အခန်း(၂၉ - ပ)
အိပ်နေရင်းအသက်ရှူမဝသလိုခံစားနေရတာကြောင့်ရဝေတစ်ယောက်အိပ်ပျော်နေရာမှလှုပ်လှုပ်ရွရွဖြစ်လာခဲ့၏။လူကအသိဝင်နေပေမယ့်လေးလံတဲ့မျက်ခွံကြောင့်မျက်လုံးတွေကဖွင့်လို့မရဖြစ်နေသည်။သို့နှင့်တင်းကြပ်သလိုခံစားနေရတဲ့ခါးကိုလက်နဲ့သူစမ်းကြည့်လိုက်မိသည်။
ဟင်...။
သူ့ခါးပေါ်မှာလက်တစ်ဖက်ပါလား...။
ဘယ်သူ့လက်လဲ...။
ရှည်ရှည်ဝေးဝေးထပ်ပြီးစဥ်းစားမနေတော့ပဲအသက်ရှူချောင်ဖို့အတွက်ထိုလက်ကိုသူဖယ်ထုတ်ပစ်လိုက်၏။သို့သော်ပြုတ်တူတစ်ခုလိုခိုင်မြဲစွာရစ်ပတ်ထားတာကြောင့်သူဖယ်ထုတ်လည်းအချည်းနှီးပင်...။ဖယ်ထုတ်လေထိုလက်ကသူ့ရဲ့ခါးကိုတင်ကြပ်စွာဖက်တွယ်လေဖြစ်သည်။
ဘယ်လိုမှဖယ်ထုတ်လို့မရတဲ့အတွက်ကြောင့်လူကစိတ်မရှည်ချင်တော့ပေ...။ထို့ကြောင့်ဖွင့်မရတဲ့မျက်လုံးကိုအတင်းဖွင့်ပြီးခါးပေါ်ကလက်ကိုနောက်တစ်ဖန်ဖယ်ထုတ်ပစ်လိုက်၏။
သွားစမ်း...။
အသက်ရှုရခက်လိုက်တာ...။
ဟာ...။
ဒါလည်းမရပြန်ပါလား...။ပိုပြီးတောင်ဖက်လိုက်သေးသည်။တမင်သက်သက်လုပ်နေတာများလား...။
ထိုစဥ်...။
နောက်ကျောကနေသူ့လည်ဂုတ်ကိုဖြည်းဖြည်းချင်းရိုက်ခတ်လာတဲ့အသက်ရှူသံနွေးနွေးလေး...။ထိုခံစားမှုလေးကြောင့်လူကကျောက်ရုပ်တစ်ရုပ်လိုတောင့်တောင့်ကြီးဖြစ်သွားမိသည်။
သူ့အနောက်မှာအိပ်နေတာဘယ်သူများလဲ...။
အိပ်ပျော်နေရာမှရုတ်တရပ်နိုးလာခဲ့တဲ့အတွက်ဖြစ်ခဲ့သမျှအရာအားလုံးကိုဖြည်းဖြည်းချင်းသူပြန်စဥ်းစားကြည့်လိုက်သည်။မကြာခင်မှာပဲအိပ်မှုန်စုံမွှားနဲ့မေ့နေခဲ့သမျှအရာအားလုံးကိုပြန်ပြီးသူအမှတ်ရလာခဲ့တော့သည်။ဒါဆိုအခုနောက်ကျောကနေသူ့ကိုဖက်ပြီးအိပ်နေတဲ့လူကသူ့ရဲ့အသစ်စက်စက်ပူပူနွေးနွေးယောကျာ်းပေါ့...။
ကျစ်...။
ငါ့နှယ်...မေ့တတ်ရန်ကော...။
ကိုယ့်ယောကျာ်းကိုမေ့နေရတယ်လို့...။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...