ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၆)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ
အခန်း(၂၂၀) : စစ်မှန်သည့် လက်တွဲဖော်ဆက်ဆံရေး
ဝမ်ဝေ့နှင့် ဝူဟုန်တို့ ပြိုင်ပွဲကွင်းမှ ထွက်လာပြီးနောက် သူ့နေရာဆီ သွားလိုက်ကြသည်။ တခြားသူ ချောင်းကြည့်ခြင်းမှ ကာကွယ်နိုင်ရန် အစီအရင်များ ခင်းကျင်းလိုက်ပြီးနောက် ဝမ်ဝေ့က သူ့သိုလှောင်လက်စွပ်ထဲမှ တစ်ခုခု ထုတ်ယူလိုက်သည်။
တကယ်တော့ နတ်ဘုရားအပြစ်ဒဏ်မိုးကြိုး ထည့်သိမ်းထားသည့် အလုံပိတ်အခန်းတစ်ခု ဖြစ်၏။ ထိုအရာက ယခင် တာအိုအခွင့်အလမ်းဂိုဏ်းအတွင်း ရှိခဲ့သော်လည်း ဝမ်ဝေ့က သူ့ခရီးမစတင်ခင် အကြီးအကဲချုပ်ယန်းချန်အား ကမ္ဘာငယ်လေးတစ်ခု ဖန်တီးစေ၍ ထိုအရာကို ထည့်သိမ်းကာ သယ်ဆောင်လာခြင်း ဖြစ်၏။
အခန်းငယ်လေးထဲ ဝင်ရောက်လိုက်ပြီးနောက် ဝမ်ဝေ့နှင့် ဝူဟုန်တို့ နှစ်ယောက်လုံး အနက်ရောင် အရည်ကန်တစ်ခုရှေ့ ရောက်ရှိသွားကြောင်း သိလိုက်ရသည်။ ထိုရေကန်အထက်တွင် မိုးကြိုးများနှင့် လျှပ်စီးများက တလက်လက် ထနေ၏။
"ပြဿနာ မရှိလောက်ဘူးမလား" ဝမ်ဝေ့က မေးလိုက်သည်။
ဝူဟုန်က ရေကန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
ဝမ်ဝေ့က ချက်ချင်းဆိုသလို သူ့အမွေခံသားတော် အဝတ်အစားများကို ဖယ်လိုက်ပြီး အောက်ခံလေးဖြင့်သာ အခန်းထဲ ရပ်နေလိုက်သည်။ တောင့်တင်းကာ ပုံစံကျနေသည့် သူ့ကြွက်သားများက ထွက်ပေါ်လာသည်။
သူက ကြွားလုံးထုတ်ဖို့ ကိုယ်ဟန်တချို့ပင် စတင် လုပ်လိုက်သည်။ သို့သော်လည်း သူ့ကြွက်သားများကို ကျုံ့လိုက်သည့်အချိန်တိုင်း သံအချင်းချင်း ပွတ်တိုက်သံလိုသာ ထွက်လာသည်။ သူ့လက်သီးကို ဆုပ်လိုက်သည့်အခါတွင်လည်း လေဟုန်ခွင်းသည့် အသံများကို ကြားနိုင်လေသည်။
ထိုစဉ် ဝူဟုန်က ဝမ်ဝေ့၏ ကိုယ်ဟန်များကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေသည်။ သို့သော်လည်း သူက တမင်လုပ်ပြနေမှန်း သိနေ၍ သူမ မျက်ဝန်းနက်ထဲ ဆွံ့အနေသည့် အရိပ်အယောင်တော့ ရှိလေသည်။
"လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ တွေ့ထားတဲ့ မိန်းကလေးတစ်ယောက်ရှေ့ ကိုယ်လုံးတီး ဖြစ်နေတာကို ရှင် မရှက်ဘူးလား"
" ဟင် ... တကယ်လို့ ကိုယ့်အဝတ်အစားတွေကို မဖယ်ရင် အဲဒါကို ဘယ်လိုကောင်းကောင်းလုပ်နိုင်မှာလဲ" ဝမ်ဝေ့က ရိုးသားမှုအပြည့်ဖြင့် ပြန်ဖြေလိုက်သော်လည်း သူ့စကားတွင် အဓိပ္ပါယ်နှစ်ခွများ ပါနေသည်။
ဝူဟုန်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သော်လည်း သဘောကျနေသည့်အလား သူမ၏ မျက်နှာအထက် အပြုံးလေးတစ်ပွင့် ရှိလေသည်။
"ကောင်းပြီ ... အဲဆို စလိုက်ကြရအောင်" သူမက ခပ်ပြင်းပြင်း ပြောလိုက်သည်။
ဝမ်ဝေ့က ရေကန်ရှေ့ တင်ပျဉ်ခွေထိုင်လိုက်၏။
ဝူဟုန်၏ မျက်လုံးများက ချက်ချင်းဆိုသလို အဖြူရောင် လင်းလက်လာပြီး လက်အဝှေ့တွင် အခန်းထဲ သင်္ကေတများ ထွက်ပေါ်လာသည်။ စုစုပေါင်း လေးခုရှိပြီး ပုံသဏ္ဍာန်အားဖြင့် စက်ဝန်းများ ဖြစ်ကြသည်။ ထို့နောက် သူမ၏ နောက်ထပ် လက်အဝှေ့တွင် အနက်ရောင် ရေ သို့မဟုတ် ကန်ထဲမှ နတ်ဘုရား အပြစ်ဒဏ်မိုးကြိုးက လေထဲ မြောက်တက်လာသည်။
ရေကို ဝန်းရံထားသည့် သင်္ကေတလေးခုက သေတ္တာပုံစံ ပြောင်းသွားလေသည်။
ဝူဟုန်က လက်ကိုဆုပ်လိုက်သည့်အခါ အနက်ရောင် မိုးကြိုးက စတင်၍ ဖြစ်တည်လာပြီး အရွယ်အစားအရရော၊ ပုံစံအရပါ လျော့ကျကာ သိပ်သည်းလာသည်။
ထိုစဉ် ဝမ်ဝေ့က ဖြစ်စဉ်တစ်ခုလုံးကို တအံ့တဩ ကြည့်နေမိသည်။ သူက ဝူဟုန်ဆီမှ အရှိန်အဝါကို မခံစားမိသလို သူမ ပြုလုပ်ထားသည့် သင်္ကေတများ၏ အဓိပ္ပါယ်ကိုလည်း နားမလည်ချေ။
သူတို့ကို နားလည်ဖို့ မဆိုထားနှင့် သိပင် မသိချေ။ ထိုအခါမှ ဝမ်ဝေ့က သူသည် ကမ္ဘာကြီးအကြောင်း အနည်းငယ်သာ သိသေးကြောင်း သူ့အနာဂတ် မိန်းကလေးက မည်မျှအားကောင်းနေကြောင်း သဘောပေါက်လာသည်။
မိနစ်ပိုင်းကြာမြင့်ပြီးနောက် နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးက သင်္ကေတများဖြင့် ပြုလုပ်ထားသည့် လက်သီးဆုပ်အရွယ် စက်လုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝူဟုန်၏ လက်ဖဝါးထဲ လွှင့်မျှောနေသည်။
သူမက ဝမ်ဝေ့အား ကြည့်လိုက်ကာ "အခု ရှင်ရဲ့ ကျောရိုးထဲ စည်းပိတ်ပေးမယ်။ အဲဒါဆိုရင် ရှင့်အတွင်းအင်္ဂါတွေနဲ့ အနှောင့်အယှက် သိပ်ဖြစ်တော့မှာ မဟုတ်ဘူး။ ဒီမိုးကြိုးရဲ့ စွမ်းအားကို ရှင့်ခန္ဓာကိုယ်ကို လေ့ကျင့်ပေးနိုင်အောင် ဖြည်းဖြည်းချင်း ထုတ်လွှင့်ပေးလိမ့်မယ်။
ရှင်က ထုတ်လွှင့်နိုင်မဲ့ ပမာဏစွမ်းအားကို ဆုံးဖြတ်ပေါ့ ... ဒါပေမဲ့ အရမ်းကြီး မလွန်ကဲစေနဲ့။ ပြီးတော့ ရှင် သေချာလေ့ကျင့်လို့ မပြီးမချင်း အတွင်းအင်္ဂါတွေဆီ ဒီစွမ်းအားကို ထုတ်လွှင့်လိုက်လို့ မဖြစ်ဘူး"
ဝမ်ဝေ့က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထို့ကြောင့် ဝူဟုန်က သူ့ကျောရိုးထဲ စည်းပိတ်ပေးလိုက်သည်။
ထိုအလုံးလေး သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်နှင့် လျို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုက သူ့အရိုးအားလုံးကို တိုက်စားပစ်သည်ကို ခံစားမိလိုက်၍ ဝမ်ဝေ့က ငြီးလိုက်မိသည်။ သိပ်မကြာခင် ကြီးမြတ်သော ပြီးပြည့်စုံခြင်းအဆင့်အထိ ရောက်အောင် လေ့ကျင့်ပြီးထားသော သူ့အရိုးများက စတင်အက်လာသည်။
စက္ကန့်ပိုင်းလေးအတွင်း သူ့အရိုး ၂၀၆ ချောင်းလုံးက ဖျက်ဆီးခံရလုနီးပါးအထိ အက်လာလေသည်။ သို့သော်လည်း သူ့ပြန်လည်ကောင်းမွန်စွမ်းက အသက်ဝင်လာကာ အရိုးများကို သာမန်အခြေအနေအတိုင်း ပြန်ဖြစ်သွားစေသည်။
ဝမ်ဝေ့အတွက် ကံဆိုးသည်က ထိုဖြစ်စဉ်က တစ်ခါတည်း မဟုတ်ဘဲ အကြိမ်ရာချီ ဖြစ်ပွားနေခြင်း ဖြစ်၏။ နာရီပိုင်းကြာမြင့်ပြီးနောက် သူ့အရိုးများက ဆက်တိုက် အက်ကွဲလာလိုက် အသစ်ပြန်ကောင်းလာလိုက် ဖြစ်နေသည်ကို ကြုံတွေ့နေရသည်။ အဆိုးရွားဆုံးမှာ နာကျင်မှုက ကောင်းကင်စမ်းသပ်ချက်ဖြင့် သူ့ခန္ဓာကိုယ်ကို လေ့ကျင့်တုန်းကထက် ပိုနာကျင်ရသည်။
နေ့ဝက်ခန့်ကြာမြင့်သွားပြီးနောက် ဖြစ်စဉ်က ရပ်တန့်သွားလေသည်။ အကြောင်းမှာ သူ့အရိုးများက အက်လာခြင်း မရှိတော့ပေ။ သို့သော်လည်း ဝမ်ဝေ့၏ အမူအရာကား ပျက်ယွင်းနေသည်။ သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ခဲ့သည့် စွမ်းအားက နတ်ဘုရားအပြစ်ဒဏ် မိုးကြိုး၏ သန်းတစ်ထောင်ပုံလျှင် တစ်ပုံပင် မရှိသော်လည်း ဒီလောက်အထိ အားပြင်းလှလေသည်။
သူ့ကိုယ်သူ အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် ဖြစ်စဉ်ကို ထပ်မံ စတင်လိုက်သည်။ ဤတစ်ကြိမ် အရေပြားအလှည့် ဖြစ်၏။ ထို့ကြောင့် သူက နောက်ထပ် နေ့တစ်ဝက် အချိန်ယူကာ အရေပြား ကွာကျကာ ပြန်လည်အသစ်ဖြစ်တည်လာခြင်းကို ဆက်တိုက် ကြုံတွေ့ခံစားလိုက်ရပြန်သည်။
ထိုစဉ် ဝူဟုန်က ဘေးကနေ တည်တည်ငြိမ်ငြိမ် ဆက်ကြည့်နေသည်။ သူမက စစ်မှန်သည့် စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်လာဖို့အတွက် ဘာလိုအပ်မှန်း သေချာသိထားသောကြောင့် သူမက ဝင်မကူညီသလို နာကျင်မှုကို လျော့ချမပေးပေ။ သူမအနေနှင့် ဝမ်ဝေ့သာ ဒီလောက်နာကျင်မှုကို မခံစားနိုင်လျှင် မဟာဧကရာဇ် ဖြစ်လာနိုင်ခြေက သုညအနား နီးကပ်သွားမည်ကို သိထားသည်။
သူတို့ဆက်ဆံရေးအတွက်မူ ဝမ်ဝေ့ မဟာဧကရာဇ် ဖြစ်မလာခဲ့လျှင် သူက သံသရာစက်ဝန်းထဲ ထပ်ကာထပ်ကာ ဝင်ရောက်သွားသည်ကိုသာ သူမ ကြည့်နေရလိမ့်မည်။ သူ ထာဝရတည်ရှိမှု လမ်းကြောင်းကို ရှာတွေ့သည့်အထိ ဖြစ်၏။
ဝမ်ဝေ့ နဂါးစင်စစ် တည်းခိုဆောင်ထဲတွင် ပြောခဲ့သလိုမျိုး ဖြစ်၏။ အနာဂတ် လက်တွဲဖော်တစ်ယောက်အနေနှင့် သူကလည်း ဆက်ဆံရေးထဲ ကြိုးစားရမည်။ မဟုတ်ပါက ဝူဟုန်အတွက် သူကိုယ်တိုင် ဝန်ထုပ်တစ်ခုလို ဖြစ်လာပေလိမ့်မည်။
ဝူဟုန်အနေနှင့် ထိုအရာကို စိတ်ထဲ မထားသော်လည်း ဝမ်ဝေ့၏ မာနက သူမအတွက် သူ့ကိုယ်သူ ဝန်ထုပ် ဖြစ်ခွင့်ပေးမည် မဟုတ်ကြောင်း သိထား၏။
ထို့ကြောင့် သူမက သူ့ကို နှစ်သိမ့်ပေးဖို့ မကြိုးစားပေ။ အကြောင်းမှာ သူ မလိုအပ်မှန်း သူမ သိနေ၍ ဖြစ်၏။ သူ့တွင် ထိပ်ဆုံးသို့ ရောက်စေမည့် စိတ်ဆန္ဒနှင့် စိတ်ဝိညာဉ် ပိုင်ဆိုင်ထားပြီး သူမနှင့်အတူ ထာဝရတစ်လျှောက်လုံး အတူတူအဖော်ပြုပေးနိုင်ကြောင်း သိထားလေသည်။
အကယ်၍ သူတို့သာ စစ်မှန်သည့် ဆက်ဆံရေးတစ်ခု တည်ထောင်လိုလျှင် သူတို့တွင် တူညီသည့် အဆင့်အတန်း၊ အင်အားနှင့် စမှတ်တို့ ရှိရမည် ဖြစ်၏။
ထိုစဉ် ဝမ်ဝေ့က အရေပြားကို လေ့ကျင့်ပေးပြီးနောက် သူ့ကြွက်သားများကို လေ့ကျင့်ပေးဖို့ အနက်ရောင်မိုးကြိုးကို ညွှန်ကြားလိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ် သူက စွမ်းအားကို သိသိသာသာ လျော့ချထားလေသည်။ သူ့ကြွက်သားများက ကြီးမြတ်သော ပြီးပြည့်စုံခြင်းအဆင့် ရောက်အောင် မလေ့ကျင့်ရသေးသည့်အတွက် ဘယ်လိုစွန့်စားမှုမျိုးမှ ဖြစ်မလာစေချင်ပေ။
ထိုသို့လုပ်လိုက်ပြီးနောက် ဝမ်ဝေ့က မြေပေါ်မှ ထရပ်ကာ လက်သီးဆုပ်လိုက်ပြီး ထိုးချလိုက်သည်။
ဝုန်း
အခန်းထဲ အားပြင်းပြင်း ပေါက်ကွဲသံ ထွက်ပေါ်လာပြီး သူ့လက်သီးကျရောက်ရာ နေရာကား အာကာပြင် အက်ကြောင်း ဖြစ်လာသည်။ သို့သော်လည်း စက္ကန့်ပိုင်းကြာမြင့်ပြီးနောက် အက်ကြောင်းက အလိုလိုပိတ်သွားကာ နဂိုအတိုင်း ပုံမှန်ပြန်ဖြစ်သွားသည်။
ဝမ်ဝေ့က ထိုအက်ကြောင်းသည် သူ့ခန္ဓာကိုယ်ခွန်အားသည် လေဟာနယ်ဖြိုခွင်းခြင်း အဆင့် ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိလိုက်၏။ ထိုအဆင့်၏ အနိမ့်ဆုံးဖြစ်နေလျှင်ပင် သူ့လက်သီးချက်က စည်းမျဉ်းစွမ်းအားကို ချိုးဖောက်နိုင်လေပြီ။
သို့သော်လည်း သူက မပျော်ပေ။
အတိအကျဆိုရလျှင် သူက ထူးထူးဆန်းဆန်းအရာကို စတင်တွေးမိလာ၏။
သူ့အနေနှင့် နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးကို သန့်စင်ဖို့ နည်းလမ်းရှာဖို့ အချိန်ကြာခဲ့သည့် အကြောင်းအရင်းမှာ စည်းမျဉ်းစွမ်းအား ပါဝင်နေ၍ ဖြစ်ကြောင်း သဘောပေါက်လေသည်။ အတိအကျပြောရလျှင် ဝူဟုန် စကားအရ တာအိုစည်းမျဉ်း ပါဝင်နေခြင်းဟု ဆိုသည်။
ဝမ်ဝေ့က ကျင့်ကြံရေးနယ်ပယ်ရှိ သူ့ဗဟုသုတများအရ တာအိုစည်းမျဉ်းသည် မဟာဧကရာဇ်မျာသာ ထိန်းချုပ်နိုင်သည်ဟု မှတ်ချက်ချလိုက်သည်။ သို့သော် မေးခွန်းကား ပေါ်လာလေပြီ။
သူ့အနာဂတ် ဇနီးလောင်းက ဘယ်လိုလုပ် အဲဒီလိုစွမ်းအား ရှိနေတာလဲ ...
ဝမ်ဝေ့က ဝူဟုန်သည် အလွန်အားကောင်းကြောင်း သိထားသော်လည်း ဒီလောက်အထိ မထင်ထားခဲ့ပေ။ သို့သော် သူကိုယ်တိုင်လည်း ဒီလိုအဆင့်မျိုးကို ရောက်လာပြီး ကျော်လွန်သွားမည့်သူ ဖြစ်၍ ထိုအရာများကို ဂရမစိုက်ပေ။ သူ အမှန်တကယ် ဂရုစိုက်သည်ကား သူ့အနာဂတ် ကာမရသ ခံစားမှုအပိုင်းတွင် ဖြစ်၏။
အနာဂတ်၌ သူနှင့် ဝူဟုန်တို့ ကိုယ်လက်နှီးနှောရောယှက်ကြလျှင် သူက အောက်ကသာ ဖြစ်မနေဘူးလား။ သူ့တွင် အင်အားမရှိဘဲ ဝူဟုန်၏ အကျင့်စရိုက်အရ သူ့ကို အောက်ကသာ ထားလိမ့်မည်မှန်း သံသယဖြစ်ဖွယ် မရှိပေ။
ခေတ်သစ်လူအနေနှင့် ထိုအကြောင်းကို သိပ်ဂရုမစိုက်သော်လည်း ယောက်ျားမာန်အပြည့် ပြနိုင်သည့် အပေါ်ကနေလည်း နေချင်မိသေးသည်။
ဝမ်ဝေ့အနေနှင့် သူ့ကာမရသ ခံစားမှုကိစ္စများက အတော်လေး စိတ်မချမ်းမြေ့ဖွယ် ဖြစ်မည်ကို တွေးမိပြီးနောက် သက်ပြင်းချလိုက်တော့သည်။
သူ အင်အားရှိလာသည့်အခါမှ လက်စားပြန်ချေရမည်။
" ရှင် ထူးထူးဆန်းဆန်းတွေ တွေးနေပြန်ပြီမလား" ဝူဟုန်က လှောင်ပြုံးလေးဖြင့် မေးလာသည်။
" မင်း ဘာတွေပြောနေမှန်း မသိဘူး" ဝမ်ဝေ့က အဝတ်များကို ကောက်ဝတ်လိုက်ရင်း ခပ်တည်တည် ပြောလိုက်သည်။
ဝူဟုန်က ပြုံးကာ သူ့ဆီ လျှောက်လာပြီး သူ့ခဲဖြူရောင် ဆံပင်များကို ပွတ်သပ်လိုက်ကာ "စိတ်မပူပါနဲ့ ... ရှင့် မာနကိုထောက်ပြီး တစ်ခါတစ်လေ အပေါ်က နေခွင့်ပြုပါ့မယ် "
ဝမ်ဝေ့က တုန်လှုပ်တကြီး အမူအရာဖြင့် ပါးစပ်ဟောင်းလောင်း ဖြစ်သွားလေသည်။ ထို့နောက် သူက နောက်ဆုတ်လိုက်ကာ "မင်းက စိတ်ဖတ်နိုင်တာလား"
" ရှင် ဒီကိစ္စကို စိုးရိမ်ဖို့ မလိုပါဘူး" ဝူဟုန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
ဝမ်ဝေ့က သတိနိုးကြားနေဆဲ ဖြစ်၏။ သူမက သူ့ထက် အားကောင်းပြီး ဗဟုသုတများကာ လျို့ဝှက်ချက်များစွာ ရှိနေသည့် အချက်ကို လက်ခံနိုင်သော်လည်း သူ့အတွေးများကို ဖတ်နိုင်နေသည်ကိုတော့ လက်မခံနိုင်ပေ။
ဝူဟုန်က သူ့အကြည့်ထဲမှ သတိထားမှုကို သတိပြုမိလိုက်သော်လည်း သူမက သူ့ထက် သူ့အကြောင်း ပိုသိနေသူ ဖြစ်၍ စိတ်ထဲ မထားပေ။
" ရှင် စိတ်ပူနေဖို့ မလိုပါဘူး။ ရှင့်ရဲ့ ဝိညာဉ်နဲ့ ရှင့်ကို သတိမထားမိစေဘဲ ဘယ်သူမှ ရှင့်စိတ်ကို ဖတ်လို့ မရပါဘူး ... ကျွန်မ အပါအဝင်ပေါ့"
ဝမ်ဝေ့က သူ နည်းနည်း ဆတ်ဆတ်ထိမခံ ဖြစ်လွန်းသွားသည်ကို သတိပြုမိကာ ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်လာကာ မေးလိုက်သည်။
"မင်းက ငါ့ဝိညာဉ်အကြောင်း သိထားတာလား။ စံပြဆိုတာကရော "
ဝူဟုန်က ခဏကြာ စဉ်းစားလိုက်ပြီးနောက် "အဲဒါက .. "
*********
ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၁၆)
မူရင္းေရးသားသူ - lazySageDao
ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ
အခန္း(၂၂၀) : စစ္မွန္သည့္ လက္တြဲေဖာ္ဆက္ဆံေရး
ဝမ္ေဝ့ႏွင့္ ဝူဟုန္တို႔ ၿပိဳင္ပြဲကြင္းမွ ထြက္လာၿပီးေနာက္ သူ႔ေနရာဆီ သြားလိုက္ၾကသည္။ တျခားသူ ေခ်ာင္းၾကည့္ျခင္းမွ ကာကြယ္ႏိုင္ရန္ အစီအရင္မ်ား ခင္းက်င္းလိုက္ၿပီးေနာက္ ဝမ္ေဝ့က သူ႔သိုေလွာင္လက္စြပ္ထဲမွ တစ္ခုခု ထုတ္ယူလိုက္သည္။
တကယ္ေတာ့ နတ္ဘုရားအျပစ္ဒဏ္မိုးႀကိဳး ထည့္သိမ္းထားသည့္ အလုံပိတ္အခန္းတစ္ခု ျဖစ္၏။ ထိုအရာက ယခင္ တာအိုအခြင့္အလမ္းဂိုဏ္းအတြင္း ရွိခဲ့ေသာ္လည္း ဝမ္ေဝ့က သူ႔ခရီးမစတင္ခင္ အႀကီးအကဲခ်ဳပ္ယန္းခ်န္အား ကမာၻငယ္ေလးတစ္ခု ဖန္တီးေစ၍ ထိုအရာကို ထည့္သိမ္းကာ သယ္ေဆာင္လာျခင္း ျဖစ္၏။
အခန္းငယ္ေလးထဲ ဝင္ေရာက္လိုက္ၿပီးေနာက္ ဝမ္ေဝ့ႏွင့္ ဝူဟုန္တို႔ ႏွစ္ေယာက္လုံး အနက္ေရာင္ အရည္ကန္တစ္ခုေရွ႕ ေရာက္ရွိသြားေၾကာင္း သိလိုက္ရသည္။ ထိုေရကန္အထက္တြင္ မိုးႀကိဳးမ်ားႏွင့္ လွ်ပ္စီးမ်ားက တလက္လက္ ထေန၏။
"ျပႆနာ မရွိေလာက္ဘူးမလား" ဝမ္ေဝ့က ေမးလိုက္သည္။
ဝူဟုန္က ေရကန္ကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ ေခါင္းညိတ္ျပလိုက္သည္။
ဝမ္ေဝ့က ခ်က္ခ်င္းဆိုသလို သူ႔အေမြခံသားေတာ္ အဝတ္အစားမ်ားကို ဖယ္လိုက္ၿပီး ေအာက္ခံေလးျဖင့္သာ အခန္းထဲ ရပ္ေနလိုက္သည္။ ေတာင့္တင္းကာ ပုံစံက်ေနသည့္ သူ႔ႂကြက္သားမ်ားက ထြက္ေပၚလာသည္။
သူက ႂကြားလုံးထုတ္ဖို႔ ကိုယ္ဟန္တခ်ိဳ႕ပင္ စတင္ လုပ္လိုက္သည္။ သို႔ေသာ္လည္း သူ႔ႂကြက္သားမ်ားကို က်ဳံ႕လိုက္သည့္အခ်ိန္တိုင္း သံအခ်င္းခ်င္း ပြတ္တိုက္သံလိုသာ ထြက္လာသည္။ သူ႔လက္သီးကို ဆုပ္လိုက္သည့္အခါတြင္လည္း ေလဟုန္ခြင္းသည့္ အသံမ်ားကို ၾကားႏိုင္ေလသည္။
ထိုစဥ္ ဝူဟုန္က ဝမ္ေဝ့၏ ကိုယ္ဟန္မ်ားကို တည္တည္ၿငိမ္ၿငိမ္သာ ၾကည့္ေနသည္။ သို႔ေသာ္လည္း သူက တမင္လုပ္ျပေနမွန္း သိေန၍ သူမ မ်က္ဝန္းနက္ထဲ ဆြံ႕အေနသည့္ အရိပ္အေယာင္ေတာ့ ရွိေလသည္။
"လြန္ခဲ့တဲ့ တစ္ပတ္ေလာက္ကမွ ေတြ႕ထားတဲ့ မိန္းကေလးတစ္ေယာက္ေရွ႕ ကိုယ္လုံးတီး ျဖစ္ေနတာကို ရွင္ မရွက္ဘူးလား"
" ဟင္ ... တကယ္လို႔ ကိုယ့္အဝတ္အစားေတြကို မဖယ္ရင္ အဲဒါကို ဘယ္လိုေကာင္းေကာင္းလုပ္ႏိုင္မွာလဲ" ဝမ္ေဝ့က ႐ိုးသားမႈအျပည့္ျဖင့္ ျပန္ေျဖလိုက္ေသာ္လည္း သူ႔စကားတြင္ အဓိပၸါယ္ႏွစ္ခြမ်ား ပါေနသည္။
ဝူဟုန္က ကူကယ္ရာမဲ့စြာ သက္ျပင္းခ်လိုက္ေသာ္လည္း သေဘာက်ေနသည့္အလား သူမ၏ မ်က္ႏွာအထက္ အၿပဳံးေလးတစ္ပြင့္ ရွိေလသည္။
"ေကာင္းၿပီ ... အဲဆို စလိုက္ၾကရေအာင္" သူမက ခပ္ျပင္းျပင္း ေျပာလိုက္သည္။
ဝမ္ေဝ့က ေရကန္ေရွ႕ တင္ပ်ဥ္ေခြထိုင္လိုက္၏။
ဝူဟုန္၏ မ်က္လုံးမ်ားက ခ်က္ခ်င္းဆိုသလို အျဖဴေရာင္ လင္းလက္လာၿပီး လက္အေဝွ႔တြင္ အခန္းထဲ သေကၤတမ်ား ထြက္ေပၚလာသည္။ စုစုေပါင္း ေလးခုရွိၿပီး ပုံသ႑ာန္အားျဖင့္ စက္ဝန္းမ်ား ျဖစ္ၾကသည္။ ထို႔ေနာက္ သူမ၏ ေနာက္ထပ္ လက္အေဝွ႔တြင္ အနက္ေရာင္ ေရ သို႔မဟုတ္ ကန္ထဲမွ နတ္ဘုရား အျပစ္ဒဏ္မိုးႀကိဳးက ေလထဲ ေျမာက္တက္လာသည္။
ေရကို ဝန္းရံထားသည့္ သေကၤတေလးခုက ေသတၱာပုံစံ ေျပာင္းသြားေလသည္။
ဝူဟုန္က လက္ကိုဆုပ္လိုက္သည့္အခါ အနက္ေရာင္ မိုးႀကိဳးက စတင္၍ ျဖစ္တည္လာၿပီး အ႐ြယ္အစားအရေရာ၊ ပုံစံအရပါ ေလ်ာ့က်ကာ သိပ္သည္းလာသည္။
ထိုစဥ္ ဝမ္ေဝ့က ျဖစ္စဥ္တစ္ခုလုံးကို တအံ့တဩ ၾကည့္ေနမိသည္။ သူက ဝူဟုန္ဆီမွ အရွိန္အဝါကို မခံစားမိသလို သူမ ျပဳလုပ္ထားသည့္ သေကၤတမ်ား၏ အဓိပၸါယ္ကိုလည္း နားမလည္ေခ်။
သူတို႔ကို နားလည္ဖို႔ မဆိုထားႏွင့္ သိပင္ မသိေခ်။ ထိုအခါမွ ဝမ္ေဝ့က သူသည္ ကမာၻႀကီးအေၾကာင္း အနည္းငယ္သာ သိေသးေၾကာင္း သူ႔အနာဂတ္ မိန္းကေလးက မည္မွ်အားေကာင္းေနေၾကာင္း သေဘာေပါက္လာသည္။
မိနစ္ပိုင္းၾကာျမင့္ၿပီးေနာက္ နတ္ဘုရားအျပစ္ဒဏ္မိုးႀကိဳးက သေကၤတမ်ားျဖင့္ ျပဳလုပ္ထားသည့္ လက္သီးဆုပ္အ႐ြယ္ စက္လုံးတစ္ခုအျဖစ္ ေျပာင္းလဲသြားၿပီး ဝူဟုန္၏ လက္ဖဝါးထဲ လႊင့္ေမွ်ာေနသည္။
သူမက ဝမ္ေဝ့အား ၾကည့္လိုက္ကာ "အခု ရွင္ရဲ႕ ေက်ာ႐ိုးထဲ စည္းပိတ္ေပးမယ္။ အဲဒါဆိုရင္ ရွင့္အတြင္းအဂၤါေတြနဲ႔ အေႏွာင့္အယွက္ သိပ္ျဖစ္ေတာ့မွာ မဟုတ္ဘူး။ ဒီမိုးႀကိဳးရဲ႕ စြမ္းအားကို ရွင့္ခႏၶာကိုယ္ကို ေလ့က်င့္ေပးႏိုင္ေအာင္ ျဖည္းျဖည္းခ်င္း ထုတ္လႊင့္ေပးလိမ့္မယ္။
ရွင္က ထုတ္လႊင့္ႏိုင္မဲ့ ပမာဏစြမ္းအားကို ဆုံးျဖတ္ေပါ့ ... ဒါေပမဲ့ အရမ္းႀကီး မလြန္ကဲေစနဲ႔။ ၿပီးေတာ့ ရွင္ ေသခ်ာေလ့က်င့္လို႔ မၿပီးမခ်င္း အတြင္းအဂၤါေတြဆီ ဒီစြမ္းအားကို ထုတ္လႊင့္လိုက္လို႔ မျဖစ္ဘူး"
ဝမ္ေဝ့က ၿပဳံးကာ ေခါင္းညိတ္လိုက္သည္။ ထို႔ေၾကာင့္ ဝူဟုန္က သူ႔ေက်ာ႐ိုးထဲ စည္းပိတ္ေပးလိုက္သည္။
ထိုအလုံးေလး သူ႔ခႏၶာကိုယ္ထဲ ဝင္ေရာက္သြားသည္ႏွင့္ လ်ိဳ႕ဝွက္ဆန္းၾကယ္ စြမ္းအားတစ္ခုက သူ႔အ႐ိုးအားလုံးကို တိုက္စားပစ္သည္ကို ခံစားမိလိုက္၍ ဝမ္ေဝ့က ၿငီးလိုက္မိသည္။ သိပ္မၾကာခင္ ႀကီးျမတ္ေသာ ၿပီးျပည့္စုံျခင္းအဆင့္အထိ ေရာက္ေအာင္ ေလ့က်င့္ၿပီးထားေသာ သူ႔အ႐ိုးမ်ားက စတင္အက္လာသည္။
စကၠန႔္ပိုင္းေလးအတြင္း သူ႔အ႐ိုး ၂၀၆ ေခ်ာင္းလုံးက ဖ်က္ဆီးခံရလုနီးပါးအထိ အက္လာေလသည္။ သို႔ေသာ္လည္း သူ႔ျပန္လည္ေကာင္းမြန္စြမ္းက အသက္ဝင္လာကာ အ႐ိုးမ်ားကို သာမန္အေျခအေနအတိုင္း ျပန္ျဖစ္သြားေစသည္။
ဝမ္ေဝ့အတြက္ ကံဆိုးသည္က ထိုျဖစ္စဥ္က တစ္ခါတည္း မဟုတ္ဘဲ အႀကိမ္ရာခ်ီ ျဖစ္ပြားေနျခင္း ျဖစ္၏။ နာရီပိုင္းၾကာျမင့္ၿပီးေနာက္ သူ႔အ႐ိုးမ်ားက ဆက္တိုက္ အက္ကြဲလာလိုက္ အသစ္ျပန္ေကာင္းလာလိုက္ ျဖစ္ေနသည္ကို ႀကဳံေတြ႕ေနရသည္။ အဆိုး႐ြားဆုံးမွာ နာက်င္မႈက ေကာင္းကင္စမ္းသပ္ခ်က္ျဖင့္ သူ႔ခႏၶာကိုယ္ကို ေလ့က်င့္တုန္းကထက္ ပိုနာက်င္ရသည္။
ေန႔ဝက္ခန႔္ၾကာျမင့္သြားၿပီးေနာက္ ျဖစ္စဥ္က ရပ္တန႔္သြားေလသည္။ အေၾကာင္းမွာ သူ႔အ႐ိုးမ်ားက အက္လာျခင္း မရွိေတာ့ေပ။ သို႔ေသာ္လည္း ဝမ္ေဝ့၏ အမူအရာကား ပ်က္ယြင္းေနသည္။ သူ႔ခႏၶာကိုယ္ကို ေလ့က်င့္ခဲ့သည့္ စြမ္းအားက နတ္ဘုရားအျပစ္ဒဏ္ မိုးႀကိဳး၏ သန္းတစ္ေထာင္ပုံလွ်င္ တစ္ပုံပင္ မရွိေသာ္လည္း ဒီေလာက္အထိ အားျပင္းလွေလသည္။
သူ႔ကိုယ္သူ အသက္ျပင္းျပင္းရႈလိုက္ၿပီးေနာက္ ျဖစ္စဥ္ကို ထပ္မံ စတင္လိုက္သည္။ ဤတစ္ႀကိမ္ အေရျပားအလွည့္ ျဖစ္၏။ ထို႔ေၾကာင့္ သူက ေနာက္ထပ္ ေန႔တစ္ဝက္ အခ်ိန္ယူကာ အေရျပား ကြာက်ကာ ျပန္လည္အသစ္ျဖစ္တည္လာျခင္းကို ဆက္တိုက္ ႀကဳံေတြ႕ခံစားလိုက္ရျပန္သည္။
ထိုစဥ္ ဝူဟုန္က ေဘးကေန တည္တည္ၿငိမ္ၿငိမ္ ဆက္ၾကည့္ေနသည္။ သူမက စစ္မွန္သည့္ စြမ္းအားႀကီးပုဂၢိဳလ္ ျဖစ္လာဖို႔အတြက္ ဘာလိုအပ္မွန္း ေသခ်ာသိထားေသာေၾကာင့္ သူမက ဝင္မကူညီသလို နာက်င္မႈကို ေလ်ာ့ခ်မေပးေပ။ သူမအေနႏွင့္ ဝမ္ေဝ့သာ ဒီေလာက္နာက်င္မႈကို မခံစားႏိုင္လွ်င္ မဟာဧကရာဇ္ ျဖစ္လာႏိုင္ေျခက သုညအနား နီးကပ္သြားမည္ကို သိထားသည္။
သူတို႔ဆက္ဆံေရးအတြက္မူ ဝမ္ေဝ့ မဟာဧကရာဇ္ ျဖစ္မလာခဲ့လွ်င္ သူက သံသရာစက္ဝန္းထဲ ထပ္ကာထပ္ကာ ဝင္ေရာက္သြားသည္ကိုသာ သူမ ၾကည့္ေနရလိမ့္မည္။ သူ ထာဝရတည္ရွိမႈ လမ္းေၾကာင္းကို ရွာေတြ႕သည့္အထိ ျဖစ္၏။
ဝမ္ေဝ့ နဂါးစင္စစ္ တည္းခိုေဆာင္ထဲတြင္ ေျပာခဲ့သလိုမ်ိဳး ျဖစ္၏။ အနာဂတ္ လက္တြဲေဖာ္တစ္ေယာက္အေနႏွင့္ သူကလည္း ဆက္ဆံေရးထဲ ႀကိဳးစားရမည္။ မဟုတ္ပါက ဝူဟုန္အတြက္ သူကိုယ္တိုင္ ဝန္ထုပ္တစ္ခုလို ျဖစ္လာေပလိမ့္မည္။
ဝူဟုန္အေနႏွင့္ ထိုအရာကို စိတ္ထဲ မထားေသာ္လည္း ဝမ္ေဝ့၏ မာနက သူမအတြက္ သူ႔ကိုယ္သူ ဝန္ထုပ္ ျဖစ္ခြင့္ေပးမည္ မဟုတ္ေၾကာင္း သိထား၏။
ထို႔ေၾကာင့္ သူမက သူ႔ကို ႏွစ္သိမ့္ေပးဖို႔ မႀကိဳးစားေပ။ အေၾကာင္းမွာ သူ မလိုအပ္မွန္း သူမ သိေန၍ ျဖစ္၏။ သူ႔တြင္ ထိပ္ဆုံးသို႔ ေရာက္ေစမည့္ စိတ္ဆႏၵႏွင့္ စိတ္ဝိညာဥ္ ပိုင္ဆိုင္ထားၿပီး သူမႏွင့္အတူ ထာဝရတစ္ေလွ်ာက္လုံး အတူတူအေဖာ္ျပဳေပးႏိုင္ေၾကာင္း သိထားေလသည္။
အကယ္၍ သူတို႔သာ စစ္မွန္သည့္ ဆက္ဆံေရးတစ္ခု တည္ေထာင္လိုလွ်င္ သူတို႔တြင္ တူညီသည့္ အဆင့္အတန္း၊ အင္အားႏွင့္ စမွတ္တို႔ ရွိရမည္ ျဖစ္၏။
ထိုစဥ္ ဝမ္ေဝ့က အေရျပားကို ေလ့က်င့္ေပးၿပီးေနာက္ သူ႔ႂကြက္သားမ်ားကို ေလ့က်င့္ေပးဖို႔ အနက္ေရာင္မိုးႀကိဳးကို ၫႊန္ၾကားလိုက္သည္။ သို႔ေသာ္လည္း ဤတစ္ႀကိမ္ သူက စြမ္းအားကို သိသိသာသာ ေလ်ာ့ခ်ထားေလသည္။ သူ႔ႂကြက္သားမ်ားက ႀကီးျမတ္ေသာ ၿပီးျပည့္စုံျခင္းအဆင့္ ေရာက္ေအာင္ မေလ့က်င့္ရေသးသည့္အတြက္ ဘယ္လိုစြန႔္စားမႈမ်ိဳးမွ ျဖစ္မလာေစခ်င္ေပ။
ထိုသို႔လုပ္လိုက္ၿပီးေနာက္ ဝမ္ေဝ့က ေျမေပၚမွ ထရပ္ကာ လက္သီးဆုပ္လိုက္ၿပီး ထိုးခ်လိုက္သည္။
ဝုန္း
အခန္းထဲ အားျပင္းျပင္း ေပါက္ကြဲသံ ထြက္ေပၚလာၿပီး သူ႔လက္သီးက်ေရာက္ရာ ေနရာကား အာကာျပင္ အက္ေၾကာင္း ျဖစ္လာသည္။ သို႔ေသာ္လည္း စကၠန႔္ပိုင္းၾကာျမင့္ၿပီးေနာက္ အက္ေၾကာင္းက အလိုလိုပိတ္သြားကာ နဂိုအတိုင္း ပုံမွန္ျပန္ျဖစ္သြားသည္။
ဝမ္ေဝ့က ထိုအက္ေၾကာင္းသည္ သူ႔ခႏၶာကိုယ္ခြန္အားသည္ ေလဟာနယ္ၿဖိဳခြင္းျခင္း အဆင့္ ေရာက္ရွိသြားၿပီ ျဖစ္ေၾကာင္း သိလိုက္၏။ ထိုအဆင့္၏ အနိမ့္ဆုံးျဖစ္ေနလွ်င္ပင္ သူ႔လက္သီးခ်က္က စည္းမ်ဥ္းစြမ္းအားကို ခ်ိဳးေဖာက္ႏိုင္ေလၿပီ။
သို႔ေသာ္လည္း သူက မေပ်ာ္ေပ။
အတိအက်ဆိုရလွ်င္ သူက ထူးထူးဆန္းဆန္းအရာကို စတင္ေတြးမိလာ၏။
သူ႔အေနႏွင့္ နတ္ဘုရားအျပစ္ဒဏ္ မိုးႀကိဳးကို သန႔္စင္ဖို႔ နည္းလမ္းရွာဖို႔ အခ်ိန္ၾကာခဲ့သည့္ အေၾကာင္းအရင္းမွာ စည္းမ်ဥ္းစြမ္းအား ပါဝင္ေန၍ ျဖစ္ေၾကာင္း သေဘာေပါက္ေလသည္။ အတိအက်ေျပာရလွ်င္ ဝူဟုန္ စကားအရ တာအိုစည္းမ်ဥ္း ပါဝင္ေနျခင္းဟု ဆိုသည္။
ဝမ္ေဝ့က က်င့္ႀကံေရးနယ္ပယ္ရွိ သူ႔ဗဟုသုတမ်ားအရ တာအိုစည္းမ်ဥ္းသည္ မဟာဧကရာဇ္မ်ာသာ ထိန္းခ်ဳပ္ႏိုင္သည္ဟု မွတ္ခ်က္ခ်လိုက္သည္။ သို႔ေသာ္ ေမးခြန္းကား ေပၚလာေလၿပီ။
သူ႔အနာဂတ္ ဇနီးေလာင္းက ဘယ္လိုလုပ္ အဲဒီလိုစြမ္းအား ရွိေနတာလဲ ...
ဝမ္ေဝ့က ဝူဟုန္သည္ အလြန္အားေကာင္းေၾကာင္း သိထားေသာ္လည္း ဒီေလာက္အထိ မထင္ထားခဲ့ေပ။ သို႔ေသာ္ သူကိုယ္တိုင္လည္း ဒီလိုအဆင့္မ်ိဳးကို ေရာက္လာၿပီး ေက်ာ္လြန္သြားမည့္သူ ျဖစ္၍ ထိုအရာမ်ားကို ဂရမစိုက္ေပ။ သူ အမွန္တကယ္ ဂ႐ုစိုက္သည္ကား သူ႔အနာဂတ္ ကာမရသ ခံစားမႈအပိုင္းတြင္ ျဖစ္၏။
အနာဂတ္၌ သူႏွင့္ ဝူဟုန္တို႔ ကိုယ္လက္ႏွီးေႏွာေရာယွက္ၾကလွ်င္ သူက ေအာက္ကသာ ျဖစ္မေနဘူးလား။ သူ႔တြင္ အင္အားမရွိဘဲ ဝူဟုန္၏ အက်င့္စ႐ိုက္အရ သူ႔ကို ေအာက္ကသာ ထားလိမ့္မည္မွန္း သံသယျဖစ္ဖြယ္ မရွိေပ။
ေခတ္သစ္လူအေနႏွင့္ ထိုအေၾကာင္းကို သိပ္ဂ႐ုမစိုက္ေသာ္လည္း ေယာက္်ားမာန္အျပည့္ ျပႏိုင္သည့္ အေပၚကေနလည္း ေနခ်င္မိေသးသည္။
ဝမ္ေဝ့အေနႏွင့္ သူ႔ကာမရသ ခံစားမႈကိစၥမ်ားက အေတာ္ေလး စိတ္မခ်မ္းေျမ့ဖြယ္ ျဖစ္မည္ကို ေတြးမိၿပီးေနာက္ သက္ျပင္းခ်လိုက္ေတာ့သည္။
သူ အင္အားရွိလာသည့္အခါမွ လက္စားျပန္ေခ်ရမည္။
" ရွင္ ထူးထူးဆန္းဆန္းေတြ ေတြးေနျပန္ၿပီမလား" ဝူဟုန္က ေလွာင္ၿပဳံးေလးျဖင့္ ေမးလာသည္။
" မင္း ဘာေတြေျပာေနမွန္း မသိဘူး" ဝမ္ေဝ့က အဝတ္မ်ားကို ေကာက္ဝတ္လိုက္ရင္း ခပ္တည္တည္ ေျပာလိုက္သည္။
ဝူဟုန္က ၿပဳံးကာ သူ႔ဆီ ေလွ်ာက္လာၿပီး သူ႔ခဲျဖဴေရာင္ ဆံပင္မ်ားကို ပြတ္သပ္လိုက္ကာ "စိတ္မပူပါနဲ႔ ... ရွင့္ မာနကိုေထာက္ၿပီး တစ္ခါတစ္ေလ အေပၚက ေနခြင့္ျပဳပါ့မယ္ "
ဝမ္ေဝ့က တုန္လႈပ္တႀကီး အမူအရာျဖင့္ ပါးစပ္ေဟာင္းေလာင္း ျဖစ္သြားေလသည္။ ထို႔ေနာက္ သူက ေနာက္ဆုတ္လိုက္ကာ "မင္းက စိတ္ဖတ္ႏိုင္တာလား"
" ရွင္ ဒီကိစၥကို စိုးရိမ္ဖို႔ မလိုပါဘူး" ဝူဟုန္က တည္တည္ၿငိမ္ၿငိမ္ ေျပာလိုက္သည္။
ဝမ္ေဝ့က သတိႏိုးၾကားေနဆဲ ျဖစ္၏။ သူမက သူ႔ထက္ အားေကာင္းၿပီး ဗဟုသုတမ်ားကာ လ်ိဳ႕ဝွက္ခ်က္မ်ားစြာ ရွိေနသည့္ အခ်က္ကို လက္ခံႏိုင္ေသာ္လည္း သူ႔အေတြးမ်ားကို ဖတ္ႏိုင္ေနသည္ကိုေတာ့ လက္မခံႏိုင္ေပ။
ဝူဟုန္က သူ႔အၾကည့္ထဲမွ သတိထားမႈကို သတိျပဳမိလိုက္ေသာ္လည္း သူမက သူ႔ထက္ သူ႔အေၾကာင္း ပိုသိေနသူ ျဖစ္၍ စိတ္ထဲ မထားေပ။
" ရွင္ စိတ္ပူေနဖို႔ မလိုပါဘူး။ ရွင့္ရဲ႕ ဝိညာဥ္နဲ႔ ရွင့္ကို သတိမထားမိေစဘဲ ဘယ္သူမွ ရွင့္စိတ္ကို ဖတ္လို႔ မရပါဘူး ... ကြၽန္မ အပါအဝင္ေပါ့"
ဝမ္ေဝ့က သူ နည္းနည္း ဆတ္ဆတ္ထိမခံ ျဖစ္လြန္းသြားသည္ကို သတိျပဳမိကာ ေခါင္းညိတ္လိုက္သည္။ သို႔ေသာ္ သူ႔စိတ္ထဲ အေတြးတစ္ခု ေပၚလာကာ ေမးလိုက္သည္။
"မင္းက ငါ့ဝိညာဥ္အေၾကာင္း သိထားတာလား။ စံျပဆိုတာကေရာ "
ဝူဟုန္က ခဏၾကာ စဥ္းစားလိုက္ၿပီးေနာက္ "အဲဒါက .. "