အခန်း(၂၇)

32.9K 2.8K 110
                                    

အခန်း(၂၇)

" အတိတ်ကံကြောင့်ဒီဘဝမှာလာပြန်ဆုံဆည်းကြသလိုမျိုးပေါ့...ဒကာလေးတို့နှစ်ယောက်ရဲ့မကုန်နိုင်သေးတဲ့ရေစက်လို့ပဲဆိုရမှာပေါ့ကွယ်..."

" တင်ပါ့ဘုရား..."

" မင်္ဂလာရက်ကတော့..."

ဘဘုန်းကဆက်မမိန့်သေးပဲခဏရပ်ပြီးဘေးနားမှာချထားတဲ့ပြက္ခဒိန်စာရွက်ကိုကြည့်လိုက်၏။အားလုံးကလည်းဘဘုန်းဆက်ပြီးမိန့်မယ့်စကားကိုစောင့်ပြီးနားထောင်နေကြသည်။မင်္ဂလာပွဲကိုအမြန်ဆုံးလုပ်ချင်နေတဲ့မိုးညိုမောင်ရဲ့ဆန္ဒကိုဘဘုန်းကလည်းမငြင်းသလိုအားလုံးကလည်းလက်ခံကြတဲ့အတွက်ဒီအတောအတွင်းမှာအမြန်ဆုံးလုပ်နိုင်ဖို့နေ့ကောင်းရက်မြတ်ကိုရွေးနေခြင်းဖြစ်သည်။

မင်္ဂလာရက်ကိုရွေးပေးနေတဲ့ဘဘုန်းကိုငေးကြည့်ကာစိတ်ထဲမှာတော့ငါးရက်ထက်ပိုမကျော်ပါစေနဲ့လို့ပဲကြိတ်ပြီးမိုးညိုဆုတောင်းနေမိသည်။မဟုတ်ရင်လူကထီပေါက်ပြီးထီလက်မှတ်ပျောက်သလိုခံစားနေရသည်။

" လာမယ့်(၅)ရက်နေ့ကတော့ရက်ရာဇာ...ဒါပေမယ့်...နောက်ရက်ကပြဿဒါးဖြစ်နေတယ်..."

ပြက္ခဒိန်စာရွက်ကိုလှန်လှောကာကြည့်နေရင်းနဲ့ဘဘုန်းကမိန့်လေသည်။မိုးညိုအပါအဝင်အားလုံးကတော့ဘာစကားသံမှမထွက်သေးပဲဘဘုန်းဆက်ပြီးမိန့်လာမယ့်စကားကိုသာနားစွင့်နေမိကြသည်။

" အဲ့ဒီတော့...လာမယ့်(၇)ရက်၊(၈)ရက်နေ့ကိုမင်္ဂလာရက်လို့သတ်မှတ်လိုက်ကြ...(၇)ရက်နေ့ကစနေနေ့၊(၈)ရက်နေ့ကတနင်္ဂနွေနေ့...နှစ်ရက်လုံးကလည်းရက်ရာဇာ...ပြီးတော့...အဲ့ဒီနှစ်ရက်ကအခြားရက်တွေထက်ပိုပြီးတော့ရက်ကောင်းတယ်... အဲ့ဒီနေ့ကိုပဲမင်္ဂလာရက်အဖြစ်သတ်မှတ်လိုက်ကြပေါ့...နော်...ဒကာကြီးတို့..."

" တင်ပါ့ဘုရား..."

" အေ...အေ...(၇)ရက်၊(၈)ရက်ဆိုတော့ကြားထဲမှာလည်းရက်ကသိပ်မလိုတော့ဘူး...အဲ့ဒီတော့ပြင်ဆင်စရာရှိတာပြင်ဆင်ထားကြတော့..."

" တင်ပါ့ဘုရား..."

လာမယ့်(၇)ရက်(၈)ရက်ဆိုတော့ကြားထဲမှာသုံးလေးရက်လောက်ပဲလိုတော့တာကြောင့်ဘဘုန်းသတ်မှတ်ပေးတဲ့ရက်ကမိုးညိုအတွက်ကျေနပ်မှုကိုဖြစ်စေသည်။ဒါကြောင့်မိုးညိုတစ်ယောက်လက်အုပ်ချီထားရင်းမျက်နှာကြီးဖြီးနေမိသည်။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now