ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏...

Door kilulayuu121

28K 3.1K 487

sequel of book 1 Meer

အခန်း(201)
အခန်း(202)
အခန်း(203)
အခန်း(204)
အခန်း(205)
အခန်း(206)
အခန်း(207)
အခန်း(208)
အခန်း(209.2)
အခန်း(209)
အခန်း(210)
အခန်း(211)
အခန်း(212)
အခန်း(213)
အခန်း(214)
အခန်း(215)
အခန်း(216)
အခန်း(217)
အခန်း(218)
အခန်း(219)
အခန်း(219)
အခန်း(220)
အခန်း(221)
အခန်း(222)
အခန်း(223)
အခန်း(224)
အခန်း(225)
အခန်း(226)
အခန်း(၂၂၇)
အခန်း(228)
အခန်း(229)
အခန်း(230)
အခန်း(231)
အခန်း(232)
အခန်း(233)
အခန်း(234)
အခန်း(235)
အခန်း(236)
အခန်း(237)
အခန်း(238)
အခန်း(239)
အခန်း(240)
အခန်း(241)
အခန်း(၂၄၂)
အခန်း(243)
အခန်း(244)
အခန်း(245)
အခန်း(246)
အခန်း(247)
အခန်း(248)
အခန်း(249)
အခန်း(250)
အခန်း(251)
အခန်း(252)
အခန်း(၂၅၃)
အခန်း(၂၅၄)
အခန်းူ(255)
အခန်း(256)
အခန်း(257)
အခန်း(258)
အခန်း(259)
အခန်း(260)
အခန်း(261)
အခန်း(262)
အခန်း(၂၆၃)
အခန်း(၂၆၄)
အခန်း(၂၆၅)
အခန်း(၂၆၆)
အခန်း(၂၆၇)
အခန်း(၂၆၈)
အခန်း(၂၆၉)
အခန်း(၂၇၀)
အခန်း(၂၇၁)
အခန်း(၂၇၂)
အခန်း(၂၇၃)
အခန်း(၂၇၄)
အခန်း(၂၇၅)
အခန်း(၂၇၆)
အခန်း(၂၇၇)
အခန်း(၂၇၈)
အခန်း(၂၇၉)
အခန်း(၂၈၀)
အခန်း(၂၈၁)
အခန်း(၂၈၂)
အခန်း(၂၈၃)
အခန်း(၂၈၄)
အခန်း(၂၈၅)
အခန်း(၂၈၆)
အခန်း(၂၈၇)
အခန်း(၂၈၈)
အခန်း(၂၈၉)
အခန်း(၂၉၀)
အခန်း(၂၉၁)
အခန်း(၂၉၂)
အခန်း(၂၉၃)
အခန်း(၂၉၄)
အခန်း(၂၉၅)
အခန်း(၂၉၆)
အခန်း(၂၉၇)
အခန်း(၂၉၈)
အခန်း(၂၉၉)
အခန်း(၃၀၀)
အခန်း(၃၀၁)
အခန်း(၃၀၂)
အခန်း(၃၀၃)
အခန်း(၃၀၄)
အခန်း(၃၀၅)
အခန်း(၃၀၆)
အခန်း(၃၀၇)
အခန်း(၃၀၈)
အခန်း(၃၀၉)
အခန်း(၃၁၀)
အခန်း(၃၁၁)
အခန်း(၃၁၂)
အခန်း(၃၁၃)
အခန်း(၃၁၄)
အခန်း(၃၁၅)
အခန်း(၃၁၆)
အခန်း(၃၁၇)
အခန်း(၃၁၈)
အခန်း(၃၁၉)
အခန်း(၃၂၀)
အခန်း(၃၂၁)
အခန်း(၃၂၂) Book 23 End
အခန်း(၃၂၃)
အခန်း(၃၂၄)
အခန်း(၃၂၅)
အခန်း(၃၂၆)
အခန်း(၃၂၇)
အခန်း(၃၂၈)
အခန်း(၃၂၉)
အခန်း(၃၃၀)
အခန်း(၃၃၁)
အခန်း(၃၃၂)
အခန်း(၃၃၃)
အခန်း(၃၃၄)
အခန်း(၃၃၅)
အခန်း(၃၃၆) End of book 24
အခန်း(၃၃၇)
အခန်း(၃၃၈)
အခန်း(၃၃၉)
အခန်း(၃၄၀)
အခန်း(၃၄၁)
အခန်း(၃၄၂)
အခန်း(၃၄၃)
အခန်း(၃၄၄)
အခန်း(၃၄၅)
အခန်း(၃၄၆)
အခန်း(၃၄၇)
အခန်း(၃၄၈)
အခန်း(၃၄၉)
အခန်း(၃၅၀)
အခန်း(၃၅၁)
အခန်း(၃၅၂)
အခန်း(၃၅၃)
အခန်း(၃၅၄)
အခန်း(၃၅၅)
အခန်း(၃၅၆)
အခန်း(၃၅၇)
အခန်း(၃၅၈)
အခန်း(၃၅၉)
အခန်း(၃၆၀)
အခန်း(၃၆၁)
အခန်း(၃၆၂)
အခန်း(၃၆၃)
အခန်း(၃၆၄)
အခန်း(၃၆၅)
အခန်း(၃၆၆)
အခန်း(၃၆၇)
အခန်း(၃၆၈)
အခန်း(၃၆၉)
အခန်း(၃၇၀)
အခန်း(၃၇၁)
အခန်း(၃၇၂)
အခန်း(၃၇၃)
အခန်း(၃၇၄)
အခန်း(၃၇၅)
အခန်း(၃၇၆)
အခန်း(၃၇၇)
အခန်း(၃၇၈) book 27 end
အခန်း(၃၇၉)
အခန်း(၃၈၀)
အခန်း(၃၈၁)
အခန်း(၃၈၂)
အခန်း(၃၈၃)
အခန်း(၃၈၄)
အခန်း(၃၈၅)
အခန်း(၃၈၆)
အခန်း(၃၈၇)
အခန်း(၃၈၈)
အခန်း(၃၈၉)
အခန်း(၃၉၀)
အခန်း(၃၉၁)
အခန်း(၃၉၂)
အခန်း(၃၉၃)
အခန်း(၃၉၄)
အခန်း(၃၉၅)
အခန်း(၃၉၆)
အခန်း(၃၉၇)

အခန်း(209.1)

169 22 0
Door kilulayuu121


အခန်း(၂၀၉.၁) : နတ်ဆိုးမျိုးနွယ်၏ အတွင်းရေးပဋိပက္ခများ

" ငါတို့မှာ ရွေးချယ်စရာမရှိဘူးလို့ ဘာကိုပြောချင်တာလဲ" နတ်ဆိုးမျိုးနွယ် ခေါင်းဆောင်တစ်ယောက်က မေးလိုက်သည်။

"ထာဝရဧကရာဇ် မွေးထုတ်နိုင်ဖို့ ပါရမီတစ်ခုပဲ လိုအပ်တယ် ထင်နေလား။ သူက မျိုးရိုးပြန်ဖော်ဆောင်ခြင်း စီမံကိန်းကို အောင်မြင်သွားရုံနဲ့ ထာဝရဧကရာဇ် တန်းဖြစ်သွားမယ်လို့ ထင်နေကြတာလား" ရွှေခြင်္သေ့ မျိုးနွယ်ခေါင်းဆောင်က မေးလိုက်သည်။

အခန်းက တဖန်တိတ်ဆိတ်သွားပြန်သည်။ အားလုံးက ရွှေခြင်္သေ့မျိုးနွယ် ခေါင်းဆောင်၏ စကားကို စတင်စဉ်းစားနေကြ၏။ ထာဝရဧကရာဇ်ဆိုသည်မှာ အသင်္ချေအင်ပါယာကမ္ဘာထဲ လျှောက်လှမ်းဖူးသည့် မဟာဧကရာဇ်များကြား အမြင့်ဆုံးအဆင့် ဖြစ်၏။

ခေတ်ကာလများစွာတိုင်၊ နှစ်သန်းပေါင်းများစွာတိုင်၊ မဟာဧကရာဇ်ထောင်ချီတိုင် ထာဝရဧကရာဇ် အရေအတွက်က လက်နှစ်ဖက်တည်းဖြင့် ရေတွက်နိုင်လေသည်။

တကယ်တော့ ခေတ်တစ်ခုအစတွင် ထာဝရဧကရာဇ် တစ်ယောက်သာ ရှိနေသည်။ ခြွင်းချက်ကား ရှေးဟောင်းဧကရာဇ်ခေတ်ကာလတွင် ဖြစ်ပြီး သုံးယောက် ထွက်ပေါ်ခဲ့ဖူးသည်။

နှစ်ယောက်က တာအိုအခွင့်အလမ်းဂိုဏ်းမှ ဧကရာဇ်ချီယွမ်နှင့် ဓားဧကရီတို့ ဖြစ်ကြပြီး နောက်ဆုံးတစ်ယောက်မှာ လူသားဧကရာဇ် ဖြစ်ပေသည်။ ထို့နောက် ယုံကြည်မှုခေတ်ကာလတွင် အကြွင်းမဲ့ စတင်ခြင်း ဧကရာဇ်နှင့် မိစ္ဆာခေတ်ကာလတွင် ဧကရီဝူတို့ ပေါ်ထွက်ခဲ့ဖူးသည်။ နောက်တစ်ယောက်က အလယ်ပိုင်း ဧကရာဇ်ခေတ်တွင် ဖြစ်၏။

လက်ရှိ ဧကရာဇ်ခေတ်ကာလအတွက်မူ ထာဝရဧကရာဇ် မထွက်ပေါ်လာသေးပေ။ ထို့ကြောင့် လူအများစုက ဤဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် အချိန်အတွင်း ပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်ထားကြသည်။ ထို့အပြင် လူများစွာက ထာဝရဧကရာဇ် သရဖူဆောင်းကာ ခေတ်သစ် စတင်လိမ့်မည်ဟု ယုံကြည်ထားသည်။

တကယ်တော့ ထာဝရဧကရာဇ်က ဘာကိုဆိုလိုမှန်း၊ ထိုအဆင့်ကို ဘယ်လိုရောက်နိုင်မှန်း ရာနှုန်းပြည့်သိသူ ရှားပါးလှသည်။ လူအများစု သိထားသည်က ထာဝရဧကရာဇ်များသည် မဟာဧကရာဇ်များထက် အားပိုကောင်းပြီး သူတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်ဟူ၍ပင် ဖြစ်၏။

လူများက ရွှေခြင်္သေ့ မျိုးနွယ်ခေါင်းဆောင်၏ စကားကို စဉ်းစားပြီးနောက် တစ်ယောက်က ထုတ်မေးလိုက်သည် " အဲဒါက ရွှေကျီးမျိုးနွယ်နဲ့ ဘာများဆိုင်လို့လဲ"

" သူ့ကို ကောင်းကောင်းလေ့ကျင့်ပေးဖို့ စစ်ဆေးမှုတွေ၊ စမ်းသပ်မှုတွေအများကြီး ဖြတ်ကျော်ဖို့ လိုတယ်။ ပြီးတော့ တာအိုနှလုံးသား၊ စိတ်ဆန္ဒနဲ့ စိတ်ဝိညာဉ်စွမ်းအား ကောင်းကောင်းတိုးတက်လာဖို့ ရွယ်တူတွေနဲ့ ယှဉ်ပြိုင်ရမယ်။ ငါတို့တွေ သူ့ကို ဝမ်ဝေ့၊ တိထျန်းနဲ့ ကျီစုန့်တို့အဆင့်ရောက်အောင်အထိ လေ့ကျင့်ပေးရမယ်။ သူတို့ထက် ကျော်လွန်နိုင်ရင် အကောင်းဆုံးပဲ။ ဒီဖြစ်စဉ်တစ်ခုလုံးမှာ လူသားမျိုးနွယ်က ဒီအကြောင်းသိသွားလို့ မဖြစ်ဘူး "

အားလုံးက ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။ အာဏာပုရွက်ဆိတ် မျိုးနွယ်ခေါင်းဆောင် ပြောသည်က မှန်ပေသည်။

" ငါတို့အားလုံး ဒါကို သိထားပြီးသားပဲ။ သူ့ကို ကမ္ဘာကနေ တခြားကောင်းကင်အလိုဆန္ဒကမ္ဘာဆီ ပို့ဖို့ ဆုံးဖြတ်ထားတဲ့ အကြောင်းအရင်း မဟုတ်ဘူးလား။ သူ အဲဒီကို ရောက်သွားတာနဲ့ သူ့ဇစ်မြစ်ကို ဖုံးကွယ်ထားရင်း တခြားကောင်းကင်ရွေးချယ်ခံတွေနဲ့ ယှဉ်ပြိုင်နိုင်ပြီ။ ဒီအသင်္ချေအင်ပါယာကမ္ဘာအတွက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲ အချိန်ကျလာတဲ့အခါ သူ့ကို ပြန်ခေါ်လိုက်ရုံပဲ "

ခေါင်းဆောင်များက ထိုအရာသည် သူတို့ကောင်းကင်ရွေးချယ်ခံများကို လေ့ကျင့်ပေးရန် သူတို့ ချမှတ်ထားသည့် မူလအစီအစဉ်ဖြစ်၍ ခေါင်းညိတ်လိုက်ကြသည်။ ထိုနည်းလမ်းဖြင့် သူတို့က သူတို့၏ ကောင်းကင်ရွေးချယ်ခံများကို လေ့ကျင့်ပေးနိုင်သလို ဝှက်ထားနိုင်လေသည်။ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်သလို ဖြစ်၏။

"ကောင်းပြီ ..." ရွှေခြင်္သေ့မျိုးနွယ် ခေါင်းဆောင်က ရွှေငှက်ကြီးနှင့် ကျားနက် မျိုးနွယ်ခေါင်းဆောင်များကို ကြည့်ရင်း ပြောလိုက်သည် " အဲဒီအစီအစဉ်ကို သေချာကြည့်လိုက်ရင် မဖြစ်နိုင်တာကို သဘောပေါက်မှာပါ။ အနည်းဆုံးတော့ ငါတို့ဘာသာဆို မဖြစ်နိုင်ဘူး "

"ဘာလို့လဲ" တစ်ယောက်က မေးလိုက်သည်။

" မင်းတို့တွေ ကမ္ဘာ့အသိုက်အဝန်းတစ်ခုကနေ တစ်ခုဆီ ကူးဖို့ လွယ်ကူတယ်များ ထင်နေလား။ အထွတ်အထိပ်နယ်ပယ်အဆင့် ကျင့်ကြံသူတောင် ကမ္ဘာ့အသိုက်အဝန်းတစ်ခုက တစ်ခုဆီ ကူးနေရင်း သူတို့တစ်ဘဝလုံး ကုန်ဆုံးသွားနိင်တယ်

မဟာဧကရာဇ်တွေနဲ့ မူလအသုံးအဆောင်ပစ္စည်းတချို့ကပဲ ဒီလိုစွမ်းရည် ရှိကြတာ ... သူတို့ကလည်း အားကောင်းတဲ့ ဧကရာဇ်မျိုးနွယ် လက်ထဲမှာ။ ပြီးတော့ သူတို့ကို အသက်သွင်းဖို့ တန်ကြေးကို မပြောရသေးဘူး။ ငါတို့က ခိုးကြောင်ခိုးဝှက်လည်း လုပ်ရဦးမှာ" ကျားနက်မျိုးနွယ် ခေါင်းဆောင်က ဝင်ပြောလိုက်သည်။

" အဲဆိုတော့ ခင်ဗျားတို့က ဘာပြောချင်တာလဲ" နောက်တစ်ယောက်က ထပ်မေးလိုက်သည်။

"ငါတို့နတ်ဆိုးမျိုးနွယ်မှာ တခြားကမ္ဘာ့အသိုက်အဝန်းဆီ သွားနိုင်မဲ့ အသုံးအဆောင် မရှိဘူး။ အတိအကျပြောရရင်တော့ အဲဒါတွေက လူသားမျိုးနွယ်တွေ၊ စိတ်ဝိညာဉ်မျိုးနွယ်လက်ထဲ အခိုးခံလိုက်ရတာမျိုး ဒါမှမဟုတ် ဖျက်ဆီးခံလိုက်ရတာမျိုးချည်းပဲ" ရွှေငှက်ကြီး မျိုးနွယ်ခေါင်းဆောင်က ပြောလိုက်သည်။

"အဲဆိုတော့ ရွှေကျီးမျိုးနွယ်မှာ အဲဒီအသုံးအဆောင်တစ်ခုရှိတယ်လို့ ပြောနေတာလား "

"ဟုတ်တယ် ... အတိအကျပြောရရင်တော့ ပစ္စည်းပျက်ပေါ့။ ဒါပေမဲ့ တန်ကြေးသာ ပေးနိုင်ရင် ကောင်းကောင်းအလုပ်ဖြစ်နိုင်တယ်" ရွှေခြင်္သေ့မျိုးနွယ် ခေါင်းဆောင်က ပြောလိုက်သည်။

ခေါင်းဆောင်အားလုံးက ထိုပြဿနာကို စတင်စဉ်းစားလာကြသည်။ သူတို့က ရွှေကျီးမျိုးနွယ်၏ အကူအညီကို လိုအပ်လျှင်ပင် သူတို့ကို မကြိုက်သည့်အချက်က မပြောင်းလဲသွားပေ။

"ခဏ ..." ဒေါင်းမျိုးနွယ် ခေါင်းဆောင်က ရုတ်တရက် မေးလိုက်သည် "ရွှေကျီးမျိုးနွယ်က သူတို့ဧကရာဇ်မျိုးရိုးကို နိုးထစေလိုက်ပြီဆို ... ငါတို့ကို ကူညီဖို့ မပြောနဲ့ဦး ... သူတို့က ငါတို့အပေါ် သစ္စာမဖောက်ပါဘူးလို့ ဘယ်လိုသေချာအောင် လုပ်ကြမလဲ"

"သူတို့က ကူညီဖို့ ငြင်းဆန်ရင် သူတို့ကို ဧကရာဇ်တာအိုစစ်ပွဲနဲ့ ခြိမ်းခြောက်မယ်။ ငါတို့ကို သစ္စာဖောက်ဖို့ ထည့်မပြောနဲ့တော့" ရွှေခြင်္သေ့မျိုးနွယ် ခေါင်းဆောင်က တည်တည်ငြိမ်ငြိမ် ဖြေလိုက်သည်။

ထို့နောက် အစည်းအဝေးမတိုင်ခင် ထိုအကြောင်း မသိခဲ့ကြသည့် ကျန်ခေါင်းဆောင်များက ပင့်သက်ရှိုက်လိုက်ကြသည်။

ဧကရာဇ်တာအိုစစ်ပွဲက ဧကရာဇ်မျိုးနွယ်နှစ်ခု တစ်ခု မပျက်သုန်းမချင်း တိုက်ခိုက်ကြသည့် စစ်ပွဲ ဖြစ်ပေသည်။ ထိုအခါ သူတို့က တိုက်ခိုက်ရန်အတွက် ထာဝရအရှင်များနှင့် တာအိုဘိုးဘေးများကို နှိုးရလိမ့်မည်။

သူတို့အနေနှင့် ရွှေကျီးမျိုးနွယ်ကို ရင်ဆိုင်ဖို့ သူတို့မျိုးနွယ်၏ အုတ်မြစ်ကို လောင်းကြေးထပ်ရမည်။ ယခု ထိုမျိုးနွယ်ကွဲအားလုံး ပေါင်းစပ်လိုက်သည့်အခါ လွယ်ကူသည့် စစ်ပွဲတစ်ခု ဖြစ်သွားသင့်သည်ဟု တွေးမိကြလိမ့်မည်။ သို့သော်လည်း အခန်းထဲရှိ ခေါင်းဆောင်များက ဒီလိုမဟုတ်ကြောင်း သေချာသိထားသည်။ တော်ဝင်နတ်ဆိုးမျိုးနွယ်အများစုက နှစ်များစွာတစ်လျှောက် အတော်လေး အားနည်းလာကြသောကြောင့် သူတို့အုတ်မြစ်သည်လည်း အားလျော့လာသည်။ ထိုစဉ် ရွှေကျီးမျိုးနွယ်က အသင်္ချေအင်ပါယာကမ္ဘာအတွင်း ပဋိပက္ခများအဝေးတွင် နေထိုင်သောကြောင့် သူတို့၏ တစ်ဦးတည်းသော ပြိုင်ဘက်မှာ သမ္မာဓိအစစ်အမှန်မီးလျှံဂိုဏ်းသာ ဖြစ်၏။ သို့သော် သူတို့က ယန်မိသားစု ပေါ်ထွက်မလာခင်အထိ နှစ်များစွာ ငြိမ်းချမ်းရေးရနေခဲ့ကြသည်။ ယခုတွင် သူတို့က ပြန်လည်တိုက်ခိုက်နေရပြန်သည်။

ထို့ကြောင့် ဧကရာဇ်တာအိုစစ်ပွဲက အဖွဲ့နှစ်ခုကြား ဆုံးဖြတ်ဖို့ လွယ်ကူမည် မဟုတ်ပေ။

"လူသားမျိုးနွယ်က ဒီစစ်ပွဲ ဖြစ်လာတာကို ခွင့်ပြုပါ့မလား" ခေါင်းဆောင်တစ်ယောက်က မေးလိုက်သည်။ ထိုလူများအတွက် ဧကရာဇ်တာအိုစစ်ပွဲ အတွေးက ဖြုံလောက်စရာ မဟုတ်တော့ပေ။

နတ်ဆိုးတော်ဝင်ခုံရုံး ဆိုသည်မှာ အားကောင်းသည့် နတ်ဆိုးမျိုးနွယ်များ၏ မဟာမိတ် နာမည် ဖြစ်၏။ သူတို့က မျှော်လင့်ချက် မြင်သည်နှင့် ဘာမဆိုလုပ်ကြမည့်သူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ ရည်မှန်းချက်ကို အောင်မြင်ဖို့ စစ်ပွဲကြီးစတင်ရမည်ဆိုလျှင်ပင် လုပ်ကြမည့်သူများ ဖြစ်ပေသည်။

"လူသားတွေက သူတို့အပေါ် သက်ရောက်မှုမရှိရင် ဂရုစိုက်မှာ မဟုတ်ဘူး။ သူတို့က ငါတို့အချင်းချင်း ပြန်တိုက်နေတာ မြင်ရရင် ပိုတောင်ပျော်နေကြဦးမှာ" ရွှေငှက်ကြီး မျိုးနွယ်ခေါင်းဆောင်က အေးစက်စက် ပြောလိုက်သည်။

" အနောက်ပိုင်းက မိစ္ဆာကျင့်ကြံသူတွေကလည်း ပျော်ပျော်ကြီး ဝင်ပါကြမှာပဲ။ သားရဲမွေးမြူရေးတောင်ကြားလည်း အပါအဝင်ပဲ ..." တိုက်ပွဲဝင် လူဝံမျိုးနွယ်ခေါင်းဆောင်က ပြောလိုက်သည်။

" ရှင်တို့အားလုံး တစ်ခုခုတော့ လွဲနေသလိုပဲ။ ကျွန်မတို့က ရွှေကျီးမျိုးနွယ်နဲ့ တကယ်စစ်ပွဲ ဖြစ်မှာ မဟုတ်ဘဲနဲ့ သူတို့ကို ခြိမ်းခြောက်ရုံပဲမလား" ဒေါင်းမျိုးနွယ်က ရွှေခြင်္သေ့မျိုးနွယ်ခေါင်းဆောင်၊ ရွှေငှက်ကြီးမျိုးနွယ် ခေါင်းဆောင်နှင့် ကျားနက်မျိုးနွယ် ခေါင်းဆောင်ကို ကြည့်ရင်း မေးလိုက်သည်။

" မင်းပြောတာ တစ်စိတ်တစ်ပိုင်း မှန်တယ်" ကျားနက်မျိုးနွယ် ခေါင်းဆောင်က ဖြေလိုက်သည် "တကယ်လို့ အခြေအနေတွေက ငါတို့မှန်းထားတာထက် ကျော်လွန်သွားရင် တကယ့်ဧကရာဇ်တာအိုစစ်ပွဲ စတင်ဖို့ စိတ်ထဲပြင်ထားရမယ်"

အခန်းအတွင်း ထိုလူများက သူတို့အင်အားစုဆီ သက်ရောက်လာနိုင်ခြေရှိသည့် ဂယက်ရိုက်မှုအားလုံးကို စဉ်းစားရင်း မှုန်မှိုင်းမှိုင်း ဖြစ်လာကြသည်။ ထို့နောက် တစ်ယောက်က ပြောလိုက်သည် " ငါတို့အမြဲလုပ်သလို မဲပေးဆုံးဖြတ်ကြတာပေါ့။ မျိုးနွယ်ခေါင်းဆောင် တစ်ယောက်ချင်းစီက မဲတစ်မဲစီ ရမယ်။ ခေါင်းဆောင်ကြီး လေးယောက်က မဲနှစ်ခုစီ ရမယ် "

ထို့နောက် မဲပေးစနစ် စတင်လိုက်သည်။ ခေါင်းဆောင်ကြီး လေးယောက်ဆိုသည်မှာ ရွှေခြင်္သေ့မျိုးနွယ်၊ ရွှေငှက်ကြီးမျိုးနွယ်။ ကျားနက်မျိုးနွယ်နှင့် တိုက်ပွဲဝင် လူဝံကြီးမျိုးနွယ်တို့ကို ဆိုလိုလေသည်။

တကယ်တော့ ထိုမျိုးနွယ်အများစုကလည်း ရွှေကျီးမျိုးနွယ်နှင့် ပတ်သက်ဖို့ရာ မဲပေးလိုက်ကြပြီး တချို့ကသာ ကိုယ်ပိုင်အကြောင်းပြချက်ကြောင့်သော်လည်းကောင်း၊ အမုန်းတရားကြောင့်သော်လည်းကောင်း ဧကရာဇ်တာအိုစစ်ပွဲ၌ ပါဝင်မဆင်နွဲလိုကြပေ။

အများစုက ဆုံးဖြတ်ပေးထား၍ ဆုံးဖြတ်ချက်က အတည်ဖြစ်သွားလေသည်။ သို့သော်လည်း လူတစ်ယောက်က ထိုအခြေအနေကို တစ်ခုထပ်ပြောလိုက်သည်။

"ရွှေကျီးမျိုးနွယ်ကို သူတို့ဧကရာဇ်မျိုးရိုးနဲ့ ငါတို့ကြား လက်ထပ်ပွဲ မဟာမိတ် တောင်းဆိုလိုက်တာ ပိုမကောင်းဘူးလား"

"သူ့သွေးမျိုးရိုးက တော်ဝင်မှုအရ သူမထက် မနိမ့်ကျဘူး။ အဲဒါကြောင့် ပြီးပြည့်စုံတဲ့ စုံတွဲ ဖြစ်လာလိမ့်မယ်။ တကယ်လို့ သူတို့မှာ မျိုးဆက်ရှိလာရင် အဲဒီသွေးမျိုးဆက်က ဘယ်လောက်တောင် အားကောင်းနေလိုက်မလဲ" ခေါင်းဆောင်တစ်ယောက်က ပြောလိုက်သည်။

" ငါတို့ အဲဒီအကြောင်း အဆိုပြုကြည့်ကြတာပေါ့။ ဒါပေမဲ့ မျှော်လင့်ချက်ကြီးကြီးထားလို့တော့ မဖြစ်ဘူး" ရွှေခြင်္သေ့မျိုးနွယ် ခေါင်းဆောင်က ဖြေလိုက်သည်။

"ဘာလို့လဲ "

"ဧကရာဇ်မျိုးရိုးက အထွတ်အထိပ်နယ်ပယ်အဆင့် ရောက်နေပြီဆိုတော့ သူမ မလုပ်ချင်တဲ့အရာကို ဘယ်သူမှ အတင်းဖိအားပေးနိုင်မှာ မဟုတ်ဘူး "

"ကောင်းပြီလေ ... ငါတို့ သူမရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ကြတာပေါ့"

*************


အခန္း(၂၀၉.၁) : နတ္ဆိုးမ်ိဳးႏြယ္၏ အတြင္းေရးပဋိပကၡမ်ား

" ငါတို႔မွာ ေ႐ြးခ်ယ္စရာမရွိဘူးလို႔ ဘာကိုေျပာခ်င္တာလဲ" နတ္ဆိုးမ်ိဳးႏြယ္ ေခါင္းေဆာင္တစ္ေယာက္က ေမးလိုက္သည္။

"ထာဝရဧကရာဇ္ ေမြးထုတ္ႏိုင္ဖို႔ ပါရမီတစ္ခုပဲ လိုအပ္တယ္ ထင္ေနလား။ သူက မ်ိဳး႐ိုးျပန္ေဖာ္ေဆာင္ျခင္း စီမံကိန္းကို ေအာင္ျမင္သြား႐ုံနဲ႔ ထာဝရဧကရာဇ္ တန္းျဖစ္သြားမယ္လို႔ ထင္ေနၾကတာလား" ေ႐ႊျခေသၤ့ မ်ိဳးႏြယ္ေခါင္းေဆာင္က ေမးလိုက္သည္။

အခန္းက တဖန္တိတ္ဆိတ္သြားျပန္သည္။ အားလုံးက ေ႐ႊျခေသၤ့မ်ိဳးႏြယ္ ေခါင္းေဆာင္၏ စကားကို စတင္စဥ္းစားေနၾက၏။ ထာဝရဧကရာဇ္ဆိုသည္မွာ အသေခ်ၤအင္ပါယာကမာၻထဲ ေလွ်ာက္လွမ္းဖူးသည့္ မဟာဧကရာဇ္မ်ားၾကား အျမင့္ဆုံးအဆင့္ ျဖစ္၏။

ေခတ္ကာလမ်ားစြာတိုင္၊ ႏွစ္သန္းေပါင္းမ်ားစြာတိုင္၊ မဟာဧကရာဇ္ေထာင္ခ်ီတိုင္ ထာဝရဧကရာဇ္ အေရအတြက္က လက္ႏွစ္ဖက္တည္းျဖင့္ ေရတြက္ႏိုင္ေလသည္။

တကယ္ေတာ့ ေခတ္တစ္ခုအစတြင္ ထာဝရဧကရာဇ္ တစ္ေယာက္သာ ရွိေနသည္။ ႁခြင္းခ်က္ကား ေရွးေဟာင္းဧကရာဇ္ေခတ္ကာလတြင္ ျဖစ္ၿပီး သုံးေယာက္ ထြက္ေပၚခဲ့ဖူးသည္။

ႏွစ္ေယာက္က တာအိုအခြင့္အလမ္းဂိုဏ္းမွ ဧကရာဇ္ခ်ီယြမ္ႏွင့္ ဓားဧကရီတို႔ ျဖစ္ၾကၿပီး ေနာက္ဆုံးတစ္ေယာက္မွာ လူသားဧကရာဇ္ ျဖစ္ေပသည္။ ထို႔ေနာက္ ယုံၾကည္မႈေခတ္ကာလတြင္ အႂကြင္းမဲ့ စတင္ျခင္း ဧကရာဇ္ႏွင့္ မိစာၦေခတ္ကာလတြင္ ဧကရီဝူတို႔ ေပၚထြက္ခဲ့ဖူးသည္။ ေနာက္တစ္ေယာက္က အလယ္ပိုင္း ဧကရာဇ္ေခတ္တြင္ ျဖစ္၏။

လက္ရွိ ဧကရာဇ္ေခတ္ကာလအတြက္မူ ထာဝရဧကရာဇ္ မထြက္ေပၚလာေသးေပ။ ထို႔ေၾကာင့္ လူအမ်ားစုက ဤဂုဏ္က်က္သေရ ထြန္းလင္းေျပာင္ေျမာက္ဖြယ္ အခ်ိန္အတြင္း ေပၚထြက္လာလိမ့္မည္ဟု ယုံၾကည္ထားၾကသည္။ ထို႔အျပင္ လူမ်ားစြာက ထာဝရဧကရာဇ္ သရဖူေဆာင္းကာ ေခတ္သစ္ စတင္လိမ့္မည္ဟု ယုံၾကည္ထားသည္။

တကယ္ေတာ့ ထာဝရဧကရာဇ္က ဘာကိုဆိုလိုမွန္း၊ ထိုအဆင့္ကို ဘယ္လိုေရာက္ႏိုင္မွန္း ရာႏႈန္းျပည့္သိသူ ရွားပါးလွသည္။ လူအမ်ားစု သိထားသည္က ထာဝရဧကရာဇ္မ်ားသည္ မဟာဧကရာဇ္မ်ားထက္ အားပိုေကာင္းၿပီး သူတို႔ကို အလြယ္တကူ သတ္ျဖတ္ႏိုင္သည္ဟူ၍ပင္ ျဖစ္၏။

လူမ်ားက ေ႐ႊျခေသၤ့ မ်ိဳးႏြယ္ေခါင္းေဆာင္၏ စကားကို စဥ္းစားၿပီးေနာက္ တစ္ေယာက္က ထုတ္ေမးလိုက္သည္ " အဲဒါက ေ႐ႊက်ီးမ်ိဳးႏြယ္နဲ႔ ဘာမ်ားဆိုင္လို႔လဲ"

" သူ႔ကို ေကာင္းေကာင္းေလ့က်င့္ေပးဖို႔ စစ္ေဆးမႈေတြ၊ စမ္းသပ္မႈေတြအမ်ားႀကီး ျဖတ္ေက်ာ္ဖို႔ လိုတယ္။ ၿပီးေတာ့ တာအိုႏွလုံးသား၊ စိတ္ဆႏၵနဲ႔ စိတ္ဝိညာဥ္စြမ္းအား ေကာင္းေကာင္းတိုးတက္လာဖို႔ ႐ြယ္တူေတြနဲ႔ ယွဥ္ၿပိဳင္ရမယ္။ ငါတို႔ေတြ သူ႔ကို ဝမ္ေဝ့၊ တိထ်န္းနဲ႔ က်ီစုန႔္တို႔အဆင့္ေရာက္ေအာင္အထိ ေလ့က်င့္ေပးရမယ္။ သူတို႔ထက္ ေက်ာ္လြန္ႏိုင္ရင္ အေကာင္းဆုံးပဲ။ ဒီျဖစ္စဥ္တစ္ခုလုံးမွာ လူသားမ်ိဳးႏြယ္က ဒီအေၾကာင္းသိသြားလို႔ မျဖစ္ဘူး "

အားလုံးက ၿပိဳင္တူ ေခါင္းညိတ္လိုက္ၾကသည္။ အာဏာပု႐ြက္ဆိတ္ မ်ိဳးႏြယ္ေခါင္းေဆာင္ ေျပာသည္က မွန္ေပသည္။

" ငါတို႔အားလုံး ဒါကို သိထားၿပီးသားပဲ။ သူ႔ကို ကမာၻကေန တျခားေကာင္းကင္အလိုဆႏၵကမာၻဆီ ပို႔ဖို႔ ဆုံးျဖတ္ထားတဲ့ အေၾကာင္းအရင္း မဟုတ္ဘူးလား။ သူ အဲဒီကို ေရာက္သြားတာနဲ႔ သူ႔ဇစ္ျမစ္ကို ဖုံးကြယ္ထားရင္း တျခားေကာင္းကင္ေ႐ြးခ်ယ္ခံေတြနဲ႔ ယွဥ္ၿပိဳင္ႏိုင္ၿပီ။ ဒီအသေခ်ၤအင္ပါယာကမာၻအတြက္ ေကာင္းကင္အလိုဆႏၵတိုက္ပြဲ အခ်ိန္က်လာတဲ့အခါ သူ႔ကို ျပန္ေခၚလိုက္႐ုံပဲ "

ေခါင္းေဆာင္မ်ားက ထိုအရာသည္ သူတို႔ေကာင္းကင္ေ႐ြးခ်ယ္ခံမ်ားကို ေလ့က်င့္ေပးရန္ သူတို႔ ခ်မွတ္ထားသည့္ မူလအစီအစဥ္ျဖစ္၍ ေခါင္းညိတ္လိုက္ၾကသည္။ ထိုနည္းလမ္းျဖင့္ သူတို႔က သူတို႔၏ ေကာင္းကင္ေ႐ြးခ်ယ္ခံမ်ားကို ေလ့က်င့္ေပးႏိုင္သလို ဝွက္ထားႏိုင္ေလသည္။ ခဲတစ္လုံးျဖင့္ ငွက္ႏွစ္ေကာင္ ပစ္သလို ျဖစ္၏။

"ေကာင္းၿပီ ..." ေ႐ႊျခေသၤ့မ်ိဳးႏြယ္ ေခါင္းေဆာင္က ေ႐ႊငွက္ႀကီးႏွင့္ က်ားနက္ မ်ိဳးႏြယ္ေခါင္းေဆာင္မ်ားကို ၾကည့္ရင္း ေျပာလိုက္သည္ " အဲဒီအစီအစဥ္ကို ေသခ်ာၾကည့္လိုက္ရင္ မျဖစ္ႏိုင္တာကို သေဘာေပါက္မွာပါ။ အနည္းဆုံးေတာ့ ငါတို႔ဘာသာဆို မျဖစ္ႏိုင္ဘူး "

"ဘာလို႔လဲ" တစ္ေယာက္က ေမးလိုက္သည္။

" မင္းတို႔ေတြ ကမာၻ႔အသိုက္အဝန္းတစ္ခုကေန တစ္ခုဆီ ကူးဖို႔ လြယ္ကူတယ္မ်ား ထင္ေနလား။ အထြတ္အထိပ္နယ္ပယ္အဆင့္ က်င့္ႀကံသူေတာင္ ကမာၻ႔အသိုက္အဝန္းတစ္ခုက တစ္ခုဆီ ကူးေနရင္း သူတို႔တစ္ဘဝလုံး ကုန္ဆုံးသြားနိင္တယ္

မဟာဧကရာဇ္ေတြနဲ႔ မူလအသုံးအေဆာင္ပစၥည္းတခ်ိဳ႕ကပဲ ဒီလိုစြမ္းရည္ ရွိၾကတာ ... သူတို႔ကလည္း အားေကာင္းတဲ့ ဧကရာဇ္မ်ိဳးႏြယ္ လက္ထဲမွာ။ ၿပီးေတာ့ သူတို႔ကို အသက္သြင္းဖို႔ တန္ေၾကးကို မေျပာရေသးဘူး။ ငါတို႔က ခိုးေၾကာင္ခိုးဝွက္လည္း လုပ္ရဦးမွာ" က်ားနက္မ်ိဳးႏြယ္ ေခါင္းေဆာင္က ဝင္ေျပာလိုက္သည္။

" အဲဆိုေတာ့ ခင္ဗ်ားတို႔က ဘာေျပာခ်င္တာလဲ" ေနာက္တစ္ေယာက္က ထပ္ေမးလိုက္သည္။

"ငါတို႔နတ္ဆိုးမ်ိဳးႏြယ္မွာ တျခားကမာၻ႔အသိုက္အဝန္းဆီ သြားႏိုင္မဲ့ အသုံးအေဆာင္ မရွိဘူး။ အတိအက်ေျပာရရင္ေတာ့ အဲဒါေတြက လူသားမ်ိဳးႏြယ္ေတြ၊ စိတ္ဝိညာဥ္မ်ိဳးႏြယ္လက္ထဲ အခိုးခံလိုက္ရတာမ်ိဳး ဒါမွမဟုတ္ ဖ်က္ဆီးခံလိုက္ရတာမ်ိဳးခ်ည္းပဲ" ေ႐ႊငွက္ႀကီး မ်ိဳးႏြယ္ေခါင္းေဆာင္က ေျပာလိုက္သည္။

"အဲဆိုေတာ့ ေ႐ႊက်ီးမ်ိဳးႏြယ္မွာ အဲဒီအသုံးအေဆာင္တစ္ခုရွိတယ္လို႔ ေျပာေနတာလား "

"ဟုတ္တယ္ ... အတိအက်ေျပာရရင္ေတာ့ ပစၥည္းပ်က္ေပါ့။ ဒါေပမဲ့ တန္ေၾကးသာ ေပးႏိုင္ရင္ ေကာင္းေကာင္းအလုပ္ျဖစ္ႏိုင္တယ္" ေ႐ႊျခေသၤ့မ်ိဳးႏြယ္ ေခါင္းေဆာင္က ေျပာလိုက္သည္။

ေခါင္းေဆာင္အားလုံးက ထိုျပႆနာကို စတင္စဥ္းစားလာၾကသည္။ သူတို႔က ေ႐ႊက်ီးမ်ိဳးႏြယ္၏ အကူအညီကို လိုအပ္လွ်င္ပင္ သူတို႔ကို မႀကိဳက္သည့္အခ်က္က မေျပာင္းလဲသြားေပ။

"ခဏ ..." ေဒါင္းမ်ိဳးႏြယ္ ေခါင္းေဆာင္က ႐ုတ္တရက္ ေမးလိုက္သည္ "ေ႐ႊက်ီးမ်ိဳးႏြယ္က သူတို႔ဧကရာဇ္မ်ိဳး႐ိုးကို ႏိုးထေစလိုက္ၿပီဆို ... ငါတို႔ကို ကူညီဖို႔ မေျပာနဲ႔ဦး ... သူတို႔က ငါတို႔အေပၚ သစၥာမေဖာက္ပါဘူးလို႔ ဘယ္လိုေသခ်ာေအာင္ လုပ္ၾကမလဲ"

"သူတို႔က ကူညီဖို႔ ျငင္းဆန္ရင္ သူတို႔ကို ဧကရာဇ္တာအိုစစ္ပြဲနဲ႔ ၿခိမ္းေျခာက္မယ္။ ငါတို႔ကို သစၥာေဖာက္ဖို႔ ထည့္မေျပာနဲ႔ေတာ့" ေ႐ႊျခေသၤ့မ်ိဳးႏြယ္ ေခါင္းေဆာင္က တည္တည္ၿငိမ္ၿငိမ္ ေျဖလိုက္သည္။

ထို႔ေနာက္ အစည္းအေဝးမတိုင္ခင္ ထိုအေၾကာင္း မသိခဲ့ၾကသည့္ က်န္ေခါင္းေဆာင္မ်ားက ပင့္သက္ရႈိက္လိုက္ၾကသည္။

ဧကရာဇ္တာအိုစစ္ပြဲက ဧကရာဇ္မ်ိဳးႏြယ္ႏွစ္ခု တစ္ခု မပ်က္သုန္းမခ်င္း တိုက္ခိုက္ၾကသည့္ စစ္ပြဲ ျဖစ္ေပသည္။ ထိုအခါ သူတို႔က တိုက္ခိုက္ရန္အတြက္ ထာဝရအရွင္မ်ားႏွင့္ တာအိုဘိုးေဘးမ်ားကို ႏႈိးရလိမ့္မည္။

သူတို႔အေနႏွင့္ ေ႐ႊက်ီးမ်ိဳးႏြယ္ကို ရင္ဆိုင္ဖို႔ သူတို႔မ်ိဳးႏြယ္၏ အုတ္ျမစ္ကို ေလာင္းေၾကးထပ္ရမည္။ ယခု ထိုမ်ိဳးႏြယ္ကြဲအားလုံး ေပါင္းစပ္လိုက္သည့္အခါ လြယ္ကူသည့္ စစ္ပြဲတစ္ခု ျဖစ္သြားသင့္သည္ဟု ေတြးမိၾကလိမ့္မည္။ သို႔ေသာ္လည္း အခန္းထဲရွိ ေခါင္းေဆာင္မ်ားက ဒီလိုမဟုတ္ေၾကာင္း ေသခ်ာသိထားသည္။ ေတာ္ဝင္နတ္ဆိုးမ်ိဳးႏြယ္အမ်ားစုက ႏွစ္မ်ားစြာတစ္ေလွ်ာက္ အေတာ္ေလး အားနည္းလာၾကေသာေၾကာင့္ သူတို႔အုတ္ျမစ္သည္လည္း အားေလ်ာ့လာသည္။ ထိုစဥ္ ေ႐ႊက်ီးမ်ိဳးႏြယ္က အသေခ်ၤအင္ပါယာကမာၻအတြင္း ပဋိပကၡမ်ားအေဝးတြင္ ေနထိုင္ေသာေၾကာင့္ သူတို႔၏ တစ္ဦးတည္းေသာ ၿပိဳင္ဘက္မွာ သမၼာဓိအစစ္အမွန္မီးလွ်ံဂိုဏ္းသာ ျဖစ္၏။ သို႔ေသာ္ သူတို႔က ယန္မိသားစု ေပၚထြက္မလာခင္အထိ ႏွစ္မ်ားစြာ ၿငိမ္းခ်မ္းေရးရေနခဲ့ၾကသည္။ ယခုတြင္ သူတို႔က ျပန္လည္တိုက္ခိုက္ေနရျပန္သည္။

ထို႔ေၾကာင့္ ဧကရာဇ္တာအိုစစ္ပြဲက အဖြဲ႕ႏွစ္ခုၾကား ဆုံးျဖတ္ဖို႔ လြယ္ကူမည္ မဟုတ္ေပ။

"လူသားမ်ိဳးႏြယ္က ဒီစစ္ပြဲ ျဖစ္လာတာကို ခြင့္ျပဳပါ့မလား" ေခါင္းေဆာင္တစ္ေယာက္က ေမးလိုက္သည္။ ထိုလူမ်ားအတြက္ ဧကရာဇ္တာအိုစစ္ပြဲ အေတြးက ၿဖဳံေလာက္စရာ မဟုတ္ေတာ့ေပ။

နတ္ဆိုးေတာ္ဝင္ခုံ႐ုံး ဆိုသည္မွာ အားေကာင္းသည့္ နတ္ဆိုးမ်ိဳးႏြယ္မ်ား၏ မဟာမိတ္ နာမည္ ျဖစ္၏။ သူတို႔က ေမွ်ာ္လင့္ခ်က္ ျမင္သည္ႏွင့္ ဘာမဆိုလုပ္ၾကမည့္သူမ်ား ျဖစ္ၾကသည္။ ထို႔ေၾကာင့္ သူတို႔၏ ရည္မွန္းခ်က္ကို ေအာင္ျမင္ဖို႔ စစ္ပြဲႀကီးစတင္ရမည္ဆိုလွ်င္ပင္ လုပ္ၾကမည့္သူမ်ား ျဖစ္ေပသည္။

"လူသားေတြက သူတို႔အေပၚ သက္ေရာက္မႈမရွိရင္ ဂ႐ုစိုက္မွာ မဟုတ္ဘူး။ သူတို႔က ငါတို႔အခ်င္းခ်င္း ျပန္တိုက္ေနတာ ျမင္ရရင္ ပိုေတာင္ေပ်ာ္ေနၾကဦးမွာ" ေ႐ႊငွက္ႀကီး မ်ိဳးႏြယ္ေခါင္းေဆာင္က ေအးစက္စက္ ေျပာလိုက္သည္။

" အေနာက္ပိုင္းက မိစာၦက်င့္ႀကံသူေတြကလည္း ေပ်ာ္ေပ်ာ္ႀကီး ဝင္ပါၾကမွာပဲ။ သားရဲေမြးျမဴေရးေတာင္ၾကားလည္း အပါအဝင္ပဲ ..." တိုက္ပြဲဝင္ လူဝံမ်ိဳးႏြယ္ေခါင္းေဆာင္က ေျပာလိုက္သည္။

" ရွင္တို႔အားလုံး တစ္ခုခုေတာ့ လြဲေနသလိုပဲ။ ကြၽန္မတို႔က ေ႐ႊက်ီးမ်ိဳးႏြယ္နဲ႔ တကယ္စစ္ပြဲ ျဖစ္မွာ မဟုတ္ဘဲနဲ႔ သူတို႔ကို ၿခိမ္းေျခာက္႐ုံပဲမလား" ေဒါင္းမ်ိဳးႏြယ္က ေ႐ႊျခေသၤ့မ်ိဳးႏြယ္ေခါင္းေဆာင္၊ ေ႐ႊငွက္ႀကီးမ်ိဳးႏြယ္ ေခါင္းေဆာင္ႏွင့္ က်ားနက္မ်ိဳးႏြယ္ ေခါင္းေဆာင္ကို ၾကည့္ရင္း ေမးလိုက္သည္။

" မင္းေျပာတာ တစ္စိတ္တစ္ပိုင္း မွန္တယ္" က်ားနက္မ်ိဳးႏြယ္ ေခါင္းေဆာင္က ေျဖလိုက္သည္ "တကယ္လို႔ အေျခအေနေတြက ငါတို႔မွန္းထားတာထက္ ေက်ာ္လြန္သြားရင္ တကယ့္ဧကရာဇ္တာအိုစစ္ပြဲ စတင္ဖို႔ စိတ္ထဲျပင္ထားရမယ္"

အခန္းအတြင္း ထိုလူမ်ားက သူတို႔အင္အားစုဆီ သက္ေရာက္လာႏိုင္ေျခရွိသည့္ ဂယက္႐ိုက္မႈအားလုံးကို စဥ္းစားရင္း မႈန္မႈိင္းမႈိင္း ျဖစ္လာၾကသည္။ ထို႔ေနာက္ တစ္ေယာက္က ေျပာလိုက္သည္ " ငါတို႔အၿမဲလုပ္သလို မဲေပးဆုံးျဖတ္ၾကတာေပါ့။ မ်ိဳးႏြယ္ေခါင္းေဆာင္ တစ္ေယာက္ခ်င္းစီက မဲတစ္မဲစီ ရမယ္။ ေခါင္းေဆာင္ႀကီး ေလးေယာက္က မဲႏွစ္ခုစီ ရမယ္ "

ထို႔ေနာက္ မဲေပးစနစ္ စတင္လိုက္သည္။ ေခါင္းေဆာင္ႀကီး ေလးေယာက္ဆိုသည္မွာ ေ႐ႊျခေသၤ့မ်ိဳးႏြယ္၊ ေ႐ႊငွက္ႀကီးမ်ိဳးႏြယ္။ က်ားနက္မ်ိဳးႏြယ္ႏွင့္ တိုက္ပြဲဝင္ လူဝံႀကီးမ်ိဳးႏြယ္တို႔ကို ဆိုလိုေလသည္။

တကယ္ေတာ့ ထိုမ်ိဳးႏြယ္အမ်ားစုကလည္း ေ႐ႊက်ီးမ်ိဳးႏြယ္ႏွင့္ ပတ္သက္ဖို႔ရာ မဲေပးလိုက္ၾကၿပီး တခ်ိဳ႕ကသာ ကိုယ္ပိုင္အေၾကာင္းျပခ်က္ေၾကာင့္ေသာ္လည္းေကာင္း၊ အမုန္းတရားေၾကာင့္ေသာ္လည္းေကာင္း ဧကရာဇ္တာအိုစစ္ပြဲ၌ ပါဝင္မဆင္ႏြဲလိုၾကေပ။

အမ်ားစုက ဆုံးျဖတ္ေပးထား၍ ဆုံးျဖတ္ခ်က္က အတည္ျဖစ္သြားေလသည္။ သို႔ေသာ္လည္း လူတစ္ေယာက္က ထိုအေျခအေနကို တစ္ခုထပ္ေျပာလိုက္သည္။

"ေ႐ႊက်ီးမ်ိဳးႏြယ္ကို သူတို႔ဧကရာဇ္မ်ိဳး႐ိုးနဲ႔ ငါတို႔ၾကား လက္ထပ္ပြဲ မဟာမိတ္ ေတာင္းဆိုလိုက္တာ ပိုမေကာင္းဘူးလား"

"သူ႔ေသြးမ်ိဳး႐ိုးက ေတာ္ဝင္မႈအရ သူမထက္ မနိမ့္က်ဘူး။ အဲဒါေၾကာင့္ ၿပီးျပည့္စုံတဲ့ စုံတြဲ ျဖစ္လာလိမ့္မယ္။ တကယ္လို႔ သူတို႔မွာ မ်ိဳးဆက္ရွိလာရင္ အဲဒီေသြးမ်ိဳးဆက္က ဘယ္ေလာက္ေတာင္ အားေကာင္းေနလိုက္မလဲ" ေခါင္းေဆာင္တစ္ေယာက္က ေျပာလိုက္သည္။

" ငါတို႔ အဲဒီအေၾကာင္း အဆိုျပဳၾကည့္ၾကတာေပါ့။ ဒါေပမဲ့ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးထားလို႔ေတာ့ မျဖစ္ဘူး" ေ႐ႊျခေသၤ့မ်ိဳးႏြယ္ ေခါင္းေဆာင္က ေျဖလိုက္သည္။

"ဘာလို႔လဲ "

"ဧကရာဇ္မ်ိဳး႐ိုးက အထြတ္အထိပ္နယ္ပယ္အဆင့္ ေရာက္ေနၿပီဆိုေတာ့ သူမ မလုပ္ခ်င္တဲ့အရာကို ဘယ္သူမွ အတင္းဖိအားေပးႏိုင္မွာ မဟုတ္ဘူး "

"ေကာင္းၿပီေလ ... ငါတို႔ သူမရဲ႕ ဆုံးျဖတ္ခ်က္ကို ေစာင့္ၾကည့္ၾကတာေပါ့"

Ga verder met lezen

Dit interesseert je vast

253K 3.6K 93
ဖအေကနေ သားကိုသွားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ် ဖေအက သားကိုသြားထားတဲ့ ဇာတ္လမ္းသာျဖစ္ပါတယ္
602K 20.3K 85
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...
166K 5.2K 35
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...
11K 377 13
Waking up in the body of a Romani Archiman is acceptable. Getting 3rd and 1st True Magics is nice. Getting Beasts as pets - delightful. The world of...