အခန်း(၁၃)

31.8K 3.1K 76
                                    

အခန်း(၁၃)

မနေ့ကတစ်ရက်တည်းနဲ့အုတ်မြစ်ကိုအပြီးချလိုက်တဲ့အတွက်မိုးချုပ်မှလူကအိမ်ပြန်ရောက်လေသည်။တစ်ရွာလုံးကညီညီညာညာနဲ့ဝိုင်းဝန်းလုပ်ကိုင်ကြတဲ့အတွက်ထင်သလောက်ခရီးပေါက်ခဲ့ခြင်းပင်...။

ပင်ပန်းပေမယ့်လည်းကိုယ့်ရွာအကျိုးအတွက်ဆိုတော့အားလုံးကတစ်ချက်မှငြီးငြူခြင်းမရှိပဲနိုင်တဲ့ဝန်ကိုဝင်ကာထမ်းကြ၏။အဲဒီထဲမှာသူ့ရဲ့လူချောလေးကလည်းတစ်ယောက်အပါအဝင်ဖြစ်သည်။

ဖြူနုတဲ့အသားအရည်လေးနဲ့မှမလိုက်ခမောက်ဆောင်းပြီးနေပူထဲမှာအုတ်တွေသယ်နေတဲ့လူချောလေးကိုကြည့်ပြီးသူ့မှာစိတ်မသက်မသာဖြစ်ရသည်။အနားကိုရောက်လာတိုင်း!နေပူတယ်မသယ်နဲ့!လို့ခပ်တိုးတိုးပြောပေမယ့်လည်းကိုယ့်ကိုတစ်ချက်သာစွေကြည့်ကာလုပ်လက်စအလုပ်ကိုဆက်လုပ်နေလေရဲ့...။

သယ်တော့ဘာဖြစ်သလဲတဲ့လေ...။

ကြာတော့လူချောလေးရဲ့ဖြူနုတဲ့အသာရည်ကနေပူဒဏ်ကြောင့်နီရဲတက်လာတော့သည်။သူကသာဘာမှမဖြစ်သလိုဆက်လုပ်နေပေမယ့်ကိုယ့်မှာတော့နီရဲနေတဲ့လူချောလေးရဲ့မျက်နှာကိုကြည့်ပြီးအစွမ်းကုန်ပူပြင်းနေတဲ့နေမင်းကြီးကိုသာတက်ဖြုတ်လိုက်ချင်တော့သည်။

ဒီလိုနဲ့ပဲမိုးညိုတစ်ယောက်အုတ်မြစ်ကိုတစ်ရက်တည်းနဲ့အပြီးချခဲ့တယ်ဆိုပေမယ့်လည်းအုတ်စီလိုက်၊လူချောလေးရဲ့မျက်နှာကိုခိုးကြည့်လိုက်လုပ်နေတဲ့အတွက်လူကမိုးချုပ်မှအိမ်ပြန်ရောက်လာခဲ့လေသည်။

ဒီမနက်တော့အစောကြီးမိုးညိုနိုးနေ၏။နိုးနေတာကလည်းအကြောင်းအရင်းရှိသည်။ကျောင်းဆောက်တဲ့လူတွေစားဖို့အတွက်လူချောလေးကဒီမနက်ချက်ပြုတ်ရေးတာဝန်ယူထားရသည်တဲ့လေ...။မနေ့ကသူကြီးပြောတာကိုသူ့နားနဲ့ဆက်ဆက်ကြားခဲ့တာ...။

အဲဒါကြောင့်ဒီမနက်သူအစောကြီးနိုးနေခြင်းပင်...။မျက်လုံးနှစ်လုံးပွင့်တာနဲ့အိပ်ယာကနေကမန်းကတန်းမိုးညိုထလိုက်၏။ပြီးနောက်ဗိုက်ပေါ်ကခေါက်ရိုးမကျိုးသေးတဲ့စောင်ကိုခေါင်းအုံးပေါ်ပစ်တင်ပြီးအိမ်အောက်ကိုမိုးညိုဆင်းလာခဲ့လိုက်သည်။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now