အခန်း(၁၅)

31.7K 3K 25
                                    

အခန်း(၁၅)

" သား...ရဝေ...အမေတို့ပြန်ကြမယ်လေ..."

ဒီနေ့အမေကော၊ရဝေပါကျောင်းဆောက်တဲ့နေရာကိုလုပ်အားပေးဖို့လာခဲ့​ကြ၏။တခြားအိမ်ကလူတွေလည်းသူတို့လိုပဲအုပ်စုလိုက်လာပြီးကျောင်းကိုလုပ်အားလာပေးကြသည်။ထို့ကြောင့်လက်စသတ်ဖို့သာကျန်တော့တဲ့ကျောင်းကလူအုပ်တောင့်တဲ့အတွက်ဒီနေ့အပြီးသတ်လိုက်နိုင်တာဖြစ်သည်။

ကျောင်းဆောက်လို့ပြီးသွားတော့မှပဲသူတို့အားလုံးလည်းသက်ပြင်းချနိုင်ကြတော့သည်။မဟုတ်ရင်ရာသီဥတုကဒီရက်ပိုင်းမမှန်ပေဘူးမဟုတ်လား...။

" သား ပြန်မလိုက်သေးဘူး အမေ...ကျောင်းအတွက်လိုအပ်တဲ့ပစ္စည်းတွေလိုက်ကြည့်လိုက်ဦးမယ်..."

ကျောင်းဖွင့်ဖို့ကသိပ်မလိုတော့တာကြောင့်ကျောင်းအတွက်လိုအပ်တဲ့ပစ္စည်း၊ပစ္စယတွေကိုသူလိုက်ကြည့်မှရမည်။ဒါမှသာသူကြီးနဲ့တိုင်ပင်ပြီးလိုအပ်တဲ့ပစ္စည်ကိုကျောင်းမဖွင့်ခင်အမီဖြည့်ထားလို့ရမှာဖြစ်သည်။

" အေအေ...အဲဒါဆို အမေပြန်နှင့်တော့မယ်နော်..."

" ဟုတ်ကဲ့... အမေ..."

အမေပြန်သွားတာနဲ့သူလည်းကျောင်းအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုလိုက်စစ်ကြည့်လိုက်၏။အလယ်တန်းအထိသာရှိတဲ့စာသင်ကျောင်းလေးကလိုအပ်ချက်တွေတော့သိပ်မများပေ...။ထို့​နောက်သူလည်းတစ်ခန်းဝင်တစ်ခန်းထွက်လိုက်ကြည့်ကာလိုအပ်တဲ့ပစ္စည်းတွေကိုမှတ်ပြီးအိမ်ပြန်ဖို့လုပ်လိုက်သည်။

တစ်နေ့လုံးအလုပ်လုပ်ထားရတော့လူလည်းပင်ပန်းကာနားချင်နေပြီဖြစ်သည်။အိမ်ပြန်ဖို့လုပ်တုန်းမထင်မှတ်ပဲတမာပင်အောက်ကမပြန်သေးတဲ့လူအုပ်ကြီးဆီသူ့ရဲ့အကြည့်တွေကရောက်သွားမိတော့သည်။

ကျောင်းဆောက်လို့ပြီးတဲ့အထိမ်းအမှတ်အနေနဲ့ကာလသားတွေကအိမ်မပြန်သေးပဲဝိုင်းဖွဲ့နေကြဟန်တူသည်။သူကြီးကလည်းအခုရက်ပိုင်းကာလသားတွေပင်ပန်းနေကြတယ်ဆိုတာသိတဲ့အတွက်ဝိုင်းဖွဲ့တာကိုဘာမှမပြောပဲလွှတ်ထားပေး၏။

ဟင်...။

လူအုပ်ကြီးရဲ့ထိပ်မှာခန့်ခန့်ကြီးထိုင်နေတဲ့ကိုမိုးညို...။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now