အခန်း(၂၆)

33.9K 2.9K 210
                                    

အခန်း(၂၆)

သားကိုပိုင်ဆိုင်မှုတစ်ဝက်တိတိနဲ့တင်တောင်းပါမယ်တဲ့လား...။

မိုးညိုရဲ့စကားကချေမိုးနေတဲ့ဒေါ်ချိုမြရဲ့မျက်နှာကိုတစ်ထစ်လျော့ကျသွားစေသည်။ဒီရွာမှာမိုးညိုမောင်ရဲ့ပိုင်ဆိုင်မှုကလက်ညှိုးထိုးမလွဲနိုင်အောင်များပြားလွန်းတယ်ဆိုတာသူ(မ)သိသည်။ပြီးတော့မိုးညိုမောင်ဆိုတဲ့ကောင်လေးကမူးနေတဲ့အချိန်ကလွဲပြီးကျန်တဲ့အချိန်တွေဆိုတစ်ရွာလုံးကလေးစားနေရတဲ့လူ...။

ကုန်ကုန်ပြောရရင်တစ်ရွာလုံးကိုအုပ်ချုပ်တဲ့သူကြီးကအစရိုသေလေးစားနေရသူ...။ဒီလိုအနေအထားမျိုးရှိတာကလည်းဒီကောင်လေးချမ်းသာလို့တော့မဟုတ်ပေ...။ဒီကောင်လေးရဲ့တစ်ရွာလုံးအပေါ်သိတတ်မှုကြောင့်ဖြစ်တည်လာခဲ့တဲ့အနေအထားမျိုးသာ...။မူးနေတာကိုဖယ်လိုက်ရင်ဒီကောင်လေးမှာသဘောကျစရာအချက်တွေအများကြီးရှိတယ်ဆိုတာသူ(မ)သိသည်။

အရေးကြီးဆုံးတစ်ချက်ကတော့သူ(မ)ရဲ့သားအပေါ်မှာဒီကောင်လေးမြတ်မြတ်နိုးနိုးနဲ့မေတ္တာသက်ဝင်နေတယ်ဆိုတာကိုပင်...။ပိုင်ဆိုင်မှုတွေနဲ့တင်တောင်းတာကိုအသာထား...။စကားပြောနေရင်းနဲ့တောင်သူ(မ)ရဲ့သားကိုမျက်စိလှမ်းမှိတ်ပြနေတာပဲကြည့်...။ဘယ်သူမှမမြင်အောင်တော့မသိမသာလေးလှမ်းမှိတ်ပြနေတာပဲ...။မြင်သွားတာတော့မတတ်နိုင်ဘူး...။

သူ(မ)သားလည်းဘာထူးလဲ...။ဟိုကမျက်စိလှမ်းမှိတ်ပြတာကိုအပျိုလေးလိုရှက်သွေးဖြာပြနေရတယ်လို့...။သူ(မ)လည်းငယ်ရာကကြီးလာတာမလို့ဒီလိုအခြေအနေကဘာကိုဦးတည်နေပြီလဲဆိုတာသူ(မ)ကောင်းကောင်းကြီးသိသည်။ပြီးတော့သူကြီးပြောသလိုဒီကလေးနှစ်ယောက်မှားခဲ့တဲ့အမှားကိုပတ်ဝန်းကျင်ကသာသိသွားခဲ့ရင်...။

ဟင့်အင်း...။

သူ(မ)ဆက်မတွေးရဲပေ...။

သူ(မ)တို့မိသားစုကမချမ်းသာပေမယ့်အရှက်နဲ့သိက္ခါကိုတော့အသက်ထက်တန်းဖိုးထားတဲ့သူတွေဖြစ်၏။သူ(မ)သားရဲ့သဘောဆန္ဒပါခဲ့သည်ဖြစ်စေ၊မပါခဲ့ဘူးဖြစ်စေဖြစ်ခဲ့တဲ့ကိစ္စကခဲဖျက်နဲ့ဖျက်လို့ပျောက်သွားမယ့်အရာမှမဟုတ်တာ...။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now