အခန်း(၂၉ - ဒု)
( အသက်မပြည့်သေးသူများမဖတ်ကြပါနဲ့)
" ဝေ..."
ရီဝေပြီးညှို့ဓာတ်ဆန်တဲ့သူ့ရဲ့အကြည့်တွေကိုရင်မဆိုင်ရဲတဲ့ဝေလေးကဘေးဘက်ကိုမျက်နှာလွဲထား၏။ခေါင်းလေးစောင်းထားတဲ့အတွက်ဝေလေးရဲ့နီရဲနေတဲ့နားရွက်ဖျားလေးကိုသူအတိုင်းသားမြင်နေရသည်။မှိန်ပြပြမီးရောင်အောက်မှာနှင်းဆီရောင်သမ်းနေတဲ့ဝေလေးရဲ့ဖြူနုနုမျက်နှာလေးကသိပ်ကိုချစ်ဖို့ကောင်းလှသည်။
နီရဲနေတဲ့နားရွက်ဖျားလေးကရှက်ရွံ့မှုရဲ့သက်သေပမာ...။အပေါ်ကနေအုပ်မိုးပြီးရဝေရဲ့ချစ်စရာအပြုအမှုလေးတွေကိုမျက်တောင်မခတ်မိုးညိုစိုက်ကြည့်နေမိသည်။သူ့စိုက်ကြည့်လေဝေလေးရဲ့မျက်နှာကနှင်းဆီရောင်ပိုသမ်းလေပင်...။
နီရဲနေတဲ့နားရွက်ဖျားလေးအောက်ကဖြူဥပြီးကျော့ရှင်းနေတဲ့လည်တိုင်လေးကလည်းမိုးညိုရဲ့ရင်ခုန်သံကိုဝုန်းဒိုင်းကြဲအောင်လုပ်နိုင်စွမ်းရှိသည်။မျက်နှာမလွှဲနိုင်အောင်ပြုစားလွန်းတဲ့ဝေလေးကိုကြည့်ပြီးမိုးညိုတစ်ယောက်တံတွေးကိုဂလုခနဲ့မြည်အောင်မြိုချလိုက်မိသည်။
ထိန်းချုပ်မရတဲ့သူ့ရဲ့ရင်ခုန်သံကဒီလူသားလေးနဲ့မှဖြစ်တည်လာသည်တဲ့လား...။
စကားလုံးတွေပျောက်ရှနေတဲ့အခန်းလေးထဲမှာတော့လူသားနှစ်ဦးရဲ့ပေါက်ထွက်မတတ်ခုန်နေတဲ့ရင်ခုန်သံတွေကလွဲပြီးအရာအားလုံးဟာတိတ်ဆိတ်ငြိမ်သက်လို့နေသည်။ထန်းရည်လေးနှစ်ခွက်လောက်သောက်ပြီးသွေးပူနေတဲ့မိုးညိုခမျာရှက်ရွံ့နေတဲ့လူသားလေးနဲ့တွေ့တော့မှပဲသွေးတွေအကုန်ဆူပွက်ကုန်၏။
ကျစ်...။
ယောက်ျားလေးတစ်ယောက်ကဒီလောက်ထိချစ်စရာကောင်းဖို့လိုလို့လား...။
သူ့အောက်ကလူသားလေးကိုမိုးညိုမချင့်မရဲဖြစ်နေမိသည်။ကြည့်လေကြည့်လေဒီလူသားလေးအပေါ်မှာသူကျရှုံးလေပင်...။
" ဝေ..."
တိတ်ဆိတ်နေတဲ့အခြေအနေကိုမိုးညိုကစတင်ဖြိုခွင်းလိုက်၏။ရင်ခုန်စိတ်လှုပ်ရှားနေတဲ့အတွက်အသံကလည်းအရင်လိုခိုင်မာမှုမရှိတော့ပေ...။ဒီလူသားလေးလည်းသူ့လိုပဲဖြစ်နေမလား...။မိုးညိုသိချင်မိသည်။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...