတို႔စကားေျပာေနတုန္း ရွင္ ဒီျပႆနာကို ေျဖရွင္းဖို႔ နည္းလမ္းတခ်ိဳ႕ စဥ္းစားၿပီးေလာက္ပါၿပီ"

သူမက ၿပဳံးရင္း ေျပာလိုက္သည္။

ဝမ္ေဝ့က သေဘာတူစြာ ေခါင္းညိတ္လိုက္၏။ သူ႔တြင္ အစီအစဥ္တခ်ိဳ႕ ရွိထားသည္မွာ အမွန္ ျဖစ္ေလသည္။ သူတို႔ အလုပ္ျဖစ္ပါ့မလား ေသခ်ာမသိေသာ္လည္း ကမာၻဦးစိတ္ဝိညာဥ္အဆင့္ မခ်ိဳးေဖာက္ခင္ သူ႔အေနႏွင့္ ႏွစ္ေထာင္ခ်ီ မဟုတ္လွ်င္ပင္ ႏွစ္ရာခ်ီ အခ်ိန္ရေသး၏။

ထို႔ေၾကာင့္ သူ႔တြင္ ပိုေကာင္းသည့္ ေျဖရွင္းနည္း ရွိလာႏိုင္ဖို႔ရာ အခ်ိန္မ်ားစြာ ရွိေနေသး၍ စိတ္မပူမိေပ။

သို႔ေသာ္လည္း သူက တစ္ခုခုႏွင့္ ပတ္သက္ၿပီး စိတ္ပူလာမိသည္။ သူ ဝူဟုန္ႏွင့္ ေတြ႕ဆုံၿပီးေနာက္ပိုင္း သူ႔စိတ္ပိုင္းဆိုင္ရာက ေျပာင္းလဲလာေၾကာင္း သိလာခဲ့သည္။ အခ်ိန္တိုအတြင္း သူက သူမအေပၚ စတင္ မွီခိုလြန္းလာသည္။

ဝမ္ေဝ့က ဝူဟုန္သည္ သူ႔ထက္ မ်ားစြာ ပိုသိေသာ္လည္း သူ႔အေနႏွင့္ သူမအေပၚ လုံးဝ လိုအပ္လာတာ မဟုတ္ပါက မမွီခိုမိေစရန္ သူ႔ဘာသာ ျပန္သတိေပးေနရသည္။

အကယ္၍ သူသာ ဒီလိုမ်ိဳး ျဖစ္သြားခဲ့လွ်င္ သူ႔အေနႏွင့္ ဧကရာဇ္လမ္းစဥ္ကို ေလွ်ာက္လွမ္းဖို႔ မျဖစ္ႏိုင္ေတာ့ေပ။ စစ္မွန္သည့္ ဧကရာဇ္တစ္ပါးက မိုးေျမကို ပခုံးေပၚ ထမ္းထားႏိုင္သည့္ လူစားမ်ိဳး ျဖစ္၏။

သူတို႔က တျခားလူမ်ားဆီမွ အကူအညီ လက္ခံေသာ္လည္း တစ္ေယာက္ေယာက္အေပၚ အမ်ားႀကီး မမွီခိုသင့္ေပ။

ထိုအရာမ်ား သေဘာေပါက္လာၿပီးေနာက္ ဝမ္ေဝ့က သူ႔စိတ္အေျခအေနသည္ အနည္းငယ္ ႏူးညံ့လာေၾကာင္း ခံစားမိလိုက္သည္။ ယခင္ရက္ပိုင္းအတြင္း သူ႔ထံ ျဖစ္ပြားခဲ့သည့္ ကိစၥမ်ားစြာက သူ ေတြးထားသေလာက္ ႀကီးႀကီးမားမား မဟုတ္ေတာ့ေၾကာင္း သေဘာေပါက္သြားသည္။

သူ လုပ္ဖို႔ လိုအပ္သည္ကား အရာအားလုံးကို ေက်ာ္လႊားဖို႔ ျဖစ္၏။ မည္သည့္အေျခအေနတြင္ ျဖစ္ေနပါေစ သူ႔အေနႏွင့္ တည္ၿငိမ္ေနဖို႔ လိုအပ္ၿပီး သူ႔အတြက္ သို႔မဟုတ္ သူ႔အနာဂတ္ လုပ္ေဆာင္ခ်က္ကို အက်ိဳးရွိေစမည့္ အစီအစဥ္ကို စဥ္းစားရမည္။

ဝမ္ေဝ့က သေဘာေပါက္လာၿပီးေနာက္ အသက္ျပင္းျပင္းရႈကာ တည္ၿငိမ္ေအာင္ ထိန္းလိုက္သည္။

ထိုစဥ္ ဝူဟုန္က အသာၿပဳံးလိုက္၏။ သူမက ဝမ္ေဝ့သည္ သူမအေပၚ စတင္ မွီခိုလာေၾကာင္း သတိျပဳမိေလသည္။ သူမက ဘာမွမေျပာသည့္ အေၾကာင္းအရင္းမွာ သူ႔ဘာသာ သတိျပဳမိသြားၿပီး သူကိုယ္တိုင္ ေျဖရွင္းမည္ကို သိေန၍ ျဖစ္သည္။

ဧကရာဇ္ငယ္လို တာအိုႏွလုံးသား အားေကာင္းသည့္ လူမ်ားက သူတို႔စိတ္ခံစားခ်က္မ်ားသာမက သူတို႔စိတ္အေျခအေနႏွင့္လည္း သဟဇာတ ျဖစ္ေနတတ္ၾကသည္။ သူတို႔ထံ တစ္ခုခုလြဲမွားသြားပါက အလြယ္တကူ သတိထားမိၾကၿပီး ျပႆနာ သို႔မဟုတ္ အေျပာင္းအလဲအတြက္ စစ္ေဆးကာ သူတို႔ဘာသာ ေျဖရွင္းၾကသည္။

ဝမ္ေဝ့က စိတ္ၿငိမ္ေအာင္ ထိန္းလိုက္ၿပီးေနာက္ ေခါင္းစဥ္ေျပာင္းကာ တျခားအေၾကာင္း ေျပာဖို႔ ဆုံးျဖတ္လိုက္သည္။

"ဧကရီဝူအေၾကာင္း ေျပာျပေပးလို႔ ရမလား။ အဲဒါကေတာ့ လ်ိဳ႕ဝွက္ခ်က္ႀကီး မဟုတ္ဘူးမလား" ဝမ္ေဝ့က ေမးလိုက္သည္။

"မဟုတ္ပါဘူး ... ရွင္ ဘာကိုသိခ်င္တာလဲ" ဝူဟုန္က ေမးလိုက္သည္။

" သူမ အျမင့္ဆုံးအေျခအေနမွာ ရွိေနတုန္း ဘာလို႔ ႐ုတ္တရက္ ေပ်ာက္ကြယ္သြားရတာလဲ"

ဝူဟုန္က ေခါင္းညိတ္ကာ သူမအေတြးမ်ားကို ျပန္လည္စုစည္းလိုက္သည္။

" အဲဆို မိစာၦေခတ္ကာလအေၾကာင္း ရွင္ သိထားတာ အရင္ေျပာျပလိုက္ပါ့လား" သူမက ေမးလိုက္သည္။

"ေကာင္းၿပီေလ ... အႂကြင္းမဲ့ စတင္ျခင္း ဧကရာဇ္က ယုံၾကည္မႈေခတ္ကာလကို အဆုံးသတ္ခဲ့ၿပီးေတာ့ ကမာၻႀကီးက ၿငိမ္းခ်မ္းစည္ပင္လာခဲ့တယ္။ အနည္းဆုံးေတာ့ တာအိုဘာသာနဲ႔ ထိုက္ယီနက္နဲမုခ္အတြက္ေပါ့ ...

အဲဒီေနာက္ အသေခ်ၤအင္ပါယာကမာၻရဲ႕ က်င့္ႀကံသူအားလုံးက အဆုံးမဲ့ ေလဟာနယ္ရဲ႕ ေၾကာက္စရာေကာင္းမႈကို သင္ယူခဲ့ၾကရတယ္။ မိစာၦနတ္ဘုရားကိုးပါးကမာၻ အမည္ရွိတဲ့ ေနာက္ထပ္ အားေကာင္းတဲ့ ေကာင္းကင္အလိုဆႏၵကမာၻက ႐ုတ္တရက္ ဒီကမာၻကို က်ဴးေက်ာ္လာခဲ့တယ္။ အဲဒီမိစာၦေတြက ေသြးဆာရက္စက္ၿပီးေတာ့ ေနရာတိုင္းမွာ သတ္ျဖတ္တယ္၊ မုဒိမ္းမႈေတြက်ဴးလြန္တယ္၊ အကုန္ဖ်က္ဆီးပစ္ၾကတယ္။ ကေလးျဖစ္ျဖစ္၊ အမ်ိဳးသမီးျဖစ္ျဖစ္၊ အမ်ိဳးသားျဖစ္ျဖစ္၊ လူသားျဖစ္ျဖစ္ ဒါမွမဟုတ္ နတ္ဆိုးမ်ိဳးႏြယ္ျဖစ္ျဖစ္ သူတို႔ျမင္သမွ် အကုန္သတ္ပစ္ၾကတယ္။

သူတို႔က အသေခ်ၤအင္ပါယာကမာၻထဲမွာရွိတဲ့ မ်ိဳးႏြယ္အားလုံးကို ကြၽန္ျပဳၿပီးေတာ့ အစားအစာအျဖစ္ ဆက္ဆံခဲ့ၾကတယ္။ တကယ္ေတာ့ သူတို႔  က်င့္ႀကံေရး နည္းစနစ္တစ္ခုလုံးက ပိုျမင့္မားတဲ့ အဆင့္ကို ေရာက္ဖို႔ ဝဋ္ေႂကြးေတြ၊ အျပစ္ေႂကြးေတြအေပၚ အေျခခံထားတာ ...

အဲဒါေၾကာင့္ သူတို႔က ဆိုးဆိုး႐ြား႐ြားေတြ လုပ္ေလေလ ပိုအားေကာင္းေလေလ ျဖစ္ၿပီးေတာ့ အဲဒီလူေတြက စိတ္ကူးမၾကည့္ႏိုင္ေလာက္တဲ့ ျပစ္မႈအမ်ိဳးမ်ိဳးကို က်ဴးေက်ာ္ခဲ့ၾကတယ္။

အဆိုး႐ြားဆုံးက ဒီကမာၻမွာ တကယ္ေတာ့ မိစာၦနတ္ဘုရားလို႔ ေခၚတဲ့ မဟာဧကရာဇ္ကိုးေယာက္ရွိေနခဲ့တာပဲ။ လူသားတည္တံေရး အစီအရင္က အဲဒီနတ္ဘုရားေတြ ဝင္ေရာက္မလာႏိုင္ေအာင္ တားဆီးေပးထားေပမဲ့ ဘာမွအမ်ားႀကီး မေျပာင္းလဲသြားဘူး။

အသေခ်ၤအင္ပါယာကမာၻရဲ႕ က်င့္ႀကံသူေတြက ဒီကမာၻထဲ က်ဴးေက်ာ္လာတဲ့ တျခားမိစာၦမ်ိဳးႏြယ္အတြက္ ၿပိဳင္ဘက္ မဟုတ္ဘူး။ အဲဒါအျပင္ အဲဒီမိစာၦေတြက အမွတ္အသားျပား မရွိဘဲ ေကာင္းကင္အလိုဆႏၵကို ဝင္ၿပိဳင္ႏိုင္လို႔ ရတဲ့ နည္းလမ္းမ်ိဳး ရွိထားပုံပဲ ...

 အဲဒါေၾကာင့္ ေခတ္ကာလတစ္ခုလုံး ဒီကမာၻမွာ ထြက္ေပၚလာခဲ့တဲ့ မဟာဧကရာဇ္အမ်ားစုက မိစာၦမ်ိဳးႏြယ္ကခ်ည္းပဲ။ အေျခအေနက ယုံၾကည္မႈေခတ္ကာလတုန္းကလို ဗုဒၶဘာသာနဲ႔ ပတ္သက္ၿပီး အတူတူ ျဖစ္လာတယ္။ အနည္းဆုံးေတာ့ လက္ရွိမွာ ဗုဒၶဘာသာအေၾကာင္း ဘာအခ်က္အလက္မွ သိပ္မရွိေတာ့ေပမဲ့လည္း ...

ဒါေပမဲ့ မဟာဧကရာဇ္အားလုံးက မိစာၦနတ္ဘုရားကိုးပါးကမာၻကခ်ည္းေတာ့ မဟုတ္ဘူး။ ဒီကမာၻရဲ႕ တခ်ိဳ႕ပါရမီရွင္ေတြက အကုန္လုံးကို ေသြဖယ္ၿပီး တာအိုကို သက္ေသျပႏိုင္ခဲ့ၾကတယ္။ ကံဆိုးတာက သူတို႔ကို မိစာၦးနတ္ဘုရားကိုးေယာက္က ဝိုင္းၿပီး သတ္တာမ်ိဳး ဒါမွမဟုတ္ စည္းပိတ္လိုက္တာမ်ိဳး ဒါမွမဟုတ္ ႏွင္ထုတ္လိုက္တာမ်ိဳး ႀကဳံေတြ႕ခဲ့ၾကရတယ္။

အဲဒီေနာက္ ဓားေရးစံအိမ္က မဟာဧကရာဇ္က မိစာၦနတ္ဘုရား ကိုးေယာက္ထဲက ႏွစ္‌ေယာက္ကို သတ္ႏိုင္ခဲ့တယ္။ အဲဒီအခါ သူက တျခားသူေတြနဲ႔ ယာယီၿငိမ္းခ်မ္းေရး ရယူဖို႔ ညႇိႏႈိင္းႏိုင္ခဲ့တယ္ ...

ဒါေပမဲ့ အဲဒီအခါမွ မိစာၦနတ္ဘုရားကိုးပါးကမာၻရဲ႕ ေကာင္းကင္အလိုဆႏၵဆိုတာ တကယ္ေတာ့ ရာထူးတစ္ခုပဲဆိုတာ သိလာခဲ့ၾကတယ္။ မိစာၦမ်ိဳးႏြယ္တစ္ခုက ေကာင္းကင္အလိုဆႏၵကို ရၿပီးတာနဲ႔  မိစာၦနတ္ဘုရား ျဖစ္လာၿပီးေတာ့ ကမာၻႀကီးကို အခ်ိန္တစ္ခုအထိ အလုပ္အေကြၽးျပဳရတယ္။ အဲဒီအလုပ္အေကြၽးျပဳတာေတြ ၿပီးဆုံးသြားတဲ့အခါမွ သူတို႔က ေကာင္းကင္အလိုဆႏၵနဲ႔ ထြက္သြားၿပီးေတာ့ စစ္မွန္တဲ့ မဟာဧကရာဇ္ ျဖစ္လာၾကတယ္။

အဲဒီမိစာၦနတ္ဘုရားေတြက သူတို႔ရဲ႕ စီရင္ခ်က္အခ်ိန္ကာလကို ေလ်ာ့ခ်ေစဖို႔ တျခားကမာၻေတြဆီ က်ဴးေက်ာ္ၿပီး တစ္ကမာၻလုံး ဒါမွမဟုတ္ အဲဒီကမာၻရဲ႕ ေကာင္းကင္အလိုဆႏၵကို သူတို႔ကမာၻဆီ ျပန္ဆက္သဖို႔ နည္းလမ္းရွာေတြ႕သြားၾကတယ္။ အဲလိုဆိုရင္ သူတို႔က လြတ္လပ္သြားလိမ့္မယ္။

မိစာၦေခတ္ကာလက ဧကရီဝူ ထြက္ေပၚလာတဲ့အထိ ၾကာသြားတယ္။ အဲဒီေနာက္ေတာ့ အဆုံးသတ္သြားတယ္။ အဲဒါက အဲဒီေခတ္ကာလရဲ႕ ေယဘုယ်အက်ဥ္းခ်ဳပ္ပဲ  "

Continue Reading

You'll Also Like

Re:Cursed By

Adventure

53.7K 1.8K 22
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...
10.2K 550 38
Liz is an unclaimed kid with no family and no idea of who she is. Her only home is Camp Half-Blood When Camp is at risk of being in the middle of a w...
38.2K 904 137
النوع: شونين اي ، مأنها ، كوميديا ، دراما ، الحياه المدرسيه العمل: مستمر -القصه- "يوما يحكى قصه مرحه عن الحياة...
578K 14.2K 43
Psycho brothers and a little angel sister sounds not so good together right? so what happens when an sweet angel comes live with her lovesick pyscho...