အခန်း(၅၅)
" ဟေ့...ရပ်စမ်း...မလှုပ်နဲ့...ငြိမ်ငြိမ်နေ..."
ဟင်...။
မာထန်ပြီးကျယ်လောင်လှတဲ့အသံတစ်သံ...။
ထိုအသံကခပ်ဝေးဝေးဆီကလွှင့်ပျံလာတာမဟုတ်ပဲသူတို့ရဲ့အိမ်ခြံဝန်းထဲကနေရုတ်တရက်ထွက်ပေါ်လာခဲ့တာဖြစ်သည်။နူညံ့မှုမရှိတဲ့ထိုအသံကြောင့်သူရော၊အမြွှာလေးနှစ်ယောက်ပါနားရွက်တွေထောင်ကုန်ကြသည်။ပြီးနောက်သားအဖသုံးယောက်စလုံးတိုင်ပင်ထားခြင်းမရှိပဲတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြ၏။
ဒီအသံကဘယ်သူ့အသံလဲ...။ပြီးတော့ညအချိန်ကြီးသူတစ်ပါးခြံဝန်းထဲကိုမပြောမဆိုနဲ့ဝင်လာတယ်တဲ့လား...။
အသံကတိတ်ဆိတ်နေတဲ့အချိန်မှထွက်ပေါ်လာခဲ့တာဆိုတော့လက်နှစ်ဖက်ကိုတင်းနေအောင်ဆုပ်ကာရဝေငြိမ်သက်နေမိသည်။သူ့လိုပဲအမြွှာလေးနှစ်ယောက်ကလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးငြိမ်နေကြ၏။
သူတွေးသလိုများဖြစ်လာပြီလား...။
" ဖေ...ရက်ချန်းဒဲ့..."
အိမ်အောက်ကလူရဲ့စကားကိုသားငယ်လေးကသူ့ကိုမော့ကြည့်ပြီးပြောလေသည်။ပြီးနောက်သူ့အနားကိုတဖြည်းဖြည်းတိုးကပ်လာပြီးသူ့ရင်ခွင်ထဲကိုတိုးဝင်တော့သည်။သားငယ်လေးကိုကြည့်ရတာလန့်နေပုံရသည်။သားကြီးကိုကြည့်လိုက်ပြန်တော့လည်းမျက်မှန်ဝိုင်းလေးအောက်ကမျက်ဝန်းလေးတွေပြူးကျယ်ဝိုင်းစက်နေ၏။
ခြံထဲကိုဘယ်သူဝင်လာတာများလဲ...။
အသံကမာနေတဲ့အပြင်လုံးလည်းလုံးနေ၏။အနီးစပ်ဆုံးပြောရရင်သူကြားလိုက်ရတဲ့အသံကအရက်သမားတစ်ယောက်ရဲ့အသံလိုမျိုးဖြစ်သည်။ပြီးတော့တစ်ခါတစ်ခါဝူးဝူးဝါးဝါးအသံကိုလည်းတိုးတိုးတစ်ဖုံ၊ကျယ်ကျယ်တစ်ဖုံသူကြားနေရသည်။
ဒါဆိုရင်တော့သေချာသည်။ခြံထဲကိုဝင်လာတာအရက်သမားတစ်ယောက်ပဲဖြစ်ရမည်။အသံက,လေးလုံးကွဲမနေတဲ့အတွက်ဘယ်သူ့အသံလဲဆိုတာတော့သူမခွဲခြားတတ်ပေ...။
သေချာတာတစ်ခုကတောခြံထဲကိုအမူးသမားတစ်ယောက်ဝင်လာပြီဆိုတာပင်...။
" ဟာ...အာစိ...အဲ့ဒါလူမဟုတ်ဘူး...ခွေးဗျ...ခွေး..."
" ဟေ...ဟုတ်လား...အေ့...အဟက်...ဟက်...မသိပါဘူးကွာ...ငါကငါ့အိမ်သူခိုးကပ်...အေ့...တယ်ထင်နေတာကွ...အဟက်...ဟက်..."
ဟမ်...။
ကိုမိုးညို...။
ဒါကြောင့်ဒီအသံကိုသူရင်းနှီးနေပါတယ်လို့...။
အိမ်အောက်ကစကားပြောသံတွေထပ်ထွက်လာတော့မှပဲခုနကသူကြားလိုက်ရတဲ့ဝမ်းခေါင်သံကြီးကဘယ်သူ့ဆီကလဲဆိုတာကွဲကွဲပြားပြားသိရတော့သည်။သူကတော့ခြံထဲကိုသူစိမ်းဝင်လာပြီထင်နေတာ...။လက်စသတ်တော့ဒီအိမ်ရဲ့အရှင်သခင်အမူးသမားအိမ်ဦးနတ်ကြီးပြန်လာတာကိုး...။
ကျစ်...။
ဒီလူကြီး...။
ပြန်လာတာတောင်တိတ်တိတ်ဆိတ်ဆိတ်မပြန်လာဘူး...။ပတ်ဝန်းကျင်ကိုအနှောင့်အယှက်ပေးနေရသေးတယ်လို့...။
ခြံထဲဝင်လာတာကိုမိုးညိုဖြစ်နေမှန်းသိတော့မှသူစိတ်အေးသွားရသည်။မဟုတ်ရင်ခလေးနှစ်ယောက်နဲ့သူ့ခမျာဘာလုပ်လို့ဘာကိုင်ရမှန်းသိမှာမဟုတ်ပေ...။
" အေ့...ထွီး...ရပြီ...ရပြီ...မင်းတို့ပြန်တော့...ငါ့ဖာသာ...အေ့...တက်လိုက်မယ်...မင်တို့...ထွီး...ပြန်တော့..."
" ရရဲ့လား...အာစိ..."
" ရပါတယ်ကွာ...ဒီလှေကားလောက်ကတော့...မင်းတို့ရဲ့အာစိက...အေ့...အပျော့ပဲ...ဘာမှစိတ်မပူနဲ့...မင်းတို့ပြန်တော့...ထွီး..."
" အဲ့ဒါဆို...တပည့်ကျော်တို့ပြန်ပြီးအာစိ..."
" အိုဂေ...အိုဂေ..."
အိမ်အောက်ကအသံတွေကြောင့်ရဝေကအိပ်ယာခင်းနေရင်းနဲ့မျက်မှောင်ကျုံ့လိုက်မိ၏။ဒီအသံ၊ဒီအနေအထားအရဆိုရင်တော့ဒီလူကြီးထန်းရည်အိုးထဲကိုဇောက်ထိုးကျလာခဲ့ပြီဖြစ်မည်။
ခွေးကိုလူလို့ထင်နေတာပဲကြည့်...။
စကားပြောတာလည်းလေးလုံးမကွဲတော့သလို၊အသံကြားရုံနဲ့ဒီလူကြီးရဲ့ပုံစံကထိန်းမရ၊သိမ်းမရတော့ဘူးဆိုသူနားလည်လိုက်ပြီ...။ဘယ်လောက်တောင်သောက်ခဲ့လို့တွဲပြီးတော့တောင်လာပြန်ပို့ရတာလဲ...။
အိမ်ကလူတွေကတော့သူပြန်အလာကိုမျှော်နေလိုက်ရတာ...။ညနေကတည်းကမပြောမဆိုပဲထွက်သွားပြီးအိပ်ချိန်ရောက်တာတောင်ပြန်မလာသေးတဲ့ဖအေဖြစ်သူကိုသားဖြစ်သူကတော့မအိပ်ပဲစောင့်နေလိုက်ရတာ...။
အခုတော့...။
လူကအိမ်ကိုတော့ပြန်ရောက်လာပါရဲ့...။အရည်လေးဝင်လာတာတစ်ခုပဲ...။သူ့ကို " ဘယ်သွားမယ်၊ဘယ်လာမယ် " တစ်ခွန်းမှမပြောပဲရွာထဲထွက်သွားတာထန်းရည်သွားသောက်တာတဲ့လား...။
" ဖေ...ပန်ရာပီး..."
မျှော်နေတဲ့လူပြန်လာပြီဆိုတော့သာငယ်လေးကပျော်သွားပုံရသည်။ကုတင်ပေါ်ကနေလျှောဆင်းကာအခန်းပြင်ကိုပြေးထွက်သွားလေ၏။အပြင်ကိုလှုပ်တုတ်လှုပ်တုတ်နဲ့ပြေးထွက်သွားတဲ့သားဖြစ်သူကိုကြည့်ပြီးရဝေသက်ပြင်းကိုမသိမသာလေးချလိုက်မိသည်။ကိုရွှေမဟာတို့များသူ့အဖေကိုချစ်တတ်လိုက်ပုံကတော့လက်ဖျားခါလောက်သည်။
သားငယ်လေးထွက်သွားပြီးမကြာခင်မှာပဲအိမ်အောက်ကဆူညံနေတဲ့အသံတွေကတိတ်ဆိတ်သွားတော့သည်။အိမ်ကအမူးသမားကိုလာပြန်ပို့ပေးတဲ့လူတွေပြန်သွားကြပြီဖြစ်မည်။
" ဟာ...ဖေ့သားငယ်လေး...ဖေ့ရဲ့ကြက်ပေါက်လေး...အဟက်...ဟက်...ဖေ့ရဲ့သားငယ်လေးကဖေ့ကိုလာကြိုတာပေါ့...ဟုတ်လား..."
" ဖေ...မူးရာရား..."
" မမူးပါဘူးသားရဲ့...နည်းနည်းရီဝေဝေလေးဖြစ်နေတာ...အဟက်...ဟက်..."
သြော်...။
မမူးလာဘူးတဲ့လား...။
အိမ်အောက်ကစကားပြောနေတဲ့အသံတွေကိုအခန်းထဲကတောင်ပီပီသသကြားနေရသည်။ပြီးတော့အခန်းထဲကိုဝင်လာတဲ့ခြေသံများကိုလည်းသူကြားနေရသည်။မူးရူးပြီးပြန်လာတဲ့အမူးသမားနဲ့စကားမပြောချင်တာကြောင့်အခန်းဝကိုကျောခိုင်းကာရဝေထိုင်နေလိုက်သည်။
" အမြွှာလေးတို့ဖေဖေရေ...အေ့..."
လာပြီ...။
အရည်လေးဝင်ထားတော့လူကအာလေး၊လျှာလေးကိုသွက်လို့...။လူကိုအသိမပေးပဲသွားချင်တဲ့နေရာသွား၊သောက်ချင်တဲ့အရည်သောက်ခဲ့ပြီးအခုမှ " အမြွှာလေးတို့ဖေဖေ " တဲ့လား...။
လာမခေါ်နဲ့...။
မထူးဘူး...။
အာလေး၊လျှာလေးအသံနဲ့သူ့နာမည်ခေါ်ပြီးအခန်းထဲဝင်လာတဲ့အမူးသမားကိုမသိချင်ယောင်ဆောင်ပြီးရဝေနေလိုက်၏။အသွားတုန်းကလည်းဘယ်သူ့ကိုမှအသိမပေးပဲထွက်သွားသည်မဟုတ်လား...။အခုပြန်လာတော့လည်းတစ်ယောက်တည်းနေပါစေ...။
အခန်းထဲကိုယိုင်တိယိုင်တိုင်နဲ့ဝင်လာတဲ့မိုးညိုကသူ့ကိုကျောပေးပြီးထိုင်နေတဲ့အသက်လေးအနားမှာလှဲအိပ်ချလိုက်သည်။ပြီးနောက်ပူအိုက်လွန်းတာကြောင့်ပခုံးပေါ်တင်ထားတဲ့အင်္ကျီကိုဆွဲယူကာချွေးစို့နေတဲ့ကိုယ်ကိုယပ်ခပ်လိုက်၏။
ဝေကသူ့ကိုစိတ်ဆိုးနေတာဖြစ်မည်။သူ့ခေါ်နေတာတောင်ပြန်မထူးဘူးဆိုတော့...။
အခုလည်းကြည့်...။
သူ့ကိုကျောခိုင်းပြီးထိုင်နေတာ...။
" အား...ညောင်းလိုက်တာ..."
အနားကထွက်လာတဲ့စကားသံကြောင့်ဘေးကလူကိုရဝေစွေပြီးကြည့်လိုက်၏။လယ်ထဲဆင်းတာတောင်တစ်ခါမှမငြီးဖူးတဲ့လူကထန်းရည်သွားသောက်တာကို " ညောင်းတယ် " တဲ့လား...။
ဒီလူကြီး...။
စကားကိုယီးတီးယားတာပြောတတ်လွန်းသည်...။
ပြီးတော့...။
လူပုံစံကလည်းဖရိုဖရဲနဲ့...။
အသွားတုန်းကတော့လူရုပ်၊သူရုပ်လေးထွက်လို့...။
ပြန်လာတော့အင်္ကျီကိုချွတ်ပြီးပခုံပေါ်တင်လာပုံရသည်။လုံချည်ကလည်းဝတ်ထားတာဒူးအထက်တောင်ရောက်နေပြီ...။သွားကတည်းကရေမချိုးသွားတဲ့အတွက်ချွေးနံ့ကတော့ဆိုဖွယ်ရာမရှိတော့ပေ...။
ဒါတင်မကသေး...။
မျက်နှာတစ်ခုလုံးလည်းအဆီပြန်နေကာခေါင်းကလည်းဖွာလန်ကြဲနေ၏။ရုပ်မထွက်တော့တဲ့ဘေးကလူရဲ့ပုံစံကိုကြည့်ပြီးရဝေသက်ပြင်းကိုကြိတ်ပြီးချလိုက်မိသည်။
အမူးသမားယောက်ျားဖြစ်ရတဲ့ဘဝကမလွယ်ပါလား...။
" ဝေ..."
သူ့ရဲ့အနားကထွက်ပေါ်လာတဲ့တိုးဖျဖျအသံလေး...။
ဒါကဘာအသံလဲ...။
ခုနကဝမ်းခေါင်သံကြီးနဲ့လားလားမျှမဆိုင်သလိုပဲ...။
ဒီလူကြီးကရုပ်ရှင်မင်းသားလုပ်စားဖို့ကောင်းသည်။အခြေအနေနဲ့အချိန်အခါကိုကြည့်ပြီးအသံနေအသံထားကိုပြောင်းတတ်လွန်း၏။ပြီးတော့မျက်နှာအမူအယာကလည်းဇာတ်ကားရိုက်စားရင်တစ်ကားတည်းနဲ့နာမည်ကြီးမှာသေချာသည်။
" ဝေလို့..."
အခုမှ " ဝေ..." တာတွေ၊ " ကြွေ " တာတွေလာခေါ်မနေနဲ့...။
မထူးဘူး...။
" ဝေကလည်းကွာ..."
သွား...။
လာမကိုင်နဲ့...။
သူ့လက်ကိုလာဆုပ်ကိုင်တဲ့မိုးညိုရဲ့လက်ကိုရဝေခါထုတ်ပစ်လိုက်၏။စကားမပြောချင်လို့ကျောခိုင်းထားပါတယ်ဆို...။ဒီလူကြီးကိုစကားလည်းမပြောချင်ဘူး...။ဒီလူကြီးရဲ့အသားကိုလည်းသူမထိချင်ဘူး...။
" အဟက်...ဝေကကိုမိုးညိုကိုစိတ်ဆိုးနေတာကိုး..."
အနားကထွက်လာတဲ့စကားသံကိုမသိချင်ယောင်ဆောင်ပြီးစာကြည့်နေတဲ့သားကြီးကိုသာရဝေကြည့်နေမိသည်။စိတ်ထဲမှာတော့ဒီလူကြီးကိုပြောချင်တဲ့စကား၊မေးချင်တဲ့အကြောင်းအရာတွေကများလွန်းနေ၏။
" သားငယ်လေး...လာပါဦး...ဖေ့ဆီကို..."
သူ့ဆီကတုံ့ပြန်သံမကြားရတော့အရုပ်တွေနဲ့ထိုင်ဆော့နေတဲ့သားငယ်လေးဘက်ကိုလှည့်သွားသည်။ဖအေချစ်ကတော့တစ်ခွန်းပဲခေါ်ရသည်။ကစားစရာတွေပစ်ချပြီးသူ့အဖေရဲ့အနားကိုလေးဘက်ကုန်းလေးပြေးသွား၏။
" အား...ဖေ့သားကိုယ်လုံးလေးကလေးနင့်နေတာပဲကွာ...ဖေ့ကိုအာဘွားလေးပေးပါဦး..."
" နိုး..."
သားငယ်လေးရဲ့အဖြေကကျေနပ်စရာကောင်းလွန်းသည်။
ကောင်းတယ်...။
မပေးနဲ့သားငယ်...။
" ဟေ...ဘာဖြစ်လို့လဲသားငယ်ရဲ့..."
" ဖေ...မူးရယ်...ယူဂျိုး...ဖေ...ယူဂျိုး..."
ဟုတ်တယ်...။
သားငယ်လေးပြောတာမှန်တယ်...။
" အဟက်...ဟား...ဟား..."
သူ့အပေါ်တက်ခွပြီးရင်ဘတ်ကိုတတိတိလိုက်ကိုက်နေတဲ့သားဖြစ်သူကြောင့်မိုးညိုအရယ်မရပ်နိုင်တော့ပေ...။သူ့ရဲ့သားကပြောလည်းပြော၊ကိုက်လည်းကိုက်နေတာဖြစ်သည်။
" ဝေ...ဒီမှာ...မင်းရဲ့သားကကိုယ့်ကိုကိုက်နေတယ်ကွ...လုပ်ပါဦး...ဟား...ဟား..."
ကိုက်ပါစေ...။
အဲ့ဒီမှာပြတ်ထွက်သွားအောင်ကိုက်လိုက်ပါစေ...။
" လေးလုံးလေးရေ...ဟေ့...လေးလုံးလေး..."
ကြည့်...။
သားငယ်ပြီးတော့သားကြီးဘက်လှည့်လာပြန်ပြီ...။
ဒီလူကြီးကတော့လေ...။
မူးရင်အေးဆေးမနေဘူး...။ခလေးတွေကိုလိုက်စ,နေရတယ်လို့...။
" ကိုလေးလုံးလေးရေ..."
" ဟင့်...ဖေ..."
သားကြီးကသူ့ကို " လေးလုံး " လို့ခေါ်တာမကြိုက်ဘူးဖြစ်မည်။သူ့ဘက်ကိုမျက်နှာလေးမဲ့ပြလာ၏။
" လေးလုံး မဟုတ်ဘူးလို့ပြောလိုက်လေသားရဲ့...သားနာမည် ဝလ္လာ လို့..."
" ဟုတ်ဝူး...ဝရာ..."
သူသင်ပေးတဲ့အတိုင်းသားကြီးကကိုမိုးညိုဘက်ကိုလှည့်ကာပြန်ပြောလိုက်၏။
" ဟာ...ဝလ္လာဟုတ်ပါဘူးကွာ...လေးလုံးပါ...ဟုတ်တယ်နော်...သားငယ်..."
" ခစ်...ခစ်...ရေးရုံး...တိုတိုရေးရုံး..."
သားငယ်ကလည်းသူ့အဖေနဲ့အပြိုင်သားကြီးကိုမထိတထိလိုက်စ,နေပြန်သည်။ဖအေတူသား၊မျက်နှာရူးလေး...။
" ဟင့်...ဖေ..."
" ကဲ...တော်ပြီ...မစနဲ့တော့...ခလေးကို..."
" သားငယ်...လာ...အိပ်မယ်...အချိန်မနည်းတော့ဘူး..."
ခေါ်သိပ်မှရတော့မည်။မဟုတ်ရင်အချိန်မတော်ကြီးထငိုလို့ချော့နေရဦးမည်။ဟိုအမူးသမားကလည်းပြန်လာရင်ပါးစပ်ကအငြိမ်ကိုမနေတတ်ဘူး...။
" အိပ်ချင်တေးဝူး..."
လာပြန်ပြီ " အိပ်ချင်သေးဘူး ".....။
" မအိပ်ရင်မနက်ဖြန်ဆီမီးထွန်းပွဲမသွားရဘူးနော်..."
သူ့စကားကြောင့်သားကြီးရဲ့မျက်လုံးလေးတွေကဝိုင်းစက်သွားလေသည်။ပြီးနောက်ကိုင်ထားတဲ့စာအုပ်လေးကိုဖျက်ခနဲ့ပိတ်ချလိုက်၏။ဆိုလိုတာကသူအိပ်တော့မည်ပေါ့...။
သားကြီးလိုပဲကိုမိုးညိုရဲ့ရင်ဘတ်ပေါ်မှာထိုင်နေတဲ့သားငယ်လေးကလည်းသူ့အနားကိုစွေ့ခနဲ့ရောက်လာသည်။ပြီးနောက်သူ့အတွက်ပြင်ပေးထားတဲ့အိပ်ယာခင်းထဲကိုတိုးဝင်လိုက်၏။အမြွှာလေးနှစ်ယောက်ရဲ့ဖြစ်ပျက်သွားတဲ့အပြုအမူကိုကြည့်ပြီးမသိမသာလေးရဝေပြုံးလိုက်မိသည်။
လူဆိုးလေးတွေ...။
ဆီးမီးထွန်းပွဲမသွားရဘူးဆိုတော့ချက်ခြင်းကိုလာပြေးအိပ်တော့တာပဲ...။
" သားကြီး...မအိပ်ခင်ဖေကြီးကိုအာဘွားလာပေးဦးလေကွာ...ဖေကြီးကိုမချစ်တော့ဘူးလား..."
" ဟွန့်...အာဝါးပေးဝူး...ပေးဝူး...ရေးရုံးဟုတ်ဝူး...ဝရာ..."
" ခစ်...ခစ်..."
သားကြီးရဲ့စကားကြောင့်သူတို့ခမျာငိုရခက်၊ရယ်ရခက်...။လက်စသတ်တော့သားကြီးကသူ့ကို " လေးလုံး " လို့ခေါ်လိုက်မိတာကိုစိတ်ဆိုးနေတာကိုး...။
" ပေးပါသားရဲ့...သားကြီးအာဘွားမပေးရင်ဖေအိပ်လို့မပျော်ဘူးကွ...လာပါ...ဖေကြီးကိုအာဘွားလာပေးပါဦး..."
ဒီတစ်ခါလည်းကိုယ်တော်ချောလေးကကိုမိုးညိုရဲ့စကားကိုလျစ်လျူရှုထားပြန်သည်။နှုတ်ခမ်းလေးကအိပ်ခါနီးတောင်အရှေ့ကိုစူထွက်နေ၏။သားကြီးကအတော့်ကိုစိတ်ဆိုးနေတာဖြစ်မည်။
" အဲ့ဒါဆိုရင်တော့...မနက်ဖြန်ဆီမီးထွန်းပွဲကျရင်တော့သားငယ်လေးကိုပဲလိုချင်တာဝယ်ပေးလိုက်တော့မယ်ကွာ..."
ဒီတစ်ခါတော့မိုးညိုရဲ့စကားကထိရောက်သွားသည်ဖြစ်မည်။စောင်ပုံထဲဝင်ဖို့ပြင်နေတဲ့ဝလ္လာကဖအေဖြစ်သူရဲ့စကားကြောင့်လှုပ်ရှာမှုတွေရပ်တန့်သွား၏။ပြီးတော့ဝိုင်းစက်နေတဲ့မျက်လုံးလေးတွေကလည်းပိုပြီးပြူးကျယ်သွားလေတော့သည်။
" ဖေ...တနတ်...တနတ်...ဒိုင်း..ဒိုင်း..."
" သားငယ်လေးကသေနတ်လိုချင်တာလား...ဖေဝယ်ပေးမှာပေါ့ကွ..."
စောင်ပုံထဲကညီဖြစ်သူ " မဟာ " ကိုကြည့်လိုက်၊ခပ်လှမ်းလှမ်းမှာလှဲအိပ်နေတဲ့ဖအေဖြစ်သူကိုကြည့်လိုက်နဲ့ဝလ္လာဝေခွဲရခက်နေ၏။သားဖြစ်သူရဲ့ဖြစ်နေတဲ့ပုံစံလေးကိုကြည့်ပြီးမိုးညိုအူယားနေမိသည်။
" ကလေးလေးတစ်ယောက်ကတော့လိုချင်တာမရှိဘူးဖြစ်မယ်...အာဘွားလာမပေးဘူးဆိုတော့..."
နောက်ဆုံးတော့ဝလ္လာတင်းမခံနိုင်တော့ပေ...။အိပ်မယ့်နေရာကနေဖအေဖြစ်သူဆီလေးဘက်ကုန်းလေးပြေးသွားကာ...
" မွ...မွ...မွ..."
သူ့ရင်ဘတ်ပေါ်တက်ခွပြီးမျက်နှာတစ်ခုလုံးကိုလိုက်နမ်းနေတဲ့သားကြီး...။လိုချင်တာဝယ်ပေးမယ်ဆိုတော့နမ်းနေတာများ...။
" ဟား...ဟား...ဟား..."
သူ့ကြက်ပေါက်လေးတွေရဲ့အားနည်းချက်ကဘာလဲဆိုတာသူသိတာပေါ့...။
" သားကြီး...အိပ်မယ်...လာတော့..."
ရဝေရဲ့စကားကြောင့်ဝလ္လာကဖအေဖြစ်သူရဲ့ကိုယ်ပေါ်ကနေဆင်းကာအိပ်မယ့်နေရာနားကိုပြန်လာခဲ့သည်။အချိန်မနည်းတော့ပြီမို့မကြာခင်မှာပဲအမြွှာလေးနှစ်ယောက်လုံးအိပ်ပျော်သွားတော့သည်။
" ဝေ..."
" ဘာလဲ..."
" ကိုမိုးညိုကိုစိတ်ဆိုးနေတာလား..."
မေးလည်းမေးတတ်ပ...။ " စိတ်ဆိုးနေတာလား " တဲ့...။အခုထိ " သူစိတ်ဆိုးနေလား၊မဆိုးဘူးလား " ဆိုတာဒီလူကြီးမသိသေးဘူးလား...။
" စိတ်မဆိုးလို့ကျွန်တော်ကပျော်နေရမှာလား..."
အိပ်ပျော်နေတဲ့အမြွှာလေးနှစ်ယောက်ကိုစောင်ခြုံပေးရင်းအနောက်ကလူကိုလှည့်ပြီးရဝေပြောလိုက်၏။လုပ်ချင်တာလုပ်ထားပြီးတော့အခုမှမျက်နှာငယ်လေးလာလုပ်ပြနေရတယ်လို့...။
တော်တော်တရားကျဖို့ကောင်းတဲ့လူ...။
" အား...ကျွတ်... ကျွတ်...ငတိုးတို့ဦးလေးဆုံးသွားပြီဆိုလို့ခဏသွားကြည့်တာပါကွာ...ဟိုရောက်တော့ဝိုင်းလုပ်ပေး၊ဝိုင်းကိုင်ပေးတာနဲ့ပြန်လာဖို့နောက်ကျသွားတာ..."
ဖြေရှင်းချက်မတောင်းပေမယ့်ကိုမိုးညိုကသူ့ကိုတစ်လုံးချင်းအသေးစိတ်ရှင်းပြနေ၏။အခုမှဖြေရှင်းချက်တွေလာပေးနေရတယ်လို့...။မသွားခင်ကတည်းကအကျိုးအကြောင်းပြောပြသွားရင်ဒီအခြေအနေထိတောင်ရောက်စရာမလိုဘူး...။
" စောစောပြန်မလာဖြစ်ဘူးဆိုတော့အဲ့ဒီအသုဘအိမ်ကခင်ဗျားတစ်ယောက်တည်းလုပ်မယ့်သူရှိတာလား..."
" မဟုတ်ပါဘူးဝေရယ်...ပြန်လာခါနီးဟိုကောင်တွေက ခဏနေပါဦး ဆိုပြီးအတင်းဆွဲထားလို့ပါကွာ..."
ဒီလောက်ဆိုသူသိလိုက်ပြီ...။ " ဟိုကောင်တွေဆွဲထားလို့ " ဆိုတော့တခွက်တဖလားသောက်ကြဖို့ပေါ့...။
" အဲ့တော့အရည်လေးဝင်လာခဲ့တယ်ပေါ့...ဖဲကောရိုက်ခဲ့သေးလား..."
သူ့အမေးကြောင့်အနောက်ကလူရဲ့မျက်နှာကကြောင်အမ်းအမ်းဖြစ်သွားလေသည်။ပြီးနောက်သူမေးတာကိုမကြားချင်ယောင်ဆောင်ကာပခုံးပေါ်တင်ထားတဲ့အင်္ကျီနဲ့တဖျက်ဖျက်ယပ်ခပ်နေတော့သည်။
ဒီလောက်ဆိုရင်တော့သူနားလည်လိုက်ပြီ...။
" ပြန်လာခါနီးတစ်အိမ်လိုနေတယ်ဆိုလို့ခဏလေးဝင်ထိုင်ရုံပါပဲကွာ..."
သူ့ရဲ့နောက်ကျောကနေကိုမိုးညိုရဲ့အသံကခပ်တိုးတိုးလေးထွက်လာ၏။အခုချိန်မှာသူ့ကိုရွှေပြည်အေးအသံလာလုပ်ပြလည်းအသုံးမဝင်ဘူး...။
ခဏလေးဝင်ထိုင်ရုံတဲ့လား...။
ထွက်သွားတာညနေကတည်းက...။အခုပဲအချိန်ကညဥ့်နက်သန်ခေါင်ရောက်နေပြီ...။အသုဘကိစ္စဆိုတာကလည်းအချိန်များကြီးကူစရာမှမလိုတာ...။အလွန်ဆုံကူရသုံး၊လေးနာရီပေါ့...။ဒါတောင်လူမရှိမှ...။အဲ့ဒီတော့ကျန်တဲ့အချိန်တွေကိုဒီလူကြီးကအရက်သောက်လိုက်၊ဖဲရိုက်လိုက်လုပ်နေတာပဲဖြစ်မည်။
" အေ...ခင်ဗျားခေါင်းထဲမှာဖဲနဲ့ထန်ရည်ဝင်သွားပြီးဆိုရင်အိမ်ကမိသားစုကိုတောင်ခင်ဗျားမေ့တယ်..."
" ကျစ်...ဝေကလည်းကွာ..."
" သွားလည်းအိမ်ကလူတွေကိုဘာမှမပြောသွားဘူး...ပြန်လာတော့လည်းလာချင်တဲ့အချိန်မှခင်ဗျားပြန်လာတယ်...ခလေးတွေမျှော်နေမယ်ဆိုတာခင်ဗျားမစဥ်းစားမိဘူးလား..."
ထိန်းချုပ်ထားတဲ့ကြားကနေဒေါသံကြောင့်ရဝေ့ရဲ့အသံကဟိန်းထွက်လာခဲ့၏။စိတ်ရှိလက်ရှိအော်ဟစ်ပေါက်ကွဲလိုက်ချင်ပေမယ့်ဒီလိုအချိန်မှာတော့ပတ်ဝန်းကျင်ကိုလည်းသူဒုက္ခမပေးချင်တော့ပေ...။ပြီးတော့သားလေးနှစ်ယောက်လည်းသူတို့နှစ်ယောက်ကြောင့်စိတ်ထိခိုက်သွားလိမ့်မည်။
အဲ့တော့ခံစားရသမျှကိုကြိတ်မှိတ်မြိုသိပ်ရုံပေါ့...။
" ခင်ဗျားကမိသားစုထက်ထန်းရည်နဲ့ဖဲကိုပိုချစ်တဲ့လူပဲ...အဲ့တော့ခင်ဗျားဖာသာလုပ်ချင်တာလုပ်တော့..."
" အဲ့လိုမပြောပါနဲ့ဝေရယ်...ကိုမိုးညိုမှားသွားတယ်ဆိုတာဝန်ခံပါတယ်...အဲ့လိုကြီးတော့သူစိမ်းဆန်ဆန်မပြောပါနဲ့ကွာ...သားတွေမျှော်နေမယ်ဆိုတာလည်းကိုယ်သိတယ်...ဒါပေမယ့်..."
သိတယ်ဆိုပြန်လာခဲ့လေ...။ " ဒါပေမယ့် " ဆိုတာအကြောင်းပြချက်ပဲ...။
" တော်ပြီ...ကိုယ့်အပြစ်ကိုသူများဆီလွှဲချမနေနဲ့..." ဘယ်သူမပြု၊မိမိမှု " တဲ့...ကိုယ်လုပ်မှကိုယ်ဖြစ်တာ..."
" ဟုတ်ပါတယ်ဝေရယ်...ကိုမိုးညို...ကိုမိုးညို..."
ဒီလူကြီးရဲ့ပုံစံကဖြေရှင်းချက်တွေပျောက်ဆုံးနေသလိုပင်...။
ဟင့်အင်း...။
ပျောက်ဆုံးနေတာမဟုတ်ဘူး၊အစကတည်းကိုကဒီလူကြီးဆီမှာဖြေရှင်းချက်မရှိတာ...။
" အခုဘာလုပ်မှာလဲ...ထမင်းစားမှာလား...ရေချိုးမှာလား..."
ဖြစ်ပြီးခဲ့တဲ့ကိစ္စကိုအစကနေသာပြန်ဆွဲထုတ်နေရင်နှစ်ယောက်သားရန်ဖြစ်ရုံပဲရှိသည်။အဲ့ဒီတော့ဒီဇာတ်လမ်း၊ဒီမှာတင်ပြည်ဖုံးကာချလိုက်တာပဲကောင်းသည်။
" ဟိုမှာစားခဲ့ပြီးပြီ..."
" အဲ့ဒါဆိုရေသွားချိုးတော့..."
" ရေကတော့အလုပ်ပြီးမှပဲချိုးတော့မယ်..."
" ဘာလုပ်ဖို့ကျန်သေးလို့လဲ..."
အခုပဲအသုဘအိမ်ကပြန်လာတယ်...။ဘာလုပ်ဖို့ကျန်သေးပြန်ပြီလဲ...။
သူလည်းပြောမနေတော့ပဲအမြွှာလေးနှစ်ယောက်ရဲ့ဘက်ကိုလှည့်ပြီးသာအိပ်နေလိုက်သည်။သူ့ဖာသာဘာပဲလုပ်လုပ်၊လုပ်ချင်တာလုပ်ပါစေတော့...။
ထိုစဥ်...။
ဘေးတစောင်းအိပ်နေတဲ့သူ့ကို,ကိုမိုးညိုကရုတ်တရက်ပက်လက်လှန်ချလိုက်၏။ပြီးနောက်သူ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီးအပေါ်ကနေအုပ်မိုးကာစိုက်ကြည့်နေလေသည်။
ပြောတော့လုပ်စရာရှိတယ်ဆို...။
သူ့ကိုရီဝေဝေမျက်ဝန်းတွေနဲ့ငုံ့ကြည့်နေတဲ့ကိုမိုးညိုရဲ့ပုံစံကစစ်မြေပြင်ထဲကိုသက်ဆင်းတော့မယ့်စစ်သူကြီးတစ်ယောက်လိုမျိုးဖြစ်၏။အန္တရာယ်အငွေ့အသက်တွေရလာတာကြောင့်သူ့ကိုအုပ်မိုးပြီးကြည့်နေတဲ့ကိုမိုးညိုဆီကနေရဝေရုန်းထွက်လိုက်သည်။
ဟင့်အင်း...။
သူခွင့်မပြုနိုင်ဘူး...။
တစ်နေ့လုံးသူလုပ်ချင်တာလုပ်ခဲ့ပြီးပြီ...။
သို့သော်သူရုန်းကန်နေလည်းအချည်းနှီးသာ...။သူ့အဖြစ်ကနွံထဲရောက်သလိုရုန်းလေ၊နစ်လေပင်...။သို့ပေမယ့်လည်းနစ်မြှုပ်နေမှန်းသိသိကြီးနဲ့ကိုသူရုန်းကန်နေမိသည်။
" လွတ်မြောက်လေမလား " ဆိုတဲ့နောက်ဆုံးမျှော်လင့်ချက်လေးကိုဆုပ်ကိုင်ရင်းနဲ့...။
သို့သော်...။
သူ့ကိုစိုက်ကြည့်နေတဲ့ကိုမိုးညိုရဲ့အကြည့်တွေကတဖြည်းဖြည်းအရိုင်းဆန်လာခဲ့၏။
ဒီလောက်ဆိုသူသိလိုက်ပြီ...။
" ကိုမိုးညို...ခင်ဗျာ...ဘာဖြစ်...အွန့်..."
လမ်းတဝက်မှာပဲရပ်တန့်သွားတဲ့သူ့ရဲ့စကားသံ...။ပြီးတော့ရုန်းကန်ရင်းပြေလျော့သွားတဲ့သူ့ရဲ့လုံချည်...။စကားသံတွေကတိတ်ဆိတ်သွားပေမယ့်မွတ်သိပ်မှုတွေကတော့ပြည့်နှက်လာခဲ့၏။
လူတစ်ယောက်ကိုလွယ်လွယ်နဲ့အညံ့မခံတတ်တဲ့သူ့အဖို့ဒီအချိန်မှာတော့ရှုံးနိမ့်မှုကပြိုင်ဘက်ကင်းမဲ့နေခဲ့လေရဲ့...။
အင်း...။
မသေချာမှုတွေများတဲ့ဒီလောကကြီးမှာသေချာတာတစ်ခုကတော့ဒီလသည်နေ့တာတိုပြီး၊ညတာရှည်တယ်ဆိုတာပင်...။
🌿🌿🌿
---------------------------------------------------------
ဝေဖန်အကြံပြုချက်များကိုကြိုဆိုလျှက်....။
" ေဟ့...ရပ္စမ္း...မလႈပ္နဲ႕...ၿငိမ္ၿငိမ္ေန..."
ဟင္...။
မာထန္ၿပီးက်ယ္ေလာင္လွတဲ့အသံတစ္သံ...။
ထိုအသံကခပ္ေဝးေဝးဆီကလႊင့္ပ်ံလာတာမဟုတ္ပဲသူတို႔ရဲ႕အိမ္ၿခံဝန္းထဲကေန႐ုတ္တရက္ထြက္ေပၚလာခဲ့တာျဖစ္သည္။ႏူညံ့မႈမရွိတဲ့ထိုအသံေၾကာင့္သူေရာ၊အႁမႊာေလးႏွစ္ေယာက္ပါနား႐ြက္ေတြေထာင္ကုန္ၾကသည္။ၿပီးေနာက္သားအဖသုံးေယာက္စလုံးတိုင္ပင္ထားျခင္းမရွိပဲတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္မိၾက၏။
ဒီအသံကဘယ္သူ႕အသံလဲ...။ၿပီးေတာ့ညအခ်ိန္ႀကီးသူတစ္ပါးၿခံဝန္းထဲကိုမေျပာမဆိုနဲ႕ဝင္လာတယ္တဲ့လား...။
အသံကတိတ္ဆိတ္ေနတဲ့အခ်ိန္မွထြက္ေပၚလာခဲ့တာဆိုေတာ့ရေဝတစ္ေယာက္လက္ႏွစ္ဖက္ကိုတင္းေနေအာင္ဆုပ္ကာၿငိမ္သက္ေနမိသည္။သူ႕လိုပဲအႁမႊာေလးႏွစ္ေယာက္ကလည္းတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီးၿငိမ္ေနၾကေလရဲ႕...။
သူေတြးသလိုမ်ားျဖစ္လာၿပီလား...။
" ေဖ...ရက္ခ်န္းဒဲ့..."
အိမ္ေအာက္ကလူရဲ႕စကားကိုသားငယ္ေလးကသူ႕ကိုေမာ့ၾကည့္ၿပီးေျပာလာေလသည္။ၿပီးေနာက္သူ႕အနားကိုတျဖည္းျဖည္းတိုးကပ္လာၿပီးသူ႕ရင္ခြင္ထဲကိုတိုးဝင္ေလေတာ့သည္။သားငယ္ေလးကိုၾကည့္ရတာလန့္ေနပုံရသည္။သားႀကီးကိုၾကည့္လိုက္ျပန္ေတာ့လည္းမ်က္မွန္ဝိုင္းေလးေအာက္ကမ်က္ဝန္းေလးေတြျပဴးက်ယ္ဝိုင္းစက္ေန၏။
ၿခံထဲကိုဘယ္သူဝင္လာတာမ်ားလဲ...။
အသံကမာေနတဲ့အျပင္လုံးလည္းလုံးေန၏။အနီးစပ္ဆုံးေျပာရရင္သူၾကားလိုက္ရတဲ့အသံကအရက္သမားတစ္ေယာက္ရဲ႕အသံလိုမ်ိဳးျဖစ္သည္။ၿပီးေတာ့တစ္ခါတစ္ခါဝူးဝူးဝါးဝါးအသံကိုလည္းတိုးတိုးတစ္ဖုံ၊က်ယ္က်ယ္တစ္ဖုံသူၾကားေနရသည္။
ဒါဆိုရင္ေတာ့ေသခ်ာသည္။ၿခံထဲကိုဝင္လာတာအရက္သမားတစ္ေယာက္ပဲျဖစ္ရမည္။အသံကေလးလုံးကြဲမေနတဲ့အတြက္ဘယ္သူ႕အသံလဲဆိုတာေတာ့သူမခြဲျခားတတ္ေပ...။
ေသခ်ာတာတစ္ခုကေတာၿခံထဲကိုအမူးသမားတစ္ေယာက္ဝင္လာၿပီးဆိုတာပင္...။
" ဟာ...အာစိ...အဲ့ဒါလူမဟုတ္ဘူး...ေခြးဗ်...ေခြး..."
" ေဟ...ဟုတ္လား...ေအ့...အဟက္...ဟက္...မသိပါဘူးကြာ...ငါကငါ့အိမ္သူခိုးကပ္...ေအ့...တယ္ထင္ေနတာကြ...အဟက္...ဟက္..."
ဟမ္...။
ကိုမိုးညို...။
ဒါေၾကာင့္ဒီအသံကိုသူရင္းႏွီးေနပါတယ္လို႔...။
အိမ္ေအာက္ကစကားေျပာသံေတြထပ္ထြက္လာေတာ့မွပဲခုနကသူၾကားလိုက္ရတဲ့ဝမ္းေခါင္သံႀကီးကဘယ္သူ႕ဆီကလဲဆိုတာကြဲကြဲျပားျပားသိရေတာ့သည္။သူကေတာ့ၿခံထဲကိုသူစိမ္းဝင္လာၿပီးထင္ေနတာ...။လက္စသတ္ေတာ့ဒီအိမ္ရဲ႕အရွင္သခင္အမူးသမားအိမ္ဦးနတ္ႀကီးျပန္လာတာကိုး...။
က်စ္...။
ဒီလူႀကီး...။
ျပန္လာတာေတာင္တိတ္တိတ္ဆိတ္ဆိတ္မျပန္လာဘူး...။ပတ္ဝန္းက်င္ကိုအေႏွာင့္အယွက္ေပးေနရေသးတယ္လို႔...။
ၿခံထဲဝင္လာတာကိုမိုးညိုျဖစ္ေနမွန္းသိေတာ့မွသူစိတ္ေအးသြားရေတာ့သည္။မဟုတ္ရင္ခေလးႏွစ္ေယာက္နဲ႕သူ႕ခမ်ာဘာလုပ္လို႔ဘာကိုင္ရမွန္းသိမွာမဟုတ္ေပ...။
" ေအ့...ထြီး...ရၿပီး...ရၿပီး...မင္းတို႔ျပန္ေတာ့...ငါ့ဖာသာ...ေအ့...တက္လိုက္မယ္...မင္တို႔...ထြီး...ျပန္ေတာ့..."
" ရရဲ႕လား...အာစိ..."
" ရပါတယ္ကြာ...ဒီေလွကားေလာက္ကေတာ့...မင္းတို႔ရဲ႕အာစိက...ေအ့...အေပ်ာ့ပဲ...ဘာမွစိတ္မပူနဲ႕...မင္းတို႔ျပန္ေတာ့...ထြီး..."
" အဲ့ဒါဆို...တပည့္ေက်ာ္တို႔ျပန္ၿပီးအာစိ..."
" အိုေဂ...အိုေဂ..."
အိမ္ေအာက္ကအသံေတြေၾကာင့္ရေဝတစ္ေယာက္အိပ္ယာခင္းရင္းနဲ႕မ်က္ေမွာင္က်ဳံ႕လိုက္မိ၏။ဒီအသံ၊ဒီအေနအထားအရဆိုရင္ေတာ့ဒီလူႀကီးထန္းရည္အိုးထဲကိုေဇာက္ထိုးက်လာခဲ့ၿပီးျဖစ္မည္။
ေခြးကိုလူလို႔ထင္ေနတာပဲၾကည့္...။
စကားေျပာတာလည္းေလးလုံးမကြဲေတာ့သလို၊အသံၾကား႐ုံနဲ႕ဒီလူႀကီးရဲ႕ပုံစံကထိန္းမရ၊သိမ္းမရေတာ့ဘူးဆိုသူနားလည္လိုက္ၿပီး...။ဘယ္ေလာက္ေတာင္ေသာက္ခဲ့လို႔တြဲၿပီးေတာ့ေတာင္လာျပန္ပို႔ရတာလဲ...။
အိမ္ကလူေတြကေတာ့သူျပန္အလာကိုေမွ်ာ္ေနလိုက္ရတာ...။ညေနကတည္းကမေျပာမဆိုပဲထြက္သြားၿပီးအိပ္ခ်ိန္ေရာက္တာေတာင္ျပန္မလာေသးတဲ့ဖေအျဖစ္သူကိုသားျဖစ္သူကေတာ့မအိပ္ပဲေစာင့္ေနလိုက္ရတာ...။
အခုေတာ့...။
လူကအိမ္ကိုေတာ့ျပန္ေရာက္လာပါရဲ႕...။အရည္ေလးဝင္လာတာတစ္ခုပဲ...။သူ႕ကို " ဘယ္သြားမယ္၊ဘယ္လာမယ္ " တစ္ခြန္းမွမေျပာပဲ႐ြာထဲထြက္သြားတာထန္းရည္သြားေသာက္တာတဲ့လား...။
" ေဖ...ပန္ရာပီး..."
ေမွ်ာ္ေနတဲ့လူျပန္လာၿပီးဆိုေတာ့သာငယ္ေလးကေပ်ာ္သြားသည္ျဖစ္မည္။ကုတင္ေပၚကေနေလွ်ာဆင္းကာအခန္းျပင္ကိုေျပးထြက္သြားေလ၏။အျပင္ကိုလႈပ္တုတ္လႈပ္တုတ္နဲ႕ေျပးထြက္သြားတဲ့သားျဖစ္သူကိုၾကည့္ၿပီးရေဝတစ္ေယာက္သက္ျပင္းကိုမသိမသာေလးခ်လိဳက္မိသည္။ကိုေ႐ႊမဟာတို႔မ်ားသူ႕အေဖကိုခ်စ္တတ္လိုက္ပုံကေတာ့လက္ဖ်ားခါေလာက္သည္။
သားငယ္ေလးထြက္သြားၿပီးမၾကာခင္မွာပဲအိမ္ေအာက္ကဆူညံေနတဲ့အသံေတြကတိတ္ဆိတ္သြားေလေတာ့သည္။အိမ္ကအမူးသမားကိုလာျပန္ပို႔ေပးတဲ့လူေတြျပန္သြားၾကၿပီးျဖစ္မည္။
" ဟာ...ေဖ့သားငယ္ေလး...ေဖ့ရဲ႕ၾကက္ေပါက္ေလး...အဟက္...ဟက္...ေဖ့ရဲ႕သားငယ္ေလးကေဖ့ကိုလာႀကိဳတာေပါ့...ဟုတ္လား..."
" ေဖ...မူးရာရား..."
" မမူးပါဘူးသားရဲ႕...နည္းနည္းရီေဝေဝေလးျဖစ္ေနတာ...အဟက္...ဟက္..."
ေၾသာ္...။
မမူးလာဘူးတဲ့လား...။
အိမ္ေအာက္ကစကားေျပာေနတဲ့အသံေတြကိုအခန္းထဲကေတာင္ပီပီသသၾကားေနရသည္။ၿပီးေတာ့အခန္းထဲကိုဝင္လာတဲ့ေျခသံမ်ားကိုလည္းသူၾကားေနရသည္။မူး႐ူးၿပီးျပန္လာတဲ့အမူးသမားနဲ႕စကားမေျပာခ်င္တာေၾကာင့္ရေဝတစ္ေယာက္အခန္းဝကိုေက်ာခိုင္းကာထိုင္ေနလိုက္သည္။
" အႁမႊာေလးတို႔ေဖေဖေရ...ေအ့..."
လာၿပီး...။
အရည္ေလးဝင္ထားေတာ့လူကအာေလး၊လွ်ာေလးကိုသြက္လို႔...။လူကိုအသိမေပးပဲသြားခ်င္တဲ့ေနရာသြား၊ေသာက္ခ်င္တဲ့အရည္ေသာက္ခဲ့ၿပီးအခုမွ " အႁမႊာေလးတို႔ေဖေဖ " တဲ့လား...။
လာမေခၚနဲ႕...။
မထူးဘူး...။
ရေဝတစ္ေယာက္အာေလး၊လွ်ာေလးအသံနဲ႕သူ႕နာမည္ေခၚၿပီးအခန္းထဲဝင္လာတဲ့အမူးသမားကိုမသိခ်င္ေယာင္ေဆာင္ၿပီးေနလိုက္၏။အသြားတုန္းကလည္းဘယ္သူ႕ကိုမွအသိမေပးပဲထြက္သြားသည္မဟုတ္လား...။အခုျပန္လာေတာ့လည္းတစ္ေယာက္တည္းေနပါေစ...။
အခန္းထဲကိုယိုင္တိယိုင္တိုင္နဲ႕ဝင္လာတဲ့မိုးညိုတစ္ေယာက္သူ႕ကိုေက်ာေပးၿပီးထိုင္ေနတဲ့အသက္ေလးအနားမွာပဲလွဲအိပ္ခ်လိဳက္ေလသည္။ၿပီးေနာက္ပူအိုက္လြန္းတာေၾကာင့္ပခုံးေပၚတင္ထားတဲ့အကၤ်ီကိုဆြဲယူကာေခြၽးစို႔ေနတဲ့ကိုယ္ကိုယပ္ခပ္ေနလိုက္၏။
ေဝကသူ႕ကိုစိတ္ဆိုးေနတာျဖစ္မည္။သူ႕ေခၚေနတာေတာင္ျပန္မထူးဘူးဆိုေတာ့...။
အခုလည္းၾကည့္...။
သူ႕ကိုေက်ာခိုင္းၿပီးထိုင္ေနတာ...။
" အား...ေညာင္းလိုက္တာ..."
အနားကထြက္လာတဲ့စကားသံေၾကာင့္ရေဝတစ္ေယာက္ေဘးကလူကိုေစြၿပီးၾကည့္လိုက္၏။လယ္ထဲဆင္းတာေတာင္တစ္ခါမွမၿငီးဖူးတဲ့လူကထန္းရည္သြားေသာက္တာကို " ေညာင္းတယ္ " တဲ့လား...။
ဒီလူႀကီး...။
စကားကိုယီးတီးယားတာေျပာတတ္လြန္းတယ္...။
ၿပီးေတာ့...။
လူပုံစံကလည္းဖရိုဖရဲနဲ႕...။
အသြားတုန္းကေတာ့လူ႐ုပ္၊သူ႐ုပ္ေလးထြက္လို႔...။
ျပန္လာေတာ့အကၤ်ီကိုခြၽတ္ၿပီးပခုံေပၚတင္လာပုံရသည္။လုံခ်ည္ကလည္းဝတ္ထားတာဒူးအထက္ေတာင္ေရာက္ေနေလၿပီး...။သြားကတည္းကေရမခ်ိဳးသြားတဲ့အတြက္ေခြၽးနံ႕ကေတာ့ဆိုဖြယ္ရာမရွိေတာ့...။
ဒါတင္မကေသး...။
မ်က္ႏွာတစ္ခုလုံးလည္းအဆီျပန္ေနကာေခါင္းကလည္းဖြာလန္ႀကဲေန၏။လူ႐ုပ္မထြက္ေတာ့တဲ့ေဘးကလူရဲ႕ပုံစံကိုၾကည့္ၿပီးရေဝတစ္ေယာက္သက္ျပင္းကိုႀကိတ္ၿပီးခ်လိဳက္မိသည္။
အမူးသမားေယာက္်ားျဖစ္ရတဲ့ဘဝကမလြယ္ပါလား...။
" ေဝ..."
သူ႕ရဲ႕အနားကထြက္ေပၚလာတဲ့တိုးဖ်ဖ်အသံေလး...။
ဒါကဘာအသံလဲ...။
ခုနကဝမ္းေခါင္သံႀကီးနဲ႕လားလားမွ်မဆိုင္သလိုပဲ...။
ဒီလူႀကီးက႐ုပ္ရွင္မင္းသားလုပ္စားဖို႔ေကာင္းသည္။အေျခအေနနဲ႕အခ်ိန္အခါကိုၾကည့္ၿပီးအသံေနအသံထားကိုေျပာင္းတတ္လြန္း၏။ၿပီးေတာ့မ်က္ႏွာအမူအယာကလည္းဇာတ္ကားရိုက္စားရင္တစ္ကားတည္းနဲ႕နာမည္ႀကီးမွာေသခ်ာသည္။
" ေဝလို႔..."
အခုမွ " ေဝ..." တာေတြ၊ " ေႂကြ " တာေတြလာေခၚမေနနဲ႕...။
မထူးဘူး...။
" ေဝကလည္းကြာ..."
သြား...။
လာမကိုင္နဲ႕...။
ရေဝတစ္ေယာက္သူ႕လက္ကိုလာဆုပ္ကိုင္တဲ့ကိုမိုးညိုရဲ႕လက္ကိုခါထုတ္ပစ္လိုက္၏။စကားမေျပာခ်င္လို႔ေက်ာခိုင္းထားပါတယ္ဆို...။ဒီလူႀကီးကိုစကားလည္းမေျပာခ်င္ဘူး...။ဒီလူႀကီးရဲ႕အသားကိုလည္းသူမထိခ်င္ဘူး...။
" အဟက္...ေဝကကိုမိုးညိုကိုစိတ္ဆိုးေနတာကိုး..."
အနားကထြက္လာတဲ့စကားသံကိုမသိခ်င္ေယာင္ေဆာင္ၿပီးစာၾကည့္ေနတဲ့သားႀကီးကိုသာသူၾကည့္ေနမိသည္။စိတ္ထဲမွာေတာ့ဒီလူႀကီးကိုေျပာခ်င္တဲ့စကား၊ေမးခ်င္တဲ့အေၾကာင္းအရာေတြကမ်ားလြန္းေန၏။
" သားငယ္ေလး...လာပါဦး...ေဖ့ဆီကို..."
သူ႕ဆီကတုံ႕ျပန္သံမၾကားရေတာ့ကစားစရာအ႐ုပ္ေတြနဲ႕ထိုင္ေဆာ့ေနတဲ့သားငယ္ေလးဘက္ကိုလွည့္သြားေလ၏။ဖေအခ်စ္ကေတာ့တစ္ခြန္းပဲေခၚရသည္။ကစားစရာေတြပစ္ခ်ၿပီးသူ႕အေဖရဲ႕အနားကိုေလးဘက္ကုန္းေလးေျပးသြား၏။
" အား...ေဖ့သားကိုယ္လုံးေလးကေလးနင့္ေနတာပဲကြာ...ေဖ့ကိုအာဘြားေလးေပးပါဦး..."
" နိုး..."
သားငယ္ေလးရဲ႕အေျဖကေက်နပ္စရာေကာင္းလိုက္တာ...။
ေကာင္းတယ္...။
မေပးနဲ႕သားငယ္...။
" ေဟ...ဘာျဖစ္လို႔လဲသားငယ္ရဲ႕..."
" ေဖ...မူးရယ္...ယူဂ်ိဳး...ေဖ...ယူဂ်ိဳး..."
ဟုတ္တယ္...။
သားငယ္ေလးေျပာတာမွန္တယ္...။
" အဟက္...ဟား...ဟား..."
သူ႕အေပၚတက္ခြၿပီးရင္ဘတ္ကိုတတိတိလိုက္ကိုက္ေနတဲ့သားျဖစ္သူေၾကာင့္မိုးညိုတစ္ေယာက္အရယ္မရပ္နိုင္ေတာ့ေပ...။သူ႕ရဲ႕သားကေျပာလည္းေျပာ၊ကိုက္လည္းကိုက္ေနတာျဖစ္သည္။
" ေဝ...ဒီမွာ...မင္းရဲ႕သားကိုယ့္ကိုကိုက္ေနတယ္ကြ...လုပ္ပါဦး...ဟား...ဟား..."
ကိုက္ပါေစ...။
အဲ့ဒီမွာျပတ္ထြက္သြားေအာင္ကိုက္လိုက္ပါေစ...။
" ေလးလုံးေလးေရ...ေဟ့...ေလးလုံးေလး..."
ၾကည့္...။
သားငယ္ၿပီးေတာ့သားႀကီးဘက္လွည့္လာျပန္ၿပီး...။
ဒီလူႀကီးကေတာ့ေလ...။
မူးရင္ေအးေဆးမေနဘူး...။ခေလးေတြကိုလိုက္စေနရတယ္လို႔...။
" ကိုေလးလုံးေလးေရ..."
" ဟင့္...ေဖ..."
သားႀကီးကသူ႕ကို " ေလးလုံး " လို႔ေခၚတာမႀကိဳက္ဘူးျဖစ္မည္။သူ႕ဘက္ကိုမ်က္ႏွာေလးမဲ့ျပလာ၏။
" ေလးလုံး မဟုတ္ဘူးလို႔ေျပာလိုက္ေလသားရဲ႕...သားနာမည္ ဝလႅာ လို႔..."
" ဟုတ္ဝူး...ဝရာ..."
သူသင္ေပးတဲ့အတိုင္းသားႀကီးကကိုမိုးညိုဘက္ကိုလွည့္ကာျပန္ေျပာလိုက္ေလရဲ႕...။
" ဟာ...ဝလႅာဟုတ္ပါဘူးကြာ...ေလးလုံးပါ...ဟုတ္တယ္ေနာ္...သားငယ္..."
" ခစ္...ခစ္...ေရး႐ုံး...တိုတိုေရး႐ုံး..."
သားငယ္ကလည္းသူ႕အေဖနဲ႕အၿပိဳင္သားႀကီးကိုမထိတထိလိုက္စေနျပန္သည္။ဖေအတူသား၊မ်က္ႏွာ႐ူးေလး...။
" ဟင့္...ေဖ..."
" ကဲ...ေတာ္ၿပီး...မစနဲ႕ေတာ့...ခေလးကို..."
" သားငယ္...လာ...အိပ္မယ္...အခ်ိန္မနည္းေတာ့ဘူး..."
ေခၚသိပ္မွရေတာ့မည္။မဟုတ္ရင္အခ်ိန္မေတာ္ႀကီးထငိုလို႔ေခ်ာ့ေနရဦးမည္။ဟိုအမူးသမားကလည္းျပန္လာရင္ပါးစပ္ကအၿငိမ္ကိုမေနတတ္ဘူး...။
" အိပ္ခ်င္ေတးဝူး..."
လာျပန္ၿပီး " အိပ္ခ်င္ေသးဘူး ".....။
" မအိပ္ရင္မနက္ျဖန္ဆီမီးထြန္းပြဲမသြားရဘူးေနာ္..."
သူ႕စကားေၾကာင့္သားႀကီးရဲ႕မ်က္လုံးေလးေတြကဝိုင္းစက္သြားေလေတာ့သည္။ၿပီးေနာက္ကိုင္ထားတဲ့စာအုပ္ေလးကိုဖ်က္ခနဲ႕ပိတ္ခ်လိဳက္၏။ဆိုလိုတာကသူအိပ္ေတာ့မည္ေပါ့...။
သားႀကီးလိုပဲကိုမိုးညိုရဲ႕ရင္ဘတ္ေပၚမွာထိုင္ေနတဲ့သားငယ္ေလးကလည္းသူ႕အနားကိုေစြ႕ခနဲ႕ေရာက္လာေလသည္။ၿပီးေနာက္သူ႕အတြက္ျပင္ေပးထားတဲ့အိပ္ယာခင္းထဲကိုတိုးဝင္လိုက္၏။အမႊာေလးႏွစ္ေယာက္ရဲ႕ျဖစ္ပ်က္သြားတဲ့အျပဳအမူကိုၾကည့္ၿပီးမသိမသာေလးသူၿပဳံးလိုက္မိသည္။
လူဆိုးေလးေတြ...။
ဆီးမီးထြန္းပြဲမသြားရဘူးဆိုေတာ့ခ်က္ျခင္းကိုလာေျပးအိပ္ေတာ့တာပဲ...။
" သားႀကီး...မအိပ္ခင္ေဖႀကီးကိုအာဘြားလာေပးဦးေလကြာ...ေဖႀကီးကိုမခ်စ္ေတာ့ဘူးလား..."
" ဟြန့္...အာဝါးေပးဝူး...ေပးဝူး...ေရး႐ုံးဟုတ္ဝူး...ဝရာ..."
" ခစ္...ခစ္..."
သားႀကီးရဲ႕စကားေၾကာင့္သူတို႔ခမ်ာငိုရခက္၊ရယ္ရခက္...။လက္စသတ္ေတာ့သားႀကီးကသူ႕ကို " ေလးလုံး " လို႔ေခၚလိုက္မိတာကိုစိတ္ဆိုးေနတာကိုး...။
" ေပးပါသားရဲ႕...သားႀကီးအာဘြားမေပးရင္ေဖအိပ္လို႔မေပ်ာ္ဘူး...လာပါ...ေဖႀကီးကိုအာဘြားလာေပးပါဦး..."
ဒီတစ္ခါလည္းကိုယ္ေတာ္ေခ်ာေလးကကိုမိုးညိုရဲ႕စကားကိုလ်စ္လ်ဴရႈထားျပန္ေလ၏။ႏႈတ္ခမ္းေလးကအိပ္ခါနီးေတာင္အေရွ႕ကိုစူထြက္ေန၏။သားႀကီးကအေတာ့္ကိုစိတ္ဆိုးေနတာျဖစ္မည္။
" အဲ့ဒါဆိုရင္ေတာ့...မနက္ျဖန္ဆီမီးထြန္းပြဲက်ရင္ေတာ့သားငယ္ေလးကိုပဲလိုခ်င္တာဝယ္ေပးလိုက္ေတာ့မယ္ကြာ..."
ဒီတစ္ခါေတာ့မိုးညိုရဲ႕စကားကထိေရာက္သြားသည္ျဖစ္မည္။ေစာင္ပုံထဲဝင္ဖို႔ျပင္ေနတဲ့ဝလႅာတစ္ေယာက္ဖေအျဖစ္သူရဲ႕စကားေၾကာင့္လႈပ္ရွာမႈေတြရပ္တန့္သြားေလ၏။ၿပီးေတာ့ဝိုင္းစက္ေနတဲ့မ်က္လုံးေလးေတြကလည္းပိုၿပီးျပဴးက်ယ္သြားေလေတာ့သည္။
" ေဖ...တနတ္...တနတ္...ဒိုင္း..ဒိုင္း..."
" သားငယ္ေလးကေသနတ္လိုခ်င္တာလား...ေဖဝယ္ေပးမွာေပါ့ကြ..."
ေစာင္ပုံထဲကညီျဖစ္သူ " မဟာ " ကိုၾကည့္လိုက္၊ခပ္လွမ္းလွမ္းမွာလွဲအိပ္ေနတဲ့ဖေအျဖစ္သူကိုၾကည့္လိုက္နဲ႕ဝလႅာတစ္ေယာက္ေဝခြဲရခက္ေန၏။သားျဖစ္သူရဲ႕ျဖစ္ေနတဲ့ပုံစံေလးကိုၾကည့္ၿပီးမိုးညိုတစ္ေယာက္အူယားေနမိသည္။
" ကေလးေလးတစ္ေယာက္ကေတာ့လိုခ်င္တာမရွိဘူးျဖစ္မယ္...အာဘြားလာမေပးဘူးဆိုေတာ့..."
ေနာက္ဆုံးေတာ့ဝလႅာတစ္ေယာက္တင္းမခံနိုင္ေတာ့ေပ...။အိပ္မယ့္ေနရာကေနဖေအျဖစ္သူဆီေလးဘက္ကုန္းေလးေျပးသြားေလေတာ့သည္။
" မြ...မြ...မြ..."
သူ႕ရင္ဘတ္ေပၚတက္ခြၿပီးမ်က္ႏွာတစ္ခုလုံးကိုလိုက္နမ္းေနတဲ့သားႀကီး...။လိုခ်င္တာဝယ္ေပးမယ္ဆိုေတာ့နမ္းေနတာမ်ား...။
" ဟား...ဟား...ဟား..."
သူ႕ၾကက္ေပါက္ေလးေတြရဲ႕အားနည္းခ်က္ကဘာလဲဆိုတာသူသိတာေပါ့...။
" သားႀကီး...အိပ္မယ္...လာေတာ့..."
ရေဝရဲ႕စကားေၾကာင့္ဝလႅာကဖေအျဖစ္သူရဲ႕ကိုယ္ေပၚကေနဆင္းကာအိပ္မယ့္ေနရာနားကိုျပန္လာခဲ့လိုက္ေလသည္။အခ်ိန္မနည္းေတာ့ၿပီမို႔မၾကာခင္မွာပဲအႁမႊာေလးႏွစ္ေယာက္လုံးအိပ္ေပ်ာ္သြားေတာ့သည္။
" ေဝ..."
" ဘာလဲ..."
" ကိုမိုးညိုကိုစိတ္ဆိုးေနတာလား..."
ေမးလည္းေမးတတ္ပ...။ " စိတ္ဆိုးေနတာလား " တဲ့...။အခုထိ " သူစိတ္ဆိုးေနလား၊မဆိုးဘူးလား " ဆိုတာဒီလူႀကီးမသိေသးဘူးလား...။
" စိတ္မဆိုးလို႔ကြၽန္ေတာ္ကေပ်ာ္ေနရမွာလား..."
အိပ္ေပ်ာ္ေနတဲ့အႁမႊာေလးႏွစ္ေယာက္ကိုေစာင္ၿခဳံေပးရင္းအေနာက္ကလူကိုလွည့္ၿပီးသူေျပာလိုက္၏။လုပ္ခ်င္တာလုပ္ထားၿပီးေတာ့အခုမွမ်က္ႏွာငယ္ေလးလာလုပ္ျပေနရတယ္လို႔...။
ေတာ္ေတာ္တရားက်ဖိဳ႕ေကာင္းတဲ့လူ...။
" အား...ကြၽတ္... ကြၽတ္...ငတိုးတို႔ဦးေလးဆုံးသြားၿပီးဆိုလို႔ခဏသြားၾကည့္တာပါကြာ...ဟိုေရာက္ေတာ့ဝိုင္းလုပ္ေပး၊ဝိုင္းကိုင္ေပးတာနဲ႕ျပန္လာဖို႔ေနာက္က်သြားတာ..."
ေျဖရွင္းခ်က္မေတာင္းေပမယ့္သူ႕ကိုတစ္လုံးခ်င္းရွင္းျပေနတဲ့ကိုမိုးညို...။
အခုမွေျဖရွင္းခ်က္ေတြလာေပးေနရတယ္လို႔...။မသြားခင္ကတည္းကအက်ိဳးအေၾကာင္းေျပာျပသြားရင္ဒီအေျခအေနထိေတာင္ေရာက္စရာမလိုဘူး...။
" ေစာေစာျပန္မလာျဖစ္ဘူးဆိုေတာ့အဲ့ဒီအသုဘအိမ္ကခင္ဗ်ားတစ္ေယာက္တည္းလုပ္မယ့္သူရွိတာလား..."
" မဟုတ္ပါဘူးေဝရယ္...ျပန္လာခါနီးဟိုေကာင္ေတြက " ခဏေနပါဦး " ဆိုၿပီးအတင္းဆြဲထားလို႔ပါကြာ..."
ဒီေလာက္ဆိုသူသိလိုက္ၿပီး...။ " ဟိုေကာင္ေတြဆြဲထားလို႔ " ဆိုေတာ့တခြက္တဖလားေသာက္ၾကဖို႔ေပါ့...။
" အဲ့ေတာ့အရည္ေလးဝင္လာခဲ့တယ္ေပါ့...ဖဲေကာရိုက္ခဲ့ေသးလား..."
သူ႕အေမးေၾကာင့္အေနာက္ကလူရဲ႕မ်က္ႏွာကေၾကာင္အမ္းအမ္းျဖစ္သြားေလ၏။ၿပီးေနာက္သူေမးတာကိုမၾကားခ်င္ေယာင္ေဆာင္ကာပခုံးေပၚတင္ထားတဲ့အကၤ်ီနဲ႕တဖ်က္ဖ်က္ယပ္ခပ္ေနေတာ့သည္။
ဒီေလာက္ဆိုရင္ေတာ့သူနားလည္လိုက္ၿပီး...။
" ျပန္လာခါနီးတအိမ္လိုေနတယ္ဆိုလို႔ခဏေလးဝင္ထိုင္႐ုံပါပဲကြာ..."
ခပ္တိုးတိုးေလးထြက္လာတဲ့ကိုမိုးညိုရဲ႕အသံ...။အခုခ်ိန္မွာသူ႕ကိုေ႐ႊျပည္ေအးအသံလာလုပ္ျပလည္းအသုံးမဝင္ဘူး...။
ခဏေလးဝင္ထိုင္႐ုံတဲ့လား...။
ထြက္သြားတာညေနကတည္းက...။အခုပဲအခ်ိန္ကညဥ့္နက္သန္ေခါင္ေရာက္ေနေလၿပီး...။အသုဘကိစၥဆိုတာကလည္းအခ်ိန္မ်ားႀကီးကူစရာမွမလိုတာ...။အလြန္ဆုံကူရသုံး၊ေလးနာရီေပါ့...။ဒါေတာင္လူမရွိမွ...။အဲ့ဒီေတာ့က်န္တဲ့အခ်ိန္ေတြကိုဒီလူႀကီးကအရက္ေသာက္လိုက္၊ဖဲရိုက္လိုက္လုပ္ေနတာပဲျဖစ္မည္။
" ေအ...ခင္ဗ်ားေခါင္းထဲမွာဖဲနဲ႕ထန္ရည္ဝင္သြားၿပီးဆိုရင္အိမ္ကမိသားစုကိုေတာင္ခင္ဗ်ားေမ့တယ္..."
" က်စ္...ေဝကလည္းကြာ..."
" သြားလည္းအိမ္ကလူေတြကိုဘာမွမေျပာသြားဘူး...ျပန္လာေတာ့လည္းလာခ်င္တဲ့အခ်ိန္မွခင္ဗ်ားျပန္လာတယ္...ခေလးေတြေမွ်ာ္ေနမယ္ဆိုတာခင္ဗ်ားမစဥ္းစားမိဘူးလား..."
ထိန္းခ်ဳပ္ထားတဲ့ၾကားကေနေဒါသံေၾကာင့္အသံကဟိန္းထြက္လာခဲ့၏။စိတ္ရွိလက္ရွိေအာ္ဟစ္ေပါက္ကြဲလိုက္ခ်င္ေပမယ့္ဒီလိုအခ်ိန္မွာေတာ့ပတ္ဝန္းက်င္ကိုလည္းသူဒုကၡမေပးခ်င္ေတာ့ေပ...။ၿပီးေတာ့သားေလးႏွစ္ေယာက္လည္းသူတို႔ႏွစ္ေယာက္ေၾကာင့္စိတ္ထိခိုက္သြားလိမ့္မည္။
အဲ့ေတာ့ခံစားရသမွ်ကိုႀကိတ္မွိတ္ၿမိဳသိပ္႐ုံေပါ့...။
" ခင္ဗ်ားကမိသားစုထက္ထန္းရည္နဲ႕ဖဲကိုပိုခ်စ္တဲ့လူပဲ...အဲ့ေတာ့ခင္ဗ်ားဖာသာလုပ္ခ်င္တာလုပ္ေတာ့..."
" အဲ့လိုမေျပာပါနဲ႕ေဝရယ္...ကိုမိုးညိုမွားသြားတယ္ဆိုတာဝန္ခံပါတယ္...အဲ့လိုႀကီးေတာ့သူစိမ္းဆန္ဆန္မေျပာပါနဲ႕ကြာ...သားေတြေမွ်ာ္ေနမယ္ဆိုတာလည္းကိုယ္သိတယ္...ဒါေပမယ့္..."
သိတယ္ဆိုျပန္လာခဲ့ေလ...။ " ဒါေပမယ့္ " ဆိုတာအေၾကာင္းျပခ်က္ပဲ...။
" ေတာ္ၿပီး...ကိုယ့္အျပစ္ကိုသူမ်ားဆီလႊဲခ်မေနနဲ႕..." ဘယ္သူမျပဳ၊မိမိမႈ " တဲ့...ကိုယ္လုပ္မွကိုယ္ျဖစ္တာ..."
" ဟုတ္ပါတယ္ေဝရယ္...ကိုမိုးညို...ကိုမိုးညို..."
ဒီလူႀကီးရဲ႕ပုံစံကေျဖရွင္းခ်က္ေတြေပ်ာက္ဆုံးေနသလိုပင္...။
ဟင့္အင္း...။
ေပ်ာက္ဆုံးေနတာမဟုတ္ဘူး၊အစကတည္းကိုကဒီလူႀကီးဆီမွာေျဖရွင္းခ်က္မရွိတာ...။
" အခုဘာလုပ္မွာလဲ...ထမင္းစားမွာလား...ေရခ်ိဳးမွာလား..."
ျဖစ္ၿပီးခဲ့တဲ့ကိစၥကိုအစကေနသာျပန္ဆြဲထုတ္ေနရင္ႏွစ္ေယာက္သားရန္ျဖစ္႐ုံပဲရွိသည္။အဲ့ဒီေတာ့ဒီဇာတ္လမ္း၊ဒီမွာတင္ျပည္ဖုံးကာခ်လိဳက္တာပဲေကာင္းသည္။
" ဟိုမွာစားခဲ့ၿပီးၿပီး..."
" အဲ့ဒါဆိုေရသြားခ်ိဳးေတာ့..."
" ေရကေတာ့အလုပ္ၿပီးမွပဲခ်ိဳးေတာ့မယ္..."
" ဘာလုပ္ဖို႔က်န္ေသးလို႔လဲ..."
အခုပဲအသုဘအိမ္ကျပန္လာတယ္...။ဘာလုပ္ဖို႔က်န္ေသးျပန္ၿပီးလဲ...။
သူလည္းေျပာမေနေတာ့ပဲအႁမႊာေလးႏွစ္ေယာက္ရဲ႕ဘက္ကိုလွည့္ၿပီးသာအိပ္ေနလိုက္ေတာ့သည္။သူ႕ဖာသာဘာပဲလုပ္လုပ္၊လုပ္ခ်င္တာလုပ္ပါေစေတာ့...။
ထိုစဥ္...။
ေဘးတေစာင္းအိပ္ေနတဲ့သူ႕ကို,ကိုမိုးညိုက႐ုတ္တရက္ပက္လက္လွန္ခ်လိဳက္၏။ၿပီးေနာက္သူ႕လက္ႏွစ္ဖက္ကိုဆုပ္ကိုင္ၿပီးအေပၚကေနအုပ္မိုးကာစိုက္ၾကည့္ေနတဲ့ကိုမိုးညို...။
ေျပာေတာ့လုပ္စရာရွိတယ္ဆို...။
သူ႕ကိုရီေဝေဝမ်က္ဝန္းေတြနဲ႕ငုံ႕ၾကည့္ေနတဲ့ကိုမိုးညိုရဲ႕ပုံစံကစစ္ေျမျပင္ထဲကိုသက္ဆင္းေတာ့မယ့္စစ္သူႀကီးတစ္ေယာက္လိုမ်ိဳးျဖစ္၏။အႏၲရာယ္အေငြ႕အသက္ေတြရလာတာေၾကာင့္ရေဝတစ္ေယာက္သူ႕ကိုအုပ္မိုးၿပီးၾကည့္ေနတဲ့ကိုမိုးညိုဆီကေန႐ုန္းထြက္လိုက္ေလသည္။
ဟင့္အင္း...။
သူခြင့္မျပဳနိုင္ဘူး...။
တစ္ေန႕လုံးသူလုပ္ခ်င္တာလုပ္ခဲ့ၿပီးၿပီး...။
သို႔ေသာ္သူ႐ုန္းကန္ေနလည္းအခ်ည္းႏွီးပင္...။သူ႕အျဖစ္ကႏြံထဲေရာက္သလို႐ုန္းေလ၊နစ္ေလပင္...။သို႔ေပမယ့္လည္းနစ္ျမႇုပ္ေနမွန္းသိသိႀကီးနဲ႕ကိုသူ႐ုန္းကန္ေနမိသည္။
" လြတ္ေျမာက္ေလမလား " ဆိုတဲ့ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ေလးကိုဆုပ္ကိုင္ရင္းနဲ႕...။
သို႔ေသာ္...။
သူ႕ကိုစိုက္ၾကည့္ေနတဲ့ကိုမိုးညိုရဲ႕အၾကည့္ေတြကတျဖည္းျဖည္းအရိုင္းဆန္လာခဲ့၏။
ဒီေလာက္ဆိုသူသိလိုက္ၿပီး...။
" ကိုမိုးညို...ခင္ဗ်ာ...ဘာျဖစ္...အြန့္..."
လမ္းတဝက္မွာပဲရပ္တန့္သြားတဲ့သူ႕ရဲ႕စကားသံ...။ၿပီးေတာ့႐ုန္းကန္ရင္းေျပေလ်ာ့သြားတဲ့သူ႕ရဲ႕လုံခ်ည္...။စကားသံေတြကတိတ္ဆိတ္သြားေပမယ့္မြတ္သိပ္မႈေတြကေတာ့ျပည့္ႏွက္လာခဲ့ေလ၏။
လူတစ္ေယာက္ကိုလြယ္လြယ္နဲ႕အညံ့မခံတတ္တဲ့သူ႕အဖို႔ဒီအခ်ိန္မွာေတာ့ရႈံးနိမ့္မႈကၿပိဳင္ဘက္ကင္းမဲ့ေနခဲ့ေလရဲ႕...။
အင္း...။
မေသခ်ာမႈေတြမ်ားတဲ့ဒီေလာကႀကီးမွာေသခ်ာတာတစ္ခုကေတာ့ဒီလသည္ေန႕တာတိုၿပီး၊ညတာရွည္တယ္ဆိုတာပင္...။
---------------------------------------------------------
ေဝဖန္အႀကံျပဳခ်က္မ်ားကိုႀကိဳဆိုလွ်က္....။