အခန်း(၁၇)
ဒီနေ့မိုးညိုတို့ဆရာတပည့်သုံးယောက်အရင်နေ့တွေကထက်ရေချိန်လေးနည်းနည်းပိုကိုက်လာခဲ့သည်။အခုတလောရင်ထဲမှာခံစားနေရတာတွေများတော့လူကထန်းရည်ကိုသာအဖော်ပြုနေရသည်။
" ဗိုလ်မိုးညိုမင်းကိုချစ်တယ်🎶🎶🎶မကြောက်ပါနဲ့ဝေလေးရယ်🎶🎶🎶ဗိုလ်မိုးညိုမင်းကိုချစ်တယ်🎶🎶🎶အားလုံးနဲ့ရင်ဆိုင်မယ်🎶🎶🎶ဝေလေးကိုမထိနဲ့🎶🎶🎶မိုက်ရင်ထွက်ခဲ့🎶🎶🎶အဟက်...ဟက်...အေ့...ထွီး..."
" ဘယ်ခွေးမှလူမထင်ဘူးကွ...ထွီး...အေ့..."
" ဟုတ်တယ်...အာစိပြောတာမှန်တယ်...အေ့....
မိုးညိုတစ်ယောက်မခိုင်တော့တဲ့လုံချည်ကိုစလွယ်ပြောင်းသိုင်းလိုက်၏။ပြီးနောက်စီးထားတဲ့မြင်းကျယ်ဖိနပ်ကိုလည်းလက်ကောက်ဝတ်မှာစွပ်ထည့်လိုက်သည်။
နည်းနည်းလေးပဲပိုသောက်မိလိုက်တာကိုဒီနေ့မှမူးနေရတယ်လို့...။
တောက်...။
မိုးညိုမပီသလိုက်တာကွာ...။
ထိန်းမရအောင်ယိုင်နေတဲ့ခြေလှမ်းတွေကြောင့်ကျယ်ဝန်းတဲ့လမ်းမကြီးကသူတို့သုံးယောက်နဲ့သာပြည့်လို့နေသည်။အချိန်ကလည်းနေဝင်ခါနီးဖြစ်တဲ့အတွက်တစ်လမ်းလုံးမှာသူတို့သုံးယောက်သာရှိ၏။
" ဘယ်လူကိုမှခွေးမထင်ဘူးကွာ..."
အရည်လေးဝင်ထားတော့မိုးညိုတစ်ယောက်ကိုယ့်ကိုယ်ကိုယ်ဗန္ဓုလသေလို့ဝင်စားထားသလားအောက်မေ့ရအောင်စိတ်တွေကြွနေ၏။ဒါကြောင့်လမ်းမှာတွေ့သမျှလူကော၊ခွေးပါမကျန်လိုက်ပြီးစိန်ခေါ်နေလေသည်။တပည့်ကျော်နှစ်ယောက်ကလည်းသူ့တို့အာစိဘာပဲပြောပြော၊ဘာလုပ်လုပ်ထောက်ခံဖို့အဆင့်သင့်ပင်...။
" ဟိုး...ဟိုး..."
ရွေ့လျားလျှောက်လှမ်းနေတဲ့ယိုင်နဲ့နဲ့ခြေလှမ်းတွေကိုရုတ်တရပ်,ရပ်တန့်ပြီးလက်နှစ်ဖက်ကိုမိုးညိုဆန့်တန်းလိုက်၏။ထိုအခါပတ်ဝန်းကျင်ကိုသတိမထားမိတဲ့ဝတုတ်နဲ့ငကျော်ကမိုးညိုရဲ့လက်နှစ်ဖက်ကိုကျော်ပြီးအရှိန်လွန်ကာအရှေ့ကိုရောက်သွားကြလေသည်။သို့နှင့်နှစ်ယောက်သားလွန်သွားတဲ့ခြေလှမ်းတွေကိုနောက်ပြန်ဆုတ်ရင်းဘေးပတ်ပတ်လည်ကိုကြည့်ကာ...
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...