အခန်း(၂၂)

29K 2.6K 29
                                    

အခန်း(၂၂)

📢📢📢 " ရေ...စက်ချလို့ပြီးပါပြီ...တရားနာလို့ပြီးပါပြီ..."

ဒီနေ့ကကွမ်းတောရွာရဲ့ဘုရားပွဲနေ့ဖြစ်တာကြောင့်ရွာသူ၊ရွာသားတွေအားလုံးနီးပါးဘုန်းကြီးကျောင်းဝန်းထဲမှာခြေရှုပ်နေကြ၏။ဘုန်းကြီးကျောင်းရဲ့အရှေ့မြေကွက်လပ်ကြီးမှာတော့ကြီးမားတဲ့ဇာတ်ရုံကြီးကိုဆောက်ထားတဲ့အပြင်ဘေးတစ်ဖက်တစ်ချပ်မှာလည်းစျေးသည်တွေကစီတန်းကာရောင်းချနေကြသည်။

တစ်နှစ်မှတစ်ခါသာနွှဲခွင့်ရတဲ့ဘုရားပွဲဖြစ်တဲ့အတွက်ရွာအနီးအနားကလူတွေကလည်းကွမ်းတောရွာကိုမနက်ကတည်းကပင်ရောက်ရှိနေကြလေသည်။စျေးတန်းလေးလျှောက်လိုက်၊ဗိုက်ဆာတဲ့အခါရွာဦးကျောင်းကကျွေးတဲ့စတုဒီသာထမင်းကိုစားလိုက်နဲ့ရွာသူ၊ရွာသားတွေကတော့ပျော်မဆုံး၊မော်မဆုံးဖြစ်လို့နေကြ၏။

မနက်အာရုဏ်တက်ချိန်ကတည်းကဖွင့်ထားတဲ့ဓာတ်စက်အသံကအခုညနေစောင်းတဲ့အထိတစ်ရွာလုံးကိုဟိန်းညံလို့နေဆဲပင်...။ရွာဦးကျောင်းကဓာတ်စက်သံနဲ့အပြိုင်ဇာတ်ရုံထဲကအိုးစည်သံ၊ဗုံသံကလည်းနေဝင်တော့မှာဖြစ်တာကြောင့်ရွာသူ၊ရွာသားတွေကိုလက်စွမ်းပြနေလေပြီ...။

" အာစိ...ဘယ်သွားမလို့တုန်းဗျ..."

" ငါ ဟင်းချက်တဲ့အဖွဲ့ဆီသွားမလို့...မင်းတို့ကကော...ဘယ်သွားမလို့လဲ..."

" ဟာ...အာစိကလည်း...မနက်ကတည်းကဟိုပြေးလိုက်၊ဒီပြေးလိုက်နဲ့လုပ်နေရတာကို...ခဏလေးတော့နားပါဦးလားဗျာ...လာပါ...တပည့်ကျော်တို့နဲ့စျေးတန်းခဏလျှောက်ပတ်ကြည့်ရအောင်..."

" နားလို့ရမလားကွ...ဟိုမှာဟင်းတွေကကုန်တော့မယ်...အခုထိနောက်တစ်ဒယ်ကမကျသေးဘူး...ဟိုကောင်ငဌေးတို့အဖွဲ့ဘာလုပ်နေကြလဲမသိဘူး...သွား...သွား...မင်းတို့ပဲသွား...ငါဒီကောင်တွေဆီခဏသွားလိုက်ဦးမယ်..."

မိုးညိုကပြောပြီးတာနဲ့ဝတုတ်တို့အနာကနေထွက်သွားလေ၏။တရွေ့ရွေ့ထွက်သွားတဲ့အာစိကိုကြည့်ပြီးဝတုတ်နဲ့ငကျော်တို့နှစ်ယောက်မှာခေါင်းကုတ်ရင်းကျန်နေခဲ့တော့သည်။

" အာစိကမမောတတ်ဘူးလားမသိပါဘူးကွာ..."

" ဟုတ်ပါ့ကွာ..."

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now