ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၆)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၂၁၉) : ရှုံးထွက်ပွဲစဉ် စတင်ခြင်း
ကျောင်းအုပ် ပိုင်ဟန်က အလယ်ပိုင်း ဧကရာဇ်ခေတ်ကာလတွင် မွေးဖွားခဲ့သူ ဖြစ်ပြီး သူ့အဖေက ဧကရာဇ်ခုံ ဖြစ်၏။ ထို့ကြောင့် သူ့နာမည်အရင်းက ခုံဟန် ဖြစ်ပြီး ကျောင်းတော် တည်ထောင်မှုကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့သူလည်း ဖြစ်ပေသည်။
သို့သော်လည်း သူ့တစ်ဘဝလုံး သူ့အဖေ၏ အရိပ်အောက်၌သာ နေထိုင်ခဲ့ရသည်။ လူများစွာက သူ့ကို သူ့အဖေနှင့်သာ နှိုင်းယှဉ်လေ့ရှိသည်။ သူ မည်မျှအောင်မြင်စေကာမူ လုံလုံလောက်လောက် မကောင်းတာမျိုး ဒါမှမဟုတ် ဧကရာဇ်ခုံ၏ သားဖြစ်နေသည့်အချက်ကိုသာ ချီးကျူးကြသည်။ ထို့ကြောင့် သူ့အဖေနှင့် ဆက်ဆံရေးက အစကတည်းက မကောင်းခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ အားလုံးက ပိုင်ဟန်၏ ကံကြမ္မာဝဋ်ကြွေးကို သူ့ဖခင်က ရှင်းပေးနိုင်သောကြောင့် သူ့ကို ကျောင်းတော်၏ နောက်ဧကရာဇ် ဖြစ်လလိမ့်မည်ဟု မျှော်လင့်ထားကြသည်။
သို့သော် သူ့အမေ သေဆုံးသွားပြီးနောက် ကိစ္စများက ပြောင်းလဲသွားလေသည်။ သူ့အဖေက ကာကွယ်ခြင်း မရှိသလို သေရာမှ ပြန်လည်ခေါ်ဆောင်ခြင်းလည်း မရှိပေ။
ပိုင်ဟန်အနေနှင့် ထိုနေ့ရက်တုန်းက သူ့ဖခင်၏ မပြောင်းမလဲ မျက်နှာထားနှင့် စကားကို မှတ်မိနေသေးသည်။
" မင်း အရာအားလုံးကို ရေးကြီးခွင်ကျယ် လိုက်လုပ်နေဖို့ မလိုဘူး။ သူမက မသေဘူး။ သံသရာစက်ဝန်းထဲ ဝင်ရောက်သွားရုံပဲ "
ပိုင်ဟန်က သူ့ဖခင်ကို ရက်စက်သည့်အတွက် ကျိန်ဆဲလိုက်ပြီးနောက် အိမ်မှ အပြီးတိုင် ထွက်လာကာ သူနှင့် စကား ထပ်မပြောတော့ပေ။ သူက သူ့မိခင်၏ မျိုးရိုးကို ပြောင်းလဲခံယူခဲ့သည်။ သူ့အဖေ ထွက်သွားပြီးမှ ကျောင်းတော်ကို ပြန်ရောက်လာခဲ့သည်။
တကယ်တော့ ဧကရာဇ်ခုံက အေးစက်စက် မထူးမခြားနား လုပ်နေခြင်း မဟုတ်ရပေ။ မဟာဧကရာဇ်တစ်ယောက်အနေနှင့် သူက အဆင့်မြင့် သက်ရှိ ဖြစ်နေပြီဖြစ်ရာ ကိစ္စများကို သာမန် သေမျိုးကျင့်ကြံသူများနှင့် ကွဲပြားစွာ မြင်ရုံမျှ ဖြစ်၏။
အားလုံးက သေခြင်းတရားကို အဆုံးသတ်ဟု မြင်ကြသော်လည်း သူကတော့ စတင်မှု နောက်တစ်ခုဟုသာ မြင်သည်။ သူ့ဇနီးကို သံသရာထဲ ဝင်ရောက်စေကာ ဘဝအသစ် ပြန်လည်ဝင်စားလာသည့်အခါ သွားတွေ့လို့ ရလေသည်။ ယခင်ဘဝမှ မှတ်ဉာဏ်များကို ပြန်လည်နှိုးဆွပေး၍ ရ၏။
တစ်ချိန်တည်းဆိုသလို မဟာဧကရာဇ်၊ တာအိုဘိုးဘေး သို့မဟုတ် ထာဝရအရှင် ဖြစ်လာခြင်း မရှိဘဲ သူမက ပြန်လည်ဝင်စားခြင်း နှောင်ကြိုးများမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သိလေသည်။
ဧကရာဇ်ခုံက သူ့ဇနီးသည် နောက်ကျင့်ကြံဆင့် နှစ်ခု ရအောင် ကူညီမပေးသည့် အကြောင်းအရင်းမှာ သူမကိုယ်တိုင်က ပြန်လည်ဝင်စားပြီးနောက် မဟာဧကရာဇ် ဖြစ်လာနိုင်မည့် အခွင့်အရေးကို လိုချင်၍ ဖြစ်သည်။ ထို့ကြောင့် သူက သူမကို တခြားကောင်းကင်အလိုဆန္ဒ ကမ္ဘာတွင် မွေးဖွားစေဖို့အထိ စီစဉ်ပေးထားသည်။
ကံဆိုးစွာဖြင့် သူ့သားနှင့် အဆက်အသွယ် နည်းပါးမှုကြောင့် သားဖြစ်သူက နားလည်မှုလွဲကာ အိမ်မှ ထွက်ပြေးသွားလေသည်။
ပိုင်ဟန်အနေနှင့် ကမ္ဘာကြီးထဲ နှစ်များစွာ သွားလာနေပြီးနောက် သူ့အမေ ကူညီတည်ထောင်ပေးခဲ့သည့် ကျောင်းတော်ကိုသာ အိမ်အဖြစ် ခံစားရ၍ ပြန်ရောက်လာခြင်း ဖြစ်၏။
ပိုင်ဟန်က သူ့အမေကို ပြန်လည်အသက်သွင်းဖို့အတွက် မဟာဧကရာဇ် ဖြစ်လာဖို့ လိုအပ်လေသည်။ သို့သော်လည်း သူက သူ့အဖေကို သူ့ကံကြမ္မာဝဋ်ကြွေးများ ဖယ်ရှားခွင့် မပြုမိလိုက်သောကြောင့် နောက်ကောင်းကင်အလိုဆန္ဒ တိုက်ပွဲတွင် ပါဝင်မယှဉ်ပြိုင်နိုင်ပေ။
ထို့ကြောင့် သူက သွေးကျောက်တုံးထဲ စည်းပိတ်ကာ ယခင်မျိုးဆက်ကမှ ပြန်လည်နှိုးထလာခြင်း ဖြစ်၏။ သို့သော်လည်း သူက ဧကရာဇ်ခုံ၏ သားဖြစ်ကြောင်း စိတ်အတားအဆီးကို မဖြတ်ကျော်နိုင်သေးပေ။
ထို့ကြောင့် သူက လျို့ဝှက်ကျင့်စဉ် အသုံးပြုကာ အမျိုးသမီး တစ်ယောက်ထံ ပြန်လည်မွေးဖွားစေလိုက်သည်။ သူက သူ့ခန္ဓာကိုယ်၊ အားကောင်းသည့် သွေးမျိုးဆက်နှင့် ကျင့်စဉ်များကို စွန့်ကာ ကလေးငယ်အဖြစ် ပြောင်းလဲစေလိုက်သည်။ သူက မှတ်ဉာဏ်များနှင့်အတူ ကလေးငယ်လေးအဖြစ် မွေးဖွားလာခဲ့သည်။
ဤသည်က သူ မွေးဖွားပြီးပြီးချင်း စကားပြောနိုင်သည့် အကြောင်းအရင်း ဖြစ်၏။ ကျောင်းတော်က သူ့ကို ပညာရှိဝိဇ္ဇာအဖြစ် မွေးဖွားလာသည်ဟု ယုံကြည်ကြသည်။
ပိုင်ဟန်က ထိုမျှော်လင့်ချက်များအပေါ် နေထိုင်ခဲ့ရ၏။ သူ့ကို ထာဝရဧကရာဇ်ကိုယ်တိုင် သင်ကြားပြသထားသောကြောင့် သူ့အနေနှင့် တခြားလူများ၏ ကျင့်ကြံရေးပြဿနာများအား အလွယ်တကူ ညွှန်ပြပေးနိုင်သည်။
ရှေးဟောင်းခေတ်ကာလမှ အသိဉာဏ်များနှင့် အမြင်အာရုံများဖြင့် အထွတ်အထိပ်နယ်ပယ်အဆင့် ပြန်ရောက်လာသည့်အခါ ကျောင်းတော်ရှိ သူ့အဆင့်အတန်းက ကြီးထွားလာပြီး ကျောင်းအုပ်အထိ ဖြစ်လာခဲ့သည်။
ပိုင်ဟန်အတွက် ကံမကောင်းသည်က သူကား အတော်လေး ကံဆိုးနေလေသည်။
ပထမဦးစွာ သူက ကောင်းကင်သွေဖယ်နေသည့် ဝမ်ထျန်းနှင့် တွေ့ဆုံရပြီး ရှုံးနိမ့်သွားရသည်။ သူ့ယခင်ကျင့်စဉ်နှင့် နက်နဲလှသော အသိပညာများပင် သူ့ကို ကူညီမပေးနိုင်ပေ။ ထို့နောက် သူက သူ့မျိုးဆက်တွင် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲ ရှိမည် မဟုတ်ကြောင်း သိခဲ့ရုံသာမက နောက်မျိုးဆက်အတွက် လမ်းဖောက်ရန် ယခု အထွတ်အထိပ်လမ်းစဉ်ပင် ပိတ်ဆို့ဖြတ်တောက်ခံမည် ဖြစ်ကြောင်း သိခဲ့ရသည်။
ပိုင်ဟန်က ကောင်းကင်ဘုံသည် သူ့ကို မမျှမတ လုပ်နေသည်ဟု နာရီများစွာ ထိုင်ငြီးငြူခဲ့သေးသည်။ သူက သူ့အဖေ၏ အကူအညီကို လက်မခံခဲ့သည့်အတွက် နောင်တရလာမိသည်။ ထိုသို့ဆိုလျှင် သူ့အနေနှင့် တာအိုကို သက်သေပြ၍ သူ့မိခင်ကို ကယ်တင်ပြီးလောက်လေပြီ။
ပိုင်ဟန်က နောက်တစ်ခါ ပြန်လည်စည်းပိတ်ဖို့ စဉ်းစားခဲ့သော်လည်း မလုပ်ချင်တော့ပေ။ စည်းပိတ်ခံရခြင်းက သဘောကျစရာကောင်းသည့် အတွေ့အကြုံမျိုးတော့ မဟုတ်ပေ။ အထူးသဖြင့် မျိုးဆက်များစွာ နေထိုင်လာရသူထံတွင် ဖြစ်၏။
စည်းပိတ်ခြင်း နှစ်မျိုး ရှိပြီး တစ်ခုက သေခါနီးလူများအတွက် သူတို့အင်အားကို ဂိုဏ်းအတွက် နောက်ဆုံးအနေနှင့် အသုံးပြုပေးချင်တာမျိုးအတွက် ဖြစ်၏။ ထိုလူများကို လုံးဝ စည်းပိတ်ထားပြီး သူတို့နိုးထလာသည်နှင့် မည်မျှကြာကြာ အသက်ရှင်မည်ကို သူတို့သာ သိလိမ့်မည်။
နောက်တစ်မျိုးကာ သူတို့ကံကြမ္မာဝဋ်ကို သန့်စင်ဖို့အတွက် နောက်မျိုးဆက်မှ နိုးထလာချင်သူများ ဖြစ်၏။ သူတို့က သူတို့ကံကြမ္မာဝဋ်ကို သန့်စင်နိုင်ရန်အတွက် အခက်အခဲများကို ကြုံတွေဖို့ လိုအပ်သောကြောင့် အသိစိတ်အမျှင်လေးကို ထိန်းထားရသည်။
ထိုဖြစ်စဉ်က နှိပ်စက်မှုတစ်မျိုး ဖြစ်၏။ သူတို့က တိတ်ဆိတ်နေသည့် အမှောင်ထုထဲ သူတို့အတွေးကလွဲ၍ ဘာဆိုဘာမှမရှိသည့်အတွက် ကမ္ဘာချီကြာမြင့်သလို ခံစားရလေသည်။
ထိုဖြစ်စဉ်က မျှော်နန်းဆောင်အတွင်း ဒုတိယစစ်ဆေးမှုနှင့် တူညီလေသည်။ သို့သော် နှစ်ရာချီ ကုန်ဆုံးမည့်အစား ထိုလူများက နှစ်သန်းချီ သန်းချီ၍ ကုန်ဆုံးကြရသည်။ သူတို့အများစုက ဖြစ်စဉ်အတွင်း ရူးသွပ်သွားကြပြီး တချို့က အချိန်မတိုင်ခင် နိုးထလာကြကာ သဘာဝအတိုင်း သက်တမ်းကုန်ဆုံးသွားစေပြီး သေဆုံးသွားကြသည်။
လူတချို့သာ ဖြစ်စဉ် ပြီးဆုံးသည့်အထိ စောင့်နိုင်ကြသည်။
ပိုင်ဟန်က ထိုအတွေ့အကြုံကို ထပ်မံ မခံစားလိုပေ။ သူ့တာအိုနှလုံးသားက ဒီအထီးကျန်ဖြစ်စဉ်ကို ဒုတိယအကြိမ် ခံစားနိုင်ဖို့အတွက် မသန်မာတော့ပေ။
ထို့ကြောင့် သူက လင်းဖန်ကို ပြုစုပျိုးထောင်ပေးဖို့ ဆုံးဖြတ်ပေးလိုက်သည့်အချက် ဖြစ်၏။ လင်းဖန်သာ မဟာဧကရာဇ် ဖြစ်လာလျှင် သူ့အတွက် ကံကြမ္မာဝဋ်ကြွေး သန့်စင်ပေးပြီး သူ့အနေနှင့် နောက်မျိုးဆက်၏ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လာနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။
................
ကျောင်းတော်ရှိ ဆရာများက ဆွေးနွေးနေကြစဉ် ရှုံးထွက်ပွဲစဉ်ကား စတင်ပြီးနေလေပြီ။
မိုရှင်းယွင်က လျို့ဝှက်နယ်မြေထဲမှ ကြုံရာကျပန်း နေရာတစ်ခုဆီ ပို့ဆောင်ခံလိုက်ရသည်။ သူမအနားတွင် သတ်ဖြတ်ရေး မိစ္ဆာသားရဲများ လဲကျသေဆုံးနေသည်။ ထိုသားရဲများက သေဆုံးနေသော်လည်း သွေးတစ်စက်မှ မရှိသလို ဒဏ်ရာလည်း မရှိချေ။
သူတို့က သွေးနှင့် အတွင်းအင်္ဂါများ ခြောက်သွေ့သွားအောင် စုပ်ယူခံလိုက်ရသည့် မံမီအလောင်းလို ဖြစ်နေသည်။
သူမက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ရင်း သူမဘာသာ တွေးလိုက်သည်။
ဇူဇကာဝါးမျိုခြင်း ကျမ်း မရှိရင် ငါ့ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာက ဘိုးဘေးအဆင့်လောက် ရောက်လာနိုင်မှာ မဟုတ်ဘူး ...
ဒါပေမဲ့ သူ့ထက် အရေးသာတာ ရှိတာက ဒီမျိုးဆက်မှာ ကောင်းကင်ရုပ်ခန္ဓာ ထိပ်တန်း ဆယ်ယောက်လုံး မွေးဖွားလာတာပဲ ...
အသင်္ချေအင်ပါယာကမ္ဘာ သမိုင်းကြောင်းတစ်လျှောက် ထိုသို့အရာမျိုး ဖြစ်ဖူးသည့် အခေါက်ရေကို လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်သည်။ ရုပ်ခန္ဓာအသစ်များ ပေါ်ထွက်လာသည့် အကြောင်းကို ထည့်မပြောရသေးပေ။
တကယ်လို့ ငါသာ သူတို့အားလုံးကို ဝါးမျိုနိုင်ရင် ငါ့ဘိုးဘေးထက်တောင် အားကောင်းသွားမှာ ...
ဒါပေမဲ့ အဲဒီထိပ်ဆုံးက လူတွေက သွားရှုပ်ဖို့ မလွယ်ဘူး ... အောက်ခြေ ရုပ်ခန္ဓာတွေကနေ စလိုက်တာပေါ့
မိုမိသားစု နောက်ခံရှိနေတာဆိုတော့ အလွှာနိမ့်ကလူတွေကို ဝါးမျိုလိုက်လည်း ပြဿနာ မရှိလောက်ဘူး ... တာအိုကိုးကွယ်ကျောင်းတော်တစ်ခုပဲ နည်းနည်းပြဿနာ တက်နိုင်တယ်
ကျစ် ... ငါ မိစ္ဆာကျင့်ကြံသူက ဘယ်တုန်းက တခြားဂိုဏ်းရဲ့ တုံ့ပြန်မှုတွေကို လိုက်ဂရုစိုက်နေတာလဲ ... သူတို့ကို ပွင့်လင်းမြင်သာ ဝါးမျိုပစ်လိုက်မယ်
သူတို့အားနည်းနေတာတော့ ငါ့ကို လာအပြစ်တင်လို့ မရဘူး ...
ငါသာ ဒီစစ်ဆေးမှုထဲ ထိပ်ဆုံးအယောက် ၃၀ ထဲ ရောက်ခဲ့ရင် ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် မတိုင်ခင်အထိ ပြဿနာ မရှိတော့ဘူး
မိုရှင်းယွင်က ထိုအရာကို တွေးလိုက်ပြီးနောက် နေရာတစ်ခုဆီ ပြေးသွားလိုက်ပြီး ပစ်မှတ်ကို နောက်ယောင်ခံလိုက်သည်။ သူမက ထိုစစ်ဆေးမှုထဲ သူတို့ကို မြင့်တက်နိုင်ခွင့် ပေးမည် မဟုတ်ပေ။
ထိုစဉ် မိုရှင်းယွင်နှင့် အလှမ်းကွာသည့် နေရာတစ်ခုတွင် တော်ဝင်နယ်မြေမှ လူငယ်ကျင့်ကြံသူလေးက ဖြည်းဖြည်းချင်း တစ်ဖက်ကို လှည့်ကြည့်လာသည်။ အကယ်၍ တစ်ယောက်ယောက်သာ သူ့ကို သေချာကြည့်လိုက်ပါက သူ့မျက်ဝန်းမှ ထုံထိုင်းထိုင်း အခြေအနေကို မြင်တွေ့နိုင်လေသည်။
ကြည့်ရသည်မှာ သူက တစ်ယောက်ယောက် ထိန်းချုပ်တာ ခံထားရသည့် ရုပ်သေးရုပ်လိုမျိုး ဖြစ်နေပြီး သူ့ကိုယ်ပိုင်အတွေး မရှိပေ။
ထိုလူ၏ အသိစိတ်ပင်လယ်အတွင်း အရိပ်တစ်ခုက သူ့ဝိညာဉ်ကို ဖိနှိပ်ကာ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နေလေသည်။
အရိပ်က ခန္ဓာကိုယ် လှည့်ထားသည့်ဘက်ကို လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။
" နောက်ဆုံးတော့ ကောင်းကင်ဝါးမျိုခြင်း ရုပ်ခန္ဓာပိုင်ရှင်ကို ရှာတွေ့ပြီ။ သူမရဲ့ အကူအညီနဲ့ဆိုရင် ငါ့အစီအစဉ်တွေက နောက်ဆုံး အကောင်အထည် ပေါ်လာတော့မယ်။ ငါ ဒီနေ့အတွက် စောင့်နေတာကြာလှပြီ "
***********
ကံၾကမၼာဖ်က္ဆီးျခင္း ဧကရာဇ္၏ ခရီးလမ္း စာစဥ္ (၁၆)
မူရင္းေရးသားသူ - lazySageDao
ဘာသာျပန္သူ - Fortuna(ၾကည္ျဖဴ) (႐ိုးရာ)
အခန္း (၂၁၉) : ရႈံးထြက္ပြဲစဥ္ စတင္ျခင္း
ေက်ာင္းအုပ္ ပိုင္ဟန္က အလယ္ပိုင္း ဧကရာဇ္ေခတ္ကာလတြင္ ေမြးဖြားခဲ့သူ ျဖစ္ၿပီး သူ႔အေဖက ဧကရာဇ္ခုံ ျဖစ္၏။ ထို႔ေၾကာင့္ သူ႔နာမည္အရင္းက ခုံဟန္ ျဖစ္ၿပီး ေက်ာင္းေတာ္ တည္ေထာင္မႈကို မ်က္ျမင္ကိုယ္ေတြ႕ ႀကဳံခဲ့သူလည္း ျဖစ္ေပသည္။
သို႔ေသာ္လည္း သူ႔တစ္ဘဝလုံး သူ႔အေဖ၏ အရိပ္ေအာက္၌သာ ေနထိုင္ခဲ့ရသည္။ လူမ်ားစြာက သူ႔ကို သူ႔အေဖႏွင့္သာ ႏႈိင္းယွဥ္ေလ့ရွိသည္။ သူ မည္မွ်ေအာင္ျမင္ေစကာမူ လုံလုံေလာက္ေလာက္ မေကာင္းတာမ်ိဳး ဒါမွမဟုတ္ ဧကရာဇ္ခုံ၏ သားျဖစ္ေနသည့္အခ်က္ကိုသာ ခ်ီးက်ဴးၾကသည္။ ထို႔ေၾကာင့္ သူ႔အေဖႏွင့္ ဆက္ဆံေရးက အစကတည္းက မေကာင္းခဲ့ေပ။
မည္သို႔ပင္ဆိုေစကာမူ အားလုံးက ပိုင္ဟန္၏ ကံၾကမၼာဝဋ္ေႂကြးကို သူ႔ဖခင္က ရွင္းေပးႏိုင္ေသာေၾကာင့္ သူ႔ကို ေက်ာင္းေတာ္၏ ေနာက္ဧကရာဇ္ ျဖစ္လလိမ့္မည္ဟု ေမွ်ာ္လင့္ထားၾကသည္။
သို႔ေသာ္ သူ႔အေမ ေသဆုံးသြားၿပီးေနာက္ ကိစၥမ်ားက ေျပာင္းလဲသြားေလသည္။ သူ႔အေဖက ကာကြယ္ျခင္း မရွိသလို ေသရာမွ ျပန္လည္ေခၚေဆာင္ျခင္းလည္း မရွိေပ။
ပိုင္ဟန္အေနႏွင့္ ထိုေန႔ရက္တုန္းက သူ႔ဖခင္၏ မေျပာင္းမလဲ မ်က္ႏွာထားႏွင့္ စကားကို မွတ္မိေနေသးသည္။
" မင္း အရာအားလုံးကို ေရးႀကီးခြင္က်ယ္ လိုက္လုပ္ေနဖို႔ မလိုဘူး။ သူမက မေသဘူး။ သံသရာစက္ဝန္းထဲ ဝင္ေရာက္သြား႐ုံပဲ "
ပိုင္ဟန္က သူ႔ဖခင္ကို ရက္စက္သည့္အတြက္ က်ိန္ဆဲလိုက္ၿပီးေနာက္ အိမ္မွ အၿပီးတိုင္ ထြက္လာကာ သူႏွင့္ စကား ထပ္မေျပာေတာ့ေပ။ သူက သူ႔မိခင္၏ မ်ိဳး႐ိုးကို ေျပာင္းလဲခံယူခဲ့သည္။ သူ႔အေဖ ထြက္သြားၿပီးမွ ေက်ာင္းေတာ္ကို ျပန္ေရာက္လာခဲ့သည္။
တကယ္ေတာ့ ဧကရာဇ္ခုံက ေအးစက္စက္ မထူးမျခားနား လုပ္ေနျခင္း မဟုတ္ရေပ။ မဟာဧကရာဇ္တစ္ေယာက္အေနႏွင့္ သူက အဆင့္ျမင့္ သက္ရွိ ျဖစ္ေနၿပီျဖစ္ရာ ကိစၥမ်ားကို သာမန္ ေသမ်ိဳးက်င့္ႀကံသူမ်ားႏွင့္ ကြဲျပားစြာ ျမင္႐ုံမွ် ျဖစ္၏။
အားလုံးက ေသျခင္းတရားကို အဆုံးသတ္ဟု ျမင္ၾကေသာ္လည္း သူကေတာ့ စတင္မႈ ေနာက္တစ္ခုဟုသာ ျမင္သည္။ သူ႔ဇနီးကို သံသရာထဲ ဝင္ေရာက္ေစကာ ဘဝအသစ္ ျပန္လည္ဝင္စားလာသည့္အခါ သြားေတြ႕လို႔ ရေလသည္။ ယခင္ဘဝမွ မွတ္ဉာဏ္မ်ားကို ျပန္လည္ႏႈိးဆြေပး၍ ရ၏။
တစ္ခ်ိန္တည္းဆိုသလို မဟာဧကရာဇ္၊ တာအိုဘိုးေဘး သို႔မဟုတ္ ထာဝရအရွင္ ျဖစ္လာျခင္း မရွိဘဲ သူမက ျပန္လည္ဝင္စားျခင္း ေႏွာင္ႀကိဳးမ်ားမွ လြတ္ေျမာက္ႏိုင္မည္ မဟုတ္ေၾကာင္း သိေလသည္။
ဧကရာဇ္ခုံက သူ႔ဇနီးသည္ ေနာက္က်င့္ႀကံဆင့္ ႏွစ္ခု ရေအာင္ ကူညီမေပးသည့္ အေၾကာင္းအရင္းမွာ သူမကိုယ္တိုင္က ျပန္လည္ဝင္စားၿပီးေနာက္ မဟာဧကရာဇ္ ျဖစ္လာႏိုင္မည့္ အခြင့္အေရးကို လိုခ်င္၍ ျဖစ္သည္။ ထို႔ေၾကာင့္ သူက သူမကို တျခားေကာင္းကင္အလိုဆႏၵ ကမာၻတြင္ ေမြးဖြားေစဖို႔အထိ စီစဥ္ေပးထားသည္။
ကံဆိုးစြာျဖင့္ သူ႔သားႏွင့္ အဆက္အသြယ္ နည္းပါးမႈေၾကာင့္ သားျဖစ္သူက နားလည္မႈလြဲကာ အိမ္မွ ထြက္ေျပးသြားေလသည္။
ပိုင္ဟန္အေနႏွင့္ ကမာၻႀကီးထဲ ႏွစ္မ်ားစြာ သြားလာေနၿပီးေနာက္ သူ႔အေမ ကူညီတည္ေထာင္ေပးခဲ့သည့္ ေက်ာင္းေတာ္ကိုသာ အိမ္အျဖစ္ ခံစားရ၍ ျပန္ေရာက္လာျခင္း ျဖစ္၏။
ပိုင္ဟန္က သူ႔အေမကို ျပန္လည္အသက္သြင္းဖို႔အတြက္ မဟာဧကရာဇ္ ျဖစ္လာဖို႔ လိုအပ္ေလသည္။ သို႔ေသာ္လည္း သူက သူ႔အေဖကို သူ႔ကံၾကမၼာဝဋ္ေႂကြးမ်ား ဖယ္ရွားခြင့္ မျပဳမိလိုက္ေသာေၾကာင့္ ေနာက္ေကာင္းကင္အလိုဆႏၵ တိုက္ပြဲတြင္ ပါဝင္မယွဥ္ၿပိဳင္ႏိုင္ေပ။
ထို႔ေၾကာင့္ သူက ေသြးေက်ာက္တုံးထဲ စည္းပိတ္ကာ ယခင္မ်ိဳးဆက္ကမွ ျပန္လည္ႏႈိးထလာျခင္း ျဖစ္၏။ သို႔ေသာ္လည္း သူက ဧကရာဇ္ခုံ၏ သားျဖစ္ေၾကာင္း စိတ္အတားအဆီးကို မျဖတ္ေက်ာ္ႏိုင္ေသးေပ။
ထို႔ေၾကာင့္ သူက လ်ိဳ႕ဝွက္က်င့္စဥ္ အသုံးျပဳကာ အမ်ိဳးသမီး တစ္ေယာက္ထံ ျပန္လည္ေမြးဖြားေစလိုက္သည္။ သူက သူ႔ခႏၶာကိုယ္၊ အားေကာင္းသည့္ ေသြးမ်ိဳးဆက္ႏွင့္ က်င့္စဥ္မ်ားကို စြန႔္ကာ ကေလးငယ္အျဖစ္ ေျပာင္းလဲေစလိုက္သည္။ သူက မွတ္ဉာဏ္မ်ားႏွင့္အတူ ကေလးငယ္ေလးအျဖစ္ ေမြးဖြားလာခဲ့သည္။
ဤသည္က သူ ေမြးဖြားၿပီးၿပီးခ်င္း စကားေျပာႏိုင္သည့္ အေၾကာင္းအရင္း ျဖစ္၏။ ေက်ာင္းေတာ္က သူ႔ကို ပညာရွိဝိဇၨာအျဖစ္ ေမြးဖြားလာသည္ဟု ယုံၾကည္ၾကသည္။
ပိုင္ဟန္က ထိုေမွ်ာ္လင့္ခ်က္မ်ားအေပၚ ေနထိုင္ခဲ့ရ၏။ သူ႔ကို ထာဝရဧကရာဇ္ကိုယ္တိုင္ သင္ၾကားျပသထားေသာေၾကာင့္ သူ႔အေနႏွင့္ တျခားလူမ်ား၏ က်င့္ႀကံေရးျပႆနာမ်ားအား အလြယ္တကူ ၫႊန္ျပေပးႏိုင္သည္။
ေရွးေဟာင္းေခတ္ကာလမွ အသိဉာဏ္မ်ားႏွင့္ အျမင္အာ႐ုံမ်ားျဖင့္ အထြတ္အထိပ္နယ္ပယ္အဆင့္ ျပန္ေရာက္လာသည့္အခါ ေက်ာင္းေတာ္ရွိ သူ႔အဆင့္အတန္းက ႀကီးထြားလာၿပီး ေက်ာင္းအုပ္အထိ ျဖစ္လာခဲ့သည္။
ပိုင္ဟန္အတြက္ ကံမေကာင္းသည္က သူကား အေတာ္ေလး ကံဆိုးေနေလသည္။
ပထမဦးစြာ သူက ေကာင္းကင္ေသြဖယ္ေနသည့္ ဝမ္ထ်န္းႏွင့္ ေတြ႕ဆုံရၿပီး ရႈံးနိမ့္သြားရသည္။ သူ႔ယခင္က်င့္စဥ္ႏွင့္ နက္နဲလွေသာ အသိပညာမ်ားပင္ သူ႔ကို ကူညီမေပးႏိုင္ေပ။ ထို႔ေနာက္ သူက သူ႔မ်ိဳးဆက္တြင္ ေကာင္းကင္အလိုဆႏၵ တိုက္ပြဲ ရွိမည္ မဟုတ္ေၾကာင္း သိခဲ့႐ုံသာမက ေနာက္မ်ိဳးဆက္အတြက္ လမ္းေဖာက္ရန္ ယခု အထြတ္အထိပ္လမ္းစဥ္ပင္ ပိတ္ဆို႔ျဖတ္ေတာက္ခံမည္ ျဖစ္ေၾကာင္း သိခဲ့ရသည္။
ပိုင္ဟန္က ေကာင္းကင္ဘုံသည္ သူ႔ကို မမွ်မတ လုပ္ေနသည္ဟု နာရီမ်ားစြာ ထိုင္ၿငီးျငဴခဲ့ေသးသည္။ သူက သူ႔အေဖ၏ အကူအညီကို လက္မခံခဲ့သည့္အတြက္ ေနာင္တရလာမိသည္။ ထိုသို႔ဆိုလွ်င္ သူ႔အေနႏွင့္ တာအိုကို သက္ေသျပ၍ သူ႔မိခင္ကို ကယ္တင္ၿပီးေလာက္ေလၿပီ။
ပိုင္ဟန္က ေနာက္တစ္ခါ ျပန္လည္စည္းပိတ္ဖို႔ စဥ္းစားခဲ့ေသာ္လည္း မလုပ္ခ်င္ေတာ့ေပ။ စည္းပိတ္ခံရျခင္းက သေဘာက်စရာေကာင္းသည့္ အေတြ႕အႀကဳံမ်ိဳးေတာ့ မဟုတ္ေပ။ အထူးသျဖင့္ မ်ိဳးဆက္မ်ားစြာ ေနထိုင္လာရသူထံတြင္ ျဖစ္၏။
စည္းပိတ္ျခင္း ႏွစ္မ်ိဳး ရွိၿပီး တစ္ခုက ေသခါနီးလူမ်ားအတြက္ သူတို႔အင္အားကို ဂိုဏ္းအတြက္ ေနာက္ဆုံးအေနႏွင့္ အသုံးျပဳေပးခ်င္တာမ်ိဳးအတြက္ ျဖစ္၏။ ထိုလူမ်ားကို လုံးဝ စည္းပိတ္ထားၿပီး သူတို႔ႏိုးထလာသည္ႏွင့္ မည္မွ်ၾကာၾကာ အသက္ရွင္မည္ကို သူတို႔သာ သိလိမ့္မည္။
ေနာက္တစ္မ်ိဳးကာ သူတို႔ကံၾကမၼာဝဋ္ကို သန႔္စင္ဖို႔အတြက္ ေနာက္မ်ိဳးဆက္မွ ႏိုးထလာခ်င္သူမ်ား ျဖစ္၏။ သူတို႔က သူတို႔ကံၾကမၼာဝဋ္ကို သန႔္စင္ႏိုင္ရန္အတြက္ အခက္အခဲမ်ားကို ႀကဳံေတြဖို႔ လိုအပ္ေသာေၾကာင့္ အသိစိတ္အမွ်င္ေလးကို ထိန္းထားရသည္။
ထိုျဖစ္စဥ္က ႏွိပ္စက္မႈတစ္မ်ိဳး ျဖစ္၏။ သူတို႔က တိတ္ဆိတ္ေနသည့္ အေမွာင္ထုထဲ သူတို႔အေတြးကလြဲ၍ ဘာဆိုဘာမွမရွိသည့္အတြက္ ကမာၻခ်ီၾကာျမင့္သလို ခံစားရေလသည္။
ထိုျဖစ္စဥ္က ေမွ်ာ္နန္းေဆာင္အတြင္း ဒုတိယစစ္ေဆးမႈႏွင့္ တူညီေလသည္။ သို႔ေသာ္ ႏွစ္ရာခ်ီ ကုန္ဆုံးမည့္အစား ထိုလူမ်ားက ႏွစ္သန္းခ်ီ သန္းခ်ီ၍ ကုန္ဆုံးၾကရသည္။ သူတို႔အမ်ားစုက ျဖစ္စဥ္အတြင္း ႐ူးသြပ္သြားၾကၿပီး တခ်ိဳ႕က အခ်ိန္မတိုင္ခင္ ႏိုးထလာၾကကာ သဘာဝအတိုင္း သက္တမ္းကုန္ဆုံးသြားေစၿပီး ေသဆုံးသြားၾကသည္။
လူတခ်ိဳ႕သာ ျဖစ္စဥ္ ၿပီးဆုံးသည့္အထိ ေစာင့္ႏိုင္ၾကသည္။
ပိုင္ဟန္က ထိုအေတြ႕အႀကဳံကို ထပ္မံ မခံစားလိုေပ။ သူ႔တာအိုႏွလုံးသားက ဒီအထီးက်န္ျဖစ္စဥ္ကို ဒုတိယအႀကိမ္ ခံစားႏိုင္ဖို႔အတြက္ မသန္မာေတာ့ေပ။
ထို႔ေၾကာင့္ သူက လင္းဖန္ကို ျပဳစုပ်ိဳးေထာင္ေပးဖို႔ ဆုံးျဖတ္ေပးလိုက္သည့္အခ်က္ ျဖစ္၏။ လင္းဖန္သာ မဟာဧကရာဇ္ ျဖစ္လာလွ်င္ သူ႔အတြက္ ကံၾကမၼာဝဋ္ေႂကြး သန႔္စင္ေပးၿပီး သူ႔အေနႏွင့္ ေနာက္မ်ိဳးဆက္၏ ေကာင္းကင္အလိုဆႏၵ တိုက္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္လာႏိုင္လိမ့္မည္ဟု ေမွ်ာ္လင့္ထားသည္။
................
ေက်ာင္းေတာ္ရွိ ဆရာမ်ားက ေဆြးေႏြးေနၾကစဥ္ ရႈံးထြက္ပြဲစဥ္ကား စတင္ၿပီးေနေလၿပီ။
မိုရွင္းယြင္က လ်ိဳ႕ဝွက္နယ္ေျမထဲမွ ႀကဳံရာက်ပန္း ေနရာတစ္ခုဆီ ပို႔ေဆာင္ခံလိုက္ရသည္။ သူမအနားတြင္ သတ္ျဖတ္ေရး မိစာၦသားရဲမ်ား လဲက်ေသဆုံးေနသည္။ ထိုသားရဲမ်ားက ေသဆုံးေနေသာ္လည္း ေသြးတစ္စက္မွ မရွိသလို ဒဏ္ရာလည္း မရွိေခ်။
သူတို႔က ေသြးႏွင့္ အတြင္းအဂၤါမ်ား ေျခာက္ေသြ႕သြားေအာင္ စုပ္ယူခံလိုက္ရသည့္ မံမီအေလာင္းလို ျဖစ္ေနသည္။
သူမက အေဝးတစ္ေနရာကို လွမ္းၾကည့္လိုက္ရင္း သူမဘာသာ ေတြးလိုက္သည္။
ဇူဇကာဝါးမ်ိဳျခင္း က်မ္း မရွိရင္ ငါ့ေကာင္းကင္ဝါးမ်ိဳျခင္း ႐ုပ္ခႏၶာက ဘိုးေဘးအဆင့္ေလာက္ ေရာက္လာႏိုင္မွာ မဟုတ္ဘူး ...
ဒါေပမဲ့ သူ႔ထက္ အေရးသာတာ ရွိတာက ဒီမ်ိဳးဆက္မွာ ေကာင္းကင္႐ုပ္ခႏၶာ ထိပ္တန္း ဆယ္ေယာက္လုံး ေမြးဖြားလာတာပဲ ...
အသေခ်ၤအင္ပါယာကမာၻ သမိုင္းေၾကာင္းတစ္ေလွ်ာက္ ထိုသို႔အရာမ်ိဳး ျဖစ္ဖူးသည့္ အေခါက္ေရကို လက္တစ္ဖက္တည္းျဖင့္ ေရတြက္ႏိုင္သည္။ ႐ုပ္ခႏၶာအသစ္မ်ား ေပၚထြက္လာသည့္ အေၾကာင္းကို ထည့္မေျပာရေသးေပ။
တကယ္လို႔ ငါသာ သူတို႔အားလုံးကို ဝါးမ်ိဳႏိုင္ရင္ ငါ့ဘိုးေဘးထက္ေတာင္ အားေကာင္းသြားမွာ ...
ဒါေပမဲ့ အဲဒီထိပ္ဆုံးက လူေတြက သြားရႈပ္ဖို႔ မလြယ္ဘူး ... ေအာက္ေျခ ႐ုပ္ခႏၶာေတြကေန စလိုက္တာေပါ့
မိုမိသားစု ေနာက္ခံရွိေနတာဆိုေတာ့ အလႊာနိမ့္ကလူေတြကို ဝါးမ်ိဳလိုက္လည္း ျပႆနာ မရွိေလာက္ဘူး ... တာအိုကိုးကြယ္ေက်ာင္းေတာ္တစ္ခုပဲ နည္းနည္းျပႆနာ တက္ႏိုင္တယ္
က်စ္ ... ငါ မိစာၦက်င့္ႀကံသူက ဘယ္တုန္းက တျခားဂိုဏ္းရဲ႕ တုံ႔ျပန္မႈေတြကို လိုက္ဂ႐ုစိုက္ေနတာလဲ ... သူတို႔ကို ပြင့္လင္းျမင္သာ ဝါးမ်ိဳပစ္လိုက္မယ္
သူတို႔အားနည္းေနတာေတာ့ ငါ့ကို လာအျပစ္တင္လို႔ မရဘူး ...
ငါသာ ဒီစစ္ေဆးမႈထဲ ထိပ္ဆုံးအေယာက္ ၃၀ ထဲ ေရာက္ခဲ့ရင္ ကမာၻဦးစိတ္ဝိညာဥ္အဆင့္ မတိုင္ခင္အထိ ျပႆနာ မရွိေတာ့ဘူး
မိုရွင္းယြင္က ထိုအရာကို ေတြးလိုက္ၿပီးေနာက္ ေနရာတစ္ခုဆီ ေျပးသြားလိုက္ၿပီး ပစ္မွတ္ကို ေနာက္ေယာင္ခံလိုက္သည္။ သူမက ထိုစစ္ေဆးမႈထဲ သူတို႔ကို ျမင့္တက္ႏိုင္ခြင့္ ေပးမည္ မဟုတ္ေပ။
ထိုစဥ္ မိုရွင္းယြင္ႏွင့္ အလွမ္းကြာသည့္ ေနရာတစ္ခုတြင္ ေတာ္ဝင္နယ္ေျမမွ လူငယ္က်င့္ႀကံသူေလးက ျဖည္းျဖည္းခ်င္း တစ္ဖက္ကို လွည့္ၾကည့္လာသည္။ အကယ္၍ တစ္ေယာက္ေယာက္သာ သူ႔ကို ေသခ်ာၾကည့္လိုက္ပါက သူ႔မ်က္ဝန္းမွ ထုံထိုင္းထိုင္း အေျခအေနကို ျမင္ေတြ႕ႏိုင္ေလသည္။
ၾကည့္ရသည္မွာ သူက တစ္ေယာက္ေယာက္ ထိန္းခ်ဳပ္တာ ခံထားရသည့္ ႐ုပ္ေသး႐ုပ္လိုမ်ိဳး ျဖစ္ေနၿပီး သူ႔ကိုယ္ပိုင္အေတြး မရွိေပ။
ထိုလူ၏ အသိစိတ္ပင္လယ္အတြင္း အရိပ္တစ္ခုက သူ႔ဝိညာဥ္ကို ဖိႏွိပ္ကာ သူ႔ခႏၶာကိုယ္ကို ထိန္းခ်ဳပ္ေနေလသည္။
အရိပ္က ခႏၶာကိုယ္ လွည့္ထားသည့္ဘက္ကို လွမ္းၾကည့္ကာ ေရ႐ြတ္လိုက္သည္။
" ေနာက္ဆုံးေတာ့ ေကာင္းကင္ဝါးမ်ိဳျခင္း ႐ုပ္ခႏၶာပိုင္ရွင္ကို ရွာေတြ႕ၿပီ။ သူမရဲ႕ အကူအညီနဲ႔ဆိုရင္ ငါ့အစီအစဥ္ေတြက ေနာက္ဆုံး အေကာင္အထည္ ေပၚလာေတာ့မယ္။ ငါ ဒီေန႔အတြက္ ေစာင့္ေနတာၾကာလွၿပီ "