အခန်း(၃)
" ဟေ့...ရပ်စမ်း...ရပ်လိုက်စမ်း..."
လမ်းအလယ်တည့်တည့်မှာသုံးယောက်သားမတ်တပ်ရပ်ကာသူ့တို့ဆီတည့်တည့်လာနေတဲ့နွားလှည်းကိုဝတုတ်ကလှမ်းအော်ပြီးတားလိုက်ကြ၏။မတ်တပ်ရပ်နေကြပေမယ့်မူးနေတဲ့အတွက်သုံးယောက်လုံးရဲ့ခန္ဓာကိုယ်ကစပါးပင်တွေလိုလေယူရာယိမ်းနေကြလေသည်။ထိုအခါလှည်းမောင်းနေတဲ့လူကသူတို့သုံးယောက်ကိုကြောက်သွားလို့ဖြစ်မည်။လှည်းကိုချက်ခြင်းရပ်လိုက်လေသည်။
အရှေ့ကနေကိုးရို့ကားယားနဲ့လှည်းကိုတားနေတဲ့ငမူးသုံးကောင်ကြောင့်လှည်းမောင်းသမားကိုထင်ပေါ်ခမျာနွားကိုချော့ပြီးရပ်လိုက်ရ၏။လှည်းကိုရပ်လိုက်တာနဲ့ထင်ပေါ်ရဲ့အနားမှာထိုင်နေတဲ့ဒေါ်ချိုမြဆီကနေကျွတ်စီ၊ကျွတ်စီအသံကတိုးတိုးတိတ်တိတ်ထွက်ပေါ်လာခဲ့လေတော့သည်။
" ကျွတ်...ကျွတ်...ဟေ့...ဝတုတ်နဲ့ငကျော်...ဘာဖြစ်လို့လဲကွ..."
" နိုး...နိုး...အေ့...ဘာမှမဖြစ်...ဘူး...ခင်ဗျားလှည်းကိုကျုပ်တို့ရဲ့အာစိကတားခိုင်လို့ တားလိုက်တာ...ကဲ...အာစိ...ပြောချင်တာပြောလို့ရပြီ..."
လူကတင်ယိုင်နေတာမဟုတ်၊ထိုးနေတဲ့လက်ညှိုးကလည်းဘယ်ပြီးရင်ညာ၊ညာပြီးရင်ဘယ်ကိုယမ်းနေတာကြောင့်ထင်ပေါ်တစ်ယောက်ဆံပင်မွှေးမရှိတဲ့ခေါင်းကိုအားရပါးရကုတ်လိုက်မိသည်။မိုးချုပ်မှာကြောက်လို့မြန်မြန်ပြန်လာပါတယ်ဆိုမှရွာရဲ့မဟာစည်သူကျက်သရေငမူးသုံးကောင်နဲ့လာတိုးနေရတယ်လို့...။ဒါကြောင့်ညကခေါင်းကိုဆင်တက်နင်းတယ်လို့အိပ်မက်မက်တာကိုး...။
ငမူးနှစ်ကောင်ရဲ့နောက်မှာတော့ခြေထောက်နှစ်ချောင်းကိုကားပြီးခါးထောက်ကာမိန့်မိန့်ကြီးရပ်နေတဲ့ရွာရဲ့ကျက်သရေဆောင်ငမူးထိပ်ခေါင်...။တစ်ရွာလုံးရဲ့ခေါင်းကိုင်ဖခင်ကြီးကအနောက်မှာပါနေတဲ့အတွက်ထင်ပေါ်တစ်ယောက်ပါးစပ်ကထွက်ချင်တဲ့စကားလုံးများကိုဗိုက်ထဲအတင်းပြန်မြိုချလိုက်ရသည်။သူ့နံဘေးမှာထိုင်နေတဲ့ဒေါ်ချိုမြကိုကြည့်လိုက်ပြန်တော့လည်းသူလိုသာပင်...။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...